Chapter-10
Alarm Processing
Alarm Processing
မာတိကာ
၁၀.၁ Alarm စတင်
ဖြစ်ပေါ်ပုံ 1
၁၀.၂ Alarm အမျိုးအစားများ 2
၁၀.၃ Alarm
Management 4
၁၀.၃.၁ Analog
Alarm Point 4
၁၀.၃.၂ Binary
Data Object and Binary Input Object(BI) Alarm.. 8
၁၀.၄ Analog Input
Alarm ဥပမာများ 9
၁၀.၅ Digital Input
Alarm ဥပမာများ 10
၁၀.၆ Nuisance
Alarm သို့မဟုတ် False
Alarm
Alarm များ
ထုတ်ပေးနိုင်ခြင်းနှင့်
alarm များကို အရေးကြီးလျှင်ကြီးသလို
စီမံ(manage)နိုင်ခြင်းသည်
Building Automation System(BAS)၏ အထူးခြားဆုံးနှင့်
အရေးကြီးဆုံး
feature တစ်ခု ဖြစ်သည်။
အကြောင်းများစွာကြောင့်
alarm များ ဖြစ်ပေါ်နိုင်သည်။
Alarm များကို ဦးစားပေးအဆင့်များ(priority)
ခွဲခြားပြီး လိုအပ်သည့်
ဆောင်ရွက်မှုများ
ပြုလုပ်ရန် စီမံထားနိုင်သည်။
Alarm များကို ထိုကဲ့သို့
စနစ်တကျ အဆင့်(level)
များ ခွဲကာ စီမံနိုင်သောကြောင့်
efficient ဖြစ်သည်။ Consistent ဖြစ်သည်။

|
ပုံ
၁၀-၁ Alarm ဖြစ်ပေါ်ချိန်၊
ဦးစားပေးအဆင့်(priority)
စသည်တို့ကို
ဖော်ပြသည့် alarm
page
|
Alarm တစ်ခုသည်
DDC controller အတွင်းရှိ control
logic မှ တဆင့် စတင်
ဖြစ်ပေါ်လာသည်။
တစ်နည်းအားဖြင့်
control logic သည် control program ဖြစ်သည်။
Sensor က ဖတ်ယူထားသည့်
တန်ဖိုး(value) နှင့်
ကြိုတင်သတ်မှတ်ထားသည့်တန်ဖိုးတို့
နှိုင်းယှဉ်ပြီး
alarm အဆင့် သတ်မှတ်ရန်
control program က ဆုံးဖြတ်ပေးသည်။
ဥပမာ- အခန်းအပူချိန်(temperature)သည်
25°C ထက်ပို များလာပါက
alarm ထုတ်ပေးရန်
program လုပ်ထားသည်။
အကယ်၍ sensor ရရှိသည်
တန်ဖိုး(value) သည်
25°C ထက် ပိုများ လာပါက
အချိန် အနည်းငယ်မျှ
စောင့်ကြည့်ပြီး
25°C ထက် ဆက်များနေပါက
ထိုအခန်းအပူချိန်
point မှ alarm တစ်ခု ထုတ်ပေးရမည်။

|
ပုံ
၁၀-၂ ခေတ်မှီ အဆောက်အဦးတစ်ခု
၏ control room
|
Alarm ထုတ်ပေးနိုင်သည့်
output device များစွာရှိသည်။
Screen ပေါ်တွင် ဖော်ပြ(display)ခြင်း၊
hand phone မှ SMS ထုတ်ပေးခြင်း၊
printer မှ print ထုတ်ပေးခြင်း
စသည်တို့ ဖြစ်နိုင်သည်။
Alarm တစ်ခု ဖြစ်ပေါ်သည်နှင့်
တစ်ပြိုင်နက်
မှတ်တမ်းတင်ပြီး
(register လုပ်ပြီး) operator
unit ဆီသို့ ပေးပို့သည်။
ဖြစ်ပေါ်သမျှ
alarm များအားလုံးနှင့်
ပတ်သက်သည့် အချက်အလက်((information)များကို
alarm database တွင် စနစ်တကျ
မှတ်တမ်းတင်ထားရမည်။
ထို alarm နှင့် ပတ်သက်သည့်
အချက်အလက်များ(information)
များကို remote device များဖြစ်သည့်
mobile phone ၊ fax machine၊ printer ၊ PC နှင့်
web browser တို့ကို email သို့မဟုတ်
SMS တို့ ပို့ပေးသည်။
Alarm list ၌ အချိန်နှင့်တကွ
clear လုပ်ပြီးသည့်
alarm ၊ acknowledge လုပ်ပြီးသည့်
alarm ၊ pending ဖြစ်နေသည့်
alarm စသည်တို့ကို
ရှင်းလင်း ထင်ရှားစွာ
ဖော်ပြထားသည်။
Pop-up window ၊ Audible နှင့် visual signal
alert များကို operator ထံသို့
ပို့ပေးသည်။
Alarm များကို BACnet
standard အရ အမျိုးအစား
သုံးမျိုး ခွဲခြားနိုင်သည်။
(၁)
|
Simple Alarm - User သို့မဟုတ်
operator မှ မည်သည့် ဆောင်ရွက်မှုကိုမျှ
လုပ်ရန် မလိုအပ်ပါ။
အသိပေးရုံသာဖြစ်သည်။
|
(၂)
|
Basic Alarm - User သို့မဟုတ်
operator မှ acknowledge လုပ်ရန်
လိုအပ်သည်။ အရေးကြီးသည့်
alarm ဖြစ်သောကြောင့်
ထို alarm ဖြစ်နေကြောင်း
acknowledge လုပ်ရန် လိုသည်။
Acknowledge လုပ်သည်ဆိုသည်မှာ
alarm ဖြစ်နေကြောင်း
operator က သိပြီဟု လက်ခံလိုက်ခြင်း
ဖြစ်သည်။
|
(၃)
|
Extended Alarm - User သို့မဟုတ်
operator မှ acknowledge လုပ်ရန်
နှင့် reset လုပ်ရန်
လိုအပ်သည်။ အရေးကြီးသည့်
alarm ဖြစ်သောကြောင့်
စက်များ နှင့်
process များကို ပိတ်
(shutdown) ထားနိုင်သည်။
စက်များ ပြန်မောင်းရန်
နှင့် process များ ပြန်စရန်အတွက်
reset လုပ်ရန် လိုအပ်သည်။
|
Alarm များကို အောက်ပါအတိုင်း
ခွဲခြားနိုင်ပါသည်။
(၁)
|
Digital Alarm - contact point တစ်ခု
open သို့မဟုတ် close ကို
assign လုပ်သည်။
ဥပမာ- Air Handling Unit ၏
blower မော်တာ trip point မှ digital
alarm ဖြစ်ပေါ်လိမ့်မည်။
|
(၂)
|
Analogue Alarm – လက်ရှိတန်ဖိုး(current
value)သည် high သို့မဟုတ်
low alarm limit ၏ အပြင်ဘက်သို့
ရောက်သည့်အခါ
analogue alarm ဖြစ်ပေါ်လာလိမ့်မည်။
ဥပမာ- အခန်းအပူချိန်(temperature)ကို
25°C ထက် (၅)မိနစ်ကြာအောင်
ပိုမြင့်နေပါက
analogue alarm ဖြစ်ပေါ်လိမ့်မည်။
|
(၃)
|
Status Alarm - Contact ၏ status သည်
မျှော်လင့်ထားသည့်
တန်ဖိုး(expected value) အတိုင်းမဖြစ်ခဲ့လျှင်
initiate လုပ်ရန်၊
ဥပမာ- device တစ်ခုသည်
control signal ကို ကောင်းစွာ
response မလုပ်သည့်အခါ
status alarm ဖြစ်ပေါ်လိမ့်မည်။
|
(၄)
|
Totalizer Alarm - Variable တစ်ခု၏
စုစုပေါင်းတန်ဖိုး(accumulated
value)သည် high limit ပမာဏကို
ကျော်လွန်သည့်အခါ
initiate လုပ်ရန်
ဥပမာ- မော်တာတစ်လုံး
သုံးစွဲသည့်
စွမ်းအင်သည်
လစဉ် 1500 kWh ထက်ကျော်လွန်ပါ
totalizer alarm ဖြစ်ပေါ်လိမ့်မည်။
|
(၅)
|
Hours Run Alarm - စက်တစ်ခုခု၏
မောင်းချိန်နာရီပေါင်း(total
hours run)သည် သတ်မှတ်ထားသည့်
set limit ကို ကျော်လွန်သွားသည့်အခါ
initiate လုပ်ရန် တို့
ဖြစ်သည်။
ဥပမာ-
chiller တစ်လုံး၏ မောင်းချိန်နာရီပေါင်း(total
hours run) (၁၅၀၀၀)ကျော်ပါက
အကြီးစား ပြုပြင်မှု(major
overhaul) ပြုလုပ်ရန်
hours run alarm ဖြစ်ပေါ်လိမ့်မည်။
|
Alarm တစ်ခုသည်
controller အတွင်းရှိ control
logic မှ တဆင့် စတင်
ဖြစ်ပေါ် လာပြီးနောက်
operation level processor ထံရောက်ရှိ
သွားသည်။ Operation level processor
သည် controller မှ alarm တစ်ခုကို
လက်ခံရရှိပြီးနောက်
အောက်ပါ alarm processing လုပ်ငန်းများကို
စတင် ဆောင်ရွက်သည်။
(၁)
|
Alarm point သည် လက်ခံ
ရရှိသည့် processor အတွက်
ပေးပို့သည် ဟုတ်မဟုတ်
စစ်ဆေးသည်။
|
(၂)
|
Server နှင့် အခြားသော
LAN processor များဆီသို့
re-broadcast လုပ်သည်။
|
(၃)
|
Alarm သည် လက်ခံရရှိသည့်
processor အတွက်ဖြစ်လျှင်
ထို alarm ကို ချက်ချင်း
ဖော်ပြ(display) သည်။
|
(၄)
|
Alarm printer ဆီသို့
print ထုတ်ရန် output alarm message အဖြစ်
ပေးသည်။
|
(၅)
|
မည်သည့် alarm point
ဖြစ်ကြောင်း
အက္ခရာ(text)ဖြင့် ဖော်ပြသည်။
|
(၆)
|
နေ့စွဲ(date)/ အချိန်(time)
ပါဝင်သည်။
|
(၇)
|
Action လုပ်ရန် လိုအပ်သည့်
alarm ဟုတ်မဟုတ် စစ်ဆေးသည်။
ဆောက်ရွက်စရာ
တစ်စုံတစ်ရာ
ရှိ မရှိ စစ်ဆေးသည်။
|
(၈)
|
Graphic ပေါ်တွင် alarm
ဖြစ်နေကြောင်း
ဖော်ပြသည်။
|
ဥပမာ-
alarm ဖြစ်နေသည့် point
သည် အနီရောင် ဖြစ်နေသည်။
Acknowledged မလုပ်ရသေးလျှင်
ထို alarm သည် မိတ်တုံမိတ်တုံဖြစ်(blinking)
ဖြစ်နေသည်။
Acknowledge လုပ်သည်ဆိုသည်မှာ
operator က ထို alarm ဖြစ်ပေါ်နေကြောင်း
သိသည်ဟု လက်ခံလိုက်ခြင်းကို
ဆိုလိုသည်။ Alarm များ
သိမ်းဆည်း ထားသည့်
historical file တွင် မှတ်တမ်းတင်(record)သည်။
Historical alarm များကို နောင်တစ်ချိန်၌
ပြန်စစ်ဆေးရန်
လိုအပ်သည်။
BAS သို့မဟုတ်
BMS system တစ်ခုသည် စက္ကန့်တိုင်း၌
တန်ဖိုး(reading)များကို
program လုပ်ထားသည့်
တန်ဖိုးများ(value)
နှင့် နှိုင်းယှဉ်ပြီး
warning သို့မဟုတ် alarm များကို
ထုတ်ပေးနေသည်။
ထို alarm များကို ကြည့်၍
operator များသည် ပြဿနာ
ဖြစ်ပေါ်နေသည့်
နေရာကို အလေးပေးကာ
ဂရုစိုက် နိုင်သည်။


Analog point များ၌
alarm limit အပြင် warning limit လည်းရှိသည်။
ထို warning message များ ကိုလည်း
alarm များကဲ့သို့ပင်
alarm printer ၌ print လုပ်ပြီး
operator workstation ရှိ hard disk အတွင်း၌
file အဖြစ်လည်း သိမ်းဆည်းထားရမည်။
Message ၌
နေ့စွဲ(date)၊ အချိန်(time)
နှင့် point name စသည်တို့
ပါရှိရမည်။ ထို
alarm ကို operator တစ်ယောက်ယောက်က
acknowledge လုပ်ပါက ထို
operator နာမည် နှင့်
alarm ကို event အဖြစ် သိမ်းဆည်းရမည်။
နေ့စွဲ(date) ၊အချိန်(time)
၊ point name နှင့် operator နာမည်
တို့ကို operator work station များ
အားလုံး၌ သိမ်းဆည်းထားရမည်။
ထို alarm point သည် ပုံမှန်အခြေအနေ(normal
status)သို့ ရောက်သွားသည့်
အခါ event အဖြစ် သတ်မှတ်ပြီး
နေ့စွဲ(date)၊ အချိန်(time)
နှင့် point name တို့ကို
သိမ်းဆည်းရမည်။
Output တစ်ခုကို operator တစ်ယောက်ယောက်မှ
override လုပ်သည့်အခါ
နေ့စွဲ(date)၊ အချိန်(time)
၊ point name နှင့် override လုပ်သည့်
operator နာမည် တို့ကို
သိမ်းဆည်း ထားရမည်။

|
ပုံ
၁၀-၃ Analogue alarm နှင့် သက်ဆိုင်သည့်
တန်ဖိုးများ
|
Analog point တစ်ခုသည်
အောက်ပါ အခြေအနေ(state)
(၅)ခုအနက်မှ တစ်ခုခု
ဖြစ်နေနိုင်သည်။
|
(၁)
|
High Alarm အခြေအနေ(state)
[တစ်စုံတစ်ခု
ဆောင်ရွက်ရန်
လိုသည့် အခြေအနေ]
|
|
(၂)
|
High Warning အခြေအနေ(state)
[သတိထား စောင့်ကြည့်ရမည့်
အခြေအနေ]
|
|
(၃)
|
Normal အခြေအနေ(state)
[ပုံမှန်အခြေအနေ]
|
|
(၄)
|
Low Warning အခြေအနေ(state)
[သတိထား စောင့်ကြည့်ရမည့်
အခြေအနေ]
|
|
(၅)
|
Low Alarm အခြေအနေ(state)
[တစ်စုံတစ်ခု
ဆောင်ရွက်ရန်
လိုသည့် အခြေအနေ]
|

Alarm limit များကို
အသက်အန္တရာယ် နှင့်
ဘေးအန္တရာယ် လုံခြုံရေး(safety)
သို့မဟုတ် comfort စသည့်
criteria များ အပေါ်တွင်
အခြေခံ၍ သတ်မှတ်သည်။
Facility manager များသည် analog
inpoint များ၏ alarm များ အားလုံးကို
လိုအပ်လျှင် ပြန်လည်
စစ်ဆေးသင့်သည်။
Warning limit များကို
ဖြစ်နိုင်ခြေရှိသည့်(မျှော်လင့်ထားသည့်)
တန်ဖိုးများ အပေါ်တွင်
မူတည်၍ သတ်မှတ်သင့်သည်။
ဥပမာ- BAS System တစ်ခု၌
အပူချိန်(temperature)ကို
setpoint၏ ±2ºC အတွင်း၌ ရအောင်
control လုပ်ရမည်ဆိုလျှင်
normal band ကို 4ºC (+2ºC နှင့်
-2ºC) သတ်မှတ် ပေးရမည်။
ထို normal band 4ºC ကို အခြေခံ၍
warning limit ကို သတ်မှတ်ပေးရမည်။
Warning limit များကို DDC controller အတွင်း၌
ပါဝင်နေသည့်
point များ အတွက်သာ
သုံးရမည်။ Control loop မှ
စ၍ ပြဿနာ (problem) ဖြစ်နေပါက
operator ထံသို့ warning limit ဖြင့်
သတိပေးရမည်။
Facility manager များသည် warning
limit များကို အခါအားလျော်စွာ
စစ်ဆေးသင့်သည်။
အထက်ပါပုံ(၁၀-၄)သည်
analogue data object တစ်ခုနှင့်
analogue input object တစ်ခုတို့၏
alarm management function ကို ဖော်ပြထားသည့်
diagram ဖြစ်သည်။
တခြားသော
event အမျိုးအစားများမှာ
(က)
|
Operator တစ်ယောက်ယောက်က
override လုပ်ထားသည့်
point များ
|
(ခ)
|
Controller ၊ PC စသည့်
hardware များ off line ဖြစ်သွားသည့်အခါ
သို့မဟုတ် Off line ဖြစ်နေရာမှ
Online ပြန် ဖြစ်လာသည့်အခါ
|
(ဂ)
|
Operator များ Log on/Log off လုပ်သည့်အခါ၊
သို့မဟုတ် point တစ်ခုခုကို
command ပေးသည့် အခါ
|
(ဃ)
|
Totalization limit ပြည့်သွားသည့်အခါ
။ (ဥပမာ- run hour နာရီ (၁၀၀၀)
ပြည့်သည့်အခါ)
|
(င)
|
Energy management feature များဖြစ်သည့်
demand limiting/load rolling စသည်တို့
လုပ်ပေးရန် မဖြစ်နိုင်တော့သည့်အခါ
တို့ဖြစ်သည်။
|

(၁)
|
Normal အခြေအနေ(state)
– လက်ရှိတန်ဖိုး(current
value)သည် Normal operating range အတွင်းတွင်
ဖြစ်သည်။
|
(၂)
|
High or low warning အခြေအနေ(state)
– လက်ရှိတန်ဖိုး(current
value)သည် Normal Operating range ၏ အပြင်ဘက်တွင်
ရှိနေပြီး ၊ alarm
limit အတွင်း၌ ရှိနေသည်။
|
(၃)
|
High or low alarm အခြေအနေ(state)
– လက်ရှိတန်ဖိုး(current
value)သည် alarm limit အပြင်ဘက်၌
ရှိနေသည်။
|
|
ပုံ
၁၀-၅ Alarm router
|
High Alarm Limit
|
|
လက်ရှိတန်ဖိုး(current
value)သည် high alarm limit(analogue point အတွက်)သို့
ရောက်လျှင် သော်လည်းကောင်း၊
ကျော်လျှင် သော်လည်းကောင်း
high alarm state (digital point အတွက်) သို့ရောက်သွားကြောင်း
report လုပ်ပေးသည်။
|
Low Alarm Limit
|
|
လက်ရှိတန်ဖိုး(current
value)သည် low alarm limit(analogue point အတွက်)
သို့ရောက်လျှင်သော်လည်းကောင်း၊
ကျော်လျှင်သော်လည်းကောင်း
low alarm state (digital point အတွက်) သို့ရောက်သွားကြောင်း
report ထုတ်ပေးသည်။
|
Setpoint
|
|
Setpoint သည် normal operating range ၏
အလယ်နေရာ(center point) axis ဖြစ်သည်။
|
Normal band
|
|
Normal band သည် လက်ရှိတန်ဖိုး(current
value) ၏ normal band operating range ၏ width(အကျယ်)
ဖြစ်သည်။ Normal band ၏ အလည်မှတ်သည်
setpoint ဖြစ်သည်။ Normal band
ကို high နှင့် low warning
limit ကို တွက်ယူရန်အတွက်
အသုံးပြုသည်။
|
Differential
|
|
Differential သည် limit လေးမျိုးအတွက်
“Buffer Zone” ဖြစ်သည်။
လက်ရှိတန်ဖိုး(current
value) သည် limit တစ်ခုခု၏
အနီး၌ တက်လိုက်၊
ဆင်းလိုက်(oscillation) ဖြစ်နေပါက
alarm နှင့် warning များစွာ
ထုတ်မပေးစေရန်အတွက်
differential ပမာဏကို ထားရှိခြင်း
ဖြစ်သည်။ Differential တန်ဖိုးတစ်ခုကို
high alarm ၊ low alarm ၊
high warning နှင့် low warning လေးခုလုံးအတွက်
အသုံးပြုသည်။
လက်ရှိတန်ဖိုး(current
value)သည် differential zone တစ်ခုခု
အတွင်း၌ fluctuation ဖြစ်နေပါက
အခြေအနေ ပြောင်းလဲသွားခြင်း(change
of state) မဖြစ်စေပါ။
လက်ရှိ တန်ဖိုး(current
value) သည် limit တစ်ခုကို
ကျော်သွားပါက
report လုပ်သည်။ နောက်ထပ်
report တစ်ခု ထပ်ထုတ်ရန်အတွက်
limit နှင့် differential ကို ထပ်မံ
ဖြတ်ကျော်ရန်
လိုအပ်သည်။
|
|
|
|
Warning delay(min) သည် warning တစ်ခု
မထုတ်ပေးခင် စောင့်ရမည့်အချိန်(မိနစ်)
ဖြစ်သည်။ 0 မှ
225 မိနစ် အထိ ထားနိုင်သည်။
Warning delay active သည် warning delay
function က active ဖြစ်သည်၊
မဖြစ်သည်ကို ဖော်ပြနေသည်။

အခြေအနေ ပြောင်းလဲသွားခြင်း(change
of state) reporting တွင် ပါဝင်သည့်
အချက်(attribute) များမှာ
(၁)
|
Report type normal - အခြားသော
အခြေအနေတစ်ခု(state)တစ်ခုမှ
ပုံမှန်အခြေအနေ(normal
state) သို့ပြောင်းလျှင်
အခြေအနေ ပြောင်းလဲသွားကြောင်း(change
of state) report ထုတ်ပေးရန်
ဖြစ်သည်။
|
(၂)
|
Report type warning - အခြားသော
state တစ်ခုခုမှ high
warning သို့မဟုတ် low
warning သို့ ပြောင်းသွားလျှင်
အခြေအနေ ပြောင်းလဲသွားကြောင်း(change
of state) report ထုတ်ပေးရန်
ဖြစ်သည်။
|
(၃)
|
Report type alarm
|
(၄)
|
Report type override - သည် object
တစ်ခု၌ လက်ရှိတန်ဖိုး(current
value)ကို operator က တန်ဖိုး
တစ်ခုခုဖြင့်
override command ကို အသုံးပြု၍
override လုပ်လျှင် သော်လည်းကောင်း
သို့မဟုတ် override လုပ်ထားသော
တန်ဖိုးကို cancel
လုပ်လျှင် သော်လည်းကောင်း
အခြေအနေ ပြောင်းလဲ
သွားကြောင်း
(change of state) report ထုတ်ပေးရန်
ဖြစ်သည်။
|
(၅)
|
Warning message ဆိုသည်မှာ
high warning သို့မဟုတ်
low warning ပေါ်လာလျှင်
user က သတ်မှတ်(define)ထား
သည့် number သို့မဟုတ်
text ကို critical warning report ၏ display dialog box
တွင် ဖော်ပြပေးရန်
ဖြစ်သည်။
|
(၆)
|
Alarm message ဆိုသည်မှာ
object တစ်ခု သို့မဟုတ်
point တစ်ခုသည် alarm အခြေအနေသို့
ရောက်သည်အခါ
ဖော်ပြလိုသည့်
message ဖြစ်သည်။
|
(၇)
|
Report locked အခြေအနေပြောင်းလဲသွားခြင်း(change
of state) report ကို operator device များထံသို့
ပေးမည် မပေးပို့မည်ကို
ဆိုလိုသည်။ Report
ကို lock လုပ်ထားလျှင်
lock report သို့မဟုတ်
Report ကို unlock လုပ်လိုလျှင်
unlocked report command ကို သုံးရန်
ဖြစ်သည်။
|
(၈)
|
Auto dial out - Critical report (critical 1 မှ
critical 4 ) ဖြစ်လျှင် remote
operator workstation ဆီသို့ အလိုလျှောက်
Auto Dail-out လုပ်ရန် ဖြစ်သည်။
|

|
ပုံ
၁၀-၆ Binary alarm management
|
အထက်ပါပုံ(၁၀-၆)တွင်
binary data object နှင့် binary input object တို့၏
alarm management function ကို ဖော်ပြထားသည်။
Alarm analysis ဆိုသည်မှာ
Analog Input(AI) object နှင့် Binary Input(BI)
object တို့၏ လက်ရှိတန်ဖိုး(current
value)နှင့် user က သတ်မှတ်(define)ထားသည့်
normal state များကို နှိုင်းယှဉ်သည့်
software process ဖြစ်သည်။
Normal လက်ရှိတန်ဖိုး(current
value) သည် user က သတ်မှတ်
(defined)ထားသည့် normal state နှင့်
ကိုက်ညီသည်။
Alarm - လက်ရှိတန်ဖိုး(current
value) သည် user က သတ်မှတ်(defined)ထားသည့်
normal state နှင့် မကိုက်ညီပါ။
Normal state ဆိုသည်မှာ
လက်ရှိတန်ဖိုး(current
value) သည် ပုံမှန် အခြေအနေ၌
ရှိသည်။ Attribute များမှာ
None ၊ On ၊ Off တို့ ဖြစ်သည်။
Current contact value ကို operator device ဆီသို့
report လုပ်မည်ဖြစ်
သော်လည်း alarm analysis ပြုလိမ့်မည်
မဟုတ်ပေ။
Alarm delay function သည်
binary data object ၏ alarm report လုပ်ခြင်းကို
user က သတ်မှတ်ထားသည့်
အချိန်အတိုင်း
အချိန်ဆွဲပေး(delay)
ထားလိမ့်မည် ဖြစ်သည်။
ထိုသို့ ပြုလုပ်ရခြင်း၏
ရည်ရွယ်ချက်မှာ
nuisance report များ ထုတ်ပေးခြင်းကို
ကာကွယ် တားဆီးရန်အတွက်
ဖြစ်သည်။ Software မှ
alarm အခြေအနေ ပြောင်းလဲသွားခြင်း(change
of state) report ထုတ်ပေးရန်
အချိန်ဆွဲထား(delay)
လိမ့်မည်။ Delay လုပ်နိုင်သည့်အချိန်မှာ
0 စက္ကန့် မှ 255 စက္ကန့်အတွင်း
ဖြစ်သည်။
Latching သည် optional
function ဖြစ်သည်။ Object တစ်ခုသည်
alarm state သို့ ရောက်ပြီးနောက်
operator မှ unlatch လာလုပ်သည့်တိုင်အောင်
alarm state ၌ ရှိနေလိမ့်
မည်။ Latching လုပ်ရသည့်
ရည်ရွယ်ချက်မှာ
operator မှ ဆောင်ရွက်ချက်(action)တစ်ခုခုကို
မဖြစ်မနေ လုပ်ဆောင်ပေးရန်အတွက်
ဖြစ်သည်။ Operator မလာမချင်း
သို့မဟုတ် operator မှ
unlatch မလုပ်မခြင်း
alarm state ၌သာ ရှိနေလိမ့်မည်။
Unlatch လုပ်ခြင်းသည်
acknowledge လုပ်ခြင်းဖြစ်သည်။
Alarm system variable များသည်
ကြိုတင် သတ်မှတ်ထားသည့်တန်ဖိုး(predetermined
limit) များထက် ကျော်လွန်နေကြောင်း
operator များကို alarm များဖြင့်
သတိပေးသည်။ လိုအပ်သည့်
ဆောင်ရွက်မှုများ
ပြုလုပ်ရန် သတိပေးခြင်း
ဖြစ်သည်။ ဥပမာ-
air filter သည် ညစ်ပေ ပိတ်ဆို့
နေပြီ ဖြစ်သောကြောင့်
ဆေးကြောရန် လိုအပ်နေသည်။
စက်တစ်ခု၏ run time သည်
သတ်မှတ်ထားသည့်
နာရီထက် ကျော်လွန်နေပြီ
ဖြစ်သောကြောင့်
ပြုပြင်ထိန်းသိမ်းမှု(maintenance)ပြုလုပ်ရန်
လိုအပ်သည် စသည့်
သတိပေးခြင်းမျိုး
ဖြစ်သည်။
Alarm တစ်ခုကို
မည်ကဲ့သို့ ဖော်ပြမည်။
မည်သည့်ဆောင်ရွက်မှုမျိုး
ပြုလုပ်ရန် လိုအပ်သည်
စသည် တို့ကို design
ပြုလုပ်စဉ်ကပင်
ထည့်သွင်းထားသင့်သည်။
အသံမြည်သည့်(audible)၊
မီးလင်းသည့် (visual)
alarm enunciator များနှင့်လည်း
တွဲ၍ အသုံးပြုနိုင်သည်။

(၁)
|
Duct static pressure point ကို
မည်ကဲ့သို့ alarm limit
၊ differential တန်ဖိုးများ
ထားရှိရမည်ကို
ဥပမာအဖြစ် ဖော်ပြထားသည်။
|
|
(က)
|
Setpoint(inch wg)ထက်
0.3 inch များခြင်း သို့မဟုတ်
0.3 inch နည်းခြင်း (၅)မိနစ်ကျော်
ကြာအောင် ဖြစ်နေပါက
priority 3 alarm ထုတ်ပေးရန်
|
|
(ခ)
|
Setpoint(inch wg)ထက်
0.2 inch များခြင်း သို့မဟုတ်
0.2 inch နည်းခြင်း (၅)မိနစ်ကျော်
ဖြစ်နေပါက normal state ပြောင်းပေးရန်
|
|
(ဂ)
|
Fan သည် အမှန်တကယ်
မောင်းနေပြီးနောက်(ON)
အချိန် အနည်းငယ်ကြာမှသာ
alarm ထုတ်ပေးရန်
|
|
(ဃ)
|
Fan ရပ်နားထားချိန်တွင်
မည်သည့် duct static pressure alarm ကိုမျှ
ထုတ်မပေးရန်
|
(၂)
|
Duct air temperature ကို
မည်ကဲ့သို့ alarm limit
၊ differential တန်ဖိုးများ
ထားရှိရမည်ကို
ဥပမာ အဖြစ်ဖော်ပြထားသည်။
|
|
(က)
|
Setpoint(ºF)ထက်
2ºF များခြင်း သို့မဟုတ်
2ºF နည်းခြင်း (၅)မိနစ်ကျော်ပါက
priority 3 alarm ထုတ်ပေးရန်
|
|
(ခ)
|
Setpoint(ºF)ထက်
1ºF များ သို့မဟုတ်
1ºF နည်းခြင်း (၅)မိနစ်ကျော်ပါက
normal State သို့ ပြောင်းပေးရန်
|
|
(ဂ)
|
Fan မောင်းပြီး
အချိန်အနည်းငယ်ကြာမှသာ
alarm ထုတ်ပေးရန် ဖြစ်သည်။
သတ်မှတ် ထားသည့်
alarm parameter များကို အချိန်အနည်းငယ်
ကြာမှသာ sensor များက
မှန်ကန်စွာ ဖတ်ယူနိုင်သောကြောင့်
အချိန်အနည်းငယ်
စောင့်ရန် လိုအပ်သည်။
Fan ရပ်နားထား ချိန်တွင်
မည်သည့် alarm ကို
ထုတ်မပေးရန်
|
(၃)
|
Space temperature သို့မဟုတ်
room temperature
|
|
(က)
|
Space temperature သို့မဟုတ်
room temperature များမှ (ပုံမှန်အားဖြင့်)
alarm ထုတ်ပေးရန် မလိုအပ်ပေ။
|
(၄)
|
Duct သို့မဟုတ်
space humidity ကို မည်ကဲ့သို့
alarm limit ၊ differential တန်ဖိုးများ
ထားရှိရမည်ကို
ဥပမာအဖြစ် ဖော်ပြထားသည်။
|
|
(က)
|
Setpoint သည်
60% RH ဖြစ်သည်။ Setpoint ထက်
15 % များခြင်း သို့မဟုတ်
20% နည်းခြင်း (၅)မိနစ်ကျော်
ဖြစ်နေပါက priority 3
alarm ထုတ်ပေးရန် ဖြစ်သည်။
|
|
(ခ)
|
Setpoint သည်
60% RH မှ +10% ထက်နည်းပြီး
-15% ထက်များပါက (၅)မိနစ်ကြာလျှင်
ပုံမှန် အခြေအနေ(normal
state)သို့ ပြောင်းရန်
|
Digital Input (DI) alarm
များမှာ air flow switch ၊ water
differential switch စသည်တို့မှ
လာသည့် Digital Input (DI) point များဖြစ်သည်။
Alarm များကို အချိန်ခဏဆွဲထားခြင်း
(delay)ဖြင့် nuisance alarm (false alarm)များ
ထုတ်ပေးခြင်းမှ
ကာကွယ်နိုင်သည်။

ထိုကဲ့သို့
Digital Input (DI) နှင့် Digital Output(DO) တွဲမထားသည့်(pair
မလုပ်ထားသည့်)
Digital Input (DI) နှင့် Digital Output(DO) များသည်
monitoring အတွက်သာဖြစ်သည်။
(၁)
|
Safety alarm များ (high static cut
out ၊ freeze condition ၊ excessive vibration ၊ high
humidity cut out နှင့် VSD fault စသည်တို့အတွက်)
|
|
(က)
|
ထိုကဲ့သို့သော
digital input များအတွက်
delay မထားပဲ ချက်ချင်း
alarm ထုတ်ပေးရမည်။
|
|
(ခ)
|
ထိုကဲ့သို့သော
digital input များကို priority 3
alarm ထုတ်ပေးပြီး
screen ၌ “Alarm” အဖြစ် ဖော်ပြ(display)ထားရမည်။
|
|
(ဂ)
|
ထို safety alarm များ
deactivated ဖြစ်လျှင် (တစ်နည်းအားဖြင့်
ပုံမှန်အခြေအနေ
normal အခြေအနေသို့
ရောက်သွားလျှင်)
screen ၌ “Normal” ဟု ဖော်ပြ(display)
ရမည်။
|
Alarm များ၏ ဦးစားပေးအဆင့်(priority)ကို
လိုက်၍ အဆင့်များ
ခွဲခြားထားသည်။
Priority 2 (critical alarm)
|
များသည်
chiller trip alarm, chilled water pump trip alarm ….စသည်တို့
ဖြစ်သည်။
|
Priority 3
(mechanical critical alarm)
|
များသည်
mechanical Equipment များအားလုံး
alarm များဖြစ်သည်။
|
Priority 4 (mechanical alarm)
|
သည် Dirty filter alarm နှင့်
Non critical alarm များဖြစ်သည်။
|
Owner သို့မဟုတ်
operator တို့မှ nuisance alarm သို့မဟုတ်
false alarm အဖြစ် သတ်မှတ်
ထားသော alarm ဖြစ်သည်။
Alarm တစ်ခုဖြစ်ပေါ်ပြီးနောက်
control system သည် အောက်ပါတို့
အနက်မှ အားလုံးကို
သော်လည်းကောင်း၊
အချို့ကို သော်လည်းကောင်း
ပြုလုပ်နိုင်သည်။
|
(၁)
|
Screen display of message
|
|
(၂)
|
Printer output
|
|
(၃)
|
Log to hard disk
|
|
(၄)
|
Callout to fax machine terminal
|
|
(၅)
|
Callout to a digital pager
|
|
(၆)
|
Take a specific action. ( Hand phone သို့မဟုတ်
SMS ပို့ခြင်း)
|

|
ပုံ
၁၀-၆ Analog Point ၏ alarm ဖြစ်ပေါ်မည့်
တန်ဖိုးများ
|
Point များမှ ဖြစ်ပေါ်နိုင်သည့်
alarm event များ
(၁)
|
Alarm input
|
(၂)
|
Unmatched command (Failure of start/stop of start/stop
points, status unmatched)
|
(၄)
|
Analog high/low limit alarm
|
(၅)
|
Sensor error
|
(၆)
|
Trouble
|
(၇)
|
Totalized value increase error
|
(၈)
|
Control alarm (Power demand target value exceeded, etc.)
|
Control System မှ ဖြစ်ပေါ်နိုင်သည့်
alarm event များ
(၁)
|
- Component alarm (bus trouble, line status, error, remote
unit no response)
|
(၂)
|
- Power demand alarm, power failure alarm, fire alarm
|
-End-
.. 11