LECTURE
ACMV eBooks
FACEBOOK DISCUSSION
FORUM

 

 

Cooling Loads

အောက်ပါ ရည်ရွယ်ချက်များဖြင့် cooling load calculation ပြုလုပ်ကြသည်။

(က) Equipment များ ရွေးချယ်ခြင်း (selection)ပြုလုပ်ရန် ၊ system sizing နှင့် system design တို့ ပြုလုပ်ရန် အတွက် လုံလောက်သည့် အချက်အလက်များ (information) ရရှိရန်

(ခ) Load reduction ပြုလုပ်ရန် အတွက် လိုအပ်သည့် data များရရှိရန် နှင့်

(ဂ) Partial Loads အခြေအနေတွင် ဖြစ်ပေါ်မည့် system design ၊ operation နှင့် control လုပ်ငန်းများ အတွက် ဆန်းစစ် (analysis)ရန် တို့ ဖြစ်သည်။

ဤအခန်းတွင် စာရွက်ဖြင့်တွက်ချက်ခြင်း (manual calculation) ပြုလုပ်ရန် ၊ cooling load တွက်ရန် လိုအပ်သော တွက်နည်း အဆင့်များ(procedure)ကို ဖော်ပြထားသည်။
စက်မှုလုပ်ငန်းများ၌ လက်ခံကျင့်သုံးနေသည့်နည်းများ(published methods)၊ ဇယားများ(tables) နှင့် chart များ ရရှိရန်အတွက် industry handbooks၊ manufacturer’s engineering data နှင့် manufacturer’s catalog data တို့သည် ဒီဇိုင်းအချက်အလက်များ(design information)ရရှိနိုင်သည့် နေရာများဖြစ်ကြသည်။

HVAC load calculation ပြုလုပ်ရန် ပြင်ဆင်သည့်အခါ
ဖြတ်ညှတ်ကပ်လုပ်(duplicate)ရန် မရည်ရွယ်ဘဲနှင့် information များကို ထိုစာရွက်စာတမ်းများမှ သင့်လျော်သည့် အချက်အလက်များ မည်ကဲ့သို့ ဖတ်ရှုရမည်။ ဒေတာများကို အသုံးပြု၍ မည်ကဲ့သို့ တွက်ချက်မှုများ ပြုလုပ်ရမည်ကို နားလည် သဘောပေါက်စေရန် ရည်ရွယ်ပါသည်။
တွက်ချက်ရန်အတွက် လိုအပ်သည့်ဒေတာများ စုဆောင်းသည့်အခါ ဆုံးဖြတ်ချက်များ ပြုလုပ်ရသည်။ အင်ဂျင်နီယာနှင့် ဒီဇိုင်နာများသည် တွက်ချက်ရန်အတွက် ဒေတာများ စုဆောင်းသည့်အခါ ချိန်ဆမှုများ(engineering judgment) ပြုလုပ်ရသည်ကို သိစေလိုသည်။ Table များ ဖတ်တတ်ရုံဖြင့် တွက်ချက်ရန်အတွက် ယုံကြည် စိတ်ချရသည့် ဒေတာများ မရရှိနိုင်ပါ။ ပိုမိုရှင်းလင်းစွာ နားလည်သဘောပေါက်ရန် ဥပမာ(၂)ခုဖြင့် ဖော်ပြထားသည်။

Cooling load တွက်ချက်မှုများပြုလုပ်တွင် အသုံးပြုမည့် အခေါ်အဝေါ် များကို ASHRAE Standard 12-75 ၏ Refrigeration Terms and Definitions များမှ ကောက်နှုတ် ဖော်ပြထားသည်။

Room
အခန်း(room) ဆိုသည်မှာ နံရံလေးဘက် ကာရံထားသည့် နေရာတစ်ခု(an enclosed space) ဖြစ်သည်။

Space
Space ဆိုသည်မှာ အလုံပိတ်နေသည့် နေရာ သို့မဟုတ် ခန်းစီးကန့်ထားသည့် အခန်း(partitioned room) တစ်ခန်းဖြစ်နိုင်သလို၊ ခန်းဆီး မကာရံထားသည့် အခန်း သို့မဟုတ် အခန်းများစွာ ပါဝင်သည့် ထုထည် (volume)သတ်မှတ်နိုင်သည့် နေရာတစ်ခု ဖြစ်သည်။ Load တစ်ခုတည်း(single load)အဖြစ် ယူဆတွက်ချက်၍ ရနိုင်သည့်နေရာကို space အဖြစ် သတ်မှတ်သည်။

Zone
Zone ဆိုသည်မှာ အဆောက်အဦ အတွင်းရှိ heating နှင့် cooling လိုအပ်ချက်များအရ စုဝေးထားသည့် တစ်ခုထက် ပိုများသည့် နေရာ(group of spaces)များကို ဇုန်(zone)ဟု သတ်မှတ်သည်။ အလုံပိတ်နေသည့် နေရာ သို့မဟုတ် ကာရံထားသည့် နေရာများ ဖြစ်ကြသည်။
Comfort cooling အတွက် တူညီသည့်နေရာကို control device တစ်ခုတည်းဖြင့် အတူတကွ ထိန်းချုပ်နိုင်သည့် နေရာ အစုအဝေး ဖြစ်သည်။

British thermal unit (Btu)
BTU ဆိုသည်မှာ ရေအလေးချိန် (၁)ပေါင်ကို အပူ (၁) ဒီဂရီဖာရင်ဟိုက်မြင့်တက်စေရန် အတွက်ထည့်ပေးရ မည့် အပူပမာဏဖြစ်သည်။ (59ºF မှ 60 ºF သို့)။ Air Con unit များ၏ capacity ကို Btu ဖြင့် ဖော်ပြကြသည်။ Air Con unit မှ တစ်နာရီအတွင်း ဖယ်ထုတ်ပေးနိုင်သည့် အပူပမာဏ (Btu/hr) ဖြင့် ဖော်ပြကြသည်။ Refrigeration ton သည် air con ဘာသာရပ်တွင် အသုံးပြုသည့် နည်းပညာဝေါဟာရ တစ်ခုဖြစ်သည်။ RT ဟု အတိုခေါက်ရေးသား လေ့ရှိသည်။

1 ton is equivalent to 12,000 BTU/hr. and
12,000 BTU/hr is equivalent to 3,516 Watts - or 3.516 kW (kilo-Watts)

Cooling Load Temperature Difference (CLTD)
Cooling Load Temperature Difference (CLTD) ဆိုသည်မှာ အခန်းအတွင်းနှင့် အခန်းအ ပြင်(ပြင်ပ) အပူချိန်ကွာခြားချက်(equivalent temperature difference) ဖြစ်သည်။ Instantaneous external cooling load တွက်ရန်အတွက် အသုံးပြုသည်။ အဆောက်အဦ နံရံ(wall) သို့မဟုတ် ခေါင်မိုး(roof)ကို ဖြတ်၍ အပူများ စီးဆင်းရန်အတွက် လိုအပ်သည့် အပူချိန် ကွာခြားချက်(equivalent temperature difference) ဖြစ်သည်။

Sensible Heat Gain(SGH)
Sensible Heat Gain (SGH) ဆိုသည်မှာ conduction ၊ convection နှင့် radiation နည်းတို့ဖြင့် အခန်း (space) အတွင်းသို့ ဝင်ရောက်လာမည့် အပူစွမ်းအင်(heat energy) ဖြစ်သည်။

Latent Heat Gain(LGH)
Latent Heat Gain(LGH) ဆိုသည်မှာ အခန်း(space) အတွင်းသို့ ရေခိုးရေငွေ့များ ရောက်ရှိသွားခြင်း ကြောင့် တိုးလာသည့် စွမ်းအင် (energy) ဖြစ်သည်။ အခန်းတွင်းရှိနေသူများ(occupants)မှ ထွက်လာ သည့်ရေခိုး ရေငွေ့များ၊ process များမှ ထုတ်လွှတ်သည့် ရေခိုးရေငွေ့များ သို့မဟုတ် ပြင်ပ(outside) နေရာ၊ ဘေးဘက် အခန်း၊ နေရာ (adjacent areas)တို့မှ စိမ့်ဝင်(infiltration) လာသည့် လေထဲတွင်ရှိ နေသည့် ရေခိုးရေငွေ့များကြောင့် ဝင်ရောက်လာသည့် စွမ်းအင်(energy) များ ဖြစ်သည်။

Radiant Heat Gain
ဆိုသည်မှာအပူဟတ်ခြင်းကြောင့် တိုးလာသည့်အပူများဖြစ်သည်။ ပတ်ဝန်းကျင် အပူချိန် မြင့်သည့်အခါတွင် အရာဝတ္ထုများ အပူဟတ်ခြင်းခံရသည်။အရာဝတ္ထုများ၏ မျက်နှာပြင်မှ အပူစုပ်ယူသည်။Radiation နည်းဖြင့် ဝင်ရောက်လာသည့် အပူများ၊ space အတွင်းရှိ အရာဝတ္ထုများက စုပ်ယူလိုက်သည့် အပူ(absorbed heat) ဖြစ်သည်။

Space Heat Gain
Space Heat Gain ဆိုသည်မှာ conditioned space အတွင်းသို့ ရောက်လာသည့် အပူများ သို့မဟုတ် သတ်မှတ်ထားသည့် အချိန်အတိုင်းအတာအတွင်း(given time interval) conditioning space အတွင်းမှ ထုတ်လွတ်သည့် အပူများကို ဆိုလိုသည်။ ပြင်ပမှဝင်ရောက်လာသည့် အပူများကြောင့်အခန်းအတွင်းအပူ များ များလာသည်။ အခန်းအတွင်းမှ အပူများထုတ်လွတ်သောကြောင့်လည်း အပူများတိုးလာသည်။

Space Cooling Load
Space Cooling Load ဆိုသည်မှာ space အတွင်းရှိလေ၏ အပူချိန်(air temperature)ကို မပြောင်းလဲအောင် ထိန်းထားရန် အတွက် ထို space အတွင်းမှ ဖယ်ထုတ်ပစ်ရမည့် အပူပမာဏ သို့မဟုတ် အပူစွမ်းအင် ဖြစ်သည်။

Space Heat Extraction Rate
Space Heat Extraction Rate ဆိုသည်မှာ အခန်းအပူချိန်(room temperature) မပြောင်းလဲ စေရန် အတွက် သို့မဟုတ် ထိန်းထားနိုင်ရန် အတွက် conditioned space မှ ဖယ်ထုတ်လိုက်သည့် အပူပမာဏဖြစ်သည်။ Space Heat Extraction Rate သည် space cooling load နှင့် ညီမျှသည်။

Temperature (Dry Bulb)
အပူချိန်တိုင်း ကိရိယာ သာမိုမီတာ(thermometer)မှ ဖော်ပြသည့် အပူချိန်သည် Dry Bulb အပူချိန် ဖြစ်သည်။ဆရာဝန်သုံး သာမိုမီတာမှဖတ်ယူ၍ရသည့် တန်ဖိုးသည် Dry Bulb အပူချိန်ဖြစ်သည်။

Temperature, Wet Bulb -
WB ဆိုသည်မှာ ရေစွပ်ထားသည့် သာမိုမီတာမှ ဖတ်ယူရသည့်တန်ဖိုးဖြစ်သည်။WB တန်ဖိုး ဖတ်ယူ ရန်အ တွက်သာမိုမီတာကို ဝါဂွမ်း သို့မဟုတ် အဝတ်ဖြင့် ရေစိုအောင်ပြုလုပ်ရသည်။ စိုနေသည့် ရေများအငွေ့ပျံ (evaporation)သောကြောင့် အအေးဓါတ်ဖြစ်ပေါ်သည်။ ထို့ကြောင့် WB သည် DB ထက်ပိုနိမ့်သည်။

ရေငွေ့ပျံသည့်နှုန်း(rate of evaporation) သည် ရေထဲတွင် ရှိနေသည့် ရေခိုးရေငွေ့ပမာဏ(humidity of the air)အပေါ်တွင် မူတည်သည်။
လေထဲတွင် ရေခိုးရေငွေ့များ ပြည့်ဝနေသည့်အခါ ရေငွေ့ပျံခြင်း(evaporation) ဖြစ်ပေါ်သည့်နှုန်း နှေးသွားသည်။ နည်းသွားသည်။ ထို့ကြောင့် အပူချိန် နှစ်မျိုး(Dry bulb နှင့် Wet bulb)ဖြင့် လေထုအတွင်းရှိ ရေငွေ့ ပမာဏ သို့မဟုတ် စိုထိုင်းဆကို ဖော်ပြခြင်း ဖြစ်သည်။

Temperature, Dewpoint
Saturation ဖြစ်ပေါ်မည့် အပူချိန် သို့မဟုတ် အခန်း တစ်ခု အတွင်းရှိ သတ်မှတ်ထားသည့် ဖိအားတွင် ရေခိုးရေငွေ့များ စတင်၍ ရေအဖြစ်သို့ ပြောင်းလဲ (condensation)မည့် အပူချိန် ဖြစ်သည်။

Relative humidity
Relative humidity ဆိုသည်မှာ saturation ဖြစ်မည့် အခြေအနေမှ မည်မျှကွာဝေးသည်ကို ဖော်ပြသည်။ လေထဲရှိ ရေခိုးရေငွေ့ပမာဏ(amount of water vapor)ကို ဖော်ပြရာတွင် အသုံးပြုသည့် ဝေါဟာရ ဖြစ်သည်။
ရေခိုးရေငွေ့ပမာဏ နှင့် ရေငွေ့ပျံနှုန်း(rate of evaporation)ကို ဆွေးနွေးရာတွင် saturation ကို နာလည်စေနိုင်သည့် နည်းတစ်မျိုး ဖြစ်သည်။ Relative humidity 100% သည် ရေခိုးရေငွေ့များရာ နှုန်းပြည့်ရှိနေသည့်လေ (saturated air) ဖြစ်သည်။ ထို့ကြောင့် saturation ဖြစ်စေရန်အတွက် အအေးဓာတ် ထည့်မည် မထည့်ပေးရမည်ကို ဖော်ပြရာတွင် သုံးသည်။

Thermal Transmittance or Heat Transfer Coefficient (U-factor)
building envelope တည်ဆောက်ထားသည့် material သို့မဟုတ် assembly, boundary film အပါအဝင် တစ်ယူနစ် ဧရိယာ(unit area)တွင် အတွင်းဘက်(inside)နှင့် အပြင်ဘက်(outside) လေ(air)၏ အပူချိန်ခြားနားချက်(temperature difference) ဖြတ်သန်းစီးဆင်းသွားသည့် အပူပမာဏ(rate of heat flow)
U-factor ၏ ယူနစ်သည် Btu/ (hr 0F ft2) ဖြစ်သည်။ Heat Transfer Coefficient ကို U-factor သို့မဟုတ် ယူတန်ဖိုး(U-value) ဟုခေါ်သည်။

Thermal Resistance (R)
Thermal Resistance (R)သည် heat transfer coefficient ၏ ပြောင်းပြန် (reciprocal) ဖြစ်သည်။ ယူနစ်သည် (hr 0F ft2)/Btu ဖြစ်သည်။ ဥပမာ- နံရံ (wall) တစ်ခု၏ ယူတန်ဖိုး(U-value)သည် 0.25 ဖြစ်သည်။ အပူခုခံမှုတန်ဖိုး(Resistance value)သည် R = 1/U = 1/0.25=4.0 VR တန်ဖိုးသည် အပူ ခုခံ နိုင်စွမ်း(Thermal Resistivity) ဖြစ်ပြီး အပူလျှောက်ကူးနိုင်စွမ်း(thermal conductivity) ၏ ပြောင်း ပြန် (reciprocal) ဖြစ်သည်။ အပူခုခံမှု တန်ဖိုး(resistance value)ကို R တန်ဖိုး(R value)ဟု ခေါ်သည်။

Sizing your air-conditioning system
Air conditioner အရွယ်အစား ရွေးချယ်ခြင်း(sizing)နှင့် သက်ဆိုင်သည့် သဘောတရား(concept) နှင့် အခြေခံ အချက်များ(fundamentals)သည် အပူများစုပ်ယူခြင်း(heat gain)၊ အပူများဆုံးရှုံးသွားခြင်း(heat loss)ကို အခြေခံသည်။ အဆောက်အဦ၏ အပြင်ဘက်တွင် ပူအိုက်နေပါက(အပူချိန်မြင့်နေပါက) ပြင်ပမှ အပူများ အခန်း သို့မဟုတ် အဆောက်အဦ အတွင်းသို့ ဝင်ရောက် လာလိမ့်မည်။ ထိုဝင်ရောက်လာသည့် အပူများကို ဖယ်ထုတ်ပစ်ခြင်း သည် “cooling” ဖြစ်သည်။

ထို့အတူ အပြင်ဘက်၌ အေးနေပါက(အပူချိန်နိမ့်နေပါက) အခန်းတွင်းမှ အပူများ အပြင်သို့ စီးဆင်းသွားလိမ့်မည်။ ထိုဆုံးရှုံးသွားသည့် အပူများ ထည့်ပေးရန်အတွက် “heating” လုပ်ရန် လိုအပ်သည်။ အပြင်ဘက်မှ အပူများ ဝင်ရောက်လာခြင်းသည် အခန်းအတွင်းရှိလေများအတွက် “heat gain” ဖြစ်သည်။ ထိုအတူ အပူများ ထွက်သွားခြင်း အခန်းအတွင်းရှိလေများအတွက် “heat loss” ဖြစ်သည်။

အပူခန်းအပူချိန်ကို အလိုရှိသည့် အခြေအနေတွင် ထိန်းထားရန်အတွက် ညီမျှသည့် အပူပမာဏ ထည့်ပေးရန် သို့မဟုတ် ထုတ်ပေးရန် လိုအပ်သည်။ တစ်နည်းအားဖြင့် အဆောက်အဦ တစ်ခု သို့မဟုတ် အခန်းကို အလိုရှိသည့် သက်သောင့်သက်သာ ဖြစ်စေမည့် အပူချိန်တွင် ထိန်းထားနိုင်ရန် အတွက် cooling သို့မဟုတ် heating လုပ်ပေးရန် လိုအပ်သည်။

Heat gain သို့မဟုတ် heat loss ဖြစ်ပေါ်စေသည့် အချက်များသည် အောက်ပါ အချက်များပေါ်တွင် မူတည်သည်။

(၁) အပူချိန် ခြားနားချက် (Temperature Difference)
ပြင်ပအပူချိန်(outside temperature)နှင့် အခန်းအတွင်းရှိ အလိုရှိသည့် အပူချိန် (desired temperature) တို့၏ အပူချိန် ခြားနားချက်(temperature difference)ပိုများလေ အပူဆုံးရှုံးခြင်း(heat loss) နှင့် အပူတိုးခြင်း(heat gain) ပမာဏ ပိုများလေ ဖြစ်သည်။

(၂) Ceiling နှင့် wall တည်ဆောက်ပုံ အမျိုးအစား (type of construction) နှင့် amount of insulation
ဥပမာ- ပုံစံတူ အဆောက်အဦ နှစ်ခုတွင် တစ်ခုကို မှန်များဖြင့် တည်ဆောက်၍ ကျန်တစ်ခုကို အုပ်ဖြင့် တည်ဆောက်ထားသည်။ မှန်ဖြင့် ဆောက်သည့် အဆောက်အဦအနီး၌ heat gain နှင့် heat loss ပမာဏ ပိုများလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် glass သည် thermal conductivity (U-value) ပိုမြင့်သောကြောင့် ဖြစ်သည်။ အုတ်ဖြင့်နှိုင်းယှဉ်လျှင် ကြည်လင်(transparent)သောကြောင့် နေရောင်(solar heat) များ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်(direct transmission)နိုင်သောကြောင့် ဖြစ်သည်။

(၃) Shading and orientation
ဥပမာ- ပုံစံတူ အဆောက်အဦနှစ်လုံးကို အဆောက်အဦ(building)၏ ပြုတင်းပေါက်(windows)၊ နံရံ(wall) နှင့် ခေါင်မိုး(roof) တို့တွင် အရိပ်ကျခြင်း(shade ရှိခြင်း)၊ မျက်နှာမှုရာအရပ် မတူညီကြခြင်း(different orientation) တို့ကြောင့် air conditioner အရွယ်အစား ရွေးချယ်ရာ(sizing)တွင် အကျိုးသက်ရောက်မှု ရှိသည်။ နေထွက်ရာ ။ နေဝင်ရာ နှင့် နေသွားလမ်းကြောင်း မတူညီခြင်း၊

(၄) အရွယ်အစား မျက်နှာပြင် ဧရိယာပေါ် မူတည်၍ အပူဆုံးရှုံးခြင်း(heat loss) နှင့် အပူတိုးခြင်း(heat gain) ပမာဏ ကွဲပြားသည်။ မျက်နှာပြင်ဧရိယာ(surface area walls)ကျယ်လေ အပူဆုံးရှုံးခြင်း(heat loss) သို့မ ဟုတ် အပူတိုးခြင်း(heat gain)ပမာဏ ပိုများလေ ဖြစ်သည်။ (surface area walls)

(၅) ပြင်ပလေ(outdoor air)များ
ပြင်ပလေ(outdoor air)များ အခန်းအတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက် နိုင်သည်။ ပြင်ပမှလေများ အခန်း(indoor space) အတွင်းသို့ စိမ့်ဝင်သည့် လေပမာဏအပေါ်တွင် မူတည်သည်။ air conditioner အရွယ်အစား ရွေးချယ် (sizing)ရာတွင် တံခါးပေါက်၌ ဟ,နေသည့်နေရာများ(door gaps) ၊ ပြုတင်းပေါက် အက်ကြောင်းများ(cracked window) တံခါးဖွင့်သည့်အခါများနှင့် မီးခိုးခေါင်းတိုင်(chimney)များမှ လေများ (infiltration air) ဝင်ရောက်လာနိုင်သည်။ ပြင်ပလေ (outdoor air)များ အခန်းအတွင်းသို့ ဝင်ရောက်နိုင်သည်။

(၆) အခန်းအတွင်းရှိနေသူများ(occupants)
အခန်းအတွင်း၌ ရှိနေမည့် လူအရေအတွက်သည် aircon အရွယ်အစား ရွေးချယ်ရာတွင် အကျိုးသက်ရောက်မှု ရှိသည်။

(၇) လှုပ်ရှားမှုများ (Activities) နှင့် တခြားသော equipment များ
အဆောက်အဦ အတွင်းရှိ လှုပ်ရှားမှုများ (Activities) နှင့် တခြားသော equipment များကြောင့် A/C အရွယ်အ စား ရွေးချယ်ရာတွင် အကျိုးသက်ရောက်မှု ရှိနိုင်သည်။

(၈) မီးလုံး မီးချောင်း အရေအတွက် (amount of lighting in the room)
အခန်းအတွင်းရှိ မီးလုံး၊ မီးချောင်း အရေအတွက် (amount of lighting in the room) တို့ကြောင့် High efficiency lighting fixture များသည် အပူအနည်းငယ် (less heat) ကိုသာ ထုတ်လွတ်ကြသည်။

(၉) Appliances
Appliances များမှ ထုတ်လွတ်သည့် (generate heat) အပူပမာဏသည် power equipment များ အပေါ် မူ တည်၍ ထုတ်လွတ်သည့် အပူပမာဏ ကွဲပြားသည်။မီးဖို၊ အဝတ်လျှော်စက်၊ ကွန်ပျူတာ၊ တယ်လီဗွီးရှင်း(oven, washing machine, computers, TV) တို့၏ space; အတွင်းရှိ all contribute to heat.

Air conditioner's efficiency performance durability နှင့် cost ကုန်ကျစရိတ် တို့သည် တပ်ဆင် ထားသည့် အရွယ်အစား(size) အပေါ်တွင် မူတည်သည်။ဒီဇိုင်နာအများစုသည် တစ်စတုရန်းပေတွင် ရှိနိုင်မည့် အပူ ပမာဏကို အခြေခံ၍ (simple square foot method) ကို air-conditioners အရွယ်အစား ရွေးချယ်ကြသည်။ အများဆုံး အသုံးပြုလေ့ရှိသည်။ အကြမ်းအားဖြင့်(rule of thumb) ကြမ်းခင်း(၅၀၀)စတုရန်းပေရှိလျှင် refrigeration ton နှင့် ညီမျှသည်။(1 ton for every 500 square feet of floor area)။ ထိုနည်းသည် အကြမ်းဖျဉ်း ခန့်မှန်းရာတွင် (preliminary estimation) အသုံးပြုသည်။ equipment အရွယ်အစား ရွေးချယ်(sizing)ရန် rules-of-thumb methods နည်းသည် အဆောက်အဦ ဒီဇိုင်းကြောင့် မည့်သည့်ကွာခြားချက်မျှ မဖြစ်ပေါ်နိုင်သည့် ယူဆချက် ပေါ်တွင် အခြေခံထားသည်။ တစ်နည်းအားဖြင့် ဒီဇိုင်းကောင်းသည့် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ ကြမ်းခင်း စတုရန်းပေ(၅၀၀)ရှိလျှင် 1RT လိုအပ်သည်။ စနစ်တကျ မှန်ကန်သည့် ခန်းမှန်းသည့် တွက်နည်းသည် အဓိက ကြသည်။

Heat gain သို့မဟုတ် heat loss တွက်နည်း (estimating procedure) ကို Air Conditioning Contractors of America (ACCA) နှင့် American Society of Heating, Refrigerating, and Air Conditioning Engineers (ASHRAE)— တို့မှ ထုတ်ဝေထားသည့် စာအုပ်တွင် တွက်နည်း(calculation procedures) (၂) မျိုးဖြင့်ဖော်ပြ ထားသည်။ central air conditioners အရွယ်အစား ရွေးချယ်ရန် အတွက် ကန်ထရိုက်တာ(air conditioning contractor)များသည် ထို အဖွဲ့အစည်း နှစ်ခုတို့မှ လက်ခံ အသိအမှတ်ပြုထားသည့် နည်းနှစ်နည်း အနက်မှ ကြိုက်နှစ် သက်သည့်နည်းဖြင့် ယခုအခါ တွက်ချက်ကြသည်။ ယခုအခါ Computer ကို အသုံးပြု၍ တွက်ချက်ကြသည်။

Heating Load Vs Cooling Load Calculations
ဆောင်းရာသီတွင် အဆောက်အဦမှ ဆုံးရှုံးသွားမည့် အပူပမာဏကို ခန့်မှန်းရန် အတွက် heat load တွက်ခြင်း ဖြစ်သည်။ ထို့ကြောင့် heating equipment များ၏ အရွယ်အစားကို ရွေးချယ်နိုင်သည့် ဆောင်းရာသီလများ၌ နေမထွက်ခင် အချိန်တွင် peak heating load ဖြစ်ပေါ်သောကြောင့် heating equipment များ၏ အရွယ်အစားကို ။ ဆောင်းရာသီ တစ်လျှောက်လုံး outdoor conditions များစွာ ပြောင်းလဲမှု မဖြစ်ပေါ်ပေ။ Internal heat sources များသည် occupants သို့ appliances စသည့် ဖြစ်ပေါ်နေသည့် heat loss ကို လျော့နည်းစေသည်။ heat load calculations သည် steady state conditions အတွက်သာတွက်ခြင်း ဖြစ်သည်။ (no solar radiation and steady outdoor conditions) internal heat sources များ အားလုံးကို ထည့်မတွက်ချေ။ Internal heat load များကို ထည့်မတွက်ခြင်းကြောင့် အနည်းငယ်လျော့၍ခန့်မှန်းခြင်း (under estimate) ဖြစ်နိုင်သည်။ သို့သော် စိတ်ချရသည်။

Heat load ကို အတိအကျ တွက်လိုလျှင် thermal capacity of the walls နှင့် internal heat sources များကို ထည့်သွင်း တွက်ချက်ရန် လိုအပ်သည်။
Cooling load တွက်ရာတွင် unsteady state processes အဖြစ် တွက်ရသည်။ Peak cooling load ဖြစ်ပေါ်သည့် နေ့(day)၊ အချိန်(time) နှင့် ပြင်ပအခြေအနေ(outside condition)တို့၏ ကွာခြားမှု အလွန်များသည်။ Solar radiation ကြောင့် Internal heat load များကို ချန်ထားခဲ့ပါက internal source များအးလုံးကို မဖြစ်မနေ ထည့်တွက်ရသည်။ cooling loads တွက်ရာတွင် လျော့တွက်မိခြင်း(underestimation cooling capacity)ကြောင့် လို အပ်သည့် အခန်းအပူချိန် (required indoor conditions) ရရှိရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် cooling load calculations သည်ရှုပ်ထွေး ခက်ခဲသည်။

Heating load တွက်နည်းတွင် solar heat gain သို့မဟုတ် internal heat gains ကို ထည့်တွက်လေ့ မရှိပေ။ အဆောက်အဦ၏ thermal storage effect ကိုလည်း ထည့်မတွက်ကြပေ။ Cooling load calculation တွင် thermal storage characteristics of the building သည် အဓိကကြသည့်အချက် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် နံရံများ၊ ခေါင်းမိုးများမှ အပူများကို စုပ်ယူထားသောကြောင့် အခန်းအတွင်းသို့ အပူများဝင်ရောက်ခြင်း (heat gain) ချက်ချင်းဝင်ရောက်ခြင်းမဖြစ်ပေါ်ပေ။အချိန်ခဏကြာ(time offset)ပြီးမှ နံရံနှင့် ခေါင်းမိုးမှ စုပ်ယူထားသည့် အပူများကို ပြန်စွန့်ထုတ်သောကြောင့် heat gain ပိုများလာနိုင်သည်။

Heat Flow Rates
Air-conditioning ဒီဇိုင်း ပြုလုပ်ရာတွင် heat flow rate ၄ မျိုး နှင့် သက်ဆိုင်သည့် အချက်များ

(၁) Space heat gain
Space အတွင်းသို့ ဝင်ရောက်လာသည့် အပူစွမ်းအင် (heat energy) ပမာဏ

(၂) Space cooling load
space အပူချိန်(temperature) နှင့် စိုထိုင်းဆ(relative humidity မပြောင်းစေဘဲ ထိန်းထားရန် အတွက် ဖယ်ထုတ်ရမည့် အပူစွမ်းအင် ပမာဏ

(၃) Space heat extraction
HVAC system က space အတွင်းမှ ဖယ်ထုတ်ရမည့် အပူပမာဏ

(၄) Cooling load (coil) - Colling coil မှ ဖယ်ထုတ်ရမည့် အပူစွမ်းအင်(heat energy)ပမာဏ


Space Heat Gain

instantaneous rate of heat gain ကိုဆိုလိုသည်။မိမိတွက်လိုသည့် မိနစ်(သို့မဟုတ်)နာရီတွင် ဝင်ရောက်လာ မည့်အပူများအားလုံး၏ ပမာဏဖြစ်သည်။rate at which heat enters into and/or is generated within a space at a given instant.။ အခန်းအတွင်းသို့ အပူများ ဝင်ရောက်နိုင်သည့်နည်း သို့မဟုတ် heat gain ဖြစ်ပေါ်နိုင်သည် များကို အောက်တွင် ဖော်ပြထားသည်။

(၁) ပြတင်းပေါက်မှန် စသည်တို့ ကဲ့သို့ ကြည်လင်နေသည့် မျက်နှာပြင်များကို ဖြတ်သန်းရန် လာမည့် နေရောင်ခြည်(solar radiation through transparent surfaces such as windows)

(၂) နံရံများနှင့် ခေါင်းမိုးများကို ဖြတ်သန်း၍ စီးကူးလာမည့် အပူများ(heat conduction through exterior walls and roofs)

(၃) အတွင်းနံရံ ၊ မျက်နှာကြက်နှင့် ကြမ်းခင်း တို့ကို ဖြတ်၍ စီးကူးလာမည့် အပူများ(heat conduction through interior partitions, ceilings and floors)

(၄) အပူများ ၊ မီးလုံး၊ မီးချောင်း အသုံးအဆောင်များ process များမှ ထွက်လာမည့် အပူများ (heat generated within the space by occupants, lights, appliances, equipment and processes)

(၅) ထည့်ပေးသည့် လေနှင့် စိမ့်ဝင်လာသည့် ပြင်ပလေများကြောင့် ဖြစ်ပေါ်လာသည့် အပူများ (loads as a result of ventilation and infiltration of outdoor air)

(၆) အကြောင်းကြောင်းကြောင့် ဖြစ်ပေါ်လာလာမည့် အပူများ(Other miscellaneous heat gains)

အခန်းအပြင်မှ ဝင်ရောက်လာသည့် အပူများ(external heat gain)နှင့် အတွင်းမှ ထွက်လာသည့် အပူများ(internal heat gain)ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ ထို့ကြောင့် heat gain ကို နည်းနှစ်မျိုးဖြင့် တွက်ယူသည်။ (၁) မှ (၃) သည် external heat gain ဖြစ်ပြီး (၄) မှ (၆) သည် internal heat gain ဖြစ်သည်။

Sensible heat –ဆိုသည်မှာ(State မပြောင်းလဲဘဲ) အပူများကို စုပ်ယူလိုက်သည့် အခါ အပူချိန် မြင့်တက်သွားလျှင် Sensible heat ဟုသတ်မှတ်သည်။ Sensible heat gain သည် conditioned space အတွင်းသို့ conduction၊ convection နှင့် radiation နည်းတို့ဖြင့် ဝင်ရောက်လာသည့်အပူများ ဖြစ်သည်။ sensible heat gain entering the conditioned space သည် sensible cooling load နှင့်မတူညီပေ။ သတ်မှတ်ထားသည့် အချိန်တူညီလျှင် (during the same time interval) အဘယ်ကြောင့်ဆိုသော် building envelope ကအပူများကို စုတ်ယူထားသောကြောင့် ဖြစ်သည်။ Convective heat များသာ cooling load အဖြစ်သို့ ချက်ချင်း (instantaneously.) ဖြစ်နိုင်သည်။

Sensible heat load များမှာ
(က) Heat transmitted thru floors, ceilings, walls (နံရံ၊ မျက်နှာကြက်၊ ကြမ်းခင်းတို့ကို ဖြတ်၍ဝင်ရောက်သည့် အပူများ)

(ခ) Occupant’s body heat(အခန်းတွင်းရှိ လူတို့မှ ထွက်လာသည့်အပူများ)

(ဂ) Appliance & Light heat(မီးလုံး မီးချောင်း၊ အသုံးအဆောင် ကိရိယာများမှ ထွက်လာသည့်အပူများ)

(ဃ) Solar Heat gain thru glass(မှန်များကိုဖြတ်၍ ဝင်ရောက် လာသည့် နေရောင်များ)

(င) Infiltration of outside air နှင့်(စိမ့်ဝင်လာသည့် ပြင်ပလေများမှ အပူများ

(စ) Air introduced by Ventilation (ထည့်ပေးသည့် ပြင်ပလေများမှ အပူများး)တို့ဖြစ်သည်။

Latent heat load -ဆိုသည်မှာ အခန်းအတွင်းရှိ လေထဲသို့ ရေခိုးရေငွေ့များ ထည့်သွင်းလိုက်သည့်အခါ သို့မဟုတ် ရောက်ရှိသွားသည့် အခါ latent heat gain ဖြစ်ပေါ်သည်။ လူများမှ ထွက်လာသည့်ရေခိုးရေငွေ့များ(vapor emitted by occupants)နှင့် equipment စသည့် internal source တို့ကြောင့် LHG ဖြစ်ပေါ်သည်။

Indoor air quality (IAQ)ထိန်းထားရန် အတွက် ထည့်ပေးရသည့် ventilation air နှင့် infiltration (စိမ့်ဝင်လာသည့် ပြင်ပလေနှင့်ထည့် ပေးသည့်ပြင်ပလေတို့မှ ပါလာသည့်ရေခိုးရေငွေ့များ) တို့ကြောင့် LHG ဖြစ်ပေါ်သည်။ Latent heat load များမှ

(၁) Moisture-laden outside air form Infiltration & Ventilation

(၂) Occupant Respiration & Activities နှင့် (အခန်းအတွင်းရှိလူများမှ ထွက်လာသည့်ရေခိုးရေငွေ့များ)

(၃) အသုံးအဆောင်ကိရိယာပစ္စည်းတို့မှ ထွက်လာသည့် ရေခိုးရေငွေ့များ (Moisture from Equipment & Appliances) တို့ဖြစ်သည်။

Humidity ratio ကို ပုံမှန် ထိန်းထားရန်အတွက် cooling coil ၌ ရေခိုးရေငွေ့များ ရေအဖြစ်သို့ပြောင်းလဲ (condensation) သွားရမည်။

ဝင်ရောက်လာသည့် ရေခိုးရေငွေ့ပမာဏနှင့် condensation ဖြစ်သွားသည့် ပမာဏ တို့ တူညီမှသာ အခန်းအတွင်း၌ RH ပြောင်းလဲ လိမ့်မည် မဟုတ်ပေ။ရေငွေ့များဖယ်ထုတ်ပစ်ခြင်း( dehumidification) ဟုခေါ်သည်။ အလေးချိန်တစ်ကီလိုဂရမ် ရေငွေ့များကို (1 kg of humidity) ဖယ်ထုတ်ရန် အတွက် 0.7 kWh of energy လို အပ် သည်။ စွမ်းအင်သုံးစွဲမှုများသည့် process ဖြစ်သည်။

Space Heat Gain V/s Cooling Load (Heat Storage Effect)

Conduction ၊ convection ၊ solar radiation ၊ lightning ၊ people ၊ equipment စသည့် heat source များမှ ဝင်ရောက်လာသည့် အပူများအားလုံးသည် အခန်းအတွင်းရှိ လေထဲ(conditioned space)သို့ ချက်ချင်း (instantaneously)ရောက်ရှိ မသွားပေ။ တစ်ချို့တစ်ဝက်သာ အခန်းအတွင်းရှိ လေထဲသို့(conditioned space) ချက်ချင်း ရောက်ရှိသွားသည်။ sun, lighting, people စသည့် တို့မှ ထွက်လာသည့် radiation heat များကို အခန်း အတွင်းရှိ မျက်နှာပြင်များ(internal surfaces)မှ ပထမဦးစွာ စုပ်ယူသည်။

မျက်နှာကြက်(ceiling)၊ ကြမ်းခင်း (floor)၊ အခန်းအတွင်းနံရံများ(internal walls) ၊ ပရိဘောဂ(furniture)စသည်တို့သည် အပူစုပ်ယူ သိုလှောင်နိုင်စွမ်း(thermal capacity)များသောကြောင့် ဝင်လာသည့် အပူများကို ဦးစွာစုပ်ယူ သိုလှောင်ပြီး တဖြည်းဖြည်းခြင်း (temperature) အပူချိန် မြင့်တက်လာသည်။ Radiant heat များကို စုပ်ယူပြီး အချိန်အနည်းငယ်နောက်ကျ(time lag) ပြီးမှ ပြန်ထုတ်ပေးသည်။ ဖြစ်ပေါ်သည့် အချိန်နောက်ကျခြင်း(Time lag) သည် မျက်နှာပြင်ဧရိယာ၊ ထုထည်နှင့် အပူပမာဏ အပေါ်တွင် မူတည်သည်။

Instantaneous heat gain နှင့် cooling load တို့ မတူညီရသည့် အကြောင်းမှာ heat storage affect ကြောင့်ဖြစ်သည်။

Heat gain နှင့် cooling load စပ်ဆက်နေပုံကို ဖော်ပြထားသည်။ Effect of the mass of the structure (light, medium &heavy) ကြောင့် (figure) ပြထားသည့် အတိုင်း delay in the peak heat ဖြစ်ပေါ်သည့် အချိန်နောက်ကျသည်။ အထူးသဖြင့် ထုထည်ကြီးမားသည့် အဆောက်အဦ heavy construction များတွင် အချိန်နောက်ကျမှုဖြစ်ပေါ်သည်။

Space Cooling V/s Cooling Load (Coil)
Space cooling ဆိုသည်မှာ အခန်းအပူချိန်(spaces air temperature)ကို အလိုရှိသည့် အတိုင်းအတာ ထိန်းထားရန် အတွက် ဖယ်ထုတ်ရမည့် အပူပမာဏ ဖြစ်သည်။ Cooling load ဆိုသည်မှာ cooling coil မှ ဖယ်ထုတ်ရမည့် အပူစွမ်းအင် ပမာဏ ဖြစ်သည်။

COMPONENTS OF COOLING LOAD

Total building cooling load တွင် of heat transferred through the building envelope (walls, roof, floor, windows, doors etc.) နှင့် (heat generated) occupants, equipment, and lights တို့မှထုတ်လွတ် သည့်အပူတို့ပါဝင်သည်။ Heat transfer through the envelope ကြောင့် ဖြစ်ပေါ်လာသည်။ပြင်ပမှဝင်ရောက်လာ သည့်အပူများကို “external load” ဟုခေါ်သည်။Space အတွင်းမှထုတ်လွတ်သည့် အပူများကို “internal loads” ဟု ခေါ်သည်။ external နှင့်internal load တို့၏ ကွာခြားသည့်ပမာဏသည် အဆောက်အဦ အမျိုးအစား(building type) ရာသီဥတု(climate) နှင့် အဆောက်အဦ ဒီဇိုင်းတို့ အပေါ်တွင် မူတည်သည်။

Total cooling load တိုင်းတွင် sensible နှင့် latent heat load နှစ်မျိုးလုံး ပါဝင်သည်။ Sensible load သည် dry bulb temperature အပေါ်တွင် မူတည်သည်။ Latent load သည် ရေခိုးရေငွေ့ ပါဝင်မှု (moisture content) အပေါ်တွင် မူတည်သည်။ (the conditioned space ၏ လေထဲရှိ )
Externally loaded နှင့် internall load ဟူ၍ နှစ်မျိုးကွဲပြားသည်။ External cooling load သည် surroundings နှင့် internal conditioned space တို့အကြားတွင် surrounding conditions သည် cooling load သည်လည်း အတက်အကျ အလွန်များသည်။ (Internal heat generating sources) occupants, lights appliances စသည်တို့မှ ထုတ်လွတ်သည့် အပူများ ဖြစ်သည်။ ယေဘုယျအားဖြင့် internal heat source များမှ ထုတ်လွင့်သည် အပူပမာဏသည် အမြဲတမ်း တူညီနေသောကြောင့် internal cooling load သည် အမြဲတမ်း တူညီသည်။ Exeternal Load ပိုများသည့် အဆောက်အဦကို “externally loaded” ဟုခေါ်သည်။ Internal cooling load ပိုများသည့် အဆောက်အဦကို “internally loaded” ဟုခေါ်သည်။

COOLING LOAD CALCULATION METHOD

အခန်းတစ်ခု သို့မဟုတ် အဆောက်အဦတစ်ခု၏ cooling load ကိုတွဲရန်အတွက် အောက်ပါ နည်း(၃) နည်းအနက်မှ မိမိနှင့်သင့်လျော်သည့် နည်းတစ်မျိုးမျိုးကို အသုံးပြုနိုင်သည်။ [တွက်နည်းများကူးယူရန်]

(၁) Transfer Function Method (TFM)
Transfer Function Method (TFM) သည် အခက်ဆုံးနှင့် အရှုပ်ထွေးဆုံးနည်း (complex of the methods) ဖြစ်သည်။ ASHRAE မှ ထောက်ခံပြီး အသုံးပြုရန် တိုက်တွန်းထားသည့် နည်းဖြစ်သည်။ computer program သို့မဟုတ် advanced spreadsheet ကို အသုံးပြု၍ တွက်ချက်ရသည့် နည်းဖြစ်သည်။

(၂) Cooling Load Temperature Differential/Cooling Load Factors (CLTD/CLF)

Cooling Load Temperature Differential/Cooling Load Factors (CLTD/CLF)နည်းသည် TFM method မှ ခွဲထွက်လာသည့် နည်းဖြစ်သည်။ tabulated data ကို အသုံပြု၍ တွက်ရသည့်နည်း calculation process ဖြစ်သည်။ ဤနည်းကို အသုံးပြု၍ simple spreadsheet programs ဖြင့်တွက်နိုင်သည်။ Tabulated data ကို အသုံးပြုသောကြောင့် ကန့်သတ်ချက် (limitation) များရှိသည်။

(၃) Total Equivalent Temperature Differential/Time-Averaging (TETD/TA):
Total Equivalent Temperature Differential/Time-Averaging (TETD/TA): နည်းသည် preferred method for hand သို့မဟုတ် simple spreadsheet နှင့်တွက်နိုင်သည့် နည်းဖြစ်သည်။ CLTD/CLF method နည်း မတိုင်ခင်က အသုံးပြုသည့် နည်းဖြစ်သည်။
အထက်ပါနည်း (၃)နည်းကို ASHRAE Handbook Fundamentals, 2001 တွင် အသေးစိတ် ဖော်ပြ ထားသည်။

Accuracy and Reliability of Various Calculation Methods
Cooling load တွက်နည်း(calculation method) များအားလုံးတွင် အားသာချက်၊ အားနည်းချက်နှင့် ကန့်သတ်ချက်များ ကိုယ်စီ ရှိကြသည်။ ရိုးရှင်းလွယ်ကူစွာ တွက်ချက်နိုင်သည့် နည်းသည် တိကျမှု မကောင်းနိုင်ပေ။ ထို့အတူ တိကျမှု ကောင်းကောင်း ရရှိရန် အတွက် ရှုပ်ထွေးခက်ခဲသည့် နည်းကို အသုံးပြု ရမည်။

Handbook များတွင် heat gain တန်ဖိုးကို ဖော်ပြထားသည့် ဇယား(table)များ ပါရှိသည်။

Internal sources ကို တွက်ရန်အတွက် tables များသည် ပြီးပြည့်စုံသည့် ဇယားများ မဟုတ်ကြပေ။ ဥပမာ- တချို့သော equipment များကို ဇယားတွင် ဖော်ပြမထားပေ။ တချို့သော ဇယားးတွင် ကန့်သတ်ထားသည့် အချက်အလက်များကိုသာ ဖော်ပြပေးနိုင်သည်။ တစ်ခါတစ်ရံ 25% to 50% of the nameplate power consumption ကို အသုံးပြုရန် တိုက်တွန်းထားသည်။ အသုံးပြုရမည့် တန်ဖိုး အတိအကျသည် ဒီဇိုင်နာ၊ Consultant များ၏ ဆုံးဖြတ်ချက်သာ ဖြစ်သည်။ ထို့အပြင် equipment များကို အသုံးပြုမည့် အချိန်(နာရီပေါင်း)ကို တိကျစွာ ခန့်မှန်းရန် လိုအပ်သည်။ accurate predictability of the occurrence ကို တွက်ရန်အတွက် equipment မှ အပူစွန့်ထုတ်သည့်နှုန်း(rate of heat generation)နှင့် အသုံးပြုသည့်နာရီပေါင်း(စမောင်းချိန်မှ ရပ်နားချိန် အထိ) တို့ လိုအပ်သည်။ ရလဒ် များ၏တိကျမှုသည် တွက်နည်း(method)၏ ရှုပ်ထွေးခြင်း ခက်ခဲခြင်း သာမက ရရှိနိုင်သည့် input data ၏ မရေရာမှု(uncertainties in the input data) အပေါ်တွင် မှုတည်သည်။

Cooling load ကို တွက်ရန် အတွက် input data များ၏ တိကျ သေချာမှု အလွန်အရေးကြီးသည်။ unpredictability of occupancy human behavior၊၊ outdoors weather variations ၊ lack of heat gain data for modern equipments နှင့် introduction of new building products နှင့် HVAC equipmentswith unknown characteristics များကြောင့် accuracy မကောင်းခြင်းဖြစ်သည်။ These generate uncertainties that far exceed the errors generated by simple methods compared to more complex methods. ထို့ကြောင့် time/effort နှင့် complex calculation methods ကို ရွေးချယ်ပါက အကျိုးများလိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့ အခြေအနေမျိုးတွင် simplified methods ကျေနပ်ဖွယ်ကောင်းသည့် တိကျမှု (satisfactory accuracy) ကို ထုတ်ပေးနိုင်လိမ့်မည်။

Manual cooling load calculation method နည်းဖြင့် တွက်လိုလျှင် 1997 ASHRAE Fundamentals တွင် ဖော်ပြထားသည့် CLTD/SCL/CLF method သည် လက်တွေ့အကျဆုံးနှင့် အသင့်လျော်ဆုံး ဖြစ်သည်။ ဤနည်းသည် အကောင်းဆုံး မဟုတ်သော်လည်း ယုံကြည်စိတ်ချရသည့်နည်း ဖြစ်သည်။ peak load values ကို ထုတ်ပေးရန် sizing equipment ပြုလုပ်ရန် CLTD/CLF method နည်းမှ ထုတ်ပေးလိုက်သည့် ရလဒ်များသည် characteristics of the space being considered နှင့် how they vary from the model used to generate the CLTD/CLF data shown on the various tables အပေါ်တွင် မှုတည်သည်။ ချိန်ဆမှု (Engineering judgment) လိုအပ်သည်။ interpretation of the custom tables နှင့် applying appropriate correction factors များအသုံးပြုရာတွင် အတွေ့အကြုံကောင်းများနှင့် ဗဟုသုတ ကြွယ်ဝမှုတို့ လိုအပ်သည်။

DESIGN INFORMATION

Space cooling load တွက်ရန် အတွက် အဆောက်အဦ၏ အသေးစိတ်အချက်အလက်များ(detailed building information)၊ တည်နေရာ(location)နှင့် ရာသီဥတု အချက်အလက်များ(weather data) ၊ အခန်းအတွင်း ဒီဇိုင်း အချက်အလက်များ(internal design information) ၊ အသုံးပြုအချိန်(operating schedule)စသည်တို့ လိုအပ်သည်။ ဒီဇိုင်းလုပ်မည့် ပြင်ပအခြေအနေ(outdoor design conditions)နှင့် အလိုရှိသည့် အခန်းအတွင်း အခြေအနေ(desired indoor conditions)တို့သည် load calculation စတင်ပြုလုပ်ရန် အတွက် ပထမဆုံး လိုအပ်သည့် အချက်အလက် ဖြစ်သည်။

Outdoor Design Weather Conditions

ASHRAE Handbook 1993 Fundamentals (Chapter 26)တွင် ရာသီဥတု အခြေအနေများ(climate conditions)ကို ဖော်ပြထားသည့် ဇယား(table)များ ပါရှိသည်။ ထို ဇယားများ(table 1a, 2a and 3a)တွင် အမေရိက(US)၊ ကနေဒါ(Canada) နှင့် တခြားသောနိုင်ငံများ(other International locations)၏ heating design conditions နှင့် သက်ဆိုင်သည့် အချက်အလက် များကို ဖော်ပြထားသည်။

(က) အပူချိန် Dry Bulb temperatures corresponding to 99.6% နှင့် 99% နှစ်စဉ် ဖြစ်ပေါ်နိုင်သည့် annual cumulative frequency of occurrence,

(ခ) လေတိုက်နှုန်း (wind speeds) corresponding to 1%, 2.5% and 5% annual cumulative frequency of occurrence,

(ဂ) လေဦးတည်ရာ လမ်းကြောင်း (wind direction) most frequently occurring with 99.6% and 0.4% dry-bulb temperatures and

(ဃ) နှစ်စဉ် ပျှမ်းမျှ အမြင့်ဆုံး နှင့် အနိမ့်ဆုံးအခြေအနေ Average of annual extreme maximum and minimum dry-bulb temperatures နှင့် standard deviations.

 

 

Cooling Load အပိုင်း(၂)

၁.၀ Cooling Plant Load
Cooling plant များအတွက် ဒီဇိုင်းလုပ်ရမည့် cooling load ကို အဆောက်အဦအသစ် ဖြစ်လျှင် cooling load software ကို အသုံးပြု၍ တွက်နိုင်သလို လက်ရှိ အဆောက်အဦဖြစ်လျှင် energy audit ဒေတာ များမှ ရရှိနိုင်သည်။ Cooling load သည် အဆောက်အဦ၏ heat gain ဖြစ်သည်။

မည်သည့်နည်းကို သုံးသည်ဖြစ်စေ cooling load တွင် အောက်ပါ heat gain များ ပါဝင်သည်။
(က) Outdoor air load
(ခ) System losses/gains
(ဂ) External gains
(ဃ) Internal gains
(င) Zone load နှင့်
(စ) Peak simultaneous building or zone loads တို့ဖြစ်သည်။

၁.၁ Outdoor Air Load
ပြင်ပလေအပူချိန်(outdoor air temperature)သည် အခန်းအပူချိန်(indoor air temperature) ထက် ပိုမြင့်သောကြောင့် cooling plant လိုအပ်သည်။ လူများ လေကောင်းလေသန့်ရရန်၊ Indoor Air Quality (IAQ) ကောင်းမွန်စေရန် စသည့် အကြောင်းများကြောင့် အဆောက်အဦ သို့မဟုတ် အခန်းအတွင်းသို့ ပြင်ပလေ(outdoor air)များ ထည့်ပေးရန် လိုအပ်သည်။ ပြင်ပလေအပူချိန်(outdoor air temperature)သည် အခန်းအပူချိန်(indoor air temperature) ထက် ပိုမြင့်သောကြောင့် ပြင်ပလေ(outdoor air)ပေးခြင်းသည် heat gain ကို ပိုများစေကာ cooling load လည်း ပိုများ လာလိမ့်မည်။ ထို့ကြောင့် ထည့်ပေးသည့် ပြင်ပလေ(outdoor air) အနည်းအများ ပမာဏကို လိုက်၍ cooling load လိုက်များလာလိမ့်မည်။

၁.၂ System Losses/Gains
Fan မော်တာမှ ထွက်သည့် အပူ(heat) များကြောင့် system heat gain ဖြစ်ပေါ်လာသည်။ လေများသည် fan သို့မဟုတ် blower ကို ဖြတ်ပြီးနောက် အပူချိန် (၁)ဒီဂရီ မှ (၃)ဒီဂရီ စင်တီဂရိတ်အတွင်း မြင့်တက် နိုင်သည်။ Duct အတွင်းရှိ supply air temperature သည် duct အပြင်ရှိ အခန်း အပူချိန်ထက်နိမ့် နေသောကြောင့် လည်း system heat gain ဖြစ်ပေါ်သည်။ ထို system heat gain များကို သေချာစွာ တွက်ချက်နိုင်မှ cooling load တန်ဖိုး မှန်ကန်ပေလိမ့်မည်။

၁.၃ External gains
အဆောက်အဦ၏ နေရာ(location)၊ မျက်နှာမူရာဘက်(orientation)၊ တည်ဆောက်ထားသည့် ပစ္စည်း အမျိုးအစား(material)၊ ပြုတင်းပေါက်များ၏အကျယ်(window to wall ratio)၊ တပ်ဆင်ထားသည့် sun shade နှင့် walls ၊ glazing၊ roofs and floor စသည်တို့ကိုလိုက်၍ external heat gain တန်ဖိုး အနည်း အများကွဲပြားသည်။

၁.၄ Internal gains
Internal heat gain များသည် လူအရေအတွက်(occupancy and activity details)? lighting မှထွက်သည့် heat gain နှင့် တခြားသော equipment များမှ ထွက်သော heat gain များ ပါဝင်ကြသည်။

၁.၅ Zone load
အဆောက်အဦ အတွင်းတွင် အခန်းများစွာ၊ အထပ်များစွာ ရှိနိုင်သည်။ သို့သော် အခန်းများ အထပ်များကို လိုက်၍ ခွဲခြားပြောဆိုခြင်းထက် ဇုန်(zone)များအဖြစ် ခွဲခြားပြောဆိုခြင်းက ပို၍ သင့်လျှော်သည်။ အထပ်တစ်ခုလုံးကို ဇုန်တစ်ဇုန် အဖြစ် သတ်မှတ်နိုင်သည်။ Set point အပူချိန်တူသည့် အခန်းများအားလုံးကို ဇုန်တစ်ဇုန်အဖြစ် သတ်မှတ်နိုင်သည်။ External heat gain တူသည့် အခန်းများအားလုံးကို ဇုန်တစ်ဇုန်အဖြစ် သတ်မှတ်နိုင်သည်။ ဥပမာ-အထပ်တစ်ထပ်အတွင်းရှိ အရှေ့ဘက်နေရောင် အထိုးခံရသော အခန်းများ အားလုံးကို ဇုန်တစ်ဇုန်အဖြစ် သတ်မှတ်နိုင်သည်။ ဇုန်တစ်ဇုန်၌ ရှိသည့် heat gain ကို zone load အဖြစ် သတ်မှတ်နိုင်သည်။

၂.၀ Peak Simultaneous Building Loads သို့မဟုတ် Zone Load

ဇုန်တစ်ဇုန်ချင်းစီ၏ peak load ဖြစ်ပေါ်သည့် အချိန်သည် မတူညီကြပေ။ အရှေ့ဘက်နေရောင် အထိုးခံရသောဇုန် (အခန်းများ)၏ peak load သည် မွန်းမတည့်မီ ဖြစ်နိုင်သည်။ အနောက်ဘက်နေရောင် အထိုးခံရသော ဇုန်(အခန်းများ) ၏ peak load သည် မွန်းလွဲပြီးချိန်၌ ဖြစ်နိုင်သည်။ ထို့ကြောင့် ဇုန်များအားလုံးပေါင်းပြီး ရရှိသည့် total peak load ဖြစ်ပေါ်မည့် မည့်အချိန်ကို သိရန်လိုသည်။ “Peak simultaneous load” ဟုလည်း ခေါ်ဆိုသည်။ Sensible heat gain နှင့် Latent heat gain နှစ်မျိုးလုံးကို ထည့်စဉ်းစားရန် လိုသည်။

Design information required

Zones
ဇုန်များအဖြစ် ပိုင်းပိုင်းပြီးခွဲခြားထားခြင်းကြောင့် အထူးသဖြင့် ဇုန်တစ်ဇုန်နှင့် တစ်ဇုန် heat gain များစွာ ကွဲပြားကြသည့်အခါ ဇုန်တစ်ခုချင်းစီကို ပိုကောင်းစွာ control လုပ်နိုင်သည်။ (ပြုတင်းပေါက်များ၊ နံရံများ ကို အတိအကျ ဖော်ပြထားသည့် architect’s layout drawing များမှ ဇုန်တစ်ခုချင်းစီ၏ အကျယ်အဝန်းနှင့် ဇုန်အရေ အတွက်ကို တွက်ယူနိုင်သည်။ ဇုန်တစ်ဇုန်ကို AHU တစ်လုံး သို့မဟုတ် နှစ်လုံး တပ်ဆင်ပေးနိုင်သည်။ သို့မဟုတ် fan coil များစွာ တပ်ဆင်နိုင်သည်။

Zone heat gains
ဇုန်တစ်ခုချင်းစီ၏ heat gain ကို တွက်ချက်ရန် လိုအပ်သည်။ ဇုန်များအဖြစ် ပိုင်းခြားထားသည့် internal wall သည် အပူချိန် မတူညီသည့် ဇုန်နှစ်ခုအကြားတွင်ရှိလျှင် ထို wall မှ heat gain ကိုလည်း ထည့်တွက်ရန် လိုအပ်သည်။

Hourly cooling loads
Zone load များကို နာရီအလိုက်(hourly basis)တွက်ရမည်။ ဂရပ်ပေါ်တွင် zone load တန်းဖိုးများကို ချ၍ ရေးဆွဲခြင်းဖြင့် peak simultaneous load ကို ရရှိနိုင်သည်။
Approximate peak time of loads တွက်ပြီးနောက် ဇုန်အားလုံးအတွက် တစ်ဇုန်ချင်းစီ ၏ နာရီတိုင်းကို တွက်ရန်လည်း မလိုအပ်ပေ။ အကယ်၍ peak time သည် 14:00 hr (မွန်းလွဲ ၂နာရီ) ဖြစ်ပါက 13:00 hr နှင့် 15:00 hr တို့ရှိ load စစ်ဆေးရုံဖြင့် လုံလောက်သည်။ Peak time နှင့် peak load တို့ကို မှန်ကန်စွာ တွက်ချက်ပြီးသား ဖြစ်ကြောင်း မှတ်ယူ နိုင်သည်။ Computer software ကို အသုံးပြုပြီး တွက်ပါက maximum load ဖြစ်ပေါ်သည့်အချိန်ကို အလွယ်တကူ သိနိုင်သည်။

ဥပမာ --
အရှေ့ဘက်ဇုန်(east zone) နှင့် အနောက်ဘက်ဇုန်(west zone) ဟူ၍ ဇုန်နှစ်ဇုန် ရှိသည့် အဆောက် အဦတစ်ခုကို နမူနာအဖြစ် တွက်ပြထားသည်။ ဇုန်တစ်ဇုန်လျှင် fan coil unit(FCU) (၁၅)လုံး တပ်ဆင်ထားသည်။ အရှေ့ဘက်ဇုန်(east zone)ရှိ FCU တစ်လုံးစီ၏ cooling capacity မှာ 1.5 kW ဖြစ်သည်။ West Zone ရှိ FCU တစ်လုံးစီ၏ cooling capacity မှာ 2.0 kW ဖြစ်သည်။

အဆောက်အဦ၏ total capacity မှာ 175 kW ဖြစ်သည်။ Primary cooling system အဖြစ် fan coil unit အားလုံး ၏ capacity ကို 175 kW နှင့်အညီ ဖြစ်အောင် တပ်ဆင်ရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် fan coil unit များ အားလုံးသည် full capacity ဖြင့် တပြိုင်တည်း မောင်းနေမည့် အချိန်မရှိနိုင်သောကြောင့် ဖြစ်သည်။ ဇုန်တစ်ခုချင်းစီတွင် ဖြစ်ပေါ်မည့် cooling load ကို နာရီအလိုက်(hourly basis) ဖော်ပြထားသည်။ အရှေ့ဘက်ဇုန် (east zone) နှင့် အနောက်ဘက်ဇုန်(west zone) တို့တွင် နာရီအလိုက်ဖြစ်ပေါ်သော load များကို ပေါင်းခြင်းဖြင့် အဆောက်အဦတွင် ဖြစ်ပေါ်မည့် building load ကို ရရှိနိုင်သည်။ ထိုနောက် peak simultaneous load ကို သိနိုင်သည်။ ဤဥပမာတွင် peak simultaneous load မှာ 145 kW ဖြစ်သည်။

ဂရပ်ပေါ်တွင် အဆောက်အဦ၏ peak simultaneous load ထင်ရှားစွာ သိမြင်နိုင်သည်။ အဆောက်အဦတစ်ခုတွင် အခန်းပေါင်းများစွာ ဇုန်ပေါင်းများစွာ ရှိနိုင်သောကြောင့် maximum simultaneous load ကို သိရန် အတွက် ဇုန်အားလုံး၏ cooling load ကို တွက်ရန် လိုအပ်သည်။

Design Watch Points
(၁) Solar gain တစ်ခုတည်းသာ အချိန်ကို လိုက်၍ ပြောင်းလဲသည်မဟုတ် occupancy rate နှင့် equipment တို့သည်လည်း အချိန်ကို လိုက်၍ ပြောင်းလဲနေကြသည်။ Equipment များသည် လူများသုံးမနေသည့်အချိန်တွင် ပိတ်မထားပဲ standby mode ဖြစ်နေသောကြောင့် heat reject လုပ်ကြသည်။

အရေးကြီးသောအချက်မှာ heat gain များကို အချိန်နှင့် လိုက်၍ တွက်ရန်လိုသည်။
(၂) အချို့သော computer programme များနှင့် software တို့သည် cooling load ကိုသာ တွက်ချက် ပေးပြီး outdoor air load ကို ထည့်သွင်း တွက်ချက်ခြင်း မပြုလုပ်နိုင်ကြပေ။ တချို့ သော software များသည် outdoor air load ကို ထည့်သွင်း တွက်ချက်ပေးနိုင်သော်လည်း လိုအပ်သည့် information များကို အတိအကျ ထည့်သွင်း ပေရန် လိုအပ်သည်။

References:
CIBSE Guide A, Environmental Design, 2006, ISBN 1 903287 66 9
Lawrence Race G, Pennycook K, Design Checks for HVAC – A Quality Control Framework for Building Services Engineers – sheets 19-23, BG 4/2007, BSRIA 2007, ISBN 978 086022 669 7

ကောင်းထက်ညွန့်

 

 

Fire Alarm Systems Book

Fire Alarm Systems Chapter 1

Fire Alarm Systems Chapter 2

Fire Alarm Systems Chapter 3

Fire Alarm Systems Chapter 4

 

 

 

 

ထုတ်ဝေပြီးစာအုပ် ဒီဇင်ဘာလ ၂၀၁၄

ဆက်လက်ထုတ်ဝေမည့် စာအုပ်များ


   

www.acmv.org - Air Conditioning and Mechanical Ventialtiaon for Young Myanmar Engineers

ACMV LECTURES