What is building Automation?
ယခုအခါ Control နှင့် Automation နည်းပညာကို အဆောက်အဦးများတွင် မပါမဖြစ် သုံးစွဲလာကြသည်။ Comfort ဖြစ်ရန်၊ convenience ဖြစ်ရန်၊ efficient ဖြစ်ရန်၊ နှင့် effective ဖြစ်ရန်ုသာမက စွမ်းအင် သုံးစွဲမှုကို စီမံခန့်ခွဲရန်(Manage လုပ်ရန်) နှင့် Energy saving အတွက်ပါ အသုံးပြုလာကြသည်။ အဆောက်အဦးလုံခြုံရေးနှင့် သုံးစွဲသူများလုံခြုံရေး (Security) သည်လည်း BAS ၏ အရေးကြီးသော feature တစ်ခုဖြစ်သည်။
ခေတ်မှီ အဆောက်အဦးရှိ အလိုအလျှောက်လုပ်ဆောင်ရမည့်ကိစ္စများ (Automated function) ကို BAS မှ နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်ပေးသည်။ အခန်း၏အပူချိန်ကို Comfortable ဖြစ်အောင်၊ energy လည်း အကုန်သက်သာအောင် ပြင်ပအပူချိန်ကိုလိုက်၍ အခန်းအပူချိန်ပြောင်းလဲပေးခြင်း ( temperature rest)၊ အခန်း၏ optimal temperature တွင် အပိုအလိုမရှိ အမြဲထိန်းထားနိုင်ခြင်းစသည့် automated function များစွာကို BAS က လုပ်ဆောင်ပေးနိုင်သည်။ ထိုဆောင်ရွက်မှုများသည် BAS တွင် မရှိမဖြစ် ပါဝင်သည့် Standard feature များဖြစ်ကြသည်။
Motion detector များနှင့် ပါဝင်သည့် Automatic Lighting Control function များနှင့် intelligent security system များသည် BAS ၏ထူးခြားသော အစိတ်အပိုင်းများဖြစ်သည်။
Office building များ၊ shopping centre များ၊ ဆေးရုံများ စသည်တို့သည် Commercial အဆောက်အဦး (Building) များဖြစ်သည်။ Commercial building များ၏ Building Automation System သည် လိုသလိုပြောင်းလဲနိုင်မှု (flexibility) ကို ပို၍ အဓိကထားသည်။ Focus လုပ်သည်။

BAS ၏ အခြားသော အဓိက အချက်များမှာ
(က) Cost-effectiveness/saving energy
( ခ) Communication via bus systems and networks
( ဂ) Comfort and convenience နှင့်
(ဃ) Flexibility တို့ ဖြစ်သည်။
Building Automation နှင့် Building Control တို့၏ ကွာခြားချက်များ
အဆောက်အဦးအတွင်းရှိ Automated function များအကြောင်း ပြောရမည်ဆိုလျှင် “Building Automation” နှင့် “Building Control” အကြောင်းကိုသာ ပြောကြလိမ့်မည်။ ထိုဝေါဟာရ ၂ခု သည် တူညီသယောင်၊ ဆင်တူယိုးမှား ဖြစ်သည်ဟု ထင်ရသည်။ သို့သော် Association of German Engineers အဖွဲ့မှ သတ်မှတ်ချက်အရ Building Automation ဆိုသည်မှာ Building တစ်ခုရှိ service များ အားလုံးကို measurement လုပ်ခြင်း၊ control လုပ်ခြင်းနှင့် manage လုပ်ခြင်းစသည့်လုပ်ငန်းများကို Computer များဖြင့် ပြုလုပ်စေခြင်းပင် ဖြစ်သည်။ ထို အဓိပ္ပာယ်ဖော်ပြချက် (Definition) အရ Building Control သည် Building Automation အောက်တွင် အကျုံးဝင်သည်။ function အားလုံးကို အလိုလျှောက်လည်ပတ် လုပ်ကိုင်စေခြင်း ဖြစ်သည်။ BAS ကို Commercial Building များ၌ စတင် အသုံးပြုခြင်း ဖြစ်သည်။
အဆောက်အဦးရှိ System များ အားလုံးကို Computer မှတဆင့် operate လုပ်နိုင်သည်။ monitor လုပ်နိုင်သည်။ Component များနှင့် device များ အားလုံး သူ့နည်းသူ့ဟန် နှင့် အလုပ်လုပ်နေကြ သော်လည်း တစ်ခု နှင့် တစ်ခု အပြန်အလှန် information များလဲလှယ်နိုင်သည်။ exchange လုပ်နိုင်သည်။ Efficient ဖြစ်စွာ၊ Effective ဖြစ်စွာ၊ အဆောက်အဦး ၏ function များနှင့် process များ အားလုံးကို ချိတ်ဆက်ထားသည့်၊ ဆက်သွယ်ထားသည့် (Connect) System တစ်ခုလည်း ဖြစ်သည်။

BAS တွင်အဆောက်အဦးအတွင်းရှိ(သို့တခြားအဆောက်အဦးရှိ) system များအချင်းချင်း
coordinating လုပ်ခြင်းနှင့် connecting လုပ်ခြင်းတို့ပါဝင်သည်။ system များတစ်ခုနှင့်တစ်ခု communicate လုပ်နိုင် နည်း(၃)နည်းရှိသည်။
(၁) DDC နှင့် Building Control component များမှ တဆင့်ဆက်သွယ် communicate လုပ်ခြင်း
(၂) Special DDC မှတဆင့် ဆက်သွယ် communicate လုပ်ခြင်း
(၃) BAS work station သို့ တခြား System ၏ computer များမှ ဆက်သွယ် Communicate လုပ်ခြင်းတို့
ဖြစ်သည်။
၁.၁ Introduction
Building Automation System (BAS) ဆိုသည်မှာ Computer နှင့် Computer နည်းပညာများကိုအခြေခံ၍ တည်ဆောက် ဖွဲ့စည်းထားသော Computer-based system ဖြစ်ပြီး အဆာက်အဦးအတွင်းရှိ sub system များ နှင့် service များကို monitor လုပ်ခြင်း၊ control လုပ်ခြင်းနှင့် စီမံခန့်ခွဲခြင်း (manage လုပ်ခြင်း) တို့အတွက်ဖြစ်သည်။ Building Management System (BMS) ဟုလည်းခေါ်လေ့သည်။
Building Automation System တစ်ခု၏ configuration ကိုဖော်ပြထားသည်။ နမူနာ အဖြစ်ဖော်ပြထားခြင်းသာဖြစ်ပြီး လက်တွေ့တွင် ၁ လုံးထက်ပိုများသော workstation များ၊ Controller များနှင့်တခြားသော device များကိုပုံစံအမျိုးမျိုး (Different architecture) ဖြင့် အတူတကွ ချိတ်ဆက်ထားနိုင်သည်။
Distributed BAS တွင်
(၁) primary field panel(s) များ
(၂) DDC-Direct digital controller များဟုခေါ်သည့် Intelligent controller များနှင့် panel များပါဝင်ကြသည်။
Direct Digital Controller (DDC) များသည် Standalone control system များကဲ့သို့ လုပ်ဆောင်နိုင်ပြီး တခြား device များနှင့် ဆက်သွယ် (communication လုပ်) နိုင်သည့် networking capabilities ရှိသည်။ မိမိ ဖြစ်ချင်သည့် instruction များအတိုင်း သို့မဟုတ် control Program များအတိုင်း ဆောင်ရွက်ပေးနိုင်သော programming capabilities လည်းရှိသည်။ ဤကဲ့သို့သော architecture တွင် DDC အားလုံးနှင့် Network အတွင်းရှိ node များအားလုံး၏ communication ကို manage လုပ်နိုင်သည့် communication module ပါဝင်သည်။
BAS ၏ အခြေခံလုပ်ဆောင်ချက် (Basic task) များကိုအောက်ပါအတိုင်းခွဲခြားနိုင်သည်။
(က) data acquisition and processing
(ခ) control
(ဂ) communication and information management နှင့်
(ဃ) diagnostic functions တို့ဖြစ်သည်။
အထက်ပါ Task များကိုလုပ်ဆောင်နိုင်ရန်အတွက် အောက်ပါ component များလိုအပ်သည်။
(က) Sensors and transducers
(ခ) Actuators and control devices
(ဂ) Direct digital controllers (standalone or networked)
(ဃ) Digital communication system
(င) Terminal devices (PDU, keyboard, etc.) နှင့်
(စ) Software တို့ဖြစ်သည်။

အထက် ပုံသည် building automation system တစ်ခုတွင်ပါဝင်လေ့ရှိသည့် configuration ကိုဖော်ပြထားသည်။ ပြည့်စုံကောင်းမွန်သည့် BAS System ဖြစ်ရန်အတွက် workstation များ၊ controller များ နှင့် field device များစွာပါဝင်ပြီး နည်းအမျိုးမျိုးဖြင့်ချိတ်ဆက်(connect) ထားသည်။

Building automation systems သည် building ၏ ဦးနှောက် (brain) နှင့်တူသည်။ components များအကြားတွင် အချင်းချင်းအပြန်အလှန် ဆက်သွယ်မှု (communication) သည် BAS မရှိမဖြစ်လိုအပ်သော အဓိကအချက်ဖြစ်သည်။ ထိုကဲ့သို့သော ဆက်သွယ်မှု (communication) နေမှုမရှိပဲ ပြည့်စုံသည့် system တစ်ခုမဖြစ်နိုင်ပါ။ တစ်ခုခြင်းစီ၏ control systems များကိုလည်း monitor လုပ်ခြင်းနှင့် control လုပ်ရန်မဖြစ်နိုင်။ Building automation system သည် subsystem များ တစ်ခုခြင်းစီကိုလည်း တစ်သားတည်း ဖြစ်အောင်ပေါင်းစည်းပေးသည်။ တစ်သားတည်း ဖြစ်အောင် ပေါင်းစည်းပေးခြင်းကို integration လုပ်သည်ဟုခေါ်သည်။

ယနေ့ခေတ် BAS System တစ်ခုအောက်တွင်ရှိနိုင်သည့် Service များ (သို့မဟုတ် Sub System များ) မှာအောက်ပါအတိုင်းဖြစ်သည်။
၁) Electrical power supply system
၂) UPS, regulated power supplies, and power conditioning equipment
၃) Standby/emergency power supply system
၎) Ventilation and air-conditioning system
၅) Primary and emergency lighting system
၆) Passenger and goods lifts/elevators
၇) Fire alarm and protection systems
၈) Noxious fume detection systems (e.g. in chemical plants)
၉) Access control, intruder alarm and security systems
၁ဝ) Waste disposal and sewerage systems
၁၁) Domestic hot and cold water supply systems, water treatment plant etc… တို့ဖြစ်သည်။
၁.၂ Building Automation System Architecture
၁.၂.၁ Configuration
BAS system များကို နည်းအမျိုးမျိုးဖြင့် တည်ဆောက်ကြသည်။ တနည်း Architecture များ အမျိုးမျိုး ကွဲပြားကြသည်။ နည်းအမျိုးမျိုးဖြင့်Configure လုပ်ကြသည်။ functional hierarchy ကိုလိုက်၍ Layer များအဖြစ်သတ်မှတ်ကြသည်။

အထက်ပါပုံတွင်ပြထားသည့် BAS သည် အဓိက Level ၃ မျိုးဖြင့်သာတည်ဆောက်ထားသည်။
(က) Management Level
(ခ) Automation Layer Level နှင့်
(ဂ) Field Layer Level တို့ဖြစ်သည်။

အောက်ပုံတွင်ပြထားသည့် BAS သည် Level ၄ မျိုးဖြင့်လည်းတည်ဆောက်ထားနိုင်သည်။ အချို့သော BAS များတွင် Field Levelကို Field Controller Level နှင့် Field Controller Levelဟု၍ထပ်မံခွဲခြားထားသည်။
(က) Management Level
(ခ) Integration Level
(ဂ) Field Controller Level နှင့်
(ဃ) Application Level တို့ဖြစ်သည်။

BAS တွင်အဆောက်အဦးအတွင်းရှိ System များအားလုံး ချိတ်ဆက်ရန် information technology ကို အသုံးပြုထားသည်။ ထို့နောက် management level ရှိ computer တစ်လုံးမှအားလုံးကို ထိန်းချုပ်ထားသည်။
System များတစ်ခုနှင့်တစ်ခု အပြန်အလှန်ပေးပို့သည့် information လုပ်ငန်းကို Automation level ၌ ပြုလုပ်သည်။Automated system တစ်ခုအတွင်းရှိ (component များ၊ Device များကို) Control function များကို Process ပြုလုပ်ရန်အတွက် အဆင့်ဆင့် (သို့) အလွှာလိုက် organize လုပ်ထားရ သည်။
အထက်ပါပုံများတွင် BAS တစ်ခု၏ architecture အမျိုးမျိုးကို ဖော်ပြထားသည်။
Field Device များမှာ Sensor များ၊ Actuator များနှင့် Value များဖြစ်သည်။
(က) Sensor
(ခ) Actuator
(ဂ) Value များသည် flow rate များကို regulate လုပ်ရန် အတွက်အသုံးပြုသည်။

၁.၂.၂ Management Level (သို့) Management Layer
Management Level သို့မဟုတ် Management Layer BAS တစ်ခု၏ အပေါ်ဘက်ဆုံး၌ တည်ရှိသည်။ System တစ်ခုလုံးနှင့် Sub System များအားလုံးကို ထိန်းချုပ်(Controlလုပ်)နိုင်သည်။ စီမံခန့်ခွဲ (Manageလုပ်) နိုင်သည်။ operator သည် Management Level ရှိ Workstation ၊ Server ၊ Web browser များမှတဆင့် လိုအပ်သည့် information ရယူနိုင်သည်။ အဆောက်အဦးတစ်ခုလုံးကို ကြိုက်နှစ်သက်သလို control လုပ်နိုင်သည်။ အမိန့်ပေးနိုင်သည်။ အဆောက်အဦးသက်ဆိုင်သည့်အချက်အလက်များအားလုံးကို စုဆောင်းခြင်း(data collection)၊ သိမ်းဆည်းခြင်း(data storage) ၊ historical data များကို process လုပ်ခြင်းတို့ကို Management Level တွင်ပြုလုပ်သည်။ လိုအပ်သည့် report များကို ပြင်ဆင်ပြုစုပေးသည်။ System တစ်ခုလုံးအား programming လုပ်ခြင်း ၊ Sequences လုပ်ခြင်း ၊ limit များသတ်မှတ်ခြင်း၊ set points များထည့်ပေးခြင်း စသည့် လုပ်ငန်းများကို Management Level ၌ပြုလုပ်သည်။ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ (Maintenance management) ၊ scheduling လုပ်ခြင်း နှင့်
System တစ်ခုလုံး၏ လုံခြုံရေး (security) ကိုလည်း Management Level တွင်ပြုလုပ်သည်။
Management Level တွင် တခြားသော sub System များ (multi-vendor systems) ကို software ဖြင့် တစ်သားတည်းဖြစ်အောင် အလွယ်တကူပေါင်းစည်းနိုင်သည်။ integrateလုပ်နိုင်သည်။၏
Internet technology တိုးတက်လာမှုကြောင့် အဝေးတစ်နေရာမှ အလိုရှိသလိုစီမံခန့်ခွဲနိုင်သည်။

Functional aspects of BAS
BAS တွင်ပါဝင်သည့် Layer များ နှင့် သက်ဆိုင်သည့် Protocol များနှင့် Standard များကို ဖော်ပြထားသည်။

Building Management System သည် အကောင်းဆုံး Building Performance စေရန်အတွက် Energy ။ Operation နှင့် Maintenance လုပ်ငန်းများတွက် Control လုပ်ခြင်း နှင့် Monitoring လုပ်ခြင်းတို့ဖြင့် အထောက်အပံ့ပြုပုံကိုဖော်ပြထားသည်။
Johnson Control BAS Network Architecture တစ်ခု၏ဖြစ်သည်။ ဖော်ခဲ့သည့် level ၃ မျိုး (သို့) layer ၃ မျိုး ဖြင့်တည်ဆောက်ထားသည်။ သို့သော် အမည်များ နှင့် အခေါ် အဝေါ်များ မတူညီကြပေ။
(၁) Management Application
(၂) Supervisory Control နှင့်
(၃) Local Control တို့ဖြစ်သည်။


၁.၃ Building Automation System ၏ Functions များ
Building Automation System ၏ Functions များမှာ
(က) Alarm detection/management
(ခ) Scheduling
(ဂ) Trends (short-term storage)
(ဃ) Totalization
(စ) Optimal start နှင့်
(ဆ) Custom control applications တို့ဖြစ်သည်။
၁.၃.၁ BAS Trend logging

၁.၃.၂ Data Analysis and report generation
အဆောက်အဦးနှင့်သက်ဆိုင်သည့် Data များကို collect လုပ်ခြင်းသည် BAS System function (လုပ်ငန်း) တစ်ခုဖြစ်သည်။ Data များအားလုံးသည် အသုံးဝင်သော information အဖြစ်သို့ရောက်ရန်အတွက် processing လုပ်ရန်လိုအပ်သည်။ ထို information များကို analysis လုပ်ပြီးမှသ်ာလျှင် Report အဖြစ်သို့ရောက်သည်။ အဆောက်အဦးနှင့်သက်ဆိုင်သည့် report တွင် energy consumption/Equipment failure နှင့် alarm တို့ပါဝင်သည်။
၁.၃.၃ Totalization
Fan များ၊ pump များနှင့် Building equipment များနာရီမည်မျှမောင်းပြီး သည်ကိုသိရှိရန်လိုအပ်သည်။ သို့မှသာ ထိုEquipment အတွက်သင့်လျှော်မည့်ပြုပြင် ထိန်းသိမ်းမှုကိုပြုလုပ်နိုင်လိမ့်မည်။ Runtime များကို accumulation လုပ်ခြင်းကို Totalization ဟုခေါ်သည်။ စွမ်းအင် မည်မျှသုံးသည်ကို သိရန်အတွက်လည်း Totalization လုပ်ရန်လိုသည်။
Totalization ၃ မျိုးရှိသည်
(၁) Analog – calculates consumption from flow
(၂) Runtime – counts elapsed time in a specified condition
(၃) Event – counts number of occurrences
၁.၃.၄ Schedule

၁.၃.၅ Metering
DDCs များ၏ data acquisition capability ကိုအသုံးပြု၍ water consumption၊ Power consumption စသည့် utility များသုံးစွဲနှုန်းကို သိရန်မီတာကဲ့သို့အသုံးပြုနိုင်သည်။ Consumption နှင့် electricity consumption တို့ကိုသိရန်လိုအပ်သည်။
၁.၃.၆ Monitoring
BAS system မှပြဿနာမဖြစ်ခင် (Equipment failure မဖြစ်ခင်) ကြိုတင်၍ ပြဿနာဖြစ်နေသည့် Equipment ဆီသို့ ရောက်အောင်သွားရန်မလိုပဲ လုပ်နိုင်သည်။ BAS System မှ ပုံမှန်အလုပ်မလုပ်သည့် (malfunction) Equipment များအတွက် alarm များလုပ်ပေးခြင်းသည် monitoring လုပ်ခြင်းပင်ဖြစ်သည်။ alarm ၏အရးကြီးမှုအပေါ်မူတည်၍ မည်သူ့ထံသို့ ပို့ရမည်ကို ကြိုတင်၍ သတ်မှတ်ထားရသည်။ အရေးကြီးသည့် Alarm များကို SMS ပို့ခြင်း၊ e-mail ပို့ခြင်းတို့လည်း ပြုလုပ်နိုင်သည်။ မှတ်တမ်းအဖြစ်သိမ်းဆည်းရန် print out လုပ်နိုင်သည်။အလွန့်အလွန် အရေးကြီးသော Alarm များဖြစ်လျှင်မောင်းသူများ (operator) မှချက်ခြင်း လိုအပ်သည်များကိုဆောင်ရွက်နိုင်ရန် အတွက် visual သို့မဟုတ် Audible signal များဖြင့် မြင်သာအောင်၊ သိလွယ်အောင်ထုတ်ပေးရသည်။
၁.၃.၇ Graphic

အောက်ပါပုံသည် BAS work operator station တွင်မြင်ရသော Graphic ဖြစ်သည်။ Chiller water plant room ရှိ Equipment များအားလုံးကို Graphic ပေါ်တွင်ဖော်ပြထားသည်။ မည့်သည့် chiller၊ မည်သည့် pump နှင့် မည်သည့် cooling tower တိုမောင်းနေသည့်ကိုဖော်ပြသည်။ chiller တစ်လုံးခြင်းစီ၏ operation parameter များကိုလည်းဖော်ပြထားသည်။

၁.၃.၈ Controls
BAS မှ advanced control programs, energy management programs များအတိအကျဆောင်ရွက်ပေးနိုင်သည်။
Reporting ပြုလုပ်ရန်အတွက် အောက်ပါ summary များကိုလည်း BAS မှချက်ချင်းပေးနိုင်သည်။
(က) Point summary
(ခ) Alarm summary
(ဂ) Override summary
(ဃ) Off-line summary
(င) Disabled summary နှင့်
(စ) Custom summary တို့ဖြစ်သည်။
၁.၃.၉ Software functions
BAS ၏ software functions များမှာ
(၁) Configuration
(၂) Commissioning
(၃) Data Archiving
(၄) Monitoring
(၅) Commanding
(၆) System Diagnostics
၁.၃.၁၀ User Access level
BAS ကို access လုပ်ခွင့်ကို level ၅ ခုဖြင့်ခွဲခြားသတ်မှတ်ထားသည်။
Level 1 = View Data
Level 1 access ကိုရသည့် user သည် Data များကို ကြည့်ခွင့်သာရသည်။
Level 2 = Command
Level 2 access ကိုရသည့် user သည် equipment များမောင်းရန်၊ ရပ်ရန်စသည့် အမိန့် (Command) ပေးနိုင်သည်။
Level 3 = Operator Overrides
Level 3 access ကိုရသည့် user သည် equipment များမောင်းရန်၊ ရပ်ရန် အချိန်များကိုပြောင်းခြင်း၊ Setpoint များကို ပြောင်းခြင်း၊ valve များနှင့် Damper များကို Overrides လုပ်ခြင်း စသည့်တို့ကိုဆောင်ရွက်နိုင်သည်။
Level 4 = Database Modification
Level 4 access ကိုရသည့် user သည် Database များကိုပြောင်းလဲနိုင်သည်။ Modify လုပ်နိုင်သည်။
Level 5 = Database Configuration
Level 5 access ကိုရသည့် user သည် Database Configuration လုပ်နိုင်သည်။
Level 6 = All privileges, including Password Add/Modify
Level 6 access ကိုရသည့် user သည် အမြင့်ဆုံးဖြစ်ပြီး ကိစ္စအားလုံးကိုဆောင်ရွက်နိုင်သည်။
Ebook Format ဖြင့် download လုပ်ရန်.
http://www.acmv.org/ebook/Introduction_BAS.pdf
-End-
ကောင်းထက်ညွန့်