To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Control Systems > HVAC Control Systems > Introduction To HVAC Control Systems > Gains and Loop Tuning > www.acmv.org
Control Systems > HVAC Control Systems > Introduction To HVAC Control Systems Gains and Loop Tuning >


Gains and Loop Tuning ၁.၅ Gains and Loop Tuning
ကားမောင်းတတ်ခါစ သူများမောင်းသည့်အခါ ကားသည် ညင်သာချောမွေ့စွာ သွားလေ့မရှိပေ။ စက်နှိုးသည့် အခါ လီဗာ(leave) ကိုတဆုံးနင်းထားခြင်း၊ ကားဆောင့်ထွက်ခြင်း၊ ဘရိတ်ကိုစောင့်နင်းခြင်း စသည့် အဆင်မပြေမှုများ ရှိစမြဲဖြစ်သည်။ သို့သော် ကျွမ်းကျင်စွာ မောင်းတတ်လာသည့်အခါတွင် အလိုလျှောက်ထိန်းတတ်လာသည်။ သို့သော် အမျိုးအစားမတူသည့် ကားကိုမောင်းသည့်အခါ ဘရိတ်အမာ၊ အပျော့ကွာခြားခြင်း၊ လီဗာ(leave) မတူညီခြင်းတို့ကြောင့်မည်သူမဆိုပြန်၍ adjust လုပ်ရန်လိုသည်။

ထိုနည်းတူပင် HVAC system များတွင် ရှိသည့် control loop များကိုလည်း tune လုပ်ရန်လိုသည်။ Control လုပ်ရမည့် system များသည် တစ်ခု နှင့် တစ်ခုမတူညီသောကြောင့် control loop များအားလုံးသည်လည်း တူညီမလိမ့်မည်မဟုတ်ပေ။ အလွန်ကြီးမား သော ware house တွင်သုံးသည့် heating coil နှင့် ဟိုတယ်အခန်းငယ် တွင်သုံးသည့် heating coil တို့တွင်အားလုံးတူညီသည့် controller အသုံးပြုနိုင်သည်။ ထို system ၂ ခု၏ time constant သည်တူညီကြလိမ့်မည်မဟုတ်။ ထို့ကြောင့် controller gain များကို adjust လုပ်ရန်လိုသည်။ Tune လုပ်ရန်လိုသည်။



ပုံ 1-15 တွင် proportional control loop turning လုပ်ပုံကိုဖော်ပြထားသည်။
“P Gain” များလာလေလေ oscillation ပိုဖြစ်လေလေဖြစ်သည်။
P control loop ဖြစ်သောကြောင့် Gain အားလုံးအတွက် offset ရှိသည်။ ပုံ 1-16 တွင် proportional plus integral (Pl) control loop turning လုပ်ပုံကို ဖော်ပြထားသည်။ P only control ထက်ပို၍ကောင်းလာသည်။ အားလုံးအတွက် P Gain (Kp) မှာ 1.5 ကိန်းသေဖြစ်သည်။
“I Gain” (Ki) နည်းလာလေလေ oscillation နည်းလာလေလေဖြစ်သည်။
ပုံ 1-17 သည် PID control loop tuning လုပ်ပုံကိုဖော်ပြထားသည်။ Set point တဆင့်ပြီးတဆင့် ပြောင်းလာသည့်အခါ control loop များက တုန့်ပြန် ပုံကိုဖော်ပြထားသည်။
HVAC system များသည်တစ်နေ့တာအတွင်း set point ပြောင်းလဲမှု အချို့ ဖြစ်ပေါ်သော်လည်း၊ ဤပုံများတွင်ပြထား သကဲ့သို့မြန်ဆန်စွာမဖြစ်ပေါ်နိုင်ပါ။ heating load နှင့် cooling load များအတွက် response များမှာ ခပ်ဆင်ဆင် တူညီကြသည်။ သင့်လျှော်သည် proportional gain၊ integral gain နှင့် derivative gain တို့ကိုရွေးချယ်ခြင်း ဖြင့်ပိုတိကျသည့် accuracy နှင့် ပိုကောင်းသည့် system stability ရရှိနိုင်ပုံကို curve များမှ တဆင့် လေ့လာနိုင်သည်။ Loop turning သည်အနုပညာဆန်သည့် ဝိဇ္ဇာပညာရပ်ဖြစ်ပြီး trial-and-error နည်းဖြင့်သာ ပြုလုပ်နိုင်သည်။

Tune လုပ်သည့် နည်းလမ်းမှာ များသောအားဖြင့် သင့်လျှော်သည့် proportional gain ကိုအရင်ဆုံးရအောင် ပြုလုပ်ပြီး ရှိနေသည့် off set တန်ဘိုးကို integral gain ဖြင့်လုံးဝပျောက်အောင်၊ နည်းသွားအောင်ပြုလုပ်ခြင်း ဖြစ်သည်။ များသောအားဖြင့် derivative gain ကို အသုံးပြုလေ့မရှိပေ။ Derivative gain ကိုပါထည့်၍ tune လျှင် အလွန်ရှုပ်ထွေးသောကြောင့် လိုအပ်လျှင်နောက်ဆုံးမှသာ ထည့်လေ့ရှိသည်။

ပထမဦးစွာ PID gain များကို rule-of-thumb နည်းအရသော်၎င်း၊ ထုပ်လုပ်သူများ (Manufacturer) များ၏ recommended value များအရသော်၎င်း၊ ယခင်ကကြုံတွေခဲ့သည့် အတွေ့အကြုံများ အရသော်၎င်း ထည့်၍ tune လုပ်ယူသည်။ control system ၏လုပ်ကိုင်ဆောင်ရွက်ပုံကို လေ့လာပြီး Gain တန်ဘိုးကို oscillation စဖြစ်သည် အထိရောက် အောင်တိုးပေးသည်။ Trend logging ရနိုင်ခဲ့လျှင် control system ၏ performance ကိုပြန်၍ကြည့်နိုင်သည်။ ထို့နောက် Gain တန်ဘိုးကို osicallatin စတင်ဖြစ်ပေါ်သည့် တန်ဘိုး၏ထက်ဝက်ခန့် လျှော့ချကာအသုံးပြုနိုင်သည်။ PID တန်ဘိုးများ၏ performance များကို manufacturer များတစ်ယောက်နှင့်တစ်ယောက် ကွဲပြားစွာ သုံးလေ့ရှိသည်။ ပို၍အတွေ့အကြုံများသူသည် အချိန်တိုတိုအတွင်း ပိုတိကျစွာ turning လုပ်နိုင်လိမ့်မည်။ အထက်ပါနည်းသည် အကောင်းဆုံး မဟုတ်သောလည်း သင့်လျှော်ကောင်းမွန်သည့် ရလာဒ်ကိုရနိုင်သည်။ အလွန်တိကျသည့် loop turning နည်းများကို အသုံးပြုနိုင်သည်။ သို့သော်လက်ဖြင့် (manually) ပြုလုပ်ရန် အလွန်လက်ဝင်၊ ခက်ခဲသည်။ အချို့သော digital control system များတွင် automatic loop turning software ပါဝင်သည်။ မည်သူ့အကူအညီနှင့် input မလိုအပ်ပဲ software အလိုလျှောက် loop turning ပြုလုပ် နိုင်သည်။

Proportional control logic တွင် process များသည် မျဉ်းဖြောင့်အတိုင်း ဆက်စပ်နေသည်။ (Linear relation) ဟုယူဆ(Assume)ထားသည်။ Error ကိုတွက်ယူသည့်အခါ၌ ပါဝင်သောအချို့ characteristic များသည် operating condition နှင့်မသက်ဆိုင် (independent ဖြစ်သည်) ဟုလည်းယူဆထားသည်။ လက်တွေ့ process များအားလုံး၏ function သည် Non-linear ဖြစ်သည်။ ထို့ကြောင့် PID Logic ကို operation condition များအားလုံးအတွက် error မရှိအောင် (error=zero) လုပ်ရန်အလွန်ခက်ခဲသည်။

ပုံ1-2 တွင်ပြထားသည့် heating coil ၏ valve သည် အနည်းငယ်ပွင့်ရုံဖြင့် supply temperature သည် အလွန် လျှင်မြန်စွာဖြင့်တက်သွားသည်။ ထိုသို့သော characteristic များကို steam နှင့် hot water ကိုအသုံးပြုထား သော heating coil များတွင်တွေ့မြင်ရသည်။ Valve သည် ၅၀% opening ဖြစ်ပြီးနောက်(ပွင့်ပြီးနောက်) နောက်ထပ် % အနည်းငယ်ပွင့်ရုံဖြင့် supply air temperature ကိုအနည်းငယ်သာပြောင်းလဲစေသည်။ Hot water သို့မဟုတ် steam flow rate မြင့်မားနေချိန်တွင် အလွန်ကောင်းမွန်သည့် control ဖြစ်အောင် turn လုပ်ပြီးနောက် flow ကျဆင်းသွားသည့်အခါ control သည်ဆိုးဝါးညံ့ဖျင်းသွားနိုင်သည်။ (တနည်း response သည် နှေးကွေးသွားလိမ့်မည်။) ထို့နည်းတူ flow နိမ့်သွားသည့်အခြေအနေတွင် turning လုပ်ထားသည့် control loop သည် flow မြင့်လာသည့်အခါ response သည်အလွန်လျှင်မြန်လာကာ၊ system ကို unstable ဖြစ်စေနိုင်သည်။

Dynamically self-tuned ဆိုသည်မှာအလွန်တိကျသော (precise) control ရရှိရန်အတွက် gain များကို အလိုလျှောက်၊ အဆက်မပြတ် operating condition ကိုလိုက်၍ပြောင်းလဲပေးနေခြင်း (Adjust လုပ်နေခြင်း) ကိုဆိုလိုသည်။ အချို့သော digital control system များတွင် ထိုသို့သော dynamically self-turned capability များရှိကြခြင်းကြောင့် system သည်ပို၍ “robust” ဖြစ်လာသည်။ (တနည်း fast responding ဖြစ်လာသည်။) Dynamic self-tuning ကြောင့် manual tuning လုပ်စရာမလိုသောကြောင့် commissioning လုပ်သည့်အခါပို၍ အချိန်ကုန်သက်သာသည်။ Non-linearity ပြဿနာကိုဖြေရှင်းရန် အခြားသောနည်းတစ်ခုမှာ fuzzy logic ကိုအသုံးပြုခြင်းဖြစ်သည်။ Fuzzy logic သည် PID control logic များ အတွက် နည်းပညာအသစ်ဖြစ်သည်။

Fuzzy logic သည်လူများစဉ်းစားတွေးခေါ်ပြီးဆုံးဖြတ်ချက်ချသည့်နည်း ကိုအတုခိုးကာ control action များဆောင်ရွက်ပေးခြင်းဖြစ်သည်။ Neural network နှင့် artificial intelligence တို့ကိုအသုံးပြုထားသော self turning technique များသည် system တစ်ခုက operation condition အမျိုးမျိုးတွင်ပြုမူပုံ (behavior) ကိုလေ့လာပြီး control အတွက်သင့်လျှော်သည့် response နှင့် gain များကိုတွက်ချက်ပေးခြင်းဖြစ်သည်။
ကောင်းထက်ညွန့်
HVAC Control Systems နှင့်သက်ဆိုင်သော ACMV Lecture များ (3 Lectures)
1 HVAC Control Systems Introduction To HVAC Control Systems Control Loop များ Read
2 HVAC Control Systems Introduction To HVAC Control Systems Control mode များ၊ Read
3 HVAC Control Systems Introduction To HVAC Control Systems Gains and Loop Tuning Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format