To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Code of Practice > > Code of Practice for Air-conditioning and mechanical ventilation in buildings > > www.acmv.org
Code of Practice > > Code of Practice for Air-conditioning and mechanical ventilation in buildings >


Untitled Document

Code of Practice for Air-conditioning and mechanical ventilation in buildings

SS 553 : 2009 ကို ပိုမိုနားလည်သဘောပေါက်စေရန် Original English Version ဖြင့် တွဲ၍ဖတ်ရှုရန်တိုက်တွန်းအပ်သည်။ SS 553 : 2009 သည် ယခင် code practice 13 (Formely CP 13) ကို ပိုမိုသင့်လျော်အောင် ၂၀၀၉ ခုနှစ်တွင် ပြင်ဆင်ဖြည့်စွက်ထားခြင်းဖြစ်သည်။ ယခုအခါ code practice အား Singapore Standard အဖြစ် နာမည်ပြောင်းလဲခေါ်ဆိုခြင်းဖြစ်သည်။

အဆောက်အဦးများ (ဆေးရုံများနှင့်မသက်ဆိုင်ပါ) တပ်ဆင်ထားသည့် Air Conditioning နှင့် Mechanical ventilation system ဒီဇိုင်းလုပ်ခြင်း (Design) ဆောက်လုပ် (construction) , တပ်ဆင်ခြင်း ( installation) , testing and commissioning (စမ်းသပ် မောင်းခြင်း နှင့် လွှဲပြောင်းအပ်နှံခြင်း ) လုပ်ငန်းများ အတွက် လိုက်နာရမည့် (Code) များကို ဖော်ပြထားသည်။

စည်းမျဉ်းစည်းကမ်းများ(Code) ရည်ရွယ်ချက်မှာ လက်ခံနိုင်သော indoor thermal environment အချက်အလက်များ နှင့် ပြည့်စုံစေရန်၊ ရှိသင့်ရှိထိုက်သည့်သတ်မှတ်ထားသော indoor air quality (IAQ) အရည်အသွေးများရှိစေရန်၊ equipment များ ပြုပြင်ထိန်းသိမ်းမှု တွင် လွယ်ကူ အဆင်ပြေစေရန် နှင့် ACMV equipment များ သတ်မှတ်ထားသော စွမ်းအင်ထက် ပိုမသုံးစေရန် (စွမ်းအင်ဖြုန်းတီးခြင်းမဖြစ်ပေါ်စေရန်)တို့ ဖြစ်သည်။

ဤစည်းမျဉ်း စည်းကမ်း (code) များသည် Fire protection system design requirement များ၊ heating installation များ၊ industrial ventilation များနှင့် မသက်ဆိုင်ပါ။

စည်းမျဉ်း စည်းကမ်းများ (code) များတွင် Smoking room များနှင့် သက်ဆိုင်သော အချက်များ မပါဝင်ပါ။ Smoking room များအတွက် ASHRAE 62.1:2007 ကို ကိုးကားရန် ဖော်ပြထားသည်။

Design Consideration – ဒီဇိုင်းပြုလုပ်ရာတွင် လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများ

Air Conditioning System များကို သက်တောင့် သက်သာ (comfortable) နေထိုင်စရာ ဖြစ်စေရန် အတွက်၊ ကျန်းမာရေး နှင့် ညီညတ်သော နေထိုင်စရာ နေရာများဖြစ်စေရန် အတွက်နှင့် စွမ်းအင်သက်သာ သော Energy Efficient System များ ဖြစ်အောင် ဒီဇိုင်းပြုလုပ်ရမည်။

General requirement များ

သဘာဝအတိုင်း လေ၀င်လေထွက် ဖြစ်စေမည့် (Naturally Ventilated) အခန်းများ သို့မဟုတ် occupied space များ နှင့် စက်တစ်မျိုးမျိုး ဖြင့် လေ၀င် လေထွက် ကောင်းအောင် (Mechanically ventilated ) ပြုလုပ်ထားသည့် အခန်းများကို ဗိသုကာ ပုံများ(Architectural drawing)ပေါ်တွင် ရှုင်းလင်းစွာ ဖော်ပြရမည်။ အခန်းတစ်ခု၊ သို့မဟုတ် နေရာတစ်ခု သည် Naturally ventilated မဟုတ်လျှင် Mechanical Ventilated မဟုတ်လျှင် Air Conditioning ပေးထားသည့် နေရာဖြစ်ရမည်။

Air Conditioning ပေးထားသော နေရာများ၊ အခန်းများတွင် လုံးဝ ဆေးလိပ် သောက်ခွင့် မပြုရ။ သတ်မှတ်ထားသော ဆေးလိပ်သောက်ရန် အတွက် ပြုလုပ်ထားသော smoking room များတွင်သာ ဆေးလိပ်သောက်ခွင့် ရှိသည်။ ဆေးလိပ်သောက်ခန်းများကိုလည်း စည်းကမ်းများ(Code)အတိုင်း ဆောက်လုပ် ထားရမည်။

Central air conditioning ဒီဇိုင်းများအတွက် cooling load တွက်ချက်ခြင်းများကို sensible heat loadlatent heat load နှင့် ventilation load များဟူ သီးသန့်ခွဲ တွက်ချက်ဖော်ပြရမည်။

Air Con system သည် သက်ဆိုင်ရာအခန်းများနှင့် သင့်လျှော်သည့် indoor air temperature နှင့် Relative humidity များကို ပေးစွမ်းနိုင်ရမည်။ Full load တွင်သာမက part load အခြေအနေ များတွင်လည်း ပေးနိုင်စွမ်းရှိရမည်။

Air Conditioning Design တွက်ချက်မှုများ၊ Drawing များကို နောင်လိုအပ်သည့် အခါတွင် အသုံးပြုနိုင်ရန် အတွက် စနစ်တကျ သိမ်းဆည်းထားရမည်။

Ventilation Rate

Outdoor Air intake ( ပြင်ပလေ၀င်ပေါက်များ )

Air con အတွက်လိုအပ်သော ပြင်ပလေများ (Outdoor Air)staircase pressurization (လှေခါးများ မီးလောင်သည့် အခါ မီးခိုးများ မ၀င်ရောက်နိုင်ရန် အတွက် positive လေဖိမားပေးထားခြင်း) အတွက် လိုအပ်သော ပြင်ပလေ (Outdoor air) များ နှင့် ventilation အတွက် လိုအပ်သော ပြန်ပ (Outdoor air)လေများရရန်တို့ အတွက် ပြင်ပလေဝင်ပေါက်များ(outdoor air intake)ကို ပြင်ပနံရံများ (external wall) နှင့် ခေါင်မိုးများ (Roof level) တွင်ထားရှိရမည်။ လေကောင်းလေသန့်များရရှိရန် အတွက်ဖြစ်သည်။

Contamination မပါသောလေများ၊ အနံဆိုးများ မပါသော လေကောင်းလေသန့်။

ပြင်ပလေ၀င်ပေါက်များ(Outdoor Air Intake) ကို အင်းစက်ပိုးမွှားများ မ၀င်ရောက်နိုင်စေရန် insert screen ဖြင့် ကာကွယ်ထားရမည်။ မိုးရေမှုန်များ၊ မိုးရေစက်များ မ၀င်ရောက်နိုင်အောင် ပြုလုပ်ထားရမည်။

ပြင်ပလေ၀င်ပေါက်များ(Outdoor Air Intake)ကို လေဆိုးလေပုတ်များ ထုတ်ပစ်သည့် exhaust discharge နေရာမှ အနည်းဆုံး ၅ မီတာ အကွာအဝေးတွင် တပ်ဆင်ရမည်။ ၅ မီတာ ထက်မနီးစေရ။

မီးဖို (kitchen) နေရာများ ၊ toilet များ၊ car park များ၊ cooling tower များ၊ laundries များ ၊ အမှိုက်များသိမ်းဆည်းထားသည့်နေရာများ(rubbish dumps)နှင့် plant room များက စုပ်ထုတ်၊ မှုတ်ထုတ်လိုက်သော exhaust discharge များအားလုံး ပါဝင်သည်။(တို့နှင့် ၅ မီတာ ထက်မနီးစေရ။)Cooling tower ကိုအောက်ခြေနေရာမှ ၅ မီတာအကွာအဝေးကို တိုင်းယူရမည်။

ပြင်ပလေ၀င်ပေါက်များ(Outdoor Air Intake) အတွင်းသို့ Cooling tower မှ ရေမှုန်ရေစက်များ ( Water droplet ) မ၀င်ရောက်နိုင်အောင် ကာကွယ်ထားရမည်။

ပြင်ပလေ၀င်ပေါက်များ(Outdoor Air Intake) အောက်ခြေအနားသည် ကြမ်းပြင်မှ ၂.၁ မီတာထက် ပိုမြင့်သည့် နေရာတွင်တပ်ဆင်ရမည်။

Air classification and recirculation (လေများကို အဆင့်အတန်းခွဲခြားသတ်မှတ်ခြင်း နှင့် ပြန်လည်အသုံးပြုခြင်း)

Return Air = Air con အခန်းသို့ space မှ AHU ဆီသို့ပြန်လာသော Air

Transfer Air =အခန်းတစ်ခုမှ အခြားအခန်းနေရာ တစ်ခုဆီသို့ ရောက်ရှိသွားမည့် Air

Exhaust Air =အခန်းတစ်ခုသို့ နေရာတစ်ခုမှ ပြင်ပသို့ ထုတ်ပစ်လိုက်သော Air Classification

Return air, transfer air နှင့် exhaust air တို့ကို ထို air Quality နှင့် contaminant concentration အပေါ်မူတည် အမျိုးအစား ခွဲထားသည်။

Class 1 အဆင့်ရှိသောလေအမျိုးအစား

Contaminant concentration အနည်းငယ်သာပါဝင်သည်။ မျက်စေ့၊ နား၊ နှာခေါင်း တို့ကို ယားယံစေတတ်သော sensory – irritation intensity အနည်းငယ်သာ ပါဝင်သည်။ မကောင်းသော အနံ့ဆိုးများ လုံးဝမပါဝင်ပေ။ ထိုကဲ့သို့ အမျိုးအစား Air သည် Class 1 အမျိုးအစားဖြစ်သည်။

Class 2 အဆင့်ရှိသောလေအမျိုးအစား

Moderate contaminant concentration, mild sensor-irritation နှင့် mild offensive odor တို့ အသင့်အတင့် ပါဝင်သည့် လေမျိုးသည် Class 2 ဖြစ်သည်။

Class 3 အဆင့်ရှိသောလေအမျိုးအစား

Significant contaminant concentration, significant sensory- irritation intensity နှင့် offensive odor တို့ပါဝင်သည့် လေသည် Class 3 အမျိုးအစား ဖြစ်သည် ။

Class 4 အဆင့်ရှိသောလေအမျိုးအစား

Tune နှင့် gases တို့ပါဝင်သော လေအမျိုးအစား၊ အသက်အန္တရယ် ကိုဖြစ်စေသည့် အမှုန်များ အမှိုက်များ (potentially dangerous particles ) များ၊ ဇီဝ အန္တရယ်ရှိသောလေများ၊ (Bio aerosols ) နှင့် လူ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သောလေများသည် Class 4 အမျိုးအစား လေများဖြစ်သည်။

Recirculation .

အထက်ပါလေများပြန်လည်အသုံးပြုခြင်း (recirculation) ကို အောက်ပါအတိုင်း ကန့်သတ်ထားသည်။

Class 1 အဆင့်ရှိသောလေအမျိုးအစားကို ပြန်လည်အသုံးပြုခြင်း

Class 1 အဆင့်ရှိသောလေများကို မည်သည့်နေရာ အတွက်မဆို transfer လုပ်နိုင်သည်။ ပြန်လည်အသုံးပြု (recirculate) လုပ်နိုင်သည်။

Class 2 အဆင့်ရှိသောလေအမျိုးအစားကို ပြန်လည်အသုံးပြုခြင်း

Class 2 အဆင့်ရှိသောလေကို လာသည့်အခန်းအတွက် ပြန်လည် အသုံးပြု (recirculate) နိုင်သည်။ [ Class 2 လေထဲတွင် အသက်အန္တရယ် နှင့် ကျန်းမာရေးကို ထိခိုက်စေသည့် လေများ မပါဝင်သော်လည်း တခြားသောနေရာ များတွင် ပြန်လည်အသုံးပြုရန် (recirculate ) မသင့်လျှော်။] Class 2 အဆင့်ရှိသော လေကို class 2 နှင့် class 3 အဆင့်ရှိသော နေရာများအတွက် အသုံးပြုနိုင်သည်။ သို့သော် similar purpose နှင့် same pollutant source အတွက်သာ ဖြစ်ရမည်။ Class 4 အဆင့်ရှိသော နေရာများသို့ transfer လုပ်နိုင်သည်။ recirculate လုပ်နိုင်သည်။ သို့သော် class 1 အဆင့်ရှိသော နေရာများသို့ transfer လုပ်ခြင်း ၊ recirculate လုပ်ခြင်းမပြုရ။


Class 3 အဆင့်ရှိသောလေအမျိုးအစားကို ပြန်လည်အသုံးပြုခြင်း

Class 3 အဆင့်ရှိသောလေကို class 3 အဆင့်ရှိသောနေရာများအတွက် ပြန်သုံးနိုင်သည်။ (recalculate လုပ်နိုင်သည်) ။ မည်သည့်နေရာတွင်မှ ပြန်လည်အသုံးမပြုရ။


Class 4 အဆင့်ရှိသောလေအမျိုးအစားကို ပြန်လည်အသုံးပြုခြင်း

Class 4 အဆင့်ရှိသော လေများကို မည်သည့်နေရာတွင်မှ ပြန်လည်အသုံးမပြုရ။

Ventilation အတွက်အသုံးပြုမည့် outdoor air များနှင့် indoor air များ (recalculate လုပ်ခြင်း) ပြန်သုံးရန်အတွက် ထိုလေများကို filter များဖြင့် သန့်စင်ရမည်။


ရေချိုးခန်းများမှ လေများ၊ အိမ်သာ၊ သန့်စင်ခန်းတို့မှလေများကို ပြန်၍ အသုံးမပြုရ။ recalculate မလုပ်ရ။

မီးလောင်လွယ်သော ဓါတ်ငွေ့များ (flammable vapor), ဖုန်များ (Dust) ၊ အနံဆိုးများ (odours) နှင့် မီးခိုးကြောင့်ဖြစ်ပေါ်လာသောဓါတ်ငွေ့ များ (noxious gases) ပါသော လေများကို ပြန်မသုံးရ။ recalculate မလုပ်ရ။

 

ပြင်ပလေများကို ရရယူခြင်း (Outdoor air supply)

Total cooling load 35kW (10 RT) ထက်ကျော်သော Air con unit များအတွက် Outdoor fresh air ထည့်ပေးရန်လိုအပ်သည်။ ထိုထည့်ပေးသည့် outdoor fresh air ကို titer များဖြင့် သန့်စင်ခြင်း၊ အပူချိန်ကျဆင်းအောင် (အေးအောင်) ပြုလုပ်ခြင်း နှင့် Dehumidification ပြုလုပ်ခြင်းစသည် လုပ်ငန်းများ ပြုလုပ်ပြီးမှသာ Air con space အတွင်းသို့ပေးပို့ရမည်။

ထည့်ပေးရမည့် Outdoor air ပမာဏ ကို ဇယားတွင် ဖော်ပြထားသည်။ ဖော်ပြထားသောတန်ဘိုးများမှာ Comfort air con အတွက် full load condition တွင် ထည့်ပေးရမည် minimum quantity ဖြစ်သည်။

ကျန်ရှိသည့်တို့ကို PDF ebook အဖြစ် Download လုပ်၍ဖတ်ရှုပါ။

ကောင်းထက်ညွန့်

You need to select an ID number of a data entry
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format