To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Air Conditioning and Mechanical Ventilation System (Vol. 1) > Chapter - 4 (Part 1 of 3) > Cooling Towers (Part 1 of 3) > > www.acmv.org
Air Conditioning and Mechanical Ventilation System (Vol. 1) > Chapter - 4 (Part 1 of 3) > Cooling Towers (Part 1 of 3) >


Chapter -4 Cooling Towers

Chapter - 4 Cooling Towers (Part 1 of 3)

 

Contents

Chapter - 4 Cooling Towers. 1

.Introduction. 1

.Cooling Tower နှင့်သက်ဆိုင်သော အခေါ်အဝေါ်များ(Technical Terms) 2

.Condenser Water Piping Configuration. 4

၎.၃.၁ One to One System (Individual System) 5

၎.၃.၂ Common Condenser water Header at Chiller and Cooling Tower 6

၎.၃.၃ Common Condenser Water Header at Cooling Tower 6

Classification of Cooling Towers. 7

.Cross Flow Tower နှင့် Counter Flow Tower တို့၏ အားနည်းချက် နှင့် အားသာချက်များ 9

၎.၆ Direct Contact သို့မဟုတ် Open Cooling Tower နှင့် Closed Circuit Cooling Tower 10

.Cooling Tower ပါဝင်သည့် အစိတ်အပိုင်း(Component)များ 12

 

.၁ Introduction

Air conditioning system များနှင့် industrial cooling process များမှ ထွက်လာသည့် အပူများ (generated heat)ကို စွန့်ထုတ်ပစ်(reject)ရန် လိုအပ်သည်။ စွန့်ထုတ်ပစ်ခြင်း(rejecting) မပြုလုပ်ပါက ထို ထွက်ပေါ်လာသည့် အပူများ(generated heat)သည် တစ်နေရာသို့ ပျံ့လွင့်ကွယ်ပျောက်(dissipated) သွားလိမ့် မည်။ Cooling tower သည် system တစ်ခုအတွင်းမှ အပူ(heat)များကို အနီးရှိ လေထုထဲသို့ စွန့်ထုတ် ပေးနိုင်သော ကိရိယာ(heat rejection device)တစ်မျိုး ဖြစ်သည်။ ထိုသို့  အပူများကို စွန့်ထုတ်နိုင်ရန် အတွက် condenser water အပူချိန်သည် လေထု၏ အပူချိန်ထက် ပို၍ မြင့်မားနေရန် လိုအပ်သည်။

အပူ(heat)သည် အပူချိန်မြင့်ရာ(high temperature) မှ နိမ့်ရာ(low temperature)သို့သာ အလိုလျှောက် အပူကူးပြောင်းခြင်း(heat transfer) ဖြစ်နိုင်သည်။

ပုံ ၄-၁ Cooling tower အမျိုးမျိုး

Chiller သို့မဟုတ် industrial process heat exchanger များမှ ထွက်လာသည့် အပူများ(generated heat)ကို ဖယ်ထုတ်ပစ်ရန်အတွက် ရေကို “Heat Transfer Medium” အဖြစ် အသုံးပြုကြသည်။ ရေသည် အလွယ်တကူ ပေါပေါများများ ရနိုင်ပြီး၊ ကုန်ကျစရိတ်လည်း အလွန်သက်သာသည်။ လွန်ခဲ့သော နှစ်ပေါင်း များစွာက ထိုထွက်လာသည့် အပူများ(generated heat)ကို ရေကန်များ၊ ရေအိုင်များ၊ ပင်လယ်များ၊ ချောင်းများ အတွင်းသို့ စွန့်ထုတ်ပစ်ခဲ့ကြသည်။ ထိုသို့ စွန့်ထုတ်မှုကြောင့် ရေကန်များအတွင်းရှိ ရေ၏အပူချိန်မြင့်တက်ကာ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု(ecological disturbance)များကို ဖြစ်ပေါ်စေသည်။ ရေနေသတ္တဝါများ သေကျေ ပျက်စီးရသည်။

ထို့ကြောင့် ယခုအခါတွင် air conditioning system များ၊ water cooled refrigeration system များ နှင့် process cooling system များမှ စွန့်ထုတ်ပစ်လိုက်သော အပူများ(rejected heat)ကို ဖယ်ထုတ်ရန် အတွက် cooling tower များကို အသုံးပြုလာကြသည်။ Cooling tower တပ်ဆင် အသုံးပြုခြင်းကြောင့် ကုန်ကျ စရိတ် အလွန်သက်သာသည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှု(ecological effect)ကိုလည်း လျော့နည်း အောင် ပြုလုပ်နိုင်သည်။

Air conditioning system များသာမက process cooling system များ နှင့် compressed air system များတွင် အပူများ စွန့်ထုတ်ပစ်ရန်(heat rejection)အတွက် cooling tower များကို အသုံးပြုကြသည်။ Water cooled chiller များနှင့် water cooled package unit များနှင့် တွဲ၍လည်း အသုံးပြုကြသည်။

            Cooling tower များသည်

 

(၁)

Sensible heat transfer နည်း

 

(၂)

Latent heat transfer နည်း နှင့်

 

(၃)

အထက်ပါနည်း နှစ်မျိုးလုံးဖြင့် အပူ(heat)များကို လေထဲ(atmosphere)သို့ တစ်ပြိုင်နက် စွန့်ထုတ်ပစ် (reject) ကြသည်။

ရေငွေ့ပျံစေခြင်းဖြင့် အပူကိုဖယ်ထုတ်ခြင်း(evaporative cooling)နည်းသည် latent heat transfer လုပ်ခြင်းဖြင့် စွန့်ထုတ်ပစ်ခြင်းကို ဆိုလိုသည်။ ပူသောရေများကို cooling tower အတွင်းရှိ fill packing များ အပေါ် ဖြတ်၍ စီးဆင်းစေသည့်အခါ ရေအချို့သည် ရေငွေ့ပျံခြင်း(evaporation)ဖြစ်ကာ ရေ၏အပူချိန် ကျဆင်း သွားသည်။

ရေငွေ့ပျံစေခြင်းဖြင့် အပူကိုဖယ်ထုတ်ခြင်း(evaporative cooling)နည်းဖြင့် စွန့်ထုတ်(reject) နိုင်သည့် အပူ(latent heat)ပမာဏသည် ရေငွေ့ပါဝင်မှု(moisture content) ပေါ်တွင် မူတည်သည်။ လေထု၏ Wet Bulb အပူချိန်နိမ့်လေ ရေငွေ့ပါဝင်မှု(moisture content) နည်းလေ ဖြစ်ပြီး cooling tower မှ အပူ(latent heat)ပမာဏများများ စွန့်ထုတ်(reject)နိုင်လေ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် Wet Bulb အပူချိန် နိမ့်သောလေသည် ပို၍ ခြောက်သွေ့သောကြောင့် ပို၍ evaporative cooling  ဖြစ်စေနိုင်သည်။

ထို့အပြင် ပိုနွေးသောရေများ(warmer water)မှ အပူများသည် sensible cooling နည်းဖြင့် အေးသည့် လေ(cool air)ထဲသို့ စွန့်ထုတ်(reject) ခံရသည်။ တစ်နည်းအားဖြင့် ပိုနွေးသော ရေများ(warmer water)မှ အပူများသည် sensible cooling နည်းဖြင့် အေးသည့်လေ(cool air)ထဲသို့ ကူးပြောင်း(transfer) သွားသည်။

လေထဲသို့ ကူးပြောင်း(transfer)သွားသည့် “Sensible Heat” ပမာဏသည် လေ၏ Dry Bulb အပူချိန်(temperature)ပေါ်တွင် မူတည်သည်။ လေထဲသို့ ကူးပြောင်း(transfer)သွားသည့် “Latent Heat” ပမာဏသည် လေ၏ Wet Bulb အပူချိန်(temperature)ပေါ်တွင် မူတည်သည်။

.၂ Cooling Tower နှင့်သက်ဆိုင်သော အခေါ်အဝေါ်များ(Technical Terms)

Approach Condenser water supply အပူချိန်(temperature) နှင့် cooling tower အတွင်းသို့ ဝင်လာသည့် လေ၏ Wet Bulb အပူချိန်(temperature)တို့ ခြားနားချက်သည် “Approach” ဖြစ်သည်။

 

Approach temperature =

Leaving condenser water  temperature

 Entering air Wet Bulb   

    temperature

ရေဖောက်ထုတ်ခြင်း (Blow Down or Bleed Off)

Cooling tower မှ condenser water များသည် ရေငွေ့ပျံခြင်း(evaporation)ကြောင့် တဖြည်းဖြည်း လျော့နည်း သွားသည်။ Condenser water ထဲတွင် ပါရှိနေသည့် အခဲများ(solid) များ၊ ဓာတ်ဆား(salt)များနှင့် အညစ်အကြေးများ(impurities) ပါဝင်နေမှု တဖြည်းဖြည်း မြင့်တက်လာသည်။ အညစ်အကြေးပါဝင်မှု (concentration)များသည့် condenser water များကို ဖောက်ထုတ်၍ ရေအသစ်(fresh water)ထပ်ထည့် ပေးခြင်းဖြင့် ရှိသင့်ရှိထိုက်သော concentration level ရအောင် ထိန်းထားရသည်။ ထိုသို့ အညစ်အကြေးပါဝင်မှု (concentration)မြင့်သည့် condenser water များ ဖောက်ချခြင်းကို “Blow Down” သို့မဟုတ် “Bleed Off” လုပ်သည် ဟုခေါ်သည်။

Capacity:  Cooling tower တစ်လုံးမှ စွန့်ထုတ်ပစ်နိုင်သော အပူပမာဏ (amount of heat that cooling tower can reject)သည် cooling tower ၏ အပူဖယ်ထုတ်နိုင်စွမ်း(heat rejection capacity) ဖြစ်သည်။

Cooling tower ၏ အပူဖယ်ထုတ်နိုင်စွမ်း(heat rejection capacity)ကို တွက်ရန် ရေလည်ပတ်နှုန်း(flow rate)၊ approach temperature နှင့် အနီးရှိ လေထု၏ Wet Bulb အပူချိန် တို့ကို သိရန် လိုအပ်သည်။

Drift: ရေငွေ့ပျံခြင်း(evaporation) မဖြစ်ဘဲ fan ၏ လေစုပ်အားကြောင့် cooling tower အပြင်ဘက်သို့ ရေစက်ငယ်များ ရောက်သွားခြင်းကို “Drift” ဖြစ်သည် ဟု ခေါ်သည်။

Eliminator: Fan ကြောင့် cooling tower အပြင်ဘက်သို့ ရောက်ရှိသွားမည့် ရေစက်ငယ်များအား ပြန်လည်စုဆောင်းပေးသည့် ကိရိယာကို eliminator ဟုခေါ် သည်။ (“Drift” လျော့နည်းအောင် ပြုလုပ်ပေးသောကြောင့် “Drift Eliminator” ဟုခေါ်ခြင်း ဖြစ်သည်။

ပုံ၎-၂ Drift Elimimator

ပုံ ၄-၃ Cooling tower တွင် Drift Elimimator တပ်ဆင်ထားပုံ

Cell

သီးခြားမောင်းနိုင်အောင်(independently operate)ပြုလုပ်ထားသော cooling tower ၏ အခန်းငယ်ကို cell ဟု ခေါ်သည်။

Counter Flow

ရေစီးရာလမ်းကြောင်း(water flow path)နှင့် လေသွားလမ်းကြောင်း(air flow path)သည် အပြိုင်ဖြစ်ပြီး ဦးတည်ရာ ဆန့်ကျင်(parallel & opposite direction)ဖြစ်နေလျှင် “Counter Flow Cooling Tower” ဟု ခေါ်သည်။

Cross flow

ရေစီးရာလမ်းကြောင်း (water flow path)နှင့် လေသွားလမ်းကြောင်း (air flow path) တို့သည် 90° ထောင့်မှန်(perpendicular)ဖြစ်နေလျှင် သို့မဟုတ် ကြက်ခြေခတ် ပုံစံဖြင့် ဖြတ်သွား ကြလျှင် “Cross Flow Cooling Tower” ဟုခေါ်သည်။

Double flow

 

Cross flow cooling tower ၏ ဘေးနှစ်ဘက်မှ ရေများစီးဆင်းနေလျှင် “Double Flow” ဟု ခေါ်သည်။

Evaporation (Loss)

 

Condenser water သည် အပူကြောင့် အရည်အဖြစ် မှ အငွေ့(vapor)အဖြစ် အသွင် ပြောင်းခြင်း(phase change) ဖြစ်ပြီး ရေငွေ့အဖြစ် cooling tower မှ တစ်ဆင့် လေထဲသို့ ရောက်ရှိသွားခြင်းကို “Evaporation” ဟုခေါ်သည်။ ထိုကဲ့သို့ ရေငွေ့ပျံခြင်း (evaporation) ဖြစ်ကာ ဆုံးရှုံးသွားသည့် ရေများကို “Evaporation Loss” ဟု ခေါ်သည်။

Fill

 

ပူသည့် condenser water နှင့် အေးသည့်လေ တို့အကြား အပူကူးပြောင်းခြင်း(heat transfer) ဖြစ်အောင် ပြုလုပ်ပေးသည့် ပစ္စည်း ကို “Fill” ဟုခေါ်သည်။ Fill များသည် Heat transfer media သို့မဟုတ် အပူစီးကူးနိုင်သည့် မျက်နှာပြင် (heat transfer surface) ဖြစ်ကြသည်။

Forced Draft

 

Fan များမှ လေကို cooling tower အတွင်းသို့ ရောက်အောင် မှုတ်ထည့်(push)သော ကြောင့် cooling tower အတွင်း ဖိအား(positive pressure)ဖြစ်နေသည့် cooling tower အမျိုးအစား ဖြစ်သည်။

Induced Draft

Cooling tower fan များသည် လေကို cooling water အတွင်းမှ စုပ်ယူ(pull)သောကြောင့် cooling tower cell အတွင်း၌ စုပ်အား(negative pressure) ဖြစ်နေသည့် cooling tower အမျိုးအစား ဖြစ်သည်။

Lift

Cooling tower အပေါ်ရှိ ရေပူကန်(hot water basin)နှင့် အောက်ရှိ ရေအမြင့်(water level) နှစ်ခုအကြား အကွာအဝေး ဖြစ်ပြီး “Static Head” ဟုခေါ်သည်။ Condenser water pump head တွက်ရာတွင် အကွာအဝေး(static head)ကို အသုံးပြုသည်။  

Make up (water)

 

Condenser water များ cooling tower မှ ရေငွေ့ပျံခြင်း(evaporation)ကြောင့် ရေဆုံးရှုံးမှု ဖြစ်ပေါ်ပြီး drift ဖြစ်ခြင်းကြောင့်လည်း ရေဆုံးရှုံးမှု ဖြစ်ပေါ်စေသည်။ ထိုသို့ လျော့နည်း သွားသည့် condenser water များအတွက် ပြန်လည် ဖြည့်ပေးရသည့် ရေကို “make up water” ဟုခေါ်သည်။ ပြန်ဖြည့်ရန်အတွက် သိုလှောင်ထားသည့် ရေကန်ကို “make up water tank” ဟုခေါ်သည်။ ဖြည့်မည့် ရေပိုက်ကို “make up water pipe” ဟုခေါ်သည်။

Range

Condenser water ၏ အဝင်(entering to cooling tower) အပူချိန် နှင့် အထွက်(leaving from cooling tower)အပူချိန် ကွာခြားချက်။

Range =

Entering condenser water temperature at Cooling Tower

-

Leaving condenser water 

 temperature at cooling tower

.၃ Condenser Water Piping Configuration

Chilled water system တစ်ခုကို water cooled chiller များဖြင့် သော်လည်းကောင်း၊ air  cooled chiller များဖြင့် သော်လည်းကောင်း အခြေခံ၍ တည်ဆောက်ထား လေ့ရှိသည်။ Water cooled chiller ကို အသုံးပြုပါက circuit သုံးမျိုးရှိပြီး air cooled chiller ကို အသုံးပြုပါက circuit နှစ်မျိုး ရှိသည်။

 

Water cooled chiller နှင့် မောင်းသော chilled water  system

Reference

(၁)

Air side circuit သို့မဟုတ် air distribution system

Serving Room

(၂)

Chilled water circuit သို့မဟုတ် chilled water  distribution system

AHU/FCU

(၃)

Condenser water circuit

Chiller

Naming of Circuit

Circuit များ အားလုံးတွင် အဝင်(entering)နှင့် အထွက်(leaving) သို့မဟုတ် supply နှင့် return ဟုသည့် အခေါ်အဝေါ်ကို သုံးစွဲလေ့ရှိသည်။ Equipment များကို ရည်ညွန်း ပြောဆိုလျှင် အဝင်(entering)နှင့် အထွက်(leaving)ဟူ၍ သုံးစွဲသည်။ System များကို ရည်ညွန်း ပြောဆိုလျှင် supply နှင့် return ဟူ၍ သုံးစွဲသည်။

Chilled water circuit တွင် building သို့မဟုတ် load side (AHU/FCU) ကို ရည်ညွန်းရာ(reference) အဖြစ် သတ်မှတ်သည်။ Chiller မှ ထွက်သွားသည့်(leaving) chilled water ကို chilled water supply (supply to building) ဟု သတ်မှတ်ပြီး chiller အတွင်းသို့ ဝင်လာသည့် အဝင်(entering) chilled water ကို chilled water  return (return from  building)ဟု သတ်မှတ်သည်။ 

Condenser water circuit တွင် chiller ကို ရည်ညွန်းရာ(reference)အဖြစ် သတ်မှတ်သည်။ Condenser water အထွက်(leaving chilled water)ကို condenser water return (return from chiller)ဟု သတ်မှတ်ပြီး condenser water အဝင်(entering) condenser water ကို condenser water supply (supply to chiller) ဟု သတ်မှတ်သည်။

Air side circuit တွင် serving area ကို ရည်ညွန်းရာ(reference)အဖြစ် သတ်မှတ်သည်။ AHU မှ ထွက်သွားသည့် လေ(leaving air)ကို supply air(supply to serving area)ဟု သတ်မှတ်ပြီး AHU သို့ ပြန်လာသည့် လေကို return air ( return air from serving area)ဟု သတ်မှတ်သည်။

ပုံ ၄-၄ One to One System (Individual System) ပိုက်များ ဆက်ထားပုံကို ဖော်ပြထားပုံ

၎.၃.၁ One to One System (Individual System)

OnetoOne.bmp

ပုံ ၄-၅ One to One System (Individual System) ပိုက်များ ဆက်ထားပုံ

ပုံ(၄-၅)တွင် chiller တစ်လုံး၊ pump တစ်လုံး နှင့် cooling tower တစ်လုံး တို့သည် သီးခြား condenser water circuit တစ်ခုအဖြစ် တည်ရှိသည်။ Chiller သုံးလုံးရှိသောကြောင့် condenser water circuit သုံးခုရှိသည်။ Condenser water pump သည် သူနှင့် သက်ဆိုင်သည့် chiller ဖြင့်သာ မောင်းနိုင်သည်။ အစုံလိုက်သာ မောင်းနိုင်သည်။

၎.၃.၂ Common Condenser water Header at Chiller and Cooling Tower

ပုံ(၄-၆)တွင် chiller သုံးလုံး၊ pump သုံးလုံး နှင့် cooling tower သုံးလုံးတို့ သည် condenser water circuit တစ်ခုအဖြစ် တည်ရှိသည်။ Condenser water pump သည် မည်သည့် chiller နှင့်မဆို မောင်းနိုင်သည်။ 

CT2.bmp

ပုံ ၄-၆ Chiller နှင့် condenser pump ဘက်တွင် common header တပ်ဆင်ထားပုံ

၎.၃.၃ Common Condenser Water Header at Cooling Tower

CT.bmp

 

 

Chiller သုံးလုံး၊ pump သုံးလုံး နှင့် cooling tower သုံးလုံးတို့ သည် condenser water circuit တစ်ခု အဖြစ်တည်ရှိသည်။ Condenser water pump သည် သက်ဆိုင်သည့် chiller ဖြင့်သာ မောင်းနိုင်သည်။ 

 

ပုံ ၄-၇ Chiller နှင့် cooling tower ဘက်တွင် common header တပ်ဆင်ထားပုံ

၎.၄ Cooling Tower အမျိုးအစားများ (Type) နှင့် Configuration

Cooling tower ၏ configuration နှင့် အမျိုးအစား(type)များကို 

(က)

လေလမ်းကြောင်း၏ ဦးတည်ရာ(air flow direction) နှင့် ရေလမ်းကြောင်း၏ ဦးတည်ရာ(water flow direction) တို့ကို မူတည်၍ counter flow cooling tower နှင့် cross flow cooling tower ဟူ၍ ခွဲခြားသည်။

(ခ)

Tower fan များ တပ်ဆင်ထားသည့် နေရာ(location)ကို မူတည်၍ "Induced Draft” နှင့် "Force Draft” ဟူ၍လည်း ခွဲခြားသည်။

၎.၄.၁ Fan Location

Force draft အမျိုးအစားတွင် fan မှ လေများကို cooling tower အတွင်းသို့ မှုတ်ထည့်ခြင်း ဖြစ်သည်။ Cooling tower ၏ cell အတွင်း၌ ဖိအား(positive pressure) ဖြစ်ပေါ်သည်။ Induce draft cooling tower အမျိုးအစားတွင် fan သည် cooling tower ထဲမှ လေကို စုပ်ယူသည်။ Cooling tower ၏ cell အတွင်း၌ စုပ်အား(negative pressure) ဖြစ်ပေါ်သည်။

အဆောက်အဦများရှိ air con system အတွက် အသုံးပြုသော cooling tower များသည် counter flow သို့မဟုတ် cross flow အမျိုးအစားများ ဖြစ်ကြသည်။ Counter flow cooling tower အမျိုးအစားကို လေးထောင့် ပုံသဏ္ဌာန် သို့မဟုတ် အဝိုင်းပုံသဏ္ဌာန် ပြုလုပ်ကြသည်။ Cross flow cooling tower များကို လေးထောင့် ပုံသဏ္ဌာန် ပြုလုပ်ကြပြီး ဘေးနှစ်ဘက်မှ လေများ ဝင်လာစေသည်။

Classification of Cooling Towers

ပုံ ၄-၈ Coolig tower အမျိုးအစား ခွဲခြားပုံ

Cooling tower များတွင် လေစီးဝင်သည့်(air flow)ပုံစံသည် induced draft အမျိုးအစားလည်း ဖြစ်နိုင်သည် force draft အမျိုးအစားလည်း ဖြစ်နိုင်သည်။ Induced Draft အမျိုးအစားသည် cooling tower အတွင်းမှလေ များကို fan က စုပ်ယူခြင်း ဖြစ်သည်။

Cooling tower အမျိုးအစား လေးမျိုးမှာ       

(၁)

Induced draft counter flow

(၂)

Force draft counter flow

(၃)

Induced draft cross flow နှင့်

(၄)

Force draft cross flow   တို့ဖြစ်သည်။

ပုံ ၄-၁၁ Forced draft horizontal

(+ pressure)

ပုံ ၄-၁၂ Forced draft vertical

(+ pressure)

ပုံ ၄-၁၃ (- pressure)

 

ပုံ ၄-၉ Cooling tower အမျိုးအစားများ

ပုံ ၄-၁၄ Counter flow cooling tower

ပုံ ၄-၁၅ Parallel flow cooling tower

လေလမ်းကြောင်း၏ ဦးတည်ရာ(air flow direction) နှင့် ရေလမ်းကြောင်း၏ ဦးတည်ရာ (water flow direction) တို့ကိုမူတည်၍ parallel flow ကိုပါ ထည့်၍ သုံးမျိုး ခွဲခြားနိုင်သည်။

 

(၁)

Counter flow cooling tower

 

(၂)

Parallel flow cooling tower

 

(၃)

Cross flow cooling tower ဟူ၍လည်း ခွဲခြားနိုင်သည်။

 

ပုံ ၄-၁၆ Cross flow cooling tower

 

.၅ Cross Flow Tower နှင့် Counter Flow Tower တို့၏ အားနည်းချက် နှင့် အားသာချက်များ

Cross flow tower ၏ အားနည်းချက် နှင့် အားသာချက်များ

Condenser Water Side အားသာချက်များ

Condenser Water Side အားနည်းချက်များ

(၁)

Pump head နည်းသည်။ Power နည်းသည်။ စွမ်းအင်သုံးစွဲမှု သက်သာသည်။ 

(၁)

Infill ပေါ်သို့ ရေများ ညီညီညာညာ ကျစေရန် ခက်ခဲသည်။

(၂)

ဲပြုပြင်ထိန်းသိမ်းခြင်း(maintenance) လုပ်ရန် လွယ်ကူသည်။

(၂)

Biological fouling ဖြစ်နိုင်သည်။

(၃)

ရေစီးနှုန်း(water flow) မညီညာခြင်းကြောင့်  ဖြစ်သော ပြဿနာ နည်းသည်။

(၃)

Cooling tower  ၏ အထိုင်ချရန်(foot print) နေရာ ကျယ်ကျယ် လိုအပ်သည်

Air Side အားသာချက်များ

Air Side အားနည်းချက်များ

(၁)

ဖိအား ကျဆင်းမှု(static pressure loss) နည်းသည်။ စွမ်းအင်သုံးစွဲမှု နည်းသည်။

(၁)

Inlet louver ၏ မျက်နှာပြင်ဧရိယာ(surface area) ကျယ်ကျယ် လိုအပ်သည်။ လေကို  လိုသလို ထိန်းရန် (control) ခက်ခဲသည်။

(၂)

Drift ဖြစ်မှု နည်းသည်။

(၃)

Capacity များများရရန် cell အရေအတွက် နည်းနည်းသာ လိုသည်။

 

Counter Flow Tower ၏ အားနည်းချက် နှင့် အားသာချက်များ

Condenser Water Side အားသာချက်များ

Condenser Water Side အားနည်းချက်များ

(၁)

Spray ဖြင့် ဖြန်းခြင်းကြောင့် ရေထွက်မှု  ကောင်းမွန် ညီညာသည်။

(၁)

Spray များ၏ နော်ဇယ်(nozzle) ကြောင့် ဖိအား ဆုံးရှုံးမှု(head loss)များ သည်။ Pump စွမ်းအင် (power)များများ လိုသည်။ စွမ်းအင် သုံးစွဲမှု များသည်။

(၂)

Approach နည်းရန် အတွက် အလွန် မြင့်သော tower ဖြစ်ရန် လိုသည်။

(၂)

Spray  nozzle များကို သန့်ရှင်းရေးလုပ်ရန် နှင့် ပြုပြင် ထိန်းသိမ်းရန် ခက်ခဲသည်။

Air Side အားသာချက်များ

Air Side အားနည်းချက်များ

(၁)

Counter flow ဖြစ်သောကြောင့် အပူ ကူးပြောင်းမှု(heat transfer) ပိုကောင်းသည်။ 

(၁)

Air static pressure loss များသည်။ Louver များများ လိုအပ်သည်။ စွမ်းအင် သုံးစွဲမှုများသည်။

(၂)

အဝ၌ လေအလျင်(inlet velocity) များသောကြောင့် အနီးရှိ အမှိုက်များ cooling tower အတွင်း သို့ ဝင်ရောက် လေ့ရှိသည်။

(၃)

လေစီးနှုန်း(air flow) ညီမျှရန် ခက်ခဲသည်။

               Counter flow tower များသည် cross flow tower များထက် အထိုင်ချရန်နေရာ (foot print) ပိုသေးငယ်သောကြောင့် တပ်ဆင်ရန် နေရာကျဉ်းကျဉ်းသာ လိုအပ်သည်။ Counter flow tower များသည် cross flow tower များထက် လေစီးနှုန်း(air flow)ပိုများပြီး ဖိအားကျဆင်းမှု(static pressure loss) များ သောကြောင့် fan စွမ်းအား(power) များစွာ လိုအပ်သည်။ စွမ်းအင်သုံးစွဲမှု(energy consumption) ပိုများသည်။

၎.၆ Direct Contact သို့မဟုတ် Open Cooling Tower နှင့် Closed Circuit Cooling Tower

Cooling tower များကို direct contact သို့မဟုတ် open cooling tower နှင့် closed circuit cooling tower ဟူ၍ အကြမ်းအားဖြင့် နှစ်မျိုး ခွဲခြားနိုင်သည်။

(က)

Direct contact သို့မဟုတ် open cooling tower တွင် ရေသည် cooling atmosphere နှင့် တိုက်ရိုက် ထိတွေ့နေပြီး အပူများကို လေထုထဲသို့ တစ်ပြိုင်နက် စွန့်ထုတ်သည်။

(ခ)

Closed circuit cooling tower တွင် ပူနေသည့်ရေ သို့မဟုတ် hot fluid သည် လေထု (atmosphere) နှင့် တိုက်ရိုက်မထိဘဲ indirect contact တစ်မျိုးမျိုးမှ တစ်ဆင့် အပူကို စွန့်ထုတ်သည်။

Indirect contact သို့မဟုတ် closed circuit အမျိုးအစား cooling tower များတွင် external circuit နှင့် internal circuit ဟူ၍ နှစ်မျိုးရှိသည်။

Closed circuit cooling tower များကို မည်သည့် နေရာတွင်မဆို တပ်ဆင်နိုင်သည်။ Closed circuit cooling tower များကို chiller ထက်နိမ့်သောနေရာများတွင်လည်း တပ်ဆင်နိုင်သည်။ Open circuit cooling tower များကို chiller ထက် မြင့်သောနေရာ၌သာ တပ်ဆင်နိုင်သည်။

အပူစွန့်ထုတ်ရမည့် လိုအပ်ချက်(heat rejection requirement)ကို လိုက်၍ cooling tower အရွယ်အစား(size)၊ အပူဖယ်ထုတ်နိုင်စွမ်း(capacity) နှင့် အမျိုးအစား(type)အမျိုးမျိုးကို ထုတ်လုပ်ကြသည်။  Cooling tower သို့ရောက်ရှိလာသည့် warm water ၏ အပူချိန်၊ cooling tower မှ ထွက်သွားသည့် ရေ၏အပူချိန်(leaving temperature)၊ ရေစီးနှုန်း(water flow rate)၊ လေထု(ambient air)၏ Dry Bulb နှင့် Wet Bulb အပူချိန် (temperature)ကို လိုက်၍ သင့်လျော်သည့် cooling tower အရွယ်အစား နှင့် အပူဖယ်ထုတ်နိုင်စွမ်း(capacity) တို့ကို အခြေခံ၍ ရွေးချယ်ကြရသည်။

AHRI အဖွဲ့၏ သတ်မှတ်ချက်များ(standard) အရ air conditioning system မှ chiller များနှင့် တွဲ၍ အသုံးပြုသည့် cooling tower ထဲသို့ ဝင်လာသော entering water temperature(from chiller)သည် 35°C(95°F)ဖြစ်ပြီး ထွက်သွားသည့် ရေအပူချိန်(temperature)သည် 29.4°C (85°F) ဖြစ်သည်။

ပုံ ၄-၁၇ Direct-Contact or Open Evaporative Cooling Tower

ပုံ ၄-၁၈ Indirect-Contact or Closed-Circuit Evaporative Cooling Tower

Return(entering water to tower)temperature နှင့် supply(leaving water form tower) temperature ၏ ခြားနားချက်ကို “Range” ဟုခေါ်သည်။ တစ်နည်းအားဖြင့် ရေအဝင် အပူချိန်နှင့် ရေအထွက်အပူချိန် ခြားနားချက်ဖြစ်သည်။့် Cooling tower ထဲမှ ထွက်သွားသည့် ရေ၏ အပူချိန် (leaving water temperature) နှင့် cooling tower ထဲသို့ဝင်လာသည့် လေ(ambient air)၏ Wet Bulb အပူချိန် ခြားနားချက်ကို “Approach Temperature” ဟု ခေါ်သည်။

သီအိုရီအရ cooling tower မှ အထွက်ရေအပူချိန်(leaving condenser water temperature)ကို လေ၏ Wet Bulb အပူချိန်အထိ အေးအောင် လုပ်ပေးနိုင်စွမ်းရှိသည်။ သို့သော် အလွန်ကြီးမားသော cooling tower ဖြစ်ရန် လိုအပ်သည်။

နိမ့်သည့် “Approach Temperature” ရရန်အတွက် cooling tower အရွယ်အစား ကြီးမားရန် လိုသည်။ Cooling tower များကို စီးပွားရေးအရ တွက်ခြေကိုက်အောင် ဒီဇိုင်းပြုလုပ်လိုလျှင် “Approach Temperature” ကို 2.8°C(5°F)ခန့် ထားလေ့ရှိသည်။ တစ်နည်းအားဖြင့် cooling tower မှ အထွက်ရေ အပူချိန်(leaving condenser water temperature)ကို လေထု(ambient air)၏ Wet Bulb အပူချိန်ထက် 2.8°C(5°F) နီးပါးခန့် များအောင် ပြုလုပ်ထားရှိသည်။

 Approach Temperature =

 

Leaving condenser water   -temperature

Ambient Web Bulb temperature

ရေပူများကို လေထဲတွင် ပက်ဖြန်း(spray)ကာ အပူများကို ဖယ်ထုတ်ခြင်း ဖြစ်သည်။ Heat transfer
medium သို့မဟုတ် fill ရှိခြင်း၊ မရှိခြင်းသည် cooling tower ၏ အမျိုးအစားပေါ်တွင် မူတည်သည်။ လေနှင့် ထိတွေ့နေသည့် ရေ၏မျက်နှာပြင်အကျယ်(amount of water surface exposed to the air)သည် spray efficiency ကောင်း မကောင်းပေါ်တွင် မူတည်သည်။

လေနှင့် ထိတွေ့သည့် မျက်နှာပြင်(exposed surface) ဧရိယာများလေ cooling tower ၏ အပူ ဖယ်ထုတ်နိုင်စွမ်း(capability) ကောင်းလေ ဖြစ်သည်။ လေနှင့် ထိတွေ့နေသည့်အချိန်(time of contact) သည် cooling tower ၏ အမြင့်(့high) နှင့် ရေ၏ ဖိအား(pressure of the water distribution system)တို့ ပေါ်တွင်မူတည်သည်။ 
Cooling tower အရွယ်အစားကြီးမားလေ လေနှင့်ရေ ထိတွေ့ နေသည့်အချိန်(time of contact) ပိုကြာလေ ဖြစ်သည်။ လေနှင့်ရေ ထိတွေ့ နေသည့်အချိန်(time of contact)ကြာလေ cooling tower ၏ အပူ ဖယ်ထုတ်နိုင်စွမ်း(capability) ပိုကောင်းလေ ဖြစ်သည်။

လေနှင့် ထိတွေ့နေသော ရေ၏ မျက်နှာပြင်(amount of water surface exposed to the air) ဧရိယာ များများနှင့် လေနှင့်ထိတွေ့ နေသည့်အချိန်(time of contact) ကြာရှည်စေရန်အတွက် heat transfer medium သို့မဟုတ် fill များကို တပ်ဆင်ကြသည်။

Cooling tower တွင် တပ်ဆင်မည့် ပိုက်များသည် လုံလောက်အောင် ကြီးမားသော အရွယ်အစား ဖြစ်ရန် လိုအပ်သည်။ ထိုပိုက်များ၏ အလျားလိုက် ဘေးသို့ဆန့်ထွက်ခြင်း(expansion) နှင့် ကျုံ့ခြင်း (contraction) တို့ကိုပါ ထည့်သွင်း၍ ဒီဇိုင်းလုပ်ရန် လိုအပ်သည်။ တစ်ခုထက်ပိုသော ရေအဝင်ပိုက်များ တပ်ဆင် ထားပါက cell တစ်ခုချင်းဆီသို့ ရေအညီအမျှ ဝင်ရောက်စေရန်အတွက် balancing valve များ တပ်ဆင်ထားရန် လိုအပ်သည်။

Tower များ ပြုပြင်ထိန်းသိမ်းခြင်း(maintenance) နှင့် servicing လုပ်သည့်အခါ basin များကို ရေဆေးကြောရန်အတွက် condenser water ပိုက်မှ ရေကို ပိတ်ထား လိုအပ်သည်။ ထို့ကြောင့် isolation gate valve သို့မဟုတ် shutoff valve များကို  အဝင်ပိုက်နှင့် အထွက် ပိုက်များတွင် တပ်ဆင်ထား ရမည်။

နှစ်လုံးထက်ပိုသော tower များကို အပြိုင်ပုံစံ(parallel)ဖြင့် တပ်ဆင်ထားပါက ရေအမြင့်ကို ထိန်းညှိ ပေးသည့်(equalizer)ပိုက်ကို cooling tower များအားလုံးနှင့် ချိတ်ဆက်မိအောင် တပ်ဆင်ထားရန် လိုအပ် သည်။ Equalizer ပိုက် တပ်ဆင်ထားသောကြောင့် tower တစ်လုံး၏ basin မှ ရေအမြင့်(level) နိမ့်ဆင်း သွားပါက တခြား tower တစ်လုံးမှ ရေများ ဝင်ရောက်ကာ ဖြည့်ပေးလိမ့်မည်။ ထိုသို့ ရေအမြင့်(level) ထိန်းညှိ ရန်အတွက် equalizer ပိုက်ရှိ valve များကို ပြုပြင်ထိန်းသိမ်း(maintenance)ချိန်မှ လွဲလျှင် အမြဲ ဖွင့်ထားရမည်။

Cooling tower တွင် တပ်ဆင်မည့်ပိုက်များ၏ အမြင့်(level)ကို ရေအမြင့်(operating water level) ထက် နိမ့်နိုင်သမျှနိမ့်အောင် တပ်ဆင်ပေးရန် လိုအပ်သည်။ Cooling tower ရပ်နား(shutdown)ထားသည့်အခါ ရေမလျှံစေရန် နှင့် pump များကို စတင် မောင်းသည့်အခိုက်တွင် လေမခို(air lock)စေရန်အတွက် ပန့်ကို အဆင်ပြေ ချောမွေ့ စွာ “Ramp Up” သို့မဟုတ် “Ramp Down” ပြုလုပ်ပေး ရမည်။

Condenser water pump စတင်မောင်းချိန်၌ ရေစုပ်ယူသည့်ပိုက်လိုင်း(water suction line)၌ လေမခိုစေရန် basin များ အတွင်း လုံလောက်သော ရေပမာဏ ရှိနေရန် လိုအပ်သည်။

၎.၇ Cooling Tower ပါဝင်သည့် အစိတ်အပိုင်း(Component)များ

Cooling tower တစ်လုံးတွင် အဓိကကျသည့် functional component ခြောက်မျိုး ပါဝင်သည်။

(က) 

Fill

(ဃ)

Fan(s)

(ခ) 

Wet deck(hot water basin)

(င )

Inlet louver နှင့်

(ဂ) 

Cold water basin

(စ )

Drift eliminator တို့ ဖြစ်သည်။

Structure frame နှင့် casing တို့သည် တည်ဆောက်မှုပိုင်းဆိုင်ရာ element များဖြစ်ကြသည်။

ပုံ ၄-၁၉ Cooling Tower တစ်လုံးတွင်ပါဝင်သည့် အစိတ်အပိုင်းများ

(က) Fill

            Fill များကို ရေနှင့် လေအကြားတွင် အပူစီးကူးမှု(heat transfer) ပိုမို ကောင်းမွန်စေရန်နှင့် အပူစီးကူးမှု မျက်နှာပြင် (heat transfer surface) ဧရိယာ ပိုများစေရန်အတွက် အသုံးပြုကြသည်။

(၁) 

Spray fill ၊

(၂) 

Splash fill နှင့်

(၃) 

Film fill ဟူ၍ အမျိုးအစား သုံးမျိုးရှိသည်။

ပုံ ၄-၂၀ Cross-fluted

Vertical offset

Vertical flow

Cross flow standoff

Counter flow နှင့် cross flow tower များတွင် splash type fill နှင့် film type fill နှစ်မျိုးလုံးကို အသုံးပြုနိုင်သည်။ Film-type fill ဖြင့် ပြုလုပ်ထားသော tower များသည် များသောအားဖြင့် အရွယ်အစား သေးငယ်လေ့ရှိသည်။ Splash type fill အမျိုးအစားအသုံးပြုထားသော cooling tower များတွင် လေနှင့် ရေ စီးဆင်းပက်ဖြန်းခြင်း(air and water distribution) အနည်းငယ် လွဲမှားမှုကြောင့် cooling tower ၏ စွမ်းဆောင်ရည်(performance) မပြောင်းလဲနိုင်ပေ။

ပုံ ၄-၂၁ Splash type fill

ပုံ ၄-၂၂  Spray fill များ

Spray Fill

Spray fill များကို HVAC cooling tower များတွင် အသုံးပြုလေ့မရှိပါ။ Spray fill များကို အသုံးပြုခြင်းကြောင့် cooling tower ၏ efficiency အလွန်ညံ့နိုင်သည်။ တခြားသော cooling tower များနှင့် နှိုင်းယှဉ်လျှင် spray fill များကိုအသုံးပြုထားသည့် cooling tower သည် အရွယ်အစားကြီးမားပြီး လေစီးနှုန်း(air flow rate)များများ ရရန် လိုအပ်သည်။

Film Fill

            Film fill များသည် splash fill များကဲ့သို့ ရေကို ရေစက်ငယ်များ ဖြစ်အောင် ခွဲပစ်ခြင်း(breaking) မပြုလုပ်ကြပေ။ Film fill များသည် condenser water များ အရှိန်နည်းနည်းဖြင့် တဖြည်းဖြည်းခြင်း စီးဆင်း သွားစေရန် နှင့် အပူကူးပြောင်းမှု(heat transfer)ဖြစ်ပေါ်စေရန့်hs ဧရိယာများများ ဖြစ်အောင် ပြုလုပ်ပေးခြင်း ဖြစ်သည်။ ရေ နှင့် လေတို့ ထိတွေ့ရာ နေရာကျယ်ပြန့်ခြင်း၊ ထိတွေ့ချိန် ကြာမြင့်ခြင်းတို့ကြောင့် အပူ စွန့်ထုတ်နိုင်စွမ်း (heat rejection capacity) ပိုကောင်းစေသည်။

PVC sheet များ(vacuum formed PVC)များကို အသုံးပြု၍ ဒေါင်လိုက်အလွှာ(vertical layer) ဖြစ်အောင် တည်ဆောက်ထားသည်။ ဒေါင်လိုက်အလွှာ(vertical layer)များကြောင့်

(က)

ရေစီးဆင်းမှုကို ညီညီညာညာ ဖြစ်စေသည်။ (uniform water flow)

(ခ)

ခုခံမှုနည်းသည့် လေစီးဆင်းခြင်း(low resistance air flow)ကို ဖြစ်စေသောကြောင့် ဖိအားဆုံးရှုံးမှု(air pressure drop) နည်းသည်။

အပူဖယ်ထုတ်နိုင်စွမ်း(heat rejection capacity)တူလျှင် “Film Fill” များသည် “Splash Fill”များထက် ပို၍ efficient ဖြစ်ပြီး ဈေးသက်သာသည်။  “Film Fill” သုံးသည့် cooling tower များသည် တခြား cooling tower များထက် အရွယ်အစား ပို၍ သေးငယ်သည်။ HVAC cooling tower များအားလုံးသည် ယခုအခါ “Film Fill” များကိုသာ အသုံးပြုကြသည်။  

Wooden Structure

            ရှေးအချိန်က cooling tower ၏ ဖရိမ်(frame)ကို သစ်သားများဖြင့် တည်ဆောက်ကြသည်။

Steel structure – Galvanized Steel

            Cooling tower များသည် လေ နှင့် ရေ တစ်ပြိုင်နက် အမြဲတမ်း ထိတွေ့နေသည့်နေရာ ဖြစ်သော ကြောင့် သံချေး တက်လွယ်သည်။ သံချေးတက်ခြင်းမှ ကာကွယ်ရန် အတွက် သံမဏိ(carbon steel) များကို galvanizing ပြုလုပ်ကြသည်။ Galvanizing ဆိုသည်မှာ သွပ်(zinc)၊ ခဲ(lead)နှင့် အလျုမီနီယံ(aluminum)တို့ ကိုရောစပ်၍ သံမဏိ(carbon steel)အပေါ်တွင် အလွှာဖြစ်အောင် ဖုံးအုပ်ခြင်း(coating) ဖြစ်သည်။ Carbon steel structure များကို ပထမဦးစွာ ဟိုက်ဒရိုကလိုရစ်(Hydrochloric)အက်စစ် အပျော့ သို့မဟုတ် ဆာလဖြူရစ် (sulfuric) အက်စစ် အပျော့ဖြင့် ဆေးကြော သန့်စင်ရသည်။

ပုံ ၄-၂၂ Cooling Tower တစ်ခုရှိ အစိတ်အပိုင်းများကို ဖော်ပြထားပုံ

ထို့နောက် Zinc communism chronicle ကန်ထဲသို့ နစ်ရသည်။ အခြောက်ခံပြီးနောက် သွပ်ရည်ကန်(Zinc liquid)ထဲတွင် နစ်ရသည်။ ထို့နောက် ရေဖြင့် ဆေးကြောရသည်။ Water quench bath ပြုလုပ်ခြင်း ဖြစ်သည်။ ထိုနည်းကို “Hot Dipped Galvanizing” နည်း သို့မဟုတ် “Dry Kettle” နည်းဟုခေါ်သည်။ Galvanizing အလွှာ၏အထူ(film thickness)ကို ounces of zinc per square foot of metal surface ဖြင့် သတ်မှတ်သည်။ 

ပုံမှန်အားဖြင့် တစ်စတုရန်းပေလျှင် (၂.၃၅)အောင်စနှုန်း(2.35 oz/ft2)ဖြင့် coating လုပ်ခြင်း သို့မဟုတ် hot dipped galvanizing လုပ်ခြင်းဖြစ်သည်။ Galvanizing ပြုလုပ်ပြီး သည့် structure များ၊ ဖရိမ်(frame) များကို ဂဟေဆော်ခြင်း(welding) မပြုလုပ်သင့်ပါ။ ဂဟေဆော်ခြင်း(welding) မှဖြစ်ပေါ်လာသော အပူ(heat) ကြောင့် galvanizing လုပ်ထားသည့် အလွှာများ(coating)ထိခိုက် ပျက်စီးသွားနိုင်သည်။

ထိုဂဟေဆော်ခြင်း(welding) ပြုလုပ်သည့် နေရာမှ စ၍ သံချေးတက်လေ့ရှိသည်။ ထို့ကြောင့် ဖြတ်ခြင်း (cutting)နှင့်  ဂဟေဆော်ခြင်း(welding)ပြုလုပ်ပြီးမှသာ galvanizing ပြုလုပ်ရသည်။ Galvanizing လုပ်ပြီး သောအခါ bolt နှင့် nut များကို သုံး၍ တပ်ဆင်(assemble) နိုင်သည်။  

Stainless Steel

            Stainless steel သည် carbon steel ထက်စာလျှင် ခံနိုင်ရည်(structural strength) ပိုနည်းသည်။ သို့သော် သံချေးတက်ခြင်း ဒဏ်ကို ပိုကာကွယ်နိုင်သည်။ ဈေးကွက်တွင် ရရှိနိုင်သော stainless steel အမျိုးအစားများသည် SS 304 နှင့် SS 315 တို့ ဖြစ်သည်။ ဖရိမ်(frame)များကို သံမဏိ(stainless steel) ဖြင့် ပြုလုပ်လျှင် stainless steel bolt နှင့် nut များကိုသာ အသုံးပြုလေ့ရှိသည်။

Concrete

အလွန်ကြီးမားသည် cooling tower များကို အင်္ဂတေ(concrete) ဖြင့် တည်ဆောက်လေ့ရှိသည်။

Fiberglass

            ရေပူကန်(hot water basin) နှင့် ရေအေးကန်(cold water basin) များကို fiberglass ဖြင့် ပြုလုပ် ကြသည်။

Stressed Skin Fiberglass/ Stainless Steel Casing

            Casing များကို လေသွားရာ လမ်းကြောင်းအဖြစ် လည်းကောင်း၊ အကာအရံအဖြစ် လည်းကောင်း၊ cooling tower အတွင်းရှိ လေများ အပြင်သို့ မရောက်ရှိစေရန်အတွက် လည်းကောင်း အသုံးပြုကြသည်။

            Casing အဖြစ် အသုံးပြုသည့် ပစ္စည်းများ(material)သည် galvanized steel ၊ fiberglass နှင့် UV inhibited plastic panel တို့ ဖြစ်သည်။ Galvanized steel panel ကို သုံးလျှင် epoxy သို့မဟုတ် polymer ကို နောက်ဆုံး အလွှာ(final coating)အဖြစ် ထပ်အုပ် ပေးရသည်။

()  Hot Water Basin သို့မဟုတ် Wet Deck 

            Hot water basin သို့မဟုတ် Wet deck သည် cooling tower ၏ အပေါ်ပိုင်းတွင် တည်ရှိသည်။ Chiller မှ ထွက်လာသည် အပူချိန်မြင့်သော condenser water သည် cooling tower အတွင်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် hot water basin ထဲသို့ စီးဝင်သည်။ ရေပူများ စီးဝင်လာသည့် ကန်ငယ် ဖြစ်သောကြောင့် “Hot Water Basin” ဟု ခေါ်သည်။

            Hot water basin ၏ တာဝန်သည် ပူနွေးနေသော condenser water များကို fill များပေါ်သို့ အညီအမျှ ကျစေရန် ဖြစ်သည်။ သို့မှသာ ညီညာစွာ အပူစီးကူးခြင်း(uniform heat transfer) ဖြစ်စေနိုင်သည်။ Cross flow cooling tower များတွင် hot water basin သည် တိမ်သောရေကန်ငယ်ဖြစ်ပြီး အောက်ခြေရှိ အပေါက်ငယ်များက orifices အဖြစ်ရှိနေသည်။ ပူသော condenser water သည် return ပိုက်မှတစ်ဆင့် hot water basin အတွင်းသို့ ရောက်ရှိကာ ကမ္ဘာမြေဆွဲအား(gravity force)ကြောင့် အပေါက်ငယ် ကလေးများမှ တစ်ဆင့် fill များပေါ် ညီညာစွာ ကျဆင်းသွားသည်။

            Cross flow cooling tower ၏ hot water basin သည် ဖြုတ်၍၊ တပ်၍ ရသည့်(removable) အမျိုးအစား ဖြစ်သည်။ Counter flow cooling tower ၏ hot water basin သည် လေလမ်းကြောင်း(air steam)တွင် တည်ရှိသည်။

Cold Water Basin

            Cold water basin  သည် cooling tower ၏ အောက်ခြေပိုင်းတွင်း တည်ရှိပြီး အအေးခံပြီးသည့်ရေ (cold water)များကို ပြန်လည်စုစည်းသည့် အလုပ်ကို လုပ်ဆောင်ပေးသည်။ ပုံမှန်အားဖြင့် (၁၂)လက်မမှ (၁၈)လက်မ အထိနက်သော ရေကန်အငယ်စားကလေး ဖြစ်သည်။ ထိုကန်ထဲမှ ရေများကို condenser water pump က စုပ်ယူသည်။ Pump မောင်းနေသည့် အချိန်တွင် ရေအနက်သည် (၁၂)လက်မထက် နည်းသည်။ Cold water basin သည် cooling tower တစ်ခုလုံးတွင် အရေးအကြီးဆုံး(critical)လုပ်ငန်းကို လုပ်ဆောင် ပေးရ သည်။

(က)

Condenser water pump ရပ်တန့်သည့်အခိုက်တွင် ပိုက်အတွင်းရှိ condenser water များကို စုဆောင်းသိမ်းဆည်းထားရန်

(ခ)

Condenser water pump စတင်မောင်းသည့်အခိုက်တွင် cold water basin တွင် pump စုပ်ယူရန် အတွက် ရေအလုံအလောက် ရှိနေစေရန်။ (pump စမောင်းသည့် အခိုက်တန့်တွင် return pipe မှ ရေများ ချက်ချင်း မကျရောက်လာနိုင်ပါ)။ ရေမလုံလောက်ပါက လေခိုခြင်း(air lock) ဖြစ်ပေါ်နိုင်သည်။

ပုံ ၄-၂၃  Belt drive

ပုံ ၄-၂၄  Gear drive သို့မဟုတ် Direct drive

() Fan Motor နှင့် Drive

            Cooling tower ၌ အသုံးပြုသော fan နှစ်မျိုးသည် centrifugal fan နှင့် axial propeller fan တို့ ဖြစ်သည်။ Forced draft tower တွင် နှစ်မျိုးလုံး အသုံးပြုပြီး induced draft tower များတွင် axial propeller fan ကိုသာ အသုံးပြုသည်။ Fan များအကြောင်းကို fan အခန်း(၆) (Chapter-6)တွင် အသေးစိတ် ဖော်ပြ ထားသည်။ Fan နှင့် fan မော်တာ(motor)များ အကြားတွင် power transmission ပြုလုပ်ရန်အတွက် mechanical drive နှစ်မျိုးကို အသုံးပြုသည်။ ပန်ကာကြိုးဖြင့် မောင်းခြင်း(belt drive) နှင့် ဂီယာဖြင့် မောင်းခြင်း (gear drive)တို့ ဖြစ်သည်။

() Intake Louvers နှင့် Drift Eliminator

            Cooling tower ၏ fill pack များဆီသို့ လေများရောက်သွားစေရန် လေဝင်ပေါက်များ(intake louvers) ကို တပ်ဆင် ထားရခြင်းဖြစ်သည်။ Drift eliminator များကို cooling tower မှ လေများ ထွက်မည့်နေရာတွင် တပ်ဆင် ထားသည်။ Drift eliminator ၏ တာဝန်သည် လေစုပ်အားကြောင့် ဖြစ်ပေါ်လာသော ရေစက်များ (water droplet) ကို cooling tower ၏ အပြင်ဘက်သို့ လွင့်ထွက်မသွားအောင် တားဆီးပေးရန်ဖြစ်သည်။ Drift eliminator ကို PVC သို့မဟုတ် steel ဖြင့် ပြုလုပ်လေ့ရှိသည်။ Drift eliminator များသည် လေ၏ သွားရာ လမ်းကြောင်းကို 90° ကျော် ပြောင်းလဲသွားအောင် သုံးကြိမ် သို့မဟုတ် လေးကြိမ် ပြုလုပ်ပေးခြင်းဖြင့် ရေစက်ငယ်များသည် drift eliminator ၏ ချိတ်တွင် ပိတ်မိ(trap)နေကာ ကျန်ရစ်ခဲ့ပြီး လေများကိုသာ cooling tower မှ ထွက်သွား စေသည်။  ဤနည်းဖြင့် drift eliminator သည် drift ကြောင့်ဖြစ်ပေါ်လာသော ရေဆုံးရှုံးမှု(water loss) လျော့နည်းအောင် ပြုလုပ်ပေးခြင်း ဖြစ်သည်။

End of Part 1 of 3

 

 

 

 

 

 

Air Conditioning and Mechanical Ventilation System (Vol. 1) နှင့်သက်ဆိုင်သော ACMV Lecture များ (18 Lectures)
1 Chapter-1 Fundamental and Basic Concept Read
2 Chapter-2 (Part 1 of 3) Understanding Psychrometrics (Part 1 of 3) Read
3 Chapter-2 (Part 2 of 3) Understanding Psychrometrics (Part 2 of 3) Read
4 Chapter-2 (Part 2 of 3) Understanding Psychrometrics (Part 3 of 3) Read
5 Chapter - 3 Air Handling Units (Part 1 of 2) Chapter - 3 Air Handling Units (Part 1 of 2) Read
6 Chapter - 3 Air Handling Units (Part 2 of 2) Chapter - 3 Air Handling Units (Part 2 of 2) Read
7 Chapter - 4 (Part 1 of 3) Cooling Towers (Part 1 of 3) Read
8 Chapter - 4 (Part 2 of 3) Cooling Towers (Part 2 of 3) Read
9 Chapter - 4 (Part 3 of 3) Cooling Towers (Part 3 of 3) Read
10 Chapter - 5 (Part 1 of 3) Air Distribution Systems (Part 1 of 3) Read
11 Chapter - 5 (Part 2 of 3) Air Distribution Systems (Part 2 of 3) Read
12 Chapter - 5 (Part 3 of 3) Air Distribution Systems (Part 3 of 3) Read
13 Chapter - 6 (Part 1 of 3) Fans and Blowers (Part 1 of 3) Read
14 Chapter - 6 (Part 2 of 3) Fans and Blowers (Part 2 of 3) Read
15 Chapter - 6 (Part 3 of 3) Fans and Blowers (Part 3 of 3) Read
16 Chapter-7 ( Part 1 of 3) Ventilation ( Part 1 of 3) Read
17 Chapter-7 ( Part 2 of 3) Ventilation ( Part 2 of 3) Read
18 Chapter-7 ( Part 3 of 3) Ventilation ( Part 3 of 3) Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format