To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Air Conditioning and Mechanical Ventilation System (Vol. 1) > Chapter - 5 (Part 2 of 3) > Air Distribution Systems (Part 2 of 3) > > www.acmv.org
Air Conditioning and Mechanical Ventilation System (Vol. 1) > Chapter - 5 (Part 2 of 3) > Air Distribution Systems (Part 2 of 3) >


Chapter-5 Air Distribution Systems Fundamental and BasicConcept

Chapter-5 Air Distribution Systems

Air Conditioning and Mechanical Ventilation

 

Contents

၅.၅.၃ ဆူညံသံများကို ထိန်းချုပ်ခြင်း (Sound Control) 1

၅.၅.၄ လေယိုစိမ့်မှု (Duct Leakage) 2

၅.၅.၅ SMACNA Ductwork Testing. 2

၅.၆ Duct အရွယ်အစား ရွေးချယ်နည်း(Sizing) အမျိုးမျိုး 2

၅.၆.၁ Duct အရွယ်အစား(Sizing) တွက်နည်းများ 3

၅.၆.၂ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်သော ဖိအားဆုံးရှုံးမှု(Friction Losses in Duct) 4

၅.၆.၃ Head and Pressure. 4

၅.၆.၄ Friction Chart မှ ဖိအားကျဆင်းမှု(Pressure Drop) တွက်ယူနည်း 5

၅.၆.၅ Calculation for Duct Static Pressure Loss by Formula. 6

၅.၇ Duct ဒီဇိုင်း ပြုလုပ်ခြင်း (Duct Design) 8

၅.၇.၁ Design လုပ်ရန်အတွက် လိုအပ်သော အချက်အလက်များ (information) 8

၅.၇.၂ Duct Design Criteria. 9

၅.၇.၃ Design Procedure. 9

၅.၈ Fire Damper 10

၅.၈.၁ Fire Compartment 10

 

၅.၅.၃ ဆူညံသံများကို ထိန်းချုပ်ခြင်း (Sound Control)

(၁)

အခန်း သို့မဟုတ် အသုံးပြုပုံကို လိုက်၍ သင့်လျော်သည့်၊ လက်ခံနိုင်သည့် ဆူညံသံ(acceptable noise criteria (NC)) ကို သတ်မှတ်ပါ။

(၂)

ဲဖြစ်ပေါ်လာမည့် ဆူညံသံ(sound source)၏ spectrum ကို ခန့်မှန်းပါ။

(၃)

တစ်နေရာချင်းစီမှ ထွက်ပေါ်လာမည့် ဆူညံစုစုပေါင်း(resultant sound level criteria)ကို တွက်ပါ။

(၄)

လက်ခံနိုင်သည့် ဆူညံသံ(acceptable noise criteria) နှင့် resultant sound level တို့ကို နှိုင်းယှဉ်ပါ။

(၅)

သင့်လျော်သော ဆူညံသံ ထိန်းချုပ်နိုင်သည့် ကိရိယာ(noise control product)များကို အသုံးပြု၍ အလိုရှိသည့် NC level သို့ ရောက်အောင် ပြုလုပ်ပါ။  

ပုံ ၅-၂၉ Duct system acoustics

Design guidelines for HVAC system noise in unoccupied spaces

            အသုံးပြုသူများ အခန်းအတွင်း၌ မရှိချိန်တွင် ဖြစ်ပေါ်နေသည့် လက်ခံနိုင်သည့် ဆူညံသံများကို ဖော်ပြထားသည်။

အခန်းအမျိုးအစား (Room Types)

RC / NC

Private Residences

25-35

Hotels/Motels

Individual rooms or suites

25‑35

Meeting/banquet rooms

25‑35

Corridors, lobbies

35‑45

Service/support areas

35‑45

Office Buildings

Executive and private offices

25‑35

Conference rooms

25‑35

Teleconference rooms

< 25

Open‑plan offices

< 40

‑ With sound masking

< 35

Corridors and lobbies

40‑45

Hospitals and Clinics Private rooms

25‑35

Wards

30‑40

Operating rooms

25‑35

Corridors and public areas

30‑45

Performing Arts Spaces

c

Drama theaters

25

Music teaching studios

25

Music practice rooms

30‑35

Schools

Classrooms

25‑30

Large lecture rooms

25‑30

Large lecture rooms, without speech amplification

25

အခန်းအမျိုးအစား (Room Types)

RC / NC

Laboratories (with Fume Hoods)

Testing/research, minimal speech communication

45‑55

Research, extensive telephone use, speech communication

40‑50

Group teaching

35‑45

Church, Mosque, Synagogue

General assembly

25‑35

With critical music programs c

Libraries

30‑40

Courtrooms

Un‑amplified speech

25‑35

Amplified speech 30‑40

30‑40

Indoor Stadiums, Gymnasiums

Gymnasiums and natatorium

40‑50

Large seating‑capacity spaces with speech amplification 45‑55

45‑55

၅.၅.၄ လေယိုစိမ့်မှု (Duct Leakage)

လေယိုစိမ့်ခြင်း(leakage) ပတ်သက်၍ ကိုးကားနိုင်သည့် စံချိန်စံညွန်းများမှာ ANSI ၊ SMACNA ၊ ASHRAE standard တို့ ဖြစ်သည်။

လေယိုစိမ့်ခြင်း၏ အကျိုးဆက်များ (Impact of Leakage )

လေယိုစိမ့်ခြင်း(leakage)ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စွမ်းအင်ဆုံးရှုံးမှုများ နှင့် ကုန်ကျစရိတ်များကို အောက်တွင် ဇယားဖြင့် ဖော်ပြထားသည်။

Energy Cost Example
Cost/year = [CFM x TP] / [8,520 x Eft] x Hours/Year x $/kwh

Leakage (%)

CFM
(Cu ft/min)

RPM
(rev/min)

SP
(in wg)

VP
(in wg)

TP
(in wg)

BHP
(hp)

Oper/yr
(5/year)

Extra
Oper/yr
(5/year)

Increased
Oper/yr
WO

0

20,000

530

1.50

0.39

1.89

6.68

5,600

-

-

5

21,000

557

1.65

0.43

2.08

7.73

6,481

881

15.7

10

22,000

583

1.82

0.47

2.29

8.89

7,452

1,852

33.3

15

23,000

610

1.98

0.52

2.50

10.16

8,515

2,915

52.1

20

24,000

636

2.16

0.56

2.72

11.54

9,675

4,075

73.0

30

26,000

689

2.54

0.66

3.20

14.68

12,301

6,701

120.0

အောက်ပါ အချက်များကို အခြေခံ၍

တွက်ယူထားသည်။

 

 

Electric rate $0.15/kWh

=

0.15

 

 

 

 

 

52 weeks/year  x 6 days/week x 24 hr/day

=

7,488 hr

Fan/motor Efficiency fan/motor eff ( %

=

89

Initial velocity

=

2,501

Annual Operational Costs

Cost/Year

=

system first year operating cost ($)

Qfan

=

system volume flow rate (CFM)

FTP

=

system total operating pressure (in wg)

Hours/Year

=

number of hours the system operates in one year $/kwh = cost of energy

Efficiency

=

fan/motor drive combined efficiency

8,520

=

conversion factor to kWh (kilowatt hours)

လက်ခံနိုင်သည့် လေယိုစိမ့်နှုန်း (Suggested Leakage Levels)

Leakage Levels

Test Pressure (in wg)

SMACNA Class 3

(CFM/100 sq ft)

Leakage (%)

0-1

3.0

2

1-2

4.6

2

2-3

6.0

1

3-4

7.4

1

4-6

9.6

0.5

6-10

13.5

0.5

၅.၅.၅ SMACNA Ductwork Testing

(၁)

-4" water gauge ထက်နည်းလျှင် pressure rating ၏ တစ်ဆခွဲနှင့် စမ်းသပ်မှု(test) ပြုလုပ်ရမည်။

(1.5 X pressure rating)

(၂)

-3" water gauge မှ +3" water gauge အတွင်း  ductwork test လုပ်လေ့ မရှိပါ။

(၃)

+4" water gauge ထက်များလျှင် pressure rating ၏ တစ်ဆခွဲနှင့် စမ်းသပ်မှု(test) ပြုလုပ်ရမည်။

(1.5 X Pressure Rating)

(၄)

ASHRAE Standard 90.1-2001 and 2004 အရ  static pressures  +3" water gauge ထက် ပိုမြင့်သည့် duct system ၏ ၂၅%ကို စက်မှုလုပ်ငန်းများက လက်ခံသည့်နည်း (industry-accepted procedures) ဖြင့် စစ်ဆေးရန် လိုသည်။

(၅)

2003 IMC and 2006 IMC reference SMACNA HVAC manual for ductwork testing အရ static pressure  +3" water gauge ထက် ပိုမြင့်သည့် duct system ၏ ၂၅% ကို စက်မှုလုပ်ငန်းများက လက်ခံသည့်နည်း (industry-accepted procedures) ဖြင့် စစ်ဆေးရန် လိုသည်။

၅.၆ Duct အရွယ်အစား ရွေးချယ်နည်း(Sizing) အမျိုးမျိုး

          စီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုသော အဆောက်အဦများနှင့် စက်မှုလုပ်ငန်းများတွင် အသုံးပြု သော air duct system ကို ဒီဇိုင်းပြုလုပ်ရာတွင် အောက်ပါ အချက်အလက်များကို အခြေခံ တွက်ချက် ကြသည်။

(၁)

တပ်ဆင်ရန်အတွက် နေရာ လုံလောက်မှုရှိမရှိ (space availability)

(၂)

လေပျံ့နှံစေရမည့် နေရာ (space air diffusion)

(၃)

အသံ ဆူညံမှု (noise levels)

(၄)

Duct မှ လေယိုစိမ့်မှု (duct leakage)

(၅)

လေများ duct အတွင်းမှ စီးဆင်းသွားခြင်းကြောင့် အပူတိုးလာမှု(duct heat gain) သို့မဟုတ် အပူဆုံးရှုံးမှု (duct heat loss)

(၇)

လေဖြန့်ဖြူးမှု ညီညာစေရန် (air balancing)

(၈)

မီးလောင်ခဲ့သော် မီးခိုးများကို ထိန်းချုပ်ရန် နည်းလမ်းများ ကြိုတင်ပြင်ဆင်ထားမှု (fire and smoke control)

(၉)

ဆောက်လုပ်ရန် အစဦးကုန်ကျစရိတ် (initial investment cost) နှင့်

(၁၀)

လည်ပတ်ရန် ကုန်ကျစရိတ်(system operating cost) တို့ဖြစ်သည်။

Duct ဒီဇိုင်းကို မှားယွင်းစွာ တွက်ချက်မိပါက ဆောက်လုပ်ရန် ကုန်ကျစရိတ် အလွန်များ လိမ့်မည် သို့မဟုတ် လည်ပတ်ရန် ကုန်ကျစရိတ် အလွန် များလိမ့်မည်။ လေပျံ့နှံမှု(air distribution) မကောင်းမွန် မညီညာပါက ကျန်းမာရေး ထိခိုက်နိုင်သည်။ ပူလွန်းအေးလွန်းခြင်း(discomfort) ဖြစ်ပေါ်နိုင် သည်။ Sound attenuator ဒီဇိုင်းလုပ်ပုံ မမှန်ကန်မှု နှင့် မတပ်ဆင်ထားမှုတို့ကြောင့် အလွန်ဆူညံသော အသံများ ထွက်ပေါ်လာ နိုင်သည်။ လေဖြန့်ဖြူးမှု(air distribution) ညီညာရန် ခက်ခဲလိမ့်မည်။

Duct များ တည်ဆောက်ထားပုံ(construction) မမှန်ကန်မှုကြောင့် လေယိုစိမ့်မှုများ(leakage) ဖြစ်ပေါ်ကာ လေထွက်ပေါက်(terminal)များဖြစ်သော air diffuser များတွင် လိုအပ်သော လေပမာဏ အလုံ အလောက် မရရှိနိုင်တော့ပေ။ သင့်လျော်သော duct insulation မရှိသောကြောင့်လည်း အပူတိုးလာမှု(heat gain) သို့မဟုတ် အပူဆုံးရှုံးမှု(heat loss) ဖြစ်နိုင်သည်။ ထို့ကြောင့် system ဒီဇိုင်း ၏ frictional loss နှင့် dynamic resistance တို့ကို ရှင်းလင်းစွာ နားလည်ပြီး မှန်ကန်စွာ တွက်ချက်နိုင်ရန် လိုအပ်သည်။  

Ductwork Sizes

(၁)

4" X 4" ထက် ပိုသေးငယ်သည့် လေးထောင့်ပုံသဏ္ဌာန်(rectangular) duct အရွယ်အစား (size) လုံးဝ မပြုလုပ်သင့်ပါ။

(၂)

8" X 4" သည် လက်ခံနိုင်သည့် အငယ်ဆုံး အရွယ်အစား(smallest recommended size) ဖြစ်သည်။

(၃)

ပုံမှန်အားဖြင့် ပြုလုပ်လေ့ရှိသော လေးထောင့်ပုံသဏ္ဌာန်(rectangular) duct အရွယ်အစားများသည်  24” X 12” ၊ 10” X 6” ၊ 72” X 36” ၊ 48” X 12” တို့ဖြစ်သည်။ (စုံဂဏန်း(evern number)ဖြင့် ဆုံးသော duct အရွယ်အစား များကို အသုံးများသည်။ )

(၄)

4:1 သည် သင့်လျော်သည့် အမြင့်ဆုံး(maximum recommended)  aspect ratio ဖြစ်သည်။

(၅)

အချင်း သုံးလက်မ(3") ရှိသော အသေးဆုံး အဝိုင်းပုံသဏ္ဌာန် (smallest round size)  duct ရရှိနိုင်သည်။

၅.၆.၁ Duct အရွယ်အစား(Sizing) တွက်နည်းများ

အောက်ပါ နည်းတစ်မျိုးမျိုးကို အသုံးပြု၍ duct များ၏ အရွယ်အစား(size)ကို တွက်ချက်နိုင်သည်။

 

(က)

Pressurized Method

 

(ခ)

Equal Friction Sizing Method (Constant Pressure Loss Method)

 

(ဂ)

Static Regain Method

 

(ဃ)

Total Pressure Method

 

(င)

Velocity Reduction Method နှင့်

 

(စ)

Constant Velocity Method တို့ ဖြစ်သည်။

သို့သော် အောက်ပါနည်း သုံးမျိုးသည် conventional duct design method များ ဖြစ်ကြပြီး အသုံးများသော duct ဒီဇိုင်းလုပ်နည်းများ ဖြစ်ကြသည်။

 

(၁)

Velocity Reduction Method

 

(၂)

Equal Friction Method နှင့်

 

(၃)

Static Regain Method တို့ ဖြစ်သည်။

(က) Pressurized Method

တစ်ခါတစ်ရံ duct များအတွက် လိုအပ်သော နေရာအကျယ် အလုံအလောက် ရရှိရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ရသည့်နေရာ၌သာ အသင့်လျော်ဆုံး duct အရွယ်ဖြစ်အောင် ပြုလုပ်ကြရသည်။ ထိုကဲ့သို့ နေရာ အခက်အခဲရှိသည့် အခြေအနေမျိုးတွင် ရသည့်နေရာဖြစ်နိုင်သည့် duct အရွယ်အစား(size)ကို ရွေးချယ် ကြသည်။

(ခ) Equal Friction Sizing Method (Constant Pressure Loss Method)

Equal friction နည်း(method)ကို ရိုးရှင်းလွယ်ကူမှု နှင့် အတိမ်းအစောင်းခံမှု(flexibility) တို့ကြောင့် အလွန် အသုံးများသည်။ Duct တစ်လျှောက်လုံးတွင် ဖိအားဆုံးရှုံးမှု(pressure loss) တစ်ညီတည်းဖြစ်အောင် duct များကို အရွယ်အစား ရွေးချယ်ပေးခြင်း ဖြစ်သည်။

System တစ်ခုလုံး duct အရှည် တစ်မီတာတိုင်းအတွက် ပုံသေ 1 Pascal (1Pa/m)နှုန်း ဖိအား ဆုံးရှုံးမှု ဖြစ်အောင် duct များ ၏ အရွယ်အစား ရွေးချယ်ခြင်းကို “Equal Friction Method” ဟု ခေါ်သည်။ Supply နှင့် extract duct system များကို ဒီဇိုင်းလုပ်ရာတွင် “Equal Friction Method” ကို အသုံးပြုသည်။

ASHRAE ၏ စံချိန်စံညွှန်းများအရ တစ်ယူနစ် duct အလျားတွင် အများဆုံး နှင့် အနည်းဆုံး ဖိအား ဆုံးရှုံးမှု(high and low limits for pressure loss per unit length)ကို လည်ကောင်း၊ အများဆုံး နှင့် အနည်းဆုံး လေအလျင်(velocity)ကို လည်ကောင်း၊ ထည့်သွင်းတွက်ချက်ရမည်။ သို့မဟုတ် မိမိလက်ခံနိုင်သည့် တစ်ယူနစ် duct အလျားတွင် ဖြစ်ပေါ်မည့် ဖိအားဆုံးရှုံးမှု(pressure loss per unit length)ကို ထည့်သွင်း တွက်ချက် နိုင်သည်။

 “Equal Friction Method” တွက်နည်း အဆင့်ဆင့်ကို  အောက်တွင် ဖော်ပြထားသည်။

(က)

ပထမဦးစွာ friction loss per unit length ကို အရင် သတ်မှတ်ရသည်။ ဥပမာ duct အရှည် တစ်မီတာတိုင်းအတွက် ပုံသေ 1 Pascal( 1Pa/m)နှုန်း ဖိအားဆုံးရှုံးမှုကို လက်ခံနိုင်သည်။

(ခ)

ထိုသတ်မှတ်ထားသော friction loss (1 Pa/m)နှင့် လေစီးနှုန်း(air flow rate)ကို အခြေခံ၍ duct များ ၏ အရွယ်အစား ရွေးချယ်ကြသည်။ Friction loss chart မှ duct အရွယ်အစား(size) ကို ရှာနိုင်သည်။

(ဂ)

ဖိအားဆုံးရှုံးမှု(pressure loss) အများဆုံးဖြစ်မည့် အပိုင်း(section)တစ်လျှောက်လုံး၏ friction loss ကို တွက်ယူသည်။ အရှည်ဆုံးအပိုင်း(duct section)၊ elbow များ နှင့် fitting များ ၏ friction loss ကိုပါ ထည့်သွင်း တွက်ချက်ရသည်။

(ဃ)

နေရာအခက်အခဲများကြောင့် duct အရွယ်အစား(size) ပြောင်းလဲရန် လိုအပ်ပါက သတ်မှတ် ထားသည့် friction loss coefficient အတိုင်း duct အရွယ်အစား(size)ကို ပြန်လည် ပြင်ဆင် နိုင်သည်။ System တစ်ခုလုံး၏ စုစုပေါင်း ဖိအားဆုံးရှုံးမှု(total pressure loss) ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။

သို့သော် “Equal Friction”နည်း ၏ အားနည်းချက်သည် လေဖြန့်ဖြူးမှု ညီညာအောင်(air balancing) လုပ်ရန် ခက်ခဲသည်။

(ဂ) Static Regain Sizing Method

“Static Regain Method” သည် ပို၍ ရှုပ်ထွေးခက်ခဲစွာ တွက်ချက်ရသည့်နည်း ဖြစ်သည့်အပြင် အလွန် အချိန်ကုန်သော တွက်ချက်နည်းမျိုး ဖြစ်သည်။ ထိုနည်းဖြင့် တွက်ချက်ထားသော duct များကို ဆောက်လုပ်ရန် အတွက်(equal friction method နှင့် နှိုင်းယှဉ်လျှင်) ပစ္စည်း(material)များစွာ အသုံးပြုရသည်။

“Static Regain Method”တွင် terminal တိုင်း နှင့် branch duct section တိုင်းအတွက် ဖိအား ဆုံးရှုံးမှု(pressure loss) တူညီအောင် duct အရွယ်အစားများကို ရွေးချယ်ထားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပထမဆုံး branch duct section ၏ ဖိအားဆုံးရှုံးမှု(pressure loss) သည် နောက်ဆုံး branch duct section ၏ ဖိအားဆုံးရှုံးမှု(pressure loss) နှင့် တူညီကြသည်။

ရှည်သည့် duct အပိုင်း(section) နှင့် တိုသည့် duct အပိုင်း(section) တို့၏ ဖိအားဆုံးရှုံးမှုများ (pressure losses) တူညီအောင် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ရှည်သော duct section ၏ duct အရွယ်အစား(size)သည် တိုသော duct အပိုင်း(section) ၏ duct အရွယ်အစား(size)ထက် ပိုကြီးအောင် ပြုလုပ်ထားရမည်။ အဘယ်ကြောင့်ဆိုသော် တူညီသော ဖိအားကျဆင်းမှု(pressure drop)ဖြစ်စေရန် အတွက် ဖြစ်သည်။ ထို့ကြောင့် “Static Regain Method” ကို တစ်ခါတည်းနှင့် အပြီးတွက်ရန် မဖြစ်နိုင်ပေ။ ထပ်ကာ ထပ်ကာ ပြန်တွက်ရန် လိုအပ်သော iteration process မျိုး ဖြစ်သည်။

(ဃ) Total Pressure Sizing Method

Total pressure sizing method သည် static regain method မှ ခွဲထွက်လာသော တွက်နည်း တစ်မျိုး ဖြစ်သည်။

(င) Velocity Reduction Sizing Method

Velocity reduction နည်းသည် duct အတွင်းရှိ လေအလျင်(air velocity)ကို လိုသလို ဖြစ်အောင်ထိန်း၍ တွက်ရသော  နည်းဖြစ်သည်။ အလျင်(velocity) များခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆူညံသံ (noise)ကို ကာကွယ်တားဆီးရန် အတွက်ဖြစ်သည်။ Duct အရွယ်အစားကို မရွေးချယ်မီ ကြိုတင်၍ လက်ခံနိုင်သည့် လေအလျင်(acceptable velocity)ကို သတ်မှတ်ရန်လိုသည်။ သတ်မှတ်ထားသော လေအလျင် (velocity)မှ duct ဧရိယာကို တွက်ယူပြီး၊ ထိုမှတစ်ဆင့် duct အရွယ်အစား(size)ကို တွက်ယူသည်။ အဝိုင်း ပုံသဏ္ဌာန်(round) duct သို့မဟုတ် လေးထောင်ပုံသဏ္ဌာန်(rectangular) duct အရွယ်အစား (size)ရပြီး မှသာ ဖိအားဆုံးရှုံးမှုများ(pressure losses)ကို ပြန်တွက်ယူရသည်။

ဤနည်းသည် အလွန်ဆူညံသည့် အသံများ(high noise level)ကို လက်မခံနိုင်သော ရုပ်ရှင်ရုံများ၊ စာကြည့်တိုက်များ၊ စာဖတ်ခန်းများ၊ တရားထိုင်ခန်းများ နှင့် အရေးကြီးသော အစည်းဝေးခန်းများအတွက် အလွန် သင့်လျော်သည်။ လေအလျင်(velocity) မည်မျှများလျှင်  ဆူညံသံများ(noise level) မည်မျှမြင့်မားသည်ကို သိရန် ASHRAE စာအုပ်များ ၊ SMACNA မှ “HVAC Duct Construction Standards”ကို ကိုးကားနိုင်သည်။

(စ) Constant Velocity Sizing Method

Constant velocity method သည် duct များ အားလုံးအတွက် သတ်မှတ်ထားသည့် သို့မဟုတ် တင်ဒါ(tender)၌ သတ်မှတ်(specified)ထားသည့် လေအလျင်(velocity)ကို အခြေခံ  duct အရွယ်အစား များကို တွက်ချက်ခြင်း ဖြစ်သည်။ ရရှိသည့် duct အရွယ်အစား(size)မှ တစ်ဆင့် ဖိအားဆုံးရှုံးမှုများ(pressure losses)ကို တွက်ယူ နိုင်သည်။

၅.၆.၂ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်သော ဖိအားဆုံးရှုံးမှု(Friction Losses in Duct)

Friction loss သည် fluid viscosity နှင့် မတူညီသော လေအလျင်(velocity)ဖြင့် စီးနေသော မော်လီကျုးလေးများ တစ်ခုနှင့် တစ်ခုအကြားတွင် momentum များ အပြန်အလှန် လက်ဆင့်ကမ်းမှုများကြောင့် ဖြစ်ပေါ်လာသည်။ Friction loss သည် duct တစ်လျှောက်လုံးတွင် ဖြစ်ပေါ်သည်။

Equal friction method သည် system တစ်ခုလုံးအတွက် တူညီသော loss per unit length ကို အသုံးပြုသည်။

ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်သော ဖိအားဆုံးရှုံးမှု(friction loss)ပမာဏသည် အောက်ပါ အချက်အလက်များ ပေါ်တွင် မူတည်သည်။

(၁)

Duct  အရွယ်အစား(size) ကြီးလျှင်၊ လေအလျင်(velocity) နည်းပြီး၊ friction loss နည်းသည်။

(၂)

Duct အတွင်းမျက်နှာပြင် ကြမ်း(interior surface roughness)လျှင် friction loss များသည်။

(၃)

လေစီးဆင်းမှုနှုန်း (air flow rate) များလျှင် friction loss များသည်။

(၄)

Duct အရှည် (length) များလျှင် friction loss များသည်။

၅.၆.၃ Head and Pressure

Head နှင့် pressure ကို အပြန်အလှန် အဆင်ပြေသလို သုံးနှုန်းပြောဆိုလေ့ ရှိကြသည်။ Head ဆိုသည်မှာ fluid တစ်မျိုးမျိုး စီးဆင်းမှုကြောင့် ဖြစ်ပေါ်လာသော ထို fluid ၏ column အမြင့်ပင် ဖြစ်သည်။ ("Head" is the height of a fluid column supported by fluid flow.) Pressure ဆိုသည်မှာ ယူနစ်ဧရိယာ တစ်နေရာအပေါ်တွင် သက်ရောက်နေသော အားပမာဏ ဖြစ်သည်။ စီးဆင်းနေသည့် fluid (flowing fluid) ကို တိုင်းမည့်အစား ထို fluid ၏ ဒေါင်လိုက်အဖြင့်(head)ကို တိုင်းတာခြင်းသည် ပို၍ လွယ်ကူသည်။ ထို့ကြောင့် အရည်များ (liquid) များအတွက် “Head” ဆိုလျှင် ဒေါင်လိုက်အမြင့်(column liquid) ဖြစ်သည်။

ဥပမာ - pump များအတွက် (၅)မီတာ Head ဆိုလျှင် 5 meter of water column (WC) ဖြစ်သည်။

သို့သော် လေ သို့မဟုတ် ဓာတ်ငွေ့တစ်မျိုးမျိုးကို တိုင်းရန်အတွက် အရည်(liquid)တစ်မျိုးမျိုး ၏ column မှ တစ်ဆင့် တိုင်းယူရသည်။ အဘယ်ကြောင့်ဆိုသော် လေ သို့မဟုတ် ဓာတ်ငွေ့တစ်မျိုးမျိုး တိုက်ရိုက် တိုင်းယူရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ဥပမာ လေဖိအား(air pressure)ကို ရေ၏ ကော်လံအမြင့် သို့မဟုတ် မာကျုရီ အရည်၏ ကော်လံအမြင့်ဖြင့် ဖော်ပြ ပြောဆိုလေ့ရှိသည်။

Air pressure 1 Pound per Square Inch (PSI) = 51.71 millimeter of mercury (mmHg) လေပေါင် တစ်ပေါင် ဖိအားသည် 51.71 mm of mercury (mmHg) ၏ ကော်လံအမြင့်နှင့် ညီမျှသည်။

Darcy-Weisbach Equation သည် fluid များ pipe သို့မဟုတ် duct အတွင်းတွင် ဖြတ်သန်းစီးဆင်း သွားသည့်အခါ ဖြစ်ပေါ်သည့် ဖိအားကျဆင်းမှု(pressure drop) ပမာဏကို တွက်ချက်ရန် အသုံးပြုသည်။ ဖိအားဆုံးရှုံးမှု(pressure drop) သည် fluid များ၏ ပွတ်တိုက်မှုများ(friction)ကြောင့် ဖြစ်ပေါ်လာသည်။ Darcy-Weisbach Equation ကို fully developed flow များအတွက်သာ အသုံးပြုရန် ဖြစ်သည်။

Darcy and Colebrook Equations

Duct သို့မဟုတ် ပိုက်(pipe) အတွင်း၌ fluid များ ဖြတ်သန်း စီးဆင်းသွားသည့်အခါ ဖြစ်ပေါ်လာသည့် ဖိအားဆုံးရှုံးမှု (pressure drop) ပမာဏကို တွက်ချက်ရန်

 

 

 

 

 

 

အထက်ပါ ပုံသေနည်းတွင် friction loss ကို ရရှိရန်အတွက် friction factor ၏ တန်ဖိုးကို ရရှိရန် လိုအပ်သည်။

(က)

Fluid များသည် laminar flow ပုံစံဖြင့် စီးဆင်းနေသည် အခါ Reynolds နံပါတ်သည် (၂၀၀၀) ထက် မကျော်ပေ။ (Reynolds numbers less than 2000)။ Friction factor သည် Reynolds number တစ်မျိုးတည်း အပေါ်တွင်သာ မူတည်သည်။

(ခ)

Fluid များသည် turbulent flow ပုံစံဖြင့် စီးဆင်းနေသည် အခါ friction factor သည် Reynolds နံပါတ် (Reynolds number)၊ အတွင်းမျက်နှာပြင် ချောမှု၊ ကြမ်းမှု (duct surface roughness) နှင့် joint များ ပေါ်တွင် မှုတည်သည်။

 

Friction factor ၏ တန်ဖိုးကို တွက်ရန်

 

အထက်ပါ ပုံသေနည်းသည် friction factor ကို ရရှိရန်အတွက် ရေးနော့နံပါတ် (Reynolds number)၊ အတွင်းမျက်နှာပြင် ချောမှု၊ ကြမ်းမှု(duct surface roughness) နှင့် hydraulic diameter တို့ကို သိရန် လိုအပ်သည်။

အဝိုင်းပုံသဏ္ဌာန်မဟုတ်သည့်(non circular) duct များ တွင် laminar flow များကြောင့် လေအလျင် မညီမညာခြင်း(inconsistencies)များ ဖြစ်ပေါ်လာခြင်း၊ non circular duct များ တွင် laminar flow များ ဖြစ်ပေါ်လာသည့်အခါ တိကျသောအဖြေ မရရှိနိုင်သောကြောင့် hydraulic diameter ကို ထည့်သွင်း တွက်ချက်ရန် လိုအပ်သည်။

 တွက်ရန်

လေအတွက်  တွက်ရန်

Hydraulic Diameter(D) ကို Reynolds Number(dimensionless) တွက်ရာတွင် အသုံးပြုသည်။ Duct အတွင်း၌ စီးနေသည့် လေအမျိုးအစား(turbulent or laminar)ကို ဆုံးဖြတ်ရန်အတွက် Reynolds Number တန်ဖိုးကို သိရန် လိုအပ်သည်။

 

Reynolds Number သည် (၂၃၀၀) ထက်နည်းလျှင် “Laminar flow” အဖြစ် သတ်မှတ်သည်။ (Laminar if Re < 2300)

 

Reynolds Number သည် (၂၃၀၀) နှင့် (၄၀၀၀) အတွင်းဖြစ်လျှင် “Transient flow” အဖြစ် သတ်မှတ်သည်။ (Transient for 2300 < Re < 4000)

 

Reynolds Number သည် (၄၀၀၀) ထက်များလျှင်  “Turbulent flow” အဖြစ် သတ်မှတ်သည်။ (Turbulent if Re > 4000)

အဝိုင်းပုံသဏ္ဌာန်မဟုတ်သည့် (Noncircular) Duct

 

အထက်ပါ ပုံသေနည်းအတိုင်း hydraulic diameter ကို တွက်ချက်နိုင်သည်။

လက်တွေ့ စမ်းသပ်ချက်များအရ hydraulic diameter တူညီသော အမျိုးမျိုးသော round ၊ square ၊ နှင့် rectangular duct များ သည် တူညီသော flow resistance (at equal mean velocities) များကို ဖြစ်ပေါ်စေသည်။

Rectangular Duct

Rectangular duct ကို စီးနှုန်း(flow) တူ၊ ခုခံအား(resistance)တူ၊ အရှည်တူ သည် round duct တန်းဖိုးအဖြစ် ပြောင်းရန်

 

Flat Oval Duct

A = major axis of flat oval duct (mm)

a = minor axis of flat oval duct (mm)

P = perimeter of flat oval duct (mm)

 

Friction factor ၏ တန်ဖိုးသည် ရေးနော့နံပါတ်(Reynolds number) အတွင်းမျက်နှာပြင် ချောမှု၊ ကြမ်းမှု(duct surface roughness) နှင့် hydraulic diameter တို့ပေါ်တွင် မူတည်သည်။ ထိုအချက် အလက်များကို  အသုံးပြု ဂဏန်းတွက်စက်ဖြင့် တွက်ချက်ခြင်းသည် အလွန် အလုပ်ရှုပ်သော ကိစ္စဖြစ်သည်။ ပုံသေနည်းကို အသုံးပြုမည့်အစား ဂရပ်(graph)မှ ဖတ်ယူခြင်းသည် ပိုမိုလွယ်ကူသည်။

၅.၆.၄ Friction Chart မှ ဖိအားကျဆင်းမှု(Pressure Drop) တွက်ယူနည်း

ASHRAE မှ friction chart သည် 

(က)

Friction losses (Pa/ m)

(ခ)

Air Quantity (Liter per Second)

(ဂ)

Velocity (m/s)

(ဃ)

Round duct diameter(mm)  တို့ဖြင့် တည်ဆောက်ထားသည်။

(၁)

ဂရပ်တွင် Friction losses (Pa/m) ကို အလျားလိုက်မျဉ်းများ(horizontal lines)ဖြင့် ဖော်ပြထားသည်။ 0.1 Pa/m မှ 100 Pa/m အထိရှိသော်လည်း အသုံးပြုရန် အတွက် သင့်လျှော်သည့် နေရာမှာ 0.7 Pa/m မှ 5 Pa/m အတွင်းသာ ဖြစ်သည်။ duct အရှည် တစ်မီတာ တိုင်းတွက် ဖြစ်ပေါ်လာသော friction loss ၏ တန်ဖိုး ဖြစ်သည်။

(၂)

Air Quantity (Liter per Second) ကို ဒေါင်လိုက်မျဉ်းများ(vertical lines)ဖြင့် ဖော်ပြထားသည်။ 20 L/s မှ 200,000 L/s အထိရှိသည်။

(၃)

Velocity (m/s) ကို ဘယ်ဘက်သို့ စောင်းနေသော ကန့်လန့်ဖြတ် မျဉ်းများဖြင့် ဖော်ပြထားသည်။ Duct အတွင်းတွင် ဖြတ်စီးသွားသော လေ၏ အလျင် ဖြစ်သည်။

(၄)

Round Duct Diameter(mm) ကို ညာဘက်သို့ စောင်းနေသော ကန့်လန့်ဖြတ် မျဉ်းများဖြင့် ဖော်ပြထားသည်။ ဂရပ်တွင် ပါဝင်သော အမျိုးအစား လိုင်းလေးမျိုးအနက်မှ သိထားသည့် နှစ်မျိုးကို အသုံးပြု ကျန်သည် နှစ်မျိုးကို ရရှိနိုင်သည်။

တွက်နည်း ဥပမာ

25,000 CHM ရှိသော AHU တစ်လုံးမှ အဝိုင်းပုံစံရှိသော (round duct) main duct ၏ အရွယ်အစားကို ရှာပါ။ (maximum friction losses ကို 1 Pa/m ကို အခြေခံ၍ တွက်ချက်ပါ။) ထို round duct သည် မီတာ(၂၀၀) အရှည် ရှိသည်ဆိုလျှင် total friction losses မည်မျှ ဖြစ်မည်နည်း။

ဂရပ်မှ ဖတ်ယူပါက ပိုမိုလွယ်ကူသည်။ ပုစ္ဆာတွင်ပေးထားသော လေထုထည်(air quantity)သည် 25,000 CHM ဖြစ်သည်။ ဂရပ်တွင် ဖော်ပြထားသော  လေအရည်အသွေး(air quantity)သည် Liter per Second ဖြစ်သည်။ ထို့ကြောင့် 25,000 CHM ကို Liter per Second အဖြစ်ပြောင်းရန် လိုအပ်သည်။   

ပုံ ၅-၃၀  ASHRAE friction chart

25,000 CHM x 1000 Liter per meter cube = 25,000,000 Liter per hour/ 3600 = 6944 L/s နှင့် Maximum Friction losses ကို 1 Pa/m အသုံးပြုလျှင် ဂရပ်ပေါ်တွင် ဆုံမှတ်(intersection point)တစ်ခု ရရှိသည်။

ဒေါင်လိုက်မျဉ်း တန်ဖိုးများ မှ 6944 L/s နေရာတွင် လိုင်းတစ်လိုင်းကို ဆွဲပါ။ အလျားလိုက် မျဉ်းတန်ဖိုးမှ 1 Pa/m နေရာတွင် လိုင်းတစ်လိုင်း ကိုဆွဲပါ။ ထိုအခါ ဆုံမှတ်(intersection point)တစ်ခု ရမည်။

ထိုဆုံမှတ်ရှိသည့် duct diameter လိုင်း(ညာဘက်သို့ စောင်းသော ကန့်လန့်ဖြတ်မျဉ်း)မှ တန်ဖိုးကို ဖတ်ပါ။ တန်းဖိုးသည် (၉၃၀)ခန့် ဖြစ်သည်။ (၉၃၀)မီလီမီတာ အချင်းရှိသော duct သည် ဈေးကွက်တွင် မရှိသောကြောင့် 950mm diameter အဝိုင်းပုံသဏ္ဌာန်(round) duct ကို ရွေးချယ်ရမည်။ အလျင်(velocity) သည် 10.2 m/s ခန့်ဖြစ်သည်။ ထို duct အမျိုးအစား နှင့် အသုံးပြုမည့် နေရာကို ကြည့်၍ ASHRAE recommend duct velocity နှင့် နှိုင်းယှဉ် စစ်ဆေးကြည့်ရမည်။ ဤလေအလျင်(duct velocity) 10.2 m/s သည် recommend duct velocity ထက် အလွန်များသည်ဆိုလျှင် 950mm ထက် ပိုကြီးသော duct ကို သုံးရန် စဉ်းစားသင့်သည်။

အသုံးများသော velocity limit များကို အောက်တွင် ဇယားဖြင့် ဖော်ပြထားသည်။

Type of Duct

Comfort Systems

Industrial Systems

High Speed Systems

m/s

FPM

m/s

 

m/s

FPM

Main ducts

4 - 7

780 - 1380

8 - 12

1575 - 2360

10 - 18

1670 - 3540

Main branch ducts

3 - 5

590 - 985

5 - 8

985 - 1575

6 - 12

1180 - 2360

Branch ducts

1 - 3

200 - 590

3 - 5

590 - 985

5 - 8

985 - 1575

လေဝင်ပေါက်များ(outlets) နှင့် လေထွက်ပေါက်များ(inlets) တို့၌ လေအလျင်(velocity) အလွန် များပါက လက်မခံနိုင်သော ဆူညံသံများ(unacceptable noise) ဖြစ်စေနိုင်သည်။

တွက်နည်း ဥပမာ

လေစီးနှုန်း(air flow rate) 18,000 CMH ရှိသော လေးထောင့်ပုံသဏ္ဌာန် (rectangular duct) 450mm x 1300mm ၏ ပွတ်တိုက်မှုကြောင့်ဖြစ်ပေါ်သော ဖိအားဆုံးရှုံးမှု(frictioin losses - Pa/m) ကို ရှာပါ။

Air Flow Rate 18,000 CMH ကို Liter per Second ဖွဲ့ပါ။

Air Flow Rate 18,000 CMH = 5,000 L/s

Rectangular duct 450mm x 1300mm ၏ circular equivalent of rectangular duct for equal length သည် 808mm  ဖြစ်သည်။ 800 ကျော်ရုံမျှ သာဖြစ်သည်။

လေထုထည်(air quantity) 5,000 L/s နှင့် 800mm round duct diamenter ကို အသုံးပြု၍ ဂရပ်မှ ဖတ်လျှင် ပွတ်တိုက်မှုကြောင့်ဖြစ်ပေါ်သော ဖိအားဆုံးရှုံးမှု(friction losses - Pa/m)သည် 1.1 Pa/m ခန့် ဖြစ်သည်။

Friction Loss Estimate

 

1.5 X System Length (ft./100) X Friction Rate (in.W.G./100 ft.).

၅.၆.၅ Calculation for Duct Static Pressure Loss by Formula

Duct ၏ static pressure loss ကို တွက်ရာတွင်သုံးထားသော ပုံသေနည်း (formula)များကို ရှင်းပြ ထားသည်။

အဆင့်(၁)         Ref: 2001 ASHRAE Fundamentals Handbook (SI), Chapter 34, Equation No:11                                      

Where

De =

Circular Equivalent of Rectangular duct for equal length           

 

Q  =

Air flow rate (L/sec)

            ပထမဆုံး ပုံသေနည်းသည် 2001 ASHRAE Fundamentals Handbook (SI), Chapter 34, Equation No:11 အရ လေစီးနှုန်း(air flow rate) နှင့် round duct cross section area ကို ပေး၍ velocity (V) ကို တွက်ယူသော ASHRAE ပုံသေနည်းဖြစ်သည်။ လေစီးနှုန်း(air flow rate)ကို Liter per Second ဖြင့် ဖော်ပြသောကြောင့် 0.001 နှင့်မြှောက်ထားသည်ကို တွေ့ရမည်။

 

 သည် round duct cross section area ကို round duct diameter မှ တွက်ယူခြင်း ဖြစ်သည်။ Rectangular duct ဖြစ်ပါက အောက်ပါ ပုံသေနည်း(formula)ကို အသုံးပြု၍ circular equivalent diameter ဖြစ်အောင် ပြောင်းထားခြင်းဖြစ်သည်။

အဆင့်(၂)

 

Ref: 2001 ASHRAE Fundamentals Handbook (SI), Chapter 34, Equation No:25

အဆင့်(၃)

အောက်ပါ အလျင်(velocity)မှ velocity pressure ကို ပြောင်းသော ပုံသေနည်း(formula) ဖြစ်သည်။

Ref: 2001 ASHRAE Fundamentals Handbook (SI), Chapter 34, Equation No:09

Rv

=

 Velocity Pressure (Pa) 

V

=

Fluid mean Velocity (m/s)

အဆင့်(၄) Hydraulic Diameter (mm)

Ref: 2001 ASHRAE Fundamentals Handbook (SI), Chapter 34, Equation No: 24

အဆင့်(၅) For Absolute Roughness Factor

Ref: 2001 ASHRAE Fundamentals Handbook (SI), Chapter 34, Table No: 01

မိမိ တွက်မည့် duct နှင့် သက်ဆိုင်သည့် absolute roughness factor ကို 2001 ASHRAE Fundamentals Handbook (SI), Chapter 34, Table No: 01  မှ ဖတ်ယူနိုင်သည်။

အဆင့်(၆) Reynolds number

Ref: 2001 ASHRAE Fundamentals Handbook (SI), Chapter 34, Equation No:23

Re

=

 Reynolds number

Dh

=

Hydraulic Diameter (mm)

V

=

Velocity (m/s)

 

အဆင့်(၇) Pressure Drop
Ref: 2001 ASHRAE Fundamentals Handbook (SI), Chapter 34, Equation No:21

           

အဆင့်(၈)          or   

Ref: 2001 ASHRAE Fundamentals Handbook (SI), Chapter 34, Equation No:19

 

ρ

=

 1.204 kg/m2    (for air)

 

Dh

=

Hydraulic Diameter, mm

 

V

=

Velocity (m/s)

If  

အဆင့်(၉)

For ducting,     

 

         

For fittings,

 

           

နမူနာတွက်ပြထားသော excel file ကိုအောက်ပါ internet address တွင် download လုပ်ယူနိုင်ပါသည်။

http://www.acmv.org/lecture/file/Duct_Static_Loss_calculation.xls

 

Ductwork Sizing Criteria Table (Ductwork Size Criteria)

System Type

Maximum
Friction Rate
in.W.G./100 ft.

Minimum
Velocity
ft./min.

Maximum
Velocity
ft./min.

Comments/Reasons

General Air Handling Systems

Low Pressure Ducts

0.10 (0.15)

----

1,500–1,800

When CFM > 6,000 velocity governs;when CFM < 6,000 friction rate governs; applicable for supply, return, exhaust, and outside air systems

Medium Pressure Ducts

0.20 (0.25)

----

2,000–2,500

When CFM > 6,000 velocity governs; when CFM < 6,000 friction rate governs; applicable for supply systems only

High Pressure Ducts

0.40 (0.45)

----

2,500–3,500

When CFM > 5,000 velocity governs; when CFM < 5,000 friction rate governs; applicable for supply systems only

Transfer Air Ducts

0.03–0.05

----

1,000

When CFM > 3,200 velocity governs; when CFM < 3,200 friction rate governs

Outside Air Shafts

0.05–0.10

----

1,000

When CFM > 1,200 velocity governs; when CFM < 1,200 friction rate governs

Gravity Relief Air Shafts

0.03–0.05

----

1,000

When CFM > 3,200 velocity governs; when CFM < 3,200 friction rate governs

General Exhaust and Special Exhaust Systems

General Exhaust Ducts

0.10 (0.15)

----

1,500–1,800

When CFM > 6,000 velocity governs; When CFM < 6,000 friction rate governs

Toilet Exhaust Ducts

0.10 (0.15)

----

1,500–1,800

When CFM > 6,000 velocity governs; When CFM < 6,000 friction rate governs

Kitchen Hood
Exhaust Ducts

----

1,500

2,200

2003 IMC: 1,500 FPM min.; 2006 IMC: 500 FPM min.; NFPA 96-2004: 500 FPM min.

Dishwasher Exhaust Ducts

0.10 (0.15)

1,500

2,200

 

Acid, Ammonia, and Solvent Mains

0.50 (0.60)

1,000

3,000

Mains and risers 1,500–3,000 FPM; Branches and lateral 1,000–2,000 FPM

Acid, Ammonia, and Solvent Stacks

----

3,000

4,000

 

Silane Ducts

----

250

----

Velocity across the neck of the cylinder or cabinet window or access port

Louvers

Intake

----

----

500

Maximum velocity through free area; assuming 50% free area—max. velocity 250 FPM through gross louver area

Exhaust or Relief

----

----

700

Maximum velocity through free area; assuming 50% free area—max. velocity 350 FPM through gross louver area

Notes: (1) Maximum aspect ratio 4:1; unless space constraints dictate greater aspect ratios.

          (2) Duct velocities should not exceed 1,500 FPM or noise will result.

၅.၇ Duct ဒီဇိုင်း ပြုလုပ်ခြင်း (Duct Design)

၅.၇.၁ Design လုပ်ရန်အတွက် လိုအပ်သော အချက်အလက်များ (information)

 

အလုပ်အပ်သူ၏ လိုအပ်ချက်များ (client requirements)

 

သယ်ဆောင်ရမည့် လေအခြေအနေ(supply air condition)

 

နေရာအကျယ် လုံလောက်မှု(space availability)

 

ကုန်ကျစရိတ် (installation cost)

 

လေ နှင့် duct အတွင်း မျက်နှာပြင် ပွတ်တိုက်မှု (air friction loss)

 

ီDuct system configuration အမျိုးအစား (type) သို့မဟုတ် duct layout

 

အသံဆူညံမှု(noise level)

 

လေနှင့် duct အကြား အပူစီးကူးခြင်း နှင့် လေယိုစိမ့်ခြင်း(duct heat transfer and airflow leakage)

 

လေထုအခြေအနေ(ambient conditions)

 

Duct ပြုလုပ်ရန် ပစ္စည်း(material)များ

 

Duct insulation

 

Duct system layout   

 

ဒေသဆိုင်ရာ နှင့် နိုင်ငံတကာ စံချိန်စံညွန်း လိုအပ်ချက်(codes and standards requirements)

Key design inputs

Design outputs

• Design volume flow rate (m3/s)

• Schematic of ductwork layout & associated plant

• Limiting duct pressure loss (Pa/m)

• Schedule of duct sizes and lengths, and fittings

• Limiting flow velocity (m/s)

 

Duct များကို ဒီဇိုင်း ပြုလုပ်ရာတွင် အောက်ပါ ယေဘုယျ စည်းကမ်းများကို လိုက်နာရန် လိုအပ်သည်။

(၁)

လေများကို ရောက်လိုသည့်နေရာသို့ တိုက်ရိုက် (အခြားအခန်းမျာသို့ ကွေ့ပတ်သွားခြင်း မရှိဘဲ) ရောက်အောင် ပြုလုပ်ခြင်းဖြင့် နေရာ၊ လျှပ်စစ်စွမ်းအား နှင့် ပစ္စည်း(duct material)များ သက်သာ စေနိုင်သည်။

(၂)

တတ်နိုင်သမျှ duct များကို တဖြောင့်တည်း ဖြစ်အောင် ပြုလုပ်သင့်သည်။ ရုတ်တရက် ကွေးခြင်း (sudden changes in directions)မျိုး မဖြစ်အောင် ရှောင်ကြဉ်သင့်သည်။ နေရာအခက်အခဲကြောင့် မလွှဲမရှောင် သာ တပ်ဆင်ရပါက ဖိအားကျဆင်းမှု(pressure loss)နည်းအောင် turning vane များကို အသုံးပြု သင့်သည်။

(၃)

Duct များ ကျဉ်းရာမှ တဖြည်းဖြည်း ကျယ်သွားအောင်သာ ဒီဇိုင်းပြုလုပ်သင့်သည်။ ထောင့်(angle of divergence)သည်  20° ထက် မပိုစေရ။

(၄)

Aspect ratio သည် (၁)မှ (၄) အတွင်းသာ ဖြစ်ရမည်။ ဖြစ်နိုင်လျှင် Aspect Ratio (၁)ဖြစ်သည့် duct များကို ရွေးချယ်သင့်သည်။ တစ်နည်းအားဖြင့် စတုရန်းပုံသဏ္ဌာန် duct များ နှင့် အဝိုင်းပုံသဏ္ဌာန် duct များကို အသုံးပြုသင့်သည်။ Aspect Ratio (၄)ထက်ကျော်သည့် duct များကို လုံးဝ အသုံးမပြုသင့်ပါ။

(၅)

Duct များ တုန်ခါခြင်း(vibration)နှင့် ဆူညံသံ(noise)နည်းစေရန် သတ်မှတ်ထားသော လေအလျင်(air velocity) တန်ဖိုးများအတိုင်း duct အရွယ်အစား ရွေးချယ်ခြင်း(sizing) ပြုလုပ်သင့်သည်။

(၆)

င်္င်္ပွတ်တိုက်မှု(frictional loss)နည်းရန်အတွက် မျက်နှာပြင်ချောမွတ်သည့် ပစ္စည်းများ(duct material)များ ကို ဦးစားပေး အသုံးပြုသင့်သည်။

ပုံ ၅-၃၁ Transfer duct နှင့် အခန်းနံရံများကို လေများ သယ်ဆောင်ရန်အတွက် အသုံးပြုထားပုံ

Duct ဒီဇိုင်းတစ်ခု၏ အဓိက အချက်များမှာ      

(က)

Dimensional Stability ဖြစ်ရန်

Duct ၏ ပုံသဏ္ဌာန်(shape)၊ ခံနိုင်အား(strength) နှင့် ပုံပျက်ယွင်းခြင်း(deformation) စသည်တို့သည် dimensional stability နှင့် သက်ဆိုင်သော အချက်များ ဖြစ်သည်။

(ခ)

လေယိုစိမ့်မှုများကို ထိန်းချုပ်ခြင်း (Leakage Control)

Positive pressure duct တွင် လေယိုစိမ့်ခြင်း(leakage)ကြောင့် လေဆုံးရှုံးခြင်း(air loss) ဖြစ်နိုင်သည်။ လေမလုံလောက်သည့် ပြဿနာ ဖြစ်ပေါ်နိုင်သည်။ Negative presure duct တွင် လေယိုစိမ့်ခြင်း (leakage)ကြောင့် ပြင်ပမှ မလိုလားအပ်သည့် အမှိုက်များ၊ ဖုန်များ၊ အမှုန်များ၊ ဗက်တီးရီးယား ပိုးမွှားများ ဝင်ရောက်လာခြင်း စသည့် leakage control နှင့် သက်ဆိုင်သော ပြဿနာများ ဖြစ်ပေါ်နိုင်သည်။

(ဂ)

အသံဆူညံခြင်း(Noise)

Duct များမှ ဆူညံသံများ စတင်ဖြစ်ပေါ်လာခြင်း(noise generation)၊ ဆူညံသံများ ပျံ့နှံ့ခြင်း(noise transmission) စသည်တို့သည် ဆူညံသံ(noise) နှင့် သက်ဆိုင်သော အချက်များ ဖြစ်သည်။

(ဃ)

တပ်ဆင်အသုံးပြုမည့်နေရာ(Exposure)

ရာသီဥတုပြောင်းလဲခြင်း(weather)၊ အပူချိန် အလွန်နိမ့်ခြင်း မြင့်ခြင်း၊ ပင်လယ်နားနီးခြင်း တို့ကြောင့် duct များ သံချေးတက်လွယ်ခြင်း (corrosive atmosphere ဖြစ်ပေါ်ခြင်း)၊ ဇီဝပိုးမွှားများ အန္တရာယ်(biological contamination)၊ မြေအောက်(underground သို့မဟုတ် basement)၌ တပ်ဆင်ခြင်း၊ အဆောက်အဦ ပြင်ပ(outdoor)၌ တပ်ဆင်ခြင်း စသည်တို့သည် exposure နှင့် သက်ဆိုင်သော အချက်များ ဖြစ်သည်။

(င)

Duct Support

            Duct support အကွာအဝေးများ ၊ အမျိုးအစားများ ၊ alignment များ ၊ တပ်ဆင်သည့်နေရာ (position) စသည်တို့သည် duct support နှင့် သက်ဆိုင်သော အချက်များ ဖြစ်သည်။

(စ)

Thermal Conductivity

Duct ၏ နံရံများကို ဖြတ်၍ ပြင်ပမှ အပူသည် duct အတွင်းရှိ လေသို့ အပူကူးပြောင်းမှု(heat transfer)ကြောင့် အပူတိုးလာခြင်း(heat gain) သို့မဟုတ် အပူဆုံးရှုံး(heat loss)ခြင်း ၊ duct များတွင် ရေသီးခြင်း(condensation) စသည်တို့သည် အပူလျှောက်ကူးခြင်း(thermal conductivity) နှင့် သက်ဆိုင်သော အချက်များ ဖြစ်သည်။

Duct များ ပြုလုပ်ရန်အတွက် အလွန်အဆင့်မြင့်သော နည်းပညာ မလိုအပ်ပါ။ သို့သော် စီးပွားရေး အရ တွက်ခြေကိုက်မှု ဖြစ်ရန်အတွက် အတွေ့အကြုံ(expericence)၊ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတ(technical knowledge) နှင့် အလေ့အကျင့်ကောင်းများ(good practices) ရှိရန် လိုအပ်သည်။

            Duct များကို အလုပ်ရုံ(workshop)တွင် ပြုလုပ်(fabricate)နိုင်သလို တပ်ဆင်မည့်နေရာ(site)၌လည်း ပြုလုပ်နိုင်သည်။ Drawing များတွင် ဖော်ပြထားသည့် duct အရွယ်အစား အတိုင်းအတာ(dimension)များ အားလုံးသည် internal dimension ကိုသာ ဖော်ပြထားခြင်း ဖြစ်သည်။ ထို့ကြောင့် တပ်ဆင်ရမည့် duct အရွယ် အစား(size)သည် ပုံ(drawing)ပေါ်ရှိ အတိုင်းအတာ(dimemsion)ထက် ပိုကြီးလေ့ရှိသည်ကို သတိပြုရန် လိုသည်။

၅.၇.၂ Duct Design Criteria

 (၁)

Life-cycle cost(LCC) ကို အခြေခံ၍ duct အရွယ်အစား(size)ရွေးချယ်ရန်၊ ရရှိနိုင်သည့် နေရာတွင် သင့်လျော်သည့် duct အရွယ်အစား(size) ရွေးချယ်ရန်။

(၂)

Damper များကို အသုံးပြု၍ လေဖြန့်ဖြူးမှု ညီညာအောင် ပြုလုပ်မည့်အစား duct လမ်းကြောင်း နှင့် duct အရွယ်အစား(size)ကို configuration အမျိုးမျိုးဖြင့် ဖိအားညီအောင် ပြုလုပ်ခြင်းဖြင့် ထိရောက်သော လေဖြန့်ဖြူးမှု ညီညာခြင်း ရရှိနိုင်သည်။

 

အသံဆူညံမှု(sound level)ကို ဆန်းစစ်ရန် လိုသည်။ VAV box အဝင်(inlet)တွင် လိုအပ်သည်ထက် ပိုများသည့် ဖိအား(excess pressure) သက်ရောက်နေခြင်းမျိုး မဖြစ်အောင် ပြုလုပ်ရန် လိုသည်။ လိုအပ်ပါက sound attenuation ထည့်ပေးရန် လိုသည်။

(၃)

အရေးကြီးသည့် လမ်ကြောင်း(critical path) သို့မဟုတ် duct အရွယ်အစား ရွေးချယ်ရန် အတွက် သတ်မှတ်ထားသော လမ်ကြောင်း(critical path)ရှိ duct fitting များ နှင့် equipment များ၏ ဖိအား ကျဆင်းမှု(local loss coefficients)ကို အနည်းဆုံးဖြစ်အောင် ဒီဇိုင်း ပြုလုပ်ရမည်။ ထိုသို့ ဖိအားကျဆင်းမှု နည်းအောင် ပြုလုပ်ခြင်းကြောင့် အခြားသော နေရာများအတွက် အပိုဖိအား(surplus pressure) ရရှိ နိုင်သည်။

(၄)

Supply air ၏ လေစီးနှုန်း(volume flow rate)ကို duct heat gain အပေါ်တွင် အခြေခံ၍ သတ်မှတ် သင့်သည်။ VAV system များတွင် စီးနှုန်း(volume flow rate)ကို သတ်မှတ်ရာတွင် diversity factors ကို ထည့်သွင်း တွက်ချက် သင့်သည်။ Fan အထွက်ဖိအား(discharge pressure) နှင့် critical path ၏ ဖိအားကျဆင်းမှု ကိုက်ညီရန် အရေးကြီးသည်။

၅.၇.၃ Design Procedure

Air duct system တစ်ခုကို ဒီဇိုင်း စတင် မပြုလုပ်ခင်

 

သယ်ဆောင်ရမည့် လေပမာဏ(supply volume flow rate)ကို ပထမဦးစွာ တွက်ရန် လိုအပ်သည်။

 

လေများ ညီညီညာညာ ပျံ့နှံ့စေရန်(space air diffusion) အတွက် လေထွက်ပေါက်များ(supply outlets) နှင့် လေစုပ်ပေါက်များ(return inlets)ကို စနစ်တကျ နေရာချရန် လိုအပ်သည်။

 

နွေရာသီ အတွက် cold air စီးနှုန်း (volume flow rate)သည်  ဆောင်းရာသီအတွက် warm air

စီးနှုန်း (volume flow rate)ထက် ပိုများလေ့ရှိသည်။

ရှုပ်ထွေးခက်ခဲသည့် air duct system ၏ duct design များ နှင့် အရွယ်အစား(sizing)ရွေးချယ်ခြင်းကို software များဖြင့် ပြုလုပ်နိုင်သည်။ Computer-aided duct design များကြောင့် တိကျသည့် တွက်ချက်မှု (precise calculation)များနှင့် အကောင်းဆုံး အရွယ်အစား(optimum sizing) ရွေးချယ်မှုများ ရရှိနိုင်သည်။ ရိုးရှင်းပြီး သေးငယ်သည့် air duct system များ၏ duct design များ နှင့် အရွယ်အစားများကို စာရွက်ပေါ်တွင် တွက်ယူ ပို၍ လျှင်မြန်လွယ်ကူသည်။

Design Procedure

 

(၁)

Verify local codes & material availability

 

(၂)

Preliminary duct layout

 

(၃)

Divide into consecutive duct sections

 

(၄)

Minimize local loss coefficients of duct fittings

 

(၅)

Select duct sizing methods

 

(၆)

Critical total pressure loss of tentative critical path

 

(၇)

Size branch ducts & balance total pressure at junctions

 

(၈)

Adjust supply flow rates according to duct heat gain

 

(၉)

Resize duct sections, recalculate & balance parallel paths

 

(၁၀)

Check sound level & add necessary attenuation

 

အောက်တွင် အထက်ပါ design procedure အချက် (၁၀)ချက်ကို အသေးစိတ် ရှင်းပြထားသည်။

 (၁)

ဒီဇိုင်းစတင်မပြုလုပ်မီ၊ အလုပ်အပ်သူ၏လိုအပ်ချက်များ(client requirement)၊ တင်ဒါ လိုအပ်ချက်များ (tender specification)၊ ဒေသဆိုင်ရာ စံချိန်စံညွန်း(local codes) နှင့် ရရှိနိုင်သည့် ပစ္စည်း(material availability) တို့ကို လေ့လာပါ။

(၂)

ပထမဦးစွာ duct layout အကြမ်း(preliminary)ကို ရေးဆွဲပါ။ လေထွက်ပေါက်များ(supply outlets) နှင့် လေဝင်ပေါက်များ(return inlets)ကို fan နှင့် main ducts ၊ branch takeoffs မှ တစ်ဆင့် ဆက်ပါ။ Air duct ၏ ပုံသဏ္ဌာန်(duct)ကို ရွေးချယ်ပါ။ ရရှိသည့် နေရာအကျယ်(space available)ကို သတ်မှတ်ပါ။  

(၃)

Duct layout ကို အပိုင်း(duct sections) များဖြစ်အောင် ခွဲထုတ်ပါ။ အခွဲများ(nodes or junctions) ဖြစ်ပေါ်လာလိမ့်မည်။ Duct segment များစွာ ထွက်ပေါ်လာ လိမ့်မည်။ ဖိအားကျဆင်းမှု(pressure drop) အများဆုံးသောလမ်းကြောင်းကို “Critical Path” ဟုခေါ်သည်။ တစ်ခါတစ်ရံ ဒီဇိုင်းပြုလုပ်နေစဉ် critical path သည် ပြောင်းလဲ နေတတ်သည်။

(၄)

Critical path တစ်လျှောက်ရှိ duct fitting များ၏ local loss coefficient ကို တတ်နိုင်သမျှ နည်းအောင် ပြုလုပ်ပါ။

(၅)

Air duct system ၏ characteristics များကို အခြေခံ၍ duct အရွယ်အစားရွေးချယ်နည်းများ(sizing methods)ကို ရွေးချယ်ပါ။ Duct system  ၏ space available ၊ noise ၊  energy use  နှင့် initial cost တို့ကို အခြေခံ၍ maximum design air velocity ကို သတ်မှတ်ပါ။ Critical path တစ်လျှောက်ရှိ duct section များ အားလုံး၏ duct အရွယ်အစား တွက်ပါ။

(၆)

Critical path ၏ ဖိအားကျဆင်းမှု(total pressure loss)ကို တွက်ပါ။ Air duct system တစ်ခုလုံး၏ ဖိအားကျဆင်းမှု(total pressure loss)ကို တွက်ပါ။

(၇)

Branch duct များ၏ အရွယ်အစားကို တွက်ပါ။ Junction များ ၊ duct fitting များ ၊ component များ ၏ အရွယ်အစားများကို လိုသလို ပြောင်းလဲ၍ total pressure loss ကို နည်းနိုင်သမျှ နည်းအောင် ပြန်တွက်ပါ။

(၈)

Supply volume flow rate ကို  supply outlet တစ်ခုစီ၏  duct heat gain များအတွင်း ပြန်ညှိ (adjusted) ယူပါ။

(၉)

လိုအပ်လျှင် duct section များ၏ အရွယ်အစားကို ပြန်တွက်(resizes)ပါ။ Total pressure loss ကို ပြန်တွက်ပါ။

(၁၀)

Duct section (paths)များ အားလုံး၏ လေသံ(airborne sound level) နှင့် ဆူညံသံ(noise)များကို တွက်ပါ။ လိုအပ်လျှင် sound attenuator များ တပ်ဆင်ပါ။

၅.၈ Fire Damper

၅.၈.၁ Fire Compartment

Fire compartment ဆိုသည်မှ မီးမကူးအောင် ကန့်သတ် ပိုင်းခြားထားသည့် ဇုန်(zone)ကိုဆိုလိုသည်။ Fire compartment တစ်ခုအတွင်း၌ မီးစတင်လောင်ကျွမ်းပါက တခြား fire compartment များသို့ မီးကူးစက် မလောင်ကျွမ်းနိုင်အောင် ပြုလုပ်ထားသည်။

ပုံ ၅-၃၂ Fire compartment (မီးမကူးအောင် ကန့်သတ် ပိုင်းခြားထားသည့် ဇုန်)

FC4.bmp

ပုံ ၅-၃၃ Fire rated partitions contain fire damage to the compartment of fire origin.

ပုံ ၅-၃၄ မီးတောက်များ duct တစ်လျှောက် စီးကူးမသွားနိုင်အောင် fire damper က ဟန့်တားထားပုံ

Duct အတွင်း၌ မီးတောက်များ ဖြတ်သန်း မသွားနိုင်အောင် fire damper များ တပ်ဆင်ထားသည်။ Duct အတွင်း မီးတောက်များ ဖြတ်သန်းသွားပါက fire damper အတွင်းရှိ ခဲဖြင့်ပြုလုပ်ထားသည် fusible link သည် မီး၏ အပူရှိန်ကြောင့် အရည်ပျော်သွားကာ blade များကျလာပြီး fire damper ကို ပိတ်သွားစေကာ မီးများကို တခြားအခန်းဆီသို့ မရောက်အောင် တားဆီးပေးသည်။

အလျားလိုက် တပ်ဆင်ထားသော (horizontal) duct နှင့် ဒေါင်လိုက် တပ်ဆင်ထားသော (vertical)

duct ဟူ၍ နှစ်မျိုး ရှိသောကြောင့် horizontal fire damper (floor mounted) နှင့် vertical fire damper (duct or wall mounted)ဟူ၍ လည်း နှစ်မျိုး နှစ်စား ကွဲပြားသည်။

အလျားလိုက် တပ်ဆင်ထားသော (horizontal) duct တွင် vertical fire damper ကိုသာ တပ်ဆင် နိုင်သည်။ Fire damper များ၏ မီးဒဏ်ခံနိုင်ခြင်းအဆင့်(fire resisting rating)သည် duct ဖြတ်သွားသည့် အခန်း၏ နံရံများ(wall)နှင့် ကြမ်းခင်းများ(compartment floor)၏ မီးဒဏ်ခံနိုင်ခြင်းအဆင့်(fire resisting rating)ထက် မနိမ့်စေရ။

ပုံ ၅-၃၅  Fire damper များက မီးမပြန့်ပွားအောင် တားဆီးပေးပုံ

“Code of Practice for Fire Precautions in Buildings” တွင် ပါရှိသော စည်းမျဉ်းများနှင့် ကိုက်ညီ ရမည်။

Wall Mounted Fire Damper and Floor Mounted Fire Damper

Floor mounted fire damper များကို အလျားလိုက် ကြမ်းပြင်ပေါ်တွင် တပ်ဆင်ထားသောကြောင့် blade များသည် ကမ္ဘာမြေဆွဲအားကြောင့် အလိုလျှောက် ကျဆင်းလာရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် blade များကို တွန်းပေးရန် အတွက် စပရိန်(spring) တပ်ဆင်ထားရန် လိုအပ်သည်။

Fus link.bmp

ပုံ ၅-၃၆ Horizontal fire damper Multiple Blade ၊ Wall mount or In line Duct Curtain Type

Blade lock.bmp

Floor mount.bmp

http://necc-controls.com/images/category/dampers/damper-position-switches_img_3.jpg

ပုံ ၅-၃၇  Vertical and Horizontal

Floor mounted fire damper

Fusible Links

End of Part 2 of 3

 

 

 

Air Conditioning and Mechanical Ventilation System (Vol. 1) နှင့်သက်ဆိုင်သော ACMV Lecture များ (18 Lectures)
1 Chapter-1 Fundamental and Basic Concept Read
2 Chapter-2 (Part 1 of 3) Understanding Psychrometrics (Part 1 of 3) Read
3 Chapter-2 (Part 2 of 3) Understanding Psychrometrics (Part 2 of 3) Read
4 Chapter-2 (Part 2 of 3) Understanding Psychrometrics (Part 3 of 3) Read
5 Chapter - 3 Air Handling Units (Part 1 of 2) Chapter - 3 Air Handling Units (Part 1 of 2) Read
6 Chapter - 3 Air Handling Units (Part 2 of 2) Chapter - 3 Air Handling Units (Part 2 of 2) Read
7 Chapter - 4 (Part 1 of 3) Cooling Towers (Part 1 of 3) Read
8 Chapter - 4 (Part 2 of 3) Cooling Towers (Part 2 of 3) Read
9 Chapter - 4 (Part 3 of 3) Cooling Towers (Part 3 of 3) Read
10 Chapter - 5 (Part 1 of 3) Air Distribution Systems (Part 1 of 3) Read
11 Chapter - 5 (Part 2 of 3) Air Distribution Systems (Part 2 of 3) Read
12 Chapter - 5 (Part 3 of 3) Air Distribution Systems (Part 3 of 3) Read
13 Chapter - 6 (Part 1 of 3) Fans and Blowers (Part 1 of 3) Read
14 Chapter - 6 (Part 2 of 3) Fans and Blowers (Part 2 of 3) Read
15 Chapter - 6 (Part 3 of 3) Fans and Blowers (Part 3 of 3) Read
16 Chapter-7 ( Part 1 of 3) Ventilation ( Part 1 of 3) Read
17 Chapter-7 ( Part 2 of 3) Ventilation ( Part 2 of 3) Read
18 Chapter-7 ( Part 3 of 3) Ventilation ( Part 3 of 3) Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format