To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Energy Saving > Energy Saving Guide Line > Energy Smart Office > > www.acmv.org
Energy Saving > Energy Saving Guide Line > Energy Smart Office >


Untitled Document

Energy Smart Office
စင်ကာပူအမျိုးသားတက္ကသိုလ် (National University of Singapore) ၏ Energy Sustainability Unit မှ ရေးသား ပြုစုထားသည့် Office အဆောက်အဦးများအတွက် Energy Smart Office အဆင့်သို့ရောက်ရန် လိုအပ်ချက်များ ဖြစ်သည်။ Energy Smart Office အဆင့်ရရှိပြီးသည့် အဆောက်အဦးများအားလုံးသည် တခြားသော သာမန် Office အဆောက်အဦးများထက် Engergy Efficiency နှင့် Thermal comfort, Indoor Air Quality, Lighting quality တို့တွင် ပိုမိုမြင့်မားသည့် အဆင့်တွင်ရှိသည့်ဟုသတ်မှတ်ခြင်းခံရသည်။


Technical Guide Towards Energy Smart Office မှ Technical data ကို ရှင်းလင်းချက်များနှင့်တကွဖော်ပြထားခြင်းဖြစ်သည်။ ထို Technical Guide များသည် Consultant များ၊ ဒီဇိုင်းနာများနှင့်အဆောက်အဦးပိုင်ရှင်များအတွက်အလွန်အသုံးဝင်သည်။


Office အဆောက်အဦးတစ်ခုအတွက် Energy Smart Office အဆင့်သို့ရောက်ရန် ပထမဆုံးသောလိုအပ်ချက်မှာ (Gross Floor Area )ဖြစ်သည်။ Office အဆောက်အဦးတစ်ခု၏ Central Air Conditioning ကိုသုံးသည့် ကြမ်းခင်းဧရိယာ မှာ ၁၀၀၀ စတုရန်းမီတာကျော်ရပါမည်။ ၁၀၀၀ စတုရန်းမီတာထက်နည်းသည့် အဆောက်အဦးများကို အငယ်စားအဆောက်အဦးများအဖြစ်သတ်မှတ်ပြီး Energy Smart Office အဆင့်ရရန် မဖြစ်နိုင်ပါ။ Gross Floor Area ဆိုသည်မှာ အဆောက်အဦးတစ်ခု၏ ပြင်ပ နံရံ များ၏ အတွင်းဘက်မှ ကြမ်းခင်းဧရိယာစုစုပေါင်းကိုဆိုလိုသည်။ ထို ကြမ်းခင်းဧရိယာတွင် လျှောက်လမ်းများ (corridor )၊ စက်ခန်းများ (Mechanical Room) ပါဝင်သည်။ ထို အဆောက်အဦးတစ်ခု၏ ၅၀% ကို ရုံးခန်းများအဖြစ်အသုံးပြုရမည်ဖြစ်သည်။ Computer Room, Data Center, Trading Rooms နှင့် Parking Area တို့ကို Secondary Space ဟုခေါ်ဆိုသတ်မှတ်သည်။ Secondary Space သည် ၄၉%ထက်နည်းရမည်။ Computer အကြီးစား(Server) များ နှင့် IT ပစ္စည်းများ ထားသောအခန်းကို Data Center ဟုခေါ်သည်။ Data Center သို High Energy Usage Area သည် ၂%ထက်မပိုရပါ။ (ထိုထက်ပိုများခဲ့လျှင် Correction factor အဖြစ်ထည့်တွက်ရမည်။) ထိုအချက်တို့နှင့်ပြည်စုံမှသာ Energy Smart Office label ကို ရှိနိုင်သော Building အဖြစ်အကျုံးဝင်သည်။


Vacancy rate သည် ၂၀% ထက်မပိုရ။ တနည်း ၈၀%ကျော်ကျော်သည် Occupied Area ဖြစ်ရမည်။ တစ်ပတ်လျှင် နာရီ၅၀ကျော်အလုပ်လုပ်သည့် ရုံခန်းမျိုးဖြစ်ရမည်။ ၁ စတုရန်မီတာ လျှင် ဝန်ထမ်း၃ ယောက် နှန်းဖြစ်သည်။


Energy Smart Office အဆင့်သို့ရောက်ရန် Chiller Plant ၏ Efficiency မှာ 0.75 kW per Refrigeration Ton ထက်နည်းရမည်။ ဥပမာ ထို အဆောက်အဦး၏ Running Cooling Capacity မှာ 500RT ဖြစ်သည့်အချိန်တွင် Chiller Plant သည် 375 kW (Electrical Power) ထက်ပို၍ မသုံးစွဲရပါ။ တနည်း ထို Chiller Plant သည် 500 RT ဖြင့်မောင်းနေချိန်တွင် Chillers, Primary Chilled Water Pump, Secondary Chilled Water Pump, Condenser Water Pump နှင့် Cooling Tower အားလုံးတို့သုံးစွဲနေသည့် လျှပ်စစ်စွမ်းအင်စုစုပေါင်း(Total Electrical Energy Consumption )သည် 375 kWထက်ပို၍မသုံးစွဲရပေ။ (Cooling Capacity 1 Refrigeration Ton ရရန်အတွက် လျှပ်စစ်စွမ်းအား (Electrical Power Input) 0.75kW ထက်ပိုမသုံးရန်ဖြစ်သည်။)

အလင်းရောင်းအတွက် မီးသီများနှင့်မီးချောင်းများ၏စွမ်အင်သုံးစွဲမူကိုလည်းကန့်သတ်ထားသည်။ ရုံခန်းအားလုံးတွင်သုံးစွဲသည့် မီးသီများနှင့်မီးချောင်းများ၏စွမ်းအင်(W) ကို ရုံခန်းကြမ်းခင်းဧရိယာ စတုရန်းမီတာ (Square Meter)ဖြင်းစား (Divided) လျှင် Lighting power density ကိုသည်။ တစ်စတုရန်းမီတာ လျှင် 9.0W ထက်ပို၍ မသုံးစွဲရပါ။
Car Park Fan , Staircase Fan, Toilet Exhaust Fan နှင့် Mechanical Fan များအားလုံးအတွက် စွမ်အင်သုံးစွဲမူကိုလည်းကန့်သတ်ထားသည်။ Mechanical Fan အားလုံး ၏ စွမ်အင်(W) ကို ထို Mechanical Fan သုံးသည့် ကြမ်းခင်းဧရိယာ စတုရန်းမီတာ (Square Meter)ဖြင်းစား (Divided) လျှင် Mechanical Ventilation Density ကိုသည်။ Mechanical Ventilation Density သည် တစ်စတုရန်းမီတာ လျှင် 3.2 W ထက်ပို၍ မသုံးစွဲရပါ။


စွမ်းအင်သုံးစွဲမူကို သတ်မှတ်ထားသလို Thermal Comfort level ကိုလည်းမကြအောင်သတ်မှတ်ထားသည်။
Dry Bulb Temperature သည် 22.5C ထက်ပိုမအေးရန် နှင့် 25.5C ထက်လည်းပိုမပူရန်သတ်မှတ်ထားသည်။ Relative Humidity ကိုလည်း ၇၀%ထက်မပိုရန်သတ်မှတ်ထားသည်။ Air Movement ကို 0.25m/s ထက်မပိုသတ်မှတ်ထားသည်။ Air Movement သည် 0.25m/s ပိုများလေ Comfort level ကျလေဖြစ်ပြီး စွမ်းများများလည်းပိုလိုအပ်လေဖြစ်သည်။ Mean Radiant Temperature သည် Dry Bulb Temperature ထက် 2C ပိုမမြင့်အောင်ထိန်းထားရမည်။


အလင်းရောင်ရရှိမူကိုလည်း နေ့အချိန်၊ ညအချိန်။ နေရာ၊ လုပ်ကိုင်မည့် အလုပ်အမျိုးအစားကို လိုက်၍ သတ်မှတ်ပေးထားသည်။


ရုံခန်းများအတွက် Fresh Air (သို့) Outdoor Air Supply ၁စတုရန်းမီတာလျှင် 0.65 Liter per Second ထက် မနည်းရန် လိုအပ်သည်။ Reception Area (Lobby and Corridor) အတွက် Fresh Air (သို့) Outdoor Air Supply ၁စတုရန်းမီတာလျှင် 0.25 Liter per Second ထက် မနည်းရန် လိုအပ်သည်။

ရုံခန်းအတွင်းရှိသော လေ၏ သန့်ရှင်းမူ လိုအပ်ချက်များကို လည်းဖော်ပြထားသည်။ ရုံခန်းအတွင်းရှိလူများသည် အောက်စီဂျင်ကိုရှု၍ကာဘွန်ဒိုင်အောက်ဆိုဒ်ကို ထုပ်လွှင့်သည်။ လေထုအတွင်းတွင် ကာဘွန်ဒိုင်အောက်ဆိုဒ်ပမာဏများလျှင် ကျန်းမာရေးကိုထိခိုက်နိုင်သည်။ PPM သည် ကာဘွန်ဒိုင်အောက်ဆိုဒ်ပမာဏကို တိုင်းသောယူနစ်ဖြစ်သည်။ 1000ppm ထက်မပိုရပေ။ ကာဘွန်မိုနော့ဆိုဒ်ပမာဏများလျှင် ကျန်းမာရေးကိုထိခိုက်နိုင်သည်။0.1 PPM ထက်မပိုရပေ။ Formaldehyde သည် ကော်ဖြင့်ပြုလုပ်သော ပစ္စည်းများမီးလောင်ကျွမ်းခြင်းကြောင့်ဖြစ်ပေါ်လာသည်။ Exhaust Gases များတွင်လည်း Formaldehyde ပါဝင်သည်။ Suspended Particulate matter သည် ဖုန်မှုန့်များ၊ လေထဲတွင်လွင့်နေသည်အမှုန့်များဖြစ်သည်။ Volatile organic compound နံရံသုတ်ဆေးများ။ ကော်ဇောအသစ်များမှထွက်သော အနံဆိုးဖြစ်သည်။ Bacteria နှင့် Fungi တို့သည် အစားအစာဟောင်းများ။ ပုတ်သိုးသည့်အသီးအရွက်များနှင့်စိုစွတ်သည့်အရာများမှဖြစ်ပေါ်လာသည်။

Table 10 သည် လိုအပ်သော Indoor Air Quality Sample ယူရန် အရေအတွက်ကိုဖော်ပြသောဇယားဖြစ်သည်။

အထက်ပါ Tech Guide Table များသည် South East Asia ဒေသအတွင်းရှိ Office အဆောက်အဦးများအတွက် အသင့်လျှော်ဆုံး Data များဖြစ်သည်။ ထိုData များကို Office အဆောက်အဦးများစွာ ကိုသုတေသနအချက်အလက်များကို အခြေခံ၍ ပြုစုထားခြင်းဖြစ်သည်။ ထို Tech Guide Table များအတိုင်း Follow လုပ်နိုင်လျှင် South East Asia ဒေသအတွင်းရှိ အကောင်းဆုံး Office အဆောက်အဦး ၂၅% အတွင်းပါဝင်လိမ့်မည်ဖြစ်သည်။
ကောင်းထက်ညွန့်

Energy Saving Guide Line နှင့်သက်ဆိုင်သော ACMV Lecture များ (2 Lectures)
1 Energy Saving Guide Line Energy Smart Office Read
2 Energy Saving Guide Line Energy Smart Hotel Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format