To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
ACMV Engineer > Knowledge > ?????????????????????? ????????????????????????????????????? > > www.acmv.org
ACMV Engineer > Knowledge > ?????????????????????? ????????????????????????????????????? >


Untitled Document

အင်ဂျင်နီယာပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုမည့်သူများအတွက် ရည်ရွယ်ပါသည်။ အထူးသဖြင့် အင်ဂျင်နီယာအဖြစ် လုပ်စားမည့်သူများအတွက်ပါ။

အင်ဂျင်နီယာပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုမည့်သူတစ်ဦး၏ ဝင်ငွေသည် ဘာသာရပ် တစ်ခုကို ကျွမ်းကျင်စွာ တတ်မြောက်မှု အပေါ်တွင် မှုတည်သည်။ ကျွမ်းကျင်မှု အဆင့်မြင့်လေ ဝင်ငွေများလေ ဖြစ်သည်။ ကျွမ်းကျင်စွာ တတ်မြောက်ရန်အတွက် အထောက်အကူပြုပစ္စည်းများနှင့် လေ့ကျင့်ချိန်သည် အဓိကကြသည့် အရာနှစ်ခုဖြစ်သည်။ လေ့ကျင့်ချိန်များလေ ရလဒ်ကောင်းလေဖြစ်သည်။

Florida State University မှ Dr. K. Anders Ericsson သုတေသနတွေ့ရှိချက်အရ ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ရန်အတွက် အထောက်အကူပြုပစ္စည်းများ သာမက ထက်ထက်သန်သန် လေ့ကျင့်ချိန် နာရီပေါင်း တစ်သောင်းကျော် လိုအပ်ကြောင်း ဖော်ပြထားသည်။

သင်ယူခြင်းနှင့် သက်ဆိုင်သည့် အမှန်တရားတစ်ခုမှာ မည်သည့်ပညာရပ်ကိုမဆို သင်ခါစ၌ အရမ်း ခက်ခဲသည်ဟု ထင်မှတ်ကြပြီး အဟန့်အတားတစ်ခုကို ဖြတ်ကျော်ပြီးနောက် သင်ကြားခြင်း၊ လေ့ကျင့်ခြင်း တို့သည် နှစ်သက်စရာ ကောင်းသည့်အရာများ ဖြစ်လာတတ်ကြသည်။ အင်္ဂလိပ်လို “frustration barrier” ဟုခေါ်သည်။ လူတိုင်းလိုလို ထိုအတားအဆီးကို မကျော်လွှားနိုင်ခင်မှာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ၊ အားငယ်စိတ်၊ သိမ်ငယ်စိတ်များ နှင့် ဖြတ်သန်းကြရလေ့ရှိသည်။ ထိုအတားအဆီးများကို လွယ်ကူစွာ ကျော်ဖြတ်နိုင်ရန်အတွက် ဤစာအုပ်သည် အထောက် အကူကောင်း တစ်ခုဖြစ်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။

စာရေးသူကိုယ်တိုင် ကျင့်သုံးခဲ့သည့် လေ့လာနည်းအချို့ကို စာဖတ်သူများအတွက် စကားလက်ဆောင် ပါးချင် ပါသည်။

(၁) သင်ယူမည့်ဘာသာရပ်အတွက် သီးသန့် ကိုယ်ပိုင်မှတ်စုစာအုပ် တစ်အုပ်ထားပါ။ မှတ်သားစရာ ကောင်းသည့် အရာများ၊ မှတ်မိသင့်သည့်အရာများ၊ မကြာခဏ အသုံးပြုရန်လိုသည့်အချက်အလက်များကို ရေးမှတ်ထားပါ။ နားမလည်သည့်အချက်များကိုလည်း ရေးမှတ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် မေးမြန်းနိုင်သည့်သူကို ကြုံဆုံသည့်အချိန်၌ အမှတ်ရနေစေရန် သို့မဟုတ် အလွယ်တကူ အဆင်သင့် ဖြစ်နေစေရန်အတွက် ဖြစ်သည်။ မကြာခဏ ထုတ်ဖတ်ရန်လည်း တိုက်တွန်းလိုသည်။

(၂) နည်းပညာဝေါဟာရများ (technical terms)၏ ဖွင့်ဆိုချက်များကို အဓိပ္ပာယ်နှင့်တကွ နားလည် သဘောပေါက်အောင် မဖြစ်မနေ ကြိုးစားသင့်သည်။ အဓိပ္ပာယ်တစ်မျိုးအတွက် နည်းပညာဝေါဟာရ အမျိုးမျိုး ပြောင်းလဲ သုံးနှုန်းပုံကို သတိပြုသင့်သည်။ ဆိုလိုသည့် အဓိပ္ပာယ်ကို မျက်လုံးထဲတွင် ပုံပေါ်လာအောင် စိတ်ကူးဖြင့် ပုံဖော်ကြည့်သည့် အလေ့အကျင့်ကို ပျိုးထောင်ပါ။

(၃) ACMV ဘာသာရပ်အတွက်ကို လေ့လာရန်အတွက် SI ယူနစ် နှင့် IP ယူနစ် နှစ်မျိုးလုံးကို ကျွမ်းကျင်ရန် လိုအပ်သည်။ ယူနစ်တစ်မျိုးမှ တခြားယူနစ်တစ်မျိုးသို့ လျှင်မြန်စွာ ပြောင်းလဲတတ်အောင် လေ့ကျင့်ပါ။ အထူးသဖြင့် Air Con ၊ M &E ၊ Building service စသည် လုပ်ငန်းများအားလုံးတွင် SI ယူနစ် နှင့် IP ယူနစ် နှစ်မျိုးလုံးကို ကြုံသလို၊ နိုင်ငံ ၊ consultant ကို လိုက်၍ ကြုံသလို အသုံးပြုသည်။

(၄) တစ်ခါတစ်ရံ လက်တွေ့အခြေအနေများတွင် သင်ယူထားသည့် သီအိုရီနှင့် သဘောတရားများအားလုံးသည် ကိုက်ညီလေ့မရှိသည်ကို ကြုံတွေ့ရလိမ့်မည်။ ထိုသို့ မကိုက်ညီရသည့် အကြောင်းများစွာ ရှိသည်။ အဓိက အကြောင်းသည် သီအိုရီ သို့မဟုတ် တွက်ချက်မှုများတွင် ရှိနေသည့် ယူဆချက်များ(assumptions) နှင့် လျစ်လျုရှုမှုများ(neglect)ကြောင့် ဖြစ်သည်။ လုပ်ငန်းခွင် အတွေ့အကြုံများလေ သီအိုရီနှင့် လက်တွေ့ ကွာဟချက်များကို နည်းလည်နိုင်စွမ်း ပိုများလေဖြစ်သည်။

(၅) Engineering system များအားလုံးတွင် အကြောင်းမဲ့ တပ်ဆင်ထားသည့် အရာဟူ၍ တစ်ခုမျှ မရှိပေ။ တပ်ဆင်ထားသည့် အရာအားလုံးနှင့် နေရာများသည် လိုအပ်ချက်ကို လိုက်၍ စနစ်တကျ ဒီဇိုင်းလုပ်ထားသည့် ရွေးချယ်မှုများသာ ဖြစ်သည်။
ဥပမာ- chilled water control valve ကို AHU coil ၏ return ဘက်တွင် တပ်ဆင်ထားခြင်း၊ chilled water supply ပိုက်ကို AHU coil ၏ အောက်ဘက်ပိုက်နှင့် ဆက်ထားခြင်း စသည့် အချက်များ၏နောက်တွင် အဓိက အကြောင်းများ ရှိကြောင်း သိထားပြီး နားလည်နိုင်အောင် လေ့လာအားထုတ်သင့်သည်။

(၆) အလွယ်တကူ နှင့် ထိရောက်စွာ သင်ယူတတ်မြောက်နိုင်သည့် နည်းကောင်းများကို ရှာဖွေလေ့လာပါ။ စိတ်ထဲတွင် ပေါ်လာသမျှ မေးခွန်းများကို အတတ်နိုင်ဆုံး ဖြေကြားပေးနိုင်မည့်သူကို ဆည်းကပ်ခြင်းသည် အလွယ်ကူဆုံး သင်ကြားနည်း ဖြစ်သည်။ သိလိုသည့် မေးခွန်းများကို ရိုးသားစွာ မေးဖြစ်အောင် ကြိုးစား သင့်သည်။

(၇) အခြေခံမှ စ၍ အဆင့်ဆင့် နားလည်နိုင်အောင် ကြိုးစားပါ။ Basic system များကို နားလည်အောင် ကြိုးစားပြီးမှ modify လုပ်ထားသည့် system များ နှင့် အဆင့်မြင့်သည့် system များကို ဆက်လက် လေ့လာပါ။

(၈) စိတ်ဝင်စားမှုတူသည့် အသိမိတ်ဆွေများအောင် မိတ်ဖွဲ့ပါ။ ပညာလိုလားသူ မိတ်ဆွေများနှင့် ဆွေးနွေးခြင်း၊ အတွေ့အကြုံဖလှယ်ခြင်းသည် စာသင်ခန်းတွင် ဆရာထံမှ သင်ယူခြင်း၊ မိမိဘာသာ စာအုပ်ဖတ်ယူခြင်းထက် ပို၍ အကျိုးများသည်။ မိမိနားလည်ထားသည့် အကြောင်းအရာ တစ်ခုကို အစီအစဉ်တကျ ပြန်ရှင်းပြခြင်းသည် မိမိနားလည်ထားသည့် အပိုင်းကို ပို၍ ရှင်းလင်းစွာ၊ စွဲမြဲစွာ မှတ်မိစေနိုင်သည်။

(၉) ဘာသာရပ်ဆိုင်ရာ သင်တန်းများ၊ ဆွေးနွေးပွဲ (seminar)များ၊ လုပ်ငန်းခွင် ဆွေးနွေးပွဲ (workshop) များကို တက်ရောက် လေ့လာပါ။ အင်တာနက်လိုင်းကောင်းလျှင် သင်ယူလိုသမျှ အားလုံးနီးပါကို You Tubeတွင် လေ့လာနိုင်သည်။

(၁၀) အသက်ငယ်စဉ် အလုပ်ရွေးသည့်အခါ ဝင်ငွေများသည့် အလုပ်ထက် အတွေ့အကြုံကောင်းများ စုဆောင်း နိုင်သည့် အလုပ်ကို ဦးစားပေး ရွေးချယ်ပါ။

(၁၁) Air con နဲ့ဆိုင်တဲ့ အလုပ်မရလုပ်ရသေးရင်တော့ တွေ့သမျှ တတ်နိုင်သလောက် ဖတ်ပါ။ မှတ်ပါ။ စဉ်းစားပါ။ Air con နဲ့ဆိုင်တဲ့ အလုပ်ရရင်တော့ အလုပ်နဲ့ဆိုင်သမျှ အားလုံးကို တတ်နိုင်သလောက် လေ့လာပါ။ ဖတ်ပါ။ မှတ်ပါ။ စဉ်းစားပါ။ ပြီးတော့မှ ကိုယ်ကြိုက်နှစ်သက်တဲ့ specialized field တစ်ခု (design, clean room, data center, chiller specialist , energy specialist )မှာ အလုပ်ရအောင်ပြောင်းပြီးတော့ အသေးစိတ် လေ့လာပါ။ ဖတ်ပါ။ မှတ်ပါ။ စဉ်းစားပါ။

ကောင်းထက်ညွန့်

?????????????????????? ????????????????????????????????????? နှင့်သက်ဆိုင်သော ACMV Lecture များ (0 Lectures)
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format