To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Control Systems > HVAC Control Systems > Introduction To HVAC Control Systems > Control Loop များ > www.acmv.org
Control Systems > HVAC Control Systems > Introduction To HVAC Control Systems Control Loop များ >


Control Loops ၁.၃ Control Loop များ
သတ်မှတ်ထားသောမြန်နှုန်း (Speed) တစ်ခုတွင်ထိန်း၍ ကားမောင်းနေခြင်းသည် control loop တစ်ခု၏ ဥပမာဖြစ်သည်။ ကား၏မြန်နှုန်းကို သိရန် မြန်နှုန်းပြဒိုင်ခွက် (Speedometer)ကို အသုံးပြုသည်။ လက်ရှိကား speed သည်အလိုရှိသည့် speed ထက်နှေးနေလျှင် လီဗာ(accelerator) ကိုဖိနင်း၍ ကား၏တုန့်ပြန်မှု ကိုစောင့်ကြည့်သည်။ ထို့နောက် ကားမြန်နှုန်းသည် အလိုရှိသည့် speed ထက်နှေး နေသေးလျှင် လီဗာ(accelerator) ကိုပို၍ဖိနင်းသည်။ ပိုမြန်နေလျှင်လျှော့၍ နင်းသည်။ ဤနည်းဖြင့် အလိုရှိသည့် speed ကိုရအောင် speedometer ကိုကြည့် ၍ လီဗာ(accelerator) ကိုထိန်း ၍နင်းသည်။

အထက်ပါ ဥပမာတွင် သင်သည် accelerator ကို မည်မျှနင်းမည်။ လျှော့ပေးမည်စသည့် control decision ကိုဆုံးဖြတ်ကာ controller ကဲ့သို့ပြုမူ ဆောင်ရွက်သည်။ Control ဝေါဟာရများအရ ကား speed သည် controlled variable ဖြစ်သည်။ speedometer သည်လက်ရှိမြန်နှုန်း ကိုတိုင်းတာသည့် sensor ဖြစ်သည်။ လက်ရှိမြန်နှုန်း Control point (သို့ control variable) ဟုလည်းခေါ်သည်။ ကား engine သည့် process plant ဖြစ်ပြီး accelerator မှာ controlled device ဖြစ်သည်။


ပုံ 1-1 သည် information များအပြန်အလှန် ဖလှယ်ကြပုံကို schematic ပုံစံဖြင့်ဖော်ပြထားသည်။ Control loop ဟုခေါ်ဆိုရသည့်အကြောင်းမှာ information များတစ်နေရာပြီး တစ်နေရာ (နေရာအားလုံးရောက်အောင်) ပတ်မိအောင်ရောက်သွားသောကြောင့်ဖြစ်သည်။ Sensor ဟုခေါ်သည့် speedometer မှ controlled variable ဟုခေါ်သည့် speed သည် controller ထံသို့ရောက်ရှိသွားသည်။ Controller သည်လက်ရှိ controlled variable ဖြစ်သည့် speed နှင့်အလိုရှိသည့် speed set point နှင့်နှိုင်းယှဉ်ကာ ဘာလုပ်ရမည် ဆိုသည့် “control decision” ကိုချမှတ်သည်။ ထို့နောက် ဘာလုပ်ရမည်ဆိုသည့် instruction ကို output အဖြစ် controlled device ဖြစ်သည့် accelerator ထံသို့ပို့ပေးသည်။ Controlled device (accelerator) မှတစ်ဆင့် process plant (car engine) ကိုလိုသလို မောင်းပေးသည်။

Control loop အားလုံးတွင် Process plant ၊ Controlled variable ၊ Controller ၊ Controlled device၊ Set point ၊ control point စသည့် essential element များပါဝင်သည်။ ပုံ 1-2 သည် steam (သို့) hot water (သို့) တခြားသော heating source တစ်မျိုးမျိုးကို သုံးထားသည့် heating coil ပါရှိသည့် air-heating system တစ်ခု ပုံဖြစ်သည်။ အေးသည့်လေများ ကို fan မှ မှုတ်ထည့်ပေးပြီး အလိုရှိသည့် set point အပူချိန်သို့ ရောက်အောင်/ ရအောင် ထိန်းထားရန်ဖြစ်သည်။ Controlled variable ဖြစ်သည့် supply air အပူချိန် (temperature) ကို sensor ကတိုင်းယူပြီးနောက် controller ဆီသို့ ပို့ပေးသည်။ controller သည် sensor တိုင်းယူထားသည့် အပူချိန် (control point) နှင့်အလိုရှိသည့်အပူချိန် (set point) တို့ကိုနှိုင်းယှဉ်ကာ error ကိုတွက်ယူသည်။ error ဆိုသည်မှာ set point အပူချိန် နှင့် control point အပူချိန်တို့၏ခြားနားချက် ဖြစ်သည်။

Controller သည် error ကိုအခြေခံ၍ output signal ကိုတွက်ချက်ပြီး controlled device ဖြစ်သည့် valve ထံသို့ပို့ပေးသည်။ Valveသည် ရရှိသည့် signal အတိုင်း opening position ကိုဖြစ်စေကာ (Heating medium flow rate နည်းအောင် များအောင် ဖြစ်စေကာ) process plant ရှိ coil အတွင်းသို့ စီးဆင်းစေသည်။ ထို့နောက် supply air သည် coil ကိုဖြတ်ပြီးသည့်အခါ လိုချင်သည့် အပူချိန်သို့ ချဉ်းကပ်သွားစေသည်။ နောက်တစ်ခါ sensor သည် information အသစ်ကို ထပ်ဖတ်ကာ controller ထံသို့ပို့ပေးပြီး cycle အသစ်တစ်ခုကို စတင်ပြန်သည်။ ဤနည်းဖြင့် အမြဲမပြတ် desired output ရရှိအောင် ထပ်ကာထပ်ကာပြုလုပ်နေကြသည်။


အထက်ပါ ဥပမာ နှစ်ခုစလုံးကို system အားဖြင့် ခွဲခြားပြောရဆိုလျှင် feedback control system ဖြစ်သည်။ controlled variable ကို အမြဲမပြတ် sensing လုပ်နေပြီး controller ထံသို့အဆက်မပြတ် feed လုပ်ပေးနေ (ပို့ပေးနေ) သောကြောင့် feedback control system သို့မဟုတ် closed loop ဟုခေါ်ဆိုခြင်း ဖြစ်သည်။

Controlled device နှင့် process plant တို့သည် controlled variable အပေါ် အကျိုးသက်ရောက် နိုင်စွမ်းရှိသည်။ Controlled variable ကို sensor က အမြဲမပြတ် controller ထံသို့ပို့ပေးကာ၊ controller set point နှင့် နှိုင်းယှဉ်ပြီး output signal ကို controlled device ဆီသို့ပို့ပေးသည်။

Open-loop control system တွင် controlled variable နှင့် controller တို့အကြားတွင် တိုက်ရိုက်ဆက်သွယ် မှု (direct link) မရှိပေ။ ထို့ကြောင့် feedback လည်းမရှိပေ။ Open-loop control ဥပမာတစ်ခုမှာ sensor သည် outside air temperature ကို controller ထဲသို့ပို့ပေးသည်။ Controller outside air temperature တစ်ခုတည်း (feedback မရှိပဲ) ဖြင့် control valve ကိုတိကျစွာ control လုပ်နိုင်အောင် ဒီဇိုင်းပြုလုပ် ထား သည်။ ဤ ဥပမာတွင် controlled variable ဖြစ်သည့် supply air temperature ကိုတိုင်းတာခြင်းလည်းမရှိ၊ controller ထံသို့ပေးပို့ခြင်းလည်းမရှိပေ။ ထို့ကြောင့် controller သည် control valve ဖွင့်ခြင်း၊ ပိတ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် တုံ့ပြန်မှု (response) ကို ပြန်မသိနိုင်။ open-loop ၏ အခြားသော အဓိပ္ပါယ်မှာ controlled device ဖြစ်သည့် control valve ၏ direct impact ဖြစ်သည့် control variable တန်ဖိုးကို ပြန် ၍ sense မလုပ်ပေ။


Open-loop control system တွင် end result နှင့် variable sensed by the controller တို့အကြား တွင် indirect connection ရှိသည်ဟု သတ်မှတ်ယူဆထား (presumeလုပ်ထား) သည်။ အကယ်၍ outdoor air temperature နှင့် heating load တို့အကြား ဆက်သွယ်မှုကိုအတိအကျသိထားလျှင် open-loop control ကိုအသုံးပြု ၍ constant space temperature လိုသလို အတိအကျရအောင် ထိန်းထားနိုင်သည်။ သို့သော် လက်တွေ့တွင် ထိုကဲ့သို့ တိကျသည့် ဆက်သွယ်မှုမျိုးကို သိရန်မဖြစ်နိုင်သောကြောင့် open-loop control system များသည်ကျေနပ်လောက်သည့် performance ကိုမပေးနိုင်ပေ။ ထိုအကြောင်းများကြောင့် HVAC continuous control system များအားလုံးတွင် closed-loop control ကိုအသုံးပြုကြခြင်းဖြစ်သည်။

Time clock ၊ occupancy sensor စသည့် open-loop control များကို မလွဲမသွေအသုံးပြုကြသည်။ ၄င်းတို့ သည် on/off အမျိုးအစားများသာဖြစ်ကြပြီး continuous control များမဟုတ်ကြပေ။ အသုံးများသည့် open-loop control အမျိုးအစားတစ်ခုမှာ reset control ဖြစ်သည်။ Reset control သည် closed-loop control ၏ setpoint ကိုပြောင်းလဲစေရန်အတွက်အသုံးပြုထားသော open-loop ဖြစ်သည်။ ပုံ 1-3 တွင်ပြထားသည့် အတိုင်း outside temperature ကိုအခြေခံ ၍ heating supply water temperature ကို adjust လုပ်ရန် အတွက် open-loop control ကိုအသုံးပြုနိုင်သည်။ Outside temperature ကျဆင်းလာလျှင်(နိမ့်လာလျှင်) သတ်မှတ်ထားသည့် predetermined schedule အတိုင်း open-loop output ကိုမြှင့်ပေးနိုင်သည်။ (ဇယားတွင်ပြ ထားသည့်အတိုင်း)။ ထို open-loop output မှ boiler ၏ set point ကိုပေးနိုင်သည်။ Reset control ၏ ထူးခြားကောင်းမွန်ချက်မှာ heating load တက်လာသည် နှင့်အမျှ heating system ၏ capacity ကိုများစေခြင်းခြင့် control ability ကိုများစွာပိုမိုကောင်းမွန်စေသည်။ ဤနည်းသည် control loop တစ်ခုမှ output ကို second control တွင် input အဖြစ် အသုံးပြုထားခြင်းဖြစ်သည်။ Cascading လုပ်သည်ဟု ခေါ်သည်။ ဥပမာများမှ control loop တိုင်း ၌ပါဝင်သော essential element များဖြစ်သည့် sensor ၊ controller ၊ controlled device, နှင့် process plant တို့ကိုဖော်ပြထားသည်။ အနည်းမျှသော control system များသာ ဤဥပမာများကဲ့သို့ ရိုးရှင်းလွယ်ကူသည်။


အခန်း ၅ တွင် ပိုပြီးရှုပ်ထွေးသော(complex) system များကို ဖော်ပြထားသည်။ သို့သော် elementary control loop များကိုသာ အခြေခံပြီး တည်ဆောက်ထားသည်။ တစ်ခါတစ်ရံ sensor နှင့် controller နှစ်ခုစလုံးကို package တစ်ခုထဲတွင် ပါဝင်အောင်ပြုလုပ်ထားလေ့ရှိသည်။

Sensor နှင့် controller နှစ်ခုစလုံးပါဝင်သည့် အရာကို “Stat” ဟုခေါ်သည်။ ဥပမာ- thermostat ၊ humidistat နှင့် pressurestat တို့ဖြစ်သည်။ Stat အထဲတွင် sensor နှင့် controller တို့သီးခြားစီတည်ရှိကြသော်လည်း ၂ခုစလုံးကို Enclosure တစ်ခုအတွင်းတွင် ထည့်ကာပြုလုပ်ထားခြင်းဖြစ်သည်။

Stat များနှင့် တွဲ၍ အသုံးများသည့် controlled device များမှာ control valve (steam သို့မဟုတ် hot water ကို control လုပ်ရန်အတွက်) နှင့် control damper (air flow ကို control လုပ်ရန်အတွက်) တို့ဖြစ်သည်။ ထို device များနှင့် ယင်းတို့ကိုမည်ကဲ့သို့ မှန်ကန်စွာ ရွေးချယ်အသုံးပြုရသည်ကို အခန်း ၃ တွင်ဖော်ပြထားသည်။

Controlled variable များမှာ temperature ၊ humidity ၊ pressure နှင့် velocity တို့ဖြစ်သည်။ Hydronic heating system နှင့် cooling system တို့တွင်အများဆုံးတွေ့ရသော Controlled variable များမှာ ရေ၏ temperature ၊ velocity နှင့် pressure တို့ဖြစ်သည်။ ထို variable များကိုတိုင်းသည့် sensor များကိုပုံစံအမျိုးမျိုး ၊ အရွယ်အစားအမျိုးမျိုးနှင့် accuracy အမျိုးမျိုးကိုဈေးကွက်အတွင်းတွင် ရနိုင်သည်။ (အမျိုးအစားများမှာ) measurement များ၏ တိကျမှု (accuracy) သည် control တစ်ခုလုံး၏ accuracy အပေါ်အကျိုးသက်ရောက်မှုရှိသည်။ sensor များအကြောင်းကို အခန်း ၄ တွင်ဖော်ပြထားသည်။ ပုံမှန်အားဖြင့် controller နှင့် controlled device (valve) အကြားတွင် actuator ရှိသည်။ Actuator သည် signal ကို physical force အဖြစ်သို့ပြောင်းလဲစေပြီး controlled device ဖြစ်သည့် Damper သို့မဟုတ် valve စသည်တို့ကို တွန်းစေ၊ ရွေ့စေသည်။ Actuator သည် controlled device (valve)အပေါ်တွင် “Linkage” ဟုခေါ်သည့် မောင်းတံဖြင့်ချိတ်ထားသည်။

control system အမျိုးအစားကိုလိုက်၍ Actuator ၏ characteristic တို့ပြောင်းလဲပုံကို အခန်း ၆ မှ အခန်း ၁၀ အထိဖော်ပြထားသည်။ ဤအခန်းတွင် control system များ၌ အသုံးပြုသည့် ဝေါဟာရ (term)များ၏ အခြေခံ သဘောတရားများ(fundamental) ကို ဖော်ပြထားသည်။
ကောင်းထက်ညွန့်
HVAC Control Systems နှင့်သက်ဆိုင်သော ACMV Lecture များ (3 Lectures)
1 HVAC Control Systems Introduction To HVAC Control Systems Control Loop များ Read
2 HVAC Control Systems Introduction To HVAC Control Systems Control mode များ၊ Read
3 HVAC Control Systems Introduction To HVAC Control Systems Gains and Loop Tuning Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format