To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Human Body > Heat Transfer of Human Body > ?????????????? ??????? ??????????????? (Heat Transfer of Human Body) > > www.acmv.org
Human Body > Heat Transfer of Human Body > ?????????????? ??????? ??????????????? (Heat Transfer of Human Body) >


Untitled Document

လူခန္ဓာကိုယ်မှ အပူများ ကူးပြောင်းခြင်း (Heat Transfer of Human Body)

(Cooling load တွက်ရန် နှင့် indoor design condition သတ်မှတ်ရန်အတွက် အခြေခံဖြစ်သည်။)

ဤအခန်းတွင် Thermal comfort နှင့် သက်ဆိုင်သည့် အချက်များကို ဖော်ပြထားသည်။ Thermostat တွင် ဖော်ပြနေသည့် လေ၏ အပူချိန်သည် thermal comfort ကိုဖော်ပြနိုင်သည့် အကောင်းဆုံး အမှတ်အသား တစ်ခု မဟုတ်ကြောင်း သတိပြုသင့်သည်။

Thermal comfort အခြေအနေများသည် (၁၅)မိနစ်ထက် ပိုကြာရှည်စွာ နေထိုင်မည့်သူများ အတွက်သာ အကျုံးဝင်သည်။ ဥပမာ- ဓာတ်လှေခါးစောင့်သည့်နေရာ(lift lobby)၊ ကော်ရစ်ဒါ (corridor) စသည့်နေရာများ နှင့် မသက်ဆိုင် ဟု ယူဆနိုင်သည်။

လူခန္ဓာကိုယ်တစ်ခုအား heat source အဖြစ် သတ်မှတ်လိုက်သည့်အခါ heat source မှ အနီးဝန်းကျင်(environment)သို့ အပူများသည် conduction ၊ convection ၊ radiation နှင့် evaporation နည်းဖြင့် စီးဆင်းသွားသည်။ သို့သော် conduction ၊ convection ၊ radiation တို့သည့် လူခန္ဓာကိုယ်ထဲသို့ အပူများ ဝင်ရောက်နိုင်သလို လူခန္ဓာကိုယ်မှ အပူများ ထုတ်လွှတ်နိုင်သော 2 way process ဖြစ်သည်။ သို့သော် evaporation သည် အမြဲ လူခန္ဓာကိုယ်မှ ဆုံးရှုံးသွားသော အပူပမာဏဖြစ်သည်။

အထက်ပါပုံတွင် မြှားများသည် အခန်းတွင်း၌ radiant heat ဖလှယ်သည့် ဦးတည်ရာကို ဖော်ပြသည်။ အပူချိန်မြင့် အရာဝတ္ထုများအားလုံးသည် အပူချိန်နိမ့်သည့် အရာဝတ္ထုများဆီသို့ radiant heat ကို ထုတ်လွှတ်သည်။ ထို့ကြောင့် အရာဝတ္ထုများ အားလုံး၌ net radiant heat gain သို့မဟုတ် loss ဖြစ်ပေါ်သည်။ အကယ်၏ ခန္ဓာကိုယ် အပူချိန်သည် အခန်းအတွင်းရှိ အရာဝတ္ထုများ၏ အပူချိန်ထက် ပိုမြင့်နေ net radiant heat loss ဖြစ်ပေါ်သည်။ သို့မဟုတ် ခန္ဓာကိုယ်အပူချိန်သည် အခန်းအတွင်းရှိ အရာဝတ္ထုများ၏ အပူချိန်ထက် ပိုနိမ့်နေပါက net radiant heat gain ဖြစ်ပေါ်သည်။
Conduction နည်းဖြင့် ပူသည့် လူခန္ဓာကိုယ်မှ အေးသည်လေထဲသို့ conduction ဖြင့် အပူစီးကူးမှု ဖြစ်ရန် ထိနေသည့် မျက်နှာပြင် (contact surface) လိုအပ်သည်။

Conduction နည်းဖြင့် ပူသည့် လူခန္ဓာကိုယ်မှ အေးသည်လေထဲသို့ conduction ဖြင့် အပူစီးကူးမှု ဖြစ်ရန် ထိနေသည့် မျက်နှာပြင်(contact surface) လိုအပ်သည်။ Convention သည် အပူချိန်(Dry Bulb temperature) ၊ လေအလျင်(air motion) နှင့် အဝတ်အစားအမျိုးအစားနှင့် အထူ တို့ပေါ်တွင် မူတည်သည်။ Radiation ဖြစ်ရန် အခန်း၏ MRT အပူချိန် ၊ အခန်းမျက်နှာပြင် နှင့် လူခန္ဓာကိုယ်တစ်ခုလုံး၏ အပူချိန်တို့ အပေါ်တွင် မူတည်သည်။ Evaporation သည် အပူချိန်(Dry Bulb temperature) ၊ စိုထိုင်းဆ (RH) ၊ လေအလျင်(air motion) နှင့် မဖုံးအုပ်ထားသည်(ပေါ်နေသည့်) အရေပြားပမာဏ တို့တွင် မူတည်သည်။

အောက်ပါ ဇယားသည် အရွယ်ရောက်ပြီးသည် ယောက်ျားတစ်ယောက်မှ ထုတ်လွှတ်သည့် sensible အပူပမာဏ နှင့် latent အပူပမာဏ ကို ဖော်ပြထားသည်။

အောက်ပါ ဇယားသည် အရွယ်ရောက်ပြီးသည် ယောက်ျားတစ်ယောက်မှ ထုတ်လွှတ်သည့် sensible အပူပမာဏ နှင့် latent အပူပမာဏ ကို ဖော်ပြထားသည်။ ထို ထွက်လာသည့် sensible heat နှင့် latent heat ကို တပ်ဆင်ထားသည့် air con system မှ ဖယ်ထုတ်ပစ် ရမည် ဖြစ်သည်။ ထုတ်လွှတ်သည့် sensible အပူပမာဏ နှင့် latent အပူပမာဏ သည် အခန်း၏ အပူချိန်ကို လိုက်၍ ပြောင်းလဲနေသည်။ တစ်နည်းအားဖြင့် အခန်းပူချိန်နိမ့်လျှင် sensible အပူပမာဏ သို့မဟုတ် latent အပူပမာဏ များများ ထုတ်လွှတ်လိမ့်မည်။

Heat Balance on The Body
လူတစ်ဦးချင်း တစ်ယောက်ချင်းစီ၏ အပူချိန် ကြိုက်နှစ်သက်မှုသည် မတူညီပေ။ တချို့က (၂၀)ဒီဂရီ စင်တီဂရိတ် မှ (၂၂) ဒီဂရီစင်တီဂရိတ် အပူချိန်တွင် သက်သောင့်သက်သာ(comfortable) ဖြစ်သည်ဟု ထင်ကြသည်။ တချို့က အပူချိန်(၂၂)ဒီဂရီ စင်တီဂရိတ်မှ (၂၄)ဒီဂရီစင်တီဂရိတ် အတွင်း၌ သက်သောင့် သက်သာ (comfortable) ဖြစ်သည်ဟု ထင်ကြသည်။

သက်သောင့်သက်သာ(comfortable)ဖြစ်မှုသည် ထိုသူ၏ ခန္ဓာကိုယ် အတွင်းမှ အပူ ဆုံးရှုံးမှုနှုန်းပေါ်တွင် မူတည်သည်။ လူ၏ခန္ဓာကိုယ်သည် အစားအစာများကို လောင်စာ(fuel)အဖြစ် လောင်မြိုက် နေသည့် မီးဖိုကြီးတစ်ခုသာ ဖြစ်သည်။ လူများ စားသောက်သည့် အစားအစာထဲတွင် ကာဗွန်(carbon)နှင့် hydrogen တို့ ပါဝင်သည်။ စားသောက်ပြီးသည့် နောက် အစားအစာများနှင့် ရှူသွင်းလိုက်သည့် လေထဲမှ အောက်စီဂျင်တို့ ဓာတ်ပြုကာ(oxidation ဖြစ်ကာ) Carbon-dioxide နှင့် ရေငွေ့(water vapour)တို့ ထွက်လာသည်။ ထိုဖြစ်စဉ်ကို ဆရာဝန်နှင့် သိပ္ပံပညာရှင်များက ဇီဝဖြစ်စဉ်(metabolism)ဟုခေါ်သည်။ တစ်နည်းအားဖြင့် ဇီဝဖြစ်စဉ် (metabolism) ဆိုသည်မှာ လူတို့စားသုံးလိုက်သည့် ကာဘိုဟိုက်ဒရိတ်(carbohydrate) ၊ အဆီဓာတ်(fat) နှင့် ပရိုတင်း(protein) တို့ကို ခန္ဓာကိုယ်မှ ချေဖျက် လောင်ကျွမ်းစေခြင်းပင် ဖြစ်သည်။

လူခန္ဓာကိုယ်သည် အပူချိန်မပြောင်းလဲသည့် ကိရိယာတစ်မျိုးဖြစ်သည်။ (The body is a constant temperature device) လူ၏ metabolism ကိစ္စများအတွက်နှင့် ကျန်းမာရန်အတွက် လူ၏ခန္ဓာကိုယ်အတွင်းမှ အပူချိန်သည် (၉၈.၆) ဒီဂရီဖာရင်ဟိုက် (၃၇ ဒီဂရီစင်တီဂရိတ်) ခန့်တွင် ရှိနေရန် လိုအပ်သည်။ လူတို့ သွားလာလှုပ်ရှား ရန်အတွက် လိုအပ်သော စွမ်းအင်(energy)ကို အစား အစာများမှ ရရှိသည်။

လူတစ်ယောက်၏ သက်တောင့်သက်သာ ထိုင်နေ၊ နားနေသည့်အချိန်ကို basal metabolic အခြေအနေဟု ခေါ်သည်။ ထိုအခြေအနေတွင် ခန္ဓာကိုယ်သည် မည်သည့် ကိုယ်လက်လှုပ်ရှားမှုကို မျှ မပြုလုပ်ဘဲ အသက်ရှူခြင်း၊ သွေးများကို လည်ပတ်စေခြင်းစသည့် ခန္ဓာကိုယ် အတွင်းရှိ ဇီဝဖြစ်စဉ်များကိုသာ ဖြစ်ပေါ် နေသည်။ Metabolic rate သည် ခန္ဓာကိုယ်မှ စွမ်းအင်သုံးစွဲနှုန်း (energy consumption rate) ပင်ဖြစ်သည်။

ခန္ဓာကိုယ်အလေးချိန် ကီလို(၇၀) ရှိပြီး၊ surface ဧရိယာ ၁.၈ စတုရန်းမီတာ ရှိသော အသက် (၃၀) အရွယ်ရှိ ယောက်ျား တစ်ယောက်နားနေသည့်အခါ၌ basal metabolic rate သည် 84 watt ဖြစ်သည်။ ခန္ဓာကိုယ်သည် တစ်စက္ကန့်လျှင် 84 J ပမာဏရှိသော စွမ်းအင်ကို အသုံးပြုနေသည်။ တစ်နည်းအားဖြင့် ခန္ဓာကိုယ်သည် တစ်စက္ကန့်လျှင် 84 Watt (joules per second) ရှိသော အပူပမာဏကို ခန္ဓာကိုယ်၏ ပြင်ပသို့ စွန့်ထုတ်နေသည်။ စားသုံးလိုက်သည့် အစားအစာများက ဓာတုစွမ်းအင်(chemical energy)များကို ခန္ဓာကိုယ်မှ အပူစွမ်းအင်(thermal energy)အဖြစ်သို့ ပြောင်းလဲပေးနေသည်။ အစာအိမ်ထဲတွင် ချေဖျက်စရာ အစားအစာ မရှိပါက ခန္ဓာကိုယ်မှ အဆီများကို လောင်ကျွမ်း စေသည်။

Metabolic ဖြစ်နှုန်းသည် လူ၏လှုပ်ရှားမှုကို လိုက်၍ ပြောင်းလဲနေသည်။ လူ၏လှုပ်ရှားမှု ပိုများလေ metabolic ဖြစ်နှုန်း ပိုများလေ ဖြစ်သည်။ ပြင်းထန်သော ကာယလေ့ကျင့်မှု လုပ်သူတစ်ဦး၏ metabolic ဖြစ်နှုန်းသည် သာမန် နားနေချိန်တွင် ဖြစ်သည့် basal metabolic ဖြစ်နှုန်းထက် (၁၀)ဆခန့် ပိုများသည်။

ထို့ကြောင့် အခန်းတစ်ခု အတွင်းတွင် လူနှစ်ယောက် ကာယလေ့ကျင့်ခန်းပြုလုပ်နေစဉ် ထွက်လာသည့် အပူပမာဏသည် 1kW လျှပ်စစ် အပူပေးစက် (heater)မှထွက်သည့် အပူပမာဏထက် ပိုများသည်။ လူခန္ဓာကိုယ်မှ ထွက်သည့် အပူ(heat) သည် total heat ကို ဆိုလိုသည်။ Total heat တွင် sensible heat နှင့် latent heat တို့ ပါဝင်သည်။ လေ့ကျင့်ခန်း အပြင်းအထန်လုပ်နေသည့် အချိန်တွင် sensible heat ပမာဏမှာ (၄၀)ရာခိုင်နှုန်း ဖြစ်ပြီး latent heat ပမာဏမှာ (၆၀)ရာခိုင်နှုန်း ဖြစ်သည်။ သာမန်လှုပ်ရှားမှု ပြုလုပ်နေချိန်တွင် sensible heat မှာ (၇၀)ရာခိုင်နှုန်းဖြစ်ပြီး latent heat မှာ (၃၀)ရာခိုင်နှုန်း ဖြစ်သည်။ ခန္ဓာကိုယ်မှ ချွေးထွက်ခြင်း(perspiration) သည် latent heat ဖြစ်သည်။

Metabolic rate သည် အသက်အရွယ်၊ ခန္ဓာကိုယ်အရွယ်အစား၊ ကျန်းမာရေး အခြေအနေနှင့် လိင်ပေါ် တွင် မူတည်၍ ပြောင်းလဲမှုရှိသည်။ အသက်ကြီးလာလေ metabolic rate ကျဆင်းလာလေလေ ဖြစ်သည်။ ထို့ကြောင့် အသက် (၃၀)ကျော်လာလျှင် အစာစားသုံးမှု ပုံမှန်အတိုင်း ဖြစ်သော်ငြားလည်း ကိုယ်အလေးချိန် တိုးလာ တတ်ကြသည်။ Metabolic activity သည် ဦးနှောက်(brain)နှင့် အသဲ(liver)တွင် ၅၀ ရာခိုင်နှုန်းခန့် ဖြစ်ပေါ်သည်။ ထိုအင်္ဂါနှစ်မျိုးသည် ခန္ဓာကိုယ်အလေးချိန်၏ (၄)ရာခိုင်နှုန်းမျှသာ ဖြစ်သည်။ ကလေးများတွင် basal metabolic activity ၏ တစ်ဝက်ကျော် (၅၀ရာခိုင်နှုန်း)သည် ဦးနှောက်တွင် ဖြစ်သည်။

ခန္ဓာကိုယ်ကို control volume အဖြစ် သတ်မှတ်လျှင် အစားအစာသည် အဝင်စွမ်းအင်(energy in) ဖြစ်ပြီး body heat သည် အထွက်စွမ်းအင်(energy out) ဖြစ်သည်။ ခန္ဓာကိုယ် အတွင်း တွင် မည်သည့် ဖြစ်စဉ်များ မည်ကဲ့သို့ ဖြစ်နေပါစေ အဝင်စွမ်းအင် (energy in) နှင့် အထွက်စွမ်းအင်(energy out) တူညီရမည်။ ရုပ်မြင်သံကြားစက်ဖြင့် ဥပမာ ပြနိုင်သည်။ TV set မှ 300 watt လျှပ်စစ်စွမ်းအင်ကို အသုံးပြုလျှင် ထို TV set မှ 300 watt ကို အပူစွမ်းအင်အဖြစ် စွန့်ထုတ်(reject) ရမည်။ TV set ၏ အထဲ တွင် မည်သည့် circuit က မည်သည့်အလုပ်ကို လုပ်ပေးသည် ဖြစ်စေ ထိုသဘော တရားမှာ စွမ်းအင်တည်မြဲမှုနိယာမ (Law of Conservation of Energy ) ပင်ဖြစ်သည်။

သာမန်ယောက်ျားတစ်ယောက်သည် (၂၄၀၀)ကယ်လိုရီ (Calories)မှ (၂၇၀၀)ကယ်လိုရီ(Calories) နေ့စဉ် လိုအပ်သည်။ သို့သော် သာမန် အမျိုးသမီးတစ်ယောက်သည် ၁၈၀၀ ကယ်လိုရီ မှ ၂၂၀၀ ကယ်လိုရီ နေ့စဉ် လိုအပ်သည်။

နေ့စဉ်လိုအပ်သည့် ကယ်လိုရီထက် ပိုမိုစားသုံးပါက ပိုသည့် ကယ်လိုရီများကို ခန္ဓာကိုယ်မှ အဆီ(body fat)အဖြစ် သိုလှောင် သိမ်းဆည်း ထားသည်။ အကယ်၍ လိုအပ်သည့် ကယ်လိုရီ ပြည့်အောင် စားသုံးခြင်း မရှိသည့် အချိန်တွင် ခန္ဓာကိုယ်မှ အဆီများ (Body fat) များကို ချေဖျက် ဖျော်ချပြီး ကယ်လိုရီ ဖြစ်စေသည်။

ခန္ဓာကိုယ်မှအဆီ (body fat) တစ်ကီလို အလေးချိန်သည် 33.1 MJ ပမာဏရှိသည့် metabolism energy ဖြစ်သည်။ အစားအစာ လုံးဝစားသုံးခြင်း မရှိသူတစ်ယောက် starving person (zero energy intake) သည် နေ့စဉ် အသက်ရှင်ရန်အတွက် (၂၂၀၀)ကယ်လိုရီ (9211 KJ) လိုအပ်သည်။ ထို (၂၂၀၀)ကယ်လိုရီကို အဆီများမှ ရရှိသည်။ (9211/ 33100 = 0.28 kg)

လူတစ်ယောက်သည် တစ်နေ့ အစာမစားလျှင် ခန္ဓာကိုယ်မှ အဆီ(body fat) (၀.၂၈) ကီလိုကို ချေဖျက်ပြီး တစ်နေ့တာ လိုအပ်သော စွမ်းအင်ကို ဖြစ်စေသည်။ ထို့ကြောင့် လူတစ်ယောက်သည် အစာမစားဘဲ ရက်ပေါင်း (၁၀၀)ကျော် အသက်ရှင် နိုင်သည်။ ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးခြင်း(dehydration) နှင့် ဆီးသွားခြင်းတို့ကြောင့် ရေသောက်ရန် လိုအပ်သည်။

လူ၏ စွမ်းအင်သုံးစွဲမှုနှုန်း(energy consumption) ( တစ်နည်းအားဖြင့် metabolism rate) သည် ခန္ဓာကိုယ်၏ အလေးချိန် နှင့် အရွယ်အစားကို လိုက်၍ ပြောင်းလဲသည်။
ဥပမာ -
အလေးချိန် 68 kg ရှိသော စက်ဘီးနင်းသည့် လူတစ်ယောက်သည် အထက်ပါ ဇယားအရ 639 ကယ်လိုရီ လိုအပ်လျှင် 50 kg အလေးချိန်ရှိသော စက်ဘီးသမား၏ metabolism rate ကို အောက်ပါအတိုင်း တွက်ချက် နိုင်သည်။
(50 kg)x (639 Calories/ hr)/(68 kg)= 470 Calories/ hr
ထို့အတူ 100 kg စက်ဘီးသမား တစ်ယောက်အတွက် 960 Calories/ hr လိုအပ်မည်။

Metabolic rate
လှုပ်ရှားမှုများလေ ခန္ဓာကိုယ်၏ အပူချိန်မြင့်တက်လေ ဖြစ်ပြီး ခန္ဓာကိုယ်မှ အပူပမာဏများစွာ ထုတ်လွတ်လေဖြစ်သည်။ Metabolic rate သည် အချက်များစွာ အပေါ်မူတည်သည်။

(၁) အရေပြားမျက်နှာပြင်ဧရိယာ(Surface area of body)
(၂) အသက် (Age)
(၃) လိင် (Gender)
(၄) လှုပ်ရှားမှု အဆင့်(Level of activity)
Sleeping heat output 70W. Lifting 440W.

Metabolic rate ဆိုသည်မှာ air con ပညာရပ်အနေဖြင့် အပူစွန့်ထုတ်နိုင်စွမ်း (ability to generate heat) ဖြစ်သည်။ Muscular activity ကိုလိုက်၍ ဖြစ်ပေါ်သည်။ Met units - စာသင်ခန်းအတွင်း၌ ထိုင်နေသာ ကျွန်ပ်တို့ ခန္ဓာကိုယ်မှ 1 met (1 unit of metabolic rate) အပူပမာဏ စွန့်ထုတ်နေသည်။ ပတ်ဝန်းကျင်(environment) နှင့် လူအရေပြား(skin) တို့၌ အပူဖလှယ်ခြင်း(heat exchange) ဖြစ်ပေါ်သည့် ပမာဏဖြစ်သည်။

1 met = 58.2 w/m2 (SI units) = 18.4 Btu/h/ft2 (i.e. 58.2 x 3.412/10.76 = 198.5784/10.76 = 18.4
1 watt = 3.423 Btu/h
1 m2 = 10.76 ft2

Work Rate သို့မဟုတ် Metabolic Heat
လှုပ်ရှားမှု(physical work)များလေ ခန္ဓာကိုယ်မှ အပူစွန့်ထုတ်မှု များလေဖြစ်သည်။ အပူစွန့်ထုတ်မှုများလေ ခန္ဓာကိုယ်မှ အပူဆုံးရှုံးမှု များလေဖြစ်သည်။ Metabolic rate နှင့် thermal comfort တို့ အပြန်အလှန် ဆက်စပ်နေသည်။
Metabolic rate သည် အရွယ်အစား(size)၊ အလေးချိန် (weight) ၊ အသက် (age) ၊ ကြံခိုင်မှုအဆင့်(fitness level) နှင့် လိင်(sex) တို့ အပေါ်မူတည်သည်။ လေအပူချိန်(air temperature) စိုထိုင်းဆ(humidity) နှင့် လေအလျင်(air velocity) စသည်တို့ တူညီကြသော်လည်း တစ်ဦးနှင့်တစ်ဦး thermal comfort ကြိုက်နှစ်သက်မှု မတူညီကြပေ။

အရေပြားမျက်နှာပြင်ဧရိယာ(Surface area of body)
အရွယ်ရောက်ပြီးသည့် လူတစ်ယောက်၏ ပျှမ်းမျှ အရေပြားမျက်နှာပြင်ဧရိယာသည် 1.8 m2 ဖြစ်သည်။ အရွယ်ရောက်ပြီးသည့် လူတစ်ယောက်မှ ပျှမ်းမျှ စုစုပေါင်း အပူထွက်နှုန်း(total heat production)သည် တစ်နာရီလျှင် 356 Btu ဖြစ်သည်။ 58.2 x 1.8 = 104.76 = 105 watts (18.4 x 19.368 = 356.37 = 356 Btu's per hour)ဖြစ်သည်။

 

ကောင်းထက်ညွန့်
Thermal comfort အခန်းသို့ ဆက်ဖတ်ရန်

Heat Transfer of Human Body နှင့်သက်ဆိုင်သော ACMV Lecture များ (1 Lectures)
1 Heat Transfer of Human Body ?????????????? ??????? ??????????????? (Heat Transfer of Human Body) Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format