Integrated Building Management System (IBMS)
၁. Introduction

IBMS ဆိုသည်မှာ Integrated Building Management System ၏ အတိုခေါက် ဖြစ်သည်။ တစ်ခုချင်းစီ ကွဲပြားနေသော system များကို စုစည်းပေးခြင်း (integrated လုပ်ပေးခြင်း) ဖြစ်သည်။ Computer နည်းပညာ နှင့် IT နည်းပညာ များတိုးတက်လာခြင်းကြောင့် IBMS နည်းပညာပေါ်ထွန်းလာသည်။
Building Management System (BMS) သို့မဟုတ် Building Automation System (BAS) တို့တွင်ပါဝင်သည့် System များ အပြင် တခြားသော Building Service System များကို စုဝေးထားသည့် (Integrated လုပ်ထားသည့်) System ဖြစ်သောကြောင့် Integrated Building Management System (IBMS) ဟုခေါ်ဆိုခြင်းဖြစ်သည်။ Facility Booking System ၊ Integrated Facility Management System ၊ Visitor Management ၊ Visitor service စသည့် System များကို တစ်စုတစ်ဝေးတည်းဖြစ်အောင် integrated လုပ်ထားသောကြောင့် IBMS ဟုခေါ်ဆိုခြင်းလည်းဖြစ်သည်။
အဆောက်အဦးတစ်ခုအတွင်းရှိ sub System များသည် သီးခြားတည်ရှိကြသည်။

အဆောက်အဦးတစ်ခုအတွင်းရှိ Sub System များသည် အားလုံးကို System တစ်ခုအတွင်း၌တည်ရှိအောင် integrated လုပ်ထားသည်။

Integrated Building Management System တစ်ခုအတွင်းရှိ subsystem များနှင့် service များကိုဖော်ပြထားသည်။

BAS (သို့) BMS သည် computer နည်းပညာနှင့် Network နည်းပညာ ၂ ခုအပေါ်တွင်အခြေခံ ထားသော Building Control System တစ်ခုလည်းဖြစ်သည်။ ခေတ်မှီ Intelligent Building များတွင်မရှိမဖြစ်ပါဝင်ရမည့် System တစ်ခုလည်းဖြစ်သည်။ Computerized building control system ဖြစ်သည်။
အဆောက်အဦးတစ်ခုနေ့ စဉ်ပုံမှန် လည်ပတ် နေရန်အတွက် လုပ်ဆောင်ရမည့် operation များကို monitor လုပ်ရန်၊ အလိုလျောက်ပုံမှန်လည်ပတ်နေအောင် စီစဉ်ညွှန်ကြား(Manage) ရန်အတွက် BAS သို့ BMS ကို တပ်ဆင်ကြခြင်း ဖြစ် သည်။ BAS/BMS ဖြင့် အဆောက်အဦး၏ operation များကိုပို၍ Efficient ဖြစ်အောင် ဆောင်ရွက်နိုင်သည်။အလုပ်သမား စရိတ်၊ ဝန်ထမ်းခ လျှော့ချနိုင်သည်၊ စွမ်းအင်သုံးစွဲမှု လျှော့ချနိုင်သည်၊ ပို၍ လုံခြုံစိတ်ချရသည်၊ အသုံးပြုသူများ (occupants) အတွက် ပိုမိုကောင်းမွန်ပြီး၊ comfortable ဖြစ်စေသည်။

(က)နေ့စဉ် နေတိုင်း ထပ်ခါတစ်လဲလဲ ပြုလုပ်ရမည့်ကိစ္စများ (Air Con ဖွင့်ခြင်း၊ပိတ်ခြင်း၊ရေတင်ခြင်း စသည့်ကိစ္စများ) ကို အလိုအလျှောက်ပြုလုပ်ပေးနိုင်သည်။
(ခ) စက်များကို plant room တွင် မည်ကဲ့သို့ monitor လုပ်မည်၊ မည်ကဲ့သို့ control လုပ်ရမည်ကို သင်ကြားပေးရမည့် အချိန် (Training Hour) လျှော့ချနိုင်သည်။ BAS Work station ရှိ Graphic မှ တဆင့် ပိုမိုလွယ်ကူစွာသင်ကြား ပေးနိုင်သည်။
(ဂ) အသုံးပြုသူမျာ (occupant)များ၏ လိုအပ်ချက်များ၊ ချိုယွင်းချက်ရှာဖွေခြင်း (trouble shooting လုပ်ခြင်း) စသည်တို့ကို ပို၍လျင်မြန်စွာ တုန့်ပြန် (responseလုပ်) နိုင် သည်။ ပို၍ကောင်းအောင် တုန့်ပြန် (responseလုပ်) နိုင် သည်။
(ဃ) ယခင်အချိန်က မည့်သည့် ကဲ့သို့မောင်းခဲ့သည်၊ ပြုပြင်ခဲ့သည် စသည့် Historical record များရှိခြင်း၊ Maintenance Management Program များရှိခြင်း၊ alarm များ ပို့ပေးခြင်းတို့ ကြောင့် အဆောက်အဦးတစ်ခုလုံးကို ပို၍ကောင်းအောင် စီမံခန့်ခွဲ (Manageလုပ်) နိုင်သည်။
(င) Centralize Control ဖြစ်ခြင်း နှင့် Energy Management Program ပါရှိခြင်းကြောင့် စွမ်းအင်သုံးစွဲမှုအတွက် ကုန်ကျစရိတ် ကိုလျှော့ချနိုင်သည်။
(စ)အဆောက်အဦးများတွင်ရှိတတ်သည့် special event များကို လွယ်ကူသက်သာစွာစီမံနိုင်ခြင်း၊
(ဆ) Subsystem များ (ACMV, Fire Alarm, Security, access control, Lighting Control စသည် တို့ကို) တစ်ခု နှင့်တစ်ခုအပြန်အလှန်ဆက်သွယ်နိုင်ခြင်း၊ Data များ အပြန်အလှန်ပေးပို့နိုင်ခြင်း။ exchange လုပ်နိုင်ခြင်းတို့ဖြစ်သည်။
(ဈ) System များ၏ reliability ပိုကောင်းလာခြင်း ( chiller တစ်လုံး Breakdown ဖြစ်ပါက stangby chiller ကို အလိုအလျှောက်မောင်းပေးခြင်း)
(ဇ) Equipment တိုင်းကို ၃၆၅ ရက်စာ မောင်းချိန်၊ ပိတ်ချိန် (start/stop timing) တို့ထည့်ပေးနိုင်ခြင်း၊
(ည) အလိုရှိသည့် report များကို အလိုအလျှောက် ထုတ်ပေးနိုင်ခြင်း၊

အဆောက်အဦး အတွင်း ရှိအချက်အလက်များနှင့် Sub system အတွင်းရှိ operating parameter များကို BAS System က စုဆောင်းထားပေးသည်။ ဥပမာ-အခန်းများ၏ အပူချိန်များ၊ equipment များ၏မောင်း ချိန်၊ ပိတ်ချိန်နာရီမည်မျှကြာမောင်းပြီးဖြစ်သည်။ Building Technician သို့ Operator သည် BAS workstation (PC) မှအလိုရှိသည့် information များအားလုံးကိုသိနိုင်သည်။ အလိုရှိလျှင် setting များကို ပြောင်းနိုင်သည်။ အခန်းများ၏အပုချိန်တက်ခြင်း၊ ကျခြင်းတို့(သတ်မှတ်ထားသည် အပုချိန်) တို့ဖြစ်လျှင် warning (သို့) Alarm (သို့) Alert များ ပေးနိုင်သည်။ Handphone သို့ SMS ဖြင့် ပို့ပေး နိုင်သည်။

၂. System configuration
BAS System များ၏ Architecture များကို Layer များ (သို့) Level များဖြင့်ခွဲခြားဖော်ပြသည်။
က) Management Level
ခ) Operations Level သို့မဟုတ် Operator Layer
ဂ) System Level Supervisory Layer နှင့်
ဃ) Zone Level DDC Controller Layer တို့ဖြစ်သည်။
Building Automation System Architecture အခန်းတွင်အသေးစိတ်ဖတ်ရှုနိုင်သည်။

Operating Level Processor
Operating Level Processor များသည် Personal Computer (PC) များဖြစ်သည်။ Operating Level Processer များ၌ အောက်ပါ application Software များပါဝင်သည်။
(၁) System Security - အသုံးပြုသူများ (user) ၏ အဆင့်ကိုလိုက်၍ authorization level ခွဲခြား ထားနိုင်သည်။
(၂) System Penetration – authorized personal မျာကိုသာ Data များယူခြင်း (retrieve) နှင့် transfer လုပ် ခွင့် ကိုပေးနိုင်သည်။
(၃) Data Formatting လုပ်ခြင်း
(၄) Data segregation- ခွင့်ပြုသူများ (AP) သာမြင်ရ၊ တွေ့ရသည့် Data များ၊ Equipment များနှင့် ခွင့်မပြုထားသူ များကို Data များ Equipment မမြင်ရအောင်ပြုလုပ်ထားနိုင်သည်။
(၅) Custom programming
(၆) Graphic တပ်ဆင်ခြင်း၊ Equipment များတစ်ခုချင်းကို Graphic များဖြင့်ဖော်ပြထားသည်။
(ရ) Stand report များ(၈) Custom report
(၉) Maintenance Management
(၁၀) Site specific customization
(၁၁) System integration
IBMS သည် အဆောက်အဦးအတွင်းရှိ အချက်အလက်များအားလုံးကို monitor လုပ်နိုင်သည်။ စီမံခန့်ခွဲ (manage) နိုင်သည်။ IBMS မှ စောင့်ကြည့်စီမံ (monitored and managed)နိုင်သည့် system များမှာ
(၁) Elevators
(၂ Waste Water Treatment System
(၃) Mechanical Direct Digital Controls
(၄) Digital Network Lighting Controls
(၅) Power Monitoring and Control System
(၆) Fire Alarm and Detection System
(၇) Solar Energy Collector Metering
(၈) Wind Energy Power Generator Metering
(၉) Weather Station Monitoring System
(၁၀) Window Washing System နှင့်
(၁၁) Water Reclamation တို့ဖြစ်သည်။
အောက်ပါ address မှ ebook format ဖြင့် download လုပ်၍ ကျန်ရှိသည်တို့ကိုဆက်လက်ဖတ်ယူနိုင်ပါသည်။
http://www.acmv.org/ebook/IBMS.pdf
ကောင်းထက်ညွန့်