To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Heat Load Calculation > ETTV and RETV > ETTV Value တွက်နည်း (အပိုင်း ၁) > > www.acmv.org
Heat Load Calculation > ETTV and RETV > ETTV Value တွက်နည်း (အပိုင်း ၁) >


Untitled Document

ETTV Value တွက်နည်း (အပိုင်း ၁)

ပထမဆုံးအချက်နေဖြင့် ETTV Formula သည် နိုင်ငံကိုလိုက်၍ပြောင်းလဲသည်။

ဒုတိယ Assumptions များပြုလုပ်ထားသည်။

ETTV Value တွက်နည်း တွင် အောက်ပါတို့ကို Assumption လုပ်ထားသည်။

က) Building Envelope is fully enclosed. အဆောက်အဦးတစ်ခုလုံးသည် နံရံများဖြင့် လွတ်သည့်နေရာမရှိအောင်ကာရံထားသည်ဟုယူဆထားသည်။

ခ) Convention Heat Trasfer through building Enveloped opening portion is ignored.

အဆောက်အဦး၏ တံခါးများ၊ ဝင်ပေါက်ထွက်ပေါက်များမှ Convention နည်းဖြင့် အပူများစီးဝင်ခြင်း (Air Conditioning အတွက်) နှင့် အပူများစီးထွက်ခြင်း(Heating System အတွက်) ကို ထည့်သွင်းတွက်ချက်ခြင်းမပြုလုပ်ပါ။

ETTV ပုံသေနည်း

 

ETTV တန်ဘိုးသည် တွင် အပိုင်း၃ခုပါဝင်သည်။

1) Heat conduction Through Opaque Walls အပိုင်း

Heat conduction Through Opaque Walls = 12(1-WWR) Uw

Constant number 12 သည် အပြင်အပူချိန် (35C - 23C = 12C) ဖြစ်သည်။

အဆောက်အဦး အတွင်း နှင့် အပြင်တွင် အပူချိန်ကွာခြားသည့်အခါ မြင့်သည့်အပူချိန် T1 မှ နိမ့်သည်အပူချိန် T2 သို့ နံရံများ ကို ဖြစ်၍ အပူစီးကူးမှုဖြစ်ပေါ်သည်။ ဥပမာ ပြင်ပအပူချိန် 35C မှ အဆောက်အဦး အတွင်း အပူချိန် 23C သို့ conduction အပူစီးကူးမှုဖြစ်ပေါ်သည်။

WWR သည် window to wall ratio ဖြစ်သည်။ နံရံတစ်ဘက်၏ ဧရိယာတစ်ခုလုံးကို ကိန်းပြည့်ဂဏန်း ၁ အဖြစ်ယူပြီး WWR သည် နံရံတစ်ခုလုံးတွင် Window ဧရိယာရာခိုင်နှုန်းမည်မျှဖြစ်သည်ကို ဆိုလိုသည်။

WWR = 0.6 ဆိုသည်မှာ နံရံတစ်ဘက်တွင် ဧရိယာတစ်ခုလုံး၏ ၆၀% သည် window များဖြစ်သည် ဟုဆိုလိုသည်။ ကျန်၄၀ ရာခိုင်နှုန်းမှာ fenesate နံရံများဖြစ်သည်။

Uw သည် နံရံအမျိုးအစားနှင့်သက်ဆိုင်သော U တန်ဘိုးဖြစ်သည်။

Heat (Q) = U x Area x Dfferential Temperature မှ simplified လုပ်ထားသည် Formula ဖြစ်သည်။

ဥပမာ

အဆောက်အဦးတစ်ခု၏အရှေ့ဘက်သို့မျက်နှာမူသောနံရံတစ်တစ်ခု၏ဧရိယာသည် စတုရန်းမီတာ ၁၀၀ ဖြစ်ပြီး ဧရိယာ၏၅၀%သည် ပြုတင်းပေါက်များဖြစ်လျှင် ထိုနံရံ၏ ဖြစ်ပေါ်သော Heat Conduction ကို ရှာပါ။ အောက်တွင်ပြထားသော U တန်ဘိုး 0.3 W/m2 K ဖြစ်သည်။

အထက်တွင်ဖော်ပြထားသော ETTV ၏ စင်ကာပူတွင် အသုံးပြုရန်အတွက်သတ်မှတ်ထားသော ပုံသေနည်းအရ အတွင်းနှင့်အပြင် အပူချိန်ခြားနားချက်သည် ၁၂ ဒီဂရီC ဖြစ်သည်။

Heat conduction Through Opaque Walls = 12(1-WWR) Uw = 12 (1-0.5) 0.3 =1.8 W per Sq meter ဖြစ်သည်။

အဓိပ္ပါယ်မှာ အရှေ့ဘက်သို့မျက်နှာမူသောနံရံ၏ ၁ စတုရန်းမီတာ တိုင်းမှ အပူပမာဏ 1.8 Watt စီးကူးဝင်ရောက်လာမည်ဟုဆိုလိုသည်။

U တန်ဘိုးကို ASHRE Hand Book များ။ Singapore BCA ၏ Data များ နှင့် ထုပ်လုပ်သူများထံမှ ရရှိနိုင်သည်။

U တန်ဘိုး အနည်းအများသည် အောက်ပါ အချက်အလက်များပေါ်တွင်မူတည်သည်။

Envelope Layers of Materials
Thickness of Material
Thermal Conductivity of Materials (K Value or R Value)
Air Resistance

Thermal Conductivity (K Value)
K တန်ဘိုးသည်နံရံ အမျိုးအစားကို လိုက်၍ အဆောက်အဦးတွင်းသို့ အပူစီးကူနိုင်စွမ်း (ablility of a material to trasmit heat) ကိုဆိုလိုသည်။

အတွင်းနံရံနှင့် အပြင်နံရံအကြားတွင် unit temperature difference ဖြစ်ပေါ်သည့် steady-state conditions တွင် unit area of the material of unit thickness မှ trasmit လုပ်သောအပူ(Heat) ပမာဏသည် K တန်ဘိုး ဖြစ်သည်။
Quantitiy of heat trasmiteed under steady-state conditions through unit area of the material of unit thickness in unit time when unit temperature difference exists between its opposite surface (W/m K)

ကွန်ကရစ်နံရံ ၏ K တန်ဘိုးသည1.44 watt ဖြစ်သည်။ အဓိပ္ပါယ်မှာ ၁ မီတာအထူ ကွန်ကရစ်နံရံမှ ၁ ဒီဂရီK အပူချိန်ကွာခြားမှုကြောင့် trasmit လုပ်သောအပူ(Heat) ပမာဏသည် 1.44 watt ဖြစ်သည်။

the lower the better. K တန်ဘိုးသည် နည်းလေ အဆောက်အဦးတွင်းသို့ အပူစီးကူမှုနည်းလေဖြစ်သည်။

2) Heat conduction Through Glass Windows အပိုင်း

Heat conduction Through Glass Windows = 3.4 (WWR) Uf

Heat (Q) = U x Area x Dfferential Temperature မှ simplified လုပ်ထားသည် Formula ဖြစ်သည်။

Dfferential Temperature = 3.4 C ဖြစ်သည်။

Area မှာ Window များအားလုံး၏ စုစုပေါင်းဧရိယာ ဖြစ်သည်။ Window Schedule ကို Architech ထံမှ ရရှိနိုင်သည်။

 

ETTV and RETV နှင့်သက်ဆိုင်သော ACMV Lecture များ (3 Lectures)
1 ETTV and RETV ETTV and RETV တန်ဘိုး Read
2 ETTV and RETV ETTV Value တွက်နည်း (အပိုင်း ၁) Read
3 ETTV and RETV ETTV Value တွက်နည်း (အပိုင်း ၂) Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format