ကျော်ကိုကို လုံးဝမကျေနပ်ဘူးဆိုတဲ့

ကျောင်းထပ်တက်မယ် ဆိုရင် သိသင့်သိထိုက်တာတွေကို လေ့လာဘို့လိုပါတယ်။ လုပ်စားဘို့အတွက်တက်တာလား။ အောင်လက်မှတ်အတွက်တက်တာလား။ လုပ်စားဘို့ဆိုရင်တက်မဲ့ကျောင်းကကော လုပ်စားလို့ရလောက်အောင်သင်ပေးနိုင်လားရဲ့လား? လူ့ သက်တမ်းရဲ့ သုံးပုံနှစ်ပုံကျော်မှ မသုံးမဲ့ပညာတွေကို ခက်ခက်ခဲခဲသင်နေလို့ ဘာအကျိုးရှိမှာလဲ။ လက်ရှိအလုပ် သို့ လုပ်ကိုင်စားသောက်ရမဲ့ အသက်မွေးဝမ်းကြောင်းပညာ ထပ်သင်ဘို့အတွက်သိထားရမှာတွေကို စုဆောင်းထားပါတယ်။ စင်ကာပူ က ပိုလီတက်(Polytech), အိုင်တီအီး (ITE), BCA, NUS, NTU တွေ အကြောင်း အင်္ဂလန်နိုင်ငံ၊ ထိုင်း က AIT နှင့် တခြားသော နိုင်ငံကကျောင်းတွေ သင်တန်းတွေအကြောင်း

ကျော်ကိုကို လုံးဝမကျေနပ်ဘူးဆိုတဲ့

Postby acmv » Fri Sep 26, 2014 10:18 pm

ပရိသတ်တောင်းဆိုချက်အရ ကျော်ကိုကို လုံးဝမကျေနပ်ဘူးဆိုတဲ့ ဆောင်းပါးလေး ပြန်တင်ပေး လိုက်ပါတယ်။

အလွန်အကျွံ အာရုံအစိုက်ခံချင်နေတာဟာ သိမ်ငယ်စိတ်တစ်မျိုးပါ

မြန်မာပြည်ပညာရေးစနစ်ကို ကောင်းလှချည်ရဲ့လို့ ကျွန်တော်တစ်ခါမှ မပြောဖူးပါဘူး။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် စီမံခန့်ခွဲမှု အပိုင်းတွေလိုအပ်နေတယ်ဆိုတာလည်း မငြင်းပါဘူး။ မြန်မာ့ပညာရေးဟာ ကမ္ဘာနဲ့ယှဉ်ရင် ညံ့တဲ့အထဲမှာပါတယ်ဆိုတာ ဝန်ခံပါ တယ်။

ဒါပေမဲ့.... အဲ ဒီဒါပေမဲ့ကတော့ ပြောစရာရှိလာပြီ။
Image

ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ကျောင်းသားမှန်သမျှ ဒီနိုင်ငံရဲ့ဖြတ်သန်းလာခဲ့ရတဲ့ သမိုင်း၊ နိုင် ငံရေး အခြေအနေတွေကို သိပြီးသား ဖြစ်သလို ဒီကျောင်း/ ဒီတက္ကသိုလ်တက်ရင် ဘာဘွဲ့တွေ ရမယ်ဆိုတာလည်း သိ ပြီးသားပါ။ ဒီလို သိထားပြီး ဖြစ်ပါလျက်ကနဲ့ ကိုယ့်နိုင်ငံက ဘွဲ့ဝတ်စုံကို အခုလို မဖွယ်မရာတွေလုပ်ပြီး ကိုယ့်နိုင်ငံ ကိုယ့် တက္က သိုလ် သိက္ခာကျအောင်လုပ်တာတော့ စိတ်ပျက်မိတာအမှန်ပဲ။

အခု ဆန္ဒပြကျောင်းသားတွေပြောနေတဲ့ တန်ဖိုးမရှိတဲ့ ဘွဲ့ကိုရော လွယ်လွယ်ရလို့လား (စာရွက် တို အပိုင်း အစလေးတွေနဲ့ ခိုးချ ပြီးအောင်လာရင်တော့ မပြောတတ်ဘူးနော်)။ ကျွန်တော့် အတွက်တော့ မလွယ်ပါဘူး။ ၂၀၀၂ ခုနှစ် ကျွန်တော့်အသက် ၃၆ မှာ ၁၀ တန်းဖြေ တယ်။ တော်တော်လေး ပင်ပန်းပါတယ်။ အောင်တော့ အဝေးသင် ဥပဒေ ဆက်တက် တယ်။ ပထမနှစ်မှာ ပေါ့လို့ စာမေးပွဲကျခဲ့တဲ့အတွက် နောက်နှစ်မပေါ့ရဲတော့ဘူး။

ဒါနဲ့ နောက်နှစ်တွေလည်းကျရော စာကို အသည်းအသန်ကြည့်တော့တာ။ မနက် ၂ နာရီအထိ စာကြည့်နေလို့ သရေတမြားမြားနဲ့ ဗလုံးဗထွေး ကယောင်ကတမ်း စာတွေ ရွတ်နေတဲ့ ကျွန်တော့်ကို အမေက ငိုသံပါကြီးနဲ့ "သားရယ် အိပ်ပါတော့၊ ဘယ်သူမှလည်း စာကျက်သံ မကြားရဘူး၊ ငါ့သားတစ်ယောက်ပဲ ကျက်နေလားမသိဘူး" လို့ပြောပါတယ်။

ကျွန်တော်က ပြုံးပြီး "ကျက်မှာပါ အမေရ၊ အသံမထွက်လို့ ဖြစ်မှာပါ။" လို့ပြောလိုက်တယ်။ မှတ်မှတ်ရရ အဝေးသင် ဥပဒေ တတိ ယနှစ်မှာ ဖြေဆိုသူကျောင်းသား ၈၀၀ ကျော်မှာ ၈၀ ကျော်ပဲအောင်ပါတယ်။ အဲဒီနှစ်က ကျွန်တော်လည်းအောင်တယ်။ ဒီလိုနဲ့ ၁၀ တန်း တစ်နှစ်အပါအဝင် ကျောင်းတက်တဲ့နှစ် ၆ နှစ် (တစ်နှစ်ကကျလို့) မှာ ကော့သောင်းကနေ မကွေးကို စာမေးပွဲသွား ဖြေတာ တစ်နှစ်ကို ကိုယ်သုံးတာရော လေယာဉ်စရိတ်၊ ဘာစရိတ် ညာစရိတ်၊ အမေ့ကန်တော့တာအပါ အဝင် ၇ သိန်းလောက် ကုန်တယ်။

ဒီတော့ တစ်နှစ် ၇ သိန်း x ၆ နှစ် = ၄၂ သိန်းကျပါတယ်။ ငွေက အဓိက မဟုတ်ပါဘူး။ ကျွန်တော် ဘွဲ့ရချင်လွန်းလို့ကို အသက် ကြီးမှ သားသမီးအရွယ်တွေနဲ့ မရှက်မကြောက် စာမေးပွဲတွေ ဖြေခဲ့တာပါ။ ဒါ့ကြောင့် ကျွန်တော့်ဘွဲ့ကို ကျွန်တော် တန်ဖိုးထားပါ တယ်။ "ဟေ့ကောင်...ရဲကျော်သူရ၊ မင်းကုန်ထားတဲ့ငွေ ၄၂ သိန်းအစား အဆတစ်ရာ သိန်း ၄၂၀၀ ပေးမယ် ကွာ။ မင်းအရင်လို ပညာမတတ်တဲ့ ဘွဲ့မရတဲ့သူတစ်ယောက် ဘဝကို ပြန်သွားမလား ဆိုပြီး ငွေတွေပုံပေးရင်လည်း ကျွန်တော့်ဘွဲ့နဲ့ မလဲနိုင်ပါဘူး။"

ဒီကျောင်းတက်ရင် ဘာဘွဲ့ရမယ်ဆိုတာ သိပြီးသားပါ။ ဘာလို့ အချိန်ကုန်ခံပြီး လာတက်နေ ကြသေးလဲ။ စီးပွားရေးထွက်လုပ်ပေါ့။ ငွေလိုချင်ရင် ငွေရှာတဲ့နည်းတွေရှိနေ တာပဲ။ ကျွန်တော် လည်း ရထားတဲ့ဘွဲ့နဲ့ပတ်သက်ပြီး ဥပဒေပညာ တတ်ချင်မှ တတ်လိမ့် မပေါ့။ တတ်အောင် သင်ပေးပါ၊ အလုပ်ရအောင်ရှာပေးပါဆိုတာက ကာယကံရှင်နဲ့လည်း အများကြီးဆိုင်ပါတယ်။

ကော့သောင်းမှာ အိမ်နီးချင်းနေခဲ့ပြီး အခု အမေရိကားရောက်နေတဲ့ ဆရာ အက်စ်ပန်း ပြော တာလေးသတိရမိတယ်။ ဆရာက IR ကနေ လက်ထောက်ကထိကနဲ့ ထွက်လာတဲ့ ချင်းအမျို သားတစ်ယောက်ပါ။

တစ်ရက် ကျွန်တော်က "ဆရာ ကျွန်တော်တို့လူမျိုးတွေက တက္ကသိုလ်တာတက်နေကြ တာ သမိုင်းနဲ့ပြီးတဲ့သူကလည်း သမိုင်း ကြောင်းကောင်းကောင်းမသိ၊ ဓာတုသမားကလည်း ဓာတုဗေဒအကြောင်း ကောင်းကောင်းမသိနဲ့၊ အဲဒီလို မသိတဲ့အထဲ အင်္ဂလိပ် စာပါညံ့တော့ သင်ခန်းစာကို ကောင်းကောင်း သဘောမပေါက်ဘူး။ ဒီတော့ အင်္ဂလိပ်လို သင်မယ့် အစား မြန်မာလိုပြောင်းသင် လိုက်ရင် ပိုတတ်မလာနိုင်ဘူးလား။ ပိုမကောင်းဘူး လားဆရာ။" လို့ ကျွန်တော်ကပြောလိုက်တယ်။

"မကောင်းဘူး ကိုကျော်..." လို့ ဆရာကပြောပါတယ်။ "အဲဒီလိုဆိုရင် နဂိုကမှ အင်္ဂလိပ် စာညံ့တဲ့ ကလေးတွေ ပိုဆိုးသွားလိမ့် မယ်။ ကိုကျော်လည်း စာတွေအများကြီး ဖတ်နေတာပဲ။ ကျွန်တော် တို့ တက္ကသိုလ်က ဘွဲ့တစ်ခုပေးလိုက်တယ်ဆိုတာ ကျောင်း သား တစ်ယောက်ကို မင်းကတော့ ဒီပညာတွေ ကျွမ်းကျင်တတ်မြောက်သွားပါပြီလို့ အာမခံ လက်မှတ်ထုတ်ပေး လိုက်တာ မ ဟုတ်ဘူး။ ဆိုပါတော့ဗျာ... သမိုင်းနဲ့ဘွဲ့ရသွားတယ်ဆိုရင် ဒါ...သမိုင်းဆိုတာ ဒါဟေ့၊ သမိုင်းကို သိချင်ရင် ဒါတွေလေ့လာရ တယ် ကွ၊ ဒီနည်းတွေရှိတယ်ဟေ့ ဆိုပြီး သမိုင်းပညာရပ်နဲ့ ပတ် သက်ပြီး ဆက်လေ့လာနိုင်အောင် သော့ တစ်ချောင်းပေးလိုက်တာနဲ့ တူ တယ်ဗျ။ ကျန်တာ ကိုယ့်တာဝန်ဖြစ်သွားပြီ၊ ကိုယ်သိချင် တတ်ချင်ရင် ဆက်လေ့လာပေါ့။" တဲ့။

အမည်မမှတ်မိတော့တဲ့ ဆောင်းပါးတစ်ပုဒ်ကစာလေးလည်း သတိရမိသေးတယ်။ "ဒီနေ့ ခေတ်မှာ အလုပ်ခေါ်တဲ့အခါ ဘွဲ့ရဆိုပြီး ခေါ်နေကြတယ်။ တကယ်တော့ တချို့ဘွဲ့မရ၊ ဆယ်တန်းမအောင်ပေမဲ့ ဘွဲ့ရတွေထက် ပညာတတ်ပြီး အလုပ်ကျွမ်းကျင်မှုရှိတဲ့ သူ တွေလည်းအများကြီးပဲ။ ဘာ့ကြောင့် ဒီလိုခွဲရတာလဲ။" ဆိုတဲ့မေးခွန်းလေးကိုဖြေတဲ့ အဖြေကို ကျွန်တော်သိပ်သဘောကျမိတယ်။

"ဘွဲ့ရကိုခေါ်တယ်ဆိုတာ ပညာတတ်/ မတတ်ကြည့်ပြီးခေါ်တာမဟုတ်ပါဘူး။ ဘွဲ့တစ်ခုရ ဖို့ လူတစ်ယောက်ဟာ သူငယ်တန်း က နေ ဘွဲ့ရတဲ့အထိအချိန်၊ ငွေ၊ အရင်းအနှီးပေးပြီး ကြိုးစား ခဲ့ရတယ်။ တတ်ချင်လည်းတတ်မယ်၊ မတတ်ချင်လည်း မတတ်ဘူး။ ဒါက အကြောင်း မဟုတ် ဘူး။ အဓိကကတော့ လူတစ်ယောက်ဟာ သူလုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်သင့် လုပ်ထိုက်တဲ့ အချိန်မှာ ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခဲ့တယ် ဆိုတဲ့ အချက်ကို လိုချင် တာဖြစ်တယ်။ ဘွဲ့မရ၊ ဆယ်တန်းမအောင်တဲ့ ကလေးတွေမှာ ဘွဲ့ရတွေထက်သာတဲ့ အရည် အချင်းတွေ ရှိကောင်းရှိနေပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် တို့လိုချင်တာက ဘွဲ့ရပါ..။" တဲ့။
Image

မြန်မာပြည်က ပညာရေးကို နိမ့်ပါးလွန်းတယ်လို့ထင်နေတဲ့သူတွေအတွက် ဗဟုသုတ နည်း နည်းလောက်မျှဝေချင်ပါတယ်။ လွန်ခဲ့ တဲ့ ၁၅ နှစ်လောက်က ချင်းပြည်နယ်က ကျောင်းတချို့၊ ကျူရှင်တချို့မှာ အိန္ဒိယ မီဇိုရမ်ပြည်နယ်ဘက် ကျောင်းသားတွေ မြန်မာ ပြည်က သင်္ချာ ကိုကြိုက်လွန်းလို့ လာသင်ကြတယ်လို့ ချင်းအမျိုးသားမိတ်ဆွေတစ်ယောက်က ပြောပြဖူးတယ်။ ယိုးဒယားက GTI ကျောင်းသားဟာ မြန်မာပြည်က ၈ တန်းသင်္ချာကို ကောင်းကောင်း မတွက် တတ်ပါဘူး။

ဒီမိုကရေစီရပြီဆိုတော့ ကိုယ့်ဘာသာကိုယ် Performance ပဲလုပ်လုပ် ဘာပဲလုပ်လုပ် တား ခွင့်တော့ မရှိဘူးပေါ့။ ဒါပေမဲ့ တက္က သိုလ်ဘွဲ့ရတစ်ယောက်အနေနဲ့ဖြစ်စေ တက္က သိုလ် ကျောင်း သားတစ်ယောက်အနေနဲ့ဖြစ်စေ မိမိတက်နေတဲ့ ကျောင်းရဲ့ ဂုဏ် သိက္ခာကို ထိန်းသိမ်း သင့် တယ်ဆိုတဲ့ အသိဉာဏ်ရင့်ကျက်မှုကလေးလောက်တော့ ရှိသင့်ပါတယ်။

အဝေးသင် ဥပဒေနဲ့ကျောင်းပြီးတော့ ချိန်ဘာဆင်းဖို့ ကျွန်တော့်မှာ ပိုက်ဆံလုံ လုံလောက်လောက်မရှိပါဘူး။ အဲဒီ အချိန်က NGO အလုပ်ပြုတ်လို့ ကော့သောင်းမှာ ဆိုင်ကယ်တက္ကစီမောင်းနေပါတယ်။ သူငယ်ချင်းတွေကတော့ ဆိုင်ကယ်မောင်းရင်း ချိန်ဘာ ဆင်းပေါ့တဲ့။ ကျွန်တော် ချိန်ဘာမဆင်းခဲ့ပါဘူး။ ကျွန်တော့်ဘွဲ့ / ကျွန်တော်ရည်မှန်း တဲ့ ရှေ့နေ အလုပ်ကို တန်ဖိုးထားလို့ပါ။ ချိန်ဘာဆင်းပြီး ရှေ့နေလိုင်စင်ရရင်တောင်မှ အထက် တန်းရှေ့နေ အလုပ်သင်အဖြစ်နဲ့ တရားရုံးချူပ်ရှေ့နေ တစ်ယောက် ယောက်ဆီမှာ ပညာဆည်းပူးရဦးမှာပါ။ ဒါ့ကြောင့် ငွေမရှိတဲ့ ကျွန်တော့်အတွက် အဆင်မပြေပါဘူး။

ဒီတော့ ကျွန်တော်ဘာလုပ်သလဲ...။ စဉ်ဆက်မပြတ်လေ့လာထားတဲ့ အင်္ဂလိပ်စာကို ဖိပြီး ကြိုး စားပါတယ်။ ဘာသာပြန်ပြိုင်ပွဲတွေ ဝင်ပြိုင်တယ်။ ဆုတွေရတယ်။ တစ်နေ့ ၆ နာရီ နှုန်းနဲ့ ၅ နှစ် ဆက်တိုက် ဒွာရကိုးပေါက် မီးခိုးထွက်မတတ်လေ့လာတယ်။ အင်္ဂလိပ် စာမရေးရ/ မဖတ် ရရင် အိပ်မပျော်ဘူး။ အဲဒီလို အပင်ပန်းခံခဲ့တဲ့ အကျိုးကြောင့် ရန်ကုန် တက်လာတဲ့အခါ ဂျာ နယ် တိုက်တွေမှာ ဘာသာပြန်အလုပ်ကို အလွယ်တကူ ရခဲ့တယ်။ အဲဒီကမှ တဆင့် မြစ်မခ မီဒီယာ ဂရုမှာ English Version တာဝန်ခံအယ်ဒီတာ အဖြစ် တစ်နှစ်ခွဲလောက် လုပ်ခွင့်ရခဲ့ တယ်။

အခု ဂျာနယ်တစ်ခုမှာ အမှုဆောင်အယ်ဒီတာလုပ်နေတာလည်း စာတွေဖတ်ခဲ့တဲ့ အကျိုးကျေး ဇူး ပါပဲ။ ကျွန်တော့်ဘဝ တစ် လျောက်လုံး ကားမစီးခဲ့ဖူး/ မပိုင်ခဲ့ဖူးပေမဲ့ ကျွန်တော်ပိုင်ဆိုင်ခဲ့တဲ့ စာအုပ်တွေက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်လောက်က ကာလပေါက်ဈေး သိန်း ၃၀ ဝန်းကျင်လောက် ရှိပါတယ်။

ကော့သောင်းမှာ ကျွန်တော်နဲ့ ခင်မင်ရင်းနှီးတဲ့ သူဌေးကျွန်းဟိုတယ်က မိတ်ဆွေတွေနဲ့ တခြားမိတ်ဆွေတွေ ကျွန်တော့်ဆီမှာ စာ အုပ်လာငှားဖတ်လေ့ရှိကြတယ်။ ရန်ကုန်ပြောင်း ခါနီး ကော့သောင်း အကျဉ်းထောင်ကို ဆာလာအိတ်နဲ့ တစ်လုံးခွဲစာလောက် သွားလှူခဲ့ပြီး ကျန်တဲ့ စာအုပ်တွေကို တစ်ဝက်ဈေးနဲ့ ရောင်းတာ ၁၄ သိန်းကျော်ကျော်ရပါတယ်။

ပြောချင်တာက ပညာတတ်တာ/ မတတ်တာဟာ ဘွဲ့ရတာနဲ့ မဆိုင်ပါဘူး။ ကိုယ်တိုင်က အရည် ထွက်အောင်အပျင်းကျနေပြီး ဘာမှလေ့လာလိုက်စားမှုမရှိဘဲ ရတဲ့ဘွဲ့ကို ထိုင်အပြစ်တင်နေ လို့ကတော့ မြန်မာပြည်မဟုတ်ဘူး အမေရိကားမှာလည်း နေရာ မရှိပါဘူး။

ဘွဲ့ကို အပြစ်တင်နေရအောင် ကိုယ်တိုင်ရော တစ်နေ့ ဘယ်နှနာရီလောက် စာကြည့်ဖြစ် သလဲလို့ မေးခွန်းထုတ်ချင်ပါတယ်။ တတ် အောင်သင်ပေါ့လို့ မပြောပါနဲ့။ ဘွဲ့ပေးတယ်ဆိုတာ တတ်သွားပါပြီလို့ အာမခံတာမဟုတ်ကြောင်းရှင်းပြခဲ့ပါပြီ။ ကောက်ရိုးမီးဇွဲနဲ့ ဟားဗတ် တက်ချင် လို့တော့မရပါဘူး။ ပန်းတိုင်တိုင်းမှာ ထိုက်တန်တဲ့အရင်းအနှီးတော့ ပေးရစမြဲပါ။

မြန်မာပြည်ကဘွဲ့ကို အသုံးမကျဘူးလို့ယူဆရင် နိုင်ငံတကာကဘွဲ့ကို ဆွတ်ခူးနိုင်တဲ့ ဉာဏ်ရည် ဉာဏ်သွေး၊ လုံ့လဝီရိယရော ရှိကြလားလို့ မေးခွန်းထုတ်ချင်ပါတယ်။ အမေရိကန်က အဆင့်ရှိ တဲ့ ဘွဲ့တစ်ခုကို လိုချင်ရင် တစ်ရက်ကို အနည်းဆုံး ၁၀ နာရီ လောက် စာကြည့်ဖို့လိုကြောင်း မက်ဆာချူးဆက်တက္ကသိုလ်က MBA ရလာတဲ့ ဆရာတစ်ယောက်က ပြောဖူးပါတယ်။

မြန်မာပြည်က ဘွဲ့တစ်ခုရဖို့ ဒီနေ့ကျောင်းသားတွေအားထုတ်ရတာ ဘယ်လောက် အတိုင်း အတာရှိတယ်ဆိုတာ အသက်ကြီးမှ ဆယ်တန်းအောင်ဘွဲ့ရခဲ့တဲ့ သူတစ်ယောက်အနေ နဲ့ရော စေတနာ့ဝန်ထမ်း ကျူရှင်ပြခဲ့ဖူးသူတစ်ယောက်အနေနဲ့ပါ ကျွန်တော်သိပါ တယ်။ ပညာဆိုတာ တစ်သက်တာလေ့လာရေးပါ။ အဝေးသင်ပညာရေးဆိုတာ ကျွန်တော်တို့လို ဆင်းရဲသားတွေ ဘွဲ့တစ်ခုရ အောင် အစိုးရကဖန်တီးပေးထားတာလို့ မြင်ပါတယ်။ ဒီအတွက် ဘာပဲဖြစ်ဖြစ် အစိုးရကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ အဝေး သင်ပညာရေးသာ မရှိရင် ကျွန်တော်တို့လို ဆင်းရဲသားသားသမီးတွေ ဘယ်လိုကျောင်းတက်ကြမလဲ။

လောကရဲ့ သဘောက သူ့လိုလို ဟာမိုနီဖြစ်နေတဲ့သဘောရှိပါတယ်။ ကျောင်းဆရာဟောင်း သူငယ်ချင်းတစ်ယောက် ရှင်းပြတာ လေး သဘောကျမိတယ်။ အရင်တုန်းက ရန်ကုန် တက္က သိုလ် နဲ့ မန္တလေးတက္ကသိုလ် နှစ်ခုပဲရှိတယ်၊ လူဦးရေကလည်း နည်းတယ်။ ဒီတော့ ကျောင်း သားတွေကို တင်းတင်းကျပ်ကျပ်စစ်ဆေးတယ်။ ဒါ့ကြောင့် ဘွဲ့ရဆိုတာ နည်းတယ်။ အခု စစ်အစိုးရလက်ထက် မှာ လူဦးရေများလာသလို တက္ကသိုလ်တွေများလာတယ်။ ဒီတော့ ဆယ် တန်းမှာရော တက္ကသိုလ်မှာပါ စစ်ဆေးမှုတွေကို လျှော့ပြီး စစ်ဆေးကြတယ်။ ဒါ့ကြောင့် ဘွဲ့ရတွေများလာတယ်။

ပြောရမှာအားနာပေမဲ့ ပြောတော့ပြောရပါလိမ့်မယ်။ အခုခေတ်မှာ ပိုညံ့လာတယ်ဆိုတာလည်း မငြင်းပါဘူး။ ဒါက ေယ်ဘူယ် သေဘာပါ။ ဒါပေမဲ့ အခုပြောပြောနေတဲ့ အရင်ခေတ်ကဘွဲ့ရတွေ ထဲမှာလည်း ဝီခေါ်အောင်ညံ့တဲ့သူတွေ အနမတဂ္ဂပါပဲ။ ဒီလိုပြော လိုက်လို့ မြန်မာနိုင်ငံက လက်ရှိပညာရေးစနစ်က အင်မတန်ကောင်းပါတယ်လို့ ထောက်ခံနေတာ မဟုတ် ပါဘူး။ ပြုပြင်သင့်တာ တွေ အများကြီးရှိနေတယ်ဆိုတာ အားလုံးအသိပါ။

တလွဲ ဆံပင်ကောင်းနေကြတာလား ဘာလားမသိပေမဲ့ အခုလို တန်ဖိုးထားရမယ့် ဘွဲ့ဝတ်စုံတွေ ကို ထင်သလိုဝတ်ပြီး ဆိုက်ကား မောင်းပြတာတို့ ပဲပြုပ်ရောင်းပြတာတို့ဆိုတာ မသင့်တော်ပါ ဘူး။ ဘွဲ့ရတစ်ယောက် ဆိုက်ကားနင်းတာမရှိဘူး၊ ပဲပြုပ်ရောင်းနေ ရတာ မရှိဘူးလို့ ပြောနေ တာမဟုတ်ပါ။ ဒူးနေရာဒူး တော်နေရာတော်ဆိုတဲ့ မြန်မာစကားလည်း အရှိသားမဟုတ်လား။


အခုလုပ်ရပ်က ကိုယ့်တက္ကသိုလ်က ဘွဲ့ဝတ်စုံကိုစော်ကားရုံတင်သာမက သူ့ဘာ သာ အေးအေးဆေးဆေး လုပ်ကိုင်စားသောက် နေတဲ့ ဆိုက်ကားနင်းတဲ့ Professional ကိုပါ သွားပြီး ပုပ်ခတ်စော်ကားသလိုဖြစ်နေပါတယ်။

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ရမယ်ဆိုတာ ချွင်းချက်မရှိထောက်ခံပါတယ်။ ဒါပေမဲ့ ဘွဲ့ဝတ်စုံကြီးတွေဝတ်ပြီး မဖွယ်မရာ တွေလုပ်နေကြတာကိုမြင်ရတော့ ကိုယ်နဲ့မတည့်လို့ ကွဲသွားတဲ့ မိန်းမ/ ရည်းစား မကောင်းကြောင်းကို အရပ်တကာလှည့် အတင်း တုပ်နေတဲ့ လူတစ်ယောက်ကို ကြည့်ရတာနဲ့တူပါတယ်။ ကိုယ်ချင်းစာချင်စရာ မကောင်းဘဲ စိတ်ပျက် စရာကောင်းလောက်အောင် ဟောင်ဖွာဟောင်ဖွာလုပ်နေတဲ့ လက်ဘက်ရည်ဆိုင်ထဲက လူတစ်ယောက်ကိုသာ မျက်စိထဲ မြင်ကြည့်ကြပါကုန်။ အသံကကျယ်၊ ချောင်းကဟန့်၊ သလိပ်က ခဏခဏဟပ်၊ တံတွေးတွေက ဘေးစင်၊ သွားမှန်မှန်မတိုက်တော့ အနံ့တွေပါထွက်လို့….။

ဘွဲ့တက်မယူဖြစ်ပေမဲ့ ဘွဲ့ဝတ်စုံကိုရော ဘွဲ့ကိုရော တန်ဖိုးထားတဲ့...

ရဲရင့်ဘုန်း (ခ) ရဲကျော်သူရ
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to ကျောင်းထပ်တက်မယ် ဆိုရင် ပိုလီတက်(Polytech), အိုင်တီအီး (ITE), BCA, NUS, NTU တက်မယ်ဆိုရင်

Who is online

Users browsing this forum: No registered users and 2 guests

cron