To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Decision > Decision Making Process > Decision Making Chart > > www.acmv.org
Decision > Decision Making Process > Decision Making Chart >


Untitled Document

Decision Making Process and Chart

လူသားတိုင်း ဆုံးဖြတ်ချက်ချသည်ကိစ္စကို မလွဲမသွေပြုလုပ်ကြရသည်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ် ဆုံးဖြတ်ချက်များကို ပြုလုပ်ရသည်။ မိမိဆုံးဖြစ်ချက်၏ ရလာဒ်ကို လက်ခံနိုင်သည်ဖြစ်စေ လက်မခံနိုင်သည်ဖြစ်စေ (ရှောင်လွဲခွင်မရနိုင်သည့်ကိစ္စရပ်များအတွက်) ဆုံးဖြတ်ချက်များကို ပြုလုပ်ရသည်။

လူတစ်ယောက်အောင်မြင်ခြင်း၊မအောင်မြင်ခြင်းသည် မှန်ကန်သည့်ဆုံးဖြတ်ချက်များချနိုင်စွမ်းပေါ်တွင်မူတည်သည်။ ဘဝတစ်လျှောက်လုံးတွင်မရေမတွက်နိုင်သော ဆုံးဖြတ်ချက်များကို ချရမည်ဖြစ်ပြီး ထိုဆုံးဖြတ်ချက်များ၏ ရလာဒ်များကို လက်ခံကြရမည်ဖြစ်သည်။

ထိုကြောင့် စိတ်ပညာရှင်များ။ Self Improvement ကိုလေ့လာသောပညာရှင်များနှင့် ခေါင်းဆောင်မှုပညာရပ်များကိုလေ့လာသူများက Decision Making Process နှစ်ပေါင်းများစွာသေးစိတ်လေ့လာခဲ့ကြသည်။

အောက်တွင် အလွန်လွယ်ကူရှင်းလင်းပြီး လက်တွေ့ အသုံးဝင်သော နည်းကို ဖော်ပြထားသည်။ စာအုပ်တစ်အုပ်မှ မှတ်သားခဲ့ရသည်နည်းမဟုတ်ပါ။ စာရေးသူအလုပ်လုပ်နေသည့် Fortuen 100 အဆင့်ရှိ Multi National Company (MNC) မှာ ရုံတွင်း Training မှ မှတ်သားခဲ့ရသည့်နည်းဖြစ်ပါသည်။ .

က) ပန်းတိုင် သို့ရည်ရွယ်ချက်များကို ရှင်းလင်းစွာချမှတ်ရန်ဖြစ်သည်။

ခ) Possible Solution များကို ရှာဖွေရန်။

ဂ) ထို Possible Solution တစ်ခုခြင်းစီ၏ တတ်နိုင်သမျှအသေးစိတ်များကိုအခြေခံ၍

ဃ) Easy to Do (လုပ်ဆောင်ရန်လွယ်ကူ) နှင့် Difficult to Do(လုပ်ဆောင်ရန်ခက်ခဲ) Low Impact(ထိရောက်မှုနည်းပါး) နှင့် High Impact (ထိရောက်မှုကြီးမား) တို့ကိုသတ်မှတ်၍ ဇုံလေးဇုံတွင်မည်သည့်ဇုံတွင်ကျရောက်သည်ကိုရှာဖွေရန် တို့ဖြစ်သည်။

ထိုပန်းတိုင်း သို့ရည်ရွယ်ချက်ကို ရရှိရန်အတွက် ဖြစ်နိုင်သည့် နည်းများ ကို Decision Making Chart ပေါ်တွင် ချမှတ်ရန်ဖြစ်သည်။

ထိုနောက်တခြားသောအချက်များနှင့်နိုင်းယှဉ်များများပြုလုပ်ကာ မိမိနှင့်အသင့်လျှော်ဆုံးချမှတ်နှိုင်ပါသည်။

Decision Making Chart ၏ X ဝင်ရိုးတွင် Easy to Do (လုပ်ဆောင်ရန်လွယ်ကူ) နှင့် Difficult to Do(လုပ်ဆောင်ရန်ခက်ခဲ) ဟု၍နှစ်ပိုင်းရှိသည်။ Y ဝင်ရိုးတွင် Low Impact(ထိရောက်မှုနည်းပါး) နှင့် High Impact (ထိရောက်မှုကြီးမား)ဟု၍နှစ်ပိုင်းရှိသည်။

Easy to Do (လုပ်ဆောင်ရန်လွယ်ကူ) နှင့် Difficult to Do (လုပ်ဆောင်ရန်ခက်ခဲ)

တစ်ယောက်ခြင်း သို့ အဖွဲ့ အစည်း တစ်ခုခြင်း သို့ နိုင်ငံတစ်ခုခြင်း ၏ Easy to Do နှင့် Difficult to Do တို့သည် မိမိ၏ Strength နှင့် Weakness အပေါ်တွင်မူတည်၍ တူညီနိုင်မည်မဟုတ်ပေ။ ထိုအတူ ရသည့်ရလာဒ်ပေါ်တွင်လည်း Low Impact(ထိရောက်မှုနည်းပါး) နှင့် High Impact (ထိရောက်မှုကြီးမား) သတ်မှတ်ချက်သည်လည်းတူညီနိုင်မည်မဟုတ်ပေ။

ဆော့လ်ဝဲကုမ္ပဏီတစ်ခုအတွက် အင်ဂျင်နီယာရင်း အလုပ်တစ်ခုသည် Difficult to Do အပိုင်းတွင်ရောက်နေမည်ဖြစ်သည်။ အင်ဂျင်နီယာရင်း ကုမ္ပဏီတစ်ခုအတွက် ကုမ္ပဏီကြော်ငြာ ဂရပ်ဖစ် ပြုလုပ်ခြင်းသည် Weakness ဖြစ်ပြီး Difficult to Do (လုပ်ဆောင်ရန်ခက်ခဲ) ဖြစ်လိမ့်မည်။

Zone 1 အကောင်းဆုံး ဇုံဖြစ်သည်။
Zone 2 ဆုံးဖြတ်ချက်ချသူ၏ ကြိုက်နှစ်က်မှုနှင့်သင့်လျှော်လျှင် လက်ခံနိုင်သော ဇုံဖြစ်သည်။
Zone 3 ဆုံးဖြတ်ချက်ချသူ၏ ကြိုက်နှစ်က်မှုနှင့်သင့်လျှော်လျှင် လက်ခံနိုင်သော ဇုံဖြစ်သည်။
Zone 4 အကျိုးများနိုင်သော ဇုံဖြစ်သည်။

 

ဥပမာတစ်ခုဖြင့် ပိုမိုရှင်းလင်းစွာနားလည်နိုင်ပါသည်။

နာဂစ်ကြောင့် ရန်ကုန်မြို့ တော်စည်ပင်ဧရိယာတွင် သစ်ပင်ကြီးများ ပြိုလဲခဲ့ရသည်။ ထိုကြောင့် ထိုသစ်ပင်များပြန်စိုက်ရန်အတွက် ရည်ရွယ်ချက်တစ်ခုမှာ ၅ နှစ်အတွင်းအရိပ်ရရန်အတွက် သစ်ပင်ကြီးသစ်ပင်ကောင်းများ များနိုင်သမျှကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် စိုက်ပျိုးရန် ဖြစ်သည်။

ပန်းတိုင်မှာ Decision Making Process နှစ်ခုပါဝင်သည်။

က) ၅ နှစ်အတွင်းအရိပ်ရရန်အတွက် မည်သည့်အပင်များကို စိုက်သင့်သည် စိုက်ရမည်ကို ရွှေးချယ်ဆုံးဖြစ်ရန်။

ခ) ကုန်ကျစရိတ်အနည်းဆုံးဖြင့် စိုက်ပျိုးရန်- မည့်သည့်နည်းဖြင့် စိုက်လျှင် ကုန်ကျစရိတ်အနည်းဆုံးဖြစ်မည်နည်း။

က) ၅ နှစ်အတွင်းအရိပ်ရရန်အတွက် ဖြစ်နိုင်သောအပင်များ

Possible Solutions    
ကုက္ကိုပင်။ ပိတောက်ပင် - အရိပ်ရသော-ပင်စည်အသားမကောင်သော အပင်များ -စိုက်ရန်မျိုးရရန်လွယ်-အပင်ကြီးထွားနှုန်းမြန် Easy to Do (လုပ်ဆောင်ရန်လွယ်ကူ) High Impact (ထိရောက်မှုကြီးမား)
ကျွန်းပင်။ပျဉ်ကတိုးပင်- အရိပ်ကောင်း- ပင်စည်အသားတန်ဘို့ရှိသော-စိုက်ရန်မျိုးရရန်ခက်-အပင်ကြီးထွားနှုန်းနှေး Difficult to Do (လုပ်ဆောင်ရန်ခက်ခဲ) High Impact (ထိရောက်မှုကြီးမား)
တောင်ထန်းပင်ကဲ့သို့ Plam Treeများ- အရိပ်မရ- လူအများကလှသည်ဟုထင်- စိုက်ရန်မျိုးရရန်ခက် - အပင်ကြီးထွားနှုန်းနှေး Difficult to Do (လုပ်ဆောင်ရန်ခက်ခဲ) Low Impact(ထိရောက်မှုနည်းပါး)

 

ခ) ကုန်ကျစရိတ်အနည်းဆုံးဖြင့် စိုက်ပျိုးရန်-

Possible Solutions    
ကန်ထရိုက်ပေး၍စိုက်ပျိုးရန်- ကန်ထရိုက်စာချုပ်ဖြစ်ရန် နှင့် ရလာဒ်ကို တိုင်းတာရန်ခက်ခဲ့သည်။ ကြီးကြပ်သူနှင့်ကန်ထရိုက်တာ လာဘ်ပေးလာဘ်ယူဖြစ်နိုင်သည်။ ထိုနှစ်ခုကမဖြစ်အောင်ကာကွယ်နိုင်လျှင် ထိရောက်မှုကြီးမားနိုင်သည်။    
လူထုကိုစည်ရုံး၍ပျိုးရန်- ကုန်ကျစရိတ်သက်သာသည်။ ရလာဒ်ကို ကောင်းရန်မသေချာ။ လူထုကိုပညာပေးပြီးသားဖြစ်သည်။ (အရှုံမရှိနိုင်)။ လူထုလက်ခံသဘောပေါက်လျှင် ရေရှည်အောင်မြင်နိုင်သည်။    
မြို့တော်စည်ပင်ဝန်ထမ်းများဖြင့် ပျိုးရန်- ရှိပြီးသားဝန်ထမ်းများ၏ Culture ကိုလိုက်၍ဝန်ထမ်းသစ်များလုပ်လိမ့်မည်။ စည်ပင်ဝန်ထမ်းများ ရရှိနေကြရလာဒ်မျိုးကိုပေး လိမ့်မည်။ Organizational Behaviour ကြောင့်ဖြစ်သည်။    
သင်ကိုယ်တိုင်နောက်ထပ် Possible Solution တစ်ခုကို ရှာဖွေကြည့်ပါ။    

မည်သည့် Possible Solution များသည် မည်သည်ဇုံတွင်ကျရောက်သည်ကို မိမိဖာသာ လေ့ကျင့်ခန်းအဖြစ်လုပ်ကြည့်ပါ။

မည့်သည့် Possible Solution သည့်သင့်ဦးဆောင်မည့်အဖွဲ့ အစည်းအတွက် အဘယ်ကြောင့် အကောင်းဆုံးဖြစ်သည်ကို Presentation လုပ်ကာ ဆွေးနွေးတိုင်ပင်ပါ။

 

ကောင်းထက်ညွန့်

Decision Making Process နှင့်သက်ဆိုင်သော ACMV Lecture များ (1 Lectures)
1 Decision Making Process Decision Making Chart Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format