To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Air Conditioning > Pumping System > Chilled water/ Hot water Distribution Configuration > > www.acmv.org
Air Conditioning > Pumping System > Chilled water/ Hot water Distribution Configuration >


Untitled Document

Chilled water/ Hot water Distribution Configuration

 

ACMV သို့မဟုတ် HVAC တို တွင် main piping systems နှစ်မျိုးကို Chilled water/ Hot water circulation လုပ်ရန် တွင်ကျယ်စွာတွေ့ ရသည်။

က) direct return and

ခ) reverse return systems

အောက်တွင်ဖော်ပြထားသော ပုံနှစ်ခုမှာ direct return နှင့် reverse return systems တို့ဖြစ်သည်။

direct return နှင့် reverse return systems တို့၏ ကွဲပြားမှုမှာ the direct return
system ၏ water return pipes သည် main return header နှင့် တစ်ခုခြင်းစီ ပိုက်ဆက်ထားခြင်း (individually connected)ဖြစ်ပြီး reverse return systems သည် individual coils မှထွက်လာသော Leaving water သည် အတူတကွ ပေါင်းပြီးမှသာ main return header ထဲသို့ဝင်သွားခြင်းဖြစ်သည်။

ထိုကြောင့် reverse return systems တွင် coil တစ်ခုခြင်းစီမှ circulating pumps အထိ ပိုက်အရှည် သည် တူညီကြသည်။

ထိုကဲ့သို့ individual coils တိုင်းတွင် တူညီသော ပိုက်အရှည် ရှိကြသောကြောင့် coils အားလုံးအတွက် တူညီသော water pressure drop ကို ဖြစ်စေသည်။ ထိုကဲသို့သော reverse return systems

သည် အလိုလျှောက် selfbalancing ဖြစ်နေပြီး balancing valves များတပ်ရန် မလိုအပ်ပေ။

direct return systems များတွင် coil တစ်ခုခြင်းစီမှ circulating pumps အထိ ပိုက်အရှည်သည် coil ၏ တည်ရှိရာနေရာကိုလိုက်၍ မတူညီကြပေ။ circulating pumps နှင့် အနီးဆုံးသော coil ၏ ပိုက်သည် အတိုဆုံးဖြစ်သည်။ ပိုက်အရှည်မတူညီကြသောကြောင့် coils တစ်ခုခြင်းစီ အတွက် water pressure drop လည်းမတူညီကြပေ။ ထိုကြောင့် Coil တိုင်း တွင် balancing valves များတပ်ထားရန်လိုအပ်သည်။ branch ပိုက်များတွင်လည်း balancing valves များတပ်ဆင်ရန်လိုအပ်သည်။ ထိုသို့မတပ်ဆင်ခဲ့ပါမူ circulating pumps နှင့် အနီးဆုံး Coil နှင့် အနီးဆုံး branch ပိုက်များသို့ ( water pressure drop နည်းသောကြောင့် ) ရေများသည် လိုသည်ထက်ပို၍စီးဆင်းသွားလိမ့်မည်။ အဝေးဆုံး Coil နှင့် အဝေးဆုံး branch ပိုက်များ သည် လိုအပ်သည် ရေ ပမာဏကို ရနိုင်လိမ့်မည်မဟုတ်ပေ။

 

 

 

water distribution system တို့တွင် ပန့် အရေအတွက်နှင့် အသုံးပြုပုံကိုမူတည်၍ ကွဲပြားသေးသည်။

primary-secondary distribution system တွင် primary pump နှင့် secondary pumps ဟု၍ pump set နှစ်မျိုးပါဝင်သည်။

primary pump သည် ရေ ကို chillers သိုမဟုတ် boilers တွန်းပို့သည် တာဝန်ကို ဆောင်ရွက်သည်။ (secondary pumps ရှိလျှင် Coil အထိရောက်အောင်တွန်းပို့ရန်မလိုအပ်ပေ).

secondary pumps သည် ရေကို chillers သိုမဟုတ် boilers ဘက်မှ စုပ်ယူ၍ Coil များအထိရောက်အောင်ဆောင်ရွက်ရသည်။ primary pump ရှိသည့် pipe network ဘက်ကို primary Circuit ဟုခေါ်ပြီး secondary pumps ရှိသည့် pipe network ကို secondary Circuit ဟုခေါ်သည်။

The primary pumps (primary Circuit)နှင့် secondary pumps (secondary Circuit)ကို bypass pipe နှင့် hydraulically isolated ဖြစ်အောင်ခွဲခြားထားသည်။bypass pipe ကို decoupler pipe ဟုလည်းခေါ်သည်။The secondary distribution သို့ secondary Circuit ကို direct return သို့ reverse return System ဟု နှစ်မျိုးရှိသည်။

 

decoupler piping အတွင်းတွင် ရေသည် နှစ်ဘက်စလုံးမှ စီးဆင်းနိုင်သည်။ မည်သည့်ဘက်ကို စီဆင်းမည်ဆိုသည်မှာ ထုပ်လုပ်သည့်ရေပမာဏနှင့် “production” of chilled or hot water in the primary circuit (primary flow) နှင့် သုံးစွဲသည့် ရေပမာဏ the amount of “consumption” by the building (secondary flow) ပေါ်တွင်မူတည်သည်။

primary flow သည် secondary flow ထက်ပိုများလျှင် decoupler pipe အတွင်းတွင် ရေ သည် supply header ဘက်မှ return header သို့စီဆင်းလိမ့်မည်။

the primary system produces more chilled or hot water than what the secondary system consumes, the flow of water in the decoupler pipe will be from supply header to return header.

secondary flow လိုအပ်မှုသည် primary flow မှ ရေထုပ်လုပ်မှုထက်များလျှင် decoupler pipe အတွင်းတွင် ရေ သည် return header ဘက်မှ supply header သို့စီဆင်းလိမ့်မည်။

On the other hand, if the secondary system requires more water than that produced by the primary system, the flow of water in the decoupler pipe will be from return to
supply.

primary flow ဘက်မှ ရေထုပ်လုပ်မှုသည် မောင်းသည် Chiller capacity နှင့် Chiller အရေအတွက်ပေါ်တွင်မူတည်သည်။ ( 1 RT တိုင်းအတွက် 2.4 USgmp Chilled Water ထုပ်လုပ်သည်။)

primary flow ဘက်မှ ရေလိုအပ်မှုသည် building load ပေါ်တွင်မှုတည်သည်။ ထိုကြောင့် secondary pumps ကို variable speed drives တပ်ဆင်၍မောင်းကြသည်။

In such primary-secondary systems, hydraulic isolation allows the secondary pumps to vary the flow (usually using variable speed drives)
with building load while maintaining a constant flow of water through the primary circuit.

ကောင်းထက်ညွန့်

Distribution System နှင့်သက်ဆိုင်သော ACMV Lecture များ (2 Lectures)
1 Pumping System Chilled water/ Hot water Distribution Configuration Read
2 Pumping System System Curves Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format