နည်းပညာတက္ကသိုလ်ကျောင်းသားဦးရေ ၆၀၀၀ ခန့်သာ ခေါ်မည်

ကျောင်းထပ်တက်မယ် ဆိုရင် သိသင့်သိထိုက်တာတွေကို လေ့လာဘို့လိုပါတယ်။ လုပ်စားဘို့အတွက်တက်တာလား။ အောင်လက်မှတ်အတွက်တက်တာလား။ လုပ်စားဘို့ဆိုရင်တက်မဲ့ကျောင်းကကော လုပ်စားလို့ရလောက်အောင်သင်ပေးနိုင်လားရဲ့လား? လူ့ သက်တမ်းရဲ့ သုံးပုံနှစ်ပုံကျော်မှ မသုံးမဲ့ပညာတွေကို ခက်ခက်ခဲခဲသင်နေလို့ ဘာအကျိုးရှိမှာလဲ။ လက်ရှိအလုပ် သို့ လုပ်ကိုင်စားသောက်ရမဲ့ အသက်မွေးဝမ်းကြောင်းပညာ ထပ်သင်ဘို့အတွက်သိထားရမှာတွေကို စုဆောင်းထားပါတယ်။ စင်ကာပူ က ပိုလီတက်(Polytech), အိုင်တီအီး (ITE), BCA, NUS, NTU တွေ အကြောင်း အင်္ဂလန်နိုင်ငံ၊ ထိုင်း က AIT နှင့် တခြားသော နိုင်ငံကကျောင်းတွေ သင်တန်းတွေအကြောင်း

နည်းပညာတက္ကသိုလ်ကျောင်းသားဦးရေ ၆၀၀၀ ခန့်သာ ခေါ်မည်

Postby acmv » Fri Aug 01, 2014 2:05 pm

နည်းပညာတက္ကသိုလ်ကျောင်းသားဦးရေ
ခြောက်ထောင်ခန့်သာ ခေါ်မည်
ရန်ကုန်၊ ဇူလိုင် ၃၁
Yangon Media Group
Image
၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်အတွက် နည်းပညာ ကျောင်းသားအရေအတွက်ကို တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ခြောက် ထောင်ခန့်သာခေါ်ယူရန် လျာထား ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်က ပြောကြားသည်။

ယခု ပညာသင်နှစ်မှစတင်ပြီး နည်းပညာတက္ကသိုလ်များ၏ အမှန် တကယ် သင်ကြားပေးနိုင်မှု၊ စာသင် ခန်း၊ သင်ထောက်ကူပစ္စည်းလုံလောက် မှုနှင့် ဆရာ၊ ဆရာမအရေအတွက် တို့ပေါ်မူတည်ပြီး ရန်ကုန်နည်းပညာ တက္ကသိုလ်(COE)နှင့် မန္တလေးနည်း ပညာတက္ကသိုလ်(COE)တို့အပါအဝင် တစ်နိုင်ငံလုံးရှိ နည်းပညာတက္ကသိုလ် ကျောင်းသား အရေအတွက် ကို ခြောက် ထောင် ခန့်သာ ခေါ်ယူသွားရန် လျာ ထားခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာအောင်ကျော်မြတ် က ''အရင်တုန်းကလို နှစ်သောင်း၊ သုံးသောင်း မခေါ်တော့ဘူး။ အမှတ် ကိုလဲ မြှင့်လိုက်ပြီ။ နည်းပညာတက္က သိုလ်တွေအနေနဲ့ ကိုယ့်တက္ကသိုလ် အလိုက် လက်ခံသင်ကြားပေးနိုင်တဲ့ အပေါ်မူတည်ပြီး ကျောင်းသားကို ခေါ်ရတော့မယ်။ တက္ကသိုလ်တစ်ခုနဲ့ တစ်ခု ကျောင်းသားအရေအတွက် က တူမှာမဟုတ်ဘူး။ တကယ်အရည် အချင်းရှိတဲ့သူတွေ မွေးထုတ်ပေးနိုင် အောင် ပံ့ပိုးပေးနိုင်တဲ့ သင်ထောက် ကူပစ္စည်းတွေပေါ် မူတည်ပြီး ကိုယ့် တက္ကသိုလ်အလိုက် ခေါ်ယူကြရမှာ ပါ''ဟု ပြောကြားသည်။

လက်ရှိတွင် နည်းပညာတက္က သိုလ်များ အဆင့်မြှင့်တင်ရေးစီမံချက် များ ဆောင်ရွက်လျက်ရှိရာ ရန်ကုန် နှင့် မန္တလေးနည်းပညာတက္ကသိုလ် နှစ်ခုကို စံနမူနာထားပြီး ကျန်နည်း ပညာတက္ကသိုလ်များကိုလည်း အဆင့် မြှင့်တင်သွားရမည်ဖြစ်ကြောင်း၊ ပါ ရဂူဘွဲ့နှင့် မဟာဘွဲ့များ ပေးအပ် နိုင်ပြီး လက်တွေ့လုပ်ငန်းခွင်များ၌ အသုံးချနိုင်မည့် အဆင့်မြင့်သိပ္ပံနည်း ပညာရပ်များ ထိရောက်စွာ သင်ကြား နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး မြစ်ကြီး နား၊ နည်းပညာတက္ကသိုလ်မှ တာဝန် ရှိသူတစ်ဦးက ''ကျွန်တော်တို့တက္ကသိုလ် မှာက မေဂျာလေးခုရှိတဲ့အတွက် ဒီနှစ် တော့ ကျောင်းရဲ့လက်ခံနိုင်တဲ့အနေအထားအရ မေဂျာတစ်ခုကို လေးဆယ် နှုန်းခေါ်ဖို့ လျာထားပါတယ်။ အရင် နှစ်တွေတုန်းက တစ်ခန်းကို ၆ဝ၊ ၇ဝ လောက်နဲ့ သင်ကြားရတယ်။ ဖြည့် တင်းနိုင်တဲ့ သင်ထောက်ကူပစ္စည်း အရေအတွက်နဲ့ ကျောင်းသားအရေ အတွက် မကိုက်ညီတဲ့အတွက် အခက် အခဲတွေဖြစ်တယ်။ ဒီနှစ်တော့ လိုအပ် တဲ့ သင်ထောက်ကူပစ္စည်းတွေ ထပ် ဖြည့်ပေးထားပါတယ်''ဟု ပြောသည်။

လက်ရှိတွင် နည်းပညာတက္က သိုလ်များ အဆင့်မြှင့်တင်ရေး စီမံ ချက်ကို သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

CCT

‪#‎Democracytoday‬
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to ကျောင်းထပ်တက်မယ် ဆိုရင် ပိုလီတက်(Polytech), အိုင်တီအီး (ITE), BCA, NUS, NTU တက်မယ်ဆိုရင်

Who is online

Users browsing this forum: No registered users and 1 guest

cron