www.acmv.org | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
Air Compressors and Compressed Air Systems > Chapter – 4 (Part 2 of 2) > Air Compressors (Part 2 of 2) > Chapter-4 Air Compressors (Part 2 of 2) Contents ၄.၃.၂ လေကို အဆင့်ဆင့်ဖိသိပ်ခြင်း (Multistage Compression) ၄.၃.၃ Reciprocating Compressor များ၏ အားသာချက်များ နှင့် အားနည်းချက်များ ၄.၄.၁ Oil - Cooled Rotary Helical Screw Compressors ၄.၄.၂ Non - Lubricated Rotary Screw ၄.၄.၃ Screw Compressor များ၏ အားသာချက်များ နှင့် အားနည်းချက်များ ၄.၅ Sliding Vane Rotary Compressors ၄.၆.၁ Scroll Compressor များ၏ အားသာချက်များ နှင့် အားနည်းချက်များ ၄.၁၂ Centrifugal Air Compressors ၄.၁၂.၁ Centrifugal Compressor များ၏ အားသာချက်များ နှင့် အားနည်းချက်များ
၎.၃.၂ လေကို အဆင့်ဆင့်ဖိသိပ်ခြင်း (Multistage Compression)Multistage compression များ၏ အားသာချက်များမှာ
Compressor ၏ capacity (RPM နှင့် volumetric efficiency) လျော့နည်းမသွားစေရန်၊ လိုအပ်သည့် အခါများ၌ high compression ratio ရရှိရန်နှင့် စွမ်းအင်သုံးစွဲမှု(power input)နည်းစေရန် အတွက် inter-cooling ပြုလုပ်ထားသော multi-staging compressor များကို အသုံးပြုကြသည်။ ပုံမှန်အားဖြင့် အဆင့်များ(stages)အားလုံး၌ မြန်နှုန်း(speed) တူညီကြသည်။ Compressor တစ်ခုလုံး၏ volumetric efficiency သည် ပထမအဆင့်(first stage)မှ volumetric efficiency နှင့် တူညီသည်။ ပထမအဆင့်(first stage)သို့ ဝင်ရောက်လာသည့် လေအပူချိန်နှင့် တခြားသော stage များသို့ ဝင်ရောက်လာသည့် လေအပူချိန်နှင့် တူညီလျှင် အကောင်းဆုံး(perfect) inter-cooling ဖြစ်သည်ဟု ပြောနိုင်သည်။ Stage တစ်ခုစီအတွက် လိုအပ်သည့်(work input)သည် ထို stage တွင် compress လုပ်ရမည့် pressure ratio ပေါ်တွင် မူတည်နေသည်။ Stage များ အားလုံးတွင် air flow တူညီကြသည်။ အဆင့်(stage) တစ်ခုချင်းစီ၌ work input ကို သင့်လျော်အောင်ထားခြင်းဖြင့် compression ratio များကို ညီမျှအောင် ပြုလုပ် နိုင်သည်။ ပုံ(၄-၁၇) တွင် compression ကို အဆင့် နှစ်ဆင့်(two stage)ခွဲ၍ ပြုလုပ်သောကြောင့် shaded area သည် သက်သာသွားသည့် အလုပ်(work saved) ဖြစ်သည်။ Single-stage unit သည် လေအဝင်(inlet)မှ လေထွက်သည့်(discharge) အချိန်အထိ တစ်ဆင့်သာ compress လုပ်သည်။ ယေဘုယျအားဖြင့် 95 psi (6.5bar)ထက် နိမ့်သည့် ဖိအား(pressure range)အတွက် တစ်ဆင့်သာ compress လုပ်ရန်(single stage operation သာလုပ်ရန်) လိုအပ်သည်။
Drive အမျိုးအစားများ Air compressor များကို လျှပ်စစ်မော်တာ(electric motor) သို့မဟုတ် အင်ဂျင်(engine) သို့မဟုတ် ရေနွေးငွေ့(steam) သို့မဟုတ် တာဘိုင်(turbine) ဖြင့် မောင်းကြသည်။ စက်မှုလုပ်ငန်း(industrial) များတွင် လျှပ်စစ်မော်တာဖြင့် မောင်းသော air compressor များကို အများဆုံး တွေ့ရလေ့ရှိသည်။ အကြီးစား(heavy-duty)လုပ်ငန်းခွင်များနှင့် လျှပ်စစ်ဓာတ်အားမရနိုင်သည့် သတ္တုတွင်းများ၌ရွှေ့ပြောင်း နိုင်သော(mobile) air compressor များကို ဒီဇယ်အင်ဂျင် သို့မဟုတ် တာဘိုင်(turbine)ဖြင့် မောင်းကြသည်။ ၄.၃.၃ Reciprocating Compressor များ၏ အားသာချက်များ နှင့် အားနည်းချက်များSingle-Acting, Air-Cooled Reciprocating Air Compressors အားသာချက်များ (Advantages)
အားနည်းချက်များ(Disadvantages)
Double-Acting Water-Cooled Reciprocating Air Compressors အားသာချက်များ(Advantages)
အားနည်းချက်များ(Disadvantages)
၎.၄ Rotary Air CompressorsRotary compressor များတွင် piston မပါဝင်ဘဲ အဆက်မပြတ် လည်နေသည့် rotor ပါရှိသည်။ အင်ဂျင် သို့မဟုတ် မော်တာ စသည့် prime mover များဖြင့် တိုက်ရိုက် တွဲ၍ တပ်ဆင်ထားသောကြောင့် reciprocating compressor နှင့် နှိုင်းယှဉ်လျှင် စမောင်းသည့် အချိန်၌ ဖြစ်ပေါ်သော torque အလွန်နည်းသည်။ မြန်နှုန်းမြင့်မြင့် (high speed)ဖြင့် မောင်းနိုင်သောကြောင့် reciprocating compressor နှင့် နှိုင်းယှဉ်လျှင် လေထွက်နှုန်း(air output) များသည်။ Rotary compressor များတွင် အစိတ်အပိုင်း အနည်းငယ်သာ ပါဝင်သောကြောင့် ပျက်စီးနှုန်း(failure rate) နည်းသည်။ သေးငယ်သော foundation သာ လိုအပ်သည်။ တုန်ခါမှု(vibration) အလွန် နည်းသည်။ Rotary compressor များကို အောက်ပါ အတိုင်း ခွဲခြားနိုင်သည်။
Rotary air compressor များသည် positive displacement compressor များဖြစ်ကြသည်။ အသုံးများသည့် rotary air compressor များ၏ အရွယ်အစားသည် 5HP မှ 900 HP အတွင်းဖြစ်ကြသည်။ Rotary screw compressor များကို lubricated အမျိုးအစား အဖြစ် လည်းကောင်း၊ ချောဆီကင်းမဲ့သည့် dry (oil free) အမျိုးအစား အဖြစ်လည်းကောင်း လေသန့်စင်မှု လိုအပ်ချက်အပေါ် မူတည်၍ ရွေးချယ် တပ်ဆင် ကြသည်။
Rotary Screw Compressor အလုပ်လုပ်ပုံ လေစုပ်ယူခြင်း - Intake( 1 ) လေများသည် လေဝင်ပေါက်(inlet aperture)မှတဆင့် လည်နေသည့်(rotor) screw အသွားများ ဆီသို့ ဝင်ရောက်သွားသည်။
လေဖိသိပ်ခြင်း Compression ( 2 ) + ( 3 ) Rotor လည်နေသောကြောင့် လေဝင်ပေါက်(inlet aperture) ပိတ်သွားပြီး၊ အသွားများ အကြားရှိ နေရာ၏ထုထည် တဖြည်းဖြည်း ကျဉ်းလာပြီး ဖိအားမြင့် တက်လာသည်။ ထိုအချိန်တွင် lubricated compressor ဖြစ်လျှင် ထိုအချိန်တွင် ချောဆီများကို ထည့်ပေးရသည်။ လေထုတ်ခြင်း Discharge ( 4 ) လေဖိသိပ်ခြင်း(compression) ပြီးမြောက်သည်။ ဖိအားမြင့်သည့် လေများ လေထွက်ပေါက်(discharge port) မှ တစ်ဆင့် distribution ပိုက်များ အတွင်းသို့ ရောက်သွားသည်။ ၄.၄.၁ Oil - Cooled Rotary Helical Screw Compressors22 CFM မှ 3,100 CFM အထိ လေပမာဏ လိုအပ်လျှင် ချောဆီဖြင့်အေးစေသည့်(oil cooled) rotary helical screw compressor များကို အသုံးပြုကြသည်။ Helical ပုံသဏ္ဍန် screw ကို အသုံးပြုထားသောကြောင့် helical screw compressor ဟုခေါ်ခြင်း ဖြစ်သည်။ ဖိအား150 မှ 400 psia ရရန် အတွက် two-stage rotary-screw compressor ကို အသုံးပြုကြသည်။ အဆင့်နှစ်ဆင့်(two stage) ဖြစ်သောကြောင့် အဆင့်(stage) တစ်ခုစီတွင် compression ratio နည်းကြသည်။ ထို့ကြောင့် rotor ၏ အဝင်နှင့်အထွက်တွင် ဖိအားခြားနားမှု(pressure differential across the rotor) နည်းသောကြောင့် thrust-bearing တွင် ထမ်းထားရသည့် ဝန်ပမာဏ လျော့နည်းသည်။ Two-stage unit တွင် လေဝင်ပေါက် နှင့် လေထွက်ပေါက် နှစ်ပေါက် ပါရှိရန် လိုအပ်သောကြောင့် ဈေးကြီးသည်။ Lubricated compressor များ၌ ချောဆီများကို လေထဲသို့ဝင်ရောက်စေပြီး လေကို ဖိသိပ်သောကြောင့်ဖြစ်ပေါ်လာသော အပူ (heat of compression)ကို ချောဆီက စုပ်ယူသွားသည်။ ထို့ကြောင့် ချောဆီ၏ အပူချိန် မြင့်တက်လာသည်။ (တစ်နည်းအားဖြင့် ပူလာသည်။) ထို့နောက် ပူလာသောချောဆီကို heat exchanger အတွင်း၌ လေ(air) သို့မဟုတ် ရေ(water)ဖြင့် ပြန်၍ အေးစေသည်။ Compressor အတွင်း၌သာ အေးစေသောကြောင့် လေကိုပူစေမည့် နေရာမရှိနိုင်ပေ။ ထို့ကြောင့် oil cooled rotary-screw compressor များကို အမြင့်ဆုံးဝန်(maximium load) နှင့် အမြင့်ဆုံး ဖိအား(pressure)ဖြင့် (၂၄)နာရီပတ်လုံး အဆက်မပြတ် မောင်းနိုင်သည်။ အနားပေးရန် မလိုပေ။ တစ်ခြားသော continuous-duty air compressor များ ဖြင့် နှိုင်းယှဉ်လျှင် oil - cooled rotary-screw Compressor ၏ အားသာချက်များ မှာ
Male rotor နှင့် female rotor ကို water-cooled compressor အုံ(housing) ထဲတွင် တပ်ဆင် ထားသည်။ Gearbox ဖြင့် တွဲ၍ တပ်ဆင် ထားသည်။
၎.၄.၂ Non - Lubricated Rotary Screw
Non-lubricated rotary screw များကို “clearance-type” compressor များအဖြစ် သတ်မှတ် ခေါ်ဆို ကြသည်။ အဘယ်ကြောင့်ဆိုသော် အတွင်းရှိ အစိတ်အပိုင်းများ(internal parts)သည် တစ်ခုနှင့် တစ်ခု ထိတွေ့ခြင်း မရှိသောကြောင့် ဖြစ်သည်။ Compression chamber အတွင်း၌ ဂီယာ(Gear)ဖြင့် ချိတ်ဆက် မောင်းနှင်သည်။ Compression chamber အတွင်း၌ ချောဆီ(lubrication oil) ထည့်ပေးရန် မလိုအပ်ပေ။ Cylinder နံရံများကို water jacket မှ ရေများ ဖြန်းပေးခြင်းဖြင့် အေးစေသည်။ 400 CFM မှ 12,000 CFM ထုတ်ပေးနိုင်သည့် oil-free rotary helical screw compressor များကို ဈေးကွက်တွင် ရရှိနိုင်သည်။
၎.၄.၃ Screw Compressor များ၏ အားသာချက်များ နှင့် အားနည်းချက်များLubricant-Injected Rotary Screw Compressors အားသာချက်များ (Advantages)
အားနည်းချက်များ (Disadvantages)
Lubricant-Free Rotary Screw Air Compressors အားသာချက်များ (Advantages)
အားနည်းချက်များ(Disadvantages)
၎.၅ Sliding Vane Rotary Compressors၄.၅.၁ Vane CompressorsVane compressor များကို အထူးပြုလုပ်ထားသည့် cast alloy များဖြင့်ပြုလုပ်ကြသည်။ Vane compressor များ အားလုံးနီးပါးသည် oil lubricated အမျိုးအစား ဖြစ်ကြသည်။ Radial direction အတိုင်း ရွေ့လျားနိုင်သော blade များ ပါရှိသည့် rotor ကို stator husing အတွင်း၌ တပ်ဆင်ထားသည်။ Rotor လည်သည့်အခါ vane များကို ဖိသွင်းသကဲ့သို့ ဖြစ်သွားပြီး rotor နှင့် stator အကြားရှိ air pocket ၏ ထုထည်ကျဉ်းသွားပြီး အတွင်းရှိ ပိတ်မိနေသည့် လေသည် ဖိအား မြင့်တက်လာသည်။ ထို့နောက် vane သည် လေထွက်ပေါက်(outlet port)ကို ဖြတ်ကျော်သွားသည့်အခါ compressed air များ ထွက်သွားသည်။ Sliding vane rotary compressor များသည် လည်ပတ်နေသည့် vane များအကြားတွင် လေများ ပိတ်မိနေပြီး၊ vane များ တစ်ပတ်ပြည့်အောင် လည်မိချိန်တွင် vane အကြားရှိ နေရာသည် တဖြည်းဖြည်း သေးငယ်လာပြီး လေဖိအားလည်း တဖြည်းဖြည်း မြင့်တက်လာသည်။ နောက်ဆုံး ထွက်ပေါက်သို့ရောက်ချိန်၌ လေဖိအားသည် အလိုရှိသည့် discharge pressure သို့ ရောက်သွားသည်။ ချောဆီများ(lubricant)ကို လေပေါ်သို့ဖြန်းပေးခြင်းဖြင့် အပူများ(heat of compressoion) ကို ဖယ်ထုတ်ပစ်သည်။ ချောဆီ(lubricant)သည် vane ထိပ်ဖျား၌ လွတ်နေသည့်နေရာများကိုလည်း seal အနြေ့ဖင့် ပိတ်ဆို့ပေးသည်။
Sliding vane rotary compressor များမှ လေထုထည် 3,000 CFM ခန့် ထုတ်ပေးနိုင်သည်။ ထို compressor များကို oil injected အမျိုးအစား၊ oil- flooded အမျိုးအစား နှင့် oil-free type အမျိုးအစားများ အဖြစ် ရရှိနိုင်သည်။ မောင်းရန် ကုန်ကျစရိတ်နည်းခြင်း နှင့် တုန်ခါမှုမရှိခြင်းတို့သည် အားသာချက်များ ဖြစ်သည်။ အသုံးပြုသည့် နေရာတွင် foundation မရှိပဲ တပ်ဆင်နိုင်သည်။ Variable Speed Drive(VSD) နည်း၊ Load/Unload နည်း၊ adjustable rotor length နည်း နှင့် throttling လုပ်ခြင်းနည်း များဖြင့် vane rotary compressorများကို control လုပ်နိုင်သည်။
Rotary positive displacement compressor များသည် reciprocating compressor ထက် ပို၍ သေးငယ်ပြီး၊ ပို၍ ဆူညံသံ နည်းသည်။ တပ်ဆင်ရန်နေရာ(footprint) အနည်းငယ်သာ လိုသည်။ Screw compressor များ၏ အဓိက အားသာချက်သည် မရပ်နားပဲ အဆက်မပြတ် မောင်းနိုင်သည်။ Reciprocating compressor များကို 60% duty cycle ထက် ပိုများသည့် duty cycle ဖြင့် မောင်းရန် မဖြစ်နိုင်ပေ။ Two-stage rotary compressor များသည် single-stage reciprocating compressor များထက်ပို၍ efficient ဖြစ်သည်။ သို့သော် two-stage၊ double-acting reciprocating compressor များ၏ efficiency လောက် မကောင်းပေ။ Rotary compressor များ ၏ အားနည်းချက်သည် part load ဖြင့်မောင်းလျှင် efficiency သိသိသာသာ ကျဆင်းသွားသည်။ Part load တွင် reciprocating compressor များကို ယှဉ်၍ မရနိုင်ပေ။ ၄.၆ Scroll CompressorsScroll compressor သည် oil free(dry) အမျိုးအစား displacement compressor ဖြစ်သည်။ လေထုထည်(volume)ကို လျော့နည်း သွားအောင် ပြုလုပ်ခြင်းဖြင့် ဖိအား များစေသည်။ Scroll compressor တွင် ရွေ့လျားနေသည့် spiral နှင့် မရွေ့လျားနိုင်သည့် spiral ဟူ၍ spiral နှစ်ခု ပါရှိသည်။ တစ်ခုနှင့်တစ်ခု 180º phase displacement ဖြစ်အောင် ပြုလုပ်ထားသောကြောင့် လေ၏ ထုထည်နည်းခြင်း များခြင်းဖြစ်ပေါ်သည်။ Scroll compressor များသည် radial stability ကောင်းသည်။ Air pocket အတွင်းရှိ ဖိအားခြားနားချက် (pressure difference)သည် intet နှင့် outlet ရှိ ဖိအားခြားနားချက်(pressure difference)ထက် ပိုနည်း သောကြောင့် လေယိုစိမ့်မှု(leakage) နည်းသည်။ ရွေ့လျားနိုင်သည့် spiral ကို crank shaft မှ တစ်ဆင့် မောင်းပေးသည်။ Scroll compressor များသည် မောင်းသည့်အခါ အလွန်ငြိမ်သက်သည်။ ဆူညံသံ နည်းသည်။ တုန်ခါမှု (vibration) လုံးဝ မရှိပေ။ Torque ပြောင်းလဲခြင်း(variation) မရှိသလောက် နည်းသည်။
၎.၆.၁ Scroll Compressor များ၏ အားသာချက်များ နှင့် အားနည်းချက်များအားသာချက်များ
အားနည်းချက်များ
၎.၇ Tooth CompressorsTooth compressor ၌ compression chamber အတွင်း၌ လည်နေသည့် rotor နှစ်ခု ပါရှိသည်။ tooth compressor များသည် အဆင့် သုံးဆင့်ဖြင့် လေကိုဖိသိပ်(compress လုပ်)ကြသည်။
Rotor မှ channel ကိုဖွင့်ပေးပြီး Compressed Air များကို compressor chamber မှ ထွက်သွားစေ သည်။ Rotor နှစ်ခုကို ဂီယာဖြင့် ဟန်ချက်ညီအောင် ပြုလုပ်ထားသည်။ အများဆုံးရရှိနိုင်သည့် compression ratio သည် 4.5 ဖြစ်သည်။ ပိုမြင့်သည့် ဖိအား(pressure) ရရှိရန်အတွက် multi stage compressor ကိုအသုံးပြုနိုင်သည်။
၎.၈ Lobe CompressorsLobe compressors များကို “clearance-type” compressors များအဖြစ်သတ်မှတ်ခေါ်ဆိုကြသည်။
Lobe compressor များ၏ impeller များသည် တစ်ခုနှင့်တစ်ခု မောင်းခြင်း(drive)မရှိပဲ gear arrangementဖြင့်သာ မောင်းနှင်ကြသည်။ Compressor အတွင်းရှိ drive system ဖြစ်သော rotor နှင့် lobe တို့ အချက်ကျကျ ဟန်ချက်ညီညီ အလုပ်လုပ်နေအောင် timing gear က ဆောင်ရွက်ပေးကြသည်။ ချောဆီ(lubricant)များ bearing နှင့် gear အနီးနေရာတွင်သာရှိနေစေရန် နှင့် compression chamber အတွင်းသို့ မဝင်ရောက်စေရန် အတွက် ကာရံပေးထားရသည်။ End cover နှင့် rotor အကြားရှိ လွတ်နေသည့် နေရာ၏ အကွာအဝေး(clearance)သည် အလွန် အဓိကကျသည်။ 100 မှ 500 CFM ထုတ်ပေး နိုင်သည့် oil-free rotary lobe compressor များကို ဈေးကွက်တွင် ရရှိနိုင်သည်။ ၄.၉ Liquid Ring CompressorsLiquid ring compressor များသည် displacement compressor များဖြစ်ကြသည်။ Rotor ပေါ်တွင် blade များကို အသေ တပ်ဆင်ထားသည်။ Rotor ကို housing ထဲ၌ eccentrically တပ်ဆင် ထားသည်။ Housing ထဲတွင် ချောဆီများဖြင့် ပြည့်နေသည်။ Blade wheel အကြား၌ရှိသော ထုထည်(volume)သည် cyclically ပြောင်းလဲ နေသည်။ ၄.၁၀ Dynamic CompressorsRoto-dynamic compressor များကို အောက်ပါအတိုင်း ခွဲခြားနိုင်သည်။ (၁) Centrifugal compressors နှင့် (၂) Axial flow compressors တို့ဖြစ်သည်။ Dynamic compressor များကို axial ဒီဇိုင်းနှင့် radial ဒီဇိုင်းဟူ၍ နှစ်မျိုး ခွဲခြားနိုင်သည်။ Radial ဒီဇိုင်းကို turbo သို့မဟုတ် radial turbo ဟုလည်းခေါ်ကြသည်။ Axial ဒီဇိုင်းကို centrifugal compressor ဟုလည်း ခေါ်ကြသည်။
Dynamic compressor များ၏ စွမ်းဆောင်ရည်(performance)သည် ပြင်ပအခြေအနေများ ပေါ်တွင် မူတည်သည်။ အဝင်ဖိအား(inlet pressure)အနည်းငယ် ပြောင်းလဲရုံဖြင့် လေထွက်နှုန်း(capacity)များစွာ ပြောင်းလဲနိုင်သည်။ Centrifugal compressor များ၏ ထူးခြားချက်သည် radial discharge flow ဖြစ်သည်။ လည်နေသည့် impeller ၏ အလယ်(center) အတွင်းသို့ လေများဝင်ရောက်ပြီး blade များ အကြားမှ တစ်ဆင့် centrifugal force ကြောင့် အပြင်သို့ အရှိန်ပြင်းပြင်းဖြင့် ထွက်သွားသည်။ ထိုလေများသည် diffuser သို့မဟုတ် volute အတွင်း၌ Kinetic Energy(K.E)မှ Potential Energy(P.E)သို့ပြောင်းလဲကာဖိအား(pressure) မြင့်တက် လာသည်။ Pressure ratio သည် compressor ၏ final pressure ပေါ်တွင်မူတည်သည်။ ထို့ကြောင့် compression stage တစ်ခုနှင့်တစ်ခု အကြားတွင် inter-cooling လုပ်ပေးရန် လိုသည်။ အဆင့် ခြောက်ဆင့်(6 stages) Centrifugal compressor များသည် 25bar ဖိအား(pressure)ကို ထုတ်ပေး နိုင်သော်လည်း တွေ့နိုင်ခဲသည်။ Impeller များကို stainless steel alloy သို့မဟုတ် aluminium ဖြင့် ပြုလုပ်ကြသည်။ Centrifugal compressor များ၏ shaft speed သည် တခြား compressor များ၏ shaft speed ထက် ပိုများသည်။ 15,000 RPM မှ 100,000 RPM အတွင်းဖြစ်သည်။ ၄.၁၁ Axial CompressorCentrifugal compressor များတွင် လေယိုစိမ့်မှု(leakage)လျော့နည်းစေရန် အတွက် ဝင်ရိုး(shaft) များကို သင့်လျော်သော seal တပ်ဆင်ထားရန် လိုသည်။ Shaft seal ဟုလည်း ခေါ်သည်။ ယေဘုယျ အားဖြင့် အသုံးများ သော shift seal အမျိုးအစား လေးမျိုး တွေ့မြင်နိုင်သည်။
၎.၁၂ Centrifugal Air Compressors
Centrifugal compressor များသည် dynamic compressor များဖြစ်ကြသည်။ Dynamic compressor များသည် oil free compressor များဖြစ်ကြသည်။ လည်နေသည့် impeller များမှ လေကိုတွန်း၍ လေ၏ အလျင်(velocity) သို့မဟုတ် Kinetic Energy(K.E) ကို များအောင်ပြုလုပ်သည်။ ထိုနောက် velocity energy မှ pressure energy အဖြစ်သို့ ပြောင်းလဲစေသည်။ Impeller၌ pressure energy တစ်ဝက်ခန့် ဖြစ်ပေါ်ပြီး ကျန်ရှိသည့် pressure energy တစ်ဝက်သည် လေ၏မြန်နှုန်းကို diffuser နှင့် volute အတွင်း၌ လျော့နည်းစေကာ velocity energy မှ pressure energy အဖြစ် ပြောင်းလဲသွားသည်။ လေဖိအားနည်းနည်း(low pressure)နှင့် လေထုထည်များများ(high volume) လိုအပ်သည့်အခြေ အနေမျိုးတွင် centrifugal compressor များကို အသုံးပြုကြသည်။ 600 HP ထက်နိမ့်သည့် centrifugal compressor များကိုသာ ရနိုင်သည်။ Centrifugal compressor များသည် oil-free အမျိုးအစားများ ဖြစ်ကြသည်။ လေထဲတွင် ချောဆီ(oil) လုံးဝ မပါဝင်ပေ။ Centrifugal compressor သည် သတ်မှတ်ထားသည့် capacity ၏ ၈၀% ထက်နည်းလျှင် compressed air ကို လေထုအတွင်းသို့ ထုတ်ပစ်သည်။ “Blow-Off” လုပ်သည့်ဟုခေါ်သည်။ ထိုကဲ့သို့ “Blow-Off” လုပ်ပစ်ခြင်း သို့မဟုတ် compressed air ကို လေထုအတွင်းသို့ vent လုပ်ပစ်ခြင်းသည် စွမ်းအင် ဖြုန်းတီးခြင်း ဖြစ်သည်။ ထို့ကြောင့် centrifugal compressor များကို base-load compressor များ အဖြစ်သာ အသုံးပြု သင့်သည်။ Base-load compressor ဆိုသည်မှာ အချိန်တိုင်း 100% capacity ဖြင့် မောင်းနေမည့် compressor ကို ခေါ်ဆိုခြင်း ဖြစ်သည်။ Centrifugal compressor များသည် full load efficiency အလွန်ကောင်းသောကြောင့် base-load compressor များအဖြစ် အသုံးပြု သင့်သည်။ အချိန်တိုင်း ၁၀၀% မောင်းနေအောင် ဒီဇိုင်း လုပ်သင့်သည်။ Rotor shortening လုပ်ခြင်း၊ Variable Speed Drive(VSD)တပ်ဆင်ခြင်း စသဖြင့် efficient unloading နည်းများဖြင့် reciprocating compressor သို့မဟုတ် screw compressor ကို trim compressor အဖြစ် တွဲ၍ တပ်ဆင် အသုံးပြုသည်။ လက်ရှိမောင်းနေသည့် load သည် base-load compressor ၏ capacity ထက်များသည့် အခါ၌ partial load ဖြင့်မောင်းမည့် compressor သည် trim compressor ဖြစ်သည်။ Centrifugal compressor တွင် inlet valve သို့မဟုတ် inlet guide vane ဖြင့် capacity ကို ထိန်းချုပ်ခြင်းသည် rotary screw compressor များတွင် inlet valve ကို ပိတ်ခြင်း၊ ဖွင့်ခြင်းဖြင့် capacity ကို ထိန်းချုပ်ခြင်း နှင့် ပုံစံတူသည်။ ထိုသို့ ပြုလုပ်ခြင်းသည် efficient ဖြစ်သည့်နည်း မဟုတ်ပေ။ Centrifugal compressor ၏ maximum capacity ထက် ၇၅% - ၈၀% ထက် နည်းအောင် throttling လုပ်လျှင် surge ဖြစ်ပေါ် နိုင်သည်။ Surge ဆိုသည်မှာ compress လုပ်ပြီးသား လေများ compressor အတွင်းသို့ ပြန်လည် ဝင်ရောက်လာခြင်းဖြစ်သည်။ Surge ဖြစ်လျှင် တုန်ခါမှု အလွန်များပြီး အချိန်တိုအတွင်း စက်အစိတ်အပိုင်းများ ပျက်စီးနိုင်သည်။ ၄.၁၂.၁ Centrifugal Compressor များ၏ အားသာချက်များ နှင့် အားနည်းချက်များအားသာချက်များ(Advantages)
အားနည်းချက်များ(Disadvantages)
ပင်လယ်ရေပြင်(sea level)ထက်မြင့်သည့်နေရာတွင် မောင်းလျှင် volumetric efficiency ပြောင်းလဲပုံ ကို အောက်တွင်ဇယားဖြင့်ဖော်ပြထားသည်။ Effect of Altitude on Volumetric Efficiency
* 1 milli bar = 1.01972 x 10-3 kg/cm2 ထို့ကြောင့် ပင်လယ်ရေပြင်(sea level) ထက်ပိုမြင့်လေလေ Volumetric Efficiency နည်းလေလေ ဖြစ်သည်။
|
|
www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers |