To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Air Conditioning > Refrigerant > Refrigerant - HFC-134a အကြောင်း > > www.acmv.org
Air Conditioning > Refrigerant > Refrigerant - HFC-134a အကြောင်း >


Untitled Document

Refrigerant - HFC-134a အကြောင်း

HFC-134a ကို လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်ခန့်ကတည်းက စတင်အသုံးပြုခဲ့ကြသည်။ chlorofluorocarbons (CFCs) ဓါတ်ငွေ့ များကို အစားထိုးအသုံးပြုရန် အတွက်စတင် စမ်းသပ်ခဲ့ကြခြင်းဖြစ်သည်။

HFC-134a ဓါတ်ငွေ့ တွင်တခြားသော ဓါတ်ငွေ့ များနှင့်မတူသည့် အဆိပ်မသင့်ခြင်း (low toxicity), မီးလောင်မလွယ်ခြင်း (nonflammable), သံချေး ကြေးချေးမတက်စေခြင်း (noncorrosive) နှင့် တခြားသော သတ္တုများနှင့် တွဲ၍အသုံးပြုနိုင်ခြင်း (compatible with other materials) စသည့် ထူးခြားချက်များရှိသည်။ ထိုအပြင် thermodynamic and physical properties များကြောင့် ထူးခြားကောင်းမွန်သည့် အသုံးများသော Refrigerant ဓါတ်ငွေ့ ဖြစ်လာသည်။

HFC-134a ဓါတ်ငွေ့  တစ်မျိုးသာလျှင် single compound ပုံစံမျိုးဖြင့်အသုံးပြုနိုင်သော Refrigerant ဖြစ်သည်။ တခြားသော Refrigerant များသည် azeotropes သို့ zeotropes (နှစ်မျိုး သို့နှစ်မျိုးထက်ပိုသော ဓါတ်ငွေ့  များကို ရောစပ်ကာ ပြုလုပ်ထားခြင်းဖြစ်သည်။ ) ထိုကြောင့် HFC-134a သည် chiller အတွက်ကောင်းဆုံးသော Refrigerant ဖြစ်သည်။

CFCs ဓါတ်ငွေ့  များကို refrigerants အဖြစ်သာမက- ဆားကစ်ပြားများထုပ်လုပ်မှုတွင် blowing agents အဖြစ်သော်လည်းကောင်း သတ္တုပစ္စည်းများ နှင့် အီလက်ထရောနစ်ပစ္စည်းများထုပ်လုပ်ခြင်းတွင် cleaning agents သော်လည်းကောင်း အသုံပြုကြသည်။ သို့သော် CFCs ဓါတ်ငွေ များတွင် ကလိုရင်းပါဝင်မှု (chlorine content) ကြောင့် အိုဇွန်းလွှာပါးခြင်း (Ozone depletion) ကိုဖြစ်စေသည်။ ထိုကြောင့် CFCs ဓါတ်ငွေ များထုပ်လုပ်ခြင်း။ အသုံးပြုခြင်းတို့ကို ရပ်နားပြီး (phased out production of CFCs) သဘာဝပတ်ဝန်းကျင် ကို မထိခိုက်သော hydrofluorocarbon (HFC) 134a နှင့် အစားထိုးအသုံးပြုသည်။

HFC-134a ဓါတ်ငွေ့  တွင် ကလိုရင်း(chlorine) မပါဝင်သောကြောင့် ozone depletion potential (ODP) မှာ zero ဖြစ်သည်။ တနည်း HFC-134a ဓါတ်ငွေ့  အသုံးပြုခြင်းကြောင့် အိုဇွန်းလွှာ ကို မထိခိုက်စေပါ။

HFC-134a ကို Hydrofluorocarbon-134a သို့ R 134a ဟုလည်းခေါ်ဆိုကြသည်။
HFC-134a ဓါတ်ငွေ့ chemical properties များမှာ

HFC-134a ဓါတ်ငွေ့  ကို CFC-11, CFC-12 ဓါတ်ငွေ့  များနေရာတွင် အစားထိုးအသုံးပြုသည်။

refrigeration များ, polymer foam များကို blowing လုပ်ရန်အတွက်လည်းကောင်း aerosol products အတွက်လည်းကောင်းအသုံးပြုကြသည်။ သို့ရာတွင် CFC-11, CFC-12 မှ HFC-134a ဓါတ်ငွေ့  ကို ပြောင်းလဲအသုံးပြုခြင်းကြောင့် လုပ်ဆောင်မှုများကောင်းမွန်ရန် အတွက် (optimize the
performance) equipment ဒီဇိုင်များ ပြောင်းလဲရန် တစ်ခါတစ်ရံလိုအပ်သည်။

HFC-134a ဓါတ်ငွေ့  သည် အဆိပ်မသင့် (low toxicity) သောကြောင့် refrigeration industry တွင် စိတ်ချ ရသော၊ အန္တရာယ်ကင်းသော safe refrigerant အဖြစ်အသုံးပြုကြသည်။ ရေခဲသေတ္တာနှင့် ကားအဲယားကွန်းများတွင်လည်းကောင်း။ supermarket များတွင် အပူချိန် နိမ့်အောင်ထားရမည့်ပစ္စည်းများ အတွက် show cases သို့ Display cases များအတွင် လည်းကောင်း commercial chillers တွင် လည်းကောင်း အသုံးပြုကြသည်။

အောက်ပါဇယားသည် CFC-12 နှင့် HFC-134a တို့၏ medium-temperature conditions အတွက် theoretical performance နိုင်းယှည်ချက်ကို ဖော်ပြထားသည်။

HFC-134a သည် CFC-12 ထက် theoretical performance တွင် မပြောပလောက်သည် ရာခိုင်နှုန်းအနည်းငယ်သာ လျော့နည်းသည်။


HFC-134a ဓါတ်ငွေ့  သည် အကောင်းဆုံးသော သာမိုဒိုင်းနမစ် သတ္တိ( excellent thermodynamic) ကို ပိုင်ဆိုင်သည်။ ထိုကြောင့် HFC-134a ဓါတ်ငွေ့  သုံးသော Refrigeration စက်သည် efficiency ကောင်းသည့် အတန်းအစားတွင်ပါဝင်သည်။
ယနေ့ထုပ်လုပ်နေသည် HFC-134a ဓါတ်ငွေ့  အသုံးပြုသည် centrifugal chiller များသည် လွန်ခဲ့သော နှစ် ၁၉၇၀ နှစ်များ နှင့် ၁၉၈၀ နှစ်များတွင်ထုပ်လုပ်သော centrifugal chiller များထက် efficiency ၃၅% ပိုကောင်းသည်။

အထက်ပါပုံသည် kW/Ton (chiller efficiency ) ကောင်းလာပုံကို ဖော်ပြထားသော ဂရပ်ဖြစ်သည်။ Chiller တစ်လုံးအတွက် kW/Ton နည်းလေ ထို Chiller မှာ ပို efficient ဖြစ်လေဖြစ်သည်။

HFC-134a ဓါတ်ငွေ့  သည် ozone depletion ပြဿနာများကို ဖြေရှင်းပေးရုံသာမက global climate ပြောင်းလဲမှုများကိုလည်း ကောင်းမွန်သော အထောက်အကူပံ့ပိုးခြင်းများပြုလုပ်နိုင်စွမ်းသည်။


Positive pressure refrigerant

HFC-134a ဓါတ်ငွေ့  သည် အပေါင်းဖိအား (positive pressure) refrigerant ဖြစ်သည်။ ထိုကြောင့် အပေါင်းဖိအား (positive pressure) ဖြစ်အောင်မောင်းနှင့်နိင်သော chiller equipment များတွင်သာ အသုံးပြုနိုင်သည်။ ထိုကြောင့် ထို chillers များကို American Society of
Mechanical Engineers (ASME) မှ national pressure vessel code မှ သတ်မှတ်ညွန်ကြားထားသည့်အတိုင်းဆောက်လုပ်ရမည်။ ASME code အရ Chiller များသည် မောင်းနှင်မည့် ဖိအား(normal operating pressure) ၏ ၇ဆ(seven times) မကသော ဖိအားကို ခံနိုင်အောင်ပြုလုပ်ထားရမည်။ ထိုကြောင့် Chiller များ၏ Refrigerant ယိုစိမ့်မှု (leak rates) မှာ နှစ် စဉ် 0.1% ထက်နည်းသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ဆောက်ခဲ့သည့် chiller များ၏ ယိုစိမ့်မှု (leak rates) မှာ နှစ် စဉ် ၁၇% ထက်များသည်။ chiller များ၏ vessels များကို ခိုင်ခံအောင်တည်ဆောက်ထားမှုကြောင့် Chiller များအတွင်းတွင် Refrigerant ကို ဖြည့်လျှက် တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင်နိုင်သည်။

Smaller Footprint
HFC-134a ဓါတ်ငွေ့  ၏ molecular mass သည် CFC and HCFC refrigerants တို့၏ molecular mass ထက်သေးငယ်သည်။
ထိုကြောင့် HFC-134a HFC-134a အတွက် လိုအပ်သော ထုထည်(volume) CFC and HCFC refrigerants တို့၏ လိုအပ်သော ထုထည်(volume) ထက် လျော့နည်းသည်။ ထိုကြောင့် HFC-134a chiller ၏ အရွယ်အစားမှာ ၃၅ မှ ၄၀% အထိသေးငယ်နိုင်သည်။ ထိုကြောင့် chillerထုပ်လုပ်မှု စရိတ်၊ အသုံးပြုသည့် ပစ္စည်းစရိတ်လည်းသက်သာသည်။ သယ်ဆောင်ရန်၊ တပ်ဆင်ရာတွင်လည်းလွယ်ကူသည်။ chiller ချမည့်နေရာကို လည်း အရမ်းခိုင်ခံအောင်လုပ်ရန်မလိုအပ်ပေ။ နေရာကျဉ်းကျဉ်းတွင်တပ်ဆင်မောင်နှင်နိုင်သည်။

Less Oil Waste

chiller ထဲတွင်းအသုံးပြုထားသော oil မှာ အမြဲလဲပေနေမည်ဖြစ်သည်။ oil အဟောင်းကိုလည်းသဘာဝပတ်ဝန်ကျင်မထိခိုက်အောာင် စွန့်ပြစ်ရမည်ဖြစ်သည်။ HFC-134a နှင့်မောင်းသည် chiller ထဲတွင်းအသုံးပြုထားသော oil ၏ သက်တမ်း မှာCFC နှင့် HCFC မောင်းသည့် chillersတွင်သုံးသော oil ၏ သက်တမ်းထက် ၄ သို့၅ နှစ်ပိုကြာကြာခံသည်။ HFC refrigerant ထဲတွင် chlorine မပါဝင်မှုကြောင့် mineral oil များထည့်သွင်းအသုံးပြုရန်မဖြစ်နိုင်ပေ။ ထိုကြောင့် synthetic lubricant ကို သာ HFC-134a နှင့်မောင်းသည် chiller ထဲတွင်းအသုံးပြုရသည်။ synthetic lubricant ကို အသုံးပြုခြင်းကြောင့် superior performance ရနိုင်ပြီး chiller သက်တမ်းပိုရှည်သည်။ နောင် တွင် refrigerant ကို lubricant အဖြစ် chiller များတွင်အသုံးပြုရန်မှာ သုတေသနပြုဆဲအဆင့်တွင်သာရှိသေးသည်။

Increased Safety

အဆောက်အဦးပိုင်ရှင်များအတွက် မီးဘေးသည် အကြီးမားဆုံးသော အန္တရာယ်ဖြစ်သည်။ HFC-134a သည် ယနေ့ ထုပ်လုပ်နေသော chiller များအတွက် ဘေးအကင်းဆုံးသော refrigerant ဖြစ်သည်။
ASHRAE 34 Safety Classification အရ HFC-134a သည် A1 compound အဖြစ်သတ်မှတ်ခြင်းခံရသည်။ အောက်ပုံတွင်ပြထားသည်။

HFC-134a သည် လူများ ရူနိုင်သည့် အထိ အန္တရာယ်ကင်းသည် ။ ရူမိသည့်တိုင် မည့်သည့် အန္တရာယ်ကိုမျှမဖြစ်စေနိုင်ပါ။
ထိုကြောင့် ပြုပြင်ထိန်းသိမ်းသူများနှင့် မောင်နှင့်သူများအတွက် အလွန်အန္တရာယ်ကင်းသည်။


အဆောက်အဦးပိုင်ရှင်များသို့ ဆုံးဖြစ်ချက်ချမည့်သူများသည် refrigerant compound များ၏ အခြေခံဓါတုဗေဒ အချက်အချို့ကို ကောင်းစွာနားလည်ခြင်းဖြင့် Chiller သို့ refrigerant ကို ရွေးချယ်ရန်အတွက် ပိုမိုမှန်ကန်သည့် ဆုံးဖြတ်ချက်များပြုလုပ်နိုင်သည်။

Periodic Table အရ ကမ္ဘာပေါ်တွင် ဒြပ်စင် ၁၀၀ကျော်ရှိသော်လည်း အများစုမှာ refrigerant compound အဖြစ်အသုံးပြုရန် မသင့်လျှော်ပေ။
nitrogen အက်တမ် နှင့် hydrogen အက်တမ်တို့ဖြင့်ပြုလုပ်ထားသော အမိုးနီးယားammonia (NH3) မှာ အဆိပ်ဓါတ်ငွေ့ ဖြစ်ခြင်း ()နှင့် မီးလောင်လွယ်ခြင်းကြောင့် လူနေသည့် အဆောက်အဦးများတွင် သုံးခွင့်မရပေ။ စက်ရုံများ(industrial process refrigeration)တွင်သာ အသုံးပြုနိုင်သည်။
SO2


Sulfur အက်တမ် နှင့် oxygen အက်တမ်ပေါင်းသည့် sulfur dioxide (SO2) ကို ရှေးက refrigerant compound အဖြစ်အသုံးပြုသော်လည်း ယခုအခါ higher-toxicity compound ဖြစ်သောကြောင့် သုံးခွင့်မရတော့ ပေ။

ရေကိုလည်း water (H2O) နှင့် (R-718) ကို လည်း refrigerant အဖြစ် absorption chiller applications များတွင် အသုံး ပြုသည်။

Thermal Decomposition
HFC-134a ဓါတ်ငွေ့  သည် အပူချိန်မြင့်မားသည်အခြေအနေတွင် ပြိုကွဲ(decompose) သွားသည်။ ပြိုကွဲခြင်း(Decomposition) ကြောင့် hydrogen fluoride ကဲ့သို့ irritating compounds များထွက်လာနိုင်သည်။ ထိုကြောင့် အပူချိန်မြင့်မားသည်အခြေအနေတွင် ပြိုကွဲခြင်း(decompose) မဖြစ်အောင်ကာကွယ်တားဆီးရန်လိုအပ်သည်။

 

ကောင်းထက်ညွန့်

Refrigerant နှင့်သက်ဆိုင်သော ACMV Lecture များ (2 Lectures)
1 Refrigerant Refrigerant- အပိုင်း-၁ နိဒါန်း Read
2 Refrigerant Refrigerant - HFC-134a အကြောင်း Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format