To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Air Conditioning > Pumping System > Pump Curves > > www.acmv.org
Air Conditioning > Pumping System > Pump Curves >


Untitled Document

Pump Curves

pump curve ဆိုသည်မှာ flow rate and developed pressure တို၏ ဆက်သွယ်ချက်ကို ဂရပ်ပုံစံဖြင့်ဖော်ပြထားခြင်းဖြစ်သည်။ pump curve သည် ပန့်၏ ကွဲပြားသော operating points ( flow နည်းနည်း နှင် Pressure Head များများ သို့မဟုတ် flow များများနှင် Pressure Head နည်းနည်း ) ကို ဖော်ပြထားသည်။ Zeor Flow မှ စတင်၍ Full flow အထိ Pressure Head များနှင့်တွဲ၍ဖော်ပြထားသည်။ pump curve သည် flow rate and developed pressure တိုအပြင် the pump power and operating efficiency တို့၏ဆက်စပ်မှုများကိုလည်းသိရှိနိုင်သည်။

pump curves ကို ပန့်ထုပ်လုပ်သူများ (pump manufacturers) ထံမှ ရယူနိုင်သည်။

pump curves များတွင် flat curves သို့မဟုတ် steep curves ဟု၍ကွဲပြားမှုရှိသည်။

flat curves ကိုပိုင်ဆိုင်သောပန့်များသည် flow ပမာဏ များစွာပြောင်းလဲသည့်တိုင်အောင် Pressure သည် မပြောပလောက်သည့် ပမာဏအနည်းငယ်သာပြောင်းလဲသည်။ ထိုကြောင့် flat curves ကိုပိုင်ဆိုင်သောပန့်များသည် closed systems with modulating 2-way control valves များအတွက်အလွန့်သင့်လျှော်သည်။ တနည်း Chiller Water pump (closed system pump) များ အဖြစ်အလွန်သင့်လျှော်သည်။ AHU နှင့် FCU များတွင်တပ်ဆင်ထားသော modulating 2-way control valves သည် Building Cooling Load ပေါ်တွင်မှုတည်၍ လိုအပ်သလို လိုအပ်သည့် % အတိုင်းအဖွင့်အပိတ်ပြုလုပ်ကြသည်။ ထိုကြောင့် Chiller Water Flow သည် ပြောင်းလဲသေည်။ သို့သော် Pressure လိုအပ်မှုက ပြောင်းလဲမှုအလွန်နည်းသည်။ ထိုကြောင့် flat curves ပန့် သည် အသင့်လျှော်ဆုံးဖြစ်သည်။

steep curves ကိုပိုင်ဆိုင်သောပန့်များသည် flow ပမာဏ ၏ပြောင်းလဲမှုအတိုင်း Pressure သည်လိုက်၍ ပြောင်းလဲသည်။ Pressure ပမာဏ သည် လည်း flow ပြောင်းလဲသည်အတိုင်းလိုက်ပြောင်းလဲသည်။

ထိုကြောင့်steep curves ကိုပိုင်ဆိုင်သောပန့်များသည် constant flow applications such as condenser
water systems serving cooling towers များအတွက်အလွန့်သင့်လျှော်သည်။ တနည်း steep curves ပန့်များသည် Condenser Water pump (Opened system pump) များ အဖြစ်အလွန်သင့်လျှော်သည်။

 

System Reistance Curve နှင့် Pump Curve ဖြတ်သည့် intersection ကို Operating point ဟုခေါ်သည်။


system ၏ အခြေအနေအမျိုးမျိုးသော resistances များကို ကျော်လွားနိုင်အောင် နှင့် လိုအပ်သော ဒီဇိုင်း flow ကို ရရှိအောင် Pumps များကို ရွေးချယ်ကြသည်။

Friction losses တန်ဘိုးများ ရရှိရန် အတွက် piping, Fitting, Valve , equipment pressure တို့၏ losses အမျိုးမျိုးကို specification နှင့် research data ကို အခြေခံကာestimate လုပ်ကြသည်။ သို့သော်ထို estimated တန်ဘိုးများ ၏ မသေချာမှု (uncertainty) နှင့် တပ်ဆင်သည့်အချိန် (during installation)သို့ Construction Stage တို့တွင် ပြောင်းလဲမှုများသေချာပေါက်ရှိနိုင်သည်။ ထိုကြောင့် safety factors ( အမှန် တွက်ချက်မှုမှ ရရှိသော တန်ဘို့း၏ 10% မှ 50% အထိ) များကို ထည့်သွင်းခဲ့ကြသည်။ ထိုကြောင့် ပန့်များသည် အမှန်တကယ်လိုအပ်သည်ထက် များစွာကြီးများသော (over sized( အရွယ်အစားများဖြစ်ကုန်ကြသည်။

ပုံတွင်ပြထားသော design system curve တွင် high safety factor တို့ကိုထည့်သွင်းတွက်ချက်ခဲ့သည့် system curve ဖြစ်သည်။ ထို design system curve အခြေခံကာ pump ကို ရွေးချယ်ခဲ့ကြသည်။ ထိုရွေးချယ်လိုက်သည့်ပန့် မှ pump curve သည် design system curve နှင့် ဖြတ်ကာ design operating point ကို ရရှိသည်။ သို့သော် the design system curve တွင်
high safety factor ရှိသောကြောင့် actual system curve သည် design operating point ၏ အလွန်ဝေးကွာသော နေရာတွင် actual operating point ကိုဖြစ်ပေါ်စေသည်။ actual operating point သည် လိုအပ်သည့် ဒီဇိုင်း Flow Rate ထက် အလွန်များသော Flow Rate ကို ဖြစ်ပေါ်စေသည်။

the pumping power သည် flow rate ၃ ထပ်နှင့် (the cube of the flow rate) တိုက်ရိုက်အချိုးကျသည်။လိုအပ်သော flow rate ထက် ၂၀% ပိုများခြင်းသည် တကယ်သုံးစွဲရမည့် pumping power ထက် ၅၀% သုံးစွဲလိုက်ခြင်းဖြစ်သည်။ chilled water တွင် overpumping ပြုလုပ်ခြင်းကြောင့် chillers သည့် သတ်မှတ်ထားသည် chilled water supply temperature ကို ရောက်အောင်မပြုလုပ်နိုင်တော့ပေ။ chilled water supply temperature မြင့်တက်လာသောကြောင့် AHU, FCU နှင့် Terminal Unit များတွင် ရေငွေ့ ဖယ်ထုပ်နိုင်စွမ်း (moisture removal ability ) လည်းကျဆင်းလာသည်။

လိုအပ်သည်ထက်ကြီးမားသောပန့်ကို (oversized pumps)တပ်ဆင်ထားသည့် System တိုင်းတွင် အကျိုး ၂ မျိုဖြစ်နိုင်သည်။

က) System များသည် လိုအပ်သည့် ထက်ပိုသည့် flow rates များနှင့် လည်ပတ်နေကြသည်။

ခ) လိုအပ်သည် flow rates ကို ရရှိရန် throttling valve များကို ထည့်၍ pressure loss ကို artificially create လုပ်ကြသည်။ globe valves သို့ balancing valves များကို ထည့် ၍ sufficient resistance သို့ရောက်အောင် ပြုလုပ်ကြသည်။ actual system curve ကို design system curve အနီး၏ design operating point သို့ရောက်အောင်ရွှေ့ ယူကြသည်။

ထိုသို့ပြုလုပ်ခြင်းကြောင့် System ကောင်းမွန်စွာ လည်ပတ်နိုင်သော်လည်း energy-efficiency ဖြစ်သော System တစ်ခု မဖြစ်နိုင်ပါ။ higher pumping power consumption ကြောင် စွမ်းအင်များကို ဖြုန်းတီးရာရောက်သည်။

ထိုကဲသို့အခြေအနေမျိုးတွင် လိုအပ်သော ဒီဇိုင်း flow rate ကိုby reducing impeller diameter (trimming impeller) သို့ မဟုတ် reducing the speed of the
pump (using a variable speed drive). variable speed drive ကို variable frequency drives (VFDs) သို့ adjustable frequency
drives (AFDs) ဟုလည်းခေါ်ဆိုကြသည်။

မော်တာ၏ အပတ်ရေ (rpm) ကို လျော့ချခြင်းဖြင့် ဒီဇိုင်း flow rate ကိုရရှိနိုင်ပါသည်။ ထိုသို့ variable speed drive, VSD ကို အသုံးပြု ၍ ဒီဇိုင်း flow rate ရအောင်ပြုလုပ်ခြင်းကြောင့် energy saving အကျိုးကို ရရှိနိုင်သည်။

VSD တပ်ဆင်ခြင်းကြောင့် နောင်တချိန် တွင် Higher Flow Rate ကို အလိုရှိပါက အလွယ်တကူရရှိနိုင်သည်။ trimming impeller ကြောင့်တူညီသော အကျိုးရလာဒ်ကို ရရှိ နိုင်သော်လည်း နောင်တချိန် တွင် Higher Flow Rate ကို အလိုရှိပါက ကြီးသည့် impeller ကို လည်တပ်ဆင်ရမည်ဖြစ်သည်။ trimming impeller သည် VSD တပ်ဆင်ခြင်း ထက် ကုန်ကျစရိတ်အလွန်သက်သာသည်။

လက်ရှိပန့်မှာ သက်တမ်းကုန်ချိန် သို့ အသစ်လဲရန်အချိန်ရောက်နေပါလျှင် correctly-sized new pump ကို လဲသည့်သည်။

ကောင်းထက်ညွန့်

 

Pump နှင့်သက်ဆိုင်သော ACMV Lecture များ (7 Lectures)
1 Pumping System Type of Pumps Read
2 Pumping System Pump Head Calculation Read
3 Pumping System Pump Curves Read
4 Pumping System Pump Calculation Examples 1 Read
5 Pumping System Pump Calculation Examples 2 Read
6 Pumping System Understanding of Pump Head Read
7 Chilled Water Pump and Condenser Water Pump Power Pumping Power Calculation Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format