To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Air Conditioning > Chiller Plant Room > Chiller Selection > > www.acmv.org
Air Conditioning > Chiller Plant Room > Chiller Selection >


Untitled Document

Chiller Selection -Chiller အရွယ်အစားရွှေးချယ်ခြင်း

အဆောက်အဦး အများတွင် Centralised Air Con System အတွက် အသုံးပြုမည့် Chiller များ ၏ အရွယ်အစားရွှေးချယ်ခြင်းသည် Air Con အင်ဂျင်နီယာတစ်ယောက်အတွက် အလွန်အရေးကြီးသည့် ကိစ္စတစ်ခုဖြစ်သည်။ အဆောက်အဦး အတွက် မှန်ကန်သင့်လျှော်သည့် Chiller အရွယ်အစား ရရှိရန် ထောင့်ပေါင်းစုံမှ လေ့လာတွက်ချက်ပြီး အကြီးမားဆုံးသော ဆုံးဖြတ်ချက်ကို ပြုလုပ်ရခြင်းဖြစ်သည်။

Chiller အရွယ်အစား သည် Chiller ၏ တန်ဘိုး၊ တပ်ဆင်ခ၊ နေရာအကျယ်အဝန်း၊ လျှပ်စစ်ဓါတ်အားဆိုင်ရာအချက်အလက်များ၊ ပြုပြင်ထိန်းသိမ်းခ၊ မောင်းနှင်ရန်လိုအပ်သောလျှပ်စစ်ဓါတ်အားကုန်ကျစရိတ် စသည် အချက်အလက်များစွာကို တစ်ပြိုင်နက် စဉ်းစားဆုံးဖြတ်ရသည့်လုပ်ငန်းဖြစ်သည်။

အခြေခံအားဖြင့် လက်ရှိအဆောက်အဦးတွင်တပ်ဆင်ထားသည့် Chiller အဟောင်းအတွက် အရွယ်အစားရွှေးချယ်ခြင်း နှင့်မဆောက်ရသေးသည့် အဆောက်အဦး အသစ်အတွက် Chiller အရွယ်အစားရွှေးချယ်ခြင်းဟု၍နှစ်မျိုးဖြစ်သည်။

လက်ရှိအဆောက်အဦး အတွက် လက်ရှိ အချက်အလက်များ သို့ Energy Audit ဒေတာများပေါ်တွင် အခြေခံ၍ Chiller အရွယ်အစားရွှေးချယ်ခြင်း ပြုလုပ်သည်။ အသစ် ဆောက်မည့် အဆောက်အဦး အတွက် တွက် ချက်ထားသည့် ဒေတာများပေါ်တွင် အခြေခံ၍ Chiller အရွယ်အစားရွှေးချယ်ခြင်း ပြုလုပ်သည်။

လက်ရှိ အဆောက်အဦးတစ်လုံးတွင် လဲလှယ်တပ်ဆင်ရန် Chiller အရွယ်အစားရွှေးချယ်ခြင်း

လက်ရှိအဆောက်အဦးတွင်တပ်ဆင်ထားသည့် Chiller အဟောင်းအတွက် အရွယ်အစားရွှေးချယ်ခြင်း လွယ်သည် ဟုထင်ရသည်။သို့သော် လက်ရှိ Chiller အရွယ်အစားအတိုင်းပြန်လည်တပ်ဆင်(One to one replacement)၍ မရသည့်အခါ မျိုးတွင် ထင်ထားသည်ထက်ပိုမိုခက်ခဲတတ်သည်။ အသစ်တပ်မည့် Chiller သည် မည်သည့်အရွယ်အစားဖြစ်မည်နည်း။

လက်ရှိအဆောက်အဦးဖြစ်သောကြောင့် Building cooling load ကို အကြမ်းအားဖြင့်သိထားပြီးဖြစ်သော်လည်း ပိုမိုသေချာစွာ chiller ကို size လုပ်ရန် Energy Audit လုပ်လေ့ရှိသည်။ Energy Audit မှရသော ရလာဒ်များပေါ်တွင်အခြေခံ၍ chiller အသစ် ကို size လုပ်ကြသည်။

အထက်ပါပုံသည် အဆောက်အဦးတစ်ခု၏ လက်ရှိမောင်းနေသည့် Chiller Plant တစ်ခုအား Energy Audit လုပ်ခြင်းမှ ရရှိလာသော ဒေတာကို ဂရပ်ပုံစံ(Graphical presentation) ဖြစ်ဖော်ပြထားခြင်းဖြစ်သည်။ ရက်ပေါင်း၁၄ ရက်မှ ရရှိသော Building cooling load သို့ Plant Room Tannage ဖြစ်သည်။ Plant Room မှာ ၂၄နာရီ လုံးမောင်းနှင်နေသည့် Plant Room ဖြစ်သည်။ အပြာရင့်ရောင်လိုင်းများသည် တနင်းလာမှ သောကြာနေ့အထိ Weekdays (၂ပတ်) ရက်ပေါင်း၁၀ရက်ဖြစ်သည်။ အနီရောင်လိုင်းများသည် စနေနှင့် တနင်းဂနွေ Weekend ဖြစ်သည်။ ထိုအဆောက်အဦးသည် Weekdays နှင့် Weekend Cooling load မှာ မပြောပလောက်ပေ။

Chiller အရွယ်အစားရွှေးချယ်ခြင်း မပြုလုပ်ခင် Cooling load Profile ကို နားလည်သဘောပေါက်ရန်လိုအပ်သည်။

Peak Load သို့ Maximum Load

Peak Load cooling load သို့ Maximum cooling Load ဆိုသည်မှာ အဆောက်အဦးတစ်ခု၏ အမြင့်ဆုံး cooling Load ကိုဆိုလိုသည်။ အချိန်အခိုက်အတန့် သာ ကြာသည့် (မိနစ်၃၀ထက်နည်းသည့်) အမြင့်ဆုံး cooling Load ကို မဆိုလိုပါ။

 

Off Peak Load

Off Peak Load ဆိုသည်မှာ Peak Load cooling load သို့ Maximum cooling Load ဖြစ်သည့် အခါ မှ လွဲသည့် အချိန်များတွင်ဖြစ်သည့် cooling load များသည် Off Peak Load များဖြစ်သည်။ တစ်ခုထက်မကသော Off Peak Load များလည်းရှိနိုင်သည်။

Night Load

ညအချိန်တွင် ရှိသည့် cooling load ကို Night Load ဟုခေါ်ခြင်းဖြစ်သည်။ Server Room များ၊ Computer Room များ၊ Data Center များ အတွက် လိုအပ်သည့် cooling load များသည် Night Load တွင်ပါဝင်သည်။

cooling load များဖော်ပြသည့် Load Profile Graph သည် cooling load ပမာဏနှင့် မည့်သည့်အချိန်တွင်ဖြစ်ပေါ်သည်ကို သာဖော်ပြသောကြောင့် Load Profile Graph တစ်တည်းကိုသာကြည့်ရုံဖြင့် လုံလောက်သော အချက်လက်များကို မရရှိနိုင်ပါ။ ထိုကြောင့် Load Profile Graph ကို Histogram ဂရပ်ဖြင့်တွဲ၍ကြည့်ရှုမှသာ cooling load နှင့်သက်ဆိုင်သော အချက်အလက်များအပြည့်အစုံကို သိနိုင်သည်။ အထက်ပါ Histogram ဂရပ် အရ Peak Load သည် Refrigeration Ton 1200 မှ 800 အတွင်း သည် မောင်း နှင်ချိန် အားလုံး ၏45% ဖြစ်သည်။ Off Peak Load သည် Refrigeration Ton 800 မှ 400 အတွင်း သည် မောင်း နှင်ချိန် အားလုံး ၏25% ဖြစ်သည်။ Night Load သည် Refrigeration Ton 400 အောက် သည် မောင်း နှင်ချိန် အားလုံး ၏29% ဖြစ်သည်။

ထိုသို့ cooling load များကို နားလည်ပြီးသည့်အခါ တွင် အခြေအနေအားလုံးအတွက် အသင့်လျှော်ဆုံးသော Chiller seleciton ( အရွယ်အစားရွှေးချယ်ခြင်း ) ကို ပြုလုပ်နိင်ပြီဖြစ်သည်။

စိတ်ဝင်စားရင် ကိုယ်ဖာသာ Home Work လေးလုပ်ကြည့်ပါလား။ Chiller ဘယ်နှစ်လုံးတပ်ရမလဲ။ ဘယ်နှစ်မျိုး တပ်မလဲ။ ဘယ်အလုံးတွေက Ton ဘယ်လောက်လဲ။

ကောင်းထက်ညွန့်

Chiller Selection နှင့်သက်ဆိုင်သော ACMV Lecture များ (2 Lectures)
1 Chiller Plant Room Chiller Selection Read
2 Chiller Plant Room Chiller Selection -Chiller အရွယ်အစားရွှေးချယ်ခြင်း (၂) Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format