ကျွန်တော်ထာဝရစာသင်သား

ကျောင်းထပ်တက်မယ် ဆိုရင် သိသင့်သိထိုက်တာတွေကို လေ့လာဘို့လိုပါတယ်။ လုပ်စားဘို့အတွက်တက်တာလား။ အောင်လက်မှတ်အတွက်တက်တာလား။ လုပ်စားဘို့ဆိုရင်တက်မဲ့ကျောင်းကကော လုပ်စားလို့ရလောက်အောင်သင်ပေးနိုင်လားရဲ့လား? လူ့ သက်တမ်းရဲ့ သုံးပုံနှစ်ပုံကျော်မှ မသုံးမဲ့ပညာတွေကို ခက်ခက်ခဲခဲသင်နေလို့ ဘာအကျိုးရှိမှာလဲ။ လက်ရှိအလုပ် သို့ လုပ်ကိုင်စားသောက်ရမဲ့ အသက်မွေးဝမ်းကြောင်းပညာ ထပ်သင်ဘို့အတွက်သိထားရမှာတွေကို စုဆောင်းထားပါတယ်။ စင်ကာပူ က ပိုလီတက်(Polytech), အိုင်တီအီး (ITE), BCA, NUS, NTU တွေ အကြောင်း အင်္ဂလန်နိုင်ငံ၊ ထိုင်း က AIT နှင့် တခြားသော နိုင်ငံကကျောင်းတွေ သင်တန်းတွေအကြောင်း

ကျွန်တော်ထာဝရစာသင်သား

Postby acmv » Wed Jul 16, 2014 10:05 pm

ကျွန်တော်ထာဝရစာသင်သား
https://www.facebook.com/drthantzinwinmech?fref=photo

Image
နည်းပညာတက္ကသိုလ် (ကလေး) သို့ရောက်သည်မှာလာမည့်လဆိုလျှင်လေးနှစ်ပြည့်တော့မည် ကျောင်းသားများကကျွန်တော့ကိုဆရာလို့ခေါ်ကြသည် ခင်မင်သူများကလည်းအလွယ်ဖြင့်ဆရာလို့ခေါ်ကြပြန်သည် အမှန်တော့ကျွန်တော့ကိုယ်ကျွန်တော်ဆရာလို့ဘယ်တုန်းကမှမခံယူခဲ့ပါ ဆရာသည်မြန်မာ့လူ့အဖွဲ့အစည်းတွင်အလွန်ပင်ကြီးကျယ်မြင့်မြတ်လှသည်ကိုတန်ဖိုးထားသူတိုင်းသိပါသည် ဆရာ့တာဝန်များကျေပွန်ပြီးဆရာကောင်းအင်္ဂါရပ်များနှင့်ပြည့်စုံမှသာလျှင်ဆရာဟုသတ်မှတ်နိုင်ပါမည် တကယ်တော့ကျွန်တော်သည်ဆရာကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေသောထာဝရစာသင်သားတစ်ဦးသာဖြစ်ပါသည်

ဖတ်ဖူးသောကဗျာတစ်ပုဒ်ပထမဆုံးစာပိုဒ်တစ်ခုကိုကျွန်တော်သတိရနေမိသည်

"အကြင်နာမျက်ဝန်းရဲ့
လက်ရွှန်းတဲ့ဂရုဏာ
ပီတိဝေဖြာ
လက်ဖျားကစေတနာ
မုဒိတာနှလုံးသား
တပည့်တွေယဉ်ကာခန့်အောင်လို့
အသိဝေပညာဖြန့်တယ်
နူးညံ့စိတ်ထား"

တဆက်ထဲစေတနာ ဝါသနာ အနစ်နာအပြင်မေတ္တာဂရုဏာများပါအပိုထည့်ထားသောဆရာများဂုဏ်ကျေးဇူးများကိုရိုသေစွာဖြင့်အောင့်မေ့ဦးခိုက်မိသည် အခုကျွန်တော်ဒီနေရာကိုရောက်နေသည် ကျွန်တော်စာတွေသင်နေသည် စာသင်ဖို့စာဖတ်ရသည် စာဖတ်တိုင်းစာသင်လို့တတ်တာတော့မဟုတ် စာသင်တော်တိုင်းလည်းဆရာကောင်းမဖြစ်ပါ ဆရာကောင်းအင်္ဂါရပ်များတွင် အကျင့်သီလ သမာဓိ ပညာနှင့်ပြည့်စုံပြီးမသင့်လျော်သောပြောဆိုပြုမူမှုတို့ကိုပြောဆိုဆုံးမနိုင်မှသာလျှင်ကောင်းသောဆရာဖြစ်နိုင်မည်ဟုယုံကြည်မိသည်

ဆရာဟုဆိုလျှင်အခြေခံပညာဆရာများကိုအရင်ဦးဆုံးပြေးမြင်မိကြသည် အဆင့်မြင့်ပညာဆရာများကိုအနည်းငယ်မှေးမှိန်၍အမြင်နောက်ကျမိသည် အပြစ်တော့မဆိုသာပါ အတူတူပင်ဖြစ်သည် ဆရာဆိုတာကိုယ်မသိသေးသည်ကိုတစ်လုံးတစ်ပါဒသိအောင်ပြောပြပေးသူအားလုံးပါဝင်သည် ကျွန်တော်တို့ဗုဒ္ဓဘာသာတွင်သင်ဆရာမြင်ဆရာကြားဆရာများအားလုံးသည်ဆရာများဖြစ်ကြသည်

ဆက်၍ပြောပါမည် ဆရာသည်ပညာရေးတွင်ခရာဖြစ်သည် ပညာရေးဆိုသည်မှာ စိတ်နေသဘောထား (attitude) ကျွမ်းကျင်မှု (skill) နှင့်အသိပညာ (knowledge) တို့ပြောင်းလဲမှုဖြစ်စဉ်ဖြစ်သည် ကောင်းမွန်သောအတွေးအခေါ်များနှင့်အမူအကျင့်များသို့ပြောင်းလဲလာအောင်ဆောင်ရွက်ပေးနိုင်မှသာစစ်မှန်သောဆရာဖြစ်သည်ဟုထင်မြင်မိသည်

အခုကျွန်တော်တို့ဆရာဆရာမများသည်စာသင်ပြီးရန်သာစိတ်ရောက်နေကြသည် ခေတ်စနစ်တစ်ခုအခြေအနေအရစာမေးပွဲဖြေနိုင်ရေးကိုသာဦးတည်နေကြသည် တချို့ကပိုဆိုးသည် ဗိုက်ပြည့်ရေးအတွက်ရည်ရွယ်ကာစာသင်ကြသည် ကျွန်တော်သိသောဆရာသည်သူသိသမျှကိုအများနားလည်စေရန်ပြန်လည်သင်ကြားရာ၌ထူးချွန်သူဖြစ်သည် သင်ကြားမှုနှင့်သင်ယူမှုဖြစ်စဉ်တို့အကျိုးကျေးဇူးကိုသိသည်

ဆရာကောင်းတစ်ယောက်စာသင်သည့်အခါအောက်ပါအချက်များကိုလက်စွဲပြုသင်ကြားသင့်ကြောင်းကျွန်တော်စာစောင်တစ်ခုတွင်ဖတ်ခဲ့ဖူးသည်ကိုဆရာဆရာမများအတွက်ပြန်လည်ဝေမျှပေးချင်သည်-

1. အများနားလည်လွယ်စေသောအသုံးအနှုန်းများကိုသာအသုံးပြုသည်

2. အများနှင့်ဆက်နွယ်မှုရှိသောဥပမာများကိုသာပေးသည်

3. ပြသနာကြီးတစ်ခုကိုပြသနာငယ်များအဖြစ်ပိုင်းထစ်၍ရှင်းလင်းပြီးထိုအပိုင်းငယ်များကိုပြန်လည်ဆက်ပေးသည်

4. လိုအပ်သည့်စကားများကိုပြောဖြစ်အောင်ပြောပြီးအပိုစကားများကိုရှောင်သည်

5. တပည့်တို့သိလိုသောမေးမြန်းချက်များကိုစိတ်ဝင်တစားပြန်လည်ဖြေကြားသည်

6. သင်ယူမှုအခက်အခဲများစွာကိုအမြဲနားစွင့်နေသည်

7. အချိန်ရသည်နှင့်အမျှပြန်လှန်လေ့ကျင့်စေသည်

8. ပြသနာတစ်ရပ်ကိုဘက်စုံထောင့်စုံမှရှုမြင်စေသည်

9. ကျောင်းသင်ခန်းစာနှင့်ပြင်ပလောကကိုဆက်စပ်ပြသည်

10. တပည့်တို့အဆင့်ကိုလိုက်၍သင့်တော်သောသင်နည်းစနစ်သို့ပြောင်းလဲသင်ကြားသည်

11. သင်နည်းစနစ်ကိုပုံသေကားကျမထားဘဲအသက်ဝင်စေ၍ခေတ်မီအောင်ပြုလုပ်သည်

12. သင်ကြားမှုနှင့်သင်ယူမှုတို့ရလဒ်တန်ဖိုးကိုအမြဲတိုင်းတာမှတ်သားသည်

ထိုအချက်များနှင့်စာသင်နိုင်အောင်ကျွန်တော်အမြဲကြိုးစားနေသည် ဆရာဆရာမများကိုလည်းအထက်ပါအချက်များနှင့်သင်ကြားပြသနိုင်ရန်စေတနာကောင်းဖြင့်တိုက်တွန်းပါသည် စေတနာသည်ကံဖြစ်ပါသည် စေတနာကောင်းကောင်းထားလျှင်ကံကောင်းမည်ဖြစ်ပါသည် တကယ်တော့အင်ဂျင်နီယာပညာရပ်များသည်တွေးခေါ်စဉ်းစားမှုများစွာပါဝင်ပြီးလေ့လာရန်ခက်ခဲသည် ရသလောက်ဆည်းပူးလေ့လာပြီးလက်ဆင့်ကမ်း၍ပညာသင်ကြားပေးနိုင်အောင်အမြဲအားထုတ်နေရန်လိုအပ်သည်

နောက်ဆုံးတော့ကျွန်တော်သည်စာသင်သားများအတွက်စံနမူနာဖြစ်အောင်ကြိုးစားသော်လည်းအမှားနှင့်ကင်းသူတော့မဟုတ်ပါ ကိုယ်တိုင်ဝန်ခံပါသည် ဒါပေမယ်လည်းတပည့်မရှားတစ်ပြားမရှိပီတိစားရင်းစာသင်နေသောထာဝရစာသင်သားကျွန်တော်သည်နုပျိုလန်းဆန်းသောကျောင်းသားများနှင့်အတူထာဝရရှင်သန်ရင်းနှလုံးသားမှစီးကျလာသောမေတ္တာများဖြင့်ပျော်ရွှင်နေမိပါတော့သည်

ချစ်ခင်လေးစားစွာဖြင့်
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to ကျောင်းထပ်တက်မယ် ဆိုရင် ပိုလီတက်(Polytech), အိုင်တီအီး (ITE), BCA, NUS, NTU တက်မယ်ဆိုရင်

Who is online

Users browsing this forum: No registered users and 1 guest

cron