To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Air Conditioning and Mechanical Ventilation System (Vol. 1) > Chapter - 6 (Part 1 of 3) > Fans and Blowers (Part 1 of 3) > > www.acmv.org
Air Conditioning and Mechanical Ventilation System (Vol. 1) > Chapter - 6 (Part 1 of 3) > Fans and Blowers (Part 1 of 3) >


Chapter - 6 Fans and Blowers (Part 1 of 3) Fundamental and BasicConcept

Chapter - 6 Fans and Blowers (Part 1 of 3)

 Air Conditioning and Mechanical Ventilation

Contents

၆.၁ Total Pressure ၊ Static Pressure and Velocity Pressure. 1

၆.၂ Positive Pressure Duct and Negative Pressure Duct 3

၆.၃ Duct အတွင်းရှိ လေ၏ Velocity Profile. 4

၆.၄ Fan နှင့် သက်ဆိုင်သည့် ဝေါဟာရများ 5

၆.၅ Fan Equations. 6

၆.၅.၁ Fan Pressure and Velocity Relationship. 7

၆.၅.၂ Fan Efficiency. 8

၆.၆ Fan အမျိုးအစားများ 9

၆.၆.၁ Fan နှင့် Blower တို့၏ ခြားနားချက် 10

၆.၆.၂ Fan Rating နှင့် အဆင့်အတန်း(Class) 10

၆.၆.၃ Overloading Fan and Non Overloading Fan. 11

၆.၇ Axial Fan များ 12

၆.၇.၁ Axial Fan များ အလုပ်လုပ်ပုံ(Principle of Operation) 12

၆.၇.၂ Axial Fan Impeller Design. 13

၆.၇.၃ Axial Fan ၏ စွမ်းဆောင်ရည်(Performance) 14

၆.၈ Centrifugal Fan များ 15

၆.၈.၁ Centrifugal Fan များ အလုပ်လုပ်ပုံ(Principle of Operation) 16

 

ခေတ်မီ အဆောက်အဦများတွင် နေထိုင်ကြသည့် လူများ၏ကျန်းမာရေးသည် ထိုအဆောက်အဦများ၏ လေဝင်လေထွက်(ventilation)ကောင်းခြင်း၊ လေအရည်အသွေး(quality)၊ အပူချိန်(temperature) နှင့် လေများ ရွေ့လျားခြင်း(air movement) တို့အပေါ်တွင် မူတည်သည်။ အဆောက်အဦ အတွင်း condensation ဖြစ်ပေါ်ခြင်းကြောင့် မှို(mold)များ နှင့် ဗက်တီးရီးယားများ ပေါက်ဖွား လာကာ နေထိုင်သူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ လေသန့်ရှင်းလတ်ဆတ်မှု(air freshness)သည် အနံ့ဆိုးများဖယ်ထုတ်နိုင်မှု၊ ညစ်ညမ်းသည့် လေများ ဖယ်ထုတ်နိုင်မှု နှင့် လိုအပ်သည်ထက် ပိုများနေသည့် ရေငွေ့များ(excessive moisture) ဖယ်ထုတ်နိုင်မှု အပေါ်တွင် မူတည်သည်။

လုံလောက်သည့် လေပမာဏ ရရှိရန်အတွက် fan များ၏ အရွယ်အစားကို မှန်ကန်စွာ ရွေးချယ်ခြင်း၊ duct များကို စနစ်တကျ တပ်ဆင်ခြင်း၊ control system များ ကောင်းစွာ ပုံမှန်အလုပ် လုပ်စေခြင်း၊ system တစ်ခုလုံး ပုံမှန် လည်ပတ်နေခြင်း စသည့် အချက်များ ပေါ်တွင် မူတည်သည်။

၆.၁ Total Pressure ၊ Static Pressure and Velocity Pressure

Fan တစ်လုံးသည် ဒလက်များလည်နေသည့် ကိရိယာ(rotating device) တစ်ခုဖြစ်ပြီး ဖိအား ကွာခြားချက်(pressure difference)ကို ဖြစ်ပေါ်စေသည်။ ထိုဖိအားကွာခြားချက်ကြောင့် လေကို ရွေ့လျား စေသည်။ လေကို တစ်နေရာမှ အခြားတစ်နေရာသို့ ရောက်သွားအောင် ပြုလုပ်ပေးနိုင်သည့်  air moving device များကို “Fan” သို့မဟုတ် “Blower” ဟုခေါ်သည်။

Fan နှင့်သက်ဆိုင်သည့် ဖိအား(pressure) သုံးမျိုးရှိသည်။

 

(၁)

Static Pressure

 

(၂)

Velocity Pressure နှင့်

 

(၃)

Total Pressure တို့ ဖြစ်သည်။

Velocity pressure နှင့် static pressure ပေါင်းလျှင် total pressure ရသည်။ Static pressure ကို fan များ ရွေးချယ်ရာတွင် အသုံးပြုသည်။ Total pressure ကို velocity pressure   ရရန်(ရှာရန်) အတွက် အသုံးပြုသည်။ Velocity pressure ကို လေစီးနှုန်း(air flow rate) နှင့် duct အတွင်းရှိ လေအလျင်(velocity) တို့ကို ခန့်မှန်းရန်အတွက် အသုံးပြုသည်။ ထို ဖိအား(pressure)များသည်   ညီမျှခြင်းဖြင့် ဆက်သွယ် နေကြသည်။ ဖိအား(pressure)၏ IP ယူနစ်သည် inches of Water Gauge(in WG) သို့မဟုတ် inch of water column (in WG) ဖြစ်သည်။ ဖိအား(pressure) ၏ SI ယူနစ် သည် Pascal (Pa) ဖြစ်သည်။

Static Pressure

Static ဆိုသည်မှာ “ရွေ့ လျားနေခြင်းမရှိ” သောလေကို ဆိုလိုသည်။ Static pressure ကို နားလည်ရန် ဘောလုံးအတွင်းရှိသော လေ၏ ဖိအားဖြင့် ဥပမာပေးနိုင်သည်။ လေများ ရွေ့လျားသွားရန်အတွက် ခုခံထားသောအား(resistance to flow)ဖြစ်သည်။ နေရာ အားလုံးအတွက် သက်ရောက်နေသော static pressure ၏ ဖိအားပမာဏ တူညီ ကြသည်။ (equal in all direction)။ Static pressure သည် Positive pressure လည်းဖြစ်နိုင်သည်။ Negative pressure လည်း ဖြစ်နိုင်သည်။

Manometer ကို အသုံးပြု၍ static pressure ကို  တိုင်းယူနိုင်သည်။ ပုံ၆-၃(က)တွင် ပြထားသည့် အတိုင်း U tube တွင် ရေဖြည့်ပြီး အဝတစ်ဖက်ကို air steam နှင့် ထောင့်မှန်ကျအောင် ထားပါ။ ကျန်တစ်ဘက်ကို အနီးရှိ လေထုဖိအား (atmospheric pressure)နှင့် ထိအောင်ဖွင့်ထားပါ။ ဖြစ်ပေါ်လာသည့် ဒေါင်လိုက်အမြင့် (vertical difference)သည် static pressure ပင် ဖြစ်သည်။ ဒေါင်လိုက်အမြင့်(vertical difference)ကို inches of Water Gauge(in WG) ဖြင့် တိုင်းယူခြင်း ဖြစ်သည်။

ပုံ၃-၆(ခ)တွင် ပြထားသည့်အတိုင်း ဖိအား(total pressure)ကို တိုင်းယူရန်အတွက် အဝတစ်ဖက်ကို လေလာရာ ဘက်သို့မျက်နှာမူ(facing into the air flow)ထားပါ။ Duct အတွင်းရှိ ဖိအား(pressure) နှင့် ရွေ့လျားနေသည့်လေ(moving air)တို့ကြောင့် ဖြစ်ပေါ်လာသော  စုစုပေါင်းဖိအား(total pressure)သည် static pressure ထက် များလေ့ရှိသည်။ 

ပုံ ၆-၁ Manometer

ပုံ ၆-၂ No Air flow

Pitot tube ကိုအသုံးပြု၍ velocity pressure ကိုတိုင်းယူနိုင်သည်။

 

 

ပုံ ၆-၃ (က) Static pressure

ပုံ ၆-၃ (ခ) Total pressure

ပုံ ၆-၃ (ဂ) Velocity pressure

ပုံ၆-၃(ဂ) Pitot tube တွင် ထိပ်ဝနှစ်ဘက် ရှိသည့်အနက် အဝတစ်ဖက်ကို total pressure တိုင်းသည့် အတိုင်း လေစီးရာလမ်းကြောင်း(air flow direction) ကို မျက်နှာမူပြီးထားပါ ကျန်အဝတစ်ဖက်ကို static pressure တိုင်းယူသည့်အတိုင်း လေစီးကြောင်း(air steam) နှင့် ထောင့်မှန်ကျအောင် ထားပါ။ ဒေါင်လိုက် အမြင့်(vertical difference)သည် total pressure တန်ဖိုး ထဲမှ static pressure တန်ဖိုးကို နှုတ်ထားသည့် velocity pressure ၏ တန်ဖိုး ဖြစ်သည်။

Velocity pressure သည် duct အတွင်းရှိ လေအလျင်(velocity)ပမာဏနှင့် တိုက်ရိုက် အချိုးကျသည်။ အောက်ပါ ပုံသေနည်းကို အသုံးပြု၍ velocity(FPM) မှ velocity pressure(in WG)ကိုတွက်ယူနိုင်သည်။ ကိန်းသေတန်ဖိုး (constant value) 4005 သည် standard air density အတွက်သာ ဖြစ်သည်။

Velocity (fpm) ကို 4005 ဖြင့်စား၍ နှစ်ထပ်ကိန်းတင်လျှင် “Velocity Pressure” (in of wg)တန်ဖိုးကို ရသည်။ Standard air အခြေအနေ အတွက်သာ မှန်သည်။

Velocity pressure ကိုတိုင်းပြီး duct အတွင်းရှိ လေအလျင်(velocity)ကို အထက်ပါ ပုံသေနည်းဖြင့် တွက်ယူနိုင်သည်။ Duct အတွင်း လေအလျင်(velocity)သည် နေရာကို လိုက်၍ ကွဲပြားကြသည်။

၆.၂ Positive Pressure Duct and Negative Pressure Duct

ပုံ ၆-၄      Static Pressure

Total Pressure

Velocity Pressure

အထက်ပါပုံတွင် ဖော်ပြထားသော duct အတွင်း “Positive Pressure” ဖြစ်ပေါ်သောကြောင့် “Static Pressure” သည် “Positive Pressure” ဖြစ်သည်။ Static Pressure ၊ Total Pressure နှင့် Dynamic Pressure တို့ကို ဖော်ပြထားသည်။

ပုံ ၆-၅  Duct အတွင်း၌ negative static pressure နှင့် negative total pressure ဖြစ်ပေါ်ပုံ

အထက်ပုံ(၆-၅ )တွင် duct အတွင်း “Negative Pressure” ဖြစ်ပေါ်သောကြောင့် static pressure သည် negative pressure ဖြစ်သည်။ Static Pressure ၊ Total Pressure နှင့် Velocity Pressure တို့ကို ဖော်ပြ ထားသည်။ Negative pressure duct ဖြစ်သည်။

Negative pressure duct ဖြစ်စေ၊ positive pressure duct ဖြစ်စေ၊ velocity pressure သည် မည်သည့် အခါမျှ အနှုတ်တန်ဖိုး(negative value)မဖြစ်နိုင်ပေ။ အမြဲ အပေါင်းတန်ဖိုးသာ ဖြစ်လိမ့်မည်။

inlet total.bmp

free inlet.bmp

ပုံ ၆-၆ Total pressure ၊ Static pressure နှင့် Velocity pressure တိုင်းယူပုံ

၆.၃ Duct အတွင်းရှိ လေ၏ Velocity Profile

မြစ်အတွင်း၌ ရေများစီးဆင်းနေသည့် ဥပမာဖြင့် ဖော်ပြနိုင်သည်။ မြစ်အလယ်တွင် ရေစီးပိုသန်၍ (velocity ပိုများ၍) မြစ်ကမ်းဘေး၌ ရေစီးအားနည်း(velocity နည်း)သည်။ ထို့ကြောင့် duct အတွင်းရှိ velocity ကိုတိုင်းယူသည့်အခါတွင် နေရာများများတိုင်း၍ ပျမ်းမျှ(average) တန်ဖိုးကို တွက်ယူရန် လိုအပ်သည်။

ပုံ(၆-၇)သည် axial fan နှင့် centrifugal fan တို့ velocity profile ဖြစ်ပေါ်ပုံကို ဖော်ပြထားသည်။

100 % effective duct length သည် duct အရွယ်အစား(diameter)နှင့် လေအလျင်(air velocity) ပေါ်တွင် မူတည်သည်။

v profile.bmp

ပုံ ၆-၇ Duct အတွင်း၌ ဖြစ်ပေါ်သည့် velocity profile

(၁)

Fan outlet velocity သည် 2,500 fpm ထက်နည်းလျှင်

(၂)

Fan outlet velocity သည် 2,500 fpm ထက်များလျှင် 100 % effective duct length သည်

Duct သည် လေးထောင့်ပုံန်(rectangular) ဖြစ်လျှင် “Duct Hydraulic Diameter” (D) ကို တွက်ရန် ပုံသေနည်း

h သည် duct height  ဖြစ်သည်။ w သည်  duct width ဖြစ်သည်။

Centrifugal fan နှင့် axial fan တို့ ၏ velocity profile သည် 100% effective duct lengths နေရာသို့ရောက်မှသာ ပုံမှန် velocity profile ပုံသဏ္ဌာန်သို့ရောက်သည်။

ထို့ကြောင့် fan ၏ outlet 100% effective duct length မရောက်ခင်အတွင်း velocity တိုင်းယူပါက ရရှိသည့် တန်ဖိုးသည် စိတ်မချရပေ။ မမှန်ကန်နိုင်ပေ။

ပုံ ၆-၈ အထက်ပါပုံတွင် axial fan တစ်လုံးတပ်ဆင်ပုံ နှင့် duct system မှ ဖိအား(pressure)များ အဆင့်ဆင့် ပြောင်းလဲပုံကို ဖော်ပြထားသည်။

၆.၄ Fan နှင့် သက်ဆိုင်သည့် ဝေါဟာရများ

          National Association of Fan Manufacturers (NAFM)  မှ သတ်မှတ်ထားသော fan နှင့် သက်ဆိုင်သည့် အသုံးအနှုန်းများ-

Volume 

Fan ၏ outlet မှ ထွက်လာမည့် လေထုထည် Cubic Feet per Minute(CFM) သို့မဟုတ်  Cubic Meter per Hour(CMH)ဖြစ်သည်။

Total Pressure

Fan ၏ အဝင်ဖိအား(inlet pressure) နှင့် အထွက်ဖိအား(fan outlet  pressure) တို့ ခြားနားချက်။

Velocity Pressure

ထွက်နေသည့်လေ၏ average velocity နှင့်ညီမျှသော ဖိအား(pressure) တန်ဖိုး ဖြစ်သည်။ Fan outlet လေများထွက်နေချိန်တွင် average velocity ဖြစ်ပေါ်စေသော pressure ဖြစ်သည်။

Static Pressure

Fan ၏ total pressure မှ velocity pressure ကို နှုတ်၍ရသော ဖိအား(pressure) ဖြစ်သည်။

Power output

Fan မှ လေသို့ ပေးနိုင်သည့် စွမ်းအင်ဖြစ်သည်။ လေထုထည်(air volume)နှင့် fan total pressure တို့ကို Horse Power(HP) သို့မဟုတ် kilowatt(kW) ဖြင့် ဖော်ပြထားသည့် စွမ်းအင် ဖြစ်သည်။

Power input

Fan ၏ ဝင်ရိုး(shaft)ကို မောင်းရန်အတွက် လိုအပ်သော စွမ်းအင်ဖြစ်ပြီး Horse Power (HP) သို့မဟုတ် kilowatt(kW) ဖြင့် ဖော်ပြသည်။

Mechanical efficiency

Fan ၏ power output ကို power input ဖြင့် စားထားသော အချိုးဖြစ်သည်။

Static efficiency

Fan ၏ mechanical efficiency ဖြစ်ပြီး static pressure နှင့် total pressure အချိုးဖြင့် မြှောက်ထားခြင်း ဖြစ်သည်။

Fan-outlet area

Fan outlet ၏ ဧရိယာ ဖြစ်သည်။

Fan-inlet area

Inlet collar ၏ ဧရိယာ ဖြစ်သည်။

၆.၅ Fan Equations

လေသိပ်သည်းဆ(Standard air density) တန်ဖိုးသည် 0.075 lb/ft3(I-P ယူနစ်)၊ 1.201 kg/m3(metric ယူနစ်)၊ 1.201 kg/m3 (SI ယူနစ်)ဖြစ်သည်။

TP = Total Pressure(standard conditions)

ATP = Actual Total Pressure

SP = Static Pressure(standard conditions)

ASP = Actual Static Pressure

VP = Velocity Pressure(standard conditions)

AVP = Actual Velocity Pressure

ဖိအား(pressure) များ၏ ယူနစ် သည် inch of Water Gauge(WG)  ဖြစ်သည်။

                                                                                      

Fan များသည် standard air condition မဟုတ်သည့် အခြေအနေများတွင် မောင်းသည့်(operate) အခါ 

 ညီမျှခြင်းဖြင့် တွက်ယူနိုင်သည်။

 

 

SI ယူနစ် ပုံသေနည်း

IP ယူနစ် ပုံသေနည်း

ACFM = Actual ft3/min     and     BHP = Break Horse Power

 

 

6346 သည် ကိန်းသေ(constant)တန်ဖိုး တစ်ခုဖြစ်သည်။

Pressure နှင့် Horse Power တို့သည် တူညီသည့် (standard density ဖြစ်စေ သို့မဟုတ် actual density ဖြစ်စေ) density condition မှ ရယူရန်ဖြစ်သည်။

NFA သည် “Net Free Area of the fan” ကို ဆိုလိုသည်။

အထက်ပါ velocity pressure ပုံသေနည်းသည် standard air အတွက် ဖြစ်သည်။ Velocity(FPM)ကို 4005 ဖြင့်စား၍ နှစ်ထပ်ကိန်းတင်လျှင် velocity pressure(in WG)တန်ဖိုးကို ရသည်။ ယူနစ်သည် inch of water column သို့မဟုတ် inch wg ဖြစ်သည်။ Fan ကို standard air မဟုတ်သည့် အခြေအနေတွင် မောင်းလျှင် အောက်ပါ ပုံသေနည်းကို အသုံးပြုရမည်။

၆.၅.၁ Fan Pressure and Velocity Relationship

Bernoulli’s equation ကိုအသုံးပြု၍ လေစီးကြောင်း(air stream) ၏ ဖိအား(pressure) နှင့် လေအလျင်(velocity) ဆက်စပ်မှု (relationship)ကို ဖော်ပြနိုင်သည်။


Initial velocity သည် 0 ဖြစ်သည်။ ထို့ကြောင့်

Pressure သည် 

            အပူချိန်40°F ရှိသော ရေ၏သိပ်သည်းဆ(density)သည် 62.4 lb/ft3 ဖြစ်သည်။ Water column 1 ft သည် 62.4 lb/ftနှင့် ညီမျှသည်။ 62.4 lb/ft= 62.4 lb/ft2   per foot height of water.

ပေမှ လက်မသို့ ပြောင်းရန် (၁၂)ဖြင့် စားလျှင်

Water column တစ်လက်မ ဖိအားသည်  pressure နှင့် ညီမျှသည်။

Velocity pressure သို့မဟုတ် pressure drop ကို ရရန် ပုံသေနည်းတွင် အစားထိုးလျှင်

Velocity pressure သည် ရွှေ့လျားနေသည့်လေ(moving air)၏ dynamic velocity pressure component ဖြစ်သည်။

အောက်ပါ ညီမျှခြင်းဖြင့် တွက်ယူနိုင်သည်။ (sea level, standard air condition 0.075 lb/ft3)။ Fan သည် standard air အခြေအနေတွင် မောင်းလျှင် အောက်ပါ ပုံသေနည်းကို အသုံးပြု နိုင်သည်။ 

 

၆.၅.၂ Fan Efficiency

Fan ၏ static efficiency သို့မဟုတ် mechanical efficiency ကို တွက်ရသည့် ရည်ရွယ်ချက်မှာ ထို fan ကို အသုံးပြုရန် သင့်လျော်သည် သို့မဟုတ် မသင့်လျော်သည်ကို ဆုံးဖြတ်ရန် နှင့် အလွန်ညံ့ဖျင်းသည့် စွမ်းဆောင်ရည်(performance) ရှိသည့် fan များကို မရွေးချယ်မိစေရန် ဖြစ်သည်။ လိုအပ်သည့် လေစီးနှုန်း(air flow) နှင့် ဖိအား(pressure)ကို ရရန်အတွက် စွမ်းအင်(energy)သုံးစွဲမှု နည်းနိုင်သမျှ နည်းအောင် ပြုလုပ် ရမည်။  

Fan mechanical efficiency မှာ

1 inch WG သည် ဖိအား 5.2 lb/ft2 နှင့် ညီမျှသည်။ မော်တာစွမ်းအား(motor power)ကို Horse Power(HP) ဖြင့်သာ ဖော်ပြလေ့ရှိသည်။ ft .lb/ min ဖြင့် ဖော်ပြလေ့ မရှိပေ။ (1 hp = 33,000 ft .lb/min ) ညီမျှခြင်းကို inch WG နှင့် HP တို့ဖြင့် ဖော်ပြရန်အတွက် inch WG နှင့် HP တို့ ၏ သက်ဆိုင်သည့် ပမာဏများကို အထက်ပါ ညီမျှခြင်းတွင် အသီးသီး အစားသွင်းလျှင်

Fan static efficiency မှာ

Static efficiency သည် static pressure ကို ထည့်တွက်ထားခြင်း ဖြစ်သည်။ 

ပုံ(၆-၉)သည် ပန်ကာကြိုး(belt)ဖြင့် မောင်းသော fan ၏ ဆုံးရှုံးမှု(loss)များကို ဖော်ပြထားသောပုံ ဖြစ်သည်။ ပန်ကာကြိုး (belt)  ဖြင့် မောင်းသော fan တွင် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှု(loss)  သုံးမျိုးမှာ

 

(၁)

Impeller loss (heat)

 

(၂)

Belt loss (heat) နှင့်

 

(၃)

Motor loss (heat) တို့ ဖြစ်သည်။

ပုံ ၆-၉ ပန်ကာကြိုးဖြင့်မောင်းသော(belt driven) fan တစ်လုံးပုံ

Direct driven fan ၌ ဖြစ်ပေါ်သော ဆုံးရှုံးမှု (loss)များကို ဖော်ပြထားသောပုံ ဖြစ်သည်။ Direct driven fan တွင် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှု (loss) နှစ်မျိုးမှာ

(၁)

Impeller loss (heat) နှင့်

(၂)

Motor loss (heat)တို့ ဖြစ်သည်။

ပုံ ၆-၁၀ Direct driven fan

အထက်ပါပုံများတွင် ပြထားသည့်အတိုင်း direct drive ကို အသုံးပြု၍ စလစ်ဖြစ်မှု(slippage) သို့မဟုတ် ပန်ကာကြိုးကြောင့် ဖြစ်သောဆုံးရှုံးမှု(belt loss)တို့ကို ဖယ်ရှားနိုင်သည်။  

၆.၆ Fan အမျိုးအစားများ

“Centrifugal Fan” နှင့် “Axial Fan” များကို ACMV လုပ်ငန်းများတွင် အများဆုံး အသုံးပြုကြသည်။

ပုံ ၆-၁၁ Centrifugal Fan

ပုံ ၆-၁၂ Axial Fan

၆.၆.၁ Fan နှင့် Blower တို့၏ ခြားနားချက်

Fan နှင့် blower တို့၏ ခြားနားချက်သည် “Pressure Ratio” ဖြစ်သည်။ ယေဘုယျအားဖြင့် blower သည် fan ထက်ပို၍ “Pressure Ratio” ပိုများသည်။ American Society of Mechanical Engineers (ASME)မှ သတ်မှတ် ပေးထားသည့် specific ratio ၏ အဓိပ္ပာယ်သည်  အထွက်ဖိအား(discharge pressure)ကို အဝင် ဖိအား(suction pressure) နှင့် စားထားသည့်အချိုး ဖြစ်သည်။ ထို  specific ratio ကို fan နှင့် blower ခွဲခြားရန် အတွက် အသုံးပြုသည်။

Equipment

Pressure Ratio

Pressure rise (mm Hg)

Fans

Upto 1.1

1136 mm

Blowers

1.1 to 1.2

1136-2066 mm

Compressors

more than 1.20

 

အထွက်ဖိအား(discharge pressure)သည် အဝင်ဖိအား(suction pressure)နှင့်ညီလျှင် သို့မဟုတ် ထက်နည်းလျှင် “Fan” ဟု သတ်မှတ်နိုင်ပြီး အထွက်ဖိအား(discharge pressure)သည် အဝင်ဖိအား(suction pressure) များလျှင် “Blower” ဟု ခေါ်ဆိုနိုင်သည်။ Suction pressure သည် “Positive Pressure” လည်း ဖြစ်နိုင်သည်။ “Negative Pressure” လည်းဖြစ်နိုင်သည်။

၆.၆.၂ Fan Rating နှင့် အဆင့်အတန်း(Class)

Centrifugal fan ၏ စွမ်းဆောင်ရည်(performance) ဇယား နှင့် performance curve များသည် standard air flow rate (SCFM)ကို အခြေခံ၍ ပြုစုထားကြသည်။

Fan ထုတ်လုပ်သူများ(manufacturer)၏ သတ်မှတ်ချက်အရ ပင်လယ်ရေမျက်နှာပြင်(sea level)၌ ရှိသော လေထုဖိအား(barometric pressure) 29.92 inches of mercury(101.325 kPa) နှင့် အပူချိန် (temperature) 70°F(21°C)တွင် ရှိသော လေကို “Standard Air” အဖြစ် သတ်မှတ်သည်။ ထို standard air condition ၌ ရှိသော သန့်ရှင်း၍ ခြောက်သွေ့သည့် လေ၏သိပ်သည်းဆ(density)သည် 0.075 lb/ft3 (1.2 kg/m³)ဖြစ်သည်။

Fan ထုတ်လုပ်သူများ(fan manufacturer)ပေးသည့် centrifugal fan ၏ စွမ်းဆောင်ရည် (performance) သည်  standard air အခြေအနေ(condition) အတွက်သာ ဖြစ်သည်။ Fan မောင်းသည့် နေရာသည် standard အခြေအနေမှ အလွန် ကွာခြားနေလျှင် air density correction factor အသုံးပြု၍ အမှန်တကယ်ရှိမည့် စွမ်းဆောင်ရည် (performance)ကို တွက်ယူရသည်။

ဥပမာ အပူချိန် 200°F(93°C)လေသည် 70°F(21°C)တွင် ရှိသော လေအလေးချိန်(weight)၏ ၈၀% သာရှိသည်။ ထိုအခြေအနေတွင် centrifugal fan သည် ဖိအား(pressure)နိမ့်နိမ့်ကိုသာ ပေးနိုင်ပြီး စွမ်းအင် သုံးစွဲမှု(power consumption)လည်း နည်းလိမ့်မည်။ လေအပူချိန် 200°F (93°C)တွင် အမှန်တကယ် လိုအပ်သော ဖိအား (pressure)ကို ရရန် air density correction factor 1.25(1.0/0.8)ကို အသုံးပြုရမည်။ လေအပူချိန် 200°F(93°C)တွင် သုံးစွဲမည့် စွမ်းအင်(power)ကို ရရန် 70°F(21 °C) အခြေအနေရှိ စွမ်းအင် သုံးစွဲမှု(power consumption)ကို air density correction factor 1.25 (1.0/0.8) ဖြင့် စားရမည်။

Fan အဆင့်အတန်းများ (Fan Classes)

Fan ၏ total pressure သည် 3 3/4 လက်မ(water column)ထက်နည်းလျှင် “Class I” ဟု     သတ်မှတ် သည်။ Fan ၏ total pressure သည် 3 3/4 လက်မ(water column)မှ  6 3/4 လက်မ(water column)အတွင်း ဖြစ်လျှင် “Class II” ဟု သတ်မှတ်သည်။

အောက်ပါ ဇယားသည် Air Movement and Control Association International (AMCA) standard မှ centrifugal fan များအတွက် ဖိအား(pressure)ကို အခြေခံ၍ သတ်မှတ်သော fan  အဆင့်အတန်း (fan class)များ ဖြစ်သည်။ Centrifugal fanများ တည်ဆောက်ထားပုံ အဆင့်အတန်း(class of construction) ကို အောက်တွင် ဇယားဖြင့် ဖော်ပြထားသည်။

ပုံ ၆-၁၃ Class of fan construction

Class of Construction for Centrifugal Fan

Class

Maximum Total Pressure

I

3 ¾ in. wg - standard

II

6 ¾ in. wg - standard

III

12 ¾ in. wg - standard

IV

More than - 12 ¾ in. wg - recommended

       Total pressure များလာလေ fan တည်ဆောက်ထားပုံ အဆင့်အတန်း(fan class of construction) မြင့်လာလေ ဖြစ်ပြီး ပို၍ ဈေးများလိမ့်မည်။

၆.၆.၃ Overloading Fan and Non Overloading Fan

Fan များကို “Overloading Type” နှင့် “Non Overloading Type” ဟူ၍ အမျိုးအစား နှစ်မျိုး ခွဲခြားနိုင်သည်။ Backward curved blade centrifugal fan အမျိုးအစားသည် “Non Overloading” အမျိုးအစား ဖြစ်သည်။ Forward curved နှင့် radial blade centrifugal fan များသည် “Overloading” အမျိုးအစား ဖြစ်သည်။  Axial flow fan များသည် “Non Overloading” သို့မဟုတ် “Overloading” အမျိုးအစား အဖြစ် နှစ်မျိုးလုံး ရှိနိုင်သည်။

Non-overloading

Overloading

Backward curved blade centrifugal fan

Forward curved

Radial blade centrifugal fans

Axial flow fans

Axial flow fans

Air Moving Device များနှင့် ပတ်သက်လျှင် “The AMCA standard Test Code for Air Moving Device”  မှီငြမ်း ကိုးကားနိုင်သည်။                       

Power characteristic တွင် “Non Overloading”  နှင့် “Overloading”  ဟူ၍ နှစ်မျိုးရှိသည်။ “Non Overloading” ဆိုသည်မှာ absorbed power သည် အမြင့်ဆုံးတန်ဖိုး(maximum value)သို့ ရောက်ပြီးသည့်နောက် လေစီးနှုန်း(air flow)များလာလေ စွမ်းအင်(power)နည်းသွားလေ ဖြစ်သည်။ Overloading characteristic တွင် လေစီးနှုန်း(volume flow rate) များလာသည်နှင့်အမျှ စွမ်းအား (power)လည်း လိုက်များလာသည်။ Power characteristic သည် impeller အမျိုးအစား (type) ပေါ်တွင် မူတည်သည်။

၆.၇ Axial Fan များ

၆.၇.၁ Axial Fan များ အလုပ်လုပ်ပုံ(Principle of Operation)

လေထဲတွင် အပြားတစ်ပြားကို ခပ်စောင်းစောင်းထား၍ တွန်းလိုက်သည့်အခါတွင် လေပေါ်တွင် အားသက်ရောက်ခြင်း(force on air) ဖြစ်ပေါ်သည်။။ ထို့အတူ အပြားပေါ်တွင်လည်း လေမှတန်ပြန် သက်ရောက် သည့်အား(reaction force)ဖြစ်ပေါ်သည်။ ပန်ကာဒလက်များ(blades) အပေါ်တွင် သက်ရောက် သည့် upward lift force သည် downward air flow ကို ဖြစ်ပေါ်စေသည်။ Axial fan မှ လည်နေသည့် ပန်ကာဒလက်များ (rotating blades)သည် aerodynamic lift ကို ဖြစ်ပေါ်စေသည်။ Blade lift force ဖြင့် လေစီးကြောင်း (air steam)ကို ယိုင်သွား(deflect)အောင် ပြုလုပ်နိုင်သောကြောင့် ဖိအားမြင့်ပြီး velocity များသည့် လေများ ဖြစ်ပေါ် လာသည်။

Axial Fan - များလေထွက်ရာ(discharge)လမ်းကြောင်း နှင့် လေဝင်ရာလမ်းကြောင်း တို့သည် လည်နေသည့် ဝင်ရိုးနှင့် အပြိုင်(parallel) ဖြစ်သည်။ တစ်နည်းအားဖြင့် လေစီးကြောင်း(air flow)သည် impeller ကို ဝင်ရိုးအတိုင်း (axial direction) ဖြတ်သွားသောကြောင့် “Axial Fan” ဟု သတ်မှတ်သည်။

ပုံ ၆-၁၄ Forces on a flat plate in a moving airstream

ပုံ ၆-၁၅ Forces on an aerofoil in a moving airstream

ပုံ ၆-၁၆ Downwash from aircraft wing

ပုံ ၆-၁၇ Air movement for basic axial fan

Axial fan များကို လေထုထည်များများ(high volume) နှင့် ဖိအားနိမ့်နိမ့်(low pressure)ရရန် လိုအပ်သည့် အခါများတွင် အများဆုံး အသုံးပြုသည်။

Hub ပေါ်တွင် ပန်ကာဒလက်(blade)များကို တပ်ဆင်ထားသည်။ Hub နှင့် blade များ တွဲလျှက်ကို “Impeller”ဟုခေါ်သည်။ Axial fan အမျိုးအစားများကို wheel ၏ ပန်ကာဒလက်(blade) ပုံသဏ္ဌာန်အပေါ် အခြေခံ၍ propeller (disc)၊ tube axial နှင့် vane axial ဟူ၍ ခွဲခြားသတ်မှတ်ကြသည်။ လေများများရရန် လိုအပ်သည့် လုပ်ငန်းများ(large air volume applications) အတွက် axial flow fan များကို အသုံးပြုကြသည်။ သို့သော် မောင်းသည့်အခါ ဆူညံသံမြင့်မား(higher noise level) လေ့ရှိသည်။

 http://www.lorencook.com/Images/products/vab2.jpg

ပုံ ၆-၁၈ Propeller fans

ပုံ ၆-၁၉ Tube axial fan

ပုံ ၆-၂၀ Vane axial fan

ထို့ကြောင့် comfort application များထက် industrial air conditioning and ventilation များအတွက် axial fan များကို ပို၍ အသုံးပြုကြသည်။ Axial fan များ မောင်းသည့်အခါ ဆူညံသံမြင့်မား(higher noise level) သောကြောင့် comfort air conditioning application များတွင် အသုံးပြုလေ့ မရှိကြပေ။

ပုံ ၆-၂၁ Propeller fan

ပုံ ၆-၂၂ Propeller fan

ပုံ ၆-၂၃ Vane axial fan

ပုံ ၆-၂၄ Hub and Blade

ပုံ ၆-၂၅ Pitch Angle

  Axial fan ၏ ဝင်ရိုးသည် “Axial of Rotation” ဖြစ်သည်။ ပန်ကာဒလက်များသွားရာ လမ်ကြောင်းကို “Plane of Rotation”ဟု ခေါ်သည်။ ပန်ကာဒလက်၏ထောင့်(blade angle)ကို “Pitch Angle” ဟုလည်း ခေါ်သည်။

၆.၇.၂ Axial Fan Impeller Design

(က) Propeller Fan

               Propeller fan ကို ဖိအားနိမ့်သည့် လုပ်ငန်းများ(low pressure applications) တွင် အသုံးပြုကြသည်။ Efficiency နိမ့်သည်။ Propeller impeller များကို အကုန်အကျနည်းစွာဖြင့် ပြုလုပ် တည်ဆောက်နိုင်သည်။ Small hub တွင် ပန်ကာဒလက်များ(blades) တပ်ဆင်လေ့ရှိသည်။

မော်တာမှ စက်မှုစွမ်းအား (mechanical power)သည် လေ(fluid) ထဲသို့ velocity pressure အဖြစ် စွမ်းအင် ကူးပြောင်းသွားခြင်း(energy transfer) ဖြစ်သည်။ ဖိအားနိမ့်နိမ့်(low pressure)နှင့် လေထုထည် များများ(high air volume air)ရရန်အတွက် အသုံးပြုသည်။ Duct များနှင့် တွဲ၍ တပ်ဆင်ထားလေ့မရှိ။ နံရံများကို ဖောက်၍ တပ်ဆင် ထားလေ့ရှိသည်။

(ခ) Tube Axial 

Tube axial fan သည် propeller impeller ဒီဇိုင်းများ ထက်စာလျှင်ပို၍ efficiency ကောင်းသည်။ အသုံးများသည့် static pressure range ကိုလည်း ထုတ်ပေးနိုင်စွမ်း ရှိသည်။ Hub တွင် ပန်ကာဒလက်(blade) (၄)ခု မှ (၈)ခု အထိ တပ်ဆင်ထားလေ့ ရှိသည်။

Hub ၏ အရွယ်သည် ပန်ကာဒလက်များ (blade)၏ အချင်း တစ်ဝက်ကျော်အထိ ရှိနိုင်သည်။ ပန်ကာဒလက်များ(blade)သည် airfoil ပုံစံမျိုးလည်း ရှိနိုင်သည်။ ပန်ကာဒလက်များ(blade)အထူ သည် တစ်ညီတည်း ဖြစ်နိုင်သည်။ (single thickness cross section) ။ HVAC နှင့် ACMV လုပ်ငန်းများတွင် tube axial fan ကို အများဆုံး အသုံးပြုကြသည်။

လေစီးနှုန်း နည်းခြင်း၊ များခြင်း အလွန်တိကျရန် မလိုသည့် ဖိအားနိမ့်နိမ့်(low pressure)နှင့် ဖိအားအသင့်အတင့်(medium pressure) လုပ်ငန်းများအတွက် အသုံးပြုသည်။ အခြောက်ခံရုံများ(drying ovens)၊ ဆေးမှုတ်ရုံများ(paint spray booths) နှင့် fume စုပ်ထုတ်သည့်  system များ စသော စက်မှု လုပ်ငန်းများတွင် အသုံးပြုကြသည်။

(ဂ) Vane Axial 

Vane Axial  များသည် ဖိအားအသင့်အတင့်(medium pressure) နှင့် ဖိအားမြင့်မြင့်(high pressure)ကို အကောင်းဆုံး efficiency ဖြင့် ထုတ်ပေးနိုင်စွမ်း ရှိသည်။ Airfoil ပုံစံ ပန်ကာဒလက်များ (blade) သုံးထားသည့် vane axial ၏ efficiency သည် အကောင်းဆုံး ဖြစ်သည်။ ဖိအား(pressure)အနိမ့်အမြင့် အားလုံး အတွက် အသုံးပြု နိုင်သည်။ Down stream air distribution ကောင်းသည်။

HVAC နှင့် ACMV လုပ်ငန်းများတွင် vane axial fan ကို အများဆုံး အသုံးပြုသည်။ တခြားသော fan အမျိုးအစားများထက်စာလျှင် အလွန်သေးငယ်သည်။ လေထွက်နှုန်း(capacity) တူသော centrifugal fan နှင့် နှိုင်းယှဉ်လျှင် အရွယ်အစား အလွန်သေးငယ်သည်။

၆.၇.၃ Axial Fan ၏ စွမ်းဆောင်ရည်(Performance)

Axial fan များသည် လေထုထည်(volume)များများ နှင့် ဖိအား အသင့်အတင့်(medium pressure) လိုအပ်သည့် system များအတွက် သင့်လျော်ဆုံးဖြစ်သည်။ Efficiency ကောင်းကောင်း ရနိုင်သည်။

 ပုံ(၆-၂၆)သည် variable pitch ဖြင့် မောင်းသည့် axial fan ၏ performance characteristic ဖြစ်သည်။ Variable pitch များတပ်ဆင်ထားသော axial fan တစ်လုံးကို ဖော်ပြထားသည်။

Blade pitch angle များလေ လေစီးနှုန်း(air flow) များလေ ဖြစ်သည်။ စွမ်းအင်သုံးစွဲမှု(power consumption) များလိမ့်မည်။

Axial fanများaerodynamic stall ဖြစ်နိုင်သည်။ Stall ဆိုသည်မှာ အမြင့်ဆုံးဖိအား(peak pressure) အထိတက်ပြီး ရုတ်တရက် ချက်ချင်း ဖိအား(pressure) ကျဆင်းသွားခြင်း ဖြစ်သည်။ ပန်ကာဒလက်များ စောင်းထားသည့်ထောင့်(blade angle) အားလုံးနီးပါးတွင် ဖြစ်ပေါ်နိုင်သည်။ အချိန် ကြာမြင့်စွာ stall ဖြစ်ပေါ် နေလျှင် ပန်ကာဒလက်များ(blades) တုန်ခါလာပြီး ပျက်စီးခြင်း(fatigue failure) ဖြစ်နိုင်သည်။ ထို့ကြောင့် axial fan များကိုရွေးချယ်သည့်အခါ stall condition အနီးအနားတွင် မောင်းခြင်း(operation)ကို သတိကြီးစွာဖြင့်

ရှောင်ရှားလေ့ရှိသည်။                           

ပုံ ၆-၂၆ Efficiency contour ဖြင့် peak efficiency ရနိုင်သည့် operating conditioning ကို ဖော်ပြထားပုံ

၆.၈ Centrifugal Fan များ

Axial fan များသည် aerodynamic lift ဖြင့် လေများကို ဖိအား(pressure)များအောင် ပြုလုပ်ခြင်း ဖြစ်သည်။ Centrifugal fan များသည် လေများကို ဆွဲမွှေ့ပြီး ဗဟိုခွာအား(centrifugal force) ဖြစ်စေကာ ဖိအား(pressure) များအောင် ပြုလုပ်ခြင်းဖြစ်သည်။ ထို့ကြောင့် centrifugal fan များသည် axial fan များ ထက် ပို၍ ဖိအား (pressure) များအောင် ပြုလုပ်ပေးနိုင်သည်။

Centrifugal impeller များသည် လေများကို အရှိန်ရအောင် ပြုလုပ်ပေးကာ(accelerating the air) စက်မှုစွမ်းအင်(mechanical energy)များကို လေစီးကြောင်း(air steam)ထဲသို့ ထည့်ပေးသည်။ Air flow သည် impeller ကို radial direction အတိုင်း ဖြတ်သွားလျှင် centrifugal fan သို့မဟုတ် blower ဟု သတ်မှတ်သည်။ တစ်နည်းအားဖြင့် လေထွက်ရာ(discharge)လမ်းကြောင်းသည် လည်နေသည့် ဝင်ရိုး(shaft) နှင့် ထောင့်မှန် (perpendicular) ဖြစ်သည်။ (၉၀) ဒီဂရီ ထောင့်ချိုးဖြစ်နေသည်။

ပုံ ၆-၂၇ Centrifugal fan  အတွင်းသို့ လေများ ဝင်ရောက်လာပုံ

၆.၈.၁ Centrifugal Fan များ အလုပ်လုပ်ပုံ(Principle of Operation)

blower.bmp

ပုံ ၆-၂Centrifugal fan impeller အလုပ်လုပ်ပုံ

Centrifugal fan ၏ impeller အတွင်းသို့ လေများသည် ဝင်ရိုး(shaft)အတိုင်း ဝင်လာပြီး impeller ကို ဖြတ်ကာ radial direction အတိုင်း (၉၀)ဒီဂရီထောင့် ချိုး၍ ထွက်သွားသည်။ ထိုလေများသည် impeller ကို ဖြတ်ပြီးနောက် volute casing အတွင်း၌ စုဝေးနေပြီး၊ ဝင်လာသည့် လေလမ်းကြောင်းမှ (၉၀)ဒီဂရီထောင့် ချိုးကာ ထွက်သွားသည်။

Impeller များ လည်နေသောကြောင့် ပန်ကာဒလက်(blade) တစ်ခုနှင့်တစ်ခု အကြားရှိနေသော လေများ အပေါ် centrifugal force သက်ရောက်ခြင်း ခံရကာ လေများအပြင်သို့ ထွက်သွားရန် တွန်းထုတ်ခြင်း ခံရသည်။ ထိုအခါ ပန်ကာဒလက်(blade)အကြားမှ လေများသည် အရှိန်ပြင်းပြင်းဖြင့် impeller အပြင်သို့ ထွက်သွားသည်။ Impeller လည်နေသမျှ ကာလပတ်လုံး ထိုကဲ့သို့ လေများ အမြဲမပြတ် စီးဆင်း(continuous flow) နေလိမ့်မည်။ Centrifugal fan ၏ impeller ထဲတွင် လေဖိအား(pressure)မြင့်တက်လာပုံကို အဆင့် သုံးဆင့်ဖြင့် ဖော်ပြထားသည်။

အဆင့်(၁) လေများသည် centrifugal effect ကြောင့် radial direction အတိုင်း တွန်းထုတ်ခြင်း ခံရသည်။

Impeller ၏ အရွယ်အစား(diameter)ကြီးလေ၊ လေအပေါ်တွင် သက်ရောက်သည့် centrifugal force များလေ ဖြစ်သည်။ Central force များလေ pressure gradient ပိုများလာလေ ဖြစ်သည်။ ထို့ကြောင့် ပန်ကာဒလက်များအကြားနေရာ(blade passage)အတွင်း၌ radius များလာသည်နှင့်အမျှ static pressure လည်း လိုက်များလာလိမ့်မည်။ တစ်နည်းအားဖြင့် impeller အရွယ်အစား(diameter)ကြီးလေ static pressure များ လာလေဖြစ်သည်။

အဆင့်(၂) ပုံမှန်အားဖြင့် ပန်ကာဒလက်(blade) တစ်ခုနှင့်တစ်ခု အကြား(blade passage)ရှိ ထွက်ပေါက်ဧရိယာ (outlet area)သည် ဝင်ပေါက်ဧရိယာ(inlet area)ထက် ပိုများသည်။ ထို့ကြောင့် ပန်ကာဒလက်များ အကြား နေရာ(blade passage)သည် diffuser ကဲ့သို့ ပြုမူဆောင်ရွက်ပေးသည်။ ထို့ကြောင့် လေစီးနှုန်း(air flow) ၏ relative velocity သည် အထွက်(outlet)ဘက်သို့ ရောက်သွားသည့်အခါ ဧရိယာ(outlet area) ကျယ်ပြန့်လာ သောကြောင့် လေအလျင်(velocity) နှေးသွားသည်။ လေအလျင်(velocity) နှေးသွားသောကြောင့် static pressure  ပိုများ လာသည်။

အဆင့်(၃) လည်နေသည့် impeller များပေါ်ရှိသော ပန်ကာဒလက်(blade)သည် ရွေ့လျားနေကာ rotational momentum ကို ဖြစ်ပေါ်စေသည်။ Tangential directional အတိုင်းသွားနေသည့် velocity ပိုများလာသည်။ လေများသည် impeller ကိုဖြတ်ကာ radial direction အတိုင်း ရွေ့လျားနေသောကြောင့် flow ၏ absolute ပမာဏ ပိုများလာသည်။ Impeller အထွက်(outlet)၌ အမြင့်ဆုံး(maximum)absolute velocity ဖြစ်ပေါ်သည်။ လေ၏ absolute velocity များလာခြင်းကြောင့် Kinetic Energy(K.E) ပိုများလာသည်။ Impeller အဝင်နှင့် အထွက်အကြား(across the impeller)ရှိ dynamic pressure လည်း ပိုများလာသည်။

ပုံ ၆-၂၉ Potential Energy(P.E) and Kinetic Energy(K.E)

Casing သို့မဟုတ် Housing

            Casing တပ်ဆင်ထားရခြင်း၏ ရည်ရွယ်ချက်သည် impeller မှထွက်လာသည့် လေများကို စုဆောင်းရန် နှင့် လေများကို အသုံးဝင်မည့်ဘက်(useful direction)သို့ ရောက်အောင် လမ်းကြောင်းပြောင်းပေးရန် အတွက် ဖြစ်သည်။ ထို့အပြင် impeller မှ ထွက်လာသည့် လေများ၏ dynamic pressure အများစုကို အသုံးဝင်မည့် (useful) static pressure အဖြစ်သို့ ပြောင်းလဲပေးသည်။

           

Centrifugal fan များ၏ casing သည် volute ပုံသဏ္ဌာန်ဖြစ်သည်။ ထို့ကြောင့် impeller မှ ထွက်လာသည့် လေများကို diffusion ဖြစ်စေသည်။ Volute ၏ cross sectional area သည် တဖြည်းဖြည်း များ လာသောကြောင့် လေများလည်း တစ်ဖြည်းဖြည်း နှေးလာသည်။ တစ်နည်းအားဖြင့် လေအလျင်(velocity) နည်းလာသည်။ လေအလျင်(velocity)သည် dynamic pressure နှင့် တိုက်ရိုက် အချိုးကျသည်။

 

ပုံ ၆-၃၀ Blower wheel နှင့် လေသွားလမ်းကြောင်း                 

လေပေါ်တွင် မည်သည့် work done မျှ မဖြစ်ပေါ်(no work is done on the air)သောကြောင့် ဖိအား စုစုပေါင်း(total pressure)သည် ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ Friction နှင့် recirculation ကြောင့်သာ ဆုံးရှုံးမှု(loss) အနည်းငယ်သာဖြစ်ပေါ်သည်။ ထို့ကြောင့် dynamic pressure နည်းသွားရသည့် အကြောင်းမှာ static pressure အဖြစ်သို့ ပြောင်းလဲ သွားသောကြောင့် ဖြစ်သည်။

သာမန် centrifugal fan တစ်လုံး၏ static pressure 45% သည် impeller ကို ဖြတ်သောကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး ကျန် ၅၅% သည် casing အတွင်း၌ dynamic pressure မှ static pressure အဖြစ်သို့ ပြောင်းလဲခြင်း ဖြစ်သည်။ Impeller မှထွက်လာသည့် dynamic pressure (K.E) ၏ ၉၀% ခန့်ကို casing အတွင်း၌ static pressure (P.E) အဖြစ် ပြောင်းပေးနိုင်သည်။  

ပုံ ၆-၃၁ Centrifugal fan casing များ

Centrifugal fan များသည် ဝင်လာသည့်လေကြောင်းကို (၉၀)ဒီဂရီ ထောင့်ချိုးကာ ထွက်သွားစေသည်။ ထို့ကြောင့် ဝင်လေနှင့် ထွက်လေသည် ဦးတည်ရာ လမ်းကြောင်း မတူကြပေ။ Centrifugal fan များ၏ အားသာချက်များမှာ ဆူညံသံ အလွန်နည်းခြင်းဖြစ်သည်။ ယုံကြည်စိတ်ချမှု(reliability) မြင့်မားသည်။ ဒီဇိုင်း အခြေအနေမှာ ကျော်လွန်၍လည်း မောင်းနိုင်သည်။ 

ပုံ ၆-၃၂ Backward curved centrifugal fans

ပုံ ၆-၃၃ Double inlet centrifugal fans

Radial blade impeller များသည် အရွယ်အစား(size)နှင့် မြန်နှုန်း(speed)တူလျှင် တခြားသော ပန်ကာဒလက်(blade) အမျိုးအစားများထက် tangent အတိုင်းဖြစ်သော အလျင်(tangential velocity) ပိုများ သည်။ သီအိုရီအရ အရွယ်တူ၊ မြန်နှုန်း(speed) တူလျှင် radial blade များသည် လေထဲသို့ စွမ်းအင်(energy) များများ ပိုထည့်ပေးနိုင်ပြီး ဖိအား (pressure)များများ ထုတ်ပေးနိုင်သည်။ သို့သော် လက်တွေ့တွင် radial blade များသည် ထိုကဲ့သို့ မဖြစ်လာပါ။

ပုံ ၆-၃၄   (a) Radial blade

(b) Backward inclined blade

(c) Backward curved blade

အထက်ပါ ပုံသည် centrifugal fan တစ်လုံး၏ impeller အတွင်းသို့ လေ(air particle)များ ဝင်ရောက်ရာ လမ်းကြောင်းကို ဖော်ပြထားသောပုံ ဖြစ်သည်။ လေများသည် impeller အတွင်းသို့ radial direction အတိုင်း ဝင်လာပြီး ပန်ကာဒလက်(blade) များနှင့် ထိသည့်အခါ ရုတ်တရက် ချက်ချင်း လမ်းကြောင်း ပြောင်းသွားသည်။ ရုတ်တရက် လေလမ်းကြောင်း ပြောင်းရန် အလွန်ခက်ခဲသည်။ ပန်ကာဒလက်(blade)များ၏ အစွန်းကို ဝင်ဆောင့်သကဲ့သို့ ဖြစ်စေသည်။ ထို့ကြောင့် လေများ impeller အတွင်းသို့ ချောမွေ့စွာ ဝင်ရောက် နိုင်ရန် နှင့် ရုတ်တရက် လမ်းကြောင်းပြောင်းခြင်း မဖြစ်စေရန် ပန်ကာဒလက်(blade)များ၏ အစွန်းကို ကွေးပေး ထားရသည်။

ထိုထက်ပိုပြီး စွမ်းဆောင်ရည်(performance)ကောင်းစေရန် ပန်ကာဒလက်(blade)အစွန်း သာမက ပန်ကာဒလက်(blade) တစ်လုံးကိုလည်း ကွေးပေးထားနိုင်သည်။ ထို့ကြောင့် backward inclined blade များသည် efficiency အကောင်းဆုံးဖြစ်ပြီး၊ radial blade များသည် efficiency အညံ့ဆုံးဖြစ်သည်။ Casing များသည် impeller မှထွက်လာသည့် လေ၌ရှိသော Kinetic Energy(K.E)များကို Potential Energy(P.E) အဖြစ်သို့ ပြောင်းပေးသောကြောင့် အရေးကြီးသည့် အစိတ်အပိုင်း တစ်ခုဖြစ်သည်။

Centrifugal fan များ၌ ရှိသော ပန်ကာဒလက်(blade) အမျိုးအစားတူညီလျှင် fan curve များ၏ ပုံသဏ္ဌာန်လည်း တူညီကြသည်။

Centrifugal fan များ stall ဖြစ်နိုင်ခြေရှိသော်လည်း axial fan များလောက် မဆိုးဝါးပေ။ Centrifugal fan များ stall ဖြစ်သည့်အခါ သင့်တင့်သည့် ဖိအား(pressure) နှင့် လေထုထည်(volume)ကို ထုတ်ပေး နိုင်သည်။ Centrifugal fan များသည် impeller ပုံသဏ္ဌာန်များကြောင့် stall ဖြစ်ခြင်းကို သက်သာစေသည်။

Fan ၏ လေထွက်နှုန်း(volume flow rate)ကို နည်းများစွာဖြင့် ထိန်းချုပ်(control)နိုင်သည်။ မြန်နှုန်းပုံသေ(fixed speed)ဖြင့် လည်နေသည့် fanများတွင် Inlet Guide Vane(IGV)တပ်ဆင်၍ လေထွက်နှုန်း (volume flow)ကို လိုသလို ထိန်းချုပ်(control) နိုင်သည်။ Inlet guide vain ကို လှည့်၍ အဝကို ကျဉ်းအောင်၊ ကျယ်အောင်ပြုလုပ်ပြီး ဝင်လာသည့်လေများကို impeller လည်နေသည့် ဦးတည်ရာ(direction)အတိုင်း ဖြစ်အောင် ပြုလုပ်ကာ efficiency ပိုကောင်းအောင် ပြုလုပ်နိုင်သည်။

Centrifugal fan များ၏ ထူခြား ကောင်းမွန်ချက်များမှာ အသံဆူညံမှုနည်းခြင်း(quiet)နှင့် ဖိအား မြင့်သည့် လုပ်ငန်းများ(high pressure application)တွင် efficient ဖြစ်ခြင်း တို့ဖြစ်သည်။ Air Handling Unit(AHU) နှင့် Fan Coil Unit(FCU) အားလုံးနီးပါး တွင် centrifugal fan သို့မဟုတ် blower များကို အသုံးပြုကြသည်။

ပုံ ၆-၃၅ Impeller and Blade

အထက်ပါပုံများသည် backward inclined centrifugal fan တစ်လုံး၏ wheel နှင့် ပန်ကာဒလက်(blade) ပုံများဖြစ်ကြသည်။

-End of Part 1 of 3-

 

 

Air Conditioning and Mechanical Ventilation System (Vol. 1) နှင့်သက်ဆိုင်သော ACMV Lecture များ (18 Lectures)
1 Chapter-1 Fundamental and Basic Concept Read
2 Chapter-2 (Part 1 of 3) Understanding Psychrometrics (Part 1 of 3) Read
3 Chapter-2 (Part 2 of 3) Understanding Psychrometrics (Part 2 of 3) Read
4 Chapter-2 (Part 2 of 3) Understanding Psychrometrics (Part 3 of 3) Read
5 Chapter - 3 Air Handling Units (Part 1 of 2) Chapter - 3 Air Handling Units (Part 1 of 2) Read
6 Chapter - 3 Air Handling Units (Part 2 of 2) Chapter - 3 Air Handling Units (Part 2 of 2) Read
7 Chapter - 4 (Part 1 of 3) Cooling Towers (Part 1 of 3) Read
8 Chapter - 4 (Part 2 of 3) Cooling Towers (Part 2 of 3) Read
9 Chapter - 4 (Part 3 of 3) Cooling Towers (Part 3 of 3) Read
10 Chapter - 5 (Part 1 of 3) Air Distribution Systems (Part 1 of 3) Read
11 Chapter - 5 (Part 2 of 3) Air Distribution Systems (Part 2 of 3) Read
12 Chapter - 5 (Part 3 of 3) Air Distribution Systems (Part 3 of 3) Read
13 Chapter - 6 (Part 1 of 3) Fans and Blowers (Part 1 of 3) Read
14 Chapter - 6 (Part 2 of 3) Fans and Blowers (Part 2 of 3) Read
15 Chapter - 6 (Part 3 of 3) Fans and Blowers (Part 3 of 3) Read
16 Chapter-7 ( Part 1 of 3) Ventilation ( Part 1 of 3) Read
17 Chapter-7 ( Part 2 of 3) Ventilation ( Part 2 of 3) Read
18 Chapter-7 ( Part 3 of 3) Ventilation ( Part 3 of 3) Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format