To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Air Conditioning > Motor Drive > Variable Speed Drives > > www.acmv.org
Air Conditioning > Motor Drive > Variable Speed Drives >


Untitled Document

Variable Speed Dirve (VSD) or Variable Frequency Drive (VFD)

အဆောက်အဦး၏ M&E system နှင့် Industrial System တို့တွင် Maximum Load Condition (Full load condition) ကို အခြေခံ ဒီဇိုင်းပြုလုပ်ကြသော်လည်း System များစုတွင် Maximum Load Condition နှင့် မောင်းသော အချိန်မှာ အလွန်နည်းပါးသည်။ ထိုသို့ Maximum Load Condition ဖြင်း Systemတစ်ခုကို ဒီဇိုင်းလုပ်ပြီး Part Load Condition ဖြင့်မောင်းသည့်အခါ မျိုးတွင် System တစ်ခုလုံး၏ Efficiency သည် အလွန်အမင်းလျော့နည်းသွားပြီး တစ်ခါတစ်ရံ၌ လိုအပ်သော လုပ်ဆောင်မှုမျိုး (Desired Performance) ကိုရရှိရန်ပင်ခက်ခဲသည်။

ထိုသို့ Part Load Condition မျိုးကို သင့်လျှော်သည့် Capacity ကို ပေးနိုင်သည် အရာမှာ Variable Speed Drive (VSD)ပင်ဖြစ်သည်။ Variable Speed Drive (VSD) သည်  လျှပ်စစ်မော်တာ (3 Phase AC Motor) ၏ လည်ပတ်နှန်း (revolution per minute, rpm) ကို လိုအပ်သလိုမောင်းနှင်နိုင်သည့် Device တစ်ခုပင်ဖြစ်သည်။ Variable Speed Drive (VSD) ကို Variable Frequency Drive (VFD) ဟုလည်းခေါ်ကြသည်။  Electric Motor များ၏ Speed (rpm) သည် မော်တာကို ပေးသည် incoming power supply ၏ Frequency(Hz) နှင့် တိုက်ရိုက်အချိုးကျသည်။ အောက်ပါရှိးရှင်းသော ဖော်မြူလာဖြင့် နားလည်နိုင်သည်။

                                  120 x Frequency (Hz)

Synchronous  Speed = --------------------------------

                                  Number of Poles

Frequency (Hz) = incoming electrical power supply ၏ Frequency (Hz) ဖြစ်သည်။ 

Singapore ၏ Frequency (Hz) မှာ 50 Hz ဖြစ်သည်။

Number of Poles = AC motor အတွင်းတွင်ရှိသော Magnetic Pole ဖြစ်သည်။

ACMV system တွင် 4 Poles မော်တာကို အများဆုံးအသုံးပြုသည်။

ထိုကြောင့် 50 Hz  incoming electrical power supply ဖြင့်မောင်းသည် 4 Poles AC motor ၏ Synchronous Speed မှာ 1500 rpm ဖြစ်သည်။ Synchronous Speed ဆိုသည်မှာ Theoretical Speed ဟုလည်းမှတ်ယူနိုင်သည်။ Synchronous Speed မှ Full load (Actual / Measured) ကို နှုတ်လျှင် Slip ဖြစ်နေသည့် rpm ကို ရသည်။

Synchronous Speed - Full load (Actual / Measured) = 0 ဟုဆိုလျှင် Slip မဖြစ်ဟုဆိုလိုသည်။ သိုသော် ACMV system တွင် Slip မဖြစ်သည့် Motor မှာ ရှိနိုင်ခဲသည်။

3Phase induction motor များကို  variable Speed Drive နှင့် တွဲအသုံးပြုလေ့ရှိသည်။ VSD နှင့်တွဲအသုံးပြုရန် အလွန်သင့်လျော်သည်။ Single Phase induction motor တွင် VSD ကို အသုံးပြုနိုင်သော်လည်း အသုံးနည်းသည်။

50 Hz ရှိသည့် electrical power supply မောင်းသည့် 4 Poles မော်တာ တစ်လုံး၏ Synchronous  Speed မှာ 1500 ဖြစ်သည်။

incoming electrical power supply ၏ Frequency (Hz) Motor Synchronous  Speed of 4 Pole motor
50 Hz 1500 rpm
25 Hz 750 rpm
10 Hz 300 rpm
5 Hz 150 rpm

VSD တစ်ခု၏ လုပ်ဆောင်ပုံ

VSD တစ်ခု၏ လုပ်ဆောင်ပုံမှာအောက်ပါအတိုင်းဖြစ်ပါသည်။

VSD တစ်ခုအတွင်း၌ rectifier bridge ရှိပါသည်။ rectifier bridge သည် a three-phase diode bridge တစ်ခုဖြစ်ပါသည်။ ထို rectifier bridge သည် ဝင်လာသည့် the AC input power ကို DC intermediate power အဖြစ်ပြောင်းပေးသည်အလုပ်ကို လုပ်ဆောင်ပါသည်။ rectifier bridge သည် a three-phase diode bridge တစ်ခုဖြစ်ပါသည်။ ထို လုပ်ဆောင်မှုရှိသည့် Circuit ကို rectifier circuit ဟုခေါ်သည်။

Insulated Gate Bipolar Transistors (IGBTs) ဟုခေါ်သော semi-conductor switches များကို အသုံးပြု၍ ထို DC intermediate power မှတဆင့် quasi-sinusoidal AC power ကို ထပ်၍ပြောင်းပါသည်။ထိုသို့လုပ်ဆောင်သည် Circuit ကို inverter circuit ဟုခေါ်သည်။ quasi-sinusoidal AC power သည် motor ကို မောင်းမည့် Speed ကို လိုသလို Frequency အားဖြင့် ထိန်းထားသော AC power ပင်ဖြစ်သည်။

VSD တစ်လုံးကို လိုအပ်သည် Speed (rpm) ဖြင့်မောင်းရန်အတွက် Control Signal တစ်ခုပေးရန်လိုအပ်သည်။ ထို Control Signal သည် VSD အတွက် Input Singal ဖြစ်သည်။ အသုံးများသော Singanl အမျိုးအစားများမှာ 4-20mA သို့ 0-10 Volt DC ဖြစ်သည်။ ထို Control Signal ကို Chiller water ၏ Differential Pressure Tranducer မှ ရနိုင်သည် (Generate လုပ်သည်)။ VAV System ၏ ductအတွင်း၌ ရှိသော Differential Pressure Tranducer မှ ရနိုင်သည်။

VSD ကို ACMV System အသုံးပြုပုံများ

Chiller Compressor

Energy Saving နှင့် Chiller Part Load performance and efficiency ကောင်းရန် အတွက် ရည်ရွယ်Chiller Compressor ကို VSD တပ်ဆင်ကြသည်။

Air Handling Unit

VSD သည် Variable Air Volume Air Handling Unit (VAV AHU) များ၏ မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သည်။ သို့ Constant Air Volume Air Handling Unit (CAV AHU) များတွင်လည်း  Starting Purpose တွင် တခြားသော Star-Delta, Auto Transformer စသည့် conventional Starter များအစားအသုံးပြုသည်။ CAV AHU ၏ Air Volume ကို Temporarily adjust လုပ်လိုသည်အခါများတွင်အသုံးပြုသည်။

Chilled Water Pump

VSD သည် Secondary Chilled Water Pump များ၏ မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သည်။ Primary Chilled Water Pump များတွင် VSD ကို တွေ့ ရခဲသည်။ Chiller များကိုချောမွေ့ စွာမောင်းနိုင်ရန်(smooth operation) အတွက် Chiller manufacturer ၏ Recommendation တစ်ခုမှာ Chiller ကို သတ်မှတ်ထားသည့် Chiller Water Flow Rate ထက် လျော့မမောင်းရန်ဖြစ်သည်။

Condenser Water Pump

Condenser Water Pump များတွင် VSD ကို တွေ့ ရခဲသည်။ Chiller များကိုချောမွေ့ စွာမောင်းနိုင်ရန်(smooth operation) အတွက် Chiller manufacturer ၏ Recommendation တစ်ခုမှာ Chiller ကို သတ်မှတ်ထားသည့် Condenser Water Flow Rate ထက် လျော့မမောင်းရန်ဖြစ်သည်။

Cooling Tower Fan Motor

Energy Saving အတွက် ရည်ရွယ်၍ Cooling Tower Fan Motor တွင် VSD ကိုတပ်ဆင်ကြသည်။

Mechanical Ventilation Fan

Energy Saving အတွက် ရည်ရွယ်၍ Cooling Mechanical Ventilation Fan များတွင် VSD ကိုတပ်ဆင်ကြသည်။ ဥပမာ Basement Car Park များတွင် Carbon Monoxide Sensor များကို တပ်ဆင် ထို Carbon Monoxide level ကို လိုက် လိုအပ်သည် Ventilation Rate ရအောင် Car Park MV Fan များတွင် VSD ကို တပ်မောင်းကြသည်။

 

Installation of VSD – On Site Problem

Total Harmonic Distortion

VSD ကို တပ်ဆင်ခြင်းဖြင့် ကောင်းကျိုးများရနိုင်သလို VSD ၏ ဆိုးကျိုးများလည်းရှိပါသည်။ အကြီးမားဆုံးသော ဆိုးကျိုးမှာ Total Harmonic Distortion ဖြစ်သည်။ Total Harmonic Distortion ဆိုသည် မှ Fundamental Pure Sinwave သည် third, Fifth, Seventh စသည် Harmonic များကြောင့် ယိုယွင်းသွားခြင်း (Distort) ကို ဆိုလိုသည်။ Current Harmonic Distortion နှင့် Current Harmonic Distortion ဟုရှိသည်။  အဆောက်အဦးတစ်ခုအတွင် တပ်ဆင်ထားသော VSD တိုင်းသည် Total Harmonic Distortion ကိုဖြစ်စေသည်။ VSD များအားလုံးစုပေါင်း Distortion ကို ပိုမိုကြီးမားစေသည်။

ကောင်းထက်ညွန့်

 

 

 

Variable Speed Drives နှင့်သက်ဆိုင်သော ACMV Lecture များ (1 Lectures)
1 Motor Drive Variable Speed Drives Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format