To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Air Conditioning > Chiller > Positive pressure machine (R134a) နှင့် Negative Pressure machine (R 123 chiller) > > www.acmv.org
Air Conditioning > Chiller > Positive pressure machine (R134a) နှင့် Negative Pressure machine (R 123 chiller) >


Untitled Document

Chapter-6 Refrigeration Calculation

Positive Pressure Machine (R134a) နှင့် Negative Pressure Machine (R 123 Chiller)
Slide valve ကို အဖွင့်အပိတ် ပြုလုပ်ခြင်းဖြင့် Screw compressor ၏ capacity ကို control ပြုလုပ် နိုင်သည်။ Slide valve ကို compressor ၏ suction side တွင်ရှိပြီး refrigerant စီးဆင်းနှုန်း(flow rate)ကို ထိန်းချုပ်နိုင်သည်။


Screw compressor ၏ ဒီဇိုင်းကို Dr Willis Carrier က ပထမကမ္ဘာစစ် ပြီးခါစတွင် တီထွင်ခဲ့သည်။ Centrifugal compressor သည် refrigerant ၏ kinetic energy ကို တိုးပေးခြင်းဖြင့် refrigerant ၏ ဖိအား(pressure)မြင့်တက်စေသည်။  Refrigerant သည် compressor မှ ထွက်ပြီးနောက် condenser ထဲတွင် expand ဖြစ်ခြင်းအားဖြင့် kinetic energy မှ static pressure အဖြစ်သို့ ပြောင်းလဲသွားသည်။ Compressor နှင့် motor ကို casing  တစ်ခုအတွင်းထည့်ထားပြီး refrigerant gas ဖြင့် motor winding ကို အေးစေ သည်။  ဤကဲ့သို့ အမျိုးအစားကို “Hermetic motor” ဟုခေါ်သည်။  Compressor ၏ winding ကို ambient air ဖြင့် အေးစေလျှင် “open type” ဟုခေါ်သည်။ 


Cooler မှ low pressure gas သည် compressor သို့ ရောက်ရှိလာသည်။  Chiller ၏ cooling  capacity ကို inlet vane ဖြင့်  လိုအပ်သည် cooling  capacity ရအောင် refrigerant ၏ စီးဆင်းနှုန်း(flow rate)ကို ထိန်းချုပ်(regulate) ပေးသည်။ Chiller ၏ loading သို့မဟုတ် cooling  capacity သည် 15% မှ 100% အထိ လိုအပ်သလို မောင်းနှင်နိုင်သည်။  High pressure gas များသည် condenser ထဲသို့ ရောက်ရှိ သွားပြီး condenser မှ အပူ(heat) များကို refrigerant gas မှ စုပ်ယူ သွားသောကြောင့် gas အဖြစ်မှ liquid အဖြစ် ပြောင်းသွားသည်။ ထို liquid refrigerant cooler (evaporator) ဆီသို့ ရောက်ရှိကာ chilled water မှ အပူများကို စုပ်ယူပြန်သည်။


R134A နှင့် R22 refrigerant ကို အသုံးပြုသည့် centrifugal compressor chiller များကို positive pressure machine များဟုခေါ်သည်။  R123 ကို အသုံးပြုသည့် centrifugal compressor chiller များကို negative pressure machine ဟုခေါ်သည်။ Evaporator ၏ pressure အပေါ်တွင် အခြေခံ၍ positive pressure machine သို့မဟုတ် negative pressure machine ဟူ၍ ခွဲခြားခြင်းဖြစ်သည်။ Standard AHRI (ယခင် ARI) rating condition အရ R134a ၏ evaporator pressure မှာ 36.6 psig ဖြစ်သည်။  Condenser pressure 118.3 psig ဖြစ်သည်။  ထို့ကြောင့် မြင့်တက်သွားအောင်လုပ်ပေးရသည့် ဖိအား(total pressure increased) သည် 118.3-36.6=81.7 psig ဖြစ်သည်။ Chiller compressor က မြင့်တက်သွားအောင် ပြုလုပ်ပေးရသည့် ဖိအား(total pressure increased)ကို “Lift”ဟုလည်းခေါ်သည်။ ထို lift မှာ compressor က perform လုပ်ပေးသည့် work done ဖြစ်သည်။


R123 chiller ၏ evaporator pressure သည် -5.81 psig ဖြစ်သည်။ Condenser pressure မှာ 6.10 psig ဖြစ်သည်။ ထို့ကြာင့် lift မှာ 11.91 psig ဖြစ်သည်။ Positive pressure machine(R134a chiller) နှင့် negative pressure machine(R123 chiller) နှစ်မျိုးစလုံး၏ refrigerant စီးဆင်းနှုန်း(flow rate)သည် အနည်းငယ်မျှသာ ကွာခြားသည်။ နှစ်မျိုးလုံး အတွက် 3 lb/min per ton ဖြစ်သည်။ Cooling  1 Refrigeration Ton ရရန်အတွက် chiller ၏ refrigerant flow 3 lb/min လိုအပ်သည်။


R134a ၏ သိပ်သည်းဆ(density)သည် R123 ၏ သိပ်သည်းဆ(density)ထက် ပိုများသောကြောင့် R134A ၏ volumetric သည် R 123 chiller ၏ volumetric flow rate ထက် (၅)ဆပိုနည်းသည်။ Impeller အရွယ်အစားသည် volumetric flow rate ပေါ်တွင် မူတည်သည်။ ထို့ကြောင့် R134a chiller ၏ အရွယ်အစားသည် cooling capacity တူညီသည့် R123 chiller ထက် ပိုသေးငယ်သည်။


R123 chiller compressor ၏ impeller diameter သည် လက်မ(၄၀) ရှိသည်။ 60 Hz လျှပ်စစ် ဓာတ်အားဖြင့် မောင်းလျှင် impeller speed မှာ 3600 rpm ဖြစ်သည်။ R134a chiller compressor ၏ impeller သည် 5” လက်မခန့်သာ ရှိသည်။ Operating speed မှာ 30,000 rpm ခန့်ဖြစ်သည်။  ထို မြန်နှုန်း မြင့်မြင့် (high speed) ရရန်အတွက် gear box ကို အသုံးပြုရန် လိုအပ်သည်။
Positive pressure machine (R134a chiller) များတွင် refrigerant ယိုစိမ့်မှု(leak) ဖြစ်သည့်အခါ condenser နှင့် evaporator pressure နှစ်ခုလုံးသည် atmospheric ထက်မြင့်သောကြောင့် chiller အတွင်း၌ refrigerant loss ဖြစ်ကြောင်းကို သိရှိနိုင်သည်။ သို့သော် negative Pressure machine များတွင် leak ဖြစ်သည်အခါ R123 chiller အတွင်းသို့ atmospheric မှ လေ(air)များ ဝင်ရောက်လာသည်။  လေ(air)နှင့် အတူ ရေငွေ့(water vapor)များနှင့် non condensable gas များ chiller အတွင်းသို့ ဝင်ရောက် လာသည်။  Chiller အတွင်းရှိ non condensable gas များကြောင့် chiller ၏ cooling capacity လျှော့နည်း လာသည်။  အဘယ်ကြောင့်ဆိုသော် compressor သည် non condensable gas များကို ဖိသိပ်(compress) ရသော်လည်း မည်သည့် refrigeration effectiveness ကိုမျှ မရရှိနိုင်သောကြောင့် cooling  capacity ကျဆင်းခြင်း ဖြစ်သည်။


Non condensable gases များကြောင့် chiller ၏ efficiency သည် full load condition ၌ 14% အထိ ကျဆင်းလာနိုင်သည်။ လေထဲမှ ရေခိုးရေငွေ့များနှင့် contaminant များကြောင့် chiller အတွင်းတွင် acid formation ဖြစ်ပေါ်ကာ compressor နှင့် motor winding များကို မောင်းမရအောင် ပျက်စီးစေနိုင်သည်။ အထူးသဖြင့် hermetic မော်တာ များတွင် ပိုဆိုးဝါးသည့် အခြေအနေကို ဖြစ်စေနိုင်သည်။


ထိုပြဿနာများကို ဖြေရှင်းရန်အတွက် negative pressure machine များတွင် purge unit များကို တပ်ဆင်ထားကြသည်။   Purge unit သည် chiller အတွင်းမှ moisture များနှင့် non condensable gas များကို ဖယ်ရှားပစ် နိုင်သည်။ သို့သော် purge unit များသည် 100% efficient မဖြစ်နိုင်။ Purge unit က အချို့သော refrigerant များကိုပါ chiller အတွင်းမှ atmospheric ထဲသို့ ထုတ်ပစ်လေ့ရှိသည်။


အခြားသောနည်းတစ်ခုမှာ negative pressure chiller အချိန်ကြာမြင့်စွာ ရပ်နားထားရန် လိုအပ်လျှင် ယိုစိမ့်ခြင်း(leak)မှ ကာကွယ်ရန်အတွက် evaporator ကို heater ဖြင့် အပူပေးပြီး evaporator pressure ကို atmospheric ထက် မြင့်အောင် ပြုလုပ်ထားသည်။  


Positive pressure chiller များတွင် purge unit မလိုအပ်ပေ။ ယိုစိမ့်ခြင်း(leak)ဖြစ်လျှင် လွယ်ကူစွာ သိအောင်(detect)လုပ်နိုင်သည်။ Negative pressure chiller များတွင် လေ(air)များ နှင့် ရေငွေ့(moisture) များ chiller ၏ lubricant (oil) အတွင်းဝင်သွားသောကြောင့် အချိန်မှန် ပြုပြင်ထိန်းသိမ်းမှု(maintenance) လုပ်ပေးရန် လိုအပ်သည်။

ကောင်းထက်ညွန့် 

Chiller နှင့်သက်ဆိုင်သော ACMV Lecture များ (10 Lectures)
1 Chiller Plant Room Over view of Chiller Plant Room Read
2 Chiller Plant Room Chilled Water System Design (I) Read
3 Chiller Plant Room Chilled Water System Design (II) Read
4 Chiller Plant Room Chilled Water System Design (III) Read
5 Chiller Plant Room Starting Sequence and Shutdown Sequece of Chiller Plant Room Read
6 Chiller Plant Room Chiller Selection Read
7 Chiller Plant Room Chiller Selection -Chiller အရွယ်အစားရွှေးချယ်ခြင်း (၂) Read
8 Chiller Positive pressure machine (R134a) နှင့် Negative Pressure machine (R 123 chiller) Read
9 Chiller Plant Desing and Efficiency Chiller Plant Desing and Efficiency (Full Load) Read
10 Chiller Plant Room Chiller Efficiency ကောင်းစေမည့်နည်းများ Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format