To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Air conditioning > SS553:2009 (CP13) > Outdoor Air Supply > > www.acmv.org
Air conditioning > SS553:2009 (CP13) > Outdoor Air Supply >


Untitled Document

SS553:2009 (CP13) : Outdoor Air Supply အကြောင်း

SS553:2009 (CP 13)  ကို  Singapore Standard 553 သို့မဟုတ် ACMV Code ဟု လည်းခေါ်ပါသည်။ 2009 သည် နောက်ဆုံးပြန်လည် တည်းဖြတ် ပြဌာန်းသည့် နှစ်ကို ဆိုလိုသည်။ CP 13 သည် နာမည်ဟောင်းဖြစ်သည်။  Code of Practice နံပါတ် 13 ဖြစ်သည်။ စင်ကာပူနိုင်ငံသည် အချိန်တိုတိုအတွင်း လျှင်မြန်စွာ စနစ်တကျ တိုးတက်လာခြင်းမှာ Code of Practice များကို အသေးစိတ်ဂရုတစိုက် ပြဌာန်းထားခြင်းသည်အကြောင်းတစ်ခုဖြစ်သည်။ စင်ကာပူနိုင်ငံတွင် ၂၀၀၀နှစ်များအထိ M&E Consultant နှင့် ACMV အကြီးစား contractor များမှာ ဒေသခံ company များမဟုတ်ပါ။ ထိုကြောင့် စံချိန်စံညွန်းများကို စနစ်တကျ ပြဌာန်းရန်လိုအပ်သည်။ SS553:2009(CP 13) များကြောင့်လည်း အလုပ်လုပ်ရန် များစွာလွယ်ကူသက်သာသွားသည်။ ထိုကြောင်း SS553:2009(CP 13)ကျေညက်စွာနည်းလည်းရန်လိုအပ်သည်။

အောက်တွင်ဖော်ပြထားသည် ဇယားမှာ Air Con ကို အသုံးပြုသော နေရာများကို လိုက်၍ လိုအပ်သည် ပြင်ပမှလေ(Outdorr Air Supply) ပမာဏကို မဖြစ်မနေလိုက်နာရန်ဖော်ပြထားသည်။ ထို ပြင်ပမှလေ(Outdorr Air Supply) ပမာဏ လိုအပ်ချက်အတိုင်း ဒီဇိုင်းမလုပ်လျှင် သို့ မတတ်ဆင်လျှင် Singapore Standard ကို မလိုက်နာခြင်းဖြစ်သည်။ Non Compliance ဟုလည်းခေါ်သည်။

ပြင်ပလေဝင်ပေါက်(Outdoor Air intake) များသည် အဆောက်အဦး၏ပြင်ပနံရံများနှင့်ခေါင်မိုးများတွင်ထားရှိခြင်းဖြင့် အမှိုက်အညစ်ကြေးများ၊ အနံ့ အသက်ဆိုးများမှကင်းဝေးနိုင်သည်။


ပြင်ပလေဝင်ပေါက်(Outdoor Air intake) များကို အင်းစက်ပိုးမွှားများ၊မိုးရေများမဝင်နိုင်အောင်ကာကွယ်ထားသင့်သည်။


ပြင်ပလေဝင်ပေါက်(Outdoor Air intake) များသည် exhaust discharge (exhaust လေများမှုတ်ထုပ်သည့်နေရာ)၊ စားသောက်ဆိုင်မီးခိုးများမှုတ်ထုပ်သည့်နေရာ၊ အိမ်သာလေများမှုတ်ထုပ်သည့်နေရာ၊ Car Park မှုတ်ထုပ်သည့်နေရာ၊ Cooling Tower မှလေများ မှုတ်ထုပ်သည့်နေရာ၊ အဝတ်လျှော်စက်များမှ လေ မှုတ်ထုပ်သည့်နေရာ၊ အမှိုက်များသိမ်းဆည်းသည့် နေရာ စသည်တိုမှ အနည်းဆုံး ၅မီတာ အကွာတွင်ထားရှိရမည်။

ပြင်ပလေဝင်ပေါက်(Outdoor Air intake) များသည် Cooling Tower မှရေမှုန့်ကလေးများ မဝင်ရောက်နိုင်သည့်နေရာတွင်ထားရမည်။


Air Con အခန်းများအတွက် ပြင်ပလေဝင်ပေါက်(Outdoor Air intake) သည် ကြမ်းခင်းမှ အနည်း ဆုံး ၂.၁မီတာ အမြင့်တွင် ထားရှိရမည်။

ဇယားကိုအသုံးပြုပုံ (How to use table)
မိမိဒီဇိုင်းလုပ်မည့် အဆောက်အဦး၊ အခန်းကို ပထမဦးစွာ အမျိုးအစားခွဲရန်လိုအပ်သည်။ အောက်ပါဇယားသည် Total Cooling Capacity 35kW ထက်ကျော်သည့် အခန်းနေရာများအတွက်သာအကျုံးဝင်သည်။
ပြင်ပလေ(Outdoor Air Supply)လိုအပ်သည့်ပမာဏကို  Full Load ဒီဇိုင်း တွင်အခြေခံ၍တွက်ယူရမည်။
ဤ SS553:2009 (CP 13) တွင်မပါသည့် အချက်အလက်များအတွက် ASHRAE Standard 62.1:2007 ကို မှီငြမ်းနိုင်သည်။
ဥပမာ - ရုံခန်းအတွက် ကြမ်းခင်းဧရိယာ ၁ စတုရန်းမီတာအတွက် ပြင်ပလေ(Outdoor Air Supply) တစ်မိနစ်လျှင် ၀.၆ လီတာ (0.6 Liter/Sec)လိုအပ်သည်။ သို့မဟုတ် ၁ စတုရန်းမီတာအတွက် ပြင်ပလေ(Outdoor Air) တစ်နာရီလျှင် ၂.၀ ထုထည်မီတာ (2.0 CMH) လိုအပ်သည်။ သို့မဟုတ် အခန်းအတွင်းရှိသည့်လူတစ်ယောက်တိုင်းအတွက် ပြင်ပလေ(Outdoor Air) တစ်မိနစ်လျှင် ၅.၅ လီတာ (5.5 Liter/Sec) လိုအပ်သည်။
ကြမ်းခင်းဧရိယာ ဖြင့်သော်၎င်း အခန်းအတွင်းရှိသည့်လူအရေအတွက်ဖြင့်သော်၎င်းတွက်ချက်နိုင်အသုံးပြုနိုင်သည်။

 

 

ကောင်းထက်ညွန့်

 

 

SS553:2009(CP13) နှင့်သက်ဆိုင်သော ACMV Lecture များ (1 Lectures)
1 SS553:2009 (CP13) Outdoor Air Supply Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format