To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Air Conditioning > Refrigerant > Refrigerant- အပိုင်း-၁ နိဒါန်း > > www.acmv.org
Air Conditioning > Refrigerant > Refrigerant- အပိုင်း-၁ နိဒါန်း >


Untitled Document

Refrigerant- အပိုင်း-၁ နိဒါန်း

Refrigerant ဆိုတာက Heat Cycle တွေမှာ အသုံးပြုသည့် substance တစ်မျိုးပါ။ Chiller တွေ Refrigeration Machine တွေမှာ မရှိမဖြစ်လိုအပ်သည့် substance (အရည်ဖြစ်နှင့်သော်လည်းကောင်း အငွေ့ အဖြစ်သော်လည်းကောင်းတည့်ရှိနိုင်သည့်) တစ်မျိုးဖြစ်သည်။ လူ၏ခန္ဓာကိုယ်အတွင်းမှာ သွေးတွေလည်ပတ်နေသလို Chiller သို့ Refrigeration Machine တွေ ထဲမှာ Refrigerant ကသွေးတွေလိုလည်ပတ်နေသည်။ Heart လူ့နှလုံးက သွေးတွေကို လည်ပတ်အောင် တွန်းပေး(Pump) နေသလို Chiller တစ်လုံးအတွင်းမှာ Compressor က Refrigerant တွေ လည်ပတ်နေအောင် တွန်းပေး(Pump) နေသည်။ လူခန္ဓာအတွက်သွေးအမျိုးအစားတွေကွဲပြားသလို့ Chiller တစ်လုံး အတွက်လည်း Refrigerant အမျိုးအစားများစွာကွဲပြားနိုင်ပါသည်။ အသုံးများသော Refrigerant များမှာ R11, R12, R22, R123, R134a စသဖြင့်များစွာကွဲပြားသည်။ နာမည် များစွားကွဲပြားသလို့ Refrigerant တစ်မျိုးခြင်းကိုလိုက်၍ Chemical Properties, Thermal Properties, Enviroment Effect, စသဖြင့်များစွာကွဲပြားသည်။

Air Con သို့မဟုတ် Refrigeration သမားများက ထို Gas များကို Refrigerant အဖြစ်အသုံးပြုသောကြောင့် သာ R ဟုသတ်မှတ်ပြောဆိုကြခြင်းဖြစ်သည်။ သို့သော် Refrigerant အားလုံးကို ဓါတု ဖွဲ့ စည်းပုံအရ အစု (Group) လေးခု ခွဲခြား ထားသည်။

၁) CFC အစု ( R11 သည် CFC gas ဖြစ်သည်။ ) CFC သည် chlorofluorocarbon ဖြစ်ပြီး carbon, chlorine, and fluorine ပေါင်းစပ်ထားသည့် organic compound ဖြစ်သည်။ methane and ethane ဓါတ်ငွေ့  အမျိုးအစား တို့နှင့် အနီးစပ်ဆုံးတူညီကြသည်။

၂) HCFC အစု ( R22 သည် HCFC gas ဖြစ်သည်။ )

HCFC သည် hydrochlorofluorocarbons ဖြစ်ပြီး carbon, chlorine, fluorine and hydrogen ပေါင်းစပ်ထားသည့် organic compound ဖြစ်သည်။ DuPont ကုမ္မဏီမှ Freon နာမည်နှင့် R22ထုပ်လုပ်သည် ။ Freon 22 သည် DuPont နှင့်သာသက်ဆိုင်သည့် ကိုယ်ပိုင်နာမည်ဖြစ်သည်။

၃) HFC အစု ( R134a သည် HFC gas ဖြစ်သည်။ ) HFC သည်Hydrofluorocarbons ဖြစ်ပြီး carbon, fluorine and hydrogen ပေါင်းစပ်ထားသည့် organic compound ဖြစ်သည်။HFCတွင် chlorineမပါသောကြောင့် HFC သည့်အဆိပ်ဓါတ်ငွေ့ မဟုတ်ပေ။

၎) HC အစု

 

R11 သည် Air Con သို့မဟုတ် Refrigeration သမားများ၏ အခေါ်အဝေါ်ဖြစ်သည်။ CFC-11 သည် ပိုမိုမှန်ကန်သည့် အခေါ်အဝေါ်ဖြစ်သည်။

R22 သည် Air Con သို့မဟုတ် Refrigeration သမားများ၏ အခေါ်အဝေါ်ဖြစ်သည်။ HCFC-22 သည် ပိုမိုမှန်ကန်သည့် အခေါ်အဝေါ်ဖြစ်သည်။

R134a သည် Air Con သို့မဟုတ် Refrigeration သမားများ၏ အခေါ်အဝေါ်ဖြစ်သည်။ HFC-134a သည် ပိုမိုမှန်ကန်သည့် အခေါ်အဝေါ်ဖြစ်သည်။

Refrigerant များသည် အခြေခံ ဖြင့် ဓါတ်ငွေ့ ၃ မျိုးဖြင့် ဖွဲ့ စည်းထားခြင်းဖြစ်သည်။ Chlorine, Hydrogen, Fluorine ဓါတ်ငွေ့ ဖြစ်သည်။ Refrigerant များသည်အမျိုးအစားကိုလိုက်၍ ထို ဓါတ်ငွေ့ ၃ မျိုး၏ ပါဝင်မှုအချိုးအစားများမှာ ကွဲပြားကြသည်။

အထက်ပါပုံအရ Hydrogen ပါဝင်မှုများလျှင် ထို Refrigerant သည် မီးလောင်လွယ်(Flammable)သည်။ Chlorine ပါဝင်မှုများလျှင် ထို Refrigerant သည် အဆိပ်ဓါတ်ငွေ့ (Toxic)ဖြစ်သည်။

အောက်တွင်ဖော်ပြထားသည်ပုံတွင် Chlorine နှင့် Fluorine တို့ သည့် လေထုထဲတွင် ကြာရှည်စွာတည်ရှိနိုင်သည်ဖော်ပြထားသည်။ Chlorine ပါဝင်မှုများလျှင် ထို Refrigerant သည် အိုဇုန်းလွှာကိုပိုမိုထိခိုက်စေသည်(Ozone depletion potential- ODP များသည်)သည်။Fluorine ပါဝင်မှုများလျှင် ထို Refrigerant သည် ကမ္ဘာကြီးပူနွေးလာမှုကို(Global Warming Potential-GWP)ပိုမိုဖြစ်စေသည်။

 

ကောင်းထက်ညွန့်

Refrigerant နှင့်သက်ဆိုင်သော ACMV Lecture များ (2 Lectures)
1 Refrigerant Refrigerant- အပိုင်း-၁ နိဒါန်း Read
2 Refrigerant Refrigerant - HFC-134a အကြောင်း Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format