To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Energy Saving > Energy Saving Guide Line > Energy Smart Hotel > > www.acmv.org
Energy Saving > Energy Saving Guide Line > Energy Smart Hotel >


Untitled Document

Energy Smart Hotel
စင်ကာပူအမျိုးသားတက္ကသိုလ် (National University of Singapore) ၏ Energy Sustainability Unit မှ ရေးသား ပြုစုထားသည့် Hotel အဆောက်အဦးများအတွက် Energy Smart Hotel အဆင့်သို့ရောက်ရန်လိုအပ်ချက်များ ဖြစ်သည်။ Energy Smart Hotel အဆင့်ရရှိပြီးသည့် အဆောက်အဦးများအားလုံးသည် တခြားသော သာမန် Hotel အဆောက်အဦးများထက် Engergy Efficiency နှင့် Thermal comfort, Indoor Air Quality, Lighting quality တို့တွင် ပိုမိုမြင့်မားသည် အဆင့်တွင်ရှိသည့်ဟုသတ်မှတ်ခြင်းခံရသည်။

Technical Guide Towards Energy Smart Hotel မှ Technical data ကို ရှင်းလင်းချက်များနှင့်တကွဖော်ပြထားခြင်းဖြစ်သည်။ ထို Technical Guide များသည် Consultant များ၊ ဒီဇိုင်းနာများနှင့်အဆောက်အဦးပိုင်ရှင်များအတွက်အလွန်အသုံးဝင်သည်။

Hotel အဆောက်အဦးတစ်ခုအတွက် Energy Smart Hotel အဆင့်သို့ရောက်ရန် ပထမဆုံးသောလိုအပ်ချက်မှာ (Gross Floor Area) ဖြစ်သည်။ Hotel အဆောက်အဦးတစ်ခု၏ Centrial Air Conditioning ကိုသုံးသည့် ကြမ်းခင်းဧရိယာ မှာ ၁၀၀၀ စတုရန်းမီတာကျော်ရပါမည်။ ၁၀၀၀ စတုရန်းမီတာထက်နည်းသည့် အဆောက်အဦးများသည် အငယ်စားအဆောက်အဦးများအဖြစ်သတ်မှတ်ပြီး Energy Smart Office ရရန် မဖြစ်နိုင်ပါ။ Gross Floor Area ဆိုသည်မှာ အဆောက်အဦးတစ်ခု၏ ပြင်ပ နံရံ များ၏ အတွင်းဘက်မှ ကြမ်းခင်းဧရိယာစုစုပေါင်းကိုဆိုလိုသည်။ ထို ကြမ်းခင်ဧရိယာတွင် လျှောက်လမ်းများ (corridor )၊ စက်ခန်းများ (Mechanical Room) ပါဝင်သည်။
Guest Roomများသည် အနည်းဆုံး Hotel ကြမ်းခင်းဧရိယာစုစုပေါင်း၏ ၄၀%ရှိရပါမည်။ Guest Roomများသည် အနည်းဆုံး အခန်း ၂၀၀ကျော်ရမည်။ Hotel အဆောက်အဦးတစ်ခုဖြစ်သည့်အတွက် စားသောက်ခန်းမများ၊ ချက်ပြုတ်ခန်းများနှင့် ရေကူးကန်တို့ပါဝင်ရမည်။ ထိုအချက်တို့နှင့်ပြည်စုံမှသာ Energy Smart Hotel label ကို ရှိနိုင်သော Building အဖြစ်အကျုံးဝင်သည်။


Occupancy rate သည် Primary Space ၏ ၆၀%ကျော်ဖြစ်ရမည်။


Energy Smart Hotel အဆင့်သို့ရောက်ရန် Chiller Plant ၏ Efficiency မှာ 0.75 kW per Refrigeration Ton ထက်နည်းရမည်။ ဥပမာ ထို အဆောက်အဦး၏ Running Cooling Capacity မှာ 500RT ဖြစ်သည့်အချိန်တွင် Chiller Plant သည် 375 kW (electrical power) ထက်ပို၍ မသုံးစွဲရပါ။ တနည်း ထို Chiller Plant သည် 500 RT ဖြင့်မောင်းနေချိန်တွင် Chillers, Primary Chilled Water Pumps, Secondary Chilled Water Pumps, Condenser Water Pumps နှင့် Cooling Towers အားလုံးတို့သုံးစွဲနေသည့် လျှပ်စစ်စွမ်းအင်စုစုပေါင်း(Electrical Power)သည် 375 kW ထက်ပို၍မသုံးစွဲရပေ။
Car Park Fan , Staircase Fan, Toilet Exhaust Fan နှင့် Mechanical Fan များအားလုံးအတွက် စွမ်အင်သုံးစွဲမူကိုလည်းကန့်သတ်ထားသည်။ Mechanical Fan အားလုံး ၏ စွမ်အင်(W) ကို ထို Mechanical Fan သုံးသည့် ကြမ်းခင်းဧရိယာ စတုရန်းမီတာ (Square Meter)ဖြင်းစား (Divided) လျှင် Mechanical Ventilation Density ကိုသည်။ Mechanical Ventilation Density သည် တစ်စတုရန်းမီတာ လျှင် 3.2 W (Electrical Power) ထက်ပို၍ မသုံးစွဲရပါ။


စွမ်းအင်သုံးစွဲမူကို သတ်မှတ်ထားသလို Thermal Comfort level ကိုလည်းမကျအောင်သတ်မှတ်ထားသည်။
Dry Bulb Temperature သည် 18.0 ထက်ပိုမအေးရန် နှင့် 25.5C ထက်လည်းပိုမပူရန်သတ်မှတ်ထားသည်။ Relative Humidity ကိုလည်း ၇၀%ထက်မပိုရန်သတ်မှတ်ထားသည်။ Air Movement ကို 0.25m/s ထက်မပိုသတ်မှတ်ထားသည်။ Air Movement သည် 0.25m/s ပိုများလေ Comfort level ကျလေဖြစ်ပြီး စွမ်းများများလည်းပိုလိုအပ်လေဖြစ်သည်။ Mean Radiant Temperature သည် Dry Bulb Temperature ထက် 2C ပိုမမြင့်အောင်ထိန်းထားရမည်။


အလင်းရောင်ရရှိမူကိုလည်း နေ့အချိန်၊ ညအချိန်။ နေရာ၊ လုပ်ကိုင်မည့် အလုပ်အမျိုးအစားကို လိုက်၍ သတ်မှတ်ပေးထားသည်။ Entrance Hall နှင့် Dining Rooms ၏ Entrance Hall ၏ Illumination level သည် 200 မှ 500 အတွင်းရှိရမည်ဖြစ်သည်။ Kitchens နေရာ၏ Illumination level သည် 300 မှ 750 အတွင်းရှိရမည်ဖြစ်သည်။

 

 

ဟိုတယ်ခန်းများအတွက် Fresh Air (သို့) Outdoor Air Supply ၁ခန်းလျှင် 15 Liter per second per Room ထက် မနည်းရန် လိုအပ်သည်။ Reception Area (Lobby and Corridor) အတွက် Fresh Air (သို့) Outdoor Air Supply ၁စတုရန်းမီတာလျှင် 0.25 Liter per Second ထက် မနည်းရန် လိုအပ်သည်။ Reception Area (Lobby and Corridor) အတွက် Fresh Air (သို့) Outdoor Air Supply ၁စတုရန်းမီတာလျှင် 2.8 Liter per Second ထက် မနည်းရန် လိုအပ်သည်။ ဟိုတယ်ရှိဆိုင်ခန်းများအတွက် Fresh Air (သို့) Outdoor Air Supply ၁စတုရန်းမီတာလျှင် 1.0 Liter per Second ထက် မနည်းရန် လိုအပ်သည်။

ဟိုတယ်အတွင်းရှိသော လေ၏ သန့်ရှင်းမူ လိုအပ်ချက်များကို လည်းဖော်ပြထားသည်။ ဟိုတယ်အတွင်းရှိလူများသည် အောက်စီဂျင်ကိုရှု၍ကာဘွန်ဒိုင်အောက်ဆိုဒ်ကို ထုပ်လွှင့်သည်။ လေထုအတွင်းတွင် ကာဘွန်ဒိုင်အောက်ဆိုဒ်ပမာဏများလျှင် ကျန်းမာရေးကိုထိခိုက်နိုင်သည်။ PPM သည် ကာဘွန်ဒိုင်အောက်ဆိုဒ်ပမာဏကို တိုင်းသောယူနစ်ဖြစ်သည်။ 1000ppm ထက်မပိုရပေ။ ကာဘွန်မိုနော့ဆိုဒ်ပမာဏများလျှင် ကျန်းမာရေးကိုထိခိုက်နိုင်သည်။0.1 PPM ထက်မပိုရပေ။ Formaldehyde သည် ကော်ဖြင့်ပြုလုပ်သော ပစ္စည်းများမီးလောင်ကျွမ်းခြင်းကြောင့်ဖြစ်ပေါ်လာသည်။ Exhaust Gases များတွင်လည်း Formaldehyde ပါဝင်သည်။ Suspended Particulate matter သည် ဖုန်မှုန့်များ၊ လေထဲတွင်လွင့်နေသည်အမှုန့်များဖြစ်သည်။ Volatile organic compound နံရံသုတ်ဆေးများ။ ကော်ဇောအသစ်များမှထွက်သော အနံဆိုးဖြစ်သည်။ Bacteria နှင့် Fungi တို့သည် အစားအစာဟောင်းများ။ ပုတ်သိုးသည့်အသီးအရွက်များနှင့်စိုစွတ်သည့်အရာများမှဖြစ်ပေါ်လာသည်။


Table 10 သည် Indoor Air Quality Sample ယူရန် အရေအတွက်ကိုဖော်ပြသောဇယားဖြစ်သည်။

Energy Saving Guide Line နှင့်သက်ဆိုင်သော ACMV Lecture များ (2 Lectures)
1 Energy Saving Guide Line Energy Smart Office Read
2 Energy Saving Guide Line Energy Smart Hotel Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format