ဥပဒေနဲ့ ပညာရေးစနစ်ကို ဆယ်တန်းကနေဆယ့်နှစ်တန်းတိုးလိုက် တဲ့သတင

ကျောင်းထပ်တက်မယ် ဆိုရင် သိသင့်သိထိုက်တာတွေကို လေ့လာဘို့လိုပါတယ်။ လုပ်စားဘို့အတွက်တက်တာလား။ အောင်လက်မှတ်အတွက်တက်တာလား။ လုပ်စားဘို့ဆိုရင်တက်မဲ့ကျောင်းကကော လုပ်စားလို့ရလောက်အောင်သင်ပေးနိုင်လားရဲ့လား? လူ့ သက်တမ်းရဲ့ သုံးပုံနှစ်ပုံကျော်မှ မသုံးမဲ့ပညာတွေကို ခက်ခက်ခဲခဲသင်နေလို့ ဘာအကျိုးရှိမှာလဲ။ လက်ရှိအလုပ် သို့ လုပ်ကိုင်စားသောက်ရမဲ့ အသက်မွေးဝမ်းကြောင်းပညာ ထပ်သင်ဘို့အတွက်သိထားရမှာတွေကို စုဆောင်းထားပါတယ်။ စင်ကာပူ က ပိုလီတက်(Polytech), အိုင်တီအီး (ITE), BCA, NUS, NTU တွေ အကြောင်း အင်္ဂလန်နိုင်ငံ၊ ထိုင်း က AIT နှင့် တခြားသော နိုင်ငံကကျောင်းတွေ သင်တန်းတွေအကြောင်း

ဥပဒေနဲ့ ပညာရေးစနစ်ကို ဆယ်တန်းကနေဆယ့်နှစ်တန်းတိုးလိုက် တဲ့သတင

Postby acmv » Sun Aug 17, 2014 8:26 am

ဥပဒေနဲ့ ပညာရေးစနစ်ကို ဆယ်တန်းကနေဆယ့်နှစ်တန်းတိုးလိုက် တဲ့သတင်း အပေါ်သုံးသပ်ချက်။

နိုင်ငံတကာအနေနဲ့ ကြည့်ရင် အများစုက ဆယ်နှစ်တန်းစနစ်ကိုကျင့်သုံးကြတဲ့ နိုင်ငံတွေဖြစ်တယ်။ အဓိကကောင်းကျိုးက ကလေးသူငယ်ကို ပညာပိုရစေတယ်။ (ဥပဒေထဲမှာထည့်တဲ့သဘောက အစိုးရ၊ ကျောင်းများ ၊ မိဘ ၊ ကလေး ကအစ ဒီ ၁၂ တန်းကို မဖြစ်မနေတက်ရမယ့်သဘောရှိတယ်) ။ ချမ်းသာတဲ့သူဖြစ်စေ ၊ ဆင်းရဲတဲ့သူဖြစ်စေ လူတိုင်းရဲ့ဘဝအစမှာ ပညာသင်ခွင့်ကို မျှမျှတတရရှိခံသင့်တယ်။ ဒါဒီမိုကရေစီရဲ့ အနှစ်သာရတခုဖြစ်တယ်။ ဒါကြောင့်မို့လို့လည်း တကမ္ဘာလုံးကအစိုးရတွေအနေနဲ့ ပညာရေးကိုဆောင်ရွက်တဲ့အချိန်မှာ ကိုယ့်လူထုကောင်းစားဖို့ ကြိုးစားတဲ့အနေနဲ့ ကျောင်းစရိတ်အားလုံး သို့မဟုတ် တက်နိုင်သလောက် အစိုးရဘက်ကကျခံတယ်။

ဒါပေမယ့် ကျွန်တော်တို့နိုင်ငံအနေနဲ့ အခုဖြစ်ဖြစ် နောက် ၅ နှစ်ဖြစ်ဖြစ် ဒီစနစ်က မသင့်တော်သေးဘူးလို့ယူဆပါတယ်။ (အခုဒီလိုလုပ်တာ ပြည်တော်ပြန်များရဲ့ အကြံနဲ့လုပ်တာနဲ့တူတယ်။ ကိုယ့်နိုင်ငံအနေအထားကိုမသိပဲ)

မသင့်တော်သေးတဲ့အကြောင်းအရင်းများက -

၁။ လက်ရှိအခြေခံအဆောက်အအုံ ၊ ငွေရေးကြေးရေး ၊ သင်ရိုး ၊ ဆရာ ဆရာမ အားလုံးက ဆယ်တန်းအတွက်တောင် အများကြီးလိုအပ်နေသေးတယ်။ နှစ်တန်းထပ်တိုးလိုက်ရင် လိုအပ်ချက်ပိုများပြီး ကွာလတီထပ်ကျမယ့်သဘောရှိတယ်။ ပညာရေးဝန်ကြီးဌာနတခုတည်းမဟုတ်ပဲ စီးပွားရေး ၊ ဘဏ္ဍာရေး ၊ ဆောက်လုပ်ရေး ၊ ပို့ဆောင်ရေး အားလုံးနဲ့တိုင်ပင်ပြီးသားလား ။ မိဘများဆီက သဘောထားကောက်ခံပြီးပြီလား ။ အရင်လိုပဲ ကောင်းတယ်ထင်ရင် စွတ်လုပ်တက်တဲ့အကျင့်က ဖျောက်သင့်နေပါပြီ။

၂။ ပြဿနာဖြေ၇ှင်းတဲ့အချိန်မှာ သော့ချက်ဆိုတာ ဒီပြဿနာဖြေရှင်းဖို့ အရေးအကြီးဆုံးမလုပ်မဖြစ် လုပ်ရမယ့် အချက်ပါ။ ဒီလိုသော့ချက်မဟုတ်ပဲ တကယ့် ကလေးပညာရေးကောင်းဖို့အတွက် ဟန်ပြလိုလို ၊ မဲဆွယ်သလိုလို ၊ သူများကြည့်ကောင်းအောင်လုပ်သလိုလို လုပ်ရင် ပညာရေးမှာ ဘာမှတိုးတက်စရာအကြောင်းမရှိဘူး။ ဒီပညာရေးစနစ်ရဲ့သော့ချက်က သင်ရိုးပြောင်းဖို့နဲ့ အရည်အချင်းပြည့်ဝတဲ့ ဆရာ ဆရာမတွေပြုစုပျိုးထောင်ဖို့ ။ (အခြေခံအဆောက်အအုံပိုင်း အများကြီး တိုးဖို့လိုတယ်။ ဥပမာ- ဓာတ်ခွဲခန်း ၊ လက်တွေ့လေ့ကျင့်မှုပြုလုပ်နိုင်ဖို့ ပစ္စည်းများ ၊ ကျန်းမာရေးအတွက် အားကစားကွင်း စသဖြင့် ) လက်တွေ့ဘဝနဲ့ ပိုပြီး နီးစပ်တဲ့သင်ရိုးပြုစုဖို့ ၊ လုံခြုံမှုရှိတဲ့ ကျောင်းကြိုပို့ကားများ ။ ဒီလို အနေအထားတွေကိုအခုလက်ရှိဆယ်တန်းမှာတောင် ပြည့်စုံအောင်မစီစဉ်ပေးနိုင်သေးတာ ဆယ့်နှစ်တန်းဆိုရင် ပိုမဆိုးသွားဘူးလား ။

၃။ အခုပြည်သူလူထုရဲ့ ကျပ်တည်းနေတဲ့ ဘဝမှာ ကလေးတွေကိုနောက်ထပ် ၂ နှစ်မဖြစ်မနေတက်ရမယ်ဆိုရင် မိဘအနေနဲ့ ခံနိုင်ပါ့မလား။ အခုပညာရေးမှာတောင် အလယ်တန်းနဲ့ ကျောင်းထွက်သွားရတဲ့ ကလေးတွေအများကြီးရှိတယ်။ တပြည်လုံးအနေနဲ့ အနည်းဆုံး ၂၀% ရဲ့ကလေးတွေက ဆယ်တန်းအထိမနေဘူးလို့ ခန့်မှန်းရတယ်။ ဒီ ၂၀% တောင် ပပျောက်အောင်လုပ်ဖို့ မလွယ်ကူပါ။

နောက်ဆုံးပြောချင်တာက ဘာဥပဒေပဲထုတ်ထုတ် ၊ ဘာပေါ်လစီပဲ ကြေငြာ ကြေငြာ ၊ သီအိုရီနဲ့ လက်တွေ့ ၂ ဘက်စလုံးကိုသေချာ သုံးသပ်ပါ။ အခုလို ပညာရှင် မလုံလောက် မပြည့်စုံတဲ့အချိန်မှာ မေးခွန်းထုတ်ပြီး လူထုရဲ့သဘောတောင်းခံသင့်ပါတယ်။
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to ကျောင်းထပ်တက်မယ် ဆိုရင် ပိုလီတက်(Polytech), အိုင်တီအီး (ITE), BCA, NUS, NTU တက်မယ်ဆိုရင်

Who is online

Users browsing this forum: No registered users and 1 guest

cron