To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Air Conditioning and Mechanical Ventilation System (Vol. 1) > Chapter-2 (Part 2 of 3) > Understanding Psychrometrics (Part 3 of 3) > > www.acmv.org
Air Conditioning and Mechanical Ventilation System (Vol. 1) > Chapter-2 (Part 2 of 3) > Understanding Psychrometrics (Part 3 of 3) >


Chapter-2 Understanding Psychrometrics ( Part 3 of 3) Fundamental and BasicConcept

Chapter-2 Understanding Psychrometrics ( Part 3 of 3)

 

Contents

၂.၁၀ Determining Supply Air Condition. 1

၂.၁၂ Psychrometric Analysis. 3

၂.၁၃ Contact Factor (CF)၊ Bypass Factor (BF)နှင့် Effective Surface Temperature (EST). 5

၂.၁၄ Reheat လုပ်ခြင်း 5

၂.၁၅ Fan မှ ထွက်သော အပူ(Heat)များကြောင့် Fan Heat Gain(FHG) ဖြစ်ပေါ်ခြင်း 6

၂.၁၆ Water Spray into Air Steam (Adiabatic Saturation) 6

၂.၁၇ ရေနွေးငွေ့ထည်ခြင်း (Steam Injection) 7

၂.၁၈ Chilled Water Air Washer 7

၂.၁၉ လေ့ကျင့်ရန် ပုစ္ဆာများ 8

 

၂.၁၀ Determining Supply Air Condition

အခန်းတစ်ခု၏ အပူချိန်သည် ပြင်ပအပူချိန်ထက် နိမ့်နေလျှင် ထိုအခန်းအတွင်းသို့ ပြင်ပမှ အပူများ စီးဝင်သည်။ ထိုအခန်းအား လိုအပ်သောအပူချိန်တွင် ထိန်းထားနိုင်ရန် အတွက် အခန်းအတွင်းသို့ ဝင်ရောက် လာသော အပူ(heat)များကို အဆက်မပြတ် ဖယ်ထုတ်ပေးနေရန် လိုအပ်သည်။ အခန်းအတွင်းသို့ ဝင်ရောက် လာသော အပူများကြောင့် အခန်းအတွင်း၌ အပူတိုးလာခြင်း(heat gain) ဖြစ်ပေါ်သည်။ Cooling load သို့မဟုတ် heat load ဟုခေါ်သည်။ Cooling load သည် cooling ထုတ်ပေးသည့် equipment များအတွက် အသုံးပြုလေ့ရှိသည်။ Heat load သည် အဆောက်အဦများ၏ အပူတိုးလာခြင်း(heat gain)ကို ရည်ညွန်း ပြောဆိုရန် အသုံးပြုသည်။ Room Sensible Cooling Load (RSCL) နှင့် Room Latent Cooling Load(RLCL) ကို အောက်ပါ ညီမျှခြင်းဖြင့် တွက်ယူနိုင်သည်။

ပုံ ၂-၆၁(က) အခန်းအတွင်းသို့ အပူ(heat)များ ဝင်ရောက်လာပုံ

ထိုသို့ အပူများကို စဉ်ဆက်မပြတ် ဖယ်ထုတ်နေရန် အတွက် အပူချိန်နိမ့် (low temperature air)ပြီး RH(%) နည်းသည့် supply air ကို အမြဲမပြတ် ထည့်ပေးရန် လိုအပ်သည်။ ထို့သို့ ပြုလုပ်ခြင်းကို အပူ ဖယ်ထုတ်ခြင်း (heat extraction) ဟုလည်း ပြောလေ့ ရှိသည်။

ပုံ ၂-၆၁(ခ) အပူ(heat)များ ဝင်ရောက်လာပုံ

ဥပမာ - Air con အခန်းတစ်ခု၏ sensible cooling load သည် 55,000 Btu/h ဖြစ်ပြီး latent cooling load သည် 22,000 Btu/h ဖြစ်သည်။ ထိုအခန်းကို 78F Dry Bulb နှင့် 50% RH အခြေအနေတွင် ရှိရန် ဒီဇိုင်း လုပ်ထားသည်။ ထိုအခန်းအတွက် လိုအပ်သော လေစီးနှုန်း(air flow rate)သည် 2000 CFM ဖြစ်လျှင် supply air ၏ Dry Bulb နှင့် Wet Bulb ကို ရှာပါ။

Dry Bulb အပူချိန်တန်ဖိုးကို ရရန် sensible cooling load equation မှ တွက်ယူသည်။

Supply air အပူချိန်(temperature) tS = 78 - 25 = 53F

Humidity ratio တန်ဖိုးကို ရရန် latent cooling load equation မှ တွက်ယူသည်။

Chart မှ WR ၏ တန်ဖိုးကို ဖတ်ယူပါ။ WR = 71 gr w/lb d.a ဖြစ်သည်။

Supply air ၏ humidity ratio သည်

WS = 71 - 16 = 55 gr w/lb d.a

CFM သို့မဟုတ် CMH ကို လိုအပ်သလို အတိုးအလျော့ ပြုလုပ်နိုင်သည်။ Supply air volume flow rate ပြောင်းလဲခြင်းကြောင့် supply air ၏ Dry Bulb ၊ RH (%) သို့မဟုတ် Wet Bulb တို့ကိုလည်း သင့်လျော်သလို ပြောင်းပေးရန် လိုအပ်သည်။

ဥပမာ - CFM တန်ဖိုးများကို ပြောင်းလိုက်လျှင် ထို CFM တန်ဖိုးများနှင့် သင့်လျော်သော supply air condition တို့ကို ရရှိသည်။

Point

Supply Air Flow (CFM)

Supply Air Condition

(F Dry Bulb)

W( gr w / lb d.a)

1

2000

53

55

1A

2500

58

60

1B

3200

62.4

62.6

R

 

78

50%

 

အထက်ပါ Point 1 ၊ 1A နှင့် 1B တို့ကို Psychrometric chart ပေါ်တွင် နေရာချလိုက်လျှင် ထို အမှတ်များ(points) အားလုံးတို့သည် လိုင်းအပေါ်တွင် တည်ရှိနေသည်။

ထိုလိုင်းပေါ်တွင် အခန်း၏ အခြေအနေ(condition) နှင့် ကိုက်ညီ ပြေလည်စေ(satisfied)မည့် supply air ၏ ဂုဏ်သတ္တိများ (properties) တည်ရှိနေသည်။

 

Point R = 78F Dry Bulb နှင့် 50% RH

ပုံ ၂-၆၂

ထိုလိုင်းသည် အလွန် အရေးကြီးသော လိုင်းဖြစ်သည်။ အမှတ်များ(points) အားလုံး ထိုလိုင်းပေါ်တွင် ကျရောက် နေခြင်းသည် တိုက်ဆိုင်မှုတစ်ခု မဟုတ်ပါ။ ထိုလိုင်းကို Sensible Heat Ratio (SHR)လိုင်း ဟု ခေါ်သည်။

တစ်နည်းအားဖြင့် Psychrometric chart ပေါ်တွင် RSHR လိုင်းကို ဆွဲရန်အတွက်

(က)

Room condition (အခန်း လိုအပ်ချက်ကို အဆင်ပြေစေသည့် Dry Bulb သို့မဟုတ် Wet Bulb သို့မဟုတ် %RH တို့ ဖြစ်သည်။)

(ခ)

RSHR အချိုးတန်ဖိုး သို့မဟုတ် RSHR slop သို့မဟုတ် Sensible Heat Factor(SHF) တို့ လိုအပ်သည်။

ထို RSHR slop လိုင်းကို room condition ပေါ်တွင် ဖြတ်ဆွဲလျှင် RSHR လိုင်းကို ရသည်။

Supply air condition အမျိုးမျိုးကို အသုံးပြုနိုင်သော်လည်း ထိုအခန်းကို ပေးမည့် supply air condition သည် RSHR လိုင်းပေါ်တွင် ကျရောက်နေရန် လိုအပ်သည်။ Sensible Heat Ratio (SHR) သို့မဟုတ် Room Sensible Heat Ratio (RSHR) ဆိုသည်မှာ sensible heat နှင့် latent heat အချိုးဖြစ်သည်။

ပုံ ၂-၆၃

ပုံ ၂-၆၄

ထိုအခန်း၏ အခြေအနေ(condition)ကို ပြေလည်စေ(satisfied)မည့် မည်သည့် supply condition (CFM ၊ Dry Bulb ၊ %RH ၊ WB) မဆို ထို SHR လိုင်းပေါ်တွင် ကျရောက်ရန် လိုအပ်သည်။

RSHR လိုင်း၏ အဓိပ္ပာယ် အတိအကျသည် ဒီဇိုင်းလုပ်မည့် room design condition ကို ဖြတ်သွားမည့် Room Sensible Heat Ratio (RSHR) slope လိုင်းသည် RSHR လိုင်း ဖြစ်သည်။

ဥပမာ - ဟန်ဘာဂါဆိုင် တစ်ဆိုင်၏ sensible cooling load သည် 45,000 Btu/hr ဖြစ်ပြီး latent cooling load မှာ 15,000 Btu/hr ဖြစ်သည်။ ထိုအခန်းသည် 77F Dry Bulb နှင့် 75%RH အခြေအနေတွင် ရှိရန် လိုအပ်သည်။ RSHR Line ကို Psychrometric chart ပေါ်တွင် ရေးဆွဲပါ။

ထိုသို့ chart ပေါ်တွင် RSHR လိုင်းကို ရေးဆွဲရန် အတွက် အဆင့် သုံးဆင့် ရှိသည်။

(၁)

RSHR တန်ဖိုးကို ညီမျှခြင်း(equation)မှ တွက်ယူပါ။

(၂)

ပုံ(၂-၆၃)တွင် ဖော်ပြထားသည့်အတိုင်း chart ပေါ်တွင် SHR စကေးလိုင်းပေါ်တွင် 0.75 slope လိုင်းကို နေရာချပါ(locate)လုပ်ပါ။ SHR စကေး အတွက် Guide Point ရှိသည်။ Guide Point သည် 80F Dry Bulb နှင့် 50%RH ဖြစ်သည်။ Guide point နှင့် SHR 0.75 ကိုဖြတ်သည့် guide line ကို ရေးဆွဲပါ။

(၃)

Room condition point ကိုဖြတ်သည့် guide point နှင့် မျဉ်းပြိုင်ဖြစ်သည့် လိုင်းကို ဆွဲပါ။ ထိုလိုင်းသည် RSHR လိုင်းဖြစ်သည်။

ထို RSHR လိုင်းသည် အဓိပ္ပာယ်ဖွင့်ဆိုချက်(definition)မှ သတ်မှတ်ထားသော အချက် နှစ်ချက်နှင့် ပြည့်စုံသည်။

 

(၁)

ထို RSHR လိုင်းသည် room condition point ကို ဖြတ်သွားသည်။

 

(၂)

ထို RSHR လိုင်းသည် SHR slop တန်ဖိုး 0.75 ရှိသည့် slop လိုင်း နှင့် အပြိုင်ဖြစ်သည်။

ထိုအခန်းကို အေးစေမည့် supply air condition ကို ကြိုက်သလို ရွေးချယ်နိုင်သော်လည်း ထို supply air condition point များအားလုံးသည် RSHR လိုင်းပေါ်တွင် ကျရောက်နေရမည်။ အဘယ်ကြောင့်ဆိုသည် RSHR လိုင်းပေါ်တွင် ကျရောက်နေသည့် supply air condition များ အားလုံး၏ RSHR အချိုးသည် room condition ၏ RSHR အချိုးနှင့် ကိုက်ညီနေသောကြောင့် ဖြစ်သည်။ RSHR လိုင်းများကို air conditioning equipment များ ရွေးချယ်ရာတွင် မဖြစ်မနေ အသုံးပြုကြသည်။ Equipment ထုတ်လုပ်သူများကလည်း RSHR တန်ဖိုးကို ဖော်ပြ လေ့ရှိသည်။

ဥပမာ-ဇူလိုင်လ၏ နေ့တစ်နေ့တွင် စားသောက်ခန်း တစ်ခုတွင် စားသုံးသူများက အခန်းသည် စိုထိုင်းထိုင်း စေးကပ်ကပ်(sticky) ဖြစ်နေသည်ဟု ပြောကြသည်။ ထို့ကြောင့် ဆိုင်မန်နေဂျာက အခန်း၏ အပူချိန်ကို လျှော့ချရန် သာမိုစတက်တွင် temperature setting ကို နိမ့်ချလိုက်သည်။ ထို့နောက် စားသုံးသူ (customer)များ အားလုံးလိုလိုသည် ပါလာသည့် အနွေးထည်ကို ဝတ်ဆင်ကြသည်။ ထို့နောက် စားသုံးသူ (customer)များ အားလုံးလိုလို စားသောက်ခန်းအတွင်းမှ ထွက်ခွာသွားကြသည်။ ဆိုင်မန်နေဂျာမှ သင့်အား တိုင်ပင် ဆွေးနွေး လိုသောကြောင့် အောက်ပါ အချက်အလက်(data)များကို ပေးသည်။

RSCL = 150,000 Btu/hr RLCL = 53,000 Btu/hr

Room design condition = 78F Dry Bulb နှင့် 50%RH

Design supply air = 62F Dry Bulb

Supply air condition (measured) = 61F DB နှင့် 59F WB

အဖြေ - ပုံ(၂-၆၅)တွင် ဖော်ပြထားသည်။

(က)

တိုင်းတာထားသည့် supply air condition သည် 61F DB နှင့် 59F WB ဖြစ်သည်။

(ခ)

RSHR equation အရ RSHR တန်ဖိုးသည် 0.74 ဖြစ်သည်။

(ဂ)

Guide Point ကို ဗဟိုထားပြီး၍ slope တန်ဖိုး 0.74 ရှိသော လိုင်းကို ဆွဲပါ။ ထို RSHR လိုင်း နှင့် အပြိုင်ဖြစ်ပြီး အခန်း၏ ဒီဇိုင်းအခြေအနေ(design condition) ဖြစ်သော 78F Dry Bulb နှင့် 50%RH point ကို ဖြတ်သွားသော RSHR လိုင်းကိုဆွဲပါ။

(ဃ)

Supply air condition point ကို chart ပေါ်တွင် ချကြည့်လျှင် RSHR လိုင်းပေါ်တွင် ကျရောက်နေခြင်း မရှိသည်ကို တွေ့ရမည်။

ထို့ကြောင့် တပ်ဆင်ထားသည့် air condition unit က အခန်းအပူချိန် နှင့် စိုထိုင်းဆ(relative humiday)ကို ပြေလည်(satisfied) အောင် မလုပ်နိုင်သည်ကို တွေ့ရမည်။

62F Dry Bulb အပူချိန်ကို ရရှိရန် thermostat setting ကို adjust လုပ်၍ အခန်းအပူချိန် ကျဆင်းစေနိုင်သော် လည်း လိုအပ်သည့် humidity level ကို မရောက် နိုင်ပေ။ Air condition unit သည် လိုအပ်သော latent heat ကို ကောင်းစွာ မဖယ်ရှားပေးနိုင်ပေ။ အဘယ်ကြောင့် ဆိုသော် supply air condition point သည် RSHR လိုင်းပေါ်တွင် မကျရောက်ဘဲ အခြားလိုင်းအပေါ်တွင် တည်ရှိနေသော ကြောင့် ဖြစ်သည်။

ပုံ ၂-၆၅ Sensible heat ratio line

 

လက်တွေ့တွင် ကြုံတွေ့ရတတ်သော ပြဿနာများမှာ -

(က)

အခန်း၏ SHR နှင့် မကိုက်ညီသော cooling coil ကို အသုံးပြုထားခြင်း

(ခ)

Refrigerant temperature သည် လိုအပ်သည် အပူချိန် ထက်ပိုမြင့် နေခြင်း

(ဂ)

လက်ရှိထည့်ပေးနေသည့် ပြင်ပလေ(outdoor air)ပမာဏ သည် ဒီဇိုင်းလုပ်ထားသည့် ပမာဏထက် ပိုများနေခြင်း တို့ဖြစ်သည်။

ထိုပြဿနာများကို ဖြေရှင်းရန် psychometric chart ပေါ်တွင် graphical နည်းဖြင့် ဆန်းစစ်ခြင်း (analysis)သည် အကောင်းဆုံးသော နည်းလမ်း ဖြစ်သည်။

၂.၁၁ Coil Process လိုင်းများ

Cooling နှင့် dehumidification လုပ်ပေးသည့် coil ကို အတိုခေါက် အားဖြင့် cooling coil ဟု ခေါ်သည်။ Cooling coil အတွင်းသို့ ဝင်လာသည့် လေကို ဝင်လေ(entering air) ဟုခေါ်ပြီး cooling coil မှ ထွက်သွားသည့် လေကို ထွက်လေ(leaving air) ဟုခေါ်သည်။

ပုံ ၂-၆၆ မတူညီသည့် supply air condition နှစ်မျိုးဖြင့် sensible cooling နှင့် latent cooling လုပ်ပုံ

Psychrometric chart ပေါ်တွင် ဝင်လေ(entering air) ၏ condition point နှင့် ထွက်လေ (leaving air)၏ condition point ကို ဆက်၍ ဆွဲထားသည့် မျဉ်းကို Coil Process Line ဟုခေါ်သည်။ Cooling coil စွမ်းဆောင်ရည်(capacity) ဆိုသည်မှာ ထို coil မှ ဖယ်ထုတ်နိုင်သည့် sensible heat ၊ latent heat နှင့် total heat တို့ပင် ဖြစ်သည်။ Coil ၏ စွမ်းဆောင်ရည်(capacity)သည် cooling load ဖြစ်သည်။

လိုင်း၏ ဦးတည်ရာ(coil process line direction)သည် coil ၏ configuration ၊ air velocity နှင့် refrigerant သို့မဟုတ် chilled water ၏ အပူချိန်ပေါ်တွင် မူတည်သည်။ Coil ကြောင့် အမှန်တကယ် ဖြစ်ပေါ်သွားသော ပြောင်းလဲမှုများသည် curve အတိုင်းဖြစ်ပြီး အတိအကျ ရေးဆွဲရန် အလွန် ခက်ခဲသည်။ Coil ၏ process line သည် မျဉ်းဖြောင့်အတိုင်း(straight line)ဖြစ်စေ သို့မဟုတ် curve ဖြစ်စေ၊ ဝင်လေ အမှတ် (entering air point) နှင့် ထွက်လေအမှတ်(leaving air point)တို့ ၏ condition များမှာ မပြောင်းလဲပေ။

ပုံ ၂-၆၇ EST Point

ပုံ ၂-၆၈(က) Cooling coil process

ပုံ ၂-၆၈(ခ) Cooling coil process

Coil process line သည် လက်တွေ့တွင် မျဉ်းဖြောင့် (straight line) အတိုင်း မဖြစ်သော်လည်း cooling coil များကို ရွေးချယ်ရန်၊ cooling coil တစ်ခု၏ စွမ်းဆောင် ရည်(performance)များကို စစ်ဆေးရန် နှင့် ချို့ယွင်းချက် ရှာဖွေခြင်း(trouble shooting) ပြုလုပ်ရန် အတွက် coil ၏ process line ကို မျဉ်းဖြောင့်(straight line)ဖြစ်သည်ဟု ယူဆ တွက်ချက်ကြသည်။

ဥပမာ - Cooling coil တစ်ခုတွင် လေစီးနှုန်း 24,000 CFM ရှိပြီး ဝင်လေ(entering air)၏အပူချိန်သည် 86 F DB နှင့် 73 F WB ဖြစ်သည်။

အထွက်လေ(leaving air)၏ condition သည် 59 F Dry Bulb နှင့် 56F Wet Bulb ဖြစ်လျှင် ထို cooling coil ၏ စွမ်းဆောင်ရည်(capacity)ကို ရှာပါ။

Entering Air Point = Point 2

Leaving Air point = Point 1

Qsensible = 1.1x CFM x (t2 - t1)

= 1.1 x 24,000 x (68-59)

= 734,000 Btu/hr

Qlatent = 0.68 x CFM x (w2 - w1)

= 670,000 Btu/hr

Qtotal = 734,000 + 670,000

= 1,404,000 Btu/hr

= 117 tons

ပုံ ၂-၆၉

 

Enthalpy(h)ကို အသုံးပြု၍ total capacity ကို တိုက်ရိုက်ရှာ နိုင်သည်။

Qtotal = 4.5 x CFM x (h1 - h2)

= 4.5 x 24,000 x (36.8 - 23.8) = 1,404,000 Btu/hr

အောက်ပါ ပုံသေနည်းများဖြင့် တွက်ယူနိုင်သည်။ ယူနစ်(unit) သတိပြုပါ။

IP ယူနစ် ပုံသေနည်း

SI ယူနစ် ပုံသေနည်း

Qs (Btu/h) = 1.1 x CFM x (t2 - t1)F

Qs (watt) = 1.232 x L/s x (t2 - t1)C

QL (Btu/h) = 0.68 x CFM x (W2 - W1)

QL (watt) = 3012 x L/s x (W2 - W1)

QTotal (Btu/h) = 4.5 x CFM x (h2 - h1)

QTotal (watt) = 1.2 x L/s x (h2 - h1)

၂.၁၂ Psychrometric Analysis

အောက်ပါ အချက်အလက်များကို အခြေခံ၍ မိမိ ဒီဇိုင်းလုပ်မည့် supply air condition နှင့် cooling coil capacity တို့ကို တွက်ယူနိုင်သည်။

(၁)

Room sensible and latent heat gain (heat load calculation မှ ရရှိနိုင်သည်။)

(၂)

Outside and inside design condition (တည်နေရာကို လိုက်၍ ကွဲပြားသည်။ Weather data မှ ရရှိနိုင်သည်။)

(၃)

Ventilation(outside air) requirement(အခန်းအမျိုးအစား နှင့် အသုံးပြုပုံကို လိုက်၍ ကွဲပြားသည်။)

(၄)

Supply air ၏ CFM သို့မဟုတ် Dry Bulb တို့ ဖြစ်သည်။

ဒီဇိုင်းလုပ်ရမည့် အခန်းအမျိုးအစား၊ အသုံးပြုပုံ(application)ကို မူတည်၍ supply air CFM နှင့် Dry Bulb တို့ကို သတ်မှတ် ရွေးချယ်ရသည်။ သက်ဆိုင်ရာ application ကို လိုက်၍ ကန့်သတ်ချက်များ(limitation) ရှိတတ်သည်။ Supply air CFM အပေါ်တွင် မူတည်၍ duct အရွယ်အစား(size) ရွေးချယ်ရသည်။ Duct အရွယ်အစား(size) ကြီးမားပါက တပ်ဆင်ရန်နေရာ အခက်အခဲ ဖြစ်နိုင်သည်။ ထို့ကြောင့် staleness သို့မဟုတ် draft စသည့် သက်သောင့်သက်သာ မဖြစ်စေမှု(discomfort)များကို ရှောင်ရန် နှင့် မများလွန်း၊ မနည်းလွန်းသော သင့်လျော်သည့် CFM ကို ရွေးချယ်ရသည်။ လက်တွေ့ ဒီဇိုင်းလုပ်ရာတွင် ASHRAE ၊SMACNA ၊ ANSI နှင့် AISI မှ data များ၊ အကြံပေးချက်(recommendation)များကို မှီငြမ်း ကိုးကားနိုင်သည်။

ကုမ္ပဏီတစ်ခု၏ ရုံးခန်းတစ်ခုကို အောက်ပါ ဒီဇိုင်း data များဖြင့် air conditioning system တစ်ခု တပ်ဆင်ရန် ဖြစ်သည်။

RSCL သည် 740,000 Btu/h ဖြစ်ပြီး RLCL သည် 150,000 Btu/h ဖြစ်သည်။ အခန်းပြင်ပရှိ (outdoor) design condition သည် 94F Dry Bulb နှင့် 75F Wet Bulb ဖြစ်သည်။ အခန်းအတွင်းရှိ (indoor) design condition သည် 78F Dry Bulb နှင့် 50 % RH ဖြစ်သည်။

ပြင်ပလေ(ဝutside air) စီးနှုန်းသည် 6730 CFM ဖြစ်သည်။ Supply air ၏ အပူချိန်ခြားနားချက်(temperature difference)သည် 20F ဖြစ်သည်။ အောက်ပါတို့ကို ရှာပါ။

(က)

Supply air CFM

(ခ)

Supply air conditioning

(ဂ)

Conditioning entering cooling coil

(ဃ)

Cooling coil sensible ၊ latent and total load

Psychrometric နှင့် သက်ဆိုင်သည့် ပြဿနာ(problem)များကို ပုံသေနည်းများဖြင့် တွက်ယူနိုင်သလို schematic diagram များ ရေးဆွဲ၍လည်း တွက်ယူနိုင်သည်။ နည်းနှစ်နည်း စလုံးကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်း၊ ဆန်းစစ်(analyze)နိုင်ခြင်းသည် အလေ့အကျင့်ကောင်း(good practice)များ ဖြစ်သည်။

ပုံ ၂-၇၀ Schematic diagram နှင့် တွဲ၍ Psychrometrics chart ပေါ်တွင် line များ ရေးဆွဲထားပုံ

အခန်းအတွင်းသို့ ပြင်ပလေ(outside air)ထည့်ပေးခြင်းကြောင့် တူညီသည့် ပမာဏရှိသည့် exhaust air ကို ဖယ်ထုတ်ပစ်ရန် လိုအပ်သည်။ လက်တွေ့တွင် exhaust air အတွက် သီးသန့် duct တပ်ဆင်ထားလေ့ မရှိပေ။

(က)

RSCL = 1.1 x CFM3 x (t4-t3)

(ခ)

Dry Bulb3 =78 - 20 = 58F ကျန်သည့် supply air condition ကို ရှာရန်အတွက် RSHR လိုင်းကို chart ပေါ်တွင် ရေးဆွဲရန် လိုအပ်သည်။ လိုင်း ၏ slope ကို ရှာပါ။

(ဂ)

RSHR လိုင်း နှင့် 58F Dry Bulb လိုင်းတို့၏ ဆုံမှတ်/ဖြတ်မှတ်မှ ကျန်သည့် supply air condition ကို ရနိုင်သည်။

Point 3 ၏ WB သည် 56.3F ဖြစ်သည်။

(ဃ)

Cooling coil ၏ အတွင်းသို့ ဝင်လာသော လေ(entering air)သည် return air နှင့် ပြင်ပလေ(outside air)တို့ ပေါင်းထားသည် mixed air ဖြစ်သည်။

Mixed air ၏ ပုံသေနည်းမှာ

Mixing line point 1 မှ point 7 ကို ဆက်၍ မျဉ်းတစ်ကြောင်း ဆွဲပါ။ ထိုလိုင်း နှင့် 81.2F Dry Bulb ဖြတ်မှတ်သည် point 2 ဖြစ်သည်။ Point 2 သည် cooling coil အတွင်းသို့ ဝင်လာသည့်လေ(entering air)၏ အခြေအနေ(condition)ဖြစ်သည်။ WB2 သည် 67.2F ဖြစ်သည်။

(င)

Point 2 သည် ဝင်လေ(entering air) ၏ point ဖြစ်ပြီး point 3 သည် အထွက်လေ(leaving air)၏ point ဖြစ်သည်။ ထို့ကြောင့် point 2 နှင့် point 3 ကို ဆက်လျှင် coil process လိုင်းကို ရရှိသည်။

Coil sensible load မှာ

Qs = 1.1 x CFM 2 x (Dry Bulb2 Dry Bulb3 )

= 1.1 x 33,640 X ( 81.2-58)

= 858,500 Btu /hr

Coil latent load မှာ

QL = 0.68 x CFM2 x (W2 W3)

= 0.68 x 233,640 x (77.5-65.0)

= 286,000 Btu/hr

Total cooling load

Qt = Qs + QL = 1,145,000 Btu/ hr

= 95.4 Refrigeration Ton (RT)

ရရှိသည် အဖြေများကို တခြားနည်းဖြင့်လည်း ပြန်စစ်နိုင်သည်။ ပုံ(၂-၇၀)တွင် ဖော်ပြထားသည့် အတိုင်း

QS(Coil sensible load)သည် hx မှ h3 အထိ အကွာအဝေး(horizontal distance) ဖြစ်သည်။

QS= 4.5 x CFM x ( hx h3 )

= 4.5 x 33,640( 29.8-24.1)

= 862,900 Btu/hr

QL(Coil latent load)သည် h2 မှ hx အထိ အကွာအဝေး(vertical distance) ဖြစ်သည်။

QL = 4.5 x CFM x (h2 hx)

= 4.5 x 33,640 x (31.7-29.8)

= 287,600 Btu/hr

Qt(Total cooling load)သည် h2 မှ h3 အထိ အကွာအဝေး(distance) ဖြစ်သည်။

Qt = 4.5 x CFM x (h2 h3)

= 4.5 X 33,640 x (31.7-24.1)

= 1,150,000 Btu/hr = 95.4 RT

RSHR လိုင်း ၊ mixing air လိုင်း နှင့် coil process လိုင်းတို့ကို ကျွမ်းကျင်စွာ ရေးဆွဲနိုင်ရန် ထပ်ခါထပ်ခါ လေ့ကျင့်ရန် လိုအပ်သည်။

ဤ ဥပမာ အရ cooling coil ၏ load သည် room heat load ထက် ပို၍ များရသည့် အကြောင်းမှာ coil သည် room air အပြင် ပြင်ပလေ၌ရှိနေသည့်အပူ(outside air heat)ကို ဖယ်ထုတ် ပေးရသောကြောင့် ဖြစ်သည်။ ပြင်ပလေ(outside air)တွင် ရှိသောအပူ(heat)ကို ဖယ်ထုတ်ခြင်း(remove)လုပ်ရန် လိုအပ်သော load ကို ပြင်ပလေကြောင့် ဖြစ်ပေါ်သော cooling load သို့မဟုတ် outside air load ဟုခေါ်သည်။

ပြီးခဲ့သည့် ဥပမာများမှ ပြင်ပလေ(outside air)ကြောင့် ဖြစ်ပေါ်သော cooling load ကို ရှာပါ။

QTotal(Outside Air) = 4.5 x CFMOA x (h1 - h5)

= 4.5 x 6730 x (38.6 30.1)

= 257,400 Btu/hr

Cooling coil မှ ဆောင်ရွက်ပေးရမည့် total cooling load သည် အခန်းအတွင်းသို့ စီးဝင်နေသည့် အပူကို ဖယ်ထုတ်ခြင်း(room load)၊ အခန်းအတွင်းမှ ထွက်လာသည့် အပူကို ဖယ်ထုတ်ခြင်း နှင့် အခန်းအတွင်း သို့ ထည့်ပေးရမည့် ပြင်ပလေမှ သယ်ဆောင်လာသည့် အပူကို ဖယ်ထုတ်ခြင်း(outside air load) တို့ ၏ စုစုပေါင်း တန်ဖိုး ဖြစ်သည်။

RSCL = 740,000 Btu/hr

RLCL = 150,000

QTotal(OA) = 257,400

Coil Load = 1,147,000 Btu/hr

၂.၁၃ Contact Factor (CF)၊ Bypass Factor (BF)နှင့် Effective Surface Temperature (EST).

Contact Factor(CF) ဆိုသည်မှာ cooling coil ၏ အေးနေသော မျက်နှာပြင်(surface)ကို ထိပြီး ဖြတ်သန်းသွားသော လေပမာဏကို ဆိုလိုသည်။ Bypass Factor(BF)ဆိုသည်မှာ cooling coil ၏ မျက်နှာပြင်(surface)ကို မထိဘဲ ဖြတ်သန်းသွားသည့် လေပမာဏကို ဆိုလိုသည်။

Effective Surface Temperature(EST)ဆိုသည်မှာ cooling coil ၏ ပျမ်းမျှအပူချိန်(average temperature)ကို ဆိုလိုသည်။ Cooling coil ရှိ fin ကလေးများ၏ အပူချိန်သည် coil ၏ နေရာကို လိုက်၍ ပြောင်းလဲနေသည်။ Cooling coil ၏ မျက်နှာပြင်အချိန်သည် တစ်နေရာ နှင့် တစ်နေရာ မတူညီကြပေ။

Mixed air အားလုံးသည် cooling coil ၏ အေးနေသည့် မျက်နှာပြင်(surface)ကို ထိ၍ ဖြတ်သန်း သွားလျှင် CF တန်ဖိုးသည် (၁.၀) ဖြစ်သည်။ ထို့အတွက် cooling coil မှ ဖြတ်သန်းသွားသည့် mix air အားလုံးသည် Effective Surface Temperature(EST)ဖြင့် ထွက်ခွာသွားသည်။ အကယ်၍ EST သည် Dew Point အပူချိန်ထက် နိမ့်ခဲ့လျှင် အထွက်လေ(leaving air)သည် saturated air ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ရေငွေ့(moisture)ကို cooling coil က ဖယ်ထုတ် လိုက်သောကြောင့် ဖြစ်သည်။ Dry Bulb အပူချိန် ကျဆင်းသောကြောင့် ဖြစ်သည်။ သို့သော် ဝင်လာသော လေအားလုံးသည် cooling surface ကို ထိရန် လက်တွေ့တွင် လုံးဝ မဖြစ်နိုင်ပေ။ (လက်တွေ့အခြေအနေတွင် မည်သည့်အခါမျှ CF တန်းဖိုးသည် (၁.၀) မဖြစ်နိုင်ပေ။)

လေအားလုံးသည် coil ၏ မျက်နှာပြင်(surface)ကို တိုက်ရိုက် ထိတွေ့မှု မရှိနိုင်သောကြောင့် cooling coil တိုင်းလိုလိုတွင် Bypass Factor(BF) ရှိမြဲ ဖြစ်သည်။ ထို့ကြောင့် အထွက်လေ(leaving air)သည် saturated air မဖြစ်နိုင်ပေ။ Cooling surface ကို bypass ဖြစ်သွားသည့် အထွက်လေ(leaving air)၏ ပမာဏသည် cooling coil ၏ tube အရွယ်အစား(size)၊ fin ကလေးများ အကြား တစ်ခုနှင့် တစ်ခု အကွာအဝေး(fin spacing)၊ air face velocity နှင့် arrangement of rows တို့ ပေါ်တွင် မူတည်သည်။

CF တန်ဖိုးသည် coil process လိုင်း၏ အရှည်ပမာဏကို ထို coil process လိုင်း၏ EST အထိ ရောက်အောင် ဆွဲဆန့်၍ ရသည့် အရှည်ပမာဏနှင့် စားထားသည့် အချိုးပင် ဖြစ်သည်။

ပုံ (၂-၇၂)တွင် ပြထားသည့် အတိုင်း ဖြစ်သည်။ Coil EST သည် coil process လိုင်း နှင့် 100% RH လိုင်း (saturated line) တို့၏ ဖြတ်မှတ်(intersection point) ဖြစ်သည်။

Contact Factor(CF)၏ တန်ဖိုးကို chart ပေါ်တွင် ဂရပ်နည်း(graphical method)ဖြင့် ရှာယူနိုင်သည်။ ထိုသို့ ရှာယူရာတွင် ဝင်လေအပူချိန်(entering air temperature)၊ ထွက်လေအပူချိန်(leaving air temperature) ၊ coil process လိုင်း နှင့် Effective Surface Temperature(EST) တို့ကို သိထားရန် လိုအပ်သည်။

ပုံ ၂-၇၁ Cooling Process line (CF=1)

ပုံ ၂-၇၂ Determining CF for a cooling coil

အထက်ပါပုံအရ CF သည် အပူချိန်(temperature) အချိုးပေါ်တွင် မူတည်သည်။

Dry Bulb1 = Dry Bulb temperature of air entering to the cooling coil (˚F)

Dry Bulb2 = Dry Bulb temperature of air leaving to the cooling coil (˚F)

EST = Effective Surface temperature of coil (˚F)

ဥပမာ - Cooling coil တစ်ခုသည် အပူချိန် 85˚F DB နှင့် 69˚F WB ရှိသော ဝင်လေ(entering air) condition ကို 56˚F DB နှင့် 54˚F WB ထွက်လေ(leaving air) condition သို့ရောက်အောင် ပြုလုပ်နိုင်လျှင် Effective Surface Temperature (EST) ၊ Contact Factor (CF) နှင့် Bypass Factor (BF) တို့ကို ရှာပါ။

(က)

Chart ပေါ်တွင် ဝင်လေ(entering air)ကို point 1 အဖြစ် ထွက်လေ(leaving air)ကို point 2 အဖြစ် သတ်မှတ်ပြီး coil process လိုင်းကို ဆွဲပါ။

(ခ)

Coil process လိုင်း ကို saturated လိုင်း သို့မဟုတ် 100% RH လိုင်းသို့ ရောက်အောင် ဆန့်၍ ဆွဲပါ။

(ဂ)

Contact Factor(CF)ကို ညီမျှခြင်း(equation)ဖြင့် တွက်ယူနိုင်သည်။

ထို့ကြောင့် Bypass Factor(BF) သည် BF = 1 - CF = 1 - 0.83 = 0.17 ဖြစ်သည်။ တစ်နည်းအားဖြင့် လေပမာဏ၏ ၁၇% သည် coil ရှိ fin များ၏ မျက်နှာပြင်ကို မထိဘဲ ဖြတ်သွားသည်။

Coil ထုတ်လုပ်သူများသည် coil selection ဇယားတွင် CF ၊ BF နှင့် EST တန်ဖိုးများကို ဖော်ပြ ထားလေ့ ရှိသည်။ Cooling coil ရွေးချယ်နည်းများကို အခန်း-၃ (Chapter-3)တွင် ဖော်ပြထားသည်။

မတ်စောက်သော(steep) coil process လိုင်းသည် 100% RH လိုင်း(saturated line) နှင့် ဖြတ်လိမ့်မည် မဟုတ်ပေ။ အဓိပ္ပာယ်မှာ ထို steep coil process လိုင်းရအောင် ပြုလုပ်ပေးနိုင်မည့် cooling coil ကို လက်တွေ့တွင် တည်ဆောက်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်ခြင်းကို reheat ပြုလုပ်ခြင်းဖြင့် ဖြေရှင်းနိုင်သည်။

၂.၁၄ Reheat လုပ်ခြင်း

Cooling coil တစ်ခုမှ ထွက်လာသည့် လေ(leaving air)ကို အခန်းတွင်းသို့ မထည့်ပေးခင်(supply မလုပ်ခင်) အပူပေးခြင်း(heating) ကို reheat လုပ်သည်ဟု ခေါ်ဆိုသည်။

Hot water coil ၊ steam coil သို့မဟုတ် electric heater တို့ကို အသုံးပြု၍ reheat ပြုလုပ်နိုင်သည်။ Reheat ပြုလုပ်သော coil ဖြစ်သောကြောင့် Reheat Coil (RHC) ခေါ်ခြင်းဖြစ်သည်။

ပုံ ၂-၇၃ Reheat coil ကို အသုံးပြု၍ အလိုရှိသည့်(satisfactory) supply air condition ကို ရရှိပုံ

လိုအပ်သော supply air condition ကို ရရှိရန် အတွက် reheat ပြုလုပ်လေ့ ရှိကြသည်။

(၁)

Room Latent Cooling Load(RLCL)အပိုင်းသည် Room Total Cooling Load(RTCL) ထက်များ လွန်းနေလျှင် မတ်စောက်သည့်(steep) RSHR လိုင်း ဖြစ်ပေါ်ကာ saturation line နှင့် မဖြတ်တော့ပေ။ ထိုအခြေအနေမျိုးတွင် reheat လုပ်ရန် လိုအပ်သည်။

(၂)

Cooling coil အတွင်းသို့ ဝင်လာသည့်လေများ အားလုံးနီးပါးသည် 100% outside air ဖြစ်လျှင် သော်လည်းကောင်း၊ humidity level မြင့်လျှင် သော်လည်းကောင်း သို့မဟုတ် မတ်စောက်သည့် (steep) RSHR လိုင်း ဖြစ်နေသည့်အခါတွင် သော်လည်းကောင်း reheat လုပ်ရန် လိုအပ်ကောင်း လိုအပ်နိုင်သည်။ အချို့သော စက်မှုလုပ်ငန်း(industrial application) များတွင် အလွန်နိမ့်သော RH(%)ရရှိရန် လိုအပ် သည်။

ထိုအခါမျိုးတွင် ကြီးမားသော cooling coil သို့မဟုတ် ပိုများသည့် capacity ရှိသည့် cooling coil ကို dehumidification လိုအပ်ချက်အရ ရွေးချယ်ကြသည်။ ထိုကဲ့သို့ ကြီးမားသော cooling coil ကြောင့် supply air အပူချိန်သည် အလွန် နိမ့်လေ့ရှိသည်။ ထိုအချိန်အခါမျိုးတွင် reheat လုပ်ရန် လိုအပ်သည်။ သို့သော် စင်ကာပူ နိုင်ငံတွင် comfort air conditioning များအတွက် reheat ပြုလုပ်ခြင်းကို ခွင့်မပြုပေ။

၂.၁၅ Fan မှ ထွက်သော အပူ(Heat)များကြောင့် Fan Heat Gain(FHG) ဖြစ်ပေါ်ခြင်း

Supply air fan နှင့် return air fan တို့မှ ဖြစ်ပေါ်လာသော အပူကြောင့် လေတွင် အပူတိုးခြင်း(heat gain)ဖြစ်ပေါ်သည်။ ဖြစ်ပေါ်လာသော heat gain သည် cooling coil ၏ total cooling capacity နှင့် နှိုင်းယှဉ်လျှင် မပြောပလောက်ပေ။ Psychrometric analysis တွင် ထည့်သွင်း တွက်ချက်မှု မပြုလုပ်ကြပေ။

Fan မော်တာ၏ စွမ်းအား(power)ကြီးမားလေ၊ fan မှ ဖြစ်ပေါ်လာသော heat gain များလာလေ ဖြစ်သည်။ သို့သော် အရွယ်အစား သေးငယ်သော fan များအတွက် fan heat gain ကို ထည့်သွင်း တွက်ချက်ရန် မလိုအပ်ပေ။ Fan heat gain ကြောင့် ဖြစ်ပေါ်လာသော အပူချိန် မြင့်တက်မှုသည် (1F)ထက် ပိုများပါက Psychrometric analysis တွင် ထည့်သွင်း တွက်ချက်ရန် လိုအပ်သည်။

ပုံ ၂-၇၄ တွင် Draw-through supply air fan ၏ heat gain effect (point 7 မှ point 1)

Air Handling Unit (AHU)များတွင် Draw-through နှင့် Blow-through ဟူ၍ နှစ်မျိုးကွဲပြားသည်။ Draw-through အမျိုးအစား Air Handling Unit တွင် fan သည် cooling coil ၏ အောက်ဘက်(down steam)တွင် တည်ရှိသည်။ တစ်နည်းအားဖြင့် fan သည် cooling coil မှ လေကို စုပ်ယူသည်။

Fan heat gain ကြောင့် cooling coil မှ ဖြတ်သန်း စီးဆင်းလာသော လေ၏ အပူချိန်ကို မြင့်တက်စေ သည်။ ထိုကဲ့သို့ သော AHU မျိုးအတွက် FHG ကို Psychrometric analysis တွင် ထည့်သွင်း တွက်ချက်ရန် လိုအပ်သည်။

Blow-through အမျိုးအစား Air Handling Unit (AHU)များတွင် fan သည် cooling coil ၏ အထက်ဘက်(up steam)တွင် တည်ရှိသည်။ တစ်နည်းအားဖြင့် fan သည် လေကို cooling coil ဆီသို့ မှုတ်ထည့်ပေးသည်။ ထို့ကြောင့် cooling coil သည် FHG ကြောင့် ပိုများသည့် cooling load ကို ထမ်းဆောင်ရသည်။

ဥပမာ

16C Dry Bulb အပူချိန်ရှိသော လေကို 34C Dry Bulb အပူချိန် သို့ရောက်အောင် hot water heating coil ဖြင့် အပူပေးရန် လိုသည်။ အပူပေးရမည့် လေလည်ပတ်နှုန်းသည် 68 kg/s ဖြစ်လျှင် heat input နှင့် hot water mass flow ကို ရှာပါ။ Hot water coil အတွင်းသို့ ဝင်ရောက်လာသည့် ရေ(entering hot water) အပူချိန်သည် 85C ဖြစ်ပြီး ထွက်သွားသည့် ရေ(leaving hot water) အပူချိန်သည် 74C ဖြစ်သည်။ အခန်းအတွင်းရှိ လေ(indoor air)၏ specific heat capacity ကို 1.02 kJ/kg K ဖြင့် တွက်ပါ။


 

 

 

ဥပမာ - အဆောက်အဦ တစ်ခုအတွင်းရှိ အခန်းတစ်ခုကို 500 kW အပူပေးရန်(heating) လိုအပ်သည်။ Heater coil သို့ ရောက်ရှိလာသည့် လေ၏ အပူချိန်သည် 19C Dry Bulb ဖြစ်ပြီး လည်ပတ်နှုန်းမှာ 68 kg/s ဖြစ်လျှင် heater မှ ထွက်သွားသည့် လေအပူချိန်(air supply temperature)ကို ရှာပါ။

၂.၁၆ Water Spray into Air Steam (Adiabatic Saturation)

Saturated မဖြစ်သေးသည့် airstream ထဲသို့ ရေမှုန်များ ဖြန်းပေးခြင်း(water spraying ပြုလုပ်ခြင်း) ကြောင့် ရေငွေ့ပျံခြင်း(evaporation) ဖြစ်ပေါ်သည်။ ရေသည် ရေငွေ့ပျံခြင်း(evaporation) ဖြစ်ရန် လိုအပ်သည့် latent heat ကို လေမှ စုပ်ယူသောကြောင့် လေတွင် အပူဆုံးရှုံးခြင်း(sensible heat loss)ဖြစ်ပေါ်သည်။ ထိုသို့ sensible heat ဆုံးရှုံးခြင်း(loss)ကြောင့် လေ၏ Dry Bulb အပူချိန် ကျဆင်းသွားသည်။ တစ်နည်းအားဖြင့် အေးသွားသည်။ သို့သော် လေထဲသို့ အပူထည့်ခြင်း(heat adding) သို့မဟုတ် အပူထုတ်ယူခြင်း(heat removing) မပြုလုပ်သောကြောင့် လေ၏ Enthalpy တန်ဖိုးသည် မပြောင်းလဲပေ။ အောက်တွင် ဥပမာဖြင့် psychometric chart ကို အသုံးပြု၍ ရှင်းပြထားသည်။

အပူချိန် 21C Dry Bulb နှင့် 50% saturation အခြေအနေ၌ ရှိသော လေ (airstream)ထဲသို့ ရေများကို ပက်ဖြန်းခြင်း (spray) ပြုလုပ်သည့် အခါ ထိုရေ နှင့်လေ အရော(mixture)သည် မည်သည့် ultimate condition သို့ရောက် ရှိနိုင်မည်နည်း။

အပူထည့်ခြင်း (heat adding) သို့မဟုတ် အပူထုတ်ယူခြင်း(heat removal) မပြုလုပ် သောကြောင့် enthalpy သည် ပြောင်းလဲခြင်း ဖြစ်လိမ့်မည် မဟုတ်ပေ။

ပုံ ၂-၇၅ Water spray into air steam

ပုံ ၂-၇၆ Water Spray into Air Steam

ထို့ကြောင့် psychometric chart ပေါ်တွင် ချ၍ ကြည့်လျှင် process လိုင်းသည် constant enthalpy (41.08 kJ/kg)လိုင်း တစ်လျှောက်တွင်သာ ရှိနေရမည်။ လေမှ အပူဆုံးရှုံးခြင်း (sensible heat loss)သည် ရေတွင် အပူတိုးခြင်း(latent heat gain) ဖြစ်သည်။ တစ်နည်းအားဖြင့် လေမှ sensible heat ကို latent heat အဖြစ် ရေမှ စုပ်ယူသွားခြင်း ဖြစ်သည်။

ထိုရေနှင့် လေအရော(mixture)သည် saturation အခြေအနေသို့ ရောက်သည့်အခါ ရေများ လုံးဝ ရေငွေ့ပျံခြင်း(evaporation) ဖြစ်နိုင်တော့မည် မဟုတ်ပေ။ ဝင်လာသည့်လေ၏ enthalpy သည် 41.08 kJ/kg ဖြစ်ပြီး ထွက်သွားသည့်လေ၏ enthalpy သည် 41.08 kJ/kg ဖြစ်သည်။ တူညီကြသည်။

ရောက်နိုင်သည့် နောက်ဆုံးအခြေအနေ(final condition)မှာ 14.6C Dry Bulb ၊ 14.6C Wet Bulb၊ 14.6C Dew Point ၊ 100% saturated ဖြစ်သည်။ Ultimate condition ကို ရောက်ရှိရန် အလွန်ခက်ခဲသည်။ လက်တွေ့တွင် အဖြစ်နိုင်ဆုံးသော အခြေအနေမှာ saturation point နှင့် အနီးဆုံးနေရာ ဖြစ်သည်။ ပုံ(၂-၇၆) တွင် ပြထားသည့် အမှတ်(point C) နေရာ ဖြစ်သည်။

AC/AB အချိုးသည် spray system ၏ effectiveness အဖြစ်သည်။

Adiabatic (constant enthalpy) လိုင်း AC သည် constant Wet Bulb လိုင်းနှင့် အနီးဆုံး အပြိုင် ဖြစ်နေသည်။ 0.2K ခန့် အမှား(error) ရှိနိုင်သည်။ သို့သော် constant Wet Bulb ဟု သတ်မှတ်ပြီး မြန်ဆန် လွယ်ကူစွာ တွက်ယူ နိုင်သည်။ ခြောက်သွေ့သည့်လေ(dry air) နှင့် ရေငွေ့(water vapor)တို့၏ mixture အတွက် သာမှန်သည်။ Gas mixture များအတွက် တွက်ရန် မမှန်ကန်ပေ။

၂.၁၇ ရေနွေးငွေ့ထည်ခြင်း (Steam Injection)

လေထဲသို့ ရေငွေ့(moisture)များ ရောက်ရှိသွားစေရန် အတွက် ရေမှုန်ဖြန်းခြင်း(water spraying) ပြုလုပ်နိုင်သကဲ့သို့ ရေနွေးငွေ့ထည့်ခြင်း(steam injection)လည်း ပြုလုပ်နိုင်သည်။ Steam သည် ရေငွေ့(water vapor form)တစ်မျိုးဖြစ် သောကြောင့် ရေငွေ့ပျံခြင်း(evaporation) ဖြစ်ရန် မလိုသောကြောင့် sensible heat စုပ်ယူရန် မလိုအပ်ပေ။ ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် လေသည် အေးသွားလိမ့်မည် မဟုတ်ပေ။ (Dry Bulb အပူချိန် နိမ့်သွားလိမ့်မည် မဟုတ်ပေ။) Dry Bulb အပူချိန် မပြောင်းလဲပါ။ လေထဲသို့ရောက်လာသည့် steam ၏ အပူချိန်သည် 100C ဖြစ်လိမ့်မည်။ 100C ထက်ပိုပူသည့် superheated အခြေအနေဖြစ်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ထွက်လေ၏ နောက်ဆုံး အပူချိန်သည် ဝင်လေ၏ အပူချိန်ထက် ပိုမြင့်လိမ့်မည်။

Moisture content of air before = 0.0079 kg/kg

 

လေထဲသို့ထည့် လိုက်သည့် ရေငွေ့(moisture added) ပမာဏ 1kg / 150kg သည် 0.0067 kg of water/kg of air နှင့် ညီမျှသည်။

 

နောက်ဆုံး အခြေအနေ၌ လေထဲတွင် ရှိနေမည့် ရေငွေ့ ပမာဏ (final moisture content) သည် 0.0148 kg/kg ဖြစ်သည်။

 

ပုံ ၂-၇၇ ရေနွေးငွေ့ထည်ခြင်း (steam injection) ဥပမာ

Steam injection ဥပမာ

အပူချိန် 100C ရှိသော ရေနွေးငွေ့(steam)ကို အပူချိန် 21C Dry Bulb ၊ 50% saturation ရှိသော လေ(airstream)ထဲသို့ 1 kg steam/150 kg dry air နှုန်းဖြင့် ထည့်လျှင် ရရှိမည့် နောက်ဆုံး အခြေအနေ(final condition) ကိုရှာပါ။

နောက်ဆုံး အခြေအနေတွင် ရှိမည့် Dry Bulb အပူချိန်ကို ရေနွေးငွေ့(steam)၏ specific heat capacity အသုံးပြု၍ အကြမ်ဖျင်း ခန့်မှန်းနိုင်သည်။ အပူချိန် 20C 100C အတွင်းရှိ ရေနွေးငွေ့(steam)၏ specific heat capacity သည် 1.972 kJ/kg ဖြစ်သည်။

ရေနွေးငွေ့(steam)ကို အသုံးပြုခြင်းကြောင့် humidity တန်းဖိုး နှင့် Dry Bulb အပူချိန်တန်းဖိုး အနည်းငယ် မြင့်တက်လာလိမ့်မည်။

၂.၁၈ Chilled Water Air Washer

ပြီးခဲ့သည့် ဥပမာများတွင် အခန်းအပူချိန် ထက်မြင့်သော ရေကိုသာ အသုံးပြုသောကြောင့် လေ၏ အပူချိန်(final air condition)များစွာ မကျဆင်းပေ။ အကယ်၍ ဝင်လာသည့်လေ(entering air)၏ Dew Point ထက်နိမ့်သော chilled water ကို လေထဲသို့ ပက်ဖြန်း(spray)ပေးလျှင် လေထဲမှ ရေငွေ့(moisture)အချို့သည် condensation ဖြစ်ကာ ထွက်သွားလိမ့်မည်။ (Moisture will condense out of the air.)။ ထို့ကြောင့် air washer အထွက်လေတွင် ရေငွေ့ပါဝင်မှု(moisture content)လျော့နည်းခြင်းကို ဖြစ်စေနိုင်သည်။

ပုံ ၂-၇၈ Chilled water air washer

အထွက်လေ(leaving air)၏ အပူချိန်သည် ရေ၏ အအေးဆုံးအပူချိန်(initial water temperature B ) သို့ရောက်နိုင်သည်။ သို့သော် လက်တွေ့တွင် single bank of spray ဖြင့် ပြုလုပ်ထားသည့် air washer ၏ ဖြစ်နိုင်သော saturation efficiency သည် ပုံ(၂-၈၀)မှ AC/AB အချိုးဖြစ်သည်။ ၅၀% မှ ၈၀% အထိသာ ဖြစ်နိုင်သည်။ Double spray bank air washer များ၏ ဖြစ်နိုင်သော saturation efficiency သည် AC/AB အချိုး ဖြစ်သည်။ ၈၀% မှ ၉၅% အထိ ဖြစ်နိုင်သည်။

ဥပမာ အပူချိန် 23C Dry Bulb နှင့် 50% saturation လေသည် saturation efficiency 70% ပေးနိုင်သော single bank air washer အတွင်းသို့ ဝင်ရောက်သည်။ ပက်ဖြန်း(spray)နေသည့် chiller water အပူချိန်သည် 5C ဖြစ်လျှင် ရောက်ရှိမည့် နောက်ဆုံးအခြေအနေ (final condition)ကို ရှာပါ။

(a)

Chart မှ ရရှိသည့် နောက်ဆုံးအခြေအနေ (final condition) သည် 10.4C Dry Bulb နှင့် 82% saturation ဖြစ်သည်။

(b)

အချိုးအရ(by proportion) Dry Bulb သည် 23C မှ အပုံ(၁၀၀)ပုံလျှင် အပုံ(၇၀) အကွာအဝေးတွင် ရှိသည်။ Dry Bulb အပူချိန် သည် 23C မှ 5C အထိ နိမ့်ကျသွားသည်။

လေထဲတွင် ရေငွေ့ပါဝင်မှု(moisture content)သည် ၇၀% ကျဆင်းသွားလိမ့်မည်။(0.008 9 kg/kg မှ 0.005 4 kg/kg အထိ) (i.e. saturated air at 5C)

အထက်ပါ ဥပမာမှ အလေးချိန် တစ်ကီလိုဂရမ် ရှိသော လေထဲသို့ ရေ လေးကီလို ဂရမ်နှုန်းဖြင့် ထည့်ပေးလျှင် (spray လုပ်လျှင်) ရေအပူချိန် မည်မျှ မြင့်တက် လာမည်နည်း။

 

 

 

 

ပုံ ၂-၈၀ Chilled water air washer performance

၂.၁၉ လေ့ကျင့်ရန် ပုစ္ဆာများ

(၁)

 

Psychrometric chart ကို အသုံးပြု၍ ပေးထားသည့် လေ၏ဂုဏ်သတ္တိများမှ ကျန်ရှိသည့် လေ၏ ဂုဏ်သတ္တိများကို ရှာပါ။ A မှ E အထိ လွတ်နေသည့် အကွက်များတွင် သင့်လျော်သည့် တန်ဖိုးများကို ဖြည့်ပါ။

 

DB (F)

WB (F)

Dew Pt (F)

RH(% )

W (gr/ lb d.a)

ft3/lb (d.a)

Btu /lb

a

80

60

 

 

 

 

 

b

75

 

 

40%

 

 

 

c

 

65

50

 

 

 

 

d

 

 

50

40%

 

 

 

e

70

 

 

70%

 

 

 

(၂)

40F Dry Bulb နှင့် 60% RH လေကို လျှပ်စစ်အပူပေးစက်(electric heater)ဖြင့် 80F သို့ ရောက်အောင် အပူပေးလျှင် DP ၊ WB နှင့် RH တို့ကိုရှာပါ။ Psychrometric chart ပေါ်တွင် process လိုင်းကို ဆွဲပါ။

(၃)

အဆောက်အဦတစ်ခုအတွင်း၌ မျက်နှာပြင်(surface)အပူချိန် 52F ရှိသော ရေအေးပိုက်(cold water) သည် အပူချိန် 75F Dry Bulb ရှိသော အခန်းတစ်ခု အတွင်းတွင် ရှိနေသည်။ အခန်း၏ RH% သည် မည်သည့် တန်ဖိုးသို့ ရောက်လျှင် ပိုက်မျက်နှာပြင်ပေါ်တွင် ရေသီးခြင်း(condensation) စတင် ဖြစ်ပေါ် မည်နည်း။

(၄)

အပူချိန် 90F Dry Bulb နှင့် 70F Dry Bulb အခြေအနေတွင် ရှိသော လေကို 56F DB နှင့် 54F WB သို့ ရောက်အောင် cooling နှင့် dehumidification ဖြစ်စေသည့် process လိုင်းကို psychometric ပေါ်တွင် ဆွဲပြပါ။

(၅)

ပုံသေနည်းကို အသုံးပြု၍ အထက်မှ ပုစ္ဆာ(၄)ကို ဖြေရှင်းပါ။

(၆)

5000 CFM လေစီးနှုန်း(air flow rate) ရှိသော Fan Coil Unit(FCU) တစ်ခုသည် 80F Dry Bulb နှင့် 70% RH အခြေအနေ ဝင်လေ(entering air)ကို ထွက်လေ(leaving air) အပူချိန် 58F Dry Bulb နှင့် 56.5F WB သို့ ရောက်အောင် ပြုလုပ်နိုင်သည်။ အောက်ပါ တို့ကို ရှာပါ။

(၁)

Sensible load

(၂)

Latent load

(၃)

Total load

(၄)

Moisture ဖယ်ထုတ်နှုန်းကို Gallon Per minute(GPM)ဖြင့် ဖော်ပြပါ။

(၇)

အခန်းတစ်ခု၏ Room Sensible Cooling Load(RSRL)သည် 83,000 Btu/h ဖြစ်ပြီး၊ Room Latent Cooling Load(RLCL)သည် 31,000 Btu/hr ဖြစ်လျှင် Room Sensible Heat Ratio(RSHR)ကို ရှာပါ။

(၈)

အခန်းတစ်ခု ကို 75F Dry Bulb နှင့် 50% RH အခြေအနေတွင် ရှိနေရန်အတွက် Room Sensible Cooling Load (RSCL) 112,000 Btu/hr နှင့် Room Latent Cooling load (RLCL) 21,000 Btu/h ပေးထားရန် လိုအပ်သည်။ ထိုအခန်းကို supply လုပ်ပေးထားသော လေစီးနှုန်း(air flow rate)သည် 5,000 CFM ဖြစ်လျှင် ထို supply air ၏ Dry Bulb နှင့် Wet Bulb တို့ကို ရှာပါ။

(၉)

အခန်းတစ်ခု ၏ Room Sensible Cooling Load(RSRL)သည် 2,000 Btu/h ဖြစ်ပြီး Room Latent Cooling Load(RLCL)သည် 9,000 Btu/h ဖြစ်သည်။ ထိုအခန်း၏ design condition သည် 77F Dry Bulb နှင့် 50% RH ဖြစ်သည်။ Supply air ၏ အပူချိန်သည် 58F Dry Bulb ဖြစ်သည်။ Supply air flow rate (CFM) နှင့် supply air ၏ Wet Bulb တို့ကို ရှာပါ။

(၁၀)

Cooling coil တစ်ခုအတွင်းသို့ လေသည် 80F Dry Bulb နှင့် 66F Wet Bulb ဖြင့် ဝင်လာပြီး 60F Dry Bulb နှင့် 57F Wet Bulb ဖြင့် ထွက်သွားလျှင် cooling coil ၏ Bypass Factor(BF) ၊ Contact Factor(CF) နှင့် Effective Surface Temperature(EST) တို့ကို ရှာပါ။

(၁၁)

အပူချိန် 82F Dry Bulb နှင့် 67F Dry Bulb ရှိသော လေသည် CF 0.91 တန်ဖိုးရှိသည့် cooling coil ကို ဖြတ်သွားသည်။ Effective Surface Temperature(EST) သည် 55F ဖြစ်သည်။ Coil ကို ဖြတ်ပြီး ထွက်သွားသည့် လေ၏ Dry Bulb နှင့် Wet Bulb တို့ကို ရှာပါ။

(၁၂)

A/C unit တစ်ခုကို 55F Dry Bulb နှင့် 55% RH အခြေအနေရှိသော အခန်းအတွက် အသုံးပြု ထားသည်။ ပြင်ပလေအခြေအနေ(outdoor air condition)သည် 95F Dry Bulb နှင့် 74F Wet Bulb ဖြစ်ပြီး လေစီးနှုန်း(flow rate)သည် 1000 CFM ဖြစ်သည်။ အောက်ပါ တို့ကို ရှာပါ။

(က)

RSCL ၊ RLCL နှင့် RTCL

(ခ)

Outside air load နှင့် cooling coil ၏ Contact Factor (CF)

(ဂ)

အစိတ်အပိုင်း တို့၏ arrangement ကို ပုံဆွဲပြပါ။ နေရာနှင့် သင့်လျှော်သည့် condition များကို ဖော်ပြပါ။

(၁၃)

အခန်း၏ ဒီဇိုင်း condition မှာ 78F Dry Bulb နှင့် 50% RH ဖြစ်ပြီး လိုအပ်သော Load သည် RSCL 18,000 Btu/hr နှင့် RLCL 8,000 Btu/hr ဖြစ်သည်။ ထိုအခန်းအတွက် တပ်ဆင်ထားသော air condition သည် 900 CFM supply air ကို 58F Dry Bulb နှင့် 56F Dry Bulb condition အတိုင်း ပေးပို့ နိုင်သည်။ ထို air con unit သည် အခန်း၏ ဒီဇိုင်း Dry Bulb နှင့် Wet Bulb ကို ထိန်းထား နိုင်စွမ်းရှိ၊ မရှိ စစ်ဆေးပါ။ အနီးစပ်ဆုံး မည်သည့် အပူချိန်တွင် ထိန်းထားနိုင် မည်နည်း။

(၁၄)

အခန်းတစ်ခုသည် 76F Dry Bulb နှင့် 50% RH အခြေအနေတွင် ရှိနေရန် လိုအပ်သည်။ ထိုအခန်း၏ RSCL သည် 172,2000 Btu/hr ဖြစ်ပြီး RLCL မှာ 88,000 Btu/hr ဖြစ်သည်။ ထိုအခန်း၏ A/C unit သည် 56F Dry Bulb နှင့် 54F Dry Bulb supply air ကို ပေးနိုင်သည်။ ထိုအခန်း၏ design condition ကို ရရန် reheat coil ကို အသုံးပြုလျှင် စွမ်းအင်(energy)မည်မျှ လေလွင့်(waste)မည်ကို ရှာပါ။

(၁၅)

အဆောက်အဦ တစ်ခု၏ အချက်အလက်များမှာ

RSCL = 812,000 Btu/hr RLCL = 235,000 Btu/hr

Ventilation air = 6,000 CFM

Supply air = 56F Dry Bulb

Space conditions = 77F Dry Bulb နှင့် 50% RH ဖြစ်သည်။

အောက်ပါတို့ကို ရှာပါ။

(က)

Apparatus arrangement ကို ဆွဲပါ။ (schematic diagram )

(ခ)

Supply air ၏ CFM နှင့် Dry Bulb ကို ရှာပါ။

(ဂ)

Mixed air conditioning ကို တွက်ပါ။

(ဃ)

Coil sensible load ၊ latent load နှင့် total load တို့ကို ရှာပါ။

(င)

ပြင်ပလေ(outdoor air) နှင့် sensible load ၊ latent load နှင့် total load တို့ကို ရှာပါ။

(စ )

လိုအပ်သည် coil ၏ Contract Factor(CF) နှင့် Bypass Factor(BF) တို့ကို ရှာပါ။

(ဆ)

Chart ပေါ်တွင် process အားလုံး ကိုရေးဆွဲ၍ အမှတ်(point )များကို နာမည်ပေးပါ။

(၁၆)

Air conditioning unit တစ်ခုအတွင်းသို့ 20,000 CFM နှုန်းရှိသော လေသည် 80F Dry Bulb နှင့် 60% RH အခြေအနေဖြင့် ဝင်လာသည်။ အထွက်လေ(leaving air)၏ အပူချိန်သည် 57F Dry Bulb နှင့် 90% RH ဖြစ်သည်။

အောက်ပါ တို့ကို ရှာပါ။

(က)

A/C unit ၏ cooling capacity (Btu/hr )

(ခ)

A/C unit မှ condensate ရေဖယ်ထုတ်နှုန်း (water removal rate)

(ဂ)

A/C unit ၏ sensible load

(ဃ)

Leaving air ၏ Dew Point

(င)

Effective surface temperature (apparatus Dew Point)

(၁၇)

စက်တင်ဘာလ၏ နေ့တစ်နေ့တွင် အခန်းတစ်ခု ၏ sensible cooling load သည် 20,3000 Btu/hr ဖြစ်သည်။ Latent cooling load သည် 9,000 Btu/hr ဖြစ်သည်။ အခန်း ၏ design condition သည် 76F Dry Bulb နှင့် 50% RH ဖြစ်သည်။ အခန်းအတွင်းသို့ ရောက်လာသည့် supply air ၏ အပူချိန်သည် 58F Dry Bulb ဖြစ်သည်။

 

(က)

Equipment နှင့် duct arrangement ကို ရေးဆွဲပါ။

(ခ)

အခန်းအတွက်လိုအပ်သော supply air စီးနှုန်း(CFM) ကို ရှာပါ။

(ဂ)

အထက်မှ ရရှိသော supply air စီးနှုန်း(CFM)ကို အခြေခံ၍ Wet Bulb အပူချိန် ၊ Enthalpy ၊ Relative Humidity(RH) နှင့် ရေငွေ့ပါဝင်မှု(moisture content)ကို gr/lb နှင့် lb/lb ဖြင့် ဖော်ပြပါ။

(ဃ)

ထိုအခန်းအတွက် ပြင်ပလေ(outdoor air) 260 CFM လိုအပ်သည်။ ပြင်ပလေ(outdoor air) ၏ အပူချိန်သည် 95F Dry Bulb နှင့် 76F Wet Bulb ဖြစ်သည်။ ပြင်ပလေ(outdoor air)သည် အခန်းမှ Return air နှင့် mixed ဖြစ်ပြီး air con unit အတွင်းသို့ (mixed air) သို့မဟုတ် entering air အဖြစ် ဝင်ရောက်သည်။ Mixed air ၏ Dry Bulb နှင့် Wet Bulb အပူချိန်၊ enthalpy ၊ Relative Humidity(RH) နှင့် ရေငွေ့ပါဝင်မှု(moisture content) (gr/lb and lb/lb)တို့ကို ရှာပါ။

(င)

Refrigerating unit ၏ အရွယ်အစား(size)ကို ရှာပါ။ Btu/hr သို့မဟုတ် refrigeration ton ဖြင့် ဖော်ပြပါ။ ပြင်ပလေ(outdoor air) ၏ cooling load ကို ပါထည့် တွက်ပါ။

(စ)

အကယ်၍ ပြင်ပလေစီးနှုန်း(outside air flow)ကို 260 CFM မှ 130 CFM သို့ လျှော့ချလိုက် လျှင် A/C unit ၏ capacity မည်မျှ လျော့နည်းသွား မည်နည်း။ Btu/hr ဖြစ်လည်း ဖော်ပြပါ။ (%)percentage ဖြင့် လည်း ဖော်ပြပါ။

 

 

(၁၈)

အခန်းတစ်ခု၏ sensible cooling load သည် 200,000 Btu/hr နှင့် latent cooling load 50,000 Btu/hr ဖြစ်သည်။ အခန်း ကို 76F Dry Bulb နှင့် 64F Wet Bulb အခြေအနေတွင် ထိန်းထားရန် လိုအပ်သည်။ ပြင်ပလေဝင်နှုန်း(outside air flow rate)သည် 1200 CFM ဖြစ်သည်။ ပြင်ပလေ (outdoor air)၏ condition သည် 95F Dry Bulb နှင့် 76F Wet Bulb ဖြစ်သည်။ ပြင်ပလေ (outdoor air)သည် အခန်းမှ ပြန်လာသည့်လေ (return air) နှင့် ရောနှော(mix)ကာ mixed air သို့မဟုတ် entering air အဖြစ် air con unit အတွင်းသို့ ဝင်ရောက်သည်။

(က)

Equipment နှင့် duct arrangement တို့ကို ပုံ(sketch) ဆွဲပြပါ။

(ခ)

Room Sensible Heat Ratio (RSHR)ကို တွက်ပါ။

(ဂ)

Supply air လေစီးနှုန်း(flow rate)ကို ရှာပါ။ Supply air အပူချိန်သည် 60F Dry Bulb ဖြစ်သည်။

(ဃ)

ပြင်ပလေ(outdoor air) ၏ sensible cooling load ကိုရှာပါ။ Btu/hr သို့မဟုတ် refrigeration ton ဖြင့် ဖော်ပြပါ။

(င)

Effective Surface Temperature(EST)ကို ရှာပါ။ (EST ကို apparatus Dew Point ဟုလည်း ခေါ်သည်။)

(စ)

Coil ၏ Contact Factor(CF) နှင့် Bypass Factor (BF) တို့ကို ရှာပါ။

(၁၉)

A/C unit တစ်ခု ၏ outdoor air သည် 3000 CFM ၊ 95F Dry Bulb နှင့် 76F Wet Bulbဖြစ်သည်။ Return air သည် 20,000 CFM ၊ 78F Dry Bulb နှင့် 50% RH ဖြစ်သည်။ Mixed air သည် return air နှင့် ပြင်ပလေ(outdoor air)တို့ ပေါင်းထားခြင်း ဖြစ်သည်။ Air con unit မှ အထွက်လေ(leaving air) သို့မဟုတ် supply air သည် 52F Dry Bulb နှင့် 90% RH ဖြစ်သည်။

(က)

Air con unit ၏ total load ကိုရှာပါ။ Btu/hr သို့မဟုတ် refrigeration ton ဖြင့် ဖော်ပြပါ။

(ခ)

Cooling coil ဖြတ်ပြီး ထွက်လာသောလေကို အပူပေးစက်(electric heat) ဖြင့် 58.5F Dry Bulb သို့ ရောက်အောင် reheat လုပ်လျှင် အပူပေးစက်(electric heat) ၏ အပူထွက်နှုန်း(capacity)ကို ရှာပါ။ kW ဖြင့် ဖော်ပြပါ။

-End-

 

 

 

Air Conditioning and Mechanical Ventilation System (Vol. 1) နှင့်သက်ဆိုင်သော ACMV Lecture များ (18 Lectures)
1 Chapter-1 Fundamental and Basic Concept Read
2 Chapter-2 (Part 1 of 3) Understanding Psychrometrics (Part 1 of 3) Read
3 Chapter-2 (Part 2 of 3) Understanding Psychrometrics (Part 2 of 3) Read
4 Chapter-2 (Part 2 of 3) Understanding Psychrometrics (Part 3 of 3) Read
5 Chapter - 3 Air Handling Units (Part 1 of 2) Chapter - 3 Air Handling Units (Part 1 of 2) Read
6 Chapter - 3 Air Handling Units (Part 2 of 2) Chapter - 3 Air Handling Units (Part 2 of 2) Read
7 Chapter - 4 (Part 1 of 3) Cooling Towers (Part 1 of 3) Read
8 Chapter - 4 (Part 2 of 3) Cooling Towers (Part 2 of 3) Read
9 Chapter - 4 (Part 3 of 3) Cooling Towers (Part 3 of 3) Read
10 Chapter - 5 (Part 1 of 3) Air Distribution Systems (Part 1 of 3) Read
11 Chapter - 5 (Part 2 of 3) Air Distribution Systems (Part 2 of 3) Read
12 Chapter - 5 (Part 3 of 3) Air Distribution Systems (Part 3 of 3) Read
13 Chapter - 6 (Part 1 of 3) Fans and Blowers (Part 1 of 3) Read
14 Chapter - 6 (Part 2 of 3) Fans and Blowers (Part 2 of 3) Read
15 Chapter - 6 (Part 3 of 3) Fans and Blowers (Part 3 of 3) Read
16 Chapter-7 ( Part 1 of 3) Ventilation ( Part 1 of 3) Read
17 Chapter-7 ( Part 2 of 3) Ventilation ( Part 2 of 3) Read
18 Chapter-7 ( Part 3 of 3) Ventilation ( Part 3 of 3) Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format