To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Air Conditioning and Mechanical Ventilation System (Vol. 1) > Chapter - 4 (Part 2 of 3) > Cooling Towers (Part 2 of 3) > > www.acmv.org
Air Conditioning and Mechanical Ventilation System (Vol. 1) > Chapter - 4 (Part 2 of 3) > Cooling Towers (Part 2 of 3) >


Chapter -4 Cooling Towers

Chapter - 4 Cooling Towers (Part 2 of 3)

 

Contents

Chapter - 4 Cooling Towers (Part 2 of 3) 1

.၈ အလုပ်လုပ်ပုံ (Principle of Operation) 1

.၉ ဒီဇိုင်းအခြေအနေများ (Design Conditions) 5

.၁၀ Cooling Tower Heat Transfer 6

.၁၁ Cooling Tower Performance Factor 8

.၁၂ Condenser Water Flow Rate. 9

.၁၃ စုပ်ယူသည့်အပူနှင့် စွန့်ထုတ်သည့် အပူပမာဏ တူညီခြင်း (Heat Balancing) 10

.၁၄ ရွေးချယ်ရာတွင် စဉ်းစားရမည့် အချက်များ (Selection Consideration) 11

 

.၈ အလုပ်လုပ်ပုံ (Principle of Operation)

Cooling tower တွင် water spray system ၊ fill packing material နှင့် fan တို့ ပါဝင်သည်။ Spray system သည် ရေပူ(hot water)များကို fill packing ပေါ်သို့ ဖြန်းချသည်။ Cooling tower အတွင်း၌ လေ နှင့် ရေ ထိတွေ့နေသည့် မျက်နှာပြင်(contact surface)ဧရိယာ ပိုများလာရန်အတွက် fill packing များကို အသုံးပြုကြခြင်း ဖြစ်သည်။ ရေပူ(hot water)မှ အပူများ စွန့်ထုတ်ရန်အတွက် fan များသည် လေများ(ambient air)ကို cooling tower အတွင်းသို့ ဝင်ရောက်အောင် ဆောင်ရွက်ပေးသည်။ Condenser water မှ စုပ်ယူ သယ်ဆောင်ထားသော အပူများကို cooling tower အတွင်း sensible cooling ဖယ်ထုတ်ခြင်းနည်း နှင့် ရေငွေ့ ပျံစေခြင်းဖြင့် အပူကို ဖယ်ထုတ်ခြင်း (evaporative cooling)နည်း နှစ်နည်း တို့ဖြင့် စွန့်ထုတ်ပစ် (reject)သည်။

Cooling tower မှ စွန့်ထုတ်သည့် အပူပမာဏ(amount of heat rejected)သည် ဝင်လာသည့် လေ၏ Dry Bulb အပူချိန်(sensible cooling ဖြစ်ရန်အတွက်)နှင့် Wet Bulb အပူချိန်(evaporative cooling ဖြစ်ရန်အတွက်)ပေါ်တွင် မူတည်သည်။

Condenser circuit တွင် ပါဝင်သော equipment များမှာ cooling tower ၊ condenser water pump နှင့် chiller တို့ ဖြစ်သည်။ Condenser water pump သည် condenser water ကို chiller အတွင်းသို့ တွန်းပို့ သည်။ Condenser water သည် chiller အတွင်းသို့ ရောက်ရှိပြီး chiller အတွင်းမှ အပူများကို စုပ်ယူ ပြီးနောက် condenser water အပူချိန် မြင့်တက်လာသည်။ ထိုနောက် condenser water သည် cooling tower သို့ ရောက်ရှိပြီး အပူများကို လေထုထဲသို့ စွန့်ထုတ်(reject)လိုက်သောကြောင့် cooled water basin သို့ ရောက်သည့်အခါ condenser water ၏ အပူချိန် နိမ့်ကျသွားသည်။ တစ်ဖန် condenser water သည် chiller အတွင်းမှ အပူများကို စုပ်ယူရန် ပြန်လည် ဝင်ရောက်သွားသည်။ Chiller ၊ condenser water pump နှင့် cooling tower တို့ အတွင်း၌ condenser water အဆက်မပြတ် လည်ပတ်နေသည်။

Cooling tower တစ်လုံးသည် အပူများကို

 

(၁)

ံHeat transfer နည်း၊

 

(၂)

Mass transfer နည်း နှင့်

 

(၃)

Combination of heat and mass transfer နည်းတို့ဖြင့် အပူများကို စွန့်ထုတ်(reject)သည်။

ဖိအားပြောင်းလဲမှု မရှိသည့်(constant pressure)အခြေအနေတွင် အရည်(liquid)အဖြစ်မှ အငွေ့ (vapor) အဖြစ်သို့ အသွင်ပြောင်းခြင်း(phase change)ကို “Vaporization” ဟုခေါ်သည်။ ထို vaporization ဖြစ်သည့် အချိန်တွင် စုပ်ယူသည့် အပူကို “Latent Heat of Vaporization” ဟုခေါ်သည်။ လေထုဖိအား (atmospheric pressure)တွင် ဖြစ်ပေါ်လျှင် “Latent Heat of Vaporization” at atmospheric pressure ဟု ခေါ်သည်။ Cooling tower သည် condenser water မှ အပူအချို့ကို လေထုအတွင်းသို့ “Evaporative Cooling”နည်းဖြင့် စွန့်ထုတ်(reject) လုပ်သည်။ ထို့ကြောင့် ရေဆုံးရှုံးမှု ဖြစ်ပေါ်သည်။ ထိုဆုံးရှုံးသွားသည့် ရေကို  “Evaporation Loss” ဟုခေါ်သည်။ အောက်ပါ ပုံ(၄-၂၅)သည် counter flow cooling tower တစ်လုံး ၏ ရေ(condenser water)နှင့် လေအပူချိန်ဆက်စပ်မှု(temperature relationship)ကို ဖော်ပြထားသည်။

Condenser water အပူချိန် သည် A မှ B သို့ curve တွင် ပြထားသည့်အတိုင်း နိမ့်ဆင်းသွားပြီး လေထု၏ Wet Bulb အပူချိန်သည် C မှ D သို့မြင့်တက်လာသည်။ Condenser water တွင် အပူဆုံးရှုံးခြင်း(heat loss)ဖြစ်ပြီး အနီးရှိလေထုတွင် အပူတိုးခြင်း(heat gain) ဖြစ်ပေါ်သည်။ Condenser water အပူချိန် ကွာခြားချက်(temperature difference)သည် condenser water entering အပူချိန်(cooling tower အတွင်း သို့) မှ condenser water leaving အပူချိန်(cooling tower မှ အထွက်)ကို နှုတ်ထားခြင်းဖြစ်သည်။  A အနှုတ် B ဖြစ်သည်။

ထိုအပူချိန် ကွာခြားချက်(temperature difference)ကို “Range” ဟု ခေါ်သည်။ Steady-state အခြေအနေသို့ ရောက်ပြီးချိန်တွင် range သည် condenser water ၏ နိမ့်ဆင်း သွားသော အပူချိန်ပင် ဖြစ်သည်။

Air Conditioning, Heating, and Refrigeration Institute (AHRI)မှ စံ(standard)အဖြစ် သတ်မှတ်ထားသော chiller မှ ထွက်လာသည့်(leaving from chiller) condenser water အပူချိန်သည် 35°C(95°F) ဖြစ်ပြီး chiller အတွင်းသို့ဝင်သည့်(entering into chiller) condenser water အပူချိန်သည်  29.4°C(85°F)ဖြစ်သည်။ ထိုအချက်ကို မူတည်၍ cooling tower များကို ဒီဇိုင်းလုပ်ကြသည်။

   အသုံးပြုပုံ(application)နှင့် cooling tower ရွေးချယ်ပုံ(selection)ပေါ် မူတည်၍ ကွဲပြားမှုများ ရှိနိုင်သည်။

ပုံ ၄-၂၅ Range နှင့် Approch Temperature တို့ကို နှိုင်းယှဉ် ဖော်ပြထားပုံ

Leaving condenser water ၏ အပူချိန်(point B)နှင့် အဝင်လေ၏(entering) အပူချိန်(point C) တို့၏ ခြားနားချက်သည် cooling tower ၏ “Approach” ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် လေ၏ Wet Bulb အပူချိန်သို့ ရောက်အောင် ချဉ်းကပ်နေသောကြောင့် “Approach” ခေါ်ဆိုခြင်းဖြစ်သည်။ Approach သည် cooling tower တစ်လုံး၏ အပူဖယ်ထုတ်နိုင်စွမ်း(capability) ဖြစ်သည်။

အလွန်ကြီးမားသော(လိုအပ်သည်ထက် ပိုကြီးအောင် ပြုလုပ်ထားသော) cooling tower များသည် အလွန်ငယ်သော approach (colder leaving water)ကို ပေးနိုင်သည်။ (သတ်မှတ်ထားသော heat load ၊ flow rate နှင့် entering air condition များအတွက် သာဖြစ်သည်။) လေထု(atmosphere) အတွင်းသို့ စွန့်ထုတ် လိုက်သော အပူပမာဏ(amount of heat transferred)သည် heat load imposed on the tower နှင့်အမြဲ တူညီသည်။

Cooling tower တစ်လုံး၏ ကူးပြောင်းနိုင်သည့် အပူပမာဏ(amount of heat transfer)သည်  ထို cooling tower ၏ အပူဖယ်ထုတ်နိုင်စွမ်း(thermal capability) နှင့် ဝင်လာသည့်လေ၏ အပူချိန် (entering air Wet Bulb temperature)တို့ ပေါ်တွင် မူတည်သည်။ 
တစ်နည်းအားဖြင့် cooling tower တစ်လုံး၏လုပ်ဆောင်နိုင်စွမ်း(thermal capability)ကောင်းလေ အပူများများ စွန့်ထုတ်ပစ်နိုင်လေ ဖြစ်သည်။ ဝင်လာသည့် လေ၏ အပူချိန်(entering air Wet Bulb temperature) နိမ့်လေ အပူစွန့်ထုတ်နိုင်စွမ်း များလေ ဖြစ်သည်။

ဝင်လေ(entering air)၏ Wet Bulb အပူချိန်သည် cooling tower တည်ရှိရာ ဒေသ၏ ရာသီဥတု ပေါ်တွင် မူတည်သည်။  Cooling tower တစ်လုံး၏ စွမ်းဆောင်ရည်(thermal performance)သည် ဝင်လာသည့် လေ၏ Wet Bulb အပူချိန်ပေါ်တွင် အများဆုံး မူတည်သည်။ ဝင်လာသည့်လေ၏ Dry Bulb အပူချိန် နှင့် relative humidity သည် mechanical draft cooling tower ၏ စွမ်းဆောင်ရည်(thermal performance) အတွက် အနည်းငယ်သာ အကျိုးသက်ရောက်မှု(insignificant effect) ရှိသည်။ Cooling tower တစ်လုံး၏ ရေဆုံးရှုံးမှု နည်းခြင်း၊ များခြင်း (evaporation loss)ဖြစ်မှု အပေါ်တွင် မူတည်သည်။ 

Cooling tower တစ်လုံး အတွင်းသို့ ဝင်ရောက်သွားသော လေ၏ psychrometric analysis ကို ပုံ(၄-၂၅) နှင့် ပုံ(၄-၂၆)တွင် ဖော်ပြထားသည်။ လေထု (ambient condition) (point A)တွင် cooling tower တစ်လုံးအတွင်း ဝင်ရောက်သွားပြီးနောက် condenser water မှ heat နှင့် mass(moisture)ကို စုပ်ယူ သွားသည်။ ထိုနောက် point B မှ တစ်ဆင့် ထွက်သွားသည်။ ထို point B အခြေအနေသည် saturated condition ဖြစ်သည်။ သို့သော် သတ်မှတ်ထားသည့် အပူစွန့်ထုတ်ပစ်မှု ပမာဏထက်နည်းသည့်အခါ(very light loads)မျိုးတွင် ထွက်သွားသည့် လေ(discharge air)သည် fully saturated ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။

ပုံ ၄-၂၆ Cooling Tower တစ်လုံး၏ performance ကို psychrometric chart ပေါ်တွင် ဖော်ပြထားပုံ

Condenser water မှ လေသို့ ကူးပြောင်းသွားသည့်အပူ(heat transfer)ပမာဏသည် cooling tower အတွင်းသို့ ဝင်သွားသည့်လေ၏ enthalpy (enthalpy of entering air)နှင့် ထွက်သွားသည့် လေ၏ enthalpy (enthalpy of leaving air)ကွာခြားချက် ဖြစ်သည်။ (hB − hA)ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် enthalpy လိုင်းများသည် Wet Bulb အပူချိန် လိုင်းများနှင့် အလွန် နီးကပ်စွာ ရှိနေသာကြောင့်ဖြစ်သည်။ လေ၏ enthalpy ပြောင်းလဲမှု(change in enthalpy of the air)သည် လေ၏ Wet Bulb အပူချိန် ပြောင်းလဲမှု ပင်ဖြစ်သည်။

ပုံ(၄-၂၆)မှ Vector AB သည် လေထု(ambient air)၏ total heat gain ဖြစ်သည်။ Vector AB ကို component AC နှင့် component CB အဖြစ် ခွဲနိုင်သည်။ Component AC သည် sensible heat portion ဖြစ်သည်။ Component CB သည် latent heat အပိုင်း ဖြစ်သည်။ ဝင်လာသည့်လေသည် point D သို့ ပြောင်းသွားခဲ့လျှင် Wet Bulb အပူချိန် တူညီသည်။ သို့သော် Dry Bulb အပူချိန် ပိုမြင့်သည့်အခါ total heat transfer(vector DB)သည် တူညီလိမ့်မည်သာ ဖြစ်သည်။ Sensible အပိုင်း(components)နှင့် latent အပိုင်း(component)တို့သည် များစွာ ပြောင်းလဲသွားသည်။

DE သည် လေ၏ sensible cooling အပိုင်းဖြစ်သည်။ Condenser water သည် အပူ(heat)နှင့် ရေ(mass)အချို့ ကို လေအတွင်းသို့ စွန်ထုတ်မှုကြောင့် EB သည် latent heat ဖြစ်သည်။ ထို့ကြောင့် တူညီသည့် water cooling load အတွက် latent နှင့် sensible heat တို့ စွန့်ထုတ်ပစ်သည့် ပမာဏအချိုးသည် များစွာ ပြောင်းလဲနိုင်သည်။ Latent heat နှင့် sensible heat တို့ စွန့်ထုတ်သည့် ပမာဏ အချိုးသည် cooling tower တစ်လုံး ၏ ရေသုံးစွဲမှု သို့မဟုတ် ရေဆုံးရှုံးမှုကို တွက်ချက်ရန် အလွန်အရေးပါသည်။

Evaporation cooling နည်းဖြင့် အပူများကို ဖယ်ထုတ်သည့်အခါ ရေများ ဆုံးရရှုံးသွားသောကြောင့် “Mass Transfer” နည်းဖြင့် အပူကို ဖယ်ထုတ်ခြင်း ဟူ၍လည်း ခေါ်ဆိုလေ့ရှိသည်။ “Mass Transfer” နည်း သို့မဟုတ် Evaporation cooling နည်းသည် latent heat အပိုင်းနှင့်သာ သက်ဆိုင်ပြီး specific humidity ပြောင်းလဲမှုနှင့် တိုက်ရိုက် အချိုးကျသည်။

အဘယ်ကြောင့်ဆိုသော် ဝင်လာသည့် Dry Bulb အပူချိန် သို့မဟုတ် relative humidity သည် latent to sensible heat transfer ၏ အချိုးပေါ်တွင် မူတည်သောကြောင့် ဖြစ်သည်။ Latent to sensible heat transfer ၏ အချိုး(ratio)သည် ရေငွေ့ပျံနှုန်း(rate of evaporation)အပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိသည်။

ပုံ(၄-၂၆)တွင် ပြထားသည့်အတိုင်း case AB(WB − WA)၏ ရေငွေ့ပျံနှုန်း(evaporation rate) သည် case DB(WB − WD)၏ ရေငွေ့ပျံနှုန်း(rate of evaporation)ထက်နည်းသည်။ အဘယ်ကြောင့်ဆိုသော် latent heat transfer(mass transfer)သည် total heat transfer ၏ သေးငယ်သော ပမာဏဖြစ်သောကြောင့် ဖြစ်သည်။

Cooling tower တစ်လုံး၏ ဒီဇိုင်း အခြေနေတွင် ဖြစ်နိုင်သော ယေဘုယျ ရေငွေ့ပျံနှုန်း(evaporation rate) သည် ရေစီးနှုန်း(water flow)၏ ၁% ဖြစ်သည်။ 7 K of water temperature range ဖြစ်သည်။ ပျမ်းမျှရေငွေ့ပျံနှုန်း(evaporation rate)သည် ဒီဇိုင်းတွက်စဉ်က ရေငွေ့ပျံနှုန်း(design rate) ထက် နည်းသည်။ အဘယ်ကြောင့်ဆိုသော် ညဘက် သို့မဟုတ် အေးသည့်ရာသီတွင် ဝင်လာသော လေ၏ အပူချိန် ကျဆင်း လာသည်နှင့်အမျှ sensible component ပိုများလာပြီး latent heat transfer (mass transfer) နည်းကာ ရေငွေ့ပျံနှုန်း(evaporation rate) နည်းခြင်းကြောင့် ဖြစ်သည်။

ရေငွေ့ပျံခြင်း (evaporation)ကြောင့် ရေဆုံးရှုံးမှု(water loss) ဖြစ်သည့်အပြင် ပန်ကာကြောင့် ရေစက်များ လွင့်စင်ခြင်း(liquid carries over) နှင့် ရေဖောက်ထုတ်ခြင်း(blow down)စသည် တို့ကြောင့်လည်း ရေဆုံးရှုံးမှု (water loss)များ ဖြစ်ပေါ်သည်။ ပန်ကာကြောင့် ရေစက်များ လွင့်စင်ခြင်း(liquid carry over) နှင့် ရေဖောက်ထုတ်ခြင်း(blow down) တို့အကြောင်းကို နောက်ပိုင်းတွင် ဖော်ပြထားသည်။

.၉ ဒီဇိုင်းအခြေအနေများ (Design Conditions)

Cooling tower တစ်လုံး၏ လုပ်ဆောင်နိုင်စွမ်း(thermal capability)ကို အောက်ပါ အချက် (parameter) များဖြင့် သတ်မှတ်သည်။

(က)

Cooling tower အတွင်းသို့ ဝင်လာသည့် condenser water ၏  အပူချိန်နှင့် ထွက်သွားသည့် အပူချိန် (entering and leaving water temperatures)

(ခ)

ဝင်လေ ၏ Wet Bulb နှင့် Dry Bulb အပူချိန် နှင့်

(ဂ)

Condenser water ၏ ရေစီးနှုန်း(flow rate)တို့ ဖြစ်သည်။

များသောအားဖြင့် condenser water velocity အနည်းဆုံး 1.5 m/s မှ အများဆုံး 3.6 m/s အခြေခံ၍ condenser pipe အရွယ်အစားကို ရွေးချယ်လေ့ရှိသည်။

Evaporative cooling tower တိုင်း ရေငွေ့ပျံခြင်း(evaporation)ဖြစ်သည့် ရေပမာဏသည် ဝင်လာသည့် လေ၏ Wet Bulb အပူချိန်နှင့် သက်ဆိုင်သည်။ Air conditioning တွင် သုံးသည့် cooling tower တစ်လုံး၏ အပူဖယ်ထုတ်နိုင်စွမ်း(thermal capability)ကို nominal capacity ဖြင့် ဖော်ပြလေ့ရှိသည်။

လျှပ်စစ်ဓာတ်အားဖြင့် မောင်းသည့်(electric) chiller ၏ evaporator မှ ၁ ကီလိုဝပ်(1kW) အအေးဓာတ်(cooling)ရရှိရန် အတွက် cooling tower  သည် ခန့်မှန်းခြေ ၁.၂၅ ကီလိုဝပ်(1.25 kW) ပမာဏ အပူကို ဖယ်ထုတ်(heat rejection)ပေးရန် လိုအပ်သည်။

ရေစီးနှုန်း(flow rate) 54 mLiter/sec ရှိသည့် condenser water ၏ အပူချိန် 35°C(95°F)မှ 29.4°C(85°F)ရောက်အောင် လုပ်နိုင်လျှင် တစ်ကီလိုဝပ်(1kW) အပူစွန့်ထုတ်ခြင်း(heat rejection)ဖြစ်သည်။ ထိုအချိန်တွင် cooling tower အတွင်းသို့ ဝင်ရောက်လာသော လေ၏ Wet Bulb အပူချိန်သည် 25.6°C ပေါ်တွင် အခြေခံသည်။ ထိုအခြေနေတွင် တစ်ကီလိုဝပ်(1kW) evaporator cooling ရရှိရန် ခန့်မှန်းခြေ (၁.၂၅)ကီလိုဝပ် (1.25 kW) ပမာဏရှိသော အပူကို cooling tower မှ စွန့်ထုတ်(reject) ပေးရမည်။

လျှပ်စစ်မော်တာဖြင့် မောင်းသည့်(electric) chiller မှ တစ်ကီလိုဝပ်(1kW) cooling capacity ထုတ်ပေးတိုင်း cooling tower သည် chiller မှ တစ်ကီလိုဝပ်(1kW)အပြင် 0.25 kW of compressor heat ကိုပါ ဖယ်ထုတ်(reject) ပေးရသည်။ 0.25 kW of compressor heat ကို “Heat of Compression” ဟုလည်းခေါ်သည်။ တစ်နည်းအားဖြင့် 0.6 kW/RT efficiency ရှိသည့် 500RT chiller မှ 500RT cooling capacity ကို ထုတ်ပေးနေချိန်တွင် cooling tower သည် 500RT cooling capacity အပြင် compressor မှထွက်သည့် “Heat of Compression”  (500RT x 0.6 kW/RT = 300kW = 85RT) 85RT ကိုပါ စွန့်ထုတ် (reject) ပေးရသည်။ ထို့ကြောင့် cooling tower မှ 500RT+85RT= 585RT စွန့်ထုတ်(reject) ပေးရသည်။ Condenser water pump မှ heat ကို ထည့်မတွက် ထားပါ။ အချို့သော အခြေအနေများအတွက် nominal capacity rating အတိုင်း အသုံးပြုလေ့ မရှိသည်ကို တွေ့ရသည်။

အချုပ်အားဖြင့် cooling tower တစ်လုံး၏ အပူဖယ်ထုတ်နိုင်စွမ်း(heat rejection capacity)ကို operating parameter များ ဖြစ်ကြသော ရေအဝင်အပူချိန်(entering water temperature)၊ ရေအထွက် အပူချိန်(leaving water temperature) ၊ condenser water စီးနှုန်း(flow rate)၊ ဝင်လေ၏ (entering air) Wet Bulb အပူချိန် နှင့် လေစီးနှုန်း( air flow rate) တို့ဖြင့် ဖော်ပြသည်။

.၁၀ Cooling Tower Heat Transfer

 

ပုံ ၄-၂၇

ပုံ(၄-၂၇)တွင် ဖော်ပြထားသည့် condenser water ရေစက်ငယ်မှ အပူကို အနီးရှိလေ(surrounding air)ထဲသို့ sensible heat transfer process နှင့် latent heat transfer process နည်းနှစ်မျိုးလုံးဖြင့် စွန့်ထုတ်ပစ်ခြင်း ဖြစ်သည်။ ထို အပူကူးပြောင်းခြင်းဖြစ်စဉ်(heat transfer process)ကို “Merkel Equation” ဖြင့် ဖော်ပြနိုင်သည်။

            Condenser water မှ ထွက်သွားသည့် အပူ(heat)ပမာဏသည် အနီးရှိလေ(surrounding air)မှ စုပ်ယူလိုက်သည့် ပမာဏနှင့် ညီမျှသည်။

ပုံ(၄-၂၈)တွင် cooling tower characteristic ကို ဂရပ်ပုံစံဖြင့် ဖော်ပြထားသည်။ Cooling tower characteristic ကို အောက်ပါအတိုင်း ဂရပ်ပုံစံဖြင့် ဖော်ပြသည့်နည်း(graphical representation)ဖြင့်လည်း လေ့လာနိုင်သည်။

Law of conservation of energy အရ  (cooling tower တစ်ခုလုံးကို control volume အဖြစ် ယူဆလျှင်)

 

ပုံ ၄-၂၈ Cooling tower တစ်လုံး၏ Enthalpy driving force ဖြင့် ဖော်ပြထားပုံ

C' သည် ဝင်လာသည့်လေ၏ enthalpy ဖြစ်သည်။

BC သည် initial enthalpy driving force  ဖြစ်သည်။

CD  သည် air operating line with slope L/G  ဖြစ်သည်။

DEF သည် projecting the exiting air point onto the water operating line and then onto the temperature axis shows the outlet air Wet-Bulb temperature  ဖြစ်သည်။

L/G သည် liquid to gas mass flow ratio (lb/lb or kg/kg) ဖြစ်သည်။

Condenser water မှ အပူဆုံးရှုံးမှုပမာဏ(heat loss)သည် အနီးရှိလေထု(ambient air) မှ စုပ်ယူလိုက်သည့်အပူ(heat gain)ပမာဏ နှင့် တူညီသည်။ Condenser water ၏ အပူဆုံးရှုံးမှု(heat loss) ပမာဏသည် Q_water  = m .Cp .Δt  ဖြစ်သည်။ 
Condenser water ၌ အပူချိန်ပြောင်းလဲမှု(temperature change)ဖြစ်သောကြောင့် sensible heat change သာ ဖြစ်ပေါ်သည်။ သို့သော် အနီးရှိလေထု(Ambient air)တွင် sensible heat နှင့် latent heat gain နှစ်မျိုးကြောင့် အပူတိုးလာခြင်း(heat gain) ဖြစ်ပေါ်သည်။

တစ်နည်းအားဖြင့် condenser water ကို sensible cooling နှင့် ရေငွေ့ပျံစေခြင်းဖြင့် အပူကို ဖယ်ထုတ်ခြင်း (evaporative cooling)နည်း နှစ်မျိုးဖြင့် အေးစေသည်။

t2

 =

Entering temperature of condenser water

t1

 =

Leaving temperature of condenser water

h2

 =

Enthalpy of leaving air

h1

 =

Enthalpy of entering air                                 

                           ကို water to air mass ratio သို့မဟုတ် liquid to gas mass flow ratio ဟုခေါ်သည်။ ယူနစ်သည် lb of water/lb of air သို့မဟုတ် kg of water/kg of air ဖြစ်သည်။

လေထု(ambient air)အပူချိန် 78°F(25.5°C)DB နှင့် 50% RH သည် cooling tower အတွင်းသို့ ရောက်သည့်အခါ ရေငွေ့ပျံစေပြီး အပူကိုဖယ်ထုတ်ခြင်း(evaporative cooling)နည်းဖြင့် condenser water ကို အေးစေသည်။ လေ၏ enthalpy သည် 30.1 Btu/lb မှ 45.1 Btu/lb အထိ မြင့်တက်သွားသည်။ 15 Btu/lb of dry air မြင့်တက်သွားသည်။ ထို 15 Btu/lb သည် condenser water အလေးချိန် တစ်ပေါင်ကို 15°F အပူအချိန် ကျဆင်းသွား စေနိုင်သည်။

ဝင်လာသည့်လေ(ambient air)၏ စိုထိုင်းဆ(humidity ratio)သည် 0.0103 lb of water vapor/lb of dry air ဖြစ်ပြီး ထွက်သွားသည့် လေ၏ စိုထိုင်းဆ(humidity ratio)မှ 0.0233 lb of water vapor/lb or dry air ဖြစ်သည်။ ထို(0.0233lb - 0.0103=) 0.013 lb သည် ရေငွေ့ပျံ(evaporate)သွားသည့် condenser water ဖြစ်သည်။

85°F ၌ ရှိသော latent heat vaporization တန်ဖိုးသည် 1,045 Btu/lb(2260 KJ/kg) ဖြစ်သည်။  0.031lb x 1045 Btu/lb =13.6 Btu ဖြစ်သည်။ 15 Btu ၏ ၉၁% သည် ရေငွေ့ပျံစေခြင်းဖြင့် အပူကို ဖယ်ထုတ်ခြင်း(evaporative cooling)နည်းကြောင့် ဖြစ်ပေါ်သည်။ ကျန်သည့် ၉% ခန့်သည် sensible cooling ကြောင့်ဖြစ်သည်။ Condenser water အပူချိန်သည် 15°F ကျဆင်းပြီး လေ၏ အပူချိန် 3.3°F မြင့်တက် လာသည်။ လေ၏ အပူချိန်သည် 78°F မှ 81.3°F သို့ မြင့်တက်သည်။

.၁၁ Cooling Tower Performance Factor

Cooling tower တစ်လုံး၏ စွမ်းဆောင်ရည်(performance)သည် အောက်ပါ အချက်(factor or parameter) များပေါ်တွင် မူတည်သည်။
(၁)	Range	(၅)	Evaporation loss
(၂)	Approach	(၆) 	Cycles of concentration
(၃) 	Effectiveness	(၇)	Blow down losses နှင့်
(၄)	Cooling capacity	(၈)	Liquid/ Gas ratio တို့ ဖြစ်သည်။

ပုံ ၄-၂၉ Condenser water range ပြောင်းလဲခြင်းကြောင့်cooling tower အရွယ်အစား ပြောင်းလဲပုံကို ဖော်ပြထားသည်။

လေ၏ Wet Bulb အပူချိန် မြင့်တက်လာခြင်းကြောင့် cooling tower ၏ စွမ်းဆောင်ရည် (performance) ကျဆင်းသွားသည်။ လေ၏ Wet Bulb အပူချိန် ပြောင်းလဲခြင်းကြောင့် Approach တန်ဖိုး ပြောင်းလဲသည်။ Range ပြောင်းလဲခြင်းကြောင့် Approach တန်းဖိုး ပြောင်းလဲသည်။

 	Condenser water စီးနှုန်း(flow rate)များခြင်း သို့မဟုတ် range များခြင်းကြောင့် အပူ ဖယ်ထုတ် နိုင်စွမ်း(heat rejection capacity) များလာသည်။

ပုံ ၄-၃၀ Variation in tower size factor with range.

ပုံ ၄-၃၁ Variation in tower size factor with condenser water flow rate.

အထက်ပါ ပုံ(၄-၃၁)တွင် condenser water စီးနှုန်း(flow rate) ပြောင်းလဲခြင်းကြောင့် cooling tower အရွယ်အစား ပြောင်းလဲပုံကို ဖော်ပြထားသည်။ အထက်ပါ ပုံ(၄-၃၀) သည် condenser water range ပြောင်းလဲခြင်းကြောင့် cooling tower အရွယ်အစား ပြောင်းလဲပုံကို ဖော်ပြထားသည်။(Approach မပြောင်းပါ။)

.၁၂ Condenser Water Flow Rate

Condenser water system တွင် စီးနှုန်း(flow rate)သည် အလွန် အရေးကြီးသည်။ Condenser water မှ အပူ(heat)များ လေထု(ambient air)ထဲသို့ အပူစွန့်ထုတ်ခြင်း(heat rejection) ဖြစ်စေရန် လုံလောက် သော condenser water စီးဝင်လည်ပတ်မှု ရှိ၊ မရှိ စစ်ဆေးရန် လိုအပ်သည်။ ယေဘုယျအားဖြင့် “Range” ကို 5.6°C (95°F - 85°F = 10°F)တန်ဖိုးတွင် အခြေခံ၍ ဒီဇိုင်းပြုလုပ်ကြသည်။

Cooling capacity 1 RT လျှင် condenser water ရေလည်ပတ်နှုန်းသည် 0.19 Liter/Sec (3GPM) ဖြစ်ပြီး Chilled water ရေလည်ပတ်နှုန်းသည် 2.4 GPM ဖြစ်သည်။ ထို့ကြောင့် condenser water ရေလည်ပတ်နှုန်း(flow rate)သည် chilled water ရေလည်ပတ်နှုန်း(flow rate)၏ (၁.၂၅)ဆ(1.25 times) ဖြစ်သည်။ ၂၅% ပိုများသည်။ Chilled water စီးနှုန်း(flow rate)သည် 0.15 Liter/Sec per RT သို့မဟုတ် 2.4 GPM per RT ဖြစ်သည်။

            တစ်နည်းအားဖြင့် electric chiller များတွင် heat of compression သည် chiller cooling load ၏ 25% နီးပါးနှင့် ညီမျှသောကြောင့်ဖြစ်သည်။

အကယ်၍ condenser water စီးနှုန်း(flow rate)သည် လိုအပ်သည်ထက် နည်းလျှင် condenser water return temperature မြင့်တက်လာလိမ့်မည်။ Chiller အတွင်းသို့ အပူချိန်မြင့်သည့် condenser water ဝင်ရောက်လာလျှင် refrigerant ၏ condensing pressure မြင့်တက်လာပြီး compressor ၏ စွမ်းအင် သုံးစွဲမှု(power consumption) ပိုများ လာလိမ့်မည်။

လုံလောက်သော ရေစီးနှုန်း(water flow rate) ကို chiller အတွင်းသို့ လည်ပတ်စေခြင်းကြောင့် condenser water return temperature ကျဆင်းလာကာ chiller efficiency ပိုကောင်း လာလိမ့်မည်။

 

Air-Conditioning, Heating, and Refrigeration Institute (AHRI) သတ်မှတ် ချက်အရ ဒီဇိုင်းအခြေအနေ(design condition) တွင် cooling capacity 1 RT ရရန် condenser water ရေလည်ပတ်နှုန်း(flow rate)သည် 0.19 Liter/Sec per RT သို့မဟုတ် 3 GPM per RT ဖြစ်သည်။

 

Lower part load အခြေအနေမျိုးတွင်လည်း condenser water စီးနှုန်း(flow rate)ကို ဒီဇိုင်း စီးနှုန်း (design flow rate)ထက် အနည်းငယ် လျော့နည်း အောင် လျှော့ချနိုင်သည်။

ပုံ ၄-၃၂ Condenser and chilled water circuit

         Actual condenser water စီးနှုန်း(flow rate) သည် design condenser water စီးနှုန်း(flow rate) ထက် ပိုမများရန် လိုအပ်သည်။ Condenser water စီးနှုန်း(flow rate) လိုအပ်သည်ထက် ပိုများခြင်းကြောင့် ပန့့််အတွက် လိုအပ်သောစွမ်းအင်(pumping power)ကို ဖြုန်းတီးရာ ရောက်သည်။ တစ်နည်းအားဖြင့် over pumping ဖြစ်စေသည်။

Cooling tower စွမ်းဆောင်ရည် (performance) ညံ့ဖျင်းနေလျှင် condenser water စီးနှုန်း(flow rate)များခြင်း ကြောင့်လည်း condenser water supply temperature မြင့်တက်လာနိုင်သည်။ Cooling tower တစ်ခုချင်းစီ တူညီသောရေပမာဏ စီးဝင်ခြင်း(flow)မရှိသည့်အခါ (unbalance water flow ဖြစ်ခြင်းကြောင့်) အချို့ cooling towerသည် ဒီဇိုင်းစီးနှုန်း(design flow rate)ထက်ပိုများသည့် condenser စီးနှုန်း(flow rate)ကို ရရှိကာ အထွက်ရေအပူချိန်(condenser water supply temperature) ပိုမြင့်မားလာသည်။ အထွက်ရေ အပူချိန်(condenser water supply temperature) မြင့်သောကြောင့် chiller efficiency ကျဆင်းလိမ့်မည်။

.၁၃ စုပ်ယူသည့်အပူနှင့် စွန့်ထုတ်သည့် အပူပမာဏ တူညီခြင်း (Heat Balancing)

Vapor compression cycle များတွင် evaporator က အပူ(heat)ကိုစုပ်ယူသည့် အလုပ်လုပ်ကြပြီး condenser များက ထိုစုပ်ယူထားသော အပူကိုပြန်စွန့်ထုတ်ခြင်း(heat rejection)လုပ်ကြသည်။ Compressor အတွင်းမှ အပူချိန်မြင့်ပြီး ဖိအားမြင့်သည့်(hot and high pressure) refrigerant gas များသည် condenser အတွင်းသို့ ရောက်ရှိလာပြီး နည်း နှစ်မျိုးဖြင့် အပူဖယ်ထုတ်ခြင်း(heat rejection)လုပ်ကြသည်။

ထို refrigerant gas သည် superheat အပူချိန်၌ အငွေ့(vapor) အခြေအနေဖြင့် sensible heat ကို စွန့်ထုတ်(reject)သည်။ ထို့နောက် saturated အပူချိန်၌ latent heat ကို စွန့်ထုတ်(reject)ကာ refrigerant အငွေ့ (vapor)မှ အရည်(liquid)အဖြစ်သို့ ပြောင်းသွားသည်။

Condenser load သည် ဖယ်ထုတ်သည့်အပူပမာဏ(amount of heat rejection) ဖြစ်သည်။ Air cooled condenser မှ အပူဖယ်ထုတ်ခြင်း(heat rejection)ကြောင့် လေ၏အပူချိန် ခြားနားချက် 9°C မှ 12°C ခန့် မြင့်တက် လာအောင် ဒီဇိုင်းလုပ်လေ့ ရှိသည်။ အကယ်၍ အပူချိန်မြင့်တက်မှု(temperature raise) 10.5°C ကို အခြေခံ၍ တွက်လျှင် 1kW  အပူပမာဏကို စွန့်ထုတ်(reject)ရန်အတွက် လေစီးနှုန်း 0.093 kg (mass flow rate 0.093 kg/kW)လိုအပ်သည်။ [1/(10.5x1.02)= 0.093 kg/kW]

ဥပမာအားဖြင့် ရုံးခန်းတစ်ခု၏ air con unit သည် 350kW cooling capacity ရှိပြီး 430kW အပူပမာဏ ဖယ်ထုတ်ခြင်း(heat rejection)ဖြစ်ရန် လေစီးနှုန်း(flow rate) 40.85 kg/s သို့မဟုတ် 36 m3/s ရှိသည့် air-cooled condenser ကို အသုံးပြုရမည်။ လေဖြင့် အပူစွန့်ထုတ်သည့်အခါ ရေထက် volume flow rate သို့မဟုတ် mass flow rate ပိုများသောကြောင့် နေရာကျယ်ကျယ် လိုအပ်သည်။

ပုံ ၄-၃၃ Heat Balance    

ပုံ ၄-၃၄ Heat Balance    

           

            ဥပမာ condenser တစ်ခုသည် အပူ(heat)ပမာဏ 12kW ကို ဖယ်ထုတ်(reject)ရန်အတွက် အပူချိန် 35°C ရှိသော ပြင်ပလေ(outdoor air) သည် အပူချိန် 50°C အထိ မြင့်တက်သွားသည်။ ထို condenser သည် 8 kW အပူပမာဏကို ဖယ်ထုတ်(reject)ရန် လိုအပ်ပြီး ပြင်ပလေ(outdoor air)သည် 15°C ဖြစ်လျှင် အပူချိန်မည်မျှ အထိတက် သွားမည်နည်း။

Temperature difference = 50 ̊ C – 35 ̊ C = 15 ̊ C

                                                               = 12 kW/15°C  =  0.8 kW/ ̊ C

ပုံ ၄-၃၅  Carnot cycle for refrigeration          

ထို condenser သည် 1°C အပူချိန်ကွာခြားတိုင်း(temperature difference) အပူပမာဏ 0.8 kW ကို ဖယ်ထုတ်(reject) နိုင်စွမ်းရှိသည်။

.၁၄ ရွေးချယ်ရာတွင် စဉ်းစားရမည့် အချက်များ (Selection Consideration)

မိမိ၏ လုပ်ငန်း(application)နှင့် သင့်လျော်မှန်ကန်သော cooling tower ကို ရွေးချယ်အတွက် အောက်ပါ အချက်အလက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

(က)

Cooling duty (လိုအပ်သော အပူဖယ်ထုတ်နှုန်း(capacity) ၊ မောင်းနှင်မည့် duty အမျိုးအစား)

(ခ)

Economics [စီးပွားရေးတွက်ချေကိုက်မှု၊ တပ်ဆင်ရန်ကုန်ကျစရိတ်(installation cost) ၊ မောင်းနှင့် လည်ပတ်ရန် ကုန်ကျစရိတ် (operation cost)]

(ဂ)

Required services (လိုအပ်သည့် ဆားဗစ်အမျိုးအစားများ)

(ဃ)

Environmental conditions (ပတ်ဝန်းကျင်ကို ထိခိုက်မှုရှိ မရှိ၊ ကျောင်း၊ ဆေးရုံ သို့မဟုတ် လူအများစု နှင့် နီးသည့်နေရာတွင် cooling tower ကို တပ်ဆင်ရန် မသင့်လျော်ပေ။ Legionella ပိုးမွှား (pathogenic gram)အန္တရာယ်ကြောင့် ဖြစ်သည်။) Legionella အကြောင်း အသေးစိတ် သိလိုပါက

 http://www.nea.gov.sg/cms/qed/cop_legionella.pdf  တွင် လေ့လာနိုင်သည်။

(င)

Maintenance requirements (ပြုပြင်ထိန်းသိမ်းရန် လိုအပ်ချက်များ) နှင့်

(စ)

Aesthetics- အမြင်လှပမှု ရှိ၊ မရှိ တို့ဖြစ်သည်။ (လူမြင်ကွင်းတွင် တပ်ဆင်ထားသော cooling tower များအား ကြည့်ကောင်းအောင် ပြုလုပ်ထားရန် သို့မဟုတ် ကာရံထားရန် လိုအပ်သည်။)

အထက်ပါ အချက်အလက်များသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်စပ်မှု ရှိကြသည်။  တစ်ခုချင်းစီကို ဆန်းစစ်ရွေးချယ် ရမည်။

အထက်ပါ အချက်များအပြင် cooling tower ရွေးချယ်ခြင်းနှင့် သက်ဆိုင်သော အချက်အလက်များမှာ

(၁)

Safety features ၊ safety codes နှင့် သက်ဆိုင်သော ဘေးရန်ကင်းရှင်းရေး စည်းမျည်း စည်းကမ်း များကို လိုက်နာရမည်။

(၂)

အဆောက်အဦ အမျိုးအစားကို လိုက်၍ ချမှတ်ထားသည့် code များကို လိုက်နာရမည်။ (Conformity to building codes)

(၃)

General design and rigidity of structures (တည်ဆောက်မည့် structure ဒီဇိုင်း နှင့် အမျိုးအစား)

(၄)

Relative effects of corrosion, scale, or deterioration on service life (သံချေးတက်ခြင်း၊ ရေညှိ တက်ခြင်း၊ စွမ်းရည်ကျဆင်းခြင်း နှင့် အသုံးပြုနိုင်သည့် သက်တမ်းတိုခြင်း စသည်တို့နှင့် သက်ဆိုင်သော အချက်များ)

(၅)

Availability of spare parts (အပိုပစ္စည်းများ အလွယ်တကူ ရရှိနိုင်မှု)

(၆)

Experience and reliability of manufacturers (ထုတ်လုပ်သူ၏ လုပ်ငန်းအတွေ့အကြုံနှင့် စိတ်ချနိုင်မှုရှိ ၊ မရှိ)

(၇)

Independent certification of thermal ratings (ဖော်ပြထားသော စွမ်းဆောင်ရည်နှုန်း(rating)များ ကို ထုတ်လုပ်သူမဟုတ်သည့် တခြားသောအဖွဲ့ တစ်ခုခုမှ ထောက်ခံပေးမှု)

(၈)

Operating flexibility for economical operation at varying loads or during seasonal changes. (နွေ၊မိုး၊ဆောင်း ရာသီဥတုအားလုံး၌ ဖြစ်ပေါ်နိုင်သည့် load များ အားလုံး နှင့် ကိုက်ညီအောင် မောင်းနိုင်မှု)တို့ ဖြစ်သည်။

ထိုအချက်အလက်များအပြင် တုန်ခါမှု(equipment vibration)၊ ဆူညံသံ(sound levels) ၊ ဆူညံသံလျော့နည်းအောင် ဆောင်ရွက်ခြင်း(acoustical attenuation)၊ ဗိသုကာဒီဇိုင်း(architectural design) နှင့် လိုက်လျော ညီထွေဖြစ်မှု တို့ကိုလည်း အဓိကထား စဉ်းစားရမည် ဖြစ်သည်။

Cooling duty နှင့်သက်ဆိုင်သော အချက်အလက်များသည် အမြင့်(height)၊ အရှည်(length)၊ အထူ (width)၊  လေလည်ပတ်နှုန်း(volume of airflow)၊  fan နှင့် pump တို့၏ စွမ်းအင်သုံးစွဲမှုနှုန်း(energy consumption)၊ တည်ဆောက်ထားသည့် ပစ္စည်းအမျိုးအစား(materials of construction)၊ ရေအရည်­အသွေး (water quality) နှင့် ဈေးကွက်တွင် ရရှိနိုင်မှု(availability)တို့ ဖြစ်သည်။

မိမိအဆောက်အဦ သို့မဟုတ် မိမိ system အတွက် အကောင်းဆုံးနှင့် အသင့်လျော်ဆုံးသော cooling tower အမျိုးအစားနှင့် အရွယ်အစားကို economic evaluation လုပ်ပြီးမှသာ ရရှိနိုင်သည်။ နည်းပညာအရ (technically) အသင့်လျော်ဆုံးဖြစ်ရန် လိုအပ်သလို စီးပွားရေအရ(economically)လည်း အကျိုးအမြတ် များရန် လိုအပ်သည်။

2007 ASHRAE Handbook စာအုပ်မှ Chapter 36 ပါရှိသော HVAC Applications အပိုင်းတွင် အသုံးများသည့် စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ၊မရှိ ဆန်းစစ်နည်း(economic evaluation) နှစ်မျိုးကို ဖော်ပြ ထားသည်။

 (၁)

Life Cycle Costing (equipment တစ်ခု စဝယ်သည့်နေ့မှ သုံးမရ၍ ဖျက်ပစ်သည့်နေအထိ ကုန်ကျ စရိတ် စုစုပေါင်းကို တွက်သည့်နည်း)နှင့်

(၂)

Payback analysis (ဝယ်ပြီး တပ်ဆင်ရန် ကုန်ကျစရိတ်များကို ပြန်လည်ရရှိရန် နှစ်မည်မျှကြာသည်ကို တွက်သည့်နည်း ဖြစ်သည်။)

အထက်ပါ နည်းနှစ်နည်း အနက်မှ ကြိုက်နှစ်သက်ရာ နည်းကို အသုံးပြုနိုင်သည်။

            အစပိုင်းကုန်ကျစရိတ်များ (initial cost) အတွက် အောက်ပါ အချက်အလက်တို့ကို ထည့်သွင်း စဉ်းစား သင့်သည်။

Erected cost of equipment (ငြမ်း၊ ကရိန်း စသည့်တို့အတွက် ကုန်ကျစရိတ်)

Costs of interface with other subsystems (သက်ဆိုင်သည့် တခြားသော subsystem များနှင့် interface လုပ်ရန် ကုန်ကျစရိတ်)

Pumps and prime movers (ပန့် စသည့် တို့အတွက်ကုန်ကျစရိတ်)

Electrical wiring to pump and fan motors (ပန့် ၊ မော်တာ နှင့် fan မော်တာ တို့၏ လျှပ်စစ်ဝါယာနှင့် သက်ဆိုင်သော ကုန်ကျစရိတ်)

Electrical controls and switchgear (လျှပ်စစ် panel များ နှင့် control များ၊ switchgear တို့ အတွက် ကုန်ကျစရိတ်)

Piping to and from the tower (ပိုက်များ တပ်ဆင်ရန်အတွက် ကုန်ကျစရိတ်)

Tower basin ၊ sump screens ၊ overflow piping and makeup lines ၊ if not furnished by the manufacturer (တခြားသော အစိတ်အပိုင်းများ အတွက် ကုန်ကျစရိတ်)

Shutoff and control valves (ဘားများအတွက် ကုန်ကျစရိတ်)

Walkways ၊ ladders ၊ etc., providing access to the tower ၊ if not furnished by the manufacturer (လျှောက်လမ်း၊ လှေကားတို့အတွက် ကုန်ကျစရိတ်)

Fire protection sprinkler system (မီးဘေးကာကွယ်ရေး အစီအမံများအတွက် ကုန်ကျစရိတ်)

ပိုင်ဆိုင်မှုအတွက် ကုန်ကျစရိတ်(ownership cost)နှင့် ထိန်းသိမ်းပြုပြင်မှု ကုန်ကျစရိတ်(maintenance costs) တို့အတွက် အောက်ပါ အချက်အလက်တို့ကို ထည့်သွင်း စဉ်းစားသင့်သည်။

System energy costs (fans, pumps, etc.) (တစ်နာရီမောင်းရန်အတွက် လိုအပ်သည့် စွမ်းအင် အတွက် ကုန်ကျစရိတ်)

Energy demand charges (လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ်)

Expected equipment life (အမျှော်လင့်နိုင်ဆုံးသော အသုံးပြုနိုင်မည့် သက်တမ်း)

Maintenance and repair costs (ထိန်းသိမ်းစရိတ် နှင့် ပြုပြင်စရိတ်)

Money costs (အတိုးတွက်၊ ငွေကြေးဖောင်းပွမှု စသည့်တို့အတွက် ထည့်ဆောင်းရမည့် စရိတ်)

End of Part 2 of 3

 

 

 

 

 

Air Conditioning and Mechanical Ventilation System (Vol. 1) နှင့်သက်ဆိုင်သော ACMV Lecture များ (18 Lectures)
1 Chapter-1 Fundamental and Basic Concept Read
2 Chapter-2 (Part 1 of 3) Understanding Psychrometrics (Part 1 of 3) Read
3 Chapter-2 (Part 2 of 3) Understanding Psychrometrics (Part 2 of 3) Read
4 Chapter-2 (Part 2 of 3) Understanding Psychrometrics (Part 3 of 3) Read
5 Chapter - 3 Air Handling Units (Part 1 of 2) Chapter - 3 Air Handling Units (Part 1 of 2) Read
6 Chapter - 3 Air Handling Units (Part 2 of 2) Chapter - 3 Air Handling Units (Part 2 of 2) Read
7 Chapter - 4 (Part 1 of 3) Cooling Towers (Part 1 of 3) Read
8 Chapter - 4 (Part 2 of 3) Cooling Towers (Part 2 of 3) Read
9 Chapter - 4 (Part 3 of 3) Cooling Towers (Part 3 of 3) Read
10 Chapter - 5 (Part 1 of 3) Air Distribution Systems (Part 1 of 3) Read
11 Chapter - 5 (Part 2 of 3) Air Distribution Systems (Part 2 of 3) Read
12 Chapter - 5 (Part 3 of 3) Air Distribution Systems (Part 3 of 3) Read
13 Chapter - 6 (Part 1 of 3) Fans and Blowers (Part 1 of 3) Read
14 Chapter - 6 (Part 2 of 3) Fans and Blowers (Part 2 of 3) Read
15 Chapter - 6 (Part 3 of 3) Fans and Blowers (Part 3 of 3) Read
16 Chapter-7 ( Part 1 of 3) Ventilation ( Part 1 of 3) Read
17 Chapter-7 ( Part 2 of 3) Ventilation ( Part 2 of 3) Read
18 Chapter-7 ( Part 3 of 3) Ventilation ( Part 3 of 3) Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format