To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Air Conditioning > Pumping System > Pump Calculation Examples 2 > > www.acmv.org
Air Conditioning > Pumping System > Pump Calculation Examples 2 >


Untitled Document

ပန့်နှင့်သက်ဆိုင်သော ပုစ္ဆာများ

ဥပမာ ၁

55 kW မော်တာတပ်ဆင်ထားသော Pump တစ်လုံးသည် တစ်မိနစ်လျှင် အပတ်ရေ ၁၄၀၀ (1400 rpm) နှင့်လည်ပတ်နေပြီး တစ်စက္ကန့်လျှင် လီတာ flow rate =120 L/s တွန်းပိုနိုင်စွမ်းရှိသည်။ အကယ်၍ထို ပန့်သည် တစ်မိနစ်လျှင် အပတ်ရေ ၁၁၂၀ (1120 rpm) သို့ကျသွားလျှင် တစ်စက္ကန့်လျှင် လီတာမည်မျှသာ တွန်းပို့နိုင်မည်နည်။  (new flow rate ကိုရှာပါ)။ power consumption မည်မျှဖြစ်မည်နည်း ။
Q1 _ 120 L/s
P1 _ 55 kW
N1 _ 1400 rpm
N2 _ 1120 rpm
Q2 = Q1 x (N2/N1) =  120 x (1120/1400) = 96 L/s
P2 = P1 x (N2/N1)3 = 55 x (1120/1400)3 = 28 kW

အထက်ပါ ဥပမာ၏ အဓိပ္ပါယ်မှာ ပန့်သည် တစ်မိနစ်လျှင် အပတ်ရေ ၁၄၀၀ မှ တစ်မိနစ်လျှင် အပတ်ရေ ၁၁၂၀ (1400 rpm to 1120 rpm) သို ကျဆင်းသွားလျှင် ထိုပန့်၏ စွမ်းအင်သုံးစွဲမှု (power consumption) သည် ၅၀% ကျဆင်းသွားလိမ့်မည်။ တနည်း ၅၅ကီလိုဝပ် သုံးစွဲနေသည်မှ ၂၈ကီလိုဝပ် သာသုံးစွဲလိမ့်မည်။  (55 kW to 28 kW). သတိပြုရန် အချက်မှာ ပန့် မှ တွန်းပို့နိုင်သော Pressure Head သည် လည်း speed ကျဆင်းမှု၏ နှစ်ထပ်ကိန်း အတိုင်းကျဆင်းသွားလိမ့်မည်။ ထိုကြောင့် Pump Affinity Laws သည် Energy Saving အတွက် အလွန်အသုံးဝင်သော Formula ဖြစ်သည်။ ထို Affinity Lawsကို “cube law” ဟုလည်းခေါ်တတ်ကြသည်။ အဓိပ္ပါယ်မှာ ပန့် သို့ Fan ၏ သုံးစွဲသော ပါဝါသည် ထို ပန့် သို့ Fan ၏ လည်ပတ်နှန်းသုံးထပ်ကိန်းနှင့် တိုက်ရိုက် အချိုးကျသည်။ (power & speed3).

 

ဥပမာ၂

ပန့်တစ်လုံး၏ မော်တာသည် 1400 rpm နှင့်မောင်းနေသည်အချိန်တွင် Flow rate 10 L/s ရရှိရန်ဒီဇိုင်းလုပ်ထားသည်။ သို့သော် pipe system တွင် တပ်ဆင်၍ အသုံးပြုသည့်အခါ အမှန်ရရှိသော Flow rate မှာ 15 L/s ဖြစ်ပြီး ပန့်မော်တာသည် 15 kW ကို သုံးစွဲသည်။ ထိုပန့်အား ဒီဇိုင်း Flow rate ဖြစ်သော 10 L/s ကို ရောက်အောင် pump speed ကို VSD အသုံးပြု၍ ကျဆင်းအောင်ပြုလုပ်ခဲ့လျှင် ပန့် Power သုံးစွဲမှုမည်မျှကျဆင်းသွားမည်နည်။

Pump affinity laws အရ
From pump affinity laws, the pump speed can be reduced to give the design flow
as follows:
New pump speed _ 1400 ထ (10/15) = 933 rpm
New power consumption = 15 ထ (10/15)3 = 4.5 kW
Reduction in pump power consumption =15 – 4.5 = 10.5 kW

ဤနည်းသည် Estimation ခန့်မှန်းမှုများပြုလုပ်ရန်အတွက်သာ အသုံးဝင်သည်။ တိကျသေချာသော ရလာဒ်များရရှိရန်အတွက် ပန့်ထုပ်လုပ်သူများ (Pump Manufacturer) ထံမှရရှိသည် pump curves ကို အသုံးပြုကြသည်။ Pump Manufacturer သို့ ပန့် model ကွဲပြားသလို ပန့်တစ်လုံးခြင်းစီ၏ performance သည်လည်းကွဲပြားသည်။

ပန့်တစ်လုံး၏လက်ရှိမောင်းနေသည့် flow rate နှင့် pressure ကို တိုင်း၍ pump curves ပေါ်တွင် လက်ရှိ operating point ကို မှတ်သားနိုင်သည်။ ထို တိုင်း၍ရသည့် flow rate နှင့် pressureသည်ပင် အသုံးပြု၍ system curve ကိုလည်းခန့်မှန်းနိုင်သည်။  system curve သည် parabolic relationship ရှိသော curve ဖြစ်သည်။ သို့ parabolic curve ဟုခန့်မှန်းဆွဲနိုင်သည်။

ထိုကဲ့သို့ pump curves ပေါ်တွင် လက်ရှိ operating point နှင့် system curve ကိုဆွဲသားပြီးနောက်ကျန် ဆက်စပ်နေသည့် Parameter များကို တွက်ယူရရှိနိုင်သည်။

ပန့် ပုစ္ဆာများ


၁. ပန့်တစ်လုံးသည် 1200 rpm နှင့်မောင်းနေသည်အချိန်တွင် Flow rate 200 L/s ကိုတွန်းပို့နိုင်ပြီး ထို ပန့်၏မော်တာသည် 45 kW ပါဝါကို consumesလုပ်သည်။

ထိုပန့် ၏ speed သည် 1100 rpm သို ကျဆင်းသွားလျှင် new flow rate and power consumption ကို ရှာပါ။


၂. ပန့်တစ်လုံး၏သည် 1200 rpm နှင့်မောင်းနေသည်အချိန်တွင် Flow rate 20 L/s ရရှိရန်ဒီဇိုင်းလုပ်ထားသည်။သို့သော် pipe system တွင် တပ်ဆင်၍ အသုံးပြုသည့်အခါ အမှန်ရရှိသော Flow rate မှာ

35 L/s ဖြစ်ပြီး ထိုပန့်သည် ၏ မော်တာသည် 25 kW ပါဝါကို consumes လုပ်သည်။ အကယ်၍ water flow ကို ဒီဇိုင်းလုပ်ထားသည့် 20 L/s သို့ ရောက်အောင် Speed ကို လျှော့ချလိုက်လျှင် မည်မျှ pump power consumption လျော့ကျသွား သည်ကို ရှာပါ

၃. Cooing capacity တူညီသော Chiller နှစ်လုံး၏ condensers များသည် မတူညီသော pressure
drops ရှိကြသည်။ Chiller A ၏ pressure drops မှာ 80 kN/m2 ဖြစ်ပြီး Chiller B ၏ pressure drops မှာ 40 kN/m2 ဖြစ်သည်။ Chiller နှစ်လုံး၏ condensers water flow rate များသည် 150 L/s ဖြစ်ကြသည်။ အကယ်၍ pressure drops များသည့် Chiller A ကို သုံးမည့်အစား pressure drops နည်း သည့် Chiller B ကိုသုံးလျှင့် ထို Chiller နှင့် တွဲ၍တပ်ဆင်ထားသော condenser water pumpများ၏ pump power saving ကို တွက်ပါ။


၎. A pumping system တစ်ခုအတွက်လိုအပ်သော ပန့်၏ Flow 40 L/s လိုအပ်ပြီး pressure head သည် 120 kN/m2လိုအပ်သည်။ ထို application အတွက် 65 percent efficiency ရှိသည့် ပန့်ကို ရွှေးမည့်အစား ပိုကောင်းသည့် 85 percent efficiency ပန့်ကိုရွေးချယ်လိုက်လျှင် power မည်မျှသက်သာ နိုင်မည့်နည်။ (ချွေတာနိုင်မည်နည်း)

ကောင်းထက်ညွန့်


Pump နှင့်သက်ဆိုင်သော ACMV Lecture များ (7 Lectures)
1 Pumping System Type of Pumps Read
2 Pumping System Pump Head Calculation Read
3 Pumping System Pump Curves Read
4 Pumping System Pump Calculation Examples 1 Read
5 Pumping System Pump Calculation Examples 2 Read
6 Pumping System Understanding of Pump Head Read
7 Chilled Water Pump and Condenser Water Pump Power Pumping Power Calculation Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format