To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Control Systems > HVAC Control Systems > Introduction To HVAC Control Systems > Control mode များ၊ > www.acmv.org
Control Systems > HVAC Control Systems > Introduction To HVAC Control Systems Control mode များ၊ >


Control mode များ၊
Control mode များ၊

ထိုဝေါဟာရများကို လုံးဝပြည့်စုံစွာ နည်းလည်ရန်လိုအပ်သည်။ နောက်အခန်းများတွင် ဖော်ပြထားသည့် သင်ခန်းစာများ ကိုနည်းလည် သဘောပေါက်ရန် ကွဲပြားအောင်မှတ်သားသင့်သည်။

Controlled variable: control လုပ်ခြင်းခံရမည့် temperature ၊ humidity ၊ velocity ၊ flow နှင့် pressure စသည့် property များ၊

Control point: ဖြစ်လို၊ ရလိုသည့် အခြေအနေ (condition) သို့မဟုတ် ဖြစ်လို၊ ရလိုသည့် control variable ၏တန်ဘိုး၊

sensor: Controlled variable ၏တန်ဘိုးကို sense လုပ်ယူနိုင်သည့် ကိရိယာ၊ ဖတ်ယူနိုင်သည့် ကိရိယာ၊ existing(condition) ကို sense လုပ်နိုင်သည့် ဖတ်ယူ နိုင်သည့် ကိရိယာ

Sensed variable: Temperature ၊ pressure ၊ humidity စသည့်တိုင်းယူခြင်းခံရမည့် property များ၊closed loop control များအတွက် sense variable များသည် controlled variable များပင်ဖြစ်ကြသည်။

Controlled device: valve၊ damper စသည့် process plant များ၏ output ကိုပြောင်းလဲစေနိုင်သည့် ကိရိယာများ၊

Process plant: heating coil သို့မဟုတ် cooling coil စသည့် controlled variable ၏တန်ဘိုးများကိုပြောင်းလဲစေနိုင်သည့် equipment များ၊

Controller: Sensor မှဖတ်ယူထားသည့်တန်ဘိုးနှင့် Set point တို့ကိုနှိုင်းယှဉ်ပြီးမတူညီပါက လိုအပ်သည့် corrective action ပြုလုပ်ရန်အတွက် Controlled device ဆီသို့ Signal ပို့ပေးသည့်ကိရိယာကို Controller ဟုခေါ်သည်။

Control loop: sensor၊ controlled device၊ process plant နှင့် controller တို့ပေါင်းစုထားသည့် အစုအဝေးကို control loop ဟုခေါ်သည်။

Closed-loop: sensor မှ controlled variable ကိုမတိုင်းယူပဲ တစ်ခြားသောအရာတစ်ခုခုကိုတိုင်းယူထားသည့် control loop ကို open loop ဟုခေါ်သည်။ Controlled device နှင့် process plant တို့တွင် ပြောင်းလဲမှု တစ်ခုခုပြုလုပ်ခြင်းကြောင့် controlled variable တွင်တိုက်ရိုက်အကျိုးသက်ရောက်မှု(direct impact) မရှိပေ။ တိုင်းတာထားသည့် အရာ(property)နှင့် controlled variable တို့၏တန်ဘိုးသည် တိကျသောနည်းဖြင့် ဆက်သွယ်မှုရှိသည်ဟု လက်ခံယူဆထားသည်။
၁.၄ Control mode များ၊
closed loop controller များ၏ အဓိကတာဝန်မှာ controlled variable များကိုအလိုရှိသည့် Set point အခြေအနေတွင် ထိန်းထားရန် ဖြစ်သည်။ Controller များအားလုံးသည် controlled device ထံသို့ output signal ထုတ်ပေးရန်အတွက် သင့်လျှော်သည့်တွက်ချက်မှုပြုလုပ်သည်။ Output signal သည် error signal ၏ function ဖြစ်သည်။(Function of output signal) ။
error သို့မဟုတ် error signal သည် control point နှင့် Set point တို့၏ ခြားနားချက်ဖြစ်သည်။တနည်း controlled variable တန်ဘိုး နှင့် Set point တန်ဘိုးတို့၏ ခြားနားချက်ဖြစ်သည်။
Controller ပြုမူဆောင်ရွက်ချက်သည် Control mode သို့မဟုတ် Control Logic ဖြစ်သည်။
Control Mode သို့မဟုတ် Control Logic ကိုအကြမ်းအားဖြင့် သုံးမျိုးခွဲခြားနိုင်သည်။
(၁) two-position control
(၂) floating control နှင့်
(၃) modulating control တို့ဖြစ်သည်။
Error signal မှ output signal အဖြစ်သို့ပြောင်းလဲစေသည့် control algorithms များတွင် တိကျမှု(accuracy) ကောင်းရန် နှင့် performance ပိုကောင်းလာစေရန်အတွက် အထက်ပါ control mode သုံးမျိုးထဲမှ တစ်မျိုးမျိုးကို အသုံးပြုကြသည်။ Control mode များနှင့်ထပ်ပွားထားသည့် subcategories များသည် အလိုရှိသည့်ရလဒ်(Desired result) များရရှိရန် နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်ထားခြင်းဖြစ်သည်။ HVAC System များသည်အချိန်နှင့်အမျှ အမြဲပြောင်းလဲနေသည့် Dynamic system ဖြစ်သောကြောင့် လိုသလို ဖြစ်ရန် အတွက် အလွန်ခက်ခဲသည်။ ခက်ခဲရှုပ်ထွေးသည့် Control များလိုအပ်လေ့ရှိသည်။အမြဲလိုလို controller မှဆောင်ရွက်ချက်များ နှင့် sensor မှဖတ်ယူလိုက်သည့် process plant မှတုံ့ပြန်မှုများ (response) များအကြားတွင် အချိန်ကွာဟမှု(time Lags) ရှိသည်။

ဘား(valve)သည် Controller မှ output signal ရပြီးအချိန်အနည်းငယ်ကြာမှ သာပွင့်သည့် အခြေအနေသို့ ရောက်သည်။ ဘားပွင့်ပြီးနောက်မှသာ ရေစီးများ စတင်စီးဆင်းသည်။ မောင်းနေသည့် (Operation လုပ်နေသည်)့ Coil မဖြစ်လျှင် ရေသည်လေကို ပူအောင်မပြုလုပ်ခင် Coil တစ်ခုလုံးကို အရင်ပူအောင်ပြုလုပ်ရသည်။ အကယ်၍ sensor သည် Duct အတွင်းတွင် မရှိပဲ အခန်း အတွင်းတွင် တည်ရှိခဲ့လျှင် အချိန်ပိုကြာအောင်စောင့်ပြီးမှသာ အခန်း၏ အပူချိန်ပြောင်းလဲမှု (response) ကိုရရှိသည်။ လေသည်အခန်းအတွင်းရှိနံရံများကိုပူစေပြီးမှသာ sensor အနီးရှိလေကိုပူစေ (warm) သောကြောင့် အချိန်ကွာဟမှု ပိုများလာသည်။ ထို့အပြင် sensor အတွင်းရှိ sensing material များကိုပူစေပြီး၊ steady state အခြေအနေအသစ်တစ်ခုကိုရောက်စေပြီးမှသာ controller ဆီသို့ information အသစ် update လုပ်ရန်ပေးပို့ ရသည်။ ထို့နောက် controller သည် အချိန်ယူ၍ sensor မှ signal နှင့် set point ကို နိုင်းယှဉ်ပြီးမှသာမည်သို့ တုန့်ပြန်ရမည်ကိုဆုံးဖြတ်ချက်ချနိုင်သည်။

ထိုအချိန်ကွာဟမှုများ (time delay) ကို system time constant ဟုခေါ်သည်။ အကယ်၍ time constant သည် တိုတောင်းခဲ့လျှင် controlled device သို့မဟုတ် process point ကိုအပြောင်းအလဲ ဖြစ်စေရန် system ကလျှင်မြန်စွာ တုန်ပြန့်နိုင်သည်။ react လုပ်သည်ဟုဆိုသည်။ အကယ်၍ time constant သည်ပိုကြာလျှင် controlled device များ၏ တန့်ပြန်မှုသည် နှေးကွေးသည် ဟုဆိုသည်။ ဇယား 1-2 တွင် controlled device နှင့် process plant တို့သည် အခြေအနေတစ်ခုပြောင်းလဲရန်အတွက် controlled device မှပြောင်းပေးရသည့် တန်ဖိုးကို controller gain ဟုခေါ်သည်။


Controlled device (ဥပမာဘား) တစ်ဝက်ဖွင့် ရုံဖြင့် required output ကိုရယူနိုင်လျှင် controller gain သည် system gain နှင့်တူညီသည်။ system gain သည် controller gain ကို system capacity ဖြင့်စားထားသည့်တန်ဘိုး ဖြစ်သည်။
system gain = (controller gain)/(system capacity)
ထို့ကြောင့် system gain သည် controller gain ၏function ဖြစ်ပြီး load ကိုဆောင်ရွက်နိုင်သည့် system capacity ၏ function လည်း ဖြစ်သည်။ အလွန်များသည့် gain (High Gain) ရှိသည့် system ဆိုသည်မှာ အနည်းမျှသော output signal ပြောင်းလဲခြင်းသည် (controlled device အတွက်) controlled variable အားကြီးမားသောပြောင်းလဲမှုကို ဖြစ်စေနိုင်သည်။ တနည်း signal နည်းနည်းပြောင်းလဲရုံဖြင့် controlled variable များစွာပြောင်းလဲသွားသည်။ ပို၍ထင်ရှားအောင်ပြောရလျှင် system ကို လိုအပ်သည်ထက်ပိုကြီးအောင် oversized လုပ်ထားခြင်းဖြစ်သည်။ Signal အနည်းငယ်က အလွန်များသော output ကိုဖြစ်စေသောကြောင့် ကောင်းမွန် မှန်ကန်သည့် control လုပ်ခြင်း မဖြစ်နိုင်ပေ။
ပုံ1-3 တွင်ပြထားသည့် outdoor reset သည် အလွန်နည်းသည့် load အခြေအနေ တွင် over capacity မဖြစ်စေရန် system capacity ကိုထိန်းညှိပေးခြင်း (Adjust လုပ်ပေးခြင်း) ဖြစ်သည်။ အကယ်၍ထို time delay နှင့် gain များသည် မျဉ်းဖြောင့် အတိုင်း ဆက်သွယ်မှု(linear relation) ရှိကြပြီး တညီတညာတည်း (consistent) ဖြစ်ကြလျှင် တိကျမှန်ကန်သော control ဖြစ်ရန် အတွက် controller များကို ထိန်းညှိပေး (Adjustလုပ်ပေး) နိုင်သည်။ Tune လုပ်သည်ဟုခေါ်သည်။ သို့သော် မျဉ်းဖြောင့် အတိုင်းမဟုတ်သော ဆက်သွယ်မှုများ (Non-linear relation) ၊ delay နှင့်မတူညီသည့် တုန့်ပြန်မှုများ (uneven response) စသည့် hystoresis များရှိကောင်းရှိနိုင်သည်။

ဥပမာ ဘား(valve) ၏ မောင်းတံ(stem) တွင်ဖြစ်ပေါ်သော friction ကြောင့် delay ရှိနိုင်သည်။ Friction ကြောင့် ချော့မွေ့စွာဖွင့်ခြင်း ပိတ်ခြင်း(linear movement) မျိုး ကိုမရနိုင်ပေ။ Heating coil ထဲသို့ ဝင်ရောက် လာသော hot water supply temperature မြင့်တက်လာမှုကြောင့် system gain လည်းပိုများလာနိုင်သည် Air flow ပမဏ နည်းသွားသောကြောင့် လည်း system gain ပိုများလာနိုင်သည်။

ထိုသို့ရှုပ်ထွေးသည့် system များကိုတိကျစွာ ဆောင်ရွက်နိုင်ရန်အတွက်အောက်တွင် control mode များကိုဖော်ပြထားသည်။ ရှင်းလင်းလွယ်ကူဆုံးနှင့်အသုံးများဆုံးသော control မှာ two-position control ဖြစ်သည်။ Fan သို့မဟုတ် pump စသည့် equipmentများ မောင်းခြင်း၊ ရပ်ခြင်း စသည့် state ၂ ခုသာရှိသည်။ Damper သို့မဟုတ် valve များစသည့် device များ ဖွင့်ခြင်း(open) ပိတ်ခြင်း(closed) state ၂ခုသာရှိသည်။ equipmentများ နှင့် device များကို control လုပ်ရန်အတွက် two position control ကိုအသုံးပြုသည်။

လူနေအိမ်များတွင် တပ်ဆင်ထားသည့် HVAC system အငယ်စားများတွင်ပါဝင်သည့် air conditioner များနှင့် furnaces များတွင်two-position control ကိုအသုံးပြု အများဆုံးအသုံးပြုလေ့ရှိသည်။ State ၂ခုတည်းသာရှိသည့် တခြားသော system များတွင်လည်း two-position control ကို အမြဲအသုံးပြုလေ့ရှိသည်။ ပုံ 1- 4သည် heating system မှ heating thermostat တစ်ခု၏ two-position control လုပ်ဆောင်ပုံ(Action) ကိုဖော်ပြထားသည်။

Two position control တွင် on/off သို့မဟုတ် open/close သာဖြစ်နိုင်သည်။ steam (သို့) hot water စသည့် heating medium တစ်ခုခုကို အသုံးပြု၍ Supply air temperature ကိုမြင့်တက်စေသည်။(ပူစေသည်။) ထို့နောက် Supply air temperature သည် တဖြည်းဖြည်း မြင့်တက်လာက set point ထက်မြင့်သည့် control differential အပူချိန်သို့ရောက်ရှိသည်။ Control Differential သည်သင့်လျှော်သည့်ကိန်းသေတစ်ခု (Fixed difference) ဖြစ်ပြီး (valve ဖွင့်ရန် temperature နှင့် Valve ပိတ်ရန် temperature နှစ်ခုကြားတွင်ရှိသည့် Fixed difference ဖြစ်သည်။ Supply air temperature သည် Set point temperature နှင့် Control Differential နှစ်ခုပေါင်းထားသည့် အပူချိန်သို့ ရောက်သည့်အခါ Controller သည် Actuator အားပိတ်ရန် ပိတ်ရန်အမိန့် (“off” Command) ပေးလိုက်သည်။
အချိန်အနည်းငယ်ကြာပြီးနောက် valve သည် ပိတ်သွားပြီး heating medium စီးဆင်းခြင်း မရှိသောကြောင့် Supply air temperature သည် Set point ထိရောက်အောင်ကျဆင်းကာ နောက်ထပ် Cycle တစ်ခုကို စတင်သည်။ ဤ ဥပမာတွင် Set point သည် on-point ဖြစ်သည်။ (Valve ကိုပွင့်စေသည့် အမှတ် (Point) ဟုလည်း ပြောနိုင်သည်။) Set point + Control differential သည် off-point ဖြစ်သည်။ (Valve ကို ပိတ်စေသည့် အမှတ် (Point) ဟုလည်းဆိုနိုင်သည်။) Set point ကို on-point နှင့် off-point တို့နှစ်ခုကြား(mid point)တွင် လည်းထား နိုင်သည်။ ထိုအခါ valve ပွင့်ခြင်းနှင့် ပိတ်ခြင်း ၂ခုကြားတွင် set point ရှိနေလိမ့်မည်။

လက်တွေ့ တွင် two position thermostat များ၌ ပါရှိသည့် ဘီးကလေးကိုလှည့်၍ မြင့်အောင်၊နိမ့်အောင် လိုသလို set point ကို adjust လုပ်နိုင်သည်။ မျှော်လင့်ထားသည်ထက်ပို ၍ အေးသွားခြင်း (over shoot) နှင့်ပို၍ ပူလာခြင်း(undershoot) လည်း time delay ကြောင့်ဖြစ်နိုင်သည်။
over shoot နှင့် undershoot တို့၏ခြားနားချက်ကို operation Differential ဟုခေါ်သည်။
ပုံ ၁-၆ controlled variable သည် maximum temperature နှင့် Minimum temperature တို့ကြားတွင်ရှိနေသည်။
operating differential သည် control differential ထက်အမြဲကြီးလေ့ရှိသည်။ HVAC system များတွင်ရှိသည့် Natural time delay နှင့် thermal Log တို့ကို ဖယ်ရှားရန်မဖြစ်နိုင်ပေ။
သို့သော် operating differential နှင့် Control differential ကွာဟချက် ပမာဏကို လျှော့ချနိုင်သည်။ (anticipation device များကိုအသုံးပြု၍) Single zone heating thermostat အတွက် အသုံးများသော heat anticipator မှာ resistance heat ဖြစ်သည်။ Resistance heat ကို temperature အနီးတွင်တပ်ဆင်ပြီး အဖွင့်၊အပိတ်လုပ်ပေးခြင်းဖြင့် sensor သည် false reading ရရှိက ပို၍မြန်ဆန်စွာ respond လုပ်ပေးခြင်း ဖြစ်သည်။ အမှန်တစ်ကယ် space temperature သည် control differential မတိုင်ခင် မြင့်တက်လာခင်ကို heater ပိတ်ပစ်ခြင်းဖြင့် overshoot ကိုနည်းစေနိုင်သည်။ Overshoot နည်းခြင်းကြောင့် operating differential လည်းလျှော့နည်းသွားလိမ့်မည်။ Cooling အတွက်လည်း anticipation device ကိုအသုံးပြုနိုင်သည်။ Cooling တွင် sensor ရမည့် signal (supply air temperature) ကို set point အထက်ပိုမြင့်အောင်ပြုလုပ်ပေးခြင်းဖြင့် Cooling Coil အတွင်းသို့ ရေများပို၍ မြန်မြန်ဝင်ရောက် ကာ operating differential ကိုလျှော့ချနိုင်သည်။



မည်သို့ပင် Anticipation device များအသုံးပြုစေကာမူ၊ control differential ကိုလုံးဝပျောက်ပျက်သွားအောင် (မရှိအောင်) ပြုလုပ်၍မရနိုင်ပေ။ ထို့ကြောင့် set point ထက် အပူချိန်ပိုမြင့်ခြင်းနှင့် ပိုနိမ့်ခြင်း (temperature fluctuation) တို့လည်းရှိနေလိမ့်မည်။ ဖြစ်လို၊ ရလိုသည့် အခြေအနေ (desired condition) သို့မဟုတ် set point ကိုရသည့်အချိန်မှာအခိုက်အတန့်သာဖြစ်သည်။

Control differential ကိုနည်းအောင်ပြုလုပ်ခြင်းဖြင့် control ကိုပို၍တိကျစေကာ အလိုရှိသည့်အတိုင်း ဖြစ်အောင်ပြုလုပ်နိုင်သည်။ သို့သော် control differential အလွန်နည်းသည့်အခါ short-cycling ဖြစ်ပေါ် လာနိုင်သည်။ Short-cycling ဆိုသည်မှာ မကြာခဏ valve များ ပိတ်ခြင်း(close) ၊ ပွင့်ခြင်း(open) နှင့် အချိန်အနည်းငယ်အတွငး equipment များ အကြိမ်များစွာ မောင်းခြင်း (On)၊ ရပ်ခြင်း (Off) တို့ဖြစ်သည်။ Short-cycling ကြောင့် heating နှင့် cooling system များကောင်းစွာ efficient မဖြစ်နိုင်တော့ပေ။ Equipment များအချိန်မတိုင်မှီ ပျက်စီးကြလိမ့်မည်။

Two position control တစ်ခုသည် ကောင်းစွာပုံမှန်အလုပ်လုပ်ရန်အတွက် short-cycling မဖြစ်စေပဲ၊ သင့်လျှော်သည့် control differential ထားရှိပြီး၊ controlled variable ကို set point အနီးတွင် တတ်နိုင်သမျှရအောင် ထိန်းထားခြင်းဖြစ်သည်။

Two position control ၏လုပ်ဆောင်မှု (function) သည် HVAC system ၏ system gain အပေါ်တွင် မူတည်သည်။ Process plant ၏ capacity သည်အမှန်တကယ် ရှိသည့် load ထက်များစွာပို၍ ကြီးမနေစေရန် လိုသည်။ ပို၍ကြီးနေလျှင် control differential ကိုလိုက် ၍ကြီးအောင်ပြုလုပ်ကာ ထိန်းထားနိုင်သည်။ Control differential ကြီးသောကြောင့် operating differential လည်းလိုက်၍ကြီး လာလိမ့်မည်။ သို့မဟုတ် system short-cycle ဖြစ်လိမ့်မည်။

HVAC system တစ်ခု၏ capacity ကိုအမှန်တကယ်ရှိသည့် load ထက်ပိုကြီးအောင်ဒီဇိုင်း လုပ်ထားလျှင် two position control နည်း ဖြင့် control လုပ်ရန်ခက်ခဲသည်။ controlled variable ကို set point တွင် ထိန်းထားနိုင်ရန်
(က) control differential ကျယ်ကျယ်ထားပေးရမည်။ Operation differential လည်းလိုက်၍ ကျယ်လာလိမ့်မည်။
(ခ) system သည် short-cycling ဖြစ်နေလိမ့်မည်။
ထိုကဲ့သို့ HVAC system ကို ဒီဇိုင်းပြုလုပ် ထားလျှင် control လုပ်ရန်အလွန်ခက်ခဲသည်။ (မည်ကဲ့သို့သော နည်းဖြင့် control လုပ်ပါစေ။) Load အနည်းအများလိုက်၍ သင့်လျော်အောင် system capacity ကိုအဆင့်အဆင့်ခွဲ၍ ဒီဇိုင်းလုပ်ထားရမည်။

System capacity အဆင့်များ (Multiple step များ) အတွက် step control ကိုအသုံးပြုနိုင်သည်။ Step control ဆိုသည်မှာ two position control ၂ ခုထားရှိပြီး set point ၂ မျိုးခွဲကာ control လုပ်ခြင်းဖြစ်သည်။ Multiple stage capacity ရှိသည့် system များတွင် step control ကိုအသုံးပြုသည်။ Multiple stage capacity ဆိုသည်မှာ High-Low-off ရှိသည့် multispeed motor များကိုလည်းကောင်း High fire, Low fire-off ရှိသည့် multi-stage gas bunner များအားလည်းကောင်း၊ multiple compressor, multi-speed compressor, compressor with cylinder unloading စသည့် multi-stage refrigeration system များကိုဆိုလိုသည်။


ပုံ 1-7 တွင် heating stage ၂ ခုရှိသည့် heat system တစ်ခုတွင် High fire ၊ low fire နှင့် off စသည့် operating position ၃ မျိုးရှိသည့် control system အလုပ်လုပ်ပုံကိုဖော်ပြထားသည်။ လေ၏ အပူချိန်သည် stage 1 set point ၏အောက်အထိနိမ့်ဆင်းလာလျှင် controller သည် first step ကို “ON” လိုက်သည်။ အကယ်၍ first step heating ၏ capacity နှင့် ကိုက်ညီနေလျှင် လေအပူချိန်သည် stage 1 set point အနီးတွင် cycling ဖြစ်နေလိမ့်မည်။ Two-position control ကဲ့သို့ဖြစ်နေလိမ့်မည်။

ထိုသို့မဟုတ်ပဲလေအပူချိန်သည် stage 2 set point ထက်ပို၍ နိမ့်ဆင်းလာပါက controller သည် second heating stage ကို “ON” လိမ့်မည်။ ထိုအခါ First heating stage ကိုအမြဲ ON ထားပြီး second heating stage ကို “ON” လိုက်၊ “OFF” လိုက်ဖြင့် two position control ကဲ့သို့ပြုမူနေလိမ့်မည်။ Control operating range ၂ ခုကိုတစ်ခုနှင့်တစ်ခု ထပ်နေလျှင် (overlap) first stage “ON” ဖြစ်မည့်အပူချိန်သည် second stage off ဖြစ်မည့်အပူချိန်ထက်နိမ့် နေလိမ့်မည်။ Set point နှင့် control differential တို့ကို (overlap မဖြစ်အောင်) stage တစ်ခုနှင့်တစ်ခုထပ်မ နေအောင်ပြုလုပ်ထားသင့်သည်။ Second stage “ON” point သည် first stage on point ထက်မြင့်ရမည်။ (ညီနိုင်သည်။မငယ်ရပေ။) သို့သော်လည်း overlapping range သည် stage တစ်ခုချင်းစီ၏ operating differentaial နည်းအောင်မလုပ်ပဲ over all operating differential ကိုလျှော့ချနိုင်သည်။ (နှစ်ခုထပ်သွားသောကြောင့်ဖြစ်သည်။) ဤနည်းဖြင့် short-cycling မဖြစ်စေပဲ ပိုကောင်းမွန်အောင်နည်းဖြင့် control လုပ်နိုင်သည်။

Floating Control – Floating control ကို “tri-stage” control ဟုခေါ်လေ့ရှိသည်။ Two position control နှင့်လည်းခပ်ဆင်ဆင်တူညီသည်။ သို့သော် system ကို two state သာဖြစ်အောင် မကန့်သတ်ထားပေ။ System တွင် modulating အမျိုးအစား controlled device ပါဝင်သည်။ များသောအားဖြင့် damper နှင့် valve တို့ကို အသွားအပြန် နှစ်မျိုးလုံးမောင်းနိုင်သည့် bi-directional actuator (မော်တာအငယ်တစ်မျိုး) ဖြင့်တပ်ဆင်ထားခြင်းဖြစ်သည်။

Floating control ၏ controller များတွင် mode ၃ မျိုးရှိသည်။
(၁) drive open (ပွင့်နေဆဲ)
(၂) idle (No movement) – (ရောက်သည့်နေရာ၌ရပ်နေခြင်း)နှင့်
(၃) drive closed (ပိတ်နေဆဲ)တို့ဖြစ်သည်။
Floating control သည် two position control ကဲ့သို့ပင် set point နှင့် control differential တို့ရှိသည်။ အချို့သော floating controller များတွင် upper set point နှင့် lower set point ဟူ၍ set point adjustment ၂ ခုပါဝင်သည်။ Control differential သည် upper set point နှင့် lower set point ၂ ခုတို့၏ခြားနားချက် (Differential) ပင်ဖြစ်သည်။


ပုံ 1-8 တွင်ပြထားသည့်အတိုင်း supply air temperature သည် lower line of differential ထက်နိမ့်ဆင်းလာလျှင် controller သည် valve ကို စ ဖွင့်ရန် အမိန့် (command) ပေးသည်။ Valve ပွင့်ပြီး coil အတွင်းသို့ heating medium များ တဖြည်းဖြည်းဝင်ရောက်လာသည်။ Valve ပွင့်ရန် အချိန်လို သောကြောင့် (time delay ကြောင့်) လည်းကောင်း၊ ရှိတတ်သော thermal lag ကြောင့်လည်းကောင်း၊ valve ပွင့်နေသော်လည်း supply air temperature သည်ဆက်၍ကျဆင်းနေလိမ့်မည်။ မကြာခင်အချိန်အတွင်း supply air temperature မြင့်တက်လာလိမ့်မည်။ Supply air temperature သည် differential ထက်ပိုမြင့်သွားပါက Floating controller သည် valve ကိုလက်ရှိနေရာတွင်ထိန်းထားရန် အမိန့် (command) ပေးလိမ့်မည်။ Idle (No movement) ဖြစ်နေလိမ့်မည်။ Supply air temperature သည် differential range အတွင်းတွင်ရှိနေလျှင် valve သည်ပိတ်ခြင်း၊ ပွင့်ခြင်းမဖြစ် လက်ရှိနေရာတွင်သာရပ်နေလိမ့်မည်။ အကယ်၍ temperature သည် differential ၏အထက်လိုင်း။ (Upper Line) ထက်ပိုမြင့်လာပါက Floating controller သည် valve(Actuator) ကိုပိတ်ရန် အမိန့် (command) ပေးလိမ့်မည်။

ထိုအခါ Coil အတွင်းသို့ စီးဆင်းနေသော heating medium flow rate သည် တစ်ဖြည်းဖြည်းနည်းလာ လိမ့်မည်။ ထို့နောက် temperature သည် Differential range အတွင်းသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် Valve သည်ရောက်နေသည့်နေရာတွင် ရပ်(No movement) နေလိမ့်မည်။ Air temperature သည် differential range အတွင်းတွင် Float ဖြစ်နေသောကြောင့်ဤနည်းကို Floating control ဟုခေါ်ဆိုခြင်းဖြစ်သည်။ ပုံ ၁-၉သည် Actuator ထံသို့ controller မှ drive signal ပေးပို့ သည့်ပုံဖြစ်သည်။ Drive signal သည်ပိတ်ရန်(close) signal လည်းဖြစ်နိုင်သည်။ ဖွင့်ရန် open signal လည်းဖြစ်နိုင်သည်။ ရောက်သည့်နေရာတွင် ရပ်နေခြင်းမျိုးလည်းဖြစ်နိုင်သည်။ Floating control တွင် controlled device သည် two position control မှာကဲ့သို့ ပုံသေ မဟုတ်ပေ။


လုံးဝပွင့်နေခြင်း(full open)၊ လုံးဝပိတ်နေခြင်း (fully open)၊ တစ်ဝင်တစ်ပျက်ပွင့်နေခြင်း(opening % တစ်ခုခုတွင် ရပ်နေခြင်း) တို့ဖြစ်နိုင်သည်။
ထို့ကြောင့် Floating control နည်း ဖြင့် two position control ထက်သေးငယ်သည့် control differential ကို short-cycling (excessive cycling) မဖြစ်ပဲ၊ instability မဖြစ်ရရှိနိုင်သည်။ two position control မှာကဲ့သို့ပင် Floating control ၌လည်း operating differential သည် control differential ထက်ပို၍ကျယ်(ကြီး)သည်။
(time dealy နှင့် thermal lag ကြောင့်) Floating control တွင် valveများ၊ Damper စသည့် controlled device များသည် full open မှ full close ဖြစ်ရန် အချိန်ပိုကြာသောကြောင့်(full closed မှ full open) overshoot နှင့် undershoot ပို၍ ဖြစ်နိုင်သည်။ (တနည်း valve timming ပိုနှေးသောကြောင့် over shoot undershoot ပိုဖြစ်နိုင်သည်။

unstable ဖြစ်မည်စိုးသောကြောင့် valve timming ကိုနှေးထားရခြင်းလည်းဖြစ်သည်။ အကယ်၍ valve သည်ပိတ်ခြင်း၊ ပွင့်ခြင်းလျှင်မြန်စွာ ပြုလုပ်လျှင် two position Control နှင့် ကွာခြားလိမ့်မည် မဟုတ်ပေ။ Floating control ၌ပါဝင်သော Valve များနှင့် Damper များ လျှင်မြန်စွာပိတ်ခြင်း၊ပွင့်ခြင်းဖြစ်လျှင် ထို Floating control သည် two position Control ပုံစံမျိုးနှင့်ဆင်တူနေလိမ့်မည်။

ထို့ကြောင့်two position များတွင် အသုံးပြုသည့် anticipation device များကို Floating Control များတွင်လည်း အသုံးပြုရန် ပိုမိုသင့်လျှော်သည်။ Modulating Control အားမောင်းနှင်သည့်အခါ လက်ရှိမောင်းနေသည့် speed သည် မောင်းလိုသည့် Speed (desired speed) ထက်နည်းနေသည့်အခါတွင် လုံးဝမနင်းပဲလွှတ်ထားလိုက်လျှင် ကားသည်မြန်လိုက်နှေးလိုက် ဖြစ်နေလိမ့်မည်။ ဤနည်းဖြင့် ကားမောင်းခြင်းသည် two position control ဖြင့် ကားမောင်းနည်းဖြစ်သည်။ ကားကိုမောင်းလိုသည့် Speed တွင်တိကျစွာ မောင်းရန်အတွက် တောင်တက်၊ တောင်ဆင်း၊ မြေပြန့် စသည့်လမ်းအခြေအနေကို ကြည့်၍ သင့်လျှော်သည့် power ထွက်အောင် လီဗာ (accelerator) ကို ဖွဖွနင်းခြင်း၊ လွှတ်ပေးခြင်း၊ အားကုန် ဖိနင်းခြင်းစသည့် နည်းဖြင့် control လုပ်ရသည်။

ထိုကဲ့သို့ပင် HVAC System များအားလုံးလိုလို၏ Load သည်အချိန်နှင့်အမျှပြောင်းလဲနေသည်။ ထိုကဲ့သို့အချိန်နှင့် အမျှ ပြောင်းလဲနေသည့် Load အတွက် desired set point အနီး၌ Controlled variable ကိုထိန်းထားနိုင်ရန် modulating control သည်အသင့်လျှော်ဆုံးဖြစ်သည်။ ကားကို two position control နည်းဖြင့် accelerator ကိုနင်းလိုက်၊ လွှတ်လိုက် လုပ်ကာမောင်းနိုင်သည်။ မောင်း၍ရသည်။ သက်တောင့်သက်သာဖြစ်လိမ့်မည် မဟုတ်ပေ။ Floating control နည်းဖြင့်လည်းမောင်းနိုင်သည်။ သို့သော် ကျေနပ်ဖွယ်ကောင်းသည့် အခြေအနေ သို့ ရောက်မည်မဟုတ်ပေ။ လူများ အားလုံးလက်တွေ့ မောင်းနေကြသည့်နည်းမှာ Modulating control နည်းဖြင့် မောင်းနေကြခြင်းဖြစ်သည်။

Modulating Control ကိုတစ်ခါတစ်ရံ analog control ဟုခေါ်လေ့ရှိသည်။ Two position control ကိုလည်း Digital control ဟုခေါ်လေ့ရှိသည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက proporational control ကို modulating control အဖြစ်သတ်မှတ်ခေါ်ဆို ကြသည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့်အချိန်က Controller များသည် proporational control logic function တစ်ခုတည်းကိုသာ လုပ်နိုင်ကြသောကြောင့် ဖြစ်သည်။ ယခုအခါတွင်ပြောဆိုနေကြသည့် modulating သည်ရိုးရှင်းသည့် proporational logic ထက်ပို၍ ရှုပ်ထွေးခက်ခဲသည့် sophisticated algorithms များကိုလုပ်ပေးနိုင်စွမ်းရှိကြသည်။

Automatic control သည်လူသားများ၏ ပြုမူဆောင်ရွက်ပုံများ ကိုအတုယူကာ တီထွင်ထားသော နည်းပညာများဖြစ်သည်။ ကားကိုမောင်းသူက Constant speed ဖြင့်မောင်းသည့်အခါတွင် လမ်းအခြေအနေကို ကြည့်၍မောင်းသည်။ လမ်းသည် ညီညာ ဖြောင့်တန်းနေလျှင် သို့မဟုတ်တစ်သမတ်တည်း အနည်းငယ် စောင်းနေလျှင် မောင်းသူသည် လီဗာ(accelerator) ကိုပုံသေနင်းထားသည်။ တောင်တက်ရန်အတွက် လမ်းမတ်စောက်လာသည့်အခါအရှိန်ကျသွားသည်။ ထိုအခါ လီဗာ(accelerator) ကိုပို၍ဖိထားသည်။

တစ်ခါတစ်ရံလို ချင်သည့် speed ထက်နည်းနည်းနှေးသွားလျှင် အနည်းငယ်ပို၍ လီဗာ(accelerator) ကိုဖိထားသည်။လိုချင်သည့် speed ထက်ပို၍ များစွာနှေးလာလျှင် accelerator ကိုပို၍ခပ်ပြင်းပြင်းဖိထားသည်။ တစ်ခါတစ်ရံ ကားသည် constant speed ဖြင့်မောင်းနေသော်လည်း အလိုရှိသည့် speed ထက်နှေးနေသည့်အခါ လီဗာ(accelerator) ကိုမသိမသာပို၍ ဖိနင်း ပေးရသည်။ တစ်ခါတစ်ရံ လမ်းက ကုန်းဆင်းအတိုင်းဖြစ်သွားသောကြောင့်လိုချင် သည့် speed ထက်ပိုမြန်လာအောင် လီဗာ(accelerator) ကိုလွှတ်လိုက်သည်။ ထိုကဲ့သို့ပင် control system များမှ control loop များသည် ကားမောင်းသူများကဲ့သို့ ပြုလုပ်ပေးသည်။သချာင်္ညီမျှခြင်း control equation များ ဖော်ပြနိုင်သည်။


Vo သည် offset adjustment ဖြစ်သည်။ မြေပြင်လမ်းတွင်ပေါ်သော်လည်းကောင်း(သို့) တညီတညာတည်းရှိသည့် ကုန်းတက်၊ ကုန်းဆင်းတွင်သော်လည်းကောင်းအလိုရှိသည့် speed အတိုင်းသွားနေအောင် လီဗာ(accelerator) ကိုနင်းပေးရသည့် ပမာဏဖြစ်သည်။ Vp သည် proportional term ဖြစ်သည့်အပြင် Error တိုက်ရိုက်အချိုးကျသည့်ပမာဏ ဖြစ်သည်။
Error = desired speed (set point) - actual speed

Error ဆိုသည်မှာ desired speed (set point) မှ actual speed ကိုနှုတ်ထားခြင်းဖြစ်သည်။(desired speed (set point) မှ actual speedတို့၏ခြားနားချက်ဖြစ်သည်။) Vp သည် Error နှင့်အချိုးကျသည့် ပမာဏဖြစ်သည်။ Desired speed (set point) ထက် Actual speed ကနည်းနေလျှင် Error ရှိသည်။နှေးသည်မည်၏။ ပိုနှေးလျှင် Error များလိမ့်မည်။ Error များလျှင်(speed ပိုနှေးသောကြောင့်) လီဗာ(accelerator) ကိုများများဖိပေးရန်လိုသည်။ Error နည်းလျှင် (speed သိပ်မကွာသောကြောင့်) နည်းနည်းသာ ဖိပေးရန်လိုသည်။

Vi သည် integral term ဖြစ်သည်။ သတ်မှတ်ထားသော အချိန်တစ်ခုအတွင်းရှိ Error များကို ပေါင်းထားခြင်းဖြစ်သည်။ အဆက်မပြတ်ပေါင်းထားခြင်းကို integrate လုပ်သည်ဟုခေါ်သည်။

calculus သင်္ချာနည်းအရဖော်ပြရလျှင် time-weight average of the error ဖြစ်သည်။ Set point မှ မည်မျှကြာကြာကွာဝေးနေသည်ကိုတွဲ ၍ဖော်ပြထားခြင်းဖြစ်သည်။(တစ်နည်းအားဖြင့် အချိန်အတိုင်းအတာ တစ်ခုအတွင်းရှိ average error နှင့် ထိုအချိန်ပမာဏ နှင့်မြောက်ထားသည့် ရလဒ်ပမာဏဖြစ်သည်။) ဥပမာ-ကား speed သည် desired speed ထက်နှေးနေသည့်အပြင် အချိန်အတော်ကြာနှေးနေသောကြောင့် လီဗာ(accelerator) ကို ပို ၍ပြင်းပြင်းဖိရန် လိုအပ်ပြီဟု ဆိုလိုခြင်းဖြစ်သည်။

Vd သည် derivative term ဖြစ်သည်။ Derivative of the error with respect to time ဖြစ်သည်။ Calculus သချာင်္ဖြင့် ဖော်ပြရလျှင် rate of change of error သည်။ ကား၏ speed သည် desired speed (set point) ဆီကိုမည်မျှ မြန်မြန်ချဉ်းကပ်နေသည်ကို ဖော်ပြသည်။ သို့မဟုတ် Set point မှမည်မျှမြန်မြန် ဝေးကွာနေသည်ကို ဖော်ပြသည်။ ဥပမာ - ကား speed သည် desired speed ဆီသို့ လျင်မြန်စွာ ချဉ်းကပ်နေပြီ (approaching) ဆိုလျှင် လီဗာ(accelerator) ကိုဖိထားသည့်နေရာမှ နည်းနည်းလျှော့ ပေးနိုင်သည်။ ထိုသဘော တရားမှာ derivative control logic ၏အခြေခံသဘော ဖြစ်သည်။ ပုံ ၁-၁၀ တွင် term ၃မျိုးစလုံးကို ဂရပ်ပုံစံဖြင့်ဖော်ပြထားသည်။ proportional term (Vp) သည် Error အနည်းအများကိုလိုက် ၍ အချိုးညီပြောင်းလဲသည်။ Error နည်းသည်ဆိုသည်မှာ Set point အနီးတွင် ရှိပြီး (Set point) သို့မရောက်သေးပေ။ Error များသည် ဆိုသည်မှာ controlled variable သည် Set point မှ ကွာဝေးသည်ဟု ဆိုလိုသည်။ Integral term(Vi) သည် Error ၏ time – weight average နှင့်အချိုးညီသည်။ Curve ၏အောက် ၌ရှိသော Area ဖြစ်သည်။(area under the Curve)။ derivative term (Vd) သည် error line ၏ slope ဖြစ်သည်။ (slope of the error line) ဖြစ်သည်။ Set point ဆီသို့မည်မျှ မြန်မြန်သွားနေသည်၊ Set point ဆီမှမြန်မြန်ဝေးကွာနေသည်ကိုဖော်ပြသည်။ term ၃ခု စလုံးသည်တနည်းနည်းဖြင့် Control accuracy ကို ပိုကောင်းအောင်လုပ်ပေးနိုင်စွမ်းရှိသည်။



ပထမဦးစွာ Equation 1-1 မှ integral term နှင့် derivative term တို့ကို proportional term တစ်ခုတည်းကို သာစဉ်းစားကြပါစို့။

အထက်ပါ equation 1-2 တွင် V သည် controller ၏ output ဖြစ်သည်။ ကားမောင်းသည့် ဥပမာဖြင့်ပြောရလျှင် အလိုရှိသည့် desired speed (set point) ရရန် accelerator ကိုမည်မျှနင်းထားရမည်ကို ဆိုလိုသည်။ proporational only control logic ကိုသချာင်္နည်းဖြင့်ဖော်ပြထားသော mathematic expression ဖြစ်သည်။ proporation control သည် အရိုးရှင်းဆုံး နှင့် အသုံးအများဆုံးသော modulating control logic ဖြစ်သည်။ pneumatic thermostat များအားလုံးနီးပါး၊ pneumatic controller များအားလုံးနီးပါးနှင့် analog electric controller အများစုတို့၌ P gain တစ်ခုတည်းသာပါသည့် (proporational only) control logic ကိုအသုံးပြုကြသည်။ ပုံ ၁-၁ တွင် equipment များစတင် မောင်းသည့်အချိန် သို့မဟုတ် set point ကို ပြောင်းလိုက်သည့်အချိန်တွင် proporational only system တစ်ခုမှတုန့်ပြန်သည့် (response) ကို ဖြော်ပ ထားသည်။ System သည် set point ဆီသို့ရောက်အောင် ချဉ်းကပ်သည်။ သို့သော် timer delay နှင့်thermal lag ကြောင့် overshoot ဖြစ်သည်။ set point သို့ရောက်အောင် နောက်ထပ်ကြိုးစား ချဉ်းကပ်သည့်အခါ undershoot အနည်းငယ်ဖြစ်ပေါ်သည်။ အချိန်ကြာလာသည်နှင့်အမျှ overshoot နှင့် undershoot တို့သည် တဖြည်းဖြည်းတသတ်မတ်တည်းဖြစ်နေခဲ့လျှင် controlled variable သည် set point အနီးတွင်ရှိသော်လည်း set point နှင့်တစ်ထပ်တည်းမကျပေ။

အနည်းငယ်မျှကွာဟနေသည်။ ထိုကွာဟချက် error ကို offset ဟုလည်းခေါ်သည်။ droop ဟုလည်းခေါ်သည်။ steady-state အခြေအနေ(constant load အခြေအနေတွင်) အမြဲရှိနေသည့် offset သည် proportion control ကပေးသည့်အမွေဆိုးဖြစ်သည်။

continuous offset နှင့် proportional only control တို့သည်အမြဲတွဲလျှက်ရှိကြသည်။ရှောင်လွဲမရ။ proporational control သည် controlled variable ကို set point အနီးတွင်ရှိအောင်ထိန်းထားနိုင်သည်။ (သတ်မှတ်ထားသော load အခြေအနေတွင်) သို့သော် droop သို့မဟုတ် offset သည် အမြဲတမ်းရှိနေ လိမ့်မည်သာဖြစ်သည်။ Epuation 1-2 တွင် proportional logic ကိုထည့်ကာ Heating coilအား control လုပ်ပုံကိုဖော်ပြလိုသည်။ heating coil တစ်ခုသည် steady load အခြေအနေတွင် load နှင့်လုံးဝကိုက်ညီသည့် heating medium coil အတွင်းသို့ စီးဝင်နေရန်လိုသည်။ ထိုစီးဝင်နေမည့် flow rate ကိုဖြစ်စေရန် သင့်လျှော်သည့် ပွင့်နေရမည့်% (valve opening %) ကို controller ၏ output signal မှဆုံးဖြတ်ပေးသည်။ out put signal တန်ဖိုးသည် equation 1-2 မှ V ၏တန်ဖိုးပင်ဖြစ်သည်။

အကယ်၍ set point နှင့် controlled variable တို့သည် အတိအကျ တူညီကြလျှင် error မှ သုံည (zero)ဖြစ်သည်။ error zero ဖြစ်လျှင် second term သည်လည်း zero ဖြစ်သည်။ထိုအခါ control signal သည် V0၏တန်ဖိုးနှင့်တူညီနေလိမ့်မည်။ V0သည် offset adjustment ဖြစ်သည်။ ထိုအခြေအနေရှိသည့် Load အတွက် လိုချင်သည့် flow rate ကိုရရန် V0 ကို adjust လုပ်ရန်လိုသည်။ သို့မှသာ offset ကို zero ဖြစ်အောင်လုပ်နိုင်လိမ့်မည်။ V0 သည်ကိန်းသေတန်ဘိုး(constant) ဖြစ်သည်။ load ပိုများလာလျှင် ပိုများသည့် flow rate လိုသည်။ ပိုများသည့်flow rate ရရှိရန် Valve ကို ပိုဖွင့်ပေးရန်လိုသည်။ ထို့ကြောင့် signal တန်ဘိုးပိုများရန်လိုသည်။ (larger valve of V) V၏တန်ဘိုးများစေရန် Equation 1-2 ၏ second term သည် zero မဖြစ်ရ။ တစ်နည်းအားဖြင့် error တန်ဖိုးသည် သုံည မဖြစ်ရ။(Non-zero) error သည် offset သို့မဟုတ် droop ဖြစ်သည်။ offset ပမာဏသည် ကိန်းသေ Kp တန်ဘိုးကိုလိုက်၍ အချိုးညီ ပြောင်းလဲနေသည်။(offset=function of constant Kp)။

Kpသည်controller၏ porporational gain ဖြစ်သည်။ Kp တန်ဖိုးများလာလေလေ offset တန်ဘိုးနည်းလာလေလေဖြစ်သည်။ Kpတန်ဖိုးများအောင်ထား၍ offset ပမာဏကို နည်းအောင် ပြုလုပ်ထားနိုင်သော်လည်း အလွန်ကြီးမားသည့် Kp ထားရှိခြင်းကြောင့် system stability ကို ထိခိုက် စေနိုင်သည်။

Set point အနီး၌ controlled variableသည် oscillation ဖြစ်နေလိမ့်မည်။ ထိုသို့ဖြစ်ခြင်းကို hunting ဖြစ်သည်ဟုပြောလေ့ရှိသည်။ gain ကိုကြီးကြီးထားခြင်းကြောင့် signal valve သည်လည်းကြီးကာ သေးငယ်သည့် error ကိုဖြစ်စေသော်လည်း load အနည်းငယ်ပြောင်းလဲခြင်းကြောင့် system သည်လိုအပ်သည်ထက် ပို၍များစွာတုန့်ပြန်သည်။ overreact လုပ်သည်။

overreaction ကြောင့် ပို၍ကြီးမားသည့် error ကိုတစ်ခြားဘက်(ပြောင်းပြန်ဘက်)တွင်ဖြစ်စေသည်။ (Valve သည်ပွင့်ရမည့်အစားပိတ်စေသည်။) ပိုမိုကြီးမားသည့် overshoot လည်းဖြစ်ပေါ်စေသည်။ stable control ရရှိရန်အတွက် gain များကို adjust လုပ်ခြင်း hunting မဖြစ်စေဘဲ offset တန်ဘိုးငယ်အောင်လုပ်ခြင်းကို turning the control loop ဟုပြောဆိုလေ့ရှိသည်။

integral term ပုံမှန်ဖြစ်စေရန် အချိန်အတော်ကြာစောင့်ရသည်။ အဘယ်ကြောင့်ဆိုသော် error သည်အချိန် အတော်ကြာအောင် ဖြစ်ပေါ်နေခဲ့သောကြောင့်ဖြစ်သည်။ (တနည်း system ၏ controlled variable သည် set point မှာအချိန်ကြာမြင့်စွာဝေးနေသောကြောင့်ဖြစ်သည်။ထိုကဲ့သို့ဖြစ်ခြင်းကို windup ဟုခေါ်သည်။


အချိန်အခိုက်အတန့်မျှ system ကို unstable အခြေအနေဖြစ်ပေါ်စေသည်။(temporarily unstable) ထိုပြဿ ကိုဖြေရှင်းရန်အတွက် system ကိုရပ်ထားသည့်အချိန် ၌ controller နှင့် controller loop များကိုလည်းရပ်ထားရန်လိုသည်။ system တစ်ခုသည် ရပ်နေပြီး ထို system ၏ control loop ကို မရပ်ထားပါက wind up ဖြစ်ပေါ်လိမ့်မည်။ derivative control ထည့်၍လည်းဖြေရှင်းနိုင်သည်။ anti-wind up device များထည့်ု၍လည်းဖြေရှင်းနိုင်သည်။ analog electric controller များတွင် algorithms ထည့်၍လည်းဖြေရှင်း နိုင်သည်။ အသုံးအများဆုံး anti-wind up algorithm မှာ system စတင်ခါစအချိန်တွင် integral term ကိုမသုံးထားပဲ proportion only control logic ဖြင့်အချိန်ခဏကြာ စတင်ခြင်းဖြစ်သည်။ PI control ကို pneumatic control များနှင့် analog electric control များတွင်တွေ့နိုင်သည်။ digital control system များအတွက် မပါမဖြစ် standard တစ်ခုဖြစ်သည်။

Equation 1-1 တွင်ပါဝင်သည့် term သုံးခုစလုံးကို အသုံးပြုလျှင် proportional plus integral plus derivative (PID) control logic ဟုခေါ်သည်။ derivative term ကိုပါဝင်စေခြင်းဖြင့် overshooting ကိုလျှော့ချပေးနိုင်သည်။ integral term က Brake အဖြစ်လိုက်ထိန်းပေးသည်။

ပုံမှန်အားဖြင့် derivative control သည်အလွန်လျှင်မြန်စွာတုန့်ပြန် ဆောင်ရွက်လေ့ရှိသည်။(very fast response)
ထို့ကြောင့်လျှင်မြန်စွာ တုန့်ပြန်ရန်လိုအပ်သောindustial process များနှင့်ဒုံးပျံများ၏ ပဲ့ထိန်းစနစ်များတွင်လွန်စွာ အသုံးဝင်သည်။
HVAC system များ၏ responses မှာနှေးသောကြောင့် derivative control ကို HVAC application တွင်အသုံးနည်းသည်။ differential term ပါဝင်မှု့ ကြောင့် funing လုပ်ရာတွင်ပိုခက်ခဲရှုပ်ထွေးလာသည်။ unstable ဖြစ်စေသည့် responses ကို လည်းပေးလေ့ ရှိသည်။

လက်တွေ့လုပ်ငန်းခွင်များတွင် digital control application များ၌ PID loop ဟုခေါ်ဝေါ်ပြောဆို နေကြသော်လည်း derivative function ကို အသုံးမပြုဘဲထားလေ့ရှိသည်။ PID logic ကို modulating function များတွင် ပိုကောင်းသည့် accuracy ကို ရရန် အသုံးပြုထားသည့် staged capability များတွင် လည်းအသုံးပြုသည်။ ထိုအခါမျိုးတွင် modulating control loop သည် real device ကို control မလုပ်ပဲ “virtual” output ကိုသာ ထုတ်ပေးပြီး contolled variable ကို control ခြင်းဖြစ်သည်။ second loop ၏ virtual output သည် Equipment ၏ capacity အဆင့်ကို sequence လုပ်ပေးခြင်းဖြင့် control လုပ်ပေးခြင်းဖြစ်သည်။

ဤသို့ PID logic ထည့်သွင်းအသုံးပြုခြင်းဖြင့် step control logic တွင်ရရှိသည့် operating differential ထက်ပိုကောင်းသည့် (ငယ်သည့်) operating differential ရရှိစေနိုင်သည်။ အထူးသဖြင့် step များမှာ ရှိသည့် system များ၊ step ၄ခုထက်ပိုများသည့် system များတွင်ပို အကျိုးသက်ရောက်သည်။ Pulse-width modulating နှင့် Time-proportioning Control Modulating Logic နောက်တစ်မျိုးမှာ on-off type output ကို pulse width ၏ပမာဏကို နည်းအောင်ပြုလုပ်ပြီး control လုပ်သော်နည်းဖြစ်သည်။ Pulse-Width modulation (PWM) ဟုခေါ်သည်။ Ouput သည် အတန်းလိုက်ဖြစ်သော သီးခြား step များ၏ လှုပ်ရှားမှု ဖြစ်သည်။ (Series of discrete step ဖြစ်သည်)။ သို့သော် အမှန်တကယ် modulating မှရသော ပုံစံနှင့် လုံးဝနီးပါး ဆင်တူသည်။ Controller ၏ output သည်အရှည်မတူညီသော pulse များ၏အစဉ်အတန်း ဖြစ်သည်။ (A Series of pulses of varying length)။ ထို pulse များသည် controlled device များကိုမောင်းစေသည်။ Valve နှင့် damper များတွင်တပ်ဆင်ထားသည့် step motor များ၊ electric resistive heater များ၏ ON-OFF control များဖြစ်သည်။ Control loop မှ output signal သည် control device ၏ position မဟုတ်ပဲ (length of pulse) pulse များ၏အချိန် အတိုအရှည်ဖြစ်သည်။


Controlled device များ၏ actual position ကို သိရန်လိုအပ်သည့် အခါများ၌ feedback device (actuator ၏ position ကိုသိအောင်ယူနိုင်သည့်) များမှ တစ်ဆင့် control system ဆီသို့ input အဖြစ် (feedback အဖြစ်သုံးရန်) ပို့ပေးသည်။ PWM သည် actual position ကိုမပေးနိုင်သောကြောင့် position သိနိုင်ရန် တခြားသော Device တစ်မျိုးမျိုး တပ်ဆင်၍ input အဖြစ် control system အတွင်းသို့ပို့ပေးသည်။ Time-proportioning control သည် PWM control မှခွဲထွက်လာသော control အမျိုးအစားဖြစ်သည်။ PWM ကဲ့သို့ပင် output သည် on/off pulse များ၏ အစဉ်အတန်း ဖြစ်သည်။ သို့သော် time cycle သည် ပုံသေ (fixed) ဖြစ်သည်။ Cycle အတွင်းရှိ on time နှင့် off time တို့၏ % သည်ပြောင်းလဲနေသည်။
ကောင်းထက်ညွန့်
HVAC Control Systems နှင့်သက်ဆိုင်သော ACMV Lecture များ (3 Lectures)
1 HVAC Control Systems Introduction To HVAC Control Systems Control Loop များ Read
2 HVAC Control Systems Introduction To HVAC Control Systems Control mode များ၊ Read
3 HVAC Control Systems Introduction To HVAC Control Systems Gains and Loop Tuning Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format