To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Heat Load Calculation > ETTV and RETV > ETTV and RETV တန်ဘိုး > > www.acmv.org
Heat Load Calculation > ETTV and RETV > ETTV and RETV တန်ဘိုး >


Untitled Document

ETTV and RETV တန်ဘိုး

ETTV သည် Envelope Thermal Transfer Value ဖြစ်သည်။ ETTV ဆိုသည်မှာ ဗိသုကာပညာရှင်တို့ ဒီဇိုင်းဆွဲပြီး မြို့ပြအင်ဂျင်နီယာများတည့်ဆောက်လိုက် အဆောက်အုံတစ်ခု၏ နံရံများမှ စုစုပေါင်းအပူမည့်မျှစီးကူမည်ကို ဖော်ပြသည့်တန်ဘိုးဖြစ်သည်။ Envelope Thermal Transfer Value (ETTV) ၏ ယူနစ်မှာ Watt per meter square (W/ sq. m) ဖြစ်သည်။ ETTV တန်ဘိုး၏ အဓိပ္ပါယ်မှာ နံရံ တစ်စတုရန်းမီတာ၏ Average Weighted အပူစီးကူးမှုနှုန်း (Thermal Transfer)ဖြစ်သည်။

စင်ကာပူနိုင်ငံရှိအဆောက်အဦးများတွက် BCA မှ ခွင့်ပြုထားသော ETTV တန်ဘိုးမှာ 50Watt per sq meter ဖြစ်သည်။ စင်ကာပူသည် အပူပိုင်းဒေသတွင်တည်ရှိသောကြောင့် အကြီးစား အဆောက်အဦးအားလုံးလိုလို Air Con တပ်ဆင် ကြသည်။ ETTV တန်ဘိုးမှာ 50Watt per sq meter ဖြစ်သောကြောင့် နံရံ တစ်စတုရန်းမီတာ မှ အပူပမာဏ 50Watt ပြင်ပမှ ရောက်ရှိလာမည်ဖြစ်သည်။ အကယ်၍ ထို ခွင့်ပြုသည့် 50Watt ပိုပါက ပိုမိုကြီးမားသည့် Air Con များ တပ်ဆင် ရမည်ဖြစ်သည်။ ထိုကြောင့် မလိုအပ်ပဲ Energy များကိုဖြုန်းတီးရာရောက်သည်။

ETTV တန်ဘိုး များလေ Air Con ပိုကြီးကြီးလိုလေဖြစ်သည်။ အအေးပိုင်းနိုင်ငံများအတွက် ETTV တန်ဘိုး များလေ Air Con ကော Heating System ပါ ပိုကြီးကြီးမည်ဖြစ်သည်။

ETTV တန်ဘိုး သည် ဗိသုကာပညာရှင်များ၏ စိတ်ကူးဆန်းများကြောင့်ဖြစ်သည်။ အဆောက်အဦးတစ်ခုလုံးကိုမှန်များဖြင့်တည်ဆောက်သည့်အခါ မှန်များကြောင့် ပြင်ပမှအပူများ အဆောက်အဦးအတွင်းသို့ဝင်ရောက်လာခြင်းဖြစ်သည်။ ပြုတွင်းပေါက်များ များပြားစွာတပ်ဆင်ထားသောကြောင့် လည်း ETTV တန်ဘိုး များခြင်းဖြစ်သည်။

ETTV သည် အောက်ပါ အချက်အလက်များပေါ်တွင်မူတည်သည်။
အဆောက်အဦးတွင်ပြင်ပနံရံ(External Wall) မည်မျှရှိသည်။
မည်သည့်ဘက်သို့လှည့်သည့် ပြင်ပနံရံ(External Wall) သည် ဧရိယာမည်မျှကျယ်ဝန်းသည်။
မည့်ကဲ့သို့ အမျိုးအစားများဖြင့်တည်ဆောက်ထားသည်။
တံခါးပေါက်မည်မျှရှိသည်။ မည်သည့်မှန်အမျိုးစားတို့ဖြင့်တည်ဆောက်ထားသည် တို့ပေါ်တွင်မူတည်သည်။

ETTV သည် Air con နေရာနှင့်ထိစပ်နေသာ ပြင်ပနံရံများအတွက်သာတွက်ရန်လိုအပ်သည်။ ခေါင်မိုးအတွက်တွက်ရန်မလိုပါ။ Air con နေရာနှင့်မထိစပ်သည့် ပြင်ပနံရံများအတွက်လည်းတွက်ရန်မလိုပါ။

ETTV တန်ဘိုး တွက်ချက်မှုများကို စက်မှုအင်ဂျင်နီယာများက ပြုလုပ်ရသည်။ သို့သော် Architect ၏ Endorsement လိုအပ်သည်။ ဖြစ်သင့်သော ဒီဇိုင်း Process မှာ စက်မှုအင်ဂျင်နီယာတွက်ချက်ထားသော ETTV တန်ဘိုး ကို Architect သုံးသပ်ရန် နှင့် ခွင့်ပြုထားသော50Watt per sq meter လိုအပ်သည် ဒီဇိုင်းပြန်လည်ပြင်ဆင်များပြုလုပ်ရန်ဖြစ်သည်။ သို့သော် တကယ့်လက်တွေ့  တွင် စက်မှုအင်ဂျင်နီယာများ ETTV တန်ဘိုး တွက်ချက်ရန် လိုအပ်သည့် အချက်အလက်များ (Window Schedule, Building Orientation စသည်တို့) Architect ထံမှ ရရှိသည့်အချိန်တွင် အဆောက်အဦးတစ်ခုလုံး၏ Design Finalization Stage ကို ကျော်လွန်နေပြီဖြစ်ပြီး မည့်သည့် အပြောင်းအလဲကိုမျှလက်မခံနိုင်သည့်အခြေအနေဖြစ်နေသည်။ ထိုအခါ ခွင့်ပြုထားသော50Watt per sq meterရရန် စက်မှုအင်ဂျင်နီယာများကိန်းဂဏန်းများဖြင့်ဆော့ကစားရတော့သည်။

ETTV တန်ဘိုး ကို တွက်ချက်ရခြင်းမှာ အဆောက်အဦးတစ်ခုနှင့်တစ်ခု နိုင်းယှဉ်နိုင်ရန်အတွက် စနစ်တကတွက်ချက်နည်းကို သုတေသနပြုကာ လက်ခံထားသည့်အတွက် များစုလက်ခံထားသည့်နည်းဖြင့်သာတွက်ချက်ရမည်ဖြစ်သည်။

အဆောက်အဦး၏ ပြင်ပနံရံများ ဒီဇိုင်းများဆန်းပြားလာလေ ETTV တန်ဘိုး တွက်ချက် များ ပိုမိုခက်ခဲလာလေဖြစ်သည်။

ETTV တန်ဘိုး တွက်ချက် ရန် အဆောက်အဦး အတွင်း သို့ Heat များ မည့်သို့ဝင်ရောက်ရှိနိုင်သည်ကို သိရှိရန်လိုအပ်သည်။

1) Heat conduction Through Opaque Walls

အဆောက်အဦး အတွင်း နှင့် အပြင်တွင် အပူချိန်ကွာခြားသည့်အခါ မြင့်သည့်အပူချိန် T1 မှ နိမ့်သည်အပူချိန် T2 သို့ နံရံများ ကို ဖြစ်၍ အပူစီးကူးမှုဖြစ်ပေါ်သည်။ ဥပမာ ပြင်ပအပူချိန် 35C မှ အဆောက်အဦး အတွင်း အပူချိန် 23C သို့ conduction အပူစီးကူးမှုဖြစ်ပေါ်သည်။

2) Heat conduction Through Glass Windows

အဆောက်အဦးတိုင်းလိုလိုတွင် ပြုတင်းပေါက်များရှိကြသည်။ ထိုပြုတင်းပေါက်များ မှ တဆင့် conduction အပူစီးကူးမှုဖြစ်ပေါ်သည်။ Window များကို ခွဲ၍တွက်ရခြင်းမှာ Walls နှင့် Windows များသည် အသုံးပြုထားသည် အမျိုးအစားမတူညီသောကြောင့်ဖြစ်သည်။

 

3) Solar Radiation Though Glass Windows

Glass Windows ကို ဖြစ်၍ Solar Radiation များသည်အဆောက်အဦး အတွင်း သို့ဝင်ရောက်သည်။

Solar Radiation တွင် Direct Radiation နှင့် Diffuse Radiation ဟု၍နှစ်မျိုးရှိသည်။ နေရောက်ခြည်သည် မှန်ပေါ်သို့တိုက်ရိုက်ကျရောက်နေသည့် အခါ Direct Radiationဖြစ်ပေါ်သည်။ နေရောက်ခြည်သည် မှန်ပေါ်သို့တိုက်ရိုက်မကျရောက်ဘဲ မိုးတိမ်များမှလည်းကောင်း အနီးရှိအဆောက်အဦးများမှလည်းကောင်း မှန်ပေါ်သို့ကျရောက်သည့် အခါ Diffuse Radiationဖြစ်ပေါ်သည်။

Air Conditioning အခန်းတစ်ခု၏ Heat Load သည် အရာများစွာပေါ်တွင်မူတည်သည်။ အခန်းအပြင်မှ Heat များဝင်ရောက်လာမှု နှင့် အခန်းအတွင်းမှ Heat များ ထုပ်လွှတ်မှု တို့သည် ထိုအခန်း၏ Heat Load ပင်ဖြစ်သည်။ ETTV တန်ဘိုး သည် အပြင်မှ Heat များဝင်ရောက်လာမှု နှင့်သာသက်ဆိုင်သည်။ ပြင်ပ နံရံများမှ ဝင်ရောက်လာသည့် Heat နှင့်သာသက်ဆိုင်သည်။ Roof, Partition, Floor စသည်တို့မှ ဝင်ရောက်လာသည့် Heat နှင့်မသက်ဆိုင်ပါ။

 

ကောင်းထက်ညွန့်

 


http://www.bdg.nus.edu.sg/BuildingEnergy/publication/papers/paper1.htm

http://www.bca.gov.sg/PerformanceBased/others/ProfChou.pdf

http://www.bca.gov.sg/PerformanceBased/others/ETTV.pdf

ETTV and RETV နှင့်သက်ဆိုင်သော ACMV Lecture များ (3 Lectures)
1 ETTV and RETV ETTV and RETV တန်ဘိုး Read
2 ETTV and RETV ETTV Value တွက်နည်း (အပိုင်း ၁) Read
3 ETTV and RETV ETTV Value တွက်နည်း (အပိုင်း ၂) Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format