To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Air Conditioning and Mechanical Ventilation System (Vol. 1) > Chapter - 3 Air Handling Units (Part 1 of 2) > Chapter - 3 Air Handling Units (Part 1 of 2) > > www.acmv.org
Air Conditioning and Mechanical Ventilation System (Vol. 1) > Chapter - 3 Air Handling Units (Part 1 of 2) > Chapter - 3 Air Handling Units (Part 1 of 2) >


Chapter - 3 Air Handling Units (Part 1 of 2) Fundamental and BasicConcept

Chapter - 3 Air Handling Units (Part 1 of 2)

 

Contents

၃.၁ Air Handling Unit (AHU) အမျိုးအစားများ 1

၃.၂ AHU ၏ အစိတ်အပိုင်း (Component) များ 3

၃.၂.၁ Mixing Box. 3

၃.၂.၂ လေစစ် (Air Filter) 4

၃.၂.၃ Heating Coil 6

၃.၂.၄ Cooling Coil 6

၃.၂.၅ Humidifier 6

၃.၂.၆ Fan သို့မဟုတ် Blower 6

၃.၃. Air Handling Unit Technical Data များ 6

၃.၄ Air Handling Unit နှင့် Fire Mode. 10

၃.၅ Cooling Coils နှင့် Heating Coils. 11

၃.၅.၁ Direct expansion coil(DX Coil) 12

၃.၅.၂ Chilled Water Cooling Coil 13

၃.၅.၃ Hot Water Heating Coil 14

၃.၅.၄ Steam Heating Coil 14

၃.၆ Coil အရွယ်အစား (Size) 15

၃.၇ AHU Cooling Coil တည်ဆောက်ပုံ 16

၃.၇.၁ Coil ၏ Row နှင့် Fin များ 17

၃.၈ Dry Coil နှင့် Wet Coil 19

 

ပုံ ၃-၁ Air Handling Unit တစ်ခု အလုပ်လုပ်ပုံကို သက်ဆိုင်ရာ အပူချိန်များ နှင့်တကွ ဖော်ပြထားပုံ

၃.၁ Air Handling Unit (AHU) အမျိုးအစားများ

Air handling unit များကို တည်ဆောက်ပုံ(structure)၊ တပ်ဆင်သည့်နေရာ(location)၊ အေးစေမည့် လေ အမျိုးအစားနှင့် characteristics တို့ကို လိုက်၍ အောက်ပါတိုင်း အမျိုးအစား ခွဲခြားနိုင်သည်။

(က)

Horizontal Unit နှင့် Vertical Unit

(ခ)

Draw-Through Unit နှင့် Blow-Through Unit

(ဂ)

Outdoor Air (or Makeup Air) AHU နှင့် Mixing AHU နှင့်

(ဃ)

Constant Air Volume (CAV) AHU နှင့် Variable-Air-Volume (VAV) AHU တို့ ဖြစ်သည်။

http://www.acmv.org/lecture/images/13-4.jpg

http://www.acmv.org/lecture/images/13-2.jpg

ပုံ ၃-၂ Horizontal unit

ပုံ ၃-၃ Vertical unit

(က) Horizontal နှင့် Vertical Unit

Blower(supply fan)၊ cooling coil နှင့် လေစစ်(filter) တို့ကို တူညီသောအမြင့်(same level)တွင် တပ်ဆင်ထားလျှင် “Horizontal Unit” ဟုခေါ်ဆိုသည်။ Horizontal unit ကို တပ်ဆင်ရန်အတွက် နေရာ ကျယ်ကျယ် လိုသည်။ သို့သော် ပြုပြင် ထိန်းသိမ်းရန်အတွက် လွယ်ကူ အဆင်ပြေသည်။ ကြီးမားသော Air Handling Unit(AHU) များကို “Horizontal Unit” အဖြစ်သာ တပ်ဆင်လေ့ရှိသည်။

Blower သည် cooling coil ၏ အပေါ်တွင် တည်ရှိသောကြောင့် “Vertical Unit” ဟုခေါ်ခြင်းဖြစ်သည်။ နေရာ အခက်အခဲရှိသောကြောင့် AHU blower ကို cooling coil ၏ အပေါ်တွင် ဆင့်၍ တင်ထားလျှင် “Vertical Unit” အဖြစ် သတ်မှတ်နိုင်သည်။ အထိုင်ချရန်နေရာ(foot print)သေးငယ်သောကြောင့် အခန်းကျဉ်းကျဉ်း အတွင်း၌ တပ်ဆင်နိုင်သည်။ သို့သော် ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ရန် ခက်ခဲသည်။ Vertical unit များကို တပ်ဆင် ရန်နေရာ အနည်းငယ်သာ လိုအပ်သည်။ များသောအားဖြင့် အရွယ်အစားသေးငယ်သည့် Air Handling Unit များကို “Vertical Unit” အဖြစ် ထုတ်လုပ်ကြသည်။

(ခ) Draw Through Unit သို့မဟုတ် Blow Through Unit

Draw Through Unit

Blower သည် cooling coil ဘက်မှ လေကို စုပ်ယူသောကြောင့် “Draw Through Unit” ဟုခေါ်သည်။ Supply fan (blower)သည် လေကို coil section သို့ အရင်ဖြတ်သန်းစေပြီးမှ စုပ်ယူသောကြောင့် Draw-Through Unit ဟု ခေါ်ဆိုခြင်းဖြစ်သည်။ ထိုသို့ စုပ်ယူခြင်းဖြင့် coil ၏ fin များ အကြား လေသည် ညီညာစွာ ဖြတ်သွားသည်။ တစ်နည်းအားဖြင့် cooling coil uniform face velocity ရရှိနိုင်သည်။ AHU မှ ထွက်လေ (leaving air)ကို လည်း supply duct ဖြင့် အလွယ်တကူ တပ်ဆင်နိုင်သည်။ “Draw Through Unit” ကို အများဆုံး အသုံးပြုကြသည်။

http://www.acmv.org/lecture/images/13-1.jpg

http://www.acmv.org/lecture/images/13-3.jpg

ပုံ ၃-၄ Draw-Through Unit

ပုံ ၃-၅ Blow Through Unit

Blow Through Unit

Blower သည် လေကို cooling coil ဆီသို့ မှုတ်ထည့်သောကြောင့် “Blow Through Unit ဟု သတ်မှတ်သည်။ တစ်နည်းအားဖြင့် AHU ထဲသို့ ဝင်လာသည့်လေသည် blower ဖြတ်ပြီးမှ cooling coil ဆီသို့ ရောက်ရှိသောကြောင့် “Blow -Through Unit” ဖြစ်သည်။ ပုံ(၃-၅)တွင် ပြထားသည့် အတိုင်း supply fan သည် လေကို cooling coil သို့မဟုတ် heating coil နှင့် လေစစ်(filter)ဆီသို့ မှုတ်သွင်းသောကြောင့် “Blow Through Unit” ဟုခေါ်သည်။ “Blow Through Unit”၏ အားသာချက်သည် supply fan ၏ မော်တာမှ ထွက်လာသော အပူ(heat)ကို coil မှ စုပ်ယူလိုက်သောကြောင့် အခန်း(serving area) အတွင်းသို့ မရောက်တော့ပေ။

(ဂ) Outdoor Air သို့မဟုတ် Makeup Air AHU သို့မဟုတ် Mixing AHU

များသောအားဖြင့် AHU များသည် အခန်းအတွင်းမှလေကို return air အဖြစ် ပြန်လည် စုပ်ယူ လေ့ရှိသည်။ လေကို လည်ပတ်(circulate)စေခြင်း ဖြစ်သည်။ ထိုကဲ့သို့သော unit များကို AHU ဟုသာ ခေါ်ဆိုသည်။ သို့သော် အဆောက်အဦ တစ်ခုလုံးအတွက် လိုအပ်သော သန့်ရှင်းလတ်ဆတ်သည့်လေ(fresh air)ကို အေးအောင် သို့မဟုတ် နွေးအောင်(treat)လုပ်သည့် AHU များကို “Outdoor Air Handling Unit”  သို့မဟုတ် “Makeup Air Handling Unit” သို့မဟုတ် “Pre Cooled Air Handling Unit”  ဟုခေါ်ဆိုကြသည်။

Outdoor air ကို အေးအောင်(treat) ပြုလုပ်သောကြောင့် “Outdoor Air Handling Unit”   ဟု ခေါ်သည်။ အခန်းအတွင်းမှ လျော့နည်းသွားသည့်လေများကို ပြန်ဖြည့်ရန်အတွက် ထားရှိသောကြောင့် “Makeup Air Handling Unit” ဟုခေါ်သည်။ AHU အတွင်းသို့ ထည့်ပေးရန် လိုအပ်သော လေကို မထည့်ခင် ကြိုတင်၍ အေးအောင်ပြုလုပ်သောကြောင့် “Pre Cooled Air Handling Unit”  ဟု ခေါ်သည်။

Outdoor Air AHU ၏ နံရံ ရေသီးခြင်း(condensation) ဖြစ်ပေါ်လေ့ရှိသည်။ ထို ရေသီးခြင်း (condensation)ပြဿနာကို ဖြေရှင်းရန်အတွက် outdoor AHU နံရံများကို နှစ်လက်မ သို့မဟုတ် နှစ်လက်မ ထက် ပိုထူသည့် insulation ဖြင့် ပြုလုပ်လေ့ ရှိသည်။

(ဃ) Constant Air Volume (CAV) AHU သို့မဟုတ် Variable-Air-Volume (VAV) AHU

AHU လေလည်ပတ်နှုန်း(air flow rate)ကို မူတည်၍ “Constant Air Volume(CAV) AHU” သို့မဟုတ် “Variable Air Volume (VAV) AHU” ဟုခွဲခြားထားသည်။ အမြဲတမ်း မပြောင်းလဲသည့် လေလည်ပတ်နှုန်း (constant air flow rate)ဖြင့် မောင်းနေသော AHU ကို “Constant Air Volume Air Handling Unit(CAV AHU)” ဟုခေါ်သည်။

အခန်း ၏ cooling load လိုအပ်ချက်အရ လေလည်ပတ်နှုန်း(air flow rate)လိုအပ်သလို ပြောင်းလဲ၍ မောင်းသည့် AHU ကို “Variable Air Volume Air Handling Unit(VAV AHU)” ဟုခေါ်သည်။ VAV AHU များအတွက် duct များတွင် Variable Air Volume Box (VAV Box)ကို တပ်ဆင်ထားရန် လိုသည်။ Variable Air Volume အကြောင်းကို အခန်း-၉(Chapter-9)တွင် အသေးစိတ် ဖော်ပြထားသည်။

၃.၂ AHU ၏ အစိတ်အပိုင်း (Component) များ

http://www.acmv.org/lecture/images/13-5.jpg

ပုံ ၃-၆ Air Handling Unit တစ်ခုတွင် ပါဝင်သော အစိတ်အပိုင်းများကို ဖော်ပြထားပုံ

၃.၂.၁ Mixing Box

AHU တစ်ခု၏ mixing box သည် အခန်းမှ ပြန်ယူထားသည့်လေ(return air) နှင့် ပြင်ပလေ(outside air) ရောနှောစေရန် အတွက်ပြုလုပ်ထားသည့် အခန်းငယ် ဖြစ်သည်။ Comfort air conditioning အတွက် တပ်ဆင်သော AHU တိုင်း၌ return air နှင့် ပြင်ပလေ(outside air)ရောနှောရန် လိုအပ်သည်။ သို့သော် ပြင်ပလေ ရာနှုန်းပြည့်(100% outside air)သုံးသော AHU များ နှင့် ပြင်ပလေ(outside air) ထည့်ရန် မလိုအပ်သော AHU များတွင် mixing box မလိုအပ်ပေ။ ရောစပ်လိုသည့် return air ပမာဏ နှင့် ပြင်ပလေ (outside air) ပမာဏ ရရှိရန်အတွက် damper များဖြင့် control လုပ်နိုင်သည်။ ရောပြီးသား လေ၏အပူချိန် (mixed air temperature)နှင့် humidity ratio တို့သည် damper ပွင့်နေသည့်အကျယ်(opening position) ပမာဏ နှင့် တိုက်ရိုက် မျဉ်းဖြောင့်အတိုင်း ဆက်သွယ်မှု(linear relationship) မရှိပါ။

ပုံ ၃-၇(က) Air Handling Unit တစ်ခုတွင် ပါဝင်သော အစိတ်အပိုင်းများကို ဖော်ပြထားပုံ

ပုံ ၃-၇ (ခ) Mixing box တွင် damper တပ်ဆင်ထားပုံ

ပုံ ၃-၇ (ဂ) AHU တစ်လုံး၏ အတွင်းပိုင်းပုံ

၃.၂.၂ လေစစ် (Air Filter)

လေစစ်(air filter)များသည် AHU တိုင်း၌ မရှိမဖြစ် ပါဝင်ရမည့် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဝင်လာသည့် return air သို့မဟုတ် outdoor air သို့မဟုတ် mixed air ကို အခန်း(service area)ဆီသို့ အေးအောင် သို့မဟုတ် နွေးအောင်(treat)လုပ်၍ မပို့ပေးခင် တတ်နိုင်သမျှ သန့်စင်အောင်ပြုလုပ်ရန် လိုအပ်သည်။ အသုံးပြုပုံ (application)ကို လိုက်၍ လေသန့်စင်မှု လိုအပ်ချက် ကွဲပြားသည်။ လေသန့်စင်မှု လိုအပ်ချက်ကို လိုက်၍ လေစစ် အမျိုးအစားများ (air filter types) ကွဲပြားကြသည်။

အထက်ပါ လေစစ်(air filter)များ အားလုံးကို “Particulate Media Filter” ဟုခေါ်သည်။  Particulate filter များ၏ efficiency ကို “Dust-Spot Efficiency” သို့မဟုတ် “Minimum Efficiency Reporting Value” (MERV)ဖြင့် ဖော်ပြလေ့ရှိသည်။ Dust-Spot Efficiency ဆိုသည်မှာ  ASHRAE Standard 52.2 အရ လေစစ်(air filter)သည် လေထဲရှိ အမှုန်မည်မျှကို ဖမ်းယူသိမ်းဆည်းနိုင်စွမ်း ရှိသည်ကို ဖော်ပြသည်။  

ပုံ ၃-၈ (က) Disposable Filter

ပုံ ၃-၈ (ခ) Washable Filter

ပုံ ၃-၈ (ဂ) Bag Filter

ပုံ ၃-၈ (ဃ) Electronic Filter

ပုံ ၃-၈ (င) HEPA Filter

ပုံ ၃-၈ (စ) Cartridge filter

Minimum Efficiency Reporting Value(MERV)သည် ASHRAE Standard 52.2 အရ လေထဲရှိ 0.3 မှ 1 micron ပမာဏ အရွယ်အစားရှိသော အမှုန်မည်မျှကို ဖမ်းယူသိမ်းဆည်းနိုင်စွမ်း ရှိသည်ကို ဖော်ပြသည်။

လေစစ်(filter)အမျိုးအစားများကို လိုက်၍ ဖိအား ကျဆင်းမှု(pressure drop) ကွာခြားသည်။

Electronic filter အမျိုးအစားသည် ဖိအားကျဆင်းမှု (pressure drop) အနည်းဆုံးဖြစ်ပြီး electrostatic filter အမျိုးအစား သည် အများဆုံး ဖြစ်သည်။

တစ်ခါသုံးလေစစ်(disposable filter)အမျိုးအစားနှင့် လျှော်ဖွတ်နိုင်သည့် လေစစ်(washable filter) အမျိုး အစားတို့ကို Air Handling Unit များတွင် အများဆုံး အသုံးပြုသည်။

ပုံ ၃-၉ လေစစ်(air filter) အမျိုးအစားကို လိုက်၍ ဖြစ်ပေါ်လာမည့် ဖိအားကျဆင်းမှု (pressure drop)

Air Filtration

Air con ပေးထားသည့် အခန်းအတွင်းရှိ လေကို အမြဲသန့်စင်နေစေရန်အတွက် အမှုန်များ၊ အမှိုက်များ (particulate contaminant)များကို စဉ်ဆက်မပြတ် သန့်စင်(filter)ပေးရမည်။ တစ်နည်းအားဖြင့် လေစစ် (filter)ဖြင့်  စစ်ပြီးသည့် လေများကိုသာ အခန်းအတွင်းသို့ ပို့ပေးရမည်။ Ventilation အတွက် အသုံးပြုသော ပြင်ပလေ(outdoor air)များနှင့် ပြန်လည်အသုံးပြုမည့် indoor air များကို လေစစ်(filter)ဖြင့် သန့်စင်ပေးရမည်။

လေစစ်(filter) များကို Minimum Efficiency Reporting Value (MERV)ဖြင့် အမျိုးအစား ခွဲခြား သတ်မှတ် ထားသည်။ ပြင်ပလေ(outdoor air)ကို pre filter လုပ်မည့် လေစစ်(filter) အမျိုးအစားသည် MERV အဆင့်(၁) သို့မဟုတ် (၁)ထက် ပိုကောင်းစေရမည်။

Mixed air သို့မဟုတ် recirculated air များကို သန့်စင်မည့် လေစစ်(filter)သည် MERV အဆင့်(၅) သို့မဟုတ် အဆင့်(၅)ထက်ပို ကောင်းရစေမည်။ လေစစ်(filter)ဖြင့် သန့်စင်ခြင်း မရှိသော လေများ(unfilter air သို့မဟုတ် bypass air) အခန်းအတွင်းသို့ မရောက်စေရ။ လေစစ်(filter)များကို အလွယ်တကူ စစ်ဆေးနိုင် အောင် ပြုလုပ်ထားရမည်။ အချိန်တိုင်း ကြည့်ရှု စစ်ဆေးနိုင်အောင်၊ ဆေးကြောနိုင်အောင်၊ ပြုလုပ်ထားရမည်။ လေစစ်(filter)များ ဖိအားကျဆင်းမှု(pressure drop)ကို ဖော်ပြသည့်ကိရိယာ ပါရှိရမည်။

Recalculated air များနှင့် mixed air များအတွက် duct spot efficiency 80% ရှိသော လေစစ် (filter)များကိုသာ secondary filter များအဖြစ် အသုံးပြုရမည်။ ထို 80% efficiency ရှိသော လေစစ်(filter) များသည် outdoor air များ အရည်အသွေး(quality) ဆိုးဝါးသည့် အခါမျိုးတွင် အသုံးပြုရန် သင့်လျှော်သည်။ ထို လေစစ်(filter) များကြောင့် duct များကို မကြာခဏ သန့်ရှင်းရေးလုပ်ရန် မလိုအပ်ပေ။

Recalculated air သို့မဟုတ် mixed air သို့မဟုတ် ပြင်ပလေ(outdoor air)များအတွက် secondary filter အသုံးမပြုလျှင် လေစစ်အနု(fine particle)များဖြင့် သန့်စင်ရန် လိုသည်။ Pollution standard index of outdoor သည် (၁၀၀)ကျော်ခဲ့လျှင် လေစစ်အနု(fine particle)များကို သန့်စင်ရန် လိုသည်။

၃.၂.၃ Heating Coil

အအေးပိုင်းဒေသရှိ နိုင်ငံများ၌ တပ်ဆင်သည့် AHU များတွင် heating coil သို့မဟုတ် heater တပ်ဆင် ထားရန် လိုအပ်သည်။ Heating coil မောင်းနှင် လည်ပတ်သည့် ကုန်ကျစရိတ်(operating cost)သည် လျှပ်စစ် အပူပေးစက်(electric heater)ထက် ပိုနည်းသည်။ Heating coil တွင် hot water heating coil နှင့် steam heating coil ဟူ၍ နှစ်မျိုး ရှိသည်။

၃.၂.၄ Cooling Coil

         Cooling coil တွင် chilled water cooling coil နှင့် direct expansion (DX) cooling coil ဟူ၍ နှစ်မျိုး ရှိသည်။

၃.၂.၅ Humidifier

Humidifier သည် ရေငွေ့(moisture)ကို လေ(air)ထဲသို့ ထည့်ပေးသည့် ကိရိယာတစ်မျိုး ဖြစ်သည်။ Humidifier တွင် water-spray humidifier နှင့် steam humidifier ဟူ၍ နှစ်မျိုးရှိသည်။ အေး၍ ခြောက်သွေ့ သောနိုင်ငံများတွင်သာ တပ်ဆင်ရန် လိုသည်။

၃.၂.၆ Fan သို့မဟုတ် Blower

လေများကို လည်ပတ်စေရန်(circulate)အတွက် fan သို့မဟုတ် blower လိုအပ်သည်။ Blower များ အကြောင်းကို အခန်း-၆ (Chapter-6)တွင် အသေးစိတ် ဖော်ပြထားသည်။

၃.၃. Air Handling Unit Technical Data များ

အောက်တွင် Air Handling Unit တစ်လုံး၏ technical data sheet မှ အချက်အလက်များကို  ဥပမာအဖြစ် ဖော်ပြထားသည်။

 

Unit Name AHU 1-1 ၊ Model 70x80

AHU 1-1 သည် AHU တပ်ဆင်အသုံးပြုသည့်နေရာကို ရည်ညွန်းသည့်နံပါတ်(reference number) ဖြစ်သည်။ AHU ထုတ်လုပ်သူက သတ်မှတ်ထားသော မော်ဒယ်(model) အမျိုးအစားသည် YDM 70x80 ဖြစ်သည်။ YDM သည် နှစ်လက်မ insulation အထူရှိသော AHU အမျိုးအစားဖြစ်ပြီး   70x80 သည် AHU ၏ အရွယ်အစား ဖြစ်သည်။ မော်ဒယ်(model)များကို York တံဆိပ် AHU များတွင်သာ တွေ့နိုင်သည်။

 

Unit Configuratioin (Horizontal)

AHU များကို vertical configuration နှင့် horizontal configuration ဟု နှစ်မျိုး ခွဲခြားထားသည်။ Cooling coil ကို အောက်၌ထား၍ blower ကို အပေါ်တွင်ထားလျှင် “vertical configuration AHU” အဖြစ် သတ်မှတ်သည်။ Cooling coil နှင့် blower ကို ကြမ်းတပြေးတွင် (အမြင့်တူညီစွာ) တပ်ဆင်ထားလျှင် “horizontal configuration AHU” အဖြစ် သတ်မှတ်သည်။

http://www.acmv.org/lecture/images/41-1.png

ပုံ ၃-၁၀ AHU blower နှင့် cooling coil

ပုံ ၃-၁၁ AHU Wall casing

Fan သို့မဟုတ် Blower မော်တာ နှင့်သက်ဆိုင်သည့်အချက်အလက်များ (Motor Specification)

         AHU Blower မော်တာနှင့် သက်ဆိုင်သော အချက်အလက်များ(data)ကို အောက်တွင် ဖော်ပြထားသည်။

Blower Type / Blade (DIDW / BACKWARD)

Blower များကို DIDW နှင့် SISW နှစ်မျိုး ခွဲခြားသည်။  DI သည် Double Inlet ၏ အတိုခေါက် ဖြစ်သည်။  ဘေးနှစ်ဘက်စလုံးမှ လေများ blower အတွင်းသို့ ဝင်ရောက်လာသည့် အမျိုးအစား ဖြစ်သည်။ DW သည် Double Width blower wheel ဖြစ်သည်။ SISW သည် Single Inlet Single Width ဖြစ်သည်။ လေများ blower အတွင်းသို့ တစ်ဘက်တည်းမှသာ  ဝင်ရောက်လာနိုင်သည့် အမျိုးအစားဖြစ်သည်။ SW သည် single width blower wheel ဖြစ်သည်။ Blower များ ၏ ဒလက်(blade)ကို “Forward Curve” ၊ “Radial” နှင့် “Backward Curve” ဟု၍ အဓိကအားဖြင့် သုံးမျိုး ခွဲခြားထားသည်။

Wheel Diameter (800 mm)/ Frame K

Blower တွင် တပ်ဆင်ထားသည့် ဘီးအချင်း(wheel diameter)သည် (၈၀၀)မီလီလီတာဖြစ်ပြီး blower ၏ ဖရိမ်(frame) အမျိုးအစားသည် K ဖြစ်သည်။

Discharge (Rear)

AHU များတွင် လေကို မှုတ်ထုတ်နိုင်သည့်နေရာ(discharge) နှစ်နေရာရှိသည်။ “Rear Discharge” နှင့် “Top Discharge” တို့ ဖြစ်သည်။ “Rear Discharge” အမျိုးအစားတွင် AHU ၏ နောက်ဘက်မှ လေကို မှုတ်ထုတ်သည်။ “Top Discharge” အမျိုးအစားတွင် AHU ၏ အပေါ်ဘက်မှ လေကို မှုတ်ထုတ်သည်။

Air Volume = 28,249 CFM (CMH  48,000)

AHU blower မှ ထုတ်ပေးနိုင်သည့် လေပမာဏ(air volume) သည် 28,249 CFM (48,000 CMH) ဖြစ်သည်။ တစ်နာရီလျှင်(၄၈၀၀)ကုဗမီတာနှုန်း (48,000 CMH)ဖြစ်သည်။ “volume flow rate” ဟုလည်း ခေါ်ဆိုလေ့ ရှိသည်။

Total Pressure = 2.83 in. Wg (707 Pa)

AHU blower မှ ထုတ်ပေးနိုင်သည့် ဖိအား(total pressure)သည် 2.83 inch of water column (707 Pa) ဖြစ်သည်။ ထိုဖိအား(total pressure)သည် ဖိအားဆုံးရှုံးမှု(pressure loss)  အားလုံးအတွက် ဖြစ်သည်။ Mixing  box ကြောင့် ဖြစ်ပေါ်သော ဖိအားဆုံးရှုံးမှု(pressure loss)၊ cooling coil ကြောင့် ဖြစ်ပေါ်သော ဖိအား ဆုံးရှုံးမှု(pressure loss)၊ လေစစ်(filter)ကြောင့် ဖြစ်ပေါ်သော ဖိအား ဆုံးရှုံးမှု (pressure loss)၊ AHU အပြင်ဘက်ရှိ duct system အတွက် ဖိအားဆုံးရှုံးမှု(pressure loss) စသည့် ဖိအား ဆုံးရှုံးမှုများ (losses) အားလုံးအတွက် ဖြစ်သည်။

ESP / TSP (Pa) = 1.40  in. Wg (350 Pa) / 2.41 in. Wg (603 Pa)

ESP သည် “External Static Pressure” ၏ အတိုခေါက် ဖြစ်သည်။ TSP သည် “Total Static Pressure” ဖြစ်သည်။ AHU blower မှ ထုတ်ပေးနိုင်သည့် “External Static Pressure” သည် 1.40 inch of water column (350 Pa) ဖြစ်သည်။ Total static pressure သည် 2.41 inch of water column (603 Pa)ဖြစ်သည်။

External/total static pressure သည် AHU blower ၏ ဖိအား(total Pressure)မှ mixing  box ကြောင့် ဖြစ်ပေါ်သော ဖိအားဆုံးရှုံးမှု(pressure loss)၊ cooling coil ကြောင့်ဖြစ်ပေါ်သော ဖိအားဆုံးရှုံးမှု (pressure loss)၊ လေစစ်(filter)ကြောင့် ဖြစ်ပေါ်သော ဖိအားဆုံးရှုံးမှု(filter pressure loss) စသည့် ဖိအား ဆုံးရှုံးမှုများ(pressure losses)ကို နှုတ်ပြီး ကျန်သည့် ဖိအား(pressure) ဖြစ်သည်။ External/total static pressure သည် duct friction loss များ၊ supply air grill များ နှင့် diffuser ကြောင့်ဖြစ်ပေါ်သော ဖိအား ကျဆင်းမှု(pressure drop)များနှင့် damper ကြောင့်ဖြစ်ပေါ်သော ဖိအားကျဆင်းမှု(pressure drop)များ အတွက် ဖြစ်သည်။

Altitude / Temperature = 0(0)/ 68.9(20.5)

AHU တပ်ဆင်အသုံးပြုမည့် နေရာသည် ပင်လယ်ရေပြင်(sea level)အမြင့်နှင့် တူညီသည် ဟုဆိုလိုသည်။

Fan Speed (RPM) = 1019

AHU blower ဝင်ရိုး၏ လည်ပတ်နှုန်း(RPM)သည်  တစ်မိနစ်လျှင် အပတ်ရေ(၁၀၁၉) ဖြစ်သည်။

Motor Type /Poles = TEFC - IP55 / 4

       မော်တာအမျိုးအစားသည် TEFC ဖြစ်သည်။ TEFC သည် "Totally Enclosed, Fan Cooled" ၏ အတိုခေါက် ဖြစ်သည်။ တစ်နည်းအားဖြင့် မော်တာ ကွိုင်(winding) သည် မော်တာအိမ်(enclosure)အတွင်း၌ ရှိပြီး ပန်ကာ(fan)ဖြင့် မော်တာကို အေးအောင် ပြုလုပ်ထားသည်။ IP55 သည် motor enclosure ၏ rating (protection against solid and Liquid )ကို ဆိုလိုသည်။ မော်တာအခန်းတွင် အသေးစိတ် ဖော်ပြထားသည်။

Absorbed Fan / Motor Power kW = 13.50 kW / 16.20 kW

         Absorbed power သည် blower ၏ ဝင်ရိုး(shaft)လည်ရန်အတွက် လိုအပ်သော စွမ်းအား(power) ဖြစ်သည်။ မော်တာသည် blower ကို ပန်ကာကြိုး(belt)ဖြင့် မောင်းသည်။ Belt drive ဖြစ်သည်။ Belt drive များ တွင် slip ဖြစ်လေ့ရှိသည်။ ထို့ကြောင့် belt drive များတွင် စွမ်းအင်ပေးပို့ရာတွင် ဖြစ်ပေါ်သောဆုံးရှုံးမှု (transmission loss) ရှိသည်။ မော်တာစွမ်းအား(motor power)သည် absorbed power ထက်များ ရမည်။ ဤ AHU တွင် AHU blower’s shaft power 13.50 kW ရရှိရန်အတွက် မော်တာစွမ်းအား (motor power)သည် 16.20 kW ဖြစ်ရန် လိုအပ်သည်။

Recommended Motor = 18.50 kW

        Recommended motor 18.5kW သည် မော်တာ အရွယ်အစား(size)ကို ဆိုလိုသည်။ ဤ AHU လိုအပ်သော မော်တာစွမ်းအား(motor power)သည် 16.2kW ဖြစ်သော်လည်း ဈေးကွက်တွင် 16.20 kW မော်တာအရွယ်အစား မရှိပါ။ ထို့ကြောင့် 18.5kW မော်တာကို တပ်ဆင်ရန် တိုက်တွန်းခြင်း (recommendation) ဖြစ်သည်။ 18.5kW မော်တာ မရနိုင်လျှင် 22.0kW မော်တာ တပ်ဆင်မောင်းနိုင်သည်။ ထို့ကြောင့် recommend စာလုံးကို သုံးခြင်းဖြစ်သည်။ သို့သော် 15.0 kW ကို အသုံးပြုရန် မသင့်လျော်ပေ။ ဈေးကွက်တွင် ရရှိနိုင်သော မော်တာအရွယ်အစား(motor size)များသည် 3.0 kW ၊ 4.0 kW ၊ 5.5 kW ၊ 7.5  kW ၊ 11.0 kW ၊ 15.0  kW ၊ 18.5 kW ၊ 22.0 kW ၊ 37kW ၊ 45kW ၊ 55kW စသည် တို့ဖြစ်သည်။

Motor Safety Allowance = 20 %

မော်တာ အရွယ်အစားရွေးချယ်ရာတွင် safety allowance အဖြစ် ၂၀% ပိုထားသည်။

Electrical supply = V-ph-Hz (380-415 V / 3ph / 50 Hz)

ထို AHU blower ၏ မော်တာကို မောင်းရန် လိုအပ်သော လျှပ်စစ်ဓာတ်အား(electrical power supply)သည် (၃၈၀)မှ (၄၁၅)ဗို့အား(voltage) အတွင်း ဖြစ်ရမည်။ Frequency 50 Hz ရှိသော 3 phase power supply ဖြစ်ရမည်။ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် စင်ကာပူနိုင်ငံတို့ တွင် Frequency 50 Hz ဖြစ်သည်။ အခြားနိုင်ငံများ၌ 60 Hz လျှပ်စစ် ဓာတ်အား (electrical power supply)ကို အသုံးပြုသည်။

Fan Discharge Velocity = 13.15 m/s

AHU ၏ လေထွက်ပေါက်(out let)မှ ထွက်သွားသည့် လေအလျင်(discharge velocity)သည် တစ်စက္ကန့်လျှင် (၁၃.၁၅)မီတာနှုန်း (13.15 m/s)ဖြစ်သည်။ Discharge velocity များလွန်းလျှင် အသံ အလွန် ဆူညံသည်။

Total Fan Efficiency = 69.79 %

Fan သို့မဟုတ် blower ၏ total fan efficiency သည် 69.79% ဖြစ်သည်။ (Fan ၏ total efficiency သည် ၇၅% ထက်ကျော်လျှင် ပိုကောင်းသည်။)

Transmission Specification

Pulley Type/Grooves = SPB/2

http://www.acmv.org/lecture/images/41-3.jpg

http://www.acmv.org/lecture/images/41-4.jpg

Pulley အမျိုးအစားသည် မြောင်းနှစ်မြောင်း(2 grooves) ပါသော SPB Pulley ဖြစ်သည်။ ပူလီ(pulley) အသုံးမပြုသော direct drive များလည်းရှိနိုင်သည်။

ပုံ ၃-၁၂ Pulley

Fan / Motor Pulley  Ø = mm 335 mm / 236 mm

Fan သို့မဟုတ် blower ဘက်တွင် တပ်ဆင်ထားသော ပူလီ၏အချင်း(pulley diameter)သည် 335 mm ဖြစ်ပြီး မော်တာဘက်တွင် တပ်ဆင်ထားသော ပူလီ၏အချင်း(pulley diameter)သည် 236 mm ဖြစ်သည်။ ထို pulley အရွယ်အစားနှစ်ခု အရ မော်တာ၏ အပတ်ရေ(RPM)သည် (၁၄၅၀) ဖြစ်လျှင် fan (blower)၏ အပတ်ရေသည် (၁၀၂၁) ဖြစ်သည်။(slip ဖြစ်မည့် အပတ်ရေ(RPM)ကို ထည့်မတွက်ခဲ့လျှင်)

Belt Length = 2000 mm

Fan (blower)၏ pulley နှင့် မော်တာ၏ pulley ကို ချိတ်ဆက်ထားသော ဘဲလ်ကြိုး(belt) ၏ အရှည်သည် 2000 mm ဖြစ်သည်။ Sound Level Data များ

OUTLET IN-DUCT SOUND PWR

dB(A)95

 

OUTLET IN-DUCT SOUND PWR

dB 125 Hz 95

 

PER OCTAVE BAND UNIT

250 / 500 Hz

97 / 94

 

1k / 2k Hz

67 / 62

 

4k / 8k Hz

76 / 68

AIRBORNE SOUND POWER

dB(A)74

 

AIRBORNE SOUND POWER

dB 125 Hz 85

 

PER OCTAVE BAND UNIT

250 / 500 Hz

77 / 69

 

1k / 2k Hz

91 / 85

 

4k / 8k Hz

45 / 34

၃.၄ Air Handling Unit နှင့် Fire Mode

အဆောက်အဦ၏ M&E System  များတွင် မောင်းနှင်လည်ပတ်(operate)ရန် အတွက် “Normal Mode” နှင့် “Fire Mode” ဟူ၍ ခွဲခြား သတ်မှတ်ထားသည်။ “Normal Mode” ဆိုသည်မှာ အဆောက်အဦ တစ်ခု၏ လုပ်ငန်းများ ထုံးစံအတိုင်း ပုံမှန် လည်ပတ်နေချိန်ကို ဆိုလိုသည်။ “Fire Mode” ဆိုသည်မှာ အဆောက်အဦတစ်ခုသည် မီးလောင်ခြင်းခံနေရချိန် သို့မဟုတ် မီးလောင်ခံရရန် အန္တရာယ် ရှိနေချိန်ကို ဆိုလို သည်။ အဆောက်အဦတစ်ခု အတွင်းရှိ fire alarm panel တစ်ခုခုမှ(sub fire alarm panel ဖြစ်စေ ၊ main fire alarm panel ဖြစ်စေ) activated ဖြစ်ပါက  “Fire Mode” သို့ ရောက်ရှိသည်ဟု သတ်မှတ်သည်။

Fire alarm panel တစ်ခုသည် အောက်ပါ အကြောင်းများကြောင့် activation ဖြစ်နိုင်သည်။

(က)

Smoke detector သို့မဟုတ် heat detector တစ်ခုခု သည် activate ဖြစ်ပါက fire alarm panel activate ဖြစ်လိမ့်မည်။

(ခ)

Sprinkler flow switch activate ဖြစ်ပါက fire alarm panel activate ဖြစ်လိမ့်မည်။ Sprinkler တစ်ခုခု သည် ပေါက်သွားသောကြောင့် ရေဆုံးရှုံးမှု(water loss)ဖြစ်ကာ sprinkler flow switch activate ဖြစ် သည်။

(ဂ)

Manual call point ကြောင့်လည်း fire alarm panel activate ဖြစ်လိမ့်မည်။

(ဃ)

FM200 discharge ဖြစ်ခြင်းကြောင့်လည်း fire alarm panel activate ဖြစ်လိမ့်မည်။

(င)

Fire alarm panel activate ဖြစ်စေသော တခြားသော အကြောင်းတစ်ခုခုကြောင့်လည်း ဖြစ်နိုင်သည်။

အဆောက်အဦတစ်ခုသည်  “Normal Mode”  မှ “Fire Mode” သို့ ရောက်ရှိသွားပါက ACMV System သည် အောက်ပါ လုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်သည်။

(က)

Air Handling Unit(AHU) များ အားလုံးကို ရပ်နား(shut down)ရန်

(ခ)

မြေအောက်ကားရပ်နားရန်နေရာ(underground car park)ရှိ fan များအားလုံးသည် မြန်နှုန်းနိမ့်(low speed) မှ မြန်နှုန်းမြင့်(Hi speed)သို့ ပြောင်းမောင်းရမည်။ ကြမ်းခင်းဧရိယာသည် (၁၉၀၀) စတုရန်းမီတာ (1,900 sq. m) ထက်ပိုသည့် မြေအောက် ကားရပ်နားရန် နေရာ (basement car park)များတွင် smoke purging system တပ်ဆင် ထားရန်လိုအပ်သည်။ Smoke purging system သည် အဆောက်အဦ၏ main fire alarm panel မှ activated ဖြစ်သည့် အခါ 6 Air Change per Hour(6 ACH) လေလည်ပတ် နှုန်းမှ 9 Air Change per Hour(9 ACH)သို့ ပြောင်းမောင်းရန် လိုအပ်သည်။                   

(ဂ)

Staircase Pressurization Fan များအားလုံးသည် pressurization mode ဖြင့် မောင်းနေရမည်။ ထို့အပြင် တခြားသော Code of Practice for Fire Precautions in Building များကိုလည်း လိုက်နာရန် လိုအပ်သည်။

၃.၅ Cooling Coils နှင့် Heating Coils

Cooling coil သည် Air Handling Unit ၏ အဓိက အစိတ်အပိုင်း တစ်ခုဖြစ်သည်။ Coil များ ၏ အဓိက လုပ်ဆောင်မှု(function)သည် အပူကူးပြောင်း(heat transfer)အောင် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ Coil များ ကို အပူဖလှယ်သည့် ကိရိယာများ(heat exchangers) ဟုလည်းခေါ်သည်။ Air Handling Unit ၏ cooling coil အလုပ်လုပ်ပုံသည် နားလည်ရန် လွယ်ကူသည်။  Air Handling Unit ၏ cooling coil အကြောင်း နားလည်လျှင် ကျန်အမျိုးအစား အားလုံးကို နားလည်နိုင်သည်။ Chilled-water cooling coil များသည် plate-fin-tube heat exchanger အမျိုးအစားများ ဖြစ်ကြသည်။ အကြီးစား အဆောက်အဦများတွင် လေကိုအေးအောင်(cooling) ပြုလုပ်ခြင်း နှင့် ရေငွေ့ဖယ်ထုတ်ခြင်း(dehumidification) ပြုလုပ်ရန် အတွက် cooling coil ကို အများဆုံး အသုံးပြုကြသည်။

Air Handling Unit တွင် cooling coil နှင့် heating coil ဟူ၍ နှစ်မျိုး ရှိသည်။

Air Handling Unit ၏ coil အမျိုးအစားများ

Cooling Coil

Heating Coil

Chilled water cooling coil

Hot water heating coil

Direct expansion cooling coil (DX coil)

Steam heating coil

Chilled water cooling coil သည် အေးသည့်အရည်(cold fluid) [ဥပမာ-chilled water] နှင့် ပူသည့်လေ(hot fluid) [ဥပမာ-return air]တို့ နှစ်ခုအကြားတွင် အပူဖလှယ်မှု(heat exchange)ဖြစ်အောင် ဆောင်ရွက် ပေးသည်။ တစ်နည်းအားဖြင့်  ပူသည့်လေ(hot fluid)[ဥပမာ-return Air]မှ အပူ(heat)များသည် coil မှတစ်ဆင့် အေးသည့်အရည်(cold fluid)[ဥပမာ-chilled water]ဆီသို့ စီးဆင်းသွားသည်။ အပူ(heat)သည် အပူချိန်(temperature) မြင့်သည့် နေရာမှ  အပူချိန်(temperature)နိမ့်သည့် နေရာသို့ စီးဆင်းလေ့ရှိသည်။ လေထဲမှ အပူများ(sensible heat နှင့် latent heat)ကို AHU ၏ cooling coil မှ တဆင့် ဖယ်ထုတ်(remove) သည်။

Coiling coil သည် Air Handling Unit တွင် မရှိမဖြစ် ဝင်ပါသည့် အစိတ်အပိုင်း(essential part) ဖြစ်သည်။ Heating coil သည် Air Handling Unit ၏ optional item ဖြစ်သည်။ အအေးပိုင်း ဒေသများတွင်သာ heating coil ကို အသုံးပြုရန် လိုအပ်သည်။

Hot water coil နှင့် steam coil ဟူ၍ heating coil နှစ်မျိုးရှိသည်။ Hot water coil သည် အေးသည့် fluid(return air)နှင့် ပူသည့် fluid(hot water)တို့ အတွင်း အပူဖလှယ်ခြင်း(heat exchange) ဖြစ်အောင် ဆောင်ရွက်ပေးသည်။ တစ်နည်းအားဖြင့် ပူသည့် fluid (hot water)မှ အပူ (heat)များသည် coil မှ တစ်ဆင့် အေးသည့် fluid (return air)သို့ စီးဆင်းသွားသည်။

Cooling coil ၏ အဓိကတာဝန်သည် လေထဲမှ အပူများကို စုပ်ယူဖယ်ရှားပစ်ခြင်း(removing) နှင့် ရေငွေ့ဖယ်ထုတ်ခြင်း(dehumidification)ဖြစ်သည်။ လေထဲမှာ အပူများကို အေးနေသည့် chilled water သို့မဟုတ် refrigerant မှ စုပ်ယူသွားအောင် cooling coil က ဆောင်ရွက်ပေးသည်။ Cooling coil တွင်လည်း chilled water cooling coil နှင့် direct expansion cooling coil (DX coil)ဟူ၍ နှစ်မျိုး ရှိသည်။ Chilled water ကို အသုံးပြု၍ လေထဲမှ အပူများကို စုပ်ယူလျှင် chilled water cooling coil ဟု ခေါ်ဆို၍ refrigerant ကို အသုံးပြု၍ လေထဲမှ အပူများကို စုပ်ယူလျှင် ထို cooling coil ကို DX (Direct expansion) cooling coil ဟုခေါ်သည်။

ပုံ ၃-၁၃ Cooling coil and heating coil

ပုံ ၃-၁၄ DX(Direct expansion) cooling coil

Chilled water cooling coil များသည် လေ(air) နှင့် ရေ(chilled water) နှစ်ခုအကြား အပူ ကူးပြောင်းခြင်း(heat transfer)ဖြစ်အောင် ဆောင်ရွက်ပေးသော “Heat Exchanger” တစ်မျိုးဖြစ်သည်။ DX (Direct expansion) cooling coil များသည် လေ(air) နှင့် refrigerant အကြား အပူကူးပြောင်းခြင်း(heat transfer) ဖြစ်အောင် ဆောင်ရွက်ပေးသော “Heat Exchanger” တစ်မျိုးဖြစ်သည်။ Plate heat exchanger ၊ shell and tube heat exchanger နှင့် fin and tube heat exchanger ဟူ၍ သုံးမျိုးရှိသည့်အနက်မှ cooling coil များသည် fin and tube heat exchanger အမျိုးအစားများ ဖြစ်ကြသည်။

Cooling coil ၏ အလုပ်လုပ်ပုံကို psychrometrics chart ပေါ်တွင် cooling နှင့် dehumidification process လိုင်းများနှင့်တကွ နားလည်သဘောပေါက်ရန် လိုအပ်သည်။

Fin ငယ်ကလေးများဖြင့် ပြုလုပ်ထားသော coil များတွင် အချို့ သောလေများသည် cooling coil ၏ fin များ သို့မဟုတ် tube များကို မထိဘဲ ဖြတ်သွားသည်။ ထိုသို့ fin များ သို့မဟုတ် tube များကို မထိဘဲ ဖြတ်သွားသည့်လေကို “Bypass Air” ဟုခေါ်သည်။ Bypass ဖြစ်သည့် လေပမာဏကို Bypass Factor(BF)ဟု ခေါ်သည်။ Four-row coil တွင် လေသည် 3.5 m/s နှုန်းဖြင့် ဖြတ်သွားလျှင် ဝင်လာသည့်လေ၏ ၃၀% သည် fin များ သို့မဟုတ် tube များကို မထိဘဲ ဖြတ်သွားသည်။ 30% bypass ဖြစ်သည်ဟု ပြောဆိုကြသည်။ Bypass factor(BF)သည် 0.3 ဖြစ်သည်။ Eight-row coil တွင် လေသည် 1.5m/s ဖြတ်သွားလျှင် 2% သာ bypass ဖြစ်သည်။

၃.၅.၁ Direct expansion coil(DX Coil)

            Coil အတွင်းသို့ဝင်လာသည့် refrigerant သည် အရည်(liquid) ဖြစ်သည်။ Coil အတွင်းရှိ refrigerant အရည်သည် လေမှ အပူများကို စုပ်ယူကာ အငွေ့(vapor)အဖြစ်သို့ phase ပြောင်းလဲသွားသည်။  Refrigerant အပူချိန်ပြောင်းလဲခြင်းမရှိပေ။ Super heat အပူချိန်မှ ကျဆင်းလာသည့် အပူချိန် အနည်းငယ်သာ ပြောင်းလဲသောကြောင့် refrigerant တွင် latent heat of vaporization သာဖြစ်ပေါ်သည်။ အဝင်ပိုက်သည် capillary tube ကလေးများဖြစ်သည်။ အထွက်ပိုက်သည် အရွယ်အစား(diameter)ကြီးသည့် ပိုက်တစ်ချောင်း သာဖြစ်သည်။

အထက်ပါပုံ(၃-၁၄)သည် capillary tube များ ပါရှိသောကြောင့် direct expansion cooling coil  တစ်ခု၏ ပုံ ဖြစ်ကြောင်း သိနိုင်သည်။ လေသည် DX coil အတွင်း refrigerant နှင့် တိုက်ရိုက် ထိတွေ့ နေသောကြောင့် direct expansion cooling coil  ဟုခေါ်ဆိုခြင်း ဖြစ်သည်။

ပုံ ၃-၁၅  DX(Direct expansion) cooling coil

၃.၅.၂ Chilled Water Cooling Coil

Coil အတွင်း၌ အေးသည့် chilled water များဖြင့် ပြည့်နေသောကြောင့် coil တစ်ခုလုံးသည် အေးနေသည်။   ထိုနောက် coil အတွင်းသို့ ဝင်လာသည့်ံန

လေများသည် အေးသည့် coil ၏ fin များနှင့် ထိကာ လေမှ အပူများသည် coil မှ တစ်ဆင့် chilled water ဆီသို့ စီးဆင်းသွားသည်။ ထိုကဲ့သို့ အပူကူးပြောင်း ခြင်းကြောင့် လေ၏ အပူချိန် နိမ့်ဆင်းလာပြီး chiller water ၏ အပူချိန် မြင့်တက်လာသည်။ Chiller water အဝင်ပိုက်(inlet pipe)သည် coil ၏ နိမ့်သည့်ဘက်၌ ရှိရမည်။ Chiller water အထွက်ပိုက် (outlet pipe)သည် coil ၏ မြင့်သည်ဘက်၌ ရှိရမည် ဖြစ်သည်။ Chilled water coil အတွက် ဖိအား ကန့်သတ်ချက်(pressure range)သည် (၁၇၅) မှ (၃၀၀) psig အတွင်းဖြစ်သည်။

ပုံ ၃-၁၆ Chilled water coil (two row)

ပုံ ၃-၁၈ Hot water heating coil

၃.၅.၃ Hot Water Heating Coil

            Coil အတွင်းသို့ အလွန်ပူသည့် hot water ဝင်လာသည်။ ထိုနောက် hot water သည်ံန

လေထဲသို့ အပူများကို စွန့်ထုတ်ကာ ထွက်သွားသည်။ Hot water တွင် အပူဆုံးရှုံးခြင်း(heat loss)ဖြစ်ပေါ်ပြီး လေတွင် အပူ တိုးခြင်း(heat gain) ဖြစ်ပေါ်သည်။  Hot water အဝင်ပိုက်သည် နိမ့်သည့်ပိုက်ဖြစ်ပြီး အထွက်ပိုက်သည် အမြင့်ပိုက်ဖြစ်သည်။

ပုံ ၃-၁၉  Steam heating coil

၃.၅.၄ Steam Heating Coil

Coil အတွင်းသို့ အပူချိန် အလွန်မြင့်သည့် ရေနွေးငွေ့(steam)ဝင်လာသည်။ ထိုနောက် အေးသည့် လေများမှ အပူများကို စုပ်ယူသွားသောကြောင့် ရေနွေးငွေ့(steam)တွင် condensation ဖြစ်ပေါ်ကာ condensate water အဖြစ်သို့ ပြောင်းလဲကာ ရေအဖြစ်ထွက်သွားသည်။ အဝင်ပိုက်သည် steam (vapor form)အတွက် ဖြစ်ကာ အထွက်ပိုက်သည် condensate water အတွက်ဖြစ်သည်။

ပုံ ၃-၂၀ Heating Coil and Cooling Coil

ပုံ ၃-၂၁ Variable Flow and Constant Flow

ပုံ(၃-၂၀)တွင် heating coil နှင့် cooling coil တို့၏ heat exchanger characteristics များကို ဖော်ပြ ထားသည်။ ပုံ(၃-၂၁)တွင် variable flow နှင့် constant flow တို့၏ heat exchanger characteristics များကို ဖော်ပြထားသည်။

ပုံ ၃-၂၂ Counter-flow ၊ Cross-flow နှင့် Parallel-flow

Hot media နှင့် cold media တို့ကို လိုက်၍ flow arrangement သို့မဟုတ် circuit ပုံစံကွဲပြားပုံကို ဖော်ပြ ထားသည်။ Heat exchanger များသည် တည်ဆောက်ထားပုံကို လိုက်၍ counter-flow ၊ cross-flow နှင့် parallel-flow ဟူ၍ အမျိုးအစားများ ကွဲပြားကြသည်။ Flow ပုံစံ ကွဲပြားသောကြောင့် ရရှိနိုင်သည့် efficiency များလည်း ကွဲပြားသည်။ ရရှိနိုင်သည် အမြင့်ဆုံး အပူချိန် နှင့် အနိမ့်ဆုံး အပူချိန် မတူညီကြပေ။

 

၃.၆ Coil အရွယ်အစား (Size)

Coil ၏ အရွယ်အစားသည် လေစီးနှုန်း(air flow or air volume) နှင့် face velocity ပေါ်တွင် မူတည်သည်။  Cooling load အပေါ်တွင် မူမတည်ပေ။ Cooling load သည် coil တွင် ပါရှိသည့် row အရေအတွက် နှင့် fin ကလေးများ အစိတ်အကျဲ FPI(fin per inch)ပေါ်တွင် မူတည်သည်။

            လေစီးနှုန်း(air flow rate)များလျှင် coil ၏ မျက်နှာပြင် ဧရိယာ(face area)လည်းကြီးလာသည်။ ထို့ကြောင့် အရွယ်အစားသည်လည်း ကြီးလာသည်။ အဘယ်ကြောင့်ဆိုသော် face velocity သည် 2.5m/s (500 FPM)ထက်ပို မမြန်အောင် ကန့်သတ်ထားသောကြောင့် ဖြစ်သည်။ Cooling coil ရှိ fin ကလေးများ အကြား ဖြတ်သွားသည့် လေအလျင်(velocity)ကို “Face Velocity” ဟုခေါ်သည်။

Cooling coil များအားလုံး၏ face velocity သည် 2.5m/s (500 FPM)ထက် ပိုမများအောင် ကန့်သတ်ထားသည်။  2.5m/s (500FPM) ထက်ပိုများပါက water carried over ဖြစ်နိုင်သည်။

Cooling coil ရှိ fin ကလေးများ၏ အပူချိန်သည် ဝင်လာသည့်လေ၏ Dew point temperature ထက်နိမ့်အောင် အေးသောကြောင့်) လေများမှ သယ်ဆောင် လာသော ရေငွေ့(water vapor) များသည် condensation ဖြစ်ပေါ်သည်။

ထို condensate water များသည် face velocity ၏ တွန်းအားကြောင့် cooling coil ၏ အောက်ရှိ drain pan ပေါ်သို့မကျဘဲ drain pan ၏ အပြင်ဘက်သို့ ကျော်ကျခြင်း ဖြစ်သည်။ ထိုကဲ့သို့ condensate ရေများ drain pan အပြင်သို့ လွင့်စင်ကျခြင်းကို “Carried Over” ဟုခေါ်သည်။

ပုံ ၃-၂၃ Chilled water cooling coil

Air flow rate (CMH) ကို တည်၍ face velocity 2.5 m/s နှင့် စားလျှင် coil ဧရိယာ(m2)ကိုရသည်။ Coil ၏ အရှည်(length) နှင့် coil ၏ အမြင့်(height)ကို ဆက်တွက်ရန် လိုအပ်သည်။ လေးထောင့် ပုံသဏ္ဌာန်(rectangular) cooling coil နှင့် စတုရန်းပုံသဏ္ဌာန်(square) coil နှစ်မျိုးရှိသည့် အနက် စတုရန်း ပုံသဏ္ဌာန်(square) coil သည် ဧရိယာ တူညီသည့် လေးထောင့်ပုံသဏ္ဌာန်(rectangular) coil ထက် ပိုဈေးကြီးသည်။ Coil တည်ဆောက်ရန် ကုန်ကျစရိတ် ပိုများသည်။

Square ပုံသဏ္ဌာန် coil ပြုလုပ်ရန်အတွက် တိုသော copper tube များစွာ လိုအပ်သည်။ ထို့ကြောင့် တိုသော tube များစွာကို “Welding” သို့မဟုတ် “Brazing” လုပ်ရန် လိုအပ်သည်။  Rectangular ပုံသဏ္ဌာန် coil ဖြစ်ရန်အတွက် ရှည်သော copper tube အနည်းငယ်သာ လိုအပ်သည်။ “Welding” သို့မဟုတ် “Brazing” အနည်းငယ်ကိုသာ လုပ်ရန် “Welding” သို့မဟုတ် “Brazing” လုပ်ရန် လိုသည်။ ထို့ကြောင့် လေးထောင့် ပုံသဏ္ဌာန်(rectangular) cooling coil အကုန်အကျ ပိုများသည်။

Cooling coil ပြုလုပ်ရန် အသုံးများသောူlength to height ratio သည် 2:1 ဖြစ်သည်။ အရှည် နှင့် အမြင့် အချိုးသည် နှစ်ဆ၊ တစ်ဆဖြစ်သည်။

Coil ၏ အရှည်သည်(၄)ပေဖြစ်လျှင် coil ၏ အမြင့်ကို (၂)ပေထက် ပိုမနိမ့်အောင် မပြုလုပ်သင့်ပေ။ မြင့်လွန်းသည့် cooling coil များကိုလည်း မပြုလုပ်သင့်ပါ။ Coil ၏ အမြင့်(height)သည် အလွန်မြင့်လွန်းလျှင် condensate water သည် အမြင့်မှ ကျဆင်းလာချိန်တွင် လေ၏တွန်းခြင်း(high velocity)ကြောင့် drain pan အတွင်းသို့ မကျဘဲ အပြင်သို့ ကျနိုင်သောကြောင့် ဖြစ်သည်။ နေရာ အခက်အခဲကြောင့် coil ၏ အမြင့်(height) များလွန်းပါက coil ငယ် နှစ်ခုအဖြစ် ခွဲပြီးထပ်ထားခြင်းဖြင့် ဖြေရှင်းနိုင်သည်။ Coil နှစ်ခုလုံး၏ အောက်တွင် drain pan တပ်ဆင်ထားရမည်။

ပုံ ၃-၂၄ Cooling Coil တစ်ခုတွင် ပါဝင်သည့် အစိတ်အပိုင်းများ

Chilled water cooling coil တစ်ခုတွင် ပါဝင်သည့် အစိတ်အပိုင်းများကို ပုံ(၃-၂၄)တွင် ဖော်ပြ ထားသည်။ လေ(supply air)သည် coil ၏ ဘယ်ဘက်မှ ဝင်၍ fin ကလေးများ အကြားမှ ဖြတ်သွားသည်။ Chilled water သည် ထိုဝင်လေ၏ ဆန့်ကျင်ဘက်မှ coil ထဲသို့ ဝင်ပြီး ဖြတ်စီးသွားပြီး ဝင်လာသည့် လေကို အေးစေပြီး ရေငွေ့ဖယ်ထုတ်ခြင်း(dehumidification)ဖြစ်စေသည်။ “Cross counter-flow arrangement”ဟု ခေါ်သည်။

၃.၇ AHU Cooling Coil တည်ဆောက်ပုံ

AHU cooling coilကို ပုံ(၃-၂၄)တွင် ပြထားသည့်အတိုင်း ပိုက်ကလေးများ(tubes)နှင့် fin များဖြင့် တည်ဆောက်ထားသည်။ ပိုက်ကလေးများ(tubes) နှင့် fin တို့ကို အပူလျှောက်ကူးမှုကောင်းသော သတ္တုတို့ဖြင့် ပြုလုပ်လေ့ရှိသည်။ Coil ၏ ပိုက်ကလေးများ(tubes)ကို ကြေးနီသတ္တု(copper material)ဖြင့် ပြုလုပ် ထားသည်။  Finကို အလျူမီနီယံသတ္တု(aluminum material)ဖြင့် ပြုလုပ်လေ့ရှိသည်။ ကြေးနီသတ္တု(copper material) ၏ ဓာတုဗေဒ သင်္ကေတသည် “Cu” ဖြစ်သည်။ အလျူမီနီယံသတ္တု(aluminum material)၏ ဓာတုဗေဒ သင်္ကေတသည် “Al” ဖြစ်သည်။ Chilled water cooling coil ၏ header သည် ပိုက်အကြီး တစ်ချောင်းသာ ဖြစ်သည်။

၃.၇.၁ Coil ၏ Row နှင့် Fin များ

Coil ၏ ဘေးဘက်ကို ပေါ်မှကြည့်လျှင် မြင်ရသည့် copper pipe တန်းများ၏ အရေအတွက်ကို “Row” ဟု သတ်မှတ်သည်။ Fins Per Inch(FPI)သည် တစ်လက်မအတွင်းရှိသည့် fin ကလေးများ၏ အရေအတွက် ဖြစ်သည်။ AHU model တူသော်လည်း coil ၏ row နှင့် fin အရေအတွက်များ လျှင် cooling capacity ပိုများ သည်။ သို့သော် coil ၏ row နှင့် fin အရေအတွက်များလျှင် လေခုခံမှုအား(air resistance) များသောကြောင့် blower မော်တာ အားကောင်းရန် လိုသည်။ Row နှင့် FPI (Fins per Inch)တို့ကို မည်ကဲ့သို့ သတ်မှတ်သည်ကို အောက်ပါ ပုံများတွင် လေ့လာနိုင် ပါသည်။ Fin များနှင့် ချိတ်ဆက်ထားသော tube bank တစ်ခုလုံးကို coil ဟုခေါ်ဆိုသည်။ ထို tube bank ကို circuit ငယ်ကလေးများနှင့် ခွဲထားသည်။

ပုံ ၃-၂၅ Cooling coil တစ်ခု တည်ဆောက်ထားပုံကို ဖော်ပြထားသည်။

Fin အမျိုးအစားများ

Cooling coil ၏ pipe header ကို ကြည့်ခြင်းဖြင့် chilled water cooling coil သို့မဟုတ် direct expansion cooling coil(DX coil)ဖြစ်ကြောင်း ခွဲခြားနိုင်သည်။ Chilled water cooling coil ၏ header သည် ပိုက်အကြီး တစ်ချောင်းသာဖြစ်သည်။ Direct expansion cooling coil(DX coil)တွင် refrigerant သည် expansion ဖြစ်ရန် လိုအပ်သောကြောင့် tube ကလေးပေါင်းများစွာဖြင့် တည်ဆောက်ထားသည်။ ထို tube ကလေးများကို “Capillary Tube” ဟုခေါ်သည်။

မျက်နှာပြင်ဧရိယာ(face area)တူသည့် cooling coil နှစ်ခုတွင် row အရေအတွက် တူလျှင် FPI များသည့် cooling coil သည် ပို၍ capacity များသည်။ မျက်နှာပြင်ဧရိယာ(face area)တူသည့် cooling coil နှစ်ခုတွင် FPI အရေအတွက် တူလျှင် row အရေအတွက် များသည့် cooling coil သည် ပို၍ capacity များသည်။

           ပုံ ၃-၂၆(က) Full circuit coil

ပုံ ၃-၂၆(ခ) Half circuit coil

coil6.bmp

ပုံ ၃-၂၇ Chilled water cooling coil operation

ပုံ ၃-၂၈  Fow rows coil

Fin width များလေ tube အရေအတွက် များလေဖြစ်ပြီး(row အရေအတွက် များလေဖြစ်ပြီး) flow passage အခေါက်ရေလည်း များသည်။ Serpentines အရေအတွက် များလေ၊ water circuit ၏ total cross-sectional area များလေဖြစ်ပြီး water volume flow rate လည်းများသည်။

Hellically wound fin(Embeded Fin)

L-footed fin(Wrapped-On Fin)

f = Fins Per Inch

d = Diameter of Tube

D = O.D. of Finned Tube

t = Fin Thickness

ပုံ ၃-၂၉

ပုံ ၃-၃၀

ပုံ ၃-၃၁

 

½ serpentine

4 water circuit

8 passes

4 row

¾  serpentine

6 water circuit

4 and 6 passes

4 row

1 serpentine

8 water circuit

6 passes

6 row

ပုံ ၃-၃၂  Cooling coil ၏ အချက်အလက်များ( serpenitine ၊ circuit ၊ pass ၊ row)ကို ဖော်ပြထားသည်။

 

1½ serpentine

12 water circuit

4 passes

6 row

2  serpentine

19 water circuit

4 passes

8 row

ပုံ ၃-၃၃ Cooling coil ၏ အချက်အလက်များ( serpenitine၊ circuit ၊ pass ၊ row)ကို ဖော်ပြထားသည်။

၃.၈ Dry Coil နှင့် Wet Coil

Cooling coil တစ်ခုသည် sensible cooling process ကိုသာ လုပ်ဆောင်နေလျှင် သို့မဟုတ် လုပ်ဆောင်နေသည့်အခါကို“Dry Coil”ဟုခေါ်သည်။ တစ်နည်းအားဖြင့် ရေငွေ့ဖယ်ထုတ်ခြင်း (dehumiditation) ဖြစ်မနေပါ။ Sensible cooling သာ လုပ်ရန်လိုသည့် လုပ်ငန်းများတွင် dry coil ကို အသုံးပြုကြသည်။ Condensation လည်း မဖြစ်ပေါ်ပေ။ ထို coil ၏ မျက်နှာပြင်(surface) အပူချိန်သည် ဝင်လာသည့် လေ၏ Dew point အပူချိန်(temperature)ထက် မြင့်နေသည့်အခါမျိုး ဖြစ်သည်။ ထိုအခြေအနေ(condition) တွင် condensation မဖြစ်နိုင်ပါ။ ထို sensible cooling process ကို psychrometric chart ပေါ်တွင် ရေပြင်ညီလိုင်း (horizontal line)ဖြင့် ဖော်ပြသည်။

Cooling coil တစ်ခု၏ မျက်နှာပြင်အပူချိန်(surface temperature)သည် ဝင်လာသည့်လေ၏ dew point အပူချိန်(temperature)ထက်နိမ့်သည့်အခါ၌သာ ထို coil ပေါ်တွင် condensation ဖြစ်ပေါ်နိုင်သည်။ တစ်နည်းအားဖြင့် ထို coil တွင် ရေငွေ့ဖယ်ထုတ်ခြင်း(dehumidification) ဖြစ်ပေါ်သည်။

   အခန်း(serving area)မှ cooling load အနည်းငယ်သာ လိုအပ်သောကြောင့် chilled water အနည်းငယ်သာcoil အတွင်းသို့ စီးဝင်သည့် part-load operation သို့မဟုတ် part-load condition အခိုက် cooling coil သည် “Dry Coil” အဖြစ် ဆောင်ရွက်(perform)လုပ်နေသည်။ တစ်နည်းအားဖြင့် ထို coil တွင် ရေငွေ့ဖယ်ထုတ်ခြင်း(dehumidification) မဖြစ်ပေါ်ပေ။

Cooling coil တစ်ခုသည် sensible cooling နှင့် dehumidification process ကို လုပ်ဆောင်နေလျှင် သို့မဟုတ် လုပ်ဆောင်နေသည့်အခါကို “Wet Coil” ဟုခေါ်သည်။ ထို coil ၏ မျက်နှာပြင်အပူချိန်သည်(outer surface temperature of the coil)သည် ဝင်ရောက်လာသည့် လေ၏ Dew point ထက်နိမ့်နေသည့် အခါမျိုး ဖြစ်သည်။ ထိုအခြေအနေ(condition)တွင် လေသည် သယ်ဆောင်ထားသည့် ရေငွေ့များကို ဆက်လက်သယ် ဆောင်နိုင်စွမ်း မရှိတော့သောကြောင့် condensation process ဖြစ်ပေါ် လာသည်။ ထိုအခါ cooling coil သည် condensate water တို့ဖြင့် စိုစွတ်နေသောကြောင့် “Wet Coil” ဟုခေါ်ခြင်းဖြစ်သည်။

COIL5.bmp

ပုံ ၃-၃၄ Cooling and dehumidifying process of coil

အထက်ပါပုံသည် chilled water cooling coil တစ်ခု ၏ temperature gradient ကိုဖော်ပြထားသည်။

ပုံ ၃-၃၅ Chilled water cooling coil

ပုံ ၃-၃၆ Direct expansion cooling coil(DX coil)

Chilled water cooling coil ၌ chilled water တွင် sensible heat gain ဖြစ်သောကြောင့် အထွက်(leaving temperature) အပူချိန်သည် အဝင်အပူချိန်(entering temperature)ထက် ပိုမြင့်သည်။ Direct expansion cooling coil (DX coil)၌ refrigerant တွင် latent heat gain ဖြစ်ပေါ်သောကြောင့် အဝင်နှင့်အထွက် အပူချိန် ပြောင်းလဲမှု အနည်းငယ်သာရှိသည်။ Refrigerant အရည် အဖြစ်မှ refrigerant အငွေ့(vapor) အဖြစ်သို့သာ ပြောင်းလဲသွားသည်။

End of Part 1 of 2.

 

 

Air Conditioning and Mechanical Ventilation System (Vol. 1) နှင့်သက်ဆိုင်သော ACMV Lecture များ (18 Lectures)
1 Chapter-1 Fundamental and Basic Concept Read
2 Chapter-2 (Part 1 of 3) Understanding Psychrometrics (Part 1 of 3) Read
3 Chapter-2 (Part 2 of 3) Understanding Psychrometrics (Part 2 of 3) Read
4 Chapter-2 (Part 2 of 3) Understanding Psychrometrics (Part 3 of 3) Read
5 Chapter - 3 Air Handling Units (Part 1 of 2) Chapter - 3 Air Handling Units (Part 1 of 2) Read
6 Chapter - 3 Air Handling Units (Part 2 of 2) Chapter - 3 Air Handling Units (Part 2 of 2) Read
7 Chapter - 4 (Part 1 of 3) Cooling Towers (Part 1 of 3) Read
8 Chapter - 4 (Part 2 of 3) Cooling Towers (Part 2 of 3) Read
9 Chapter - 4 (Part 3 of 3) Cooling Towers (Part 3 of 3) Read
10 Chapter - 5 (Part 1 of 3) Air Distribution Systems (Part 1 of 3) Read
11 Chapter - 5 (Part 2 of 3) Air Distribution Systems (Part 2 of 3) Read
12 Chapter - 5 (Part 3 of 3) Air Distribution Systems (Part 3 of 3) Read
13 Chapter - 6 (Part 1 of 3) Fans and Blowers (Part 1 of 3) Read
14 Chapter - 6 (Part 2 of 3) Fans and Blowers (Part 2 of 3) Read
15 Chapter - 6 (Part 3 of 3) Fans and Blowers (Part 3 of 3) Read
16 Chapter-7 ( Part 1 of 3) Ventilation ( Part 1 of 3) Read
17 Chapter-7 ( Part 2 of 3) Ventilation ( Part 2 of 3) Read
18 Chapter-7 ( Part 3 of 3) Ventilation ( Part 3 of 3) Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format