ရန်ကုန်တက္ကသိုလ်မှ မာလာနှင့် သီရိဆောင်တို့ကို အမျိုးသမီးဆောင်

ကျောင်းထပ်တက်မယ် ဆိုရင် သိသင့်သိထိုက်တာတွေကို လေ့လာဘို့လိုပါတယ်။ လုပ်စားဘို့အတွက်တက်တာလား။ အောင်လက်မှတ်အတွက်တက်တာလား။ လုပ်စားဘို့ဆိုရင်တက်မဲ့ကျောင်းကကော လုပ်စားလို့ရလောက်အောင်သင်ပေးနိုင်လားရဲ့လား? လူ့ သက်တမ်းရဲ့ သုံးပုံနှစ်ပုံကျော်မှ မသုံးမဲ့ပညာတွေကို ခက်ခက်ခဲခဲသင်နေလို့ ဘာအကျိုးရှိမှာလဲ။ လက်ရှိအလုပ် သို့ လုပ်ကိုင်စားသောက်ရမဲ့ အသက်မွေးဝမ်းကြောင်းပညာ ထပ်သင်ဘို့အတွက်သိထားရမှာတွေကို စုဆောင်းထားပါတယ်။ စင်ကာပူ က ပိုလီတက်(Polytech), အိုင်တီအီး (ITE), BCA, NUS, NTU တွေ အကြောင်း အင်္ဂလန်နိုင်ငံ၊ ထိုင်း က AIT နှင့် တခြားသော နိုင်ငံကကျောင်းတွေ သင်တန်းတွေအကြောင်း

ရန်ကုန်တက္ကသိုလ်မှ မာလာနှင့် သီရိဆောင်တို့ကို အမျိုးသမီးဆောင်

Postby acmv » Sun Aug 17, 2014 2:53 pm

ရန်ကုန်တက္ကသိုလ်မှ မာလာနှင့် သီရိဆောင်တို့ကို အမျိုးသမီးဆောင်အဖြစ် ပြန်လည်အသုံးပြုမည်
By
နေလင်းထွန်း
Image
ရန်ကုန်တက္ကသိုလ်တွင် နှစ်ပေါင်း ၂၀ ခန့်အတွင်း ပထမဆုံးအကြိမ်တက္ကသိုလ်တန်းများ ပြန်လည်လက်ခံခဲ့သော ၂၀၁၃ က စာသင်ခန်းတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ − နစ်ကီ)

ရန်ကုန်တက္ကသိုလ်ရှိ တစ်ချိန်က နာမည်ကြီး အမျိုးသမီးဆောင်များဖြစ်သော မာလာဆောင်နှင့် သီရိဆောင်တို့ကို အမျိုးသမီးဆောင်များအဖြစ် ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အင်္ဂလိပ်ဘာသာစကား အမျိုးသားဗဟိုဌာနဖြစ်နေသော မာလာဆောင်နှင့် အရှေ့တောင် အာရှပညာရေးဝန်ကြီးများအဖွဲ့ (SEAMEO) ဌာနဖြစ်နေသော သီရိဆောင်တို့ကို အမျိုးသမီးဆောင်များအဖြစ် ပြန်လည်အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

‘‘မာလာဆောင်နဲ့ သီရိဆောင်တွေကို အမျိုးသမီးဆောင်တွေအဖြစ် ပြန်လည်အသုံးပြု သွားမှာပါ။ သီရိဆောင်ကတော့ ဦးစားပေးဖြစ်လိမ့်မယ်။ လာမယ့် ကျောင်းဖွင့်ချိန်အမီ ဖြစ်လာဖို့ရှိ တယ်’’ဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူ ကပြောသည်။

လက်ရှိ အင်္ဂလိပ်ဘာသာစကား အမျိုးသားဗဟိုဌာနနှင့် အရှေ့တောင်အာရှပညာရေး ၀န်ကြီးများအဖွဲ့ဌာနတို့ကို နေရာ ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး မည်သည့်နေရာသို့ ပြောင်း ရွှေ့မည်ကို တိတိကျကျမပြောဆို နိုင်သေးကြောင်း ၎င်းကဆိုသည်။

‘‘ရန်ကုန်တက္ကသိုလ်မှာတော့ နေရာမလုံလောက်တော့ဘူး။ လှိုင်တက္ကသိုလ်နယ်မြေမှာ ဖြစ်ဖို့များတယ်။ ဆုံးဖြတ်ချက်တော့ မပေးသေးပါဘူး’’ဟု ဒေါက်တာအောင်သူကပြောသည်။

ယခင် ပညာသင်နှစ်က ပြန်လည်ဖွင့်လှစ်လိုက်သော ရန်ကုန် တက္ကသိုလ်တွင် ကျောင်းသား၁၆၀ ကျော်နှင့် ကျောင်းသူ ၃၀၀ ကျော်ကို အဆောင်နေထိုင်ခွင့်ပြု ထားပြီး လာမည့်ပညာသင်နှစ်တွင် ကျောင်းသူများအား အဆောင်လက်ခံရန် လိုအပ်ချက်ရှိလာကြောင်း ၎င်းကဆိုသည်။

သြဂုတ် ၁၆ ရက်က သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းနှင့် တာဝန်ရှိသူများသည် မာလာဆောင်နှင့် သီရိဆောင်များသို့ သွားရောက်လေ့လာ ကြည့်ရှု ပြီးနောက် အမျိုးသမီးဆောင်အဖြစ် ပြန်လည်အသုံးပြုရန် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

သြဂုတ်လ ပထမပတ်ကလည်း အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော ရန်ကုန် တက္ကသိုလ်ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးအဖွဲ့သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သော ပဲခူးဆောင် အကြီးစားပြင်ဆင်မှုကို ဦးစားပေးဆောင်ရွက်ရန်နှင့် အောက်တိုဘာနှင့် နိုဝင်ဘာတွင် လုပ်ငန်း အကောင်အထည်ဖော် နိုင်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to ကျောင်းထပ်တက်မယ် ဆိုရင် ပိုလီတက်(Polytech), အိုင်တီအီး (ITE), BCA, NUS, NTU တက်မယ်ဆိုရင်

Who is online

Users browsing this forum: No registered users and 1 guest

cron