To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Air Conditioning and Mechanical Ventilation System (Vol. 1) > Chapter - 6 (Part 2 of 3) > Fans and Blowers (Part 2 of 3) > > www.acmv.org
Air Conditioning and Mechanical Ventilation System (Vol. 1) > Chapter - 6 (Part 2 of 3) > Fans and Blowers (Part 2 of 3) >


Chapter - 6 Fans and Blowers (Part 2 of 3) Fundamental and BasicConcept

Chapter - 6 Fans and Blowers (Part 2 of 3)

Air Conditioning and Mechanical Ventilation

Contents

၆.၈.၂ Centrifugal Fan များ၏ Impeller နှင့် Blade Design များ 1

၆.၈.၃ Centrifugal Fan ၏ Velocity Triangle. 5............................................................................................................................................... 6

၆.၈.၄ Centrifugal Fan Arrangement 6

၆.၉ Stall ဖြစ်ခြင်း ၊ Stall ဖြစ်သည့်နေရာ (Region) နှင့် Stall ၏ ဝိသေသများ(Characteristics) 7

၆.၁၀ System အတွင်း၌ ဖြစ်ပေါ်သော လေခုခံအား (System Resistance) 9

၆.၁၀.၁ System Resistance Curve ပြောင်းလဲပုံ 9

၆.၁၀.၂  Duct System ရှိ Damper များပွင့်ခြင်း ၊ ပိတ်ခြင်းကြောင့် System Curve ပြောင်းလဲပုံ 10

၆.၁၀.၃  လေစစ်(Air Filter)များ ကြောင့် System Curve ပြောင်းလဲပုံ 11

ပုံ(၆-၄၈)တွင် လေစစ်(air filter) ကြောင့် system curve ပြောင်းလဲပုံကို ဖော်ပြထားသည်။ 11

၆.၁၁ Fan Performance Curve သို့မဟုတ် Pressure - Volume Curve. 12

၆.၁၂ Fan Law သို့မဟုတ် Law Of Fan Performance. 15

၆.၁၃ Fan Curves and System Resistance Curves. 18

၆.၁၄ Design Operating Point and Actual Operating Point 21

 

၆.၈.၂ Centrifugal Fan များ၏ Impeller နှင့် Blade Design များ

ပုံ ၆-၃၆  ဒလက်(blade) အမျိုးမျိုး

ဖိအား မြင့်မြင့်(high pressure)လိုအပ်သည့်အခါနှင့် ရှည်လျားသည့် duct များ တပ်ဆင်ထားသည့် အခါမျိုးတွင် centrifugal fan များကို အသုံးပြုကြသည်။ Centrifugal fan အမျိုးအစားကို impeller ရှိ ပန်ကာ ဒလက်(blade)ပုံသဏ္ဌာန်ကို အခြေခံ၍ radial(straight)၊ forward blade ၊ backward blade နှင့် aerofoil ဟူ၍ အဓိက အားဖြင့် ခွဲခြားသတ်မှတ်ကြသည်။ Impeller လည်သည့် ရှေ့ဘက်(forward)သို့ စောင်းထား (inclined)၊ ကွေးထား (curved)သောကြောင့်  “Forward Inclined/Curved Blade” ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

Centrifugal fan သို့မဟုတ် blower အတွင်းရှိသည့် ဒလက်(blade)များ ပါသည့်ဘီး(wheel)ကို “Impeller” ဟုခေါ်သည်။ Impeller အပေါ်တွင် စိုက်ထားသည့် ဒလက်များကို “Blade” ဟုခေါ်သည်။ Side plate blade များနှင့် back plate များ တို့ဖြင့် impeller တစ်ခုဖြစ်အောင် တည်ဆောက်ထားသည်။

ပုံ(၆-၃၃)တွင် ပြထားသည့် အတိုင်း impeller သည် hub မှတစ်ဆင့်  ဝင်ရိုး(shaft)ပေါ်တွင် တပ်ဆင်ထားသည်။

Radial Blade

Radially Tipped

Forward Curved Blade

ပုံ ၆-၃၇ Backward Curved Blade

Backward inclined blade

Backward curved aerofoil

               Centrifugal fan များ၏ impeller များ နှင့် ပန်ကာဒလက်ဒီဇိုင်း(blade design)များကို အောက်ပါ အတိုင်း အသေးစိတ် ခွဲခြားနိုင်သည်။                                                                                

Radial(straight)

Radial

အတည့်(straight)အတိုင်းရှိသည့် ပန်ကာဒလက်(blade)

Radial Tip

အတည့်(straight)အတိုင်းရှိသည့် ပန်ကာဒလက်(blade) ဖြစ်သည်။ သို့သော် ထိပ်ဖျား(tip)ကို ကွေးထားသည်။

Forward Blade

Forward Inclined

ရှေ့ဘက်(forward)သို့ စောင်းထား(inclined)သည်။

Forward curved

ရှေ့ဘက်(forward)သို့ ကွေးထား(curved)သည်။

Forward curved aerofoil

Aerofoil ပုံစံပြုလုပ်ပြီး အရှေ့ဘက်သို့ ကွေးထား (curved)သည်။  (အသုံးနည်းသည်။)

Backward Blade

Backward Inclined

နောက်ဘက်(backward)သို့ စောင်းထား(inclined)သည်။

Backward curved

နောက်ဘက်(backward)သို့ ကွေးထား(curved)သည်။

Backward curved aerofoil

Aerofoil ပုံစံပြုလုပ်ပြီး နောက်ဘက်(Backward)သို့ ကွေးထား (curved)သည်။

Aerofoil

 

Aerofoil ပုံစံ ပြုလုပ်ထားသည်။

(က) Radial Blade များ

Radial blade impeller များသည် အရှင်းလင်းဆုံးသော ဒီဇိုင်းဖြစ်ပြီး၊ efficiency အနည်းဆုံးဖြစ်သည်။ Radial blade များ၏ ခံနိုင်ရည်(mechanical strength)သည် အကောင်းဆုံး ဖြစ်သည်။ အလွယ်တကူ ပြုပြင်နိုင်သည်။ Radial impeller ကို အသုံးပြုခြင်းကြောင့် မြန်နှုန်း အသင့်အတင့်(medium speed)သာ ရနိုင်သည်။ Radial blade နှင့် modified radial blade ဟူ၍ နှစ်မျိုး ရှိသည်။

ပန်ကာဒလက်(blade) (၆)ခု မှ (၁၆)ခုအထိ ရှိတတ်ကြသည်။ စက်ရုံများ(industrial plants)တွင် ပစ္စည်းများ သယ်ပို့ရန်(material handling application)အတွက် အသုံးပြုကြသည်။ တစ်ခါတစ်ရံ impeller ကို special material ဖြင့် ဖုံးအုပ်(coating)ထားလေ့ရှိသည်။ စက်မှုလုပ်ငန်း(industrial)များတွင် လိုအပ်သော ဖိအားမြင့်မြင့် (high pressure)ကို ထုတ်ပေးနိုင်စွမ်း ရှိသည်။

            ပန်ကာဒလက်(blade)များ၏ အစွန်း(leading edge)သည် အကွေးပုံသဏ္ဌာန်(curve)ဖြစ်အောင် မလုပ်ထားသောကြောင့် လေများ အဆင်ပြေချောမွေ့စွာ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

Back plate သို့မဟုတ် paddle type blade များသည် spider hub ၌ စိုက်ထားသကဲ့သို့ တပ်ဆင်ထားသည်။ Centrifugal fan များတွင် radial blade fan များသည် efficiency အညံ့ဆုံးဖြစ်သည်။ Efficiency ၅၀% မှ ၆၀% သာ ရနိုင်သည်။ သို့သော် high peak pressure ကို ရနိုင်သည်။ Overloading power characteristic ဖြစ်သည်။

            Impeller အရွယ်အစား(diameter)တူပြီး မြန်နှုန်း(running speed)တူသည့် centrifugal fan အမျိုးအစားအားလုံးတွင် radial tipped impeller fan များသည် အမြင့်ဆုံး ဖိအား(total pressure)ကို ထုတ်ပေးနိုင်သည်။ Efficiency ညံ့သည်။ ထို့ကြောင့် လေစီးနှုန်း(volume flow rate)နည်းသည်။ လေစီးနှုန်း (volume flow) တစ်ဝက်ထက်နည်းပါက  ဖိအား (pressure)ကျဆင်းသွားသည်။ Stall characteristic သည် steady ဖြစ်သည်။ အသင့်အတင့်သာ ဖြစ်သည်။

Radial Tipped Blade

            Radial blade များကို impeller လည်သည့်ဘက်(direction)သို့ backward ဖြစ်အောင် ကွေးထားခြင်း (reclined)ဖြစ်သည်။ Overloading ဖြစ်နိုင်သည့် fan အမျိုးအစား ဖြစ်သည်။ အမြင့်ဆုံး(peak) efficiencyသည် forward curved fan efficiency နှင့် backward blade fan efficiency အကြားတွင် ရရှိနိုင်သည်။

            Radial tipped blade သည် အများဆုံး(maximum) blade tip absolute velocity ကို ဖြစ်စေသည်။ Radial impeller များသည် angular momentum ပမာဏ အများဆုံးကို ဖြစ်စေသည်။ Radial blade passage အတွင်း၌ turbulence flow ဖြစ်ပေါ်သောကြောင့် သိပ် efficient မဖြစ်ပေ။ Radial tipped blade များ၏ အစွန်း(leading edge)ကို forward curve ဖြစ်အောင်ကွေးထားခြင်းဖြင့် ပန်ကာဒလက်များ အကြားနေရာ (blade passage) အတွင်းသို့ လေများ ချောမွေ့စွာ ဝင်ရောက်လာကာ turbulence flow ဖြစ်ပေါ်မှုကို လျှော့ချ နိုင်သည်။ ထို့ကြောင့် efficiency အနည်းငယ် ပိုကောင်းလာသည်။

(ခ) Forward Blade များ

Forward curved blade impeller ၏ ဆိုသည်မှာ forward curved blade များတပ်ထားသည့် impeller ဖြစ်သည်။ Forward curved blade impeller efficiency သည်  airfoil နှင့် backward curved blade impeller ၏ efficiency ထက် နည်းသည်။ အလေးချိန်ပေါ့ပါး(lightweight construction)သောကြောင့် ဈေး သက်သာသည်။ ပန်ကာ ဒလက်(blade)များ (၂၄)ခု မှ (၆၄)ခု အထိ ရှိတတ်သည်။ ဇောက်မနက်သည့် ပန်ကာဒလက်များ(shallow blades) ဖြစ်သည်။

လေသည် impeller အတွင်းမှ tip speed ထက် များသည့် အလျင်(velocity)ဖြင့် ထွက်သွားသည်။ လေထွက်နှုန်း(capacity)တူသည့် centrifugal fan များအနက် forward impeller ကိုသုံးလျှင် အရွယ်အစား အငယ်ဆုံး ဖြစ်သည်။ အိမ်သုံး(domestic) furnace များ packaged air conditioning များနှင့် roof top unit များတွင် forward impeller ကို အသုံးပြုကြသည်။

            ပန်ကာဒလက်(blade)များကို impeller လည်သည့် ဦးတည်ရာ(direction)အတိုင်း အရှေ့ဘက်သို့ (forward)ကွေးထားခြင်း သို့မဟုတ် စောင်းထားခြင်း(inclined) ဖြစ်သည်။ Overloading power characteristic ဖြစ်သည်။ သတ်မှတ်ထားသော လေစီးနှုန်း(air flow)ထက် ပိုများအောင် မောင်းပါက သေချာပေါက် overload ဖြစ်နိုင်သည်။ သေးငယ်သည့် forward curved impeller သည် တူညီသော duty သို့မဟုတ် load ရရန်အတွက် လေထုထည်(air volume)များများကို ပေးနိုင်စွမ်းရှိသည်။ အများဆုံးရရှိနိုင်သည့်(peak) efficiency သည် ၇၀% ဖြစ်ပြီး backward bladed fan efficiency ထက် ညံ့သည်။

Forward Curved Blade Impeller

            တခြားသော ပန်ကာဒလက်(blade)များဖြင့် နှိုင်းယှဉ်လျှင် absolute velocity (blade tip) အများဆုံး ဖြစ်သည်။ ထို့ကြောင့် လေထုထည်(air volume)များများကို တွန်းပေးနိုင်သည်။ ထို့ကြောင့် ပန်ကာဒလက် (blade)များ အားလုံးနှင့်ယှဉ်လျှင် အရွယ်အစား အသေးငယ်ဆုံး ဖြစ်လေ့ရှိသည်။ နေရာ ကျဉ်းကျဉ်းသာ ရှိသည့် အခါများတွင် forward curved blade ကို ရွေးချယ်လေ့ရှိသည်။ အရွယ်အစားငယ်သော်လည်း ပန်ကာဒလက် (blade) အရေအတွက် များစွာပါသောကြောင့်  ထုတ်လုပ်ရန် ခက်ခဲပြီး ဈေးကြီးသည်။

            လေအလျင်များခြင်း(high velocity)ကြောင့် ပန်ကာဒလက်(blade)များတွင် ပွတ်တိုက်မှု(friction) များသည်။ ပန်ကာဒလက်(blade)တို၍ ထောင့်(angle)ကြီးကြီးဖြင့် ကွေ့ရသောကြောင့် turbulence ဖြစ်ပေါ်မှု ပိုများသည်။ Turbulence ဖြစ်ခြင်းကြောင့် ပန်ကာဒလက်များအကြား နေရာ(blade passage)တွင် စွမ်းအင် လေလွင့်မှု(energy dissipate) ပိုများသည်။ Impeller ပေါ်တွင် ပန်ကာဒလက်(blade)များစွာ ပါရှိသောကြောင့် ပန်ကာဒလက်(blade)များ တစ်ခုနှင့်တစ်ခု အကြားနေရာ အလွန်ကျဉ်းသည်။ ပန်ကာဒလက်(blade)များ တစ်ခုနှင့် တစ်ခု အလွန်နီးကပ်စွာ တည်ရှိကြသည်။ ပန်ကာဒလက်(blade) မျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်သည့် fluid shear stress ပိုများသည်။ ဒလက်မျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်သော ပွတ်တိုက်မှု(skin friction) ပိုများသည်။ Efficiency ညံ့ဖျင်းခြင်း၊ ဈေးကြီးခြင်း(ထုတ်လုပ်မှုစရိတ်များခြင်း)နှင့် ခံနိုင်ရည်(mechanical strength) အားနည်းခြင်း တို့ကြောင့် အလွန် အသုံးနည်းသည်။

            ဒလက်ထိပ်ဖျားအလျင်(tip velocity)များများဖြင့် မောင်းနိုင်သောကြောင့် လေစီးနှုန်း(volume flow rate)များများ ရနိုင်သည်။ Fan curve ၏ ညာဘက်တွင် အထစ်(dip)ဖြစ်နေသည့် နေရာကျယ်ပြန့်သောကြောင့် stall characteristic အလွန် ဆိုးသည်။ Stall ဖြစ်သည့် နေရာကို ရှောင်၍ မောင်းသင့်သည်။

(ဂ) Backward Blade

            ပန်ကာဒလက်(blade) (၉)ခုမှ (၁၆)ခု အထိရှိသည်။ ပန်ကာဒလက်(blade)များကို impeller လည်သည့် ဦးတည်ရာ(direction)၏ ဆန့်ကျင်ဘက်အတိုင်း စောင်းထား(inclined)သည်။ Inclined blade များသည် အဖြောင့် ပုံဏ္ဌာန်(flat) သို့မဟုတ် အကွေးပုံဏ္ဌာန်(curved) plate များ ဖြစ်ကြသည်။ Overload မဖြစ်နိုင်သည့်(non-overloading) fan မျိုး ဖြစ်သည်။ High efficiency ကို ပေးနိုင်သည်။ Plate blade များသည် 80% efficiency ကို ပေးနိုင်ပြီး aerofoil blade များ၏ efficiency သည် 90% ကျော်သည်။

            Backward inclined impeller များ ၏ efficiency ကောင်းရခြင်းမှာ ပန်ကာဒလက်များ အကြားနေရာ (blade passage)သည် လည်နေသည့် diffuser ကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။ Backward inclined blade များသည် radial blade ထက် ပို၍ ရှည်လျားသောကြောင့် လေများကို တဖြည်းဖြည်းခြင်း(gradually)သာ diffuse လုပ်ကြသည်။ ထို့ကြောင့် လေစီးနှုန်း(air flow) ပို၍ ညီညာ(uniform)သည်။ ပန်ကာဒလက်များ အကြားနေရာ(blade passage) အားလုံးတွင် လေစီးနှုန်း(air flow) တူညီကြသည်။ ထို့ကြောင့် ပို၍ efficient ဖြစ်သည်။ Backward curved သို့မဟုတ် aerofoil blade များသည် backward inclined blade ထက်ပို၍ ရှည်လျားသောကြောင့် efficiency ပိုကောင်းသည်။

Backward Inclined Blade

            Backward inclined plate impeller သည် radial blade များနှင့် စာလျှင် (impeller diameter နှင့် running speed တူလျှင်) နိမ့်သည့်(low) peak pressure ကိုသာ ပေးနိုင်သည်။ သို့သော် လေထုထည်များများ (high volume)ကို ထုတ်ပေးနိုင်သည်။ Stall characteristic သည် radial tipped impeller များနှင့်တူသည်။ HVAC application များ နှင့် စက်မှုလုပ်ငန်းများ(industrial application)တွင် အသုံးပြုကြသည်။ ပွန်းတီး တိုက်စားတတ်သည့် လုပ်ငန်းများ (erosive duties) များအတွက်လည်း အသုံးပြုနိုင်သည်။

Backward inclined blade ၏ efficiency သည် airfoil impeller မှ ရနိုင်သော efficiency ထက် အနည်းငယ်သာ နည်းသည်။ လေသည် impeller မှ tip speed ထက် နည်းသည့် velocity ဖြင့် ထွက်သွားသည်။ ဇောက်နက်သည့် ပန်ကာဒလက်များ(deep blades) ဖြစ်သည်။ သံချေးတက်သည့် နေရာများ(corrosive environment) နှင့် ပွန်းတီးတိုက်စားတတ်သည့်နေရာများ(erosive environment)တွင် airfoil impeller များကို အသုံးပြုရန် မဖြစ်နိုင်သည့်အခါ backward impeller များကို အသုံးပြုကြသည်။

Backward Curved Blade

            Backward curved blade ကို သုံးလျှင် absolute velocity အနည်းဆုံး ရရှိလိမ့်မည်။ Radial tipped blade များသည် streamlined blade passage များဖြစ်သည်။ Radial passage နှင့် စာလျှင် ပို၍ ရှည်လျား သည်။ Diffuser ပုံသဏ္ဌာန်ဖြစ်နေသည်။ လေများကွဲထွက်ခြင်း(separation of air flow)ကို ကာကွယ် နိုင်သောကြောင့် ပို၍ efficient ဖြစ်သည်။ Overload မဖြစ်နိုင်သည့်(non-overloading) fan မျိုး ဖြစ်သည်။

Backward Inclined Aerofoil Blade

            Backward inclined aerofoil ကို ACMV system များတွင် အသုံးများသည်။ Efficiency ကောင်းခြင်းကြောင့်  ကြီးမားသည့် စက်မှုလုပ်ငန်း(large scale industrial application)များတွင် စွမ်းအင် ချွေတာရန်(power saving)အတွက် အသုံးပြုကြသည်။ Low ၊ medium နှင့် high pressure system များ အားလုံးအတွက် အသုံးပြုနိုင်သည်။ အချင်း (၄)မီတာရှိသည့် ကြီးမားသည့် fan များကို တွေ့မြင်နိုင်သည်။

ပွန်းတီးတိုက်စားခြင်း(erosive) မဖြစ်နိုင်သည့် စက်မှုလုပ်ငန်းများ(industry application)တွင် အသုံးပြု ကြသည်။ Erosive အနည်းငယ်ဖြစ်သည့် လုပ်ငန်းခွင်များတွင် ပန်ကာဒလက်(blade)များကို coating လုပ်၍ သုံးကြသည်။ Blade tip ကို အနည်းငယ် ပိုထူအောင် ပြုလုပ်၍ အသုံးပြုကြသည်။

တခြားသော ဒလက်(blade)များထက်စာလျှင် rotational energy ပမာဏ နည်းသောကြောင့် aerodynamic losses နည်းသည်။ Backward blade များကို aerofoil ပုံသဏ္ဌာန် ပြုလုပ်လျှင် ပို၍ efficiency ကောင်းလာသည်။ လေသည် ပန်ကာဒလက်များ အကြားနေရာ(blade passage)အတွင်းသို့ ချောမွေ့စွာ ဝင်ရောက်သွားသောကြောင့် ပို၍ efficient ဖြစ်သည်။ Aerofoil ပုံသဏ္ဌာန် ပြုလုပ်ထားသောကြောင့် ပန်ကာ ဒလက်(blade)များပေါ်တွင် သက်ရောက်သည့် bending stress ကို ခုခံနိုင်အား ပိုများသည်။ ပန်ကာဒလက် (blade) များတွင် stiffener များ ထည့်ပေးခြင်းဖြင့် second moment of area ပိုများလာအောင်ပြုလုပ်နိုင်သည်။

            အရွယ်အစား(diameter) နှင့် မြန်နှုန်း(speed)တူလျှင် ဖိအား(pressure) နိမ့်နိမ့်သာပေးနိုင်သည့် impeller များ ဖြစ်သည်။ လေစီးနှုန်း(volume flow rate) များများပေးနိုင်သည်။

ဒလက်ထိပ်ဖျားအလျင်(tip velocity) များများဖြင့် မောင်းနိုင်လျှင် ထို fan သည် လေစီးနှုန်း(volume flow rate)များများ ထုတ်ပေး နိုင်သည်။ Impeller အရွယ်အစား(diameter)ကြီး အောင်ပြုလုပ်ခြင်းဖြင့် tip velocity များအောင် ပြုလုပ် နိုင်သည် သို့မဟုတ် မြန်နှုန်း(running speed)ကို မြှင့်ပေးနိုင်သည်။ သို့မဟုတ် နှစ်မျိုးစလုံး လုပ်ပေးနိုင်သည်။ ဒလက်ထိပ်ဖျားအလျင်(tip velocity) များများဖြင့် မောင်းနိုင်ရန် ပန်ကာ ဒလက်(blade)များကို ခိုင်ခံ့အောင် (strong ဖြစ်အောင်) ပြုလုပ်ထားရန် လိုအပ်သည်။

Centrifugal impeller ဒီဇိုင်းများအားလုံးအနက် airfoil သည် အကောင်းဆုံး efficiencyကို ပေးနိုင်သည်။ လေသည် impeller မှ tip speed ထက်နည်းသည့် velocity ဖြင့် ထွက်သွားသည်။ ပန်ကာဒလက် (blade)များသည် (၉)ခု မှ (၁၆)ခု အထိ ရှိတတ် ကြသည်။ ဇောက်နက်သည့် ပန်ကာဒလက် (deep blade) များ ဖြစ်ကြသည်။

Airfoil impeller ကို အသုံးပြုခြင်းဖြင့် centrifugal fan ကို မြန်နှုန်း(speed)မြင့်မြင့်ဖြင့် မောင်းနိုင်သည်။ ကြီးမားသော  centrifugal fan များတွင် airfoil impeller ကို အသုံးပြုခြင်းကြောင့် စွမ်းအင်ချွေတာမှု(power saving) များအောင် ပြုလုပ်နိုင်သည်။

 ၆.၈.၃ Centrifugal Fan ၏ Velocity Triangle

Impeller ကို reference ထား၍ ဖော်ပြထားသည့် လေစီးနှုန်း(air flow)သည် relative velocity ဖြစ်သည်။ Impeller outlet ၌ရှိသော relative velocity ၏ direction သည် blade tip ၏ direction နှင့် တူညီသည်။

ပုံ ၆-၃၈ Forward Curved Blades

Flat Blades (Radial Blade)

Backward Curved Blades

V  = Absolute velocity of air leaving blade(shown equal for all three blade type)

Vr =Velocity of air leaving blade relative to blade

Vb = Velocity of blade tip                                                                   

ပန်ကာဒလက်(blade)၏ ထိပ်ဖျား(tip)တွင်ရှိသည့် rotational velocity သည် လေထဲသို့ ထည့်ပေးလိုက်သည့် စွမ်းအင်(energy) ပမာဏကို ဖော်ပြသည်။ Impeller ကို ဖြတ်ပြီးနောက် ဖြစ်ပေါ် လာသည့် လေစီးနှုန်း (volume flow rate) ပမာဏကို ဖော်ပြသည်။ ဒလက်ထိပ်ဖျား အလျင်(tip velocity) များလေ လေစီးနှုန်း(volume flow)များလေ ဖြစ်ပြီး စွမ်းအင်သုံးစွဲမှု(power consumption)လည်း များလိမ့်မည်။

ပုံ ၆-၃၉ Flow relative to impeller and flow relative to casing

၆.၈.၄ Centrifugal Fan Arrangement

ပုံ ၆-၄၀ မော်တာ တပ်ဆင်ရာ နေရာပြပုံ

Clockwise

down blast

Clockwise

up blast

Clockwise

Top angular down

Clockwise

Top angular horizontal

Counterclockwise

down blast

Counterclockwise

up blast

Counterclockwise

Top angular down

Counterclockwise

Top angular horizontal

ပုံ ၆-၄၁ Centrifugal fan arrangement အမျိုးမျိုး

Discharge arrangement များကို ပုံများနှင့်တကွ ဖော်ပြထားသည်။ Clockwise သို့မဟုတ် Counter clockwise စသည့် လည်သည့်ဘက်(rotation direction)ကိုသတ်မှတ်ရန်မော်တာရှိသည့်ဘက်မှ ကြည့်ရသည်။

 

Fan တစ်လုံး၏ စွမ်းဆောင်ရည်(performance)ကို ဇယားပုံစံ(tabular form)ဖြင့် ဖော်ပြလေ့ ရှိသည်။ ဇယားမှ အချက်အလက်များအရ  centrifugal fan တည်ဆောက်ထားပုံ(construction)သည် Class I rating ဖြစ်သည်။  Centrifugal fan အမျိုးအစားသည် backward-curved ဖြစ်သည်။  Wheel diameter သည် (၄၄) လက်မခွဲ ဖြစ်သည်။  Tip speed ကို ရရန် 11.65 နှင့် wheel လည်သည့် အပတ်ရေ(RPM)ဖြင့် မြှောက်ယူ နိုင်သည်။  တတိယ row နှင့် 1/2" SP column မှ 16613 CFM နှင့် Static Pressure 1/2" ရရှိရန် fan ကို 264 RPM ဖြင့် မောင်းရမည်ဖြစ်ပြီး 1.64 BHP သုံးစွဲလိမ့်မည်။

သို့သော် ဂရပ်(graphic)ပုံစံ ဖြင့် ဖော်ပြထားသည့် performance curve ကို အသုံးပြု၍ လေ့လာလျှင် ပို၍ လွယ်ကူသည်။ တစ်ခါတစ်ရံ curve မရရှိနိုင်သည့်အခါတွင် မြန်နှုန်းပုံသေ(constant speed) တစ်ခုတွင် ရှိသော ဖိအား(pressure)နှင့် စက်စွမ်းအား(horse power)ကို အသုံးပြု၍ လိုအပ်သောperformance curve ကို မိမိဘာသာ ပြုလုပ်ယူနိုင်သည်။ သို့မဟုတ် “Fan Law” ပုံသေနည်းမှ တွက်ယူနိုင်သည်။

၆.၉ Stall ဖြစ်ခြင်း ၊ Stall ဖြစ်သည့်နေရာ (Region) နှင့် Stall ၏ ဝိသေသများ(Characteristics)

            Centrifugal fan curve များတွင် အထစ်ကလေး(dip)ဖြစ်နေသည့် နေရာ ရှိသည်။ ထိုအထစ်ကလေး (dip)၏ နေရာသည်  aerodynamic stall ဖြစ်သည့်နေရာ ဖြစ်သည်။ Rotating stall ဟုလည်း ခေါ်သည်။

Fan တစ်လုံး stall ဖြစ်သည့် အခါ၌ ပန်ကာဒလက်(blade)တစ်ခု၌ စတင် ဖြစ်ပေါ်သည်။ ထို့နောက် လေစီးနှုန်း(air flow)များလာပြီး ကပ်လျှက်ရှိ ပန်ကာဒလက်(blade)တစ်ခုပါ ဆက် stall လိုက် ဖြစ်သည်။ ဤသို့ဖြင့် impeller ရှိ ပန်ကာဒလက်(blade)များအားလုံး stall ဖြစ်သည်။ Centrifugal fan ၏ ဖိအား (pressure) မြင့်တက်ခြင်းသည် aerodynamic left ကြောင့် မဟုတ်သောကြောင့် centrifugal fan ၌ ဖြစ်သည့် stall သည် axial fan ၌ ဖြစ်သည့် stall လောက် မဆိုးဝါးပေ။

Centrifugal fan ၌ stall ဖြစ်သည့်အခါ၌ ဖိအား(pressure)အနည်းငယ်မျှသာ ပြောင်းလဲပြီး လေစီးနှုန်း (volume flow rate) နည်းသွားခြင်း ဖြစ်သည်။ Stall ဖြစ်သည့်အခါ ကြိမ်နှုန်းနိမ့်သည့် ဆူညံသံ (low frequency noise)ပိုများလာပြီး fan casing ၊ duct work နှင့် impeller တို့ကို တုန်ခါစေသည်။ တုန်ခါမှု (vibration)ပိုများပြီး ဖိအား(pressure)လည်းများလာကာ impeller ၊ duct work စသည် တို့ကို ထိခိုက် ပျက်စီး စေနိုင်သည်။

ပုံ ၆-၄၂ Stall ဖြစ်ပေါ်ပုံ

ပုံ ၆-၄၃ Stall ဖြစ်ပေါ်သည့်နေရာ နှင့် အကောင်းဆုံး efficiency ရရှိနိုင်သည့်နေရာ နီးကပ်စွာတည်ရှိပုံ

အကောင်းဆုံး efficiency ပေးနိုင်သည့် နေရာသည်  stall ဖြစ်သည့်နေရာ အနီး တည်ရှိသည်။ Stall ဖြစ်ပေါ်ခြင်းကြောင့် ဖိအား(pressure) ကျဆင်းသွားခြင်း မရှိသော်လည်း အချိန်ကြာမြင့်စွာ  stall ဖြစ်နေခြင်း မျိုးကို ရှောင်ကြဉ်သင့်သည်။

Radial blade fan များ၌ radial flat blade သည် အခိုင်ခံ့ဆုံး ဖြစ်သည်။ ထို့ကြောင့် လေထဲတွင် အစိုင်အခဲ ကလေးများ (solid particle)များ ပါဝင် လာပါက radial fan သည် ကောင်းစွာ ပုံမှန် ဆက်လက် အလုပ်လုပ်နိုင်သည်။ သို့သော် efficiency နည်းသည်။ Forward curve blade များသည် ခံနိုင်ရည်အား အနည်းဆုံး ဖြစ်သောကြောင့် tip speed နှေးနှေးဖြင့်သာ မောင်းနိုင်သည်။

ပုံ ၆-၄၄ Flow breaking away form the blade nose       

Medium tip speed နှင့် high tip speed တို့ဖြင့် မမောင်းနိုင်ပေ။ Forward curve blade များ အားနည်း (weak)ခြင်း၊ efficiencyနည်းခြင်း တို့ကြောင့်  ကြီးမားသည့်စက်မှုလုပ်ငန်း(large scale industrial application) များတွင် အသုံးပြုရန် မဖြစ်နိုင်ပေ။ နေရာကျဉ်းကျဉ်း၌ တပ်ဆင်ရသည့် အိမ်သုံး(domestic) heating နှင့် cooling system များတွင် အသုံးပြုကြသည်။

ပုံ ၆-၄၅ Inlet Cone အတွင်း လေများစီးဆင်းပုံ

၆.၁၀ System အတွင်း၌ ဖြစ်ပေါ်သော လေခုခံအား (System Resistance)

	Duct အတွင်းမှ လေများ တစ်နေရာမှ အခြားတစ်နေရာသို့ ရောက်ရှိရန်အတွက် လေဖိအား ကွာခြားချက်(differential pressure)ရှိရန် လိုအပ်သည်။ ထိုကဲ့သို့ပင် duct အတွင်းမှ လေများ တစ်နေရာမှ အခြား တစ်နေရာသို့ ရောက်သွားလျှင် လေဖိအား ကျဆင်းမှု(pressure drop) ဖြစ်ပေါ်သည်။

            Point A ၌ ရှိသည့် ဖိအား(pressure)သည် point B ၌ ရှိသည့် ဖိအား(pressure)ထက်များလျှင်    (PA > PB) point Aမှ လေများသည် point Bသို့ ရောက်သွားလိမ့်မည်။ Point A မှ လေများ point B သို့ ရောက်သွား ပြီးလျှင် ဖိအားကျဆင်းမှု(pressure drop) (ဖြစ်သည်။ ဖိအားဆုံးရှုံးသည်။ ထိုဖိအား ဆုံးရှုံးခြင်းသည် duct နံရံများ နှင့် လေအကြား ဖြစ်ပေါ်လာသော ပွတ်တိုက်မှု(friction)ကြောင့် ဖြစ်သည်။

          Duct အကွေး(bend)များ၊ damper များ ၊ duct section များတွင် turbulence flow ဖြစ်ပေါ်သော ကြောင့် ဖိအားကျဆင်းမှု(pressure drop) ဖြစ်သည်။ ဖိအားဆုံးရှုံးမှု ဖြစ်ပေါ်သည်။ Heater များ၊ လေစစ် (filter) များကို လေများ ဖြတ်သွားသည့်အခါ၌လည်း ဖိအားဆုံးရှုံးမှု ဖြစ်ပေါ်သည်။ ထိုအကြောင်းများကြောင့် ဖိအား ကျဆင်းမှု(pressure drop)ဖြစ်ခြင်း သို့မဟုတ် ဖိအားဆုံးရှုံးခြင်း(pressure loss)ကို လေခုခံအား(system resistance) ဟုခေါ်သည်။

လေခုခံအား(system resistance)ပြောင်းသွားသောကြောင့် system curve သို့မဟုတ် system resistance curve ပြောင်းသွားလိမ့်မည်။ System resistance curve ပြောင်းသွားသောကြောင့် system နှင့် တွဲ၍ တပ်ဆင်ထားသည့် fan ၏ စွမ်းဆောင်ရည်(performance)လည်း လိုက်၍ ပြောင်းလဲသွားလိမ့်မည်။

မည်သည့်အခြေအနေမျှ မပြောင်းလဲလျှင် (system အတွင်းရှိ damper များ၊ အခြားကိရိယာ(device) များ မပြောင်းလဲလျှင်) ထိုအခိုက် လေထုထည်(air volume) နည်းခြင်း၊ များခြင်းသည် system curve တစ်လျှောက်တွင်သာ ဖြစ်ပေါ် နေသည်။ System curve သည်လည်း မပြောင်းလဲပေ။

၆.၁၀.၁ System Resistance Curve ပြောင်းလဲပုံ

ပုံ(၆-၄၆)တွင်

Point A - သည် fan တစ်လုံးနှင့် တွဲ၍ တပ်ဆင်ထားသည့် duct system တစ်ခု၏ “Design Operating Point” ဖြစ်သည်။

Point B – System (duct) တစ်ခုခုအတွင်းမှ equipment တစ်ခုခုကို ဖြုတ်လိုက်လျှင် လေခုခံအား(system resistance) နည်းသွားသောကြောင့် system curve သည် Y axis ဘက်မှ ဝေးရာသို့ရောက်သွားပြီး Curve အသစ်တစ်ခုကို ဖြစ်ပေါ်စေသည်။

Point C - Damper ပိတ်ခြင်း သို့မဟုတ် လေခုခံအား(system resistance)ကို များအောင် ပြုလုပ်လျှင် system curve သည် Y axis ရှိရာဘက်သို့ ရောက်သွားပြီး curve အသစ်တစ်ခုကို ဖြစ်ပေါ်စေသည်။

            ထို့အပြင် system resistance သည် လေသိပ်သည်းဆ(air density) နှင့် တိုက်ရိုက် အချိုးကျသည်။

ပုံ ၆-၄System resistance နှင့် Fan curve

	ဖိအားဆုံးရှုံးမှု(pressure loss)ပမာဏသည် လေစီးနှုန်း(volume flow rate)၏ နှစ်ထပ်ကိန်းနှင့် တိုက်ရိုက် အချိုးကျသည်။ ထို့ကြောင့် လေထုထည်(air volume) နှစ်ဆပိုများများရလိုလျှင် ဖိအားဆုံးရှုံးမှု (pressure loss)လေးဆ ပိုများလိမ့်မည်။ ထိုအချက်သည် constant air density အတွက်သာ မှန်သည်။

၆.၁၀.၂  Duct System ရှိ Damper များပွင့်ခြင်း ၊ ပိတ်ခြင်းကြောင့် System Curve ပြောင်းလဲပုံ

Point P1 

ပုံ(၆-၄၇)တွင် damper များပွင့်ခြင်း ၊ ပိတ်ခြင်းကြောင့် system curve ပြောင်းလဲပုံ (effect of opening and closing system damper)ကို ဖော်ပြထားသည်။ Point P1  သည် damper ပွင့်နေသည့် operating point ဖြစ်သည်။ Damper လုံးဝပွင့်နေသည့်(fully open)အချိန် လေခုခံအား(system resistance) နည်းသည်။

Point P2 

Point P2 သည် damper တစ်ဝက်တစ်ပျက် ပွင့်နေသည့်(partially open)အချိန် လေခုခံအား(system resistance) များလာပြီး  system resistance curve အသစ်ဖြစ်ပေါ်လာကာ operating point ဖြစ်သည်။

	System ၏ ခုခံအား(resistance)များလာလျှင် Y axis နှင့် နီးရာဘက်တွင် system curve အသစ်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ System ၏ ခုခံအား(resistance) နည်းလာလျှင် Y axis နှင့် ဝေးရာဘက်တွင် system curve အသစ်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်။

           

ပုံ ၆-၄၇ Damper fully open and Partially closed

၆.၁၀.၃  လေစစ်(Air Filter)များ ကြောင့် System Curve ပြောင်းလဲပုံ

ပုံ(၆-၄၈)တွင် လေစစ်(air filter) ကြောင့် system curve ပြောင်းလဲပုံကို ဖော်ပြထားသည်။

ပုံ ၆-၄၈ လေစစ် (air filter) ညစ်ပေခြင်း(dirty)ကြောင့် ဖိအားကျဆင်းမှု ဖြစ်ပေါ်လာပုံ

No Filter Point (P0, P3, P4)

P0 ၊ P3P4 လိုင်းသည် လေစစ်(air Filter) မတပ်ဆင်ထားသောကြောင့် သို့မဟုတ် ဖြုတ်ထား သောကြောင့် ဖြစ်ပေါ်နေသော system curve ဖြစ်သည်။

Operating point သည် system curve နှင့် fan curve တို့ ဖြတ်သွား သောကြောင့် ဖြစ် ပေါ်လာသော intersection point ဖြစ်သည်။ လေစစ်(air filter) မတပ်ဆင်ထားသည့် operating point သည် လေစီးနှုန်း (flow) 3.23 m3/s နှင့် ဖိအား(total pressure) 510 Pa တို့ ဖြတ်မှတ်(intersection point) ဖြစ်သည်။ 

 

Clean Filter တပ်ဆင်ထားသော Operating Point (P နှင့် P1)

P နှင့် P1 လိုင်းသည် လေစစ်အသစ်(clean air filter) တပ်ဆင်ထားသောကြောင့် ဖြစ်ပေါ်လာသော system curve ဖြစ်သည်။

Operating point သည် လေစီးနှုန်း(flow) 3.0 m3/s နှင့် ဖိအား(total pressure) 531 Pa တို့ ဖြတ်မှတ် (intersection point) ဖြစ်သည်။ 

ညစ်ပေသွားသော လေစစ် (Dirty Air Filter)ကြောင့် ဖြစ်ပေါ်လာသော Operating Point (P2)

P2 လိုင်းသည် ညစ်ပေသွားသော လေစစ်(dirty air filter)တပ်ဆင်ထားသောကြောင့် ဖြစ်ပေါ် လာသော system curve ဖြစ်သည်။ Operating point သည် လေစီးနှုန်း(flow) 2.75 m3/s နှင့် ဖိအား(total pressure) 550 Pa တို့ ဖြတ်မှတ် (intersection point) ဖြစ်သည်။ 

ထို့ကြောင့် လေစစ်(dirty air)များ ညစ်ပေသွားလျှင် ဖိအားခုခံမှု(pressure resistance) ပိုများ လာသည်။ ထို့ကြောင့် လေခုခံအား(system resistance)များသွားကာ fan curve အသစ် ဖြစ်ပေါ်လာသည်။ အထက်ပါ ဥပမာအရ လေစစ်(air filter)များ ညစ်ပတ်သွားခြင်းကြောင့် system pressure 531 Pa မှ 550 Pa သို့ တက်သွားသည်။ ထို့ကြောင့် လေစီးနှုန်း(air flow)သည် 3.0 m3/s မှ 2.75 m3/s သို့ လျော့ကျသွားသည်။ ထိုလျော့သွားသည့် လေစီးနှုန်း(air flow rate)ကို ပြန်ရရန်အတွက် fan သည် ပို၍ အလုပ်ပိုလုပ်သောကြောင့် စွမ်းအင် ပိုလိုအပ်သည်။

	ထို့ကြောင့် စွမ်းအင်သုံးစွဲမှု(energy consumption)  လျော့နည်းစေရန်အတွက် လေစစ်(air filter) များ သန့်ရှင်းနေရန် လိုအပ်သည်။

၆.၁၁ Fan Performance Curve သို့မဟုတ် Pressure - Volume Curve

ပုံ ၆-၄၇ Theoretical fan curve and actual fan curve

ပုံ(၆-၄၇)သည် backward blade centrifugal fan တစ်လုံး၏ theoretical fan curve ဖြစ်သည်။ Centrifugal fan တစ်လုံး၏ စွမ်းဆောင်ရည်(performance)ကို ဖိအား(pressure) နှင့် လေစီးနှုန်း (volume flow rate)တို့ဖြင့် ဖော်ပြနိုင်သည်။ ထို့ကြောင့် “Pressure-Volume Curve”ဟု ခေါ်သည်။ Fan တစ်လုံး၏ ဖိအား (pressure)နှင့် လေစီးနှုန်း(volume flow rate)တို့ ဆက်သွယ်နေပုံ(relationship)ကို ဖော်ပြထားသည့် curve ကို “Fan Curve” ဟု ခေါ်သည်။ “Fan Curve” သို့မဟုတ် “Pressure – Volume Curve” သည် fan တစ်လုံး၏ characteristic ကို ဖော်ပြသည်။ Centrifugal fan တစ်လုံး၏ power characteristic သည် လေစီးနှုန်း(volume flow) ပြောင်းလဲခြင်းကြောင့် စွမ်းအင်သုံးစွဲမှု(power consumption)လိုက်၍ ပြောင်းလဲ နေသည်။

Fan characteristic curve တွင် X ဝင်ရိုး(X axis)သည် လေစီးနှုန်း(volume flow rate) ဖြစ်ပြီး Y ဝင်ရိုး(Y axis) သည် static pressure ဖြစ်သည်။ SI ယူနစ် အသုံးပြုလျှင် fan curve များ၌ လေစီးနှုန်း(volume flow rate)ကို  X ဝင်ရိုး(X axis) CMH ဖြင့် ဖော်ပြသည်။ Pressure development ကို Y ဝင်ရိုး(Y axis)တွင် Pascal (Pa)ဖြင့် ဖော်ပြသည်။

Fan တစ်လုံး၏ theoretical characteristic သည် မျဉ်းဖြောင့်(straight line) ဖြစ်သည်။ Rotational loss များ၊ frictional loss များ နှင့် incidence တို့ကြောင့် အမှန်တကယ် ရနိုင်သည့် ဖိအား(actual fan pressure) နည်းရခြင်း ဖြစ်သည်။ Incidence သည် impeller inlet တွင် ဖြစ်ပေါ်သည့် fluid နှင့် blade angle ကွာဟချက် သို့မဟုတ် ခြားနားချက် ဖြစ်သည်။

ပွတ်တိုက်မှုကြောင့်ဖြစ်သော ဖိအားဆုံးရှုံးမှု(friction loss)သည် ပျမ်းမျှလေအလျင်(mean velocity)၏ နှစ်ထပ်ကိန်း(square)နှင့် ညီမျှသည်။ လေစီးနှုန်း(air flow rate)များလာလေ ဖိအားဆုံးရှုံးမှု (pressure loss)များလာလေ ဖြစ်သည်။ Peak efficiency ရချိန်၌ fluid angle နှင့် blade angle တို့သည် လုံးဝနီးပါး တူညီသည်။ ထို့ကြောင့် incidence သည် သုည(zero) ဖြစ်သည်။           

Fluid angle နှင့် blade angle နှစ်ခုအနက် တစ်ခုခု ပိုများသွားသည်နှင့် တစ်ပြိုင်နက် incidence သည် သုည(zero) မဖြစ်နိုင်တော့ပေ။ Incidence များလာသည်နှင့်အမျှ ဆုံးရှုံးမှု(loss)လည်း လိုက်များလာလိမ့်မည်။ ထို့ကြောင့် peak ၏ ဘယ်ဘက်(left)၌ negative slope ဖြစ်ပေါ်ပြီး ညာဘက်(right)၌ positive slope ဖြစ်ပေါ် သည်။

Fan curve တစ်ခု၌ စွမ်းအင်(power) မပြောင်းလဲသောကြောင့် လေစီးနှုန်း(air flow) များလာသည်နှင့်အမျှ ထို fan က ထုတ်ပေးသည့် ဖိအား(pressure)လည်း နှစ်ထပ်ကိန်း(square)ဖြင့် လိုက်နည်း လိမ့်မည်။ လေစီးနှုန်း(air flow) နည်းလာသည်နှင့်အမျှ ထို fan က ထုတ်ပေးသည့် ဖိအား (pressure)လည်း နှစ်ထပ်ကိန်း(square)ဖြင့် လိုက်များလာလိမ့်မည်။

          Duct system curve တစ်ခု၌ လေစီးနှုန်း(air flow) များလာသည်နှင့်အမျှ ထို duct system ၏ ဖိအားဆုံးရှုံးမှု(pressure loss)လည်း နှစ်ထပ်ကိန်း(square)ဖြင့် လိုက်များလာလိမ့်မည်။ Flow နည်းလာ သည်နှင့်အမျှ ထို duct system ၏ ဖိအားဆုံးရှုံးမှု(pressure loss)လည်း နှစ်ထပ်ကိန်း(square)ဖြင့် လိုက် နည်းလာလိမ့်မည်။

ထို့ကြောင့် လေစီးနှုန်း(air flow) သို့မဟုတ် ဖိအား(pressure) နည်းလိမ့်မည်၊ များလိမ့်မည်ကို ဆုံးဖြတ်ရန်(analysis)လုပ်ရန်အတွက် မည်သည့် curve ကို အသုံးပြုရမည်ကို သိရန်လိုသည်။ တစ်နည်းအားဖြင့် fan curve ကို reference လုပ်ရမည် သို့မဟုတ် system curve ကို reference လုပ်ရမည်ကို သဘောပေါက် နားလည်ရန် လိုအပ်သည်။                                             

Fan ထုတ်လုပ်ရောင်းချသူများထံမှ fan curve ကို ရရှိနိုင်သည်။ Fan ကို fan curve ၏ နေရာတိုင်း၌ မောင်းရန် မသင့်လျော်ပါ။ ထို fan curve တစ်လျှောက်တွင် ဘေးအစွန်းနှစ်ဘက်သည် အသုံးပြုရန် မသင့်သော နေရာဖြစ်သည်။ ဘယ်ဘက်အစွန်းသည် stall region ဖြစ်သည်။ ညာဘက်အစွန်းနေရာသည် efficiency အနည်းဆုံးနေရာဖြစ်သည်။ Fan curve ၏ အလယ် သုံးပုံတစ်ပုံ နေရာသည်သာ မောင်းရန် အသင့်တော်ဆုံး နေရာဖြစ်သည်။             တစ်နည်းအားဖြင့် fan performance curve ကို အပိုင်း သုံးပိုင်းလျှင် အလယ်အပိုင်းသည် မောင်းရန် သင့်လျော်သော နေရာ(region) ဖြစ်သည်။

ပုံ ၆-၅၀ Typical centrifugal fan တစ်လုံး၏ recommended performance range ကို ဖော်ပြထားသည်။

Efficiency curve သည် volume flow rate ပြောင်းလဲသည့်အလျှောက် fan ၏ efficiency ပြောင်းလဲနေပုံကို ဖော်ပြထားသည်။ Fan များကို peak efficiency တွင် မောင်းရန် ရည်ရွယ်၍ ရွေးချယ် သင့်သည်။ Peak efficiency တွင် သတ်မှတ်ထားသော load သို့မဟုတ် duty ရအောင်မောင်းရန် အတွက် စွမ်းအင်သုံးစွဲမှု(power consumption) အနည်းဆုံးဖြစ်သည်။ Peak efficiency တွင် မောင်းပါက အသံဆူညံမှု (noise level)လည်း အနည်းဆုံးဖြစ်သည်။ (Efficiency vs noise curve ကို ကြည့်ပါ။)

Flat fan curve နှင့် Steep Fan curve

Flat fan curve များသည် pressure အနည်းငယ် ပြောင်းလဲရုံမျှဖြင့် လေစီးနှုန်း (flow rate)များစွာ ပြောင်းလဲသည်။ တစ်နည်းအားဖြင့် လေစီးနှုန်း(air flow)များစွာ ပြောင်းသော်လည်း ဖိအား(pressure) အနည်း ငယ်သာ ပြောင်းလဲသည်။ 

Steep fan curve များသည် လေစီးနှုန်း(air flow rate) အနည်းငယ် ပြောင်းလဲရုံမျှဖြင့် ဖိအား (pressure)များစွာ ပြောင်းလဲသည်။ တစ်နည်းအားဖြင့် ဖိအား(pressure) များစွာ ပြောင်းသော်လည်း လေစီးနှုန်း (air flow rate) အနည်းငယ်သာ ပြောင်းလဲသည်။ 

ပုံ ၆-၅၁  Steep curve and flat curve                 

Ducted system များတွင် လေများ တစ်နေရာမှ အခြားတစ်နေရာသို့ ရောက်သွားရန်အတွက် fan သည် စွမ်းအင်(energy)ကို ဖိအား(pressure)အဖြစ် လေထဲသို့ ပို့ပေးခြင်း ဖြစ်သည်။ လေများ ပိုင်ဆိုင်သွားသည့် ဖိအား(pressure)သည် လေများ duct နံရံ(wall)များ တစ်လျှောက်တွင် ဖြစ်ပေါ်လာသော ပွတ်တိုက်မှု(friction) ကြောင့် ပျောက်ပျက်သွားရသည်။ အကွေး(bend)များ ၊ damper များ နှင့်  duct section များ အရွယ်အစား (size) ပြောင်းခြင်း တို့ကြောင့် ဖိအားကျဆင်းမှု(pressure drop) ဖြစ်ပေါ်သည်။

၆.၁၂ Fan Law သို့မဟုတ် Law Of Fan Performance 

            Fan law သည် fan curve အပေါ်ရှိ အမှတ်(point) တစ်နေရာအတွက်သာ တွက်ခြင်းဖြစ်သည်။

   	Fan Law အသုံးပြု၍ ပုံသဏ္ဌာန်တူသည့်(geometrically similar) fan များ၏ စွမ်းဆောင်ရည် (performance)ကို ခန့်မှန်းယူ နိုင်သည်။ အတိအကျ မှန်ကန်မှု ရှိခြင်း၊ မရှိခြင်းသည် ထို fan များ၏ မျက်နှာပြင် ချောမွေ့မှု(surface roughness) ၊ လေ သို့မဟုတ် ဓာတ်ငွေ့(gas)များ၏ စေးပျစ်မှု(viscosity) တို့ အပေါ်တွင် မူတည်သည်။

Fan Law သည် fan တစ်လုံး၏

 

(၁)

အရွယ်အစား(size)ပြောင်းသွားသည့်အခါ

 

(၂)

မြန်နှုန်း(speed) ပြောင်းသွားသည့်အခါ

 

(၃)

လေသိပ်သည်းဆ(density)ပြောင်းသွားသည့် အခါမျိုးတို့၌ fan ၏ လေထုထည် စီးနှုန်း (volume flow)၊ ဖိအား (pressure) နှင့် စွမ်းအား(power)တို့ မည်ကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ကို သိရှိရန် အတွက် တွက်ချက်မှုများ ပြုလုပ်သည့် အခါမျိုးတွင် အသုံးပြုသည်။

Fan ၏ လေထုထည်(volume) ပြောင်းလဲမှုကို တွက်ရန်

Fan ၏ ဖိအား(pressure) ပြောင်းလဲမှုကို တွက်ရန်

 

Fan ၏ စွမ်းအား(power) ပြောင်းလဲမှုကိုတွက်ရန်

Fan တစ်လုံး သို့မဟုတ် fan system တစ်ခုသည် operating condition ပြောင်းလဲသည့်အခါ ဖြစ်ပေါ်လာမည့် fan ၏ စွမ်းဆောင်ရည်(performance)ကို ခန့်မှန်းရန်အတွက် fan law ကို အသုံးပြုသည်။ လိုအပ်သည့် operating condition ကို ပေးနိုင်မည့် operation point သို့မဟုတ် range ကို fan curve မှ ရနိုင်သည်။ Fan များ မောင်းနေသည့်အခြေအနေ(operating condition)ပြောင်းသွားသည့်အခါ သို့မဟုတ် fan မြန်နှုန်း(speed)  ပြောင်းသွားသည့် အခါမျိုးတွင် fan ၏ စွမ်းဆောင်ရည်(performance)ကို ခန့်မှန်းရန်အတွက် fan law ကို အသုံးပြုလေ့ရှိသည်။ မည်သည့် fan အမျိုးအစား အတွက်မဆို အသုံးပြုနိုင်သည်။ သို့သော် ပုံသဏ္ဌာန်တူညီသည့် (geometrically similar) fan များ အတွက်သာ အသုံးပြု နိုင်သည်။ မှန်ကန်သည်။

  အောက်တွင် fan law ဇယားဖြင့် ဖော်ပြထားသည်။ အသုံးပြုထားသော symbol များမှာ အောက်ပါ အတိုင်း ဖြစ်သည်။

 

Q

Volume flow rate thru the fan. (CMH သို့မဟုတ် CFM)

 

N

Rotational speed of the impeller.(rpm)

 

P

Pressure developed by the fan(either static or total)

 

Hp

Horsepower input to the fan.(Hp သို့မဟုတ် kW)

 

D

Fan wheel diameter.

 

W

Air density

   လေသိပ်သည်းဆ(air density)သည် ဖိအား(barometric pressure) နှင့် တိုက်ရိုက် အချိုးကျသည်။ Barometric pressure များလေ လေသိပ်သည်းဆ(air density)များလေ ဖြစ်သည်။ အပူချိန်(absolute temperature) နှင့် ပြောင်းပြန် အချိုးကျ(inversely proporational) သည်။ အပူချိန်(temperature) နိမ့်လေ လေသိပ်သည်းဆ(air density) များလေဖြစ်သည်။

အထက်ပါ fan law အရ (air density နှင့်  fan အရွယ်အစား(size)ကို မပြောင်းလဲလျှင်)

(၁)

Volume flow rate(Q)သည် Rotational speed(N)နှင့် တိုက်ရိုက် အချိုးကျသည်။

 

Rotational speed(N)များလျှင် Volume flow rate(Q) များသည်။

(၂)

Static or total Pressure(P)သည် Rotational speed(N)၏ နှစ်ထပ်(square)နှင့် တိုက်ရိုက် အချိုး ကျသည်။

 

Rotational speed(N)များလျှင် static or total Pressure(P) များသည်။

(၃)

Horsepower input to the fan (Hp)သည် Rotational speed(N)၏ သုံးထပ်(cube)နှင့် တိုက်ရိုက် အချိုး ကျသည်။ Rotational speed(N)များလျှင် Horsepower input to the fan(Hp) များသည်။

ဥပမာ - Laws 1 မှ 3 အထိ

Given:

Air quantity - 33,120 CFM

Static pressure - 1.5 in wg

 

Fan speed - 382 RPM

Brake horsepower - 10.5

အကယ်၍ fan ၏ မြန်နှုန်း(speed)သည် 382 RPM မှ 440 RPM သို့ပြောင်းသွားလျှင် လေထွက်နှုန်း(capacity)၊  static pressure နှင့် မြင်းကောင်ရေ(horsepower) တို့ကို ရှာပါ။

အဖြေ-

 

 

 

 

 

ဥပမာ  - အချင်း(diameter) လက်မ(၃၀)ရှိသော fan တစ်လုံးကို ပင်လယ်ရေမျက်နှာပြင်(sea level)တွင် 1,040 RPM  ဖြင့် မောင်းသည့်အခါ လေထွက်နှုန်း 10,000 CFM ရရှိပြီး static pressure 2.18 in. wg ဖြစ်ပေါ်သည်။ စွမ်းအင် 5.77 BHP သုံးစွဲသည်။

ထို system ၌ပင် လေထွက်နှုန်း 12,000 CFM ရလိုလျှင် အသစ်ဖြစ်ပေါ်လာမည့် operating parameters များကို ရှာပါ။

ပုံ ၆-၅၂ System resistance curve and fan curve

ပုံ(၆-၅၂)တွင်  fan curve နှင့် system curve ပေါ်၌ original design point(point 1)ကို ဖော်ပြထားသည်။  လက်တွေ့မောင်းသည့်အခါ actual duct system သည် design သို့မဟုတ် calculated duct system ထက် ပို၍ လေခုခံအား(system resistance) များသည်။ ထိုအခါမျိုး လက်ရှိ fan သည် မျှော်လင့် ထားသည့် လေစီးနှုန်း (volume rate)ကို မပေးနိုင်တော့ပေ။ ထို့ကြောင့် fan ၏ မြန်နှုန်း(speed)ကို မြှင့်(မြန်) ပေးရန် လိုအပ်သည်။ Fan ၏ မြန်နှုန်း(speed)ကို  မြှင့်(မြန်) ပေးသောကြောင့် fan curve အသစ် ဖြစ်ပေါ် လာသည်။

Point 1

သည် မူလဒီဇိုင်းလုပ်ထားသည့်အမှတ်(original design point) ဖြစ်သည်။

Point 2

သည် acual duct System design volume ရရှိရန် အတွက်  fan အပတ်ရေ RPM မြှင့်ထားသည့်  new(corrected)system curve တွင် မောင်းနေသည့် operating point ဖြစ်သည်။

Point 3

သည် original system curve ပေါ်ရနိုင်သည့် လျော့နည်းသွားသည့် ထုထည် (deficient volume) ဖြစ်သည်။

Point 4

သည် corrected system curve ပေါ်ရနိုင်သည့် လျော့နည်းသွားသည့် ထုထည်(deficient volume) ဖြစ်သည်။

အထက်ပါ အချက်များသည် လေသိပ်သည်းဆ(air density)နှင့် fan ၏ မြန်နှုန်း(speed)တို့သည် ဒီဇိုင်း လုပ်ထားသည့် အခြေအနေတွင် မောင်းသည်ဟု ယူဆထားသည်။

၆.၁၃ Fan Curves and System Resistance Curves

Fan curve ဆိုသည်မှာ fan တစ်လုံး ကို မောင်းလျှင်ရရှိနိုင်မည့် လေစီးနှုန်း(air flow) [CFM သို့မဟုတ် CMH]နှင့် static pressure(inch wg သို့မဟုတ် Pascal)ကို ဂရပ်(graph) ပေါ်တွင် ဆွဲထားခြင်းဖြစ်သည်။ ထို fan curve ကြည့်ပြီး မိမိ မောင်းလိုသည် operating point သို့မဟုတ် operating range သို့မဟုတ် operating region ကို သတ်မှတ်နိုင်သည်။

 

မိမိမောင်းလိုသည့် လေစီးနှုန်း(air flow)[CFM]ကို သိထားလျှင် fan မှ ထုတ်ပေးနိင်သည့် static pressure (inch wg)ကို ရနိုင်သည်။

ပုံ ၆-၅၃  System resistance curve

တစ်နည်းအားဖြင့် မိမိမောင်းလိုသည့် static pressure (inch WG)ကို သိထားလျှင် fan က ထုတ်ပေးနိုင်သည့် လေစီးနှုန်း(air flow)ကို ရနိုင်သည်။

ပုံ ၆-၅၄  Typical operating point

ပုံ ၆-၅၅  Unacceptable operating point

အထက်ပါပုံ(၆-၅၅)သည် backward inclined centrifugal fan တစ်လုံး၌ တွေ့ရလေ့ရှိသော fan curve ဖြစ်သည်။

Fixed air system တစ်ခု၏ ဖိအားကျဆင်းမှု(pressure loss)သည် volume flow rate ၏ နှစ်ထပ်ကိန်းဖြင့် အချိုးကျသည်။ ထို air system ကို fan ဖြင့် တပ်ဆင်၍ မောင်းလိုက်လျှင် fan က ထုတ်ပေး နိုင်သည့် ဖိအား(pressure)နှင့် system ၏ ဖိအားကျဆင်းမှု(pressure drop) ပမာဏတူညီသည့်နေရာတွင် fan သည် ပုံမှန်မောင်းနေ လိမ့်မည်။ ထိုနေရာသည် system resistance curve နှင့် fan curve တို့ ဖြတ်သည့်နေရာ (intersection point)ဖြစ်သည်။ ထို point သည် operating point ဟုခေါ်သည့် point A ဖြစ်သည်။

ပုံ ၆-၅၆ မြန်နှုန်း(speed) များခြင်းကြောင့် fan performance ပြောင်းလဲပုံ

            အကယ်၍ လေထုထည်စီးနှုန်း(volume flow rate) ၁၀% ပိုများလိုပါက fan ၏ မြန်နှုန်း(speed)ကို ၁၀% ပိုများအောင် ပြုလုပ်ပေးခြင်းဖြင့် ရရှိနိုင်သည်။ ထိုအခါ duct အတွင်း၌ ဖိအား(pressure) ၂၁% ပိုများ လာလိမ့်မည်။ တစ်နည်းအားဖြင့် လေခုခံအား(system resistance) ၂၁% ပိုများလာလိမ့်မည်။

Fan ၏ စွမ်းအင်သုံးစွဲမှုနှုန်း(power consumption)လည်း ၃၃% ပိုများလာလိမ့်မည်။ ထို့ကြောင့် လေစီးနှုန်း(volume flow rate) ၁၀% ပိုများစေရန်အတွက် စွမ်းအင်သုံးစွဲမှုနှုန်း(power consumption) ၃၃% ပိုပေးရသည်။ ထို့အတူ ပိုနေသည့် volume flow rate 10% ကိုလျှော့ချနိုင်လျှင် စွမ်းအင် ချွေတာမှု(power saving) ၃၃% ဖြစ်နိုင်သည်။

ပုံ ၆-၅၇ အရွယ်အစား(diameter) ၁၀% ပိုကြီးသောကြောင့် ဖြစ်ပေါ်လာသည့် fan curve

လေစီးနှုန်း(air flow rate) ပိုများများ ရရန်အတွက် အရွယ်အစား(diameter) ပိုကြီးသည့် impeller ကို အသုံးပြုနိုင်သည်။ Fan ၏ မြန်နှုန်း(speed)များလာခြင်း သို့မဟုတ် fan diameter ကြီးခြင်းကြောင့် fan curve အသစ်တစ်ခု ဖြစ်ပေါ်လာကာ operating point အသစ်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်။

အထက်ပါပုံသည် အရွယ်အစား(diameter) ၁၀% ပိုကြီးသည့် fan ၏ အရွယ်အစား သို့မဟုတ် impeller ၏ အရွယ်အစား ပြောင်းလဲခြင်းကြောင့် fan curve ပြောင်းလဲသွားပုံကို ဖော်ပြထားသည်။     

လေသိပ်သည်းဆ(air density)ပြောင်းခြင်းကြောင့် fan curve နှင့် လေခုခံအား(system resistance) တို့ ပြောင်းလဲ သွားလိမ့်မည်။

(က)

လေစီးနှုန်း(flow rate)တစ်ခု၌ fan pressure သည် လေသိပ်သည်းဆ(air density)ကို လိုက်၍ အချိုးညီ ပြောင်းလဲသည်။

(ခ)

System pressure loss သည် လေသိပ်သည်းဆ(air density) နှင့် အချိုးညီ လိုက်ပြောင်းလဲသည်။

ထိုကဲ့သို့ system အတွင်း ဖိအားကျဆင်းမှု(pressure drop)ကို လေခုခံအား(system resistance) ဟု ခေါ်သည်။ ထိုဖိအားကျဆင်းမှု(pressure drop) ပမာဏသည် လေအလျင်(velocity) နှစ်ထပ်ကိန်း(square of the velocity)ဖြင့် ညီမျှသည်။ လေစီးနှုန်း(flow rate)ကို နှစ်ဆ များအောင်ပြုလုပ်ခြင်းကြောင့် fan မှ ထည့်ပေးရသည့် စွမ်းအင်(power)သည် ရှစ်ဆခန့် ပိုများလာလိမ့်မည်။ (constant system နှင့် constant air density အတွက်သာမှန်သည်။) အကယ်၍ damper ကို ပိတ်လိုက်ပါက ထို fan law သည် မမှန်တော့ပေ။

၆.၁၄ Design Operating Point and Actual Operating Point

Duct system များကို ဒီဇိုင်းလုပ်ထားသည့် ဖိအား(pressure) နှင့် လေစီးနှုန်း(air flow) ကို အခြေခံ၍ fan များကို ရွေးချယ်ကြသော်လည်း ဒီဇိုင်းလုပ်ထားသည့် လေခုခံအား(system resistance) နှင့် actual system resistance တို့သည် တူညီလေ့မရှိပေ။ 

ပုံ ၆-၅၈ ဒီဇိုင်းလုပ်ထားသည့် လေခုခံအား(design system resistance) နှင့် actual system resistance

System curve A သည် calculated system (design system) curve ဖြစ်သည်။

Operating Point 1 (Design Operating Point)

Fan curve နှင့် system curve A (design) တို့ဖြတ်သည့်အခါ operating point 1 ဖြစ်ပေါ်သည်။ ထို point ကို design operating point ဟုခေါ်သည်။ Design operating point သည် စာရွက်ပေါ်တွင် တွက်ချက်ကာ ရေးဆွဲထားသည့် point ဖြစ်သော ကြောင့် actual system resistance နှင့် တူညီလေ့မရှိပေ။

Operating Point 2 (Actual System Resistance > Design System Resistance)

Actual system resistance သည် design system resistance ပိုများလျှင် actual system resistance curve B ဖြစ်ပေါ်လာ လိမ့်မည်ဖြစ်သည်။ ထိုအခါ operating point 2 ဖြစ်ပေါ်လာလိမ့်မည်။

Operating point 2 သည် design condition ထက် resistance ပိုများပြီး လေစီးနှုန်း(flow) နည်းသည်။

Operating Point 3 (Actual System Resistance < Design System Resistance)

Actual system resistance သည် design system resistance ပိုနည်းလျှင် actual system resistance curve C ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။ ထိုအခါ operating point 3 ဖြစ်ပေါ်လာလိမ့်မည်။ operating point 3 သည် design condition ထက် လေခုခံအား(resistance) ပိုနည်းပြီး လေစီးနှုန်း(flow) ပိုများသည်။

Operating Point 4

Actual system resistance သည် design system resistance ပိုနည်းပြီး design flow ကို ရလိုလျှင် operating point 4 တွင် မောင်းရမည်။ Point 4 မောင်းရန်အတွက် (operation point ဖြစ်ရန်အတွက်) fan curve ကို ရွှေ့သွားအောင် လုပ်ပေးရန် လိုသည်။

 

Operating Point 5

Fan များကို လေထွက်အား ကောင်းမကောင်းဖြင့်သာ တိုင်းတာ ပြောဆိုလေ့ရှိသည်။ Actual system resistance သည် design system resistance ပိုများပြီး design flow ကို ရလိုလျှင် operating point 5 တွင် မောင်းရမည်။

ဤပုံသည် typical static pressure/hp curve, backward-inclined centrifugal fan curve နှစ်ခုကို graph တစ်ခုပေါ်တွင် တင်၍ ဆွဲထားခြင်း ဖြစ်သည်။

 

Fan curve တစ်ခုမှာ လေစီးနှုန်း(air flow) [CFM] နှင့် static pressure(inch wg)ကို တည်၍ ဆွဲထားခြင်းဖြစ်ပြီး နောက်တစ်ခုမှာ လေစီးနှုန်း(air flow) [CFM] နှင့် သုံးစွဲသည့် power(BHP)ကို တည်၍ ဆွဲထားခြင်း ဖြစ်သည်။ Graph တစ်ခု ပေါ်တွင် fan curve နှင့်သက်ဆိုင်သည့် လိုင်းပေါင်း များစွာ ဆွဲနိုင်သည်။

ပုံ ၆-၅လေစီးနှုန်း(air flow) [CFM] နှင့် သုံးစွဲသည့် power(BHP)

Fan curve အသုံးပြုသည့် ဥပမာ - 

ပုံ(၆-၅၉)တွင် ပြထားသည့် fan curve သည် backward-inclined centrifugal fan တစ်ခု၏ curve ဖြစ်သည်။ Curve အရ 6,500 CFM(horizontal axis)ဖြင့် မောင်းသည့် အခိုက်၌ static pressure 4.0 inch wg (ဘယ်ဘက် vertical axis မှဖတ်သည်)ကို ရရှိနိုင်ပြီး 6.9 BHP (ညာဘက် vertical axis မှဖတ်သည်)ကို သုံးစွဲသည်။

 ယေဘုယျအားဖြင့် fan curve တစ်ခုတွင် လေစီးနှုန်း(air flow)[CFM] များလာလေ static pressure[inch wg] နည်းလာလေ ဖြစ်သည်။ ထိုကြောင့် fan curve သည် ဘယ်ဘက်အမြင့် တစ်နေရာမှ ညာဘက်သို့ နိမ့်ဆင်း သွားသည်။

-End of Part 2 of 3-

 

Air Conditioning and Mechanical Ventilation System (Vol. 1) နှင့်သက်ဆိုင်သော ACMV Lecture များ (18 Lectures)
1 Chapter-1 Fundamental and Basic Concept Read
2 Chapter-2 (Part 1 of 3) Understanding Psychrometrics (Part 1 of 3) Read
3 Chapter-2 (Part 2 of 3) Understanding Psychrometrics (Part 2 of 3) Read
4 Chapter-2 (Part 2 of 3) Understanding Psychrometrics (Part 3 of 3) Read
5 Chapter - 3 Air Handling Units (Part 1 of 2) Chapter - 3 Air Handling Units (Part 1 of 2) Read
6 Chapter - 3 Air Handling Units (Part 2 of 2) Chapter - 3 Air Handling Units (Part 2 of 2) Read
7 Chapter - 4 (Part 1 of 3) Cooling Towers (Part 1 of 3) Read
8 Chapter - 4 (Part 2 of 3) Cooling Towers (Part 2 of 3) Read
9 Chapter - 4 (Part 3 of 3) Cooling Towers (Part 3 of 3) Read
10 Chapter - 5 (Part 1 of 3) Air Distribution Systems (Part 1 of 3) Read
11 Chapter - 5 (Part 2 of 3) Air Distribution Systems (Part 2 of 3) Read
12 Chapter - 5 (Part 3 of 3) Air Distribution Systems (Part 3 of 3) Read
13 Chapter - 6 (Part 1 of 3) Fans and Blowers (Part 1 of 3) Read
14 Chapter - 6 (Part 2 of 3) Fans and Blowers (Part 2 of 3) Read
15 Chapter - 6 (Part 3 of 3) Fans and Blowers (Part 3 of 3) Read
16 Chapter-7 ( Part 1 of 3) Ventilation ( Part 1 of 3) Read
17 Chapter-7 ( Part 2 of 3) Ventilation ( Part 2 of 3) Read
18 Chapter-7 ( Part 3 of 3) Ventilation ( Part 3 of 3) Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format