To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Air Conditioning > Pumping System > Type of Pumps > > www.acmv.org
Air Conditioning > Pumping System > Type of Pumps >


Untitled Document

Pumps

air-conditioning systems တွင် Chilled Water Circut and condenser water Circuit များအတွက် ပန့်များလိုအပ်သည်။

chilled water and hot water (heating) systems များတွင်, ပန့်များကို chilled water and hot water များလှည့်ပတ်ရန်အတွက် အသုံးပြုသည်။ Chiller Water ကို Chiller အတွင်းမှ AHUများနှင့် FCU များသို့ရောက်အောင်၊ ထိုမှတဆင့် cooling Coil များကိုဖြတ်ကာ Chiller ဆီသို့ပြန်ရောက်ရန် အတွက် ပန့်များက တွန်းပို့ပေးရသည်။ Chilled Water Circut ကို Closed System ဟုခေါ်သည်။

ထိုနည်းတူစွာပင် condenser cooling systems တွင် Condenser Water Pump များသည် Condenser Water ကို Chiller အတွင်းမှ Cooling Tower များသို့ရောက်အောင်၊ ထိုမှတဆင့် in-fill များကိုဖြတ်ကာ Chiller ဆီသို့ပြန်ရောက်ရန် အတွက် ပန့်များက တွန်းပို့ပေးရသည်။ condenser Water Circut ကို Opened System ဟုခေါ်သည်။

အဆောက်အဦး၏ ACMV system များတွင် Centrifugal pump များကို တွင်ကျယ်စွာ အသုံးပြုကြသည်။

ပန့်များကို တပ်ဆင်ထားသည့် arrangement and mechanical features တို့ကိုလိုက်၍ အမျိုးအစားခွဲခြားထားသည်။ အောက်ပါ အမျိုးအစားပန့်များသည် ACMV system များတွင် အသုံးများသော ပန့်များဖြစ်ကြသည်။

က) End Suction Pump

ခ) Inline Pump

ဂ) Horizontal Split Case Pump

ဃ) Vertical Split Case Pump

 

End Suction Pump

မော်တာကိုHorizontallyတပ်ဆင်ထားသည်။ရေသည်Horizontalတိုင်းပန့်တွင်းသို့ရောက်ရှိပြီး Vetical အတိုင်းပြန်ထွက်သည်။

 

Inline Pump

မော်တာကို Verticallyတပ်ဆင်ထားသည်။ရေသည် Horizontal တိုင်းပန့်တွင်းသို့ရောက်ရှိပြီး Horizontal အတိုင်းပြန်ထွက်သည်။

 

Horizontally Split Case Pump

မော်တာကိုHorizontally တပ်ဆင်ထားသည်။ရေသည် Horizontal တိုင်းပန့်တွင်းသို့ရောက်ရှိပြီး Horizontal အတိုင်းပြန်ထွက်သည်။

 

Vertically Split Case Pump

မော်တာကို Horizontally တပ်ဆင်ထားသည်။ရေသည် Vertical တိုင်းပန့်တွင်းသို့ရောက်ရှိပြီးVertical အတိုင်းပြန်ထွက်သည်။

pumping system တိုင်းတွင် ကွဲပြားသော unique pipe sizing, pipe length, and fitting များကြောင့် ကိုယ်ပိုင် system curve ကိုယ်စီရှိကြသည်။ pumping system အတွင်းတွင်ရှိသော components (pipe length ဖြစ်စေ Valve, Elbow စသော fitting တစ်ခုခု) ပြောင်းလဲ လျှင် system curve သည်လည်းပြောင်းလဲသွားလိမ့်သည်။ အဘယ်ကြောင့်ဆိုသော် စီးဆင်းခြင်းကို ခုခံမှု (flow resistances) ပြောင်းလဲသွားသောကြောင့်ဖြစ်သည်။

pump curve ဆိုသည်မှာ flow rate and developed pressure တို၏ ဆက်သွယ်ချက်ကို ဂရပ်ပုံစံဖြင့်ဖော်ပြထားခြင်းဖြစ်သည်။ pump curve သည် ပန့်၏ ကွဲပြားသော operating points ( flow နည်းနည်း နှင် Pressure Head များများ သို့မဟုတ် flow များများနှင် Pressure Head နည်းနည်း ) ကို ဖော်ပြထားသည်။ Zeor Flow မှ စတင်၍ Full flow အထိ Pressure Head များနှင့်တွဲ၍ဖော်ပြထားသည်။ pump curve သည် flow rate and developed pressure တိုအပြင် the pump power and operating efficiency တို့၏ဆက်စပ်မှုများကိုလည်းသိရှိနိုင်သည်။

pump curves ကို ပန့်ထုပ်လုပ်သူများ (pump manufacturers) ထံမှ ရယူနိုင်သည်။

pump curves များတွင် flat curves သို့မဟုတ် steep curves ဟု၍ကွဲပြားမှုရှိသည်။

flat curves ကိုပိုင်ဆိုင်သောပန့်များသည် flow ပမာဏ များစွာပြောင်းလဲသည့်တိုင်အောင် Pressure သည် မပြောပလောက်သည့် ပမာဏအနည်းငယ်သာပြောင်းလဲသည်။ ထိုကြောင့် flat curves ကိုပိုင်ဆိုင်သောပန့်များသည် closed systems with modulating 2-way control valves များအတွက်အလွန့်သင့်လျှော်သည်။ တနည်း Chiller Water pump (closed system pump) များ အဖြစ်အလွန်သင့်လျှော်သည်။ AHU နှင့် FCU များတွင်တပ်ဆင်ထားသော modulating 2-way control valves သည် Building Cooling Load ပေါ်တွင်မှုတည်၍ လိုအပ်သလို လိုအပ်သည့် % အတိုင်းအဖွင့်အပိတ်ပြုလုပ်ကြသည်။ ထိုကြောင့် Chiller Water Flow သည် ပြောင်းလဲသေည်။ သို့သော် Pressure လိုအပ်မှုက ပြောင်းလဲမှုအလွန်နည်းသည်။ ထိုကြောင့် flat curves ပန့် သည် အသင့်လျှော်ဆုံးဖြစ်သည်။

steep curves ကိုပိုင်ဆိုင်သောပန့်များသည် flow ပမာဏ ၏ပြောင်းလဲမှုအတိုင်း Pressure သည်လိုက်၍ ပြောင်းလဲသည်။ Pressure ပမာဏ သည် လည်း flow ပြောင်းလဲသည်အတိုင်းလိုက်ပြောင်းလဲသည်။

ထိုကြောင့်steep curves ကိုပိုင်ဆိုင်သောပန့်များသည် constant flow applications such as condenser
water systems serving cooling towers များအတွက်အလွန့်သင့်လျှော်သည်။ တနည်း steep curves ပန့်များသည် Condenser Water pump (Opened system pump) များ အဖြစ်အလွန်သင့်လျှော်သည်။

ကောင်းထက်ညွန့်


Pump နှင့်သက်ဆိုင်သော ACMV Lecture များ (7 Lectures)
1 Pumping System Type of Pumps Read
2 Pumping System Pump Head Calculation Read
3 Pumping System Pump Curves Read
4 Pumping System Pump Calculation Examples 1 Read
5 Pumping System Pump Calculation Examples 2 Read
6 Pumping System Understanding of Pump Head Read
7 Chilled Water Pump and Condenser Water Pump Power Pumping Power Calculation Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format