စင်္ကာပူနိုင်ငံသားခံယူခြင်းနှင့် ပတ်သက်သော သုံးသပ်ချက်

ကျောင်းထပ်တက်မယ် ဆိုရင် သိသင့်သိထိုက်တာတွေကို လေ့လာဘို့လိုပါတယ်။ လုပ်စားဘို့အတွက်တက်တာလား။ အောင်လက်မှတ်အတွက်တက်တာလား။ လုပ်စားဘို့ဆိုရင်တက်မဲ့ကျောင်းကကော လုပ်စားလို့ရလောက်အောင်သင်ပေးနိုင်လားရဲ့လား? လူ့ သက်တမ်းရဲ့ သုံးပုံနှစ်ပုံကျော်မှ မသုံးမဲ့ပညာတွေကို ခက်ခက်ခဲခဲသင်နေလို့ ဘာအကျိုးရှိမှာလဲ။ လက်ရှိအလုပ် သို့ လုပ်ကိုင်စားသောက်ရမဲ့ အသက်မွေးဝမ်းကြောင်းပညာ ထပ်သင်ဘို့အတွက်သိထားရမှာတွေကို စုဆောင်းထားပါတယ်။ စင်ကာပူ က ပိုလီတက်(Polytech), အိုင်တီအီး (ITE), BCA, NUS, NTU တွေ အကြောင်း အင်္ဂလန်နိုင်ငံ၊ ထိုင်း က AIT နှင့် တခြားသော နိုင်ငံကကျောင်းတွေ သင်တန်းတွေအကြောင်း

စင်္ကာပူနိုင်ငံသားခံယူခြင်းနှင့် ပတ်သက်သော သုံးသပ်ချက်

Postby acmv » Thu Jun 12, 2014 5:18 pm

စင်္ကာပူနိုင်ငံသားခံယူခြင်းနှင့် ပတ်သက်သော သုံးသပ်ချက် (ဗဟုသုတများ)

စကားဦး

အခုရက်ပိုင်းအတွင်းမှာ စင်္ကာပူနိုင်ငံသား ပြောင်းရေး မပြောင်းရေး ဆွေးနွေးထားတဲ့ စာတမ်းတစ်ခု ဖတ်ရပါတယ်။ အချက်အလက်တွေ ဝေဝေဆာဆာသုံးပြီး စဉ်းစားစရာ ကောင်းအောင် ရေးသားနိုင်တာလည်းတွေ့ရတယ်။ သို့ပေမယ့် တချို့ချဉ်းကပ်ပုံနဲ့ နိဂုံးပိုင်းမှာ သဘောမတူစရာလေးတွေ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ Immigration Law နဲ့ပတ်သက်ပြီးလိုအပ်နေတာလည်းတွေ့ပါတယ်။ မှန်ကန်ပြီးလက်ခံနိုင်တဲ့ အချက်တွေ အများကြီးပါ ဝင်ပါတယ်။ အခုရေးနေတဲ့ စာတမ်းရဲ့ ရည်ရွယ်ချက်က ပထမစာတမ်းကို ငြင်းချက်ထုတ်နေခြင်း သက်သက်မျှမဟုတ်ပါ။ လိုအပ်နေသေးတဲ့ အချက်အလက်တွေကိုလည်း ထပ်ဖြည့်ထားပါတယ်။

ပထမစာတမ်းကို မဖတ်ရသေးရင်လည်း အရင်ဖတ်ဖို့ တိုက်တွန်းပါတယ်။ စင်္ကာပူနိုင်ငံဘက်က ရပ်တည် ဆွေးနွေးခြင်းလည်း မဟုတ်ပါ။ စေတနာက ဘဝတူ မြန်မာတွေအတွက်ပါ။ ဘက်တစ်ဘက်တည်းက တင်ပြတာထက်စာရင် ဘက်ပေါင်းစုံက စဉ်းစားသင့်တယ်ထင်လို့ပါ။ Informed decision ဖြစ်ဖို့အရေးကြီးပါတယ်။ တကယ် ဆုံးဖြတ်ရမယ့်သူက မိမိကိုယ်တိုင်ပဲဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ စာတမ်းလေးနဲ့ ပတ်သက်ပြီး အကြမ်းအဆင့်မှာ အချိန်ပေးဖတ်ရှုသူ၊ ဝေဖန်အကြံပြုကြသူ၊ ကူညီပေးကြသူများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ပိုပြီး ကျေးဇူးတင်သင့်တာက ဒီစာတမ်းရေးဖြစ်အောင် လှုံ့ဆော်မှု ပေးနိုင်ခဲ့တဲ့ ပထမစာတမ်းရေးသူကိုပါ။
ယူဆချက်များ

အခုစာတမ်းကို အောက်ပါ အချက်များကို အခြေခံပြီးရေးပါတယ်။ • မြန်မာနိုင်ငံသားများအတွက်ကိုသာ ရည်ရွယ်သည်။ • မိသားစုဘဝနှင့် တည်ငြိမ်ရေးကို အဓိကထား စဉ်းစားပါသည်။ • ပထမစာတမ်းလိုပင် အမျိုးသားရေးကိစ္စကို ထည့်သွင်းမစဉ်းစားပါ။ • Singapore နိုင်ငံ၏ trand နှင့် Policy များကို လက်ရှိအတိုင်း လက်ခံထားပါသည်။ • မြန်မာနိုင်ငံ၏ trand နှင့် Policy များကို လက်ရှိအတိုင်း လက်ခံထားပါသည်။ • နိုင်ငံရေးအရ တတ်နိုင်သလောက် ကြားနေအမြင်ထားပါသည်။ • ခြုံငုံကြည့်လျှင် Singapore သည် မြန်မာနိုင်ငံထက် သာလွန်သည်ဟုယူဆထားသည်။ • ရွေးချယ်စရာ သုံးခုရှိသည်ဟု ယူဆပါသည်။

PR အဖြစ်နေပြီး မြန်မာပြည်ပြန်ခြင်း
Singaporean အဖြစ်ခံယူ ပြီး Singapore မှာပင် နေထိုင်ခြင်း
Singaporean အဖြစ်ခံယူပြီး ပိုသင့်တော်သော နိုင်ငံတစ်ခုခုကို ရွှေ့ပြောင်းခြင်း

အလွယ်တကူ သိမ်းကြုံးဆွဲယူပြီးကောက်ချက်ချခြင်း

ပထမစာတမ်းပါ အချက်တစ်ချက်က စင်္ကာပူနိုင်ငံသားခံပြီးသွားသူများကို အသေအချာမစဉ်းစားပဲ နီးစပ်ရာ အသိုင်းအ၀ိုင်း ဆွဲဆောင်မှု အရ အလွယ်တကူဆုံးဖြတ်ကြသူများဟု သိမ်းကြုံးပြောဆိုသလို ဖြစ်နေပါတယ်။ နိဂုံးပိုင်းနဲ့တွဲကြည့်ရင် ပိုပြီးမြင်သာပါတယ်။ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်သူများ အများအပြားရှိပါတယ်။ နှစ်နဲ့ချီ စဉ်းစားနေသူများလည်း တွေ့ဖူးပါတယ်။ အမှန်တော့ ဒီကိစ္စဟာ ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်နဲ့ သာသက်ဆိုင်ပြီး စာတမ်းထဲမှာ ပါသလောက် အခြားသူတစ်ယောက်က ဆုံးဖြတ်ပေးတာကို လွယ်လွယ်ယူလိုက်လို့ မရနိုင်ပါဘူး။ National Identity

ကျွန်တော့်က ဒီအကြောင်းအရာကို မြန်မာပြည်မှာ ရှိနေကတည်းက တီးခေါက်မိပါတယ်။ အခြေခံကတော့ Identity Crisis ပါ။ ဒါပေမယ့် Nationality နဲ့ Culture အခြေခံ ပြီးဖြစ်တာပါ။ စင်္ကာပူရောက်လာတော့လည်း လေ့လာဖြစ်ပါတယ်။ အတော်များများ သိကြသလောက်က မြန်မာက စင်္ကာပူလာတယ်။ Identity Crisis ဖြစ်တယ်။ ဒီလောက်ပါပဲ။ သတိပြုစရာက နိုင်ငံခြားမှာနှစ်အတော်များများ အလုပ်လုပ်ကိုင်ပြီး ပြည်တော်ပြန်ကြတဲ့အခါလည်း Identity Crisis ဖြစ်ဖို့ အတော်များပါတယ်။ ကိုယ့်နိုင်ငံကိုယ်ပြန်တာ ဖြစ်စရာလားလို့မေးရင် လေ့လာကြည့်ပါ။ နိုင်ငံခြားပြန် အတော်များများဟာ မြန်မာပြည်ပြန်ရောက်ရင် နေသားကျဖို့ အတော် ကြိုးစားရပါတယ်။ စီးပွားရေးပါထည့် စဉ်းစားမယ်ဆိုရင် သန်တုန်းမြန်တုန်းဆိုပါက နိုင်ငံခြားတောင် ပြန်ရောက်ဖို့များပါတယ်။

အပေါင်းအသင်း၊ ပတ်ဝန်းကျင်၊ ရုပ်ဝတ္တုပစ္စည်း အားလုံးဟာ ကိုယ်နှစ်ပေါင်းများစွာ နေသားကျလာတာနဲ့ အများကြီးကွာခြားသွားပါပြီ။ ကိုယ်ပိုင် Value တွေလည်း နည်းနည်းနည်းနည်းနဲ့ အများကြီး ပြောင်းလဲသွားပါပြီ။ ဒီအချက်ဟာ မြန်မာပြည်မှာ ကိုယ့်အပေါင်းအသင်းအသိုင်းအဝိုင်း ဘယ်လောက် ကျန်သလည်း၊ ကိုယ်ဘာတွေတန်ဖိုးထား သလည်း၊ ကိုယ့်မိသားစုရဲ့ ဆန္ဒကဘာလည်း စသည်ဖြင့် စဉ်းစားစရာတွေ အများကြီးရှိပါတယ်။ ဒီကိစ္စကစမ်းသပ်ဖို့ သိပ်မခက်ပါ။ မြန်မာပြည်ကို ရက်ရှည်ရှည်လေးပြန်ကြည့်လိုက်ရင် သိနိုင်ပါတယ်။ မြန်မာပြည်နဲ့ပတ်သက်ပြီး ကောင်းတာတွေချည်းပဲမြင်နေသလား၊ မြန်မာပြည်ရဲ့ ဒုက္ခလေးတွေကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်နိုင်မှာသေချာလား ပြန်စဉ်းစားသင့်ပါတယ်။ နောက်တစ်ခုက Singapore ဟာဗမာတွေ သွားလေ့ရှိတဲ့နိုင်ငံတွေထဲမှာ National Identity Clash အနည်းဆုံးပါ။ မြန်မာ community ကောင်းကောင်းရှိတယ်။ Cultural difference နည်းတယ်။ စင်္ကာပူမှာ နေပြီး Identity Crisis ကို ဆိုးဆိုးဝါးဝါး ခံစားနေရတယ်ဆိုရင်တော့ မြန်မာနိုင်ငံကို အမြန်ဆုံးပြန်တာ ကောင်းပါလိမ့်မယ်။ Racism

စင်္ကာပူနိုင်ငံဟာ လူမျိုးရေးခွဲခြားမှုမှာ အတော်လေးသက်သာတဲ့ နိုင်ငံထဲမှာ ပါပါတယ်။ လုံးဝ မရှိဘူးမဆိုလိုပါ။ မြန်မာပြည်ဟာ စင်္ကာပူထက် အများကြီး လူမျိုးရေး ခွဲခြားပါတယ်။ Aussie, USA, UK တို့ကို စင်္ကာပူထက် လူကြိုက်များမယ်ထင်ပါတယ်။ ဒါပေမယ့် လူမျိုးရေးခွဲခြားမှုမှာ အဆိုပါနိုင်ငံများဟာ စင်္ကာပူထက် ပိုဆိုးပါတယ်။ လူမျိုး၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ကိုးကွယ်ရာစသည်ဖြင့် အတော်များများဟာ နီးကပ်ပါတယ်။

မြန်မာတွေ စလုံးဖြစ်သွားရင် ဘာဖြစ်လို့ Singaporean လို့ မပြောနိုင်သလဲဆိုတာ ကလည်း မြန်မာတွေပေါ်မှာ အတော်များများ မူတည်ပါတယ်။ Burmese Singaporean ဆိုတဲ့ Identity ကို သိပ်လက်မခံနိုင်လို့ပါ။ သိသိသာသာ လူမျိုးရေးခွဲခြားမှုကြောင့်လို့ မထင်ပါ။ Singaporean လို့ ပြောတဲ့သူတွေကို အခြားမြန်မာတွေက တစ်မျိုးမြင်ကြတာလည်းပါပါတယ်။ Sinaporean လို့ ပြောတဲ့သူတွေလည်း အများကြီး တွေ့ဖူးပါတယ်။ ရောမရောက်လို့ ရောမလို ကျင့်တာ ရှက်စရာမဟုတ်သလို ကိုယ့်လူမျိုးရဲ့ အမှတ်အသားသရုပ်ကို ထိမ်းသိမ်းတာဟာလည်း ဂုဏ်ယူသင့်တဲ့ အလုပ်ပါ။ ရေကြည်ရာမြက်နုရာ

Singapore ရဲ့ trend ကို သုံးသပ်ပြတာကတော့ ကောင်းပါတယ်။ မည်သူမဆို Singapore အလုပ်လုပ်နေရင်သူ့ trend ကိုကြည့်ရမှာပါ။ Singapore ရဲ့ Risk တွေကို ပြသွားတာလည်း ကောင်းပါတယ်။ သို့ပေမယ့် မြန်မာများအတွက်ကတော့ ဘယ်ရေကပိုကြည်သလည်း ဘယ်မြက်ကပိုနုသလည်းက ပိုအရေးကြီး ပါတယ်။ မြန်မာပြည်က ပိုကောင်းတယ် ဆိုသူများအတွက်ကတော့ ဘာမှဆက်စဉ်းစားစရာမလိုပါ။ အများစုအတွက်က မြန်မာပြည်မှာ ရေမရှိမြက်မရှိတော့လို့ ရောက်လာကြတာ မဟုတ်ပါလား။ အခြားနိုင်ငံသားများနဲ့ မြန်မာနိုင်ငံသားများ ဘယ်လိုမှ ယှဉ်စဉ်းစားလို့မရပါ။ အခြားနိုင်ငံသားများ ဟာ နိုင်ငံသားအခွင့်အရေးကို မြန်မာနိုင်ငံသားတွေလောက် အထိပါးမခံရပါ။ ဥပမာအနေဖြင့် တရုတ်၊ ဘင်္ဂလားနဲ့ အိန္ဒိယ တွေကိုကြည့်ပါ။ Singapore ရဲ့ Trend ကတော့ သူတို့ခေါင်းဆောင်များပြောတဲ့အတိုင်း ပထမ စာတမ်းက ဆိုတဲ့အတိုင်း ရွေ့နေပါတယ်။ အောက်က Link မှာ လေ့လာကြည့်ပါ။ Manufacturing Sactor က မြန်မာများ ပိုစဉ်းစားသင့်ပါတယ်။

Share of GDP by Industry http://www.singstat.gov.sg/stats/charts/econ.html ရေကြည်ရာမြက်နုရာဆိုရာဝယ် ကိုယ့်တစ်ဦးတည်း အတွက်သာမက သားသမီးများအတွက်ပါ စဉ်းစားရမည်ဖြစ်ပါသည်။ သားသမီးများ ပညာရေးကို မြန်မာနိုင်ငံတွင် ရှိသလောက်နှင့် ကျေနပ်မည်လား။ အလုပ်လုပ်ရမည့် အချိန်ရောက်ပါက မြန်မာနိုင်ငံတွင်သာ လုပ်ကိုင်စေမည်လား။ မိမိသားသမီး အရွယ်ရောက်လာပါက မိမိကဲ့သို့ပင် တစ်ကပြန်စပြီး နိုင်ငံခြားထွက် ရုန်းကန်စေမည်လား။ လူပြောများတဲ့ Identity Crisis ဆိုတာကြီးကို မိမိသားသမီးကို နောက်တစ်ခေါက် ခံစားစေချင်ပါသလား။ စင်္ကာပူစီးပွားရေးခိုင်မာမှုနဲ့ ပတ်သက်လို့တော့ သိပ်မပြောချင်ပါဘူး။ US လို ကမ္ဘာအချမ်းသာဆုံး နိုင်ငံမှာတောင် Risk တွေအများကြီးရှိသေးတာပဲ။ ကိုယ့်အတွက် စဉ်းစားရမှာက မိုးပြိုမှာကို တွေးကြောက်နေမလား ဒါမှမဟုတ် ပြိုကျနေတဲ့ကောင်းကင်ပေါ်မှာ နေချင်သလား။ ဒါမှမဟုတ် ပိုခိုင်မာတဲ့ မိုးကောင်းကင်အောက်မှာ နေချင်သလား။ တစ်ခြားနိုင်ငံကြီး တစ်ခုခုကိုရွှေ့မယ်ဆိုရင်တော့ SG Citizenship ကို ခုတုံး လုပ်လို့ရပါတယ်။ လုပ်သွားကြတဲ့သူတွေလည်း ရှိပါတယ်။ SG ကို Base လုပ်ထားခြင်းအားဖြင့် သင့်မှာ ရွေးချယ်စရာလမ်းတွေက အများကြီးတိုးလာပါတယ်။

ဒီအချက်တွေကြောင့်ပဲ မြန်မာနိုင်ငံသားတွေက တခြားနိုင်ငံသားတွေထက်ပိုပြီး စလုံးပြောင်းကြတာပါ။ Singapore Economic Condition and Trand Singapore facts http://www.singstat.gov.sg/stats/keyind.html#note4c Households and Housing section for Home Ownership Rate http://www.singstat.gov.sg/pubn/catalogue.html#ghs Share of GDP by Industry http://www.singstat.gov.sg/stats/charts/econ.html#econJ Manufacturing က Financial နဲ့ Business Service ထက် မြင့်နေတုန်းပါပဲ။ ဒါပေမယ့် သိသိသာသာကိုကျလာပါတယ်။ Construction ကအစထဲက နည်းပါတယ်။ စင်္ကာပူ အစိုးရအသုံးစားရိတ်မှာ Construction လည်းပါတော့ စီးပွားရေး နှေးလာရင် Counstruction နဲ့ Boost လုပ်တတ်ပါတယ်။ သိသိသာသာ တက်လာတာကတော Wholesale and Retail Trade မှာပါ။ Transport and Stroage ကတော့ ပုံမှန်သွားမယ့်ပုံရှိတယ်။ စင်္ကာပူဆိပ်ကမ်းနဲ့ လေဆိပ်က အရေးပါဆဲပါ။ စလုံးခေါင်းဆောင်တွေပြောသလိုပဲ သူတို့ရဲ့ တိမ်းညွှတ်ချက်က Hub ဆိုတဲ့ဘက်ကို ဦးတည်လာပါပြီ။ ပထမစာတမ်းရှင်ပြောထားသလိုပဲ Manufacturing က မြန်မာတွေ သေချာစဉ်းစားသင့်ပါတယ်။ နောက်တစ်ခုက အနီးဆုံး Asian Financial Crisis ကို ဖြေရှင်းတဲ့နေရာမှာ စင်္ကာပူရဲ့တုန့်ပြန်မှုကို လေ့လာကြည့်ချင်ပါတယ်။ အကိုးအကားများကို နောက်ဆက်တွဲ-၆ မှာ လေ့လာနိုင်ပါတယ်။

Thailand: 1997 - Not clearly stated
Indonesia: 1997 - Not clearly stated
Malaysia: 1997 - 2005
Hong Kong: 1997 - 2001
China: 1998 - 1999
South Korea: Less then a year
Singapore: Less than a year

ဒီစီးပွားရေး အကျပ်အတည်းဟာ ထိုင်းနိုင်ငံက စဖြစ်ခဲ့ပြီး Asia Pacific Region ကို အဆိုးဝါးဆုံး ထိခိုက်ခဲ့ပါတယ်။ CIA ရဲ့စာတမ်းအရ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့ဟာ ဒီအကျပ်အတည်းရဲ့ ဒဏ်ကို ၂၀၀၅ ခုနှစ်အထိ ခံစားနေရပါသေးတယ်။ စင်္ကာပူက Economic Counter Measure တွေကို အလျင်အမြန် ဆောင်ရွက်ခဲ့ပြီး စင်္ကာပူစီးပွားရေးဟာ တစ်နှစ်အကြာမှာ ပုံမှန်ပြန်ဖြစ်သွားပါတယ်။ စင်္ကာပူရဲ့ ပြဿနာဖြေရှင်းပုံက Hong Kong လိုလည်း Capatical Market ကိုဝင်ရောက်စွက်ဖက်ရခြင်း မရှိသလိ South Korea လိုလည်း လုပ်ငန်းကြီးတွေ ဆုံးရှုံးခြင်း မရှိပါဘူး။ အကျယ်ချဲ့ပြီးလေ့လာချင်ကြရင်တော့ ဒါနဲ့ပါတ်သက်ပြီး စာအုပ်စာတမ်းတွေ အများကြီးရှိပါတယ်။ ပြီးခဲ့တဲ့ Aisia Crisis တစ်ခုတည်းကို ကြည့်ပြီး စင်္ကာပူရဲ့ စီးပွားရေးခိုင်မာမှုကို အကဲဖြတ်လို့ မရနိုင်ဘူးလို့ ဆိုနိုင်ပေမယ့် စင်္ကာပူရဲ့ စီးပွားရေးစွမ်းဆောင်ရည်ကို လျှော့တွက်ထားလို့မရပါ။
လက်ခံရခြင်း၏ ရည်ရွယ်ချက်

ဒီစာပိုဒ်တစ်ခုလုံးက Singapore ရဲ့ Social Development Policy ကို ဝေဖန်ထားတာဖြစ်ပြီး အတော်များများ မြန်မာများပြောနေဆိုနေကျ ရှုထောင့် ဖြစ်ပါတယ်။ ဘယ်ကိစ္စမဆို အပေးအယူရှိမြဲပါ။ အစိုးရက သူလိုချင်တာတွေရဖို့ သူ တတ်နိုင်တာပေးတယ်။ မိမိကိုယ်တိုင်ရဲ့လိုအပ်ချက်ကို စွဲစွဲမြဲမြဲကြည့်ရပါမယ်။ ကိုယ်ဘာပေးရမလဲ စဉ်းစားရပါမယ်။ သူဘာရသွားသလဲဆိုတာ ကိုယ်နဲ့မဆိုင်ဘူးထင်ပါတယ်။ နောက်တစ်နည်းပြောရရင် ကိုယ်ဘာကြောင့် ဒီမှာလာနေရ သလည်း စဉ်းစားသင့်ပါတယ်။ ကျန်းမာရေး

Singapore ရဲ့ Safty Net က Welfare State တွေနဲ့ ယှဉ်ရင် အများကြီးလိုပါတယ်။ သူ့ Policy ကလည်း Nothing should be free ဆိုသကိုး။ ဒါပေမယ့် ဘာ Safty Net မှမရှိတာထက်တော့ သာတယ်ထင်ပါတယ်။ Insurance Plan တွေနဲ့ တွဲယူလို့ ရတဲ့ Investment Plan တွေလည်း အများကြီးရှိပါတယ်။ အလယ်အလတ်တန်း ဝင်ငွေရှိသူ PR/Singaporean များ ကောင်းကောင်းလက်လှမ်းမှီပါတယ်။ ဒီ Plan တွေမှာ Family တွေအတွက် သက်သာစေမယ့် အစီအစဉ်တွေလည်းရှိပါတယ်။ တခြားနိုင်ငံကို ရွှေ့ယူနိုင်တဲ့ Plan တွေလည်းရှိတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ပြန်မယ်စိတ်ကူးရင်တော့ မလုပ်ထားတာပိုကောင်းပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အနေအထားအရ ဒီ Insurance တွေကို ကိုယ့်တိုင်းပြည်ကို ရွှေ့ပြီး ခံစားရဖို့ မရှိပါ။ မြန်မာနိုင်ငံပြန်သွားပြီးမှ နိုင်ငံခြားထွက်ပြီး ဆေးကုရမယ့် အခြေအနေမျိုးတိုးရင်တော့ နှစ်ခါနာပါပြီ။ နိုင်ငံအတော်များများမှာ Foreigner ဆိုရင် ကုသစားရိတ်ပိုယူပါတယ်။

တစ်ဖက်ကလည်း PR ဘဝနဲ့နေနေတုန်း Insurance အလုံအလောက်မထားမိဘဲ ဆေးရုံတက်ရရင်တော့ ရင်သာဖိထားပေတော့။ ဒီကိစ္စနဲ့ပတ်သက်ပြီး Plan လုပ်ရင် Insurance Policy တွေကို အသေအချာ လေ့လာပြီး ကိုယ့်ဒီမှာနေမယ့်အချိန်၊ တတ်နိုင်တဲ့ အတိုင်းအတာ၊ ရနိုင်တဲ့အကျိုးအမြတ် စတာတွေပေါ်မှာမူတည်ပြီး စဉ်းစားနိုင်ပါတယ်။ Insurance ကို မယုံဘူးဆိုရင်တော့ မိမိဘာသာ စုဆောင်းထားနိုင်ပါတယ်။

ဆက်စပ်စဉ်းစားဖို့ UN က ထုတ်ပြန်ထားတဲ့ Life Expentancy ကို ယှဉ်ပြပါမယ်။ ကျန်းမာရေး စောင့်ရှောက်မှု၊ အစားအသောက်၊ ပတ်ဝန်းကျင် စတာတွေက လွမ်းမိုးမှာပေါ့။ စင်္ကာပူဟာ အသက်အရှည်ဆုံး နိုင်ငံဖြစ်တဲ့ ဂျပန်ထက် နှစ်နှစ်ကျော်ပဲ နည်းပါတယ်။ မြန်မာပြည်မှာနေရင် စင်္ကာပူမှာထက် အသက် ၁၈ နှစ် ပိုတိုနိုင်ပါတယ်။ UN Burma Life expectancy = 62.1 UN US Life expectancy = 78.2 UN Singapore Life expectancy = 80 UN Japan Life expectancy = 82.6 http://en.wikipedia.org/wiki/List_of_countries_by_life_expectancy ပညာရေး

မူလစာတမ်းမှာမပါပေမယ့် ပညာရေးနဲ့ပတ်သက်လို့ နည်းနည်းထည့်ပြောချင်ပါတယ်။ စင်္ကာပူ ပညာရေးနဲ့ မြန်မာနိုင်ငံ ပညာရေး ယှဉ်လိုက်ရင် ဘယ်ဘက်ကသာသည်ကို ငြင်းစရာ သိပ်မရှိဘူးထင်ပါတယ်။ ပညာရေးဖက်မှာ မြန်မာနိုင်ငံ နိမ့်ကျတာနဲ့အမျှ စင်္ကာပူ ပညာရေး ကလည်း စားရိတ်ကြီးပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ပညာရေးမှာ Hidden cost တွေအများရှိနေသေးတာ သတိပြုမိမှာပါ။ တစ်ဖက်က မြန်မာနိုင်ငံက International School တွေကို ထည့်စဉ်းစားမယ် ဆိုရင်တော့ စင်္ကာပူက အစိုးရကျောင်းက Primary နှင့် Secondary အဆင့်မှာ ဈေးသက်သာ ပါတယ်။ ဒါပေမယ့် Tertiary Education အဆင့်မှာ မိမိကိုယ်တိုင် တိုးတက်မှုအတွက် တက်ရတဲ့ကျောင်း သားသမီးကို ထားပေးရတဲ့ ကျောင်း စသည်များမှာ ပညာရေး အခွင့်အလမ်းအားဖြင့် PR နဲ့ Singaporean ကို ခွဲခြား ထားပါသေးတယ်။

ဥပမာ သားသမီးများအတွက် Baby Bonus အစီအစဉ်တွေရှိပါတယ်။ ကလေးပညာရေးအတွက် အစိုးရ စိုက်ထုတ်ပေးတဲ့ အစီအစဉ်တွေလည်းရှိပါတယ်။ အဆင့်မြင့် ပညာရေးမှာလည်း Citizen ကပိုရတာတွေရှိပါတယ်။ နောက်ဆက်တွဲ-၅ မှာ လေ့လာကြည့်နိုင်ပါတယ်။ စင်္ကာပူက သူတို့ကျောင်းတွေကို ဘယ်လိုပင် Promote လုပ်နေနေ၊ စလုံးတွေကို ကိုယ်တိုင် အနောက်နိုင်ငံများက ပညာရေးကို ပိုအထင်ကြီးပါတယ်။ အုပ်ချုပ်သူ အလွှာက ပုဂ္ဂိုလ်များဟာ အနောက်နိုင်ငံက ဘွဲ့ရတွေပါ။ အဲဒီလို ပညာရေးမျိုးကို စိတ်ဝင်စားတယ်ဆိုရင်လည်း Singaporean ဖြစ်ခြင်းက ပို အထောက်အကူပြု ပါတယ်။ ကလေးက စာတော်သလား၊ ငွေကြေးတတ်နိုင်သလား၊ စသည်တို့အပေါ်မူတည်ပြီး ရွေးစရာ အခွင့်အလမ်းတွေ ပိုများပါတယ်။ Singapore က ကျောင်းသွားတက်သူများ အတော်များများကတော့ Singapore ကို ပြန်မလာကြဘူးလို့ ဆိုပါတယ်။ ပညာရေးအတွက်ကို ဦးတည် စဉ်းစားမယ်ဆိုရင် မြန်မာနိုင်ငံသားများမှာ ရွေးစရာ သိပ်မရှိဘူး ထင်ပါတယ်။ CPF

CPF နဲ့ပတ်သက်ပြီး ညည်းကြတာတော့ အတော်များပါတယ်။ ဒါပေမယ့် ကျွန်တော် တခြားတစ်ဖက်က ကြိုးစားပြီးပြောကြည့်ပါမယ်။ CPF ကောင်းတယ်လို့ ဆိုလိုခြင်းမဟုတ်သလို မကောင်းဘူး တစ်ဖက်သတ် မပြောချင်ပါ။ CPF ထုတ်နိုင်တဲ့ အသက်ကို တိုးခြင်းက Life Expectancy တိုးလာလို့ဆိုပြီး အကြောင်းပြပါတယ်။ နောက်တစ်ခုက ကလေးယူနည်းလာမှုကြောင့် စင်္ကာပူ Workforce ကအသက် ကြီးလာတာလည်းပါပါတယ်။ CPF နဲ့ အလားတူ အခြားနိုင်ငံတွေမှာလည်း ရှိကြပါတယ်။ US မှာဆိုရင် Social Security Fund ပေါ့။ နှစ်ခုလုံးက မလုပ်မနေရပါ။ ဒီနှစ်ခုကို လေ့လာပြီး ဆွေးနွေးထားတာတွေ ရှိပါတယ်။ ကျွန်တော်ဖတ်မိတဲ့ တချို့ လေ့လာချက်တွေက CPF က ပိုကောင်းတယ် လို့ သုံးသပ်ကြပါတယ်။ အများစုက အနောက် နိုင်ငံသားတွေရဲ့ သုံးသပ်ချက်တွေပါ။ အသေးစိတ်ကို နောက်ဆက်တွဲ-၁ က Link တွေမှာဖတ်နိုင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဥပမာတစ်ခုပေးရရင် SG Home Ownership rate ပါ။ 90% ရှိပါတယ်။ US က 68.9% ရှိပါတယ်။

Spain က 85% ပါ။ ဒါကို CPF ရဲ့ Flexibility ကြောင့်လို့ သူတို့က ဆိုကြပါတယ်။ တစ်ဖက်ကပြန်စဉ်းစားရင် CPF Scheme ဟာ Asia Pecific Region မှာ အနိမ့်ဆုံးပါ။ အများဆုံး Pension ရတဲ့ Tiwan မှာ နောက်ဆုံးဝင်ငွေရဲ့ 70% ရပါတယ်။ Singapore CPF က ခုနှစ်ပုံတစ်ပုံပဲရပါတယ်။ ဒါပေမယ့် CPF ဘက်က Home Ownership, Education နဲ့ Flexibility မှာ သာတယ်လို့ယူဆကြပါတယ်။ အခု 2013 မှာ Minimum Sum တက်မဲ့ ကိစ္စဟာ Pension Replacement (ပင်စင်လစာ) ကို ပိုတိုးပေးဖို့ဆိုပြီး အကြောင်းပြထားပါတယ်။ Singapore ဟာ Welfare State မဟုတ်ဘူးလို့ ကျေညာထားပါတယ်။

CPF မတိုးရင် Welfare State တွေ လုပ်နည်းအတိုင်း Tax တိုးရပါမယ်။ Individual တိုးရင်လည်း လူတွေပိုပေးရမှာပါပဲ။ Investment friendly လည်း ဖြစ်ချင်သေးတော့ Corporate Tax လည်း တိုးလို့မရပါဘူး။ ဒါက စင်္ကာပူရဲ့ပြဿနာတစ်ခုပါ။ အသေးစိတ် လေ့လာချင်ရင် နောက်ဆက်တွဲ-၁ ပါ Link များမှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။ CPF ဟာ Pension နဲ့ပတ်သက်ရင်တော့ သိပ်မကောင်းလှပါဘူး။ စလုံးတွေကတော့ ကာမိအောင် အခြား Investment Plan တွေကို ဝယ်ပါတယ်။ စလုံးတစ်ယောက်ပြောဖူးတာ ကိုးကားရရင် Personal Freedom ပိုကြိုက်တဲ့ အနောက် နိုင်ငံသားတွေက Singapore System ကို ကြိုက်တယ်ဆိုပါတယ်။ ခြုံပြီးပြောရရင် CPF ကောင်းတယ် မကောင်းဘူး ဆိုတာကို တဖက်သတ်အမြင်နဲ့ ပြောတာထက်ကို မိမိဘာသာ မိမိအကြိုက်နဲ့ ကိုက်မကိုက် လေ့လာသင့်တယ် ထင်ပါတယ်။ Tax and Cost of Living

ပထမစာတမ်းမှာမပါတဲ့တစ်ခုက Tax ပါ။ စင်္ကာပူရဲ့ Tax ကိုကြည့်ရင်လည်း သူက အခြား First world က Welfare State တွေထက် သိသိသာသာ နည်းတာကို တွေ့ရပါတယ်။ US နဲ့ဆိုရင် သုံးဆလောက်အနည်းဆုံး ကွာပါတယ်။ ဒီပိုငွေကို Insurance, Saving, Investment စသည်ဖြင့် အကျိုးရှိအောင် သုံးလို့ ရပါသေးတယ်။ တစ်ဦးချင်းဝင်ငွေခွန်တွေကို အောက်မှာနှိုင်းယှဉ်ပြထားပါတယ်။ ကျွန်တော်တို့ မြန်မာတွေ အများဆုံး စိတ်ဝင်စားမယ်ထင်တဲ့ နိုင်ငံသုံးခုကို ရွေးထားပါတယ်။ နောက်ဆက်တွဲ-၂ မှာကြည့်ပါ။ တစ်နှစ် Singapore dollar ၃၀,၀၀၀ ကျော်ဝင်ငွေရှိရင် အခွန်က ၅.၅% ပါ။ Australia မှာ ၃၄,၀၀၀ ကျော်ရင် ၁၅% ပါ။ US မှာ ၃၂,၅၅၀ ကျော်ရင် ၂၅% ကျသင့်ပါတယ်။ Tax နဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင် အတော်များများက Singapore အခြားနိုင်ငံထက်စာရင် ဝင်ငွေနိမ့်တယ်လို့ ဆိုကြပါတယ်။ ဒီနေရာမှာ Cost Of Living ကိုထည့်တွက်ရပါမယ်။ ဝင်ငွေနဲ့ ထွက်ငွေအချိုးကို ကြည့်လိုက်တော့လည်း Singapore ဟာ ဈေးကြီးတဲ့နိုင်ငံထဲမှာ ထိပ်ဆုံးနားကပါပါတယ်။

ဝင်ငွေပမာဏတွေဟာ နိုင်ငံအလိုက် ငွေကြေးဖြင့်သာ တွက်ချက်ထားပါတယ်။ မြို့အလိုက် နေထိုင်မှုစားရိတ်ကိုကြည့်ရင် စင်္ကာပူက ကမ္ဘာ့ အဆင့် ၁၀ မှာရှိတယ်။ Beijing, NewYork, HK တို့ ထက်သက်သာပါတယ်။ အသေးစိတ်ကို နောက်ဆက်တွဲ-၂ မှာ လေ့လာနိုင်ပါတယ်။ သူတို့ရဲ့ စစ်တမ်းဟာ အစိုးရစိုက်ထုတ်ပေးတဲ့ အိမ်ယာစီမံကိန်းတွေကို ထည့်မစဉ်းစားပါဘူး။ အိမ်ဈေးဟာ ဈေးကွက်ပေါက်ဈေးပါ။ အဲဒီအိမ်ဈေးဟာလည်း Cost of Living ကိုတွက်တဲ့အခါမှာ ကြီးကြီးမားမားလွှမ်းမိုးမှု ရှိပါတယ်။ အဲဒီတော့ အိမ်လိုမျိုး အရင်းအနှီးကြီးတဲ့ အရာတွေဝယ်ဖို့ စိတ်ကူးမယ်ဆိုရင် အစိုးရက စိုက်ပေးမယ့် ကိစ္စကို ထည့်စဉ်းစားသင့်ပါတယ်။ စင်္ကာပူရဲ့ ၉၀% အိမ်ပိုင်ဆိုင်မှု ဆိုတာကိုထည့်စဉ်းစားရင် အစိုးရစိုက်ထုတ်မှုရဲ့ အကျိုးကို မြင်နိုင်ပါတယ်။

ဒါတွေက လူတစ်ဦးနဲ့တစ်ဦး တန်ဖိုးထားမှုတွေပေါ်မူတည်ပြီး စဉ်းစားပုံတွေ တူနိုင်မယ်မထင်ပါ။ အသေအချာထည့် စဉ်းစားဖို့ပဲလိုပါတယ်။ အိမ်ဝယ်နေရင် ပိုင်ဆိုင်မှုရမယ်၊ ငှားနေတာထက် သက်သာတယ်၊ စသည်ဖြင့် သိကြပါတယ်။ စင်္ကာပူ အိမ်ဈေးအတက်အကျကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပါ။ Property ဈေးကွက်ဟာ Singapore economy ကို ထိမ်းတဲ့နေရာမှာ အရေးပါပါတယ်။ အိမ်ဈေးကို အစိုးရက တတ်နိုင်သလောက် အကျမခံပါဘူး။ ၂၀၀၈ စီးပွားရေး စကျကာစက စပြီး Property ဈေးကွက် ကျမယ်လို့မှန်းကြတာဟာ Private တွေလောက်ပဲ နည်းနည်းကျလိုက်ပြီး HDB တွေသိပ်မလှုပ်ပါဘူး။ စလုံးစီးပွားရေးက ဘုန်းဘုန်းကျတော့မှ အိမ်ဈေးဆိုးဆိုးဝါးဝါး ကျမယ်လို့ ဆိုရပါမယ်။ အိမ်ဝယ်သင့်သလား၊ ငှားနေသင့်သလားဆိုရင် ဈေးကွက်အခြေအနေ ကြည့်ပြီး တတ်နိုင်ရင်ဝယ် သင့်တယ်လို့ ထင်ပါတယ်။ အိမ်ဝယ်တော့မယ်ဆိုရင်တော့ PR အနေနဲ့ ဝယ်မလား စလုံးအနေနဲ့ဝယ်မလား စဉ်းစားရပြီပေါ့။ အထက်မှာ တင်ပြခဲ့တဲ့ CPF အကြောင်း၊ ကိုယ့်ရဲ့ မိသားစု ဝင်ငွေ၊ စုဆောင်းငွေ စသည်ဖြင့် ထည့်စဉ်းစားရမှာပါ။ မမြင်ရသောဆုံးရှုံးမှုများ

ပထမစာတမ်းကို ရေးသူက Identity Crisis ကိုဒီမှာ ချဲ့ရေးထားတာပါ။ မျိုးဆက်ကိစ္စ ကိုလည်း ထိတွေ့ထားလို့ နည်းနည်းပြန်ရှင်းချင်ပါတယ်။ ဒီကိစ္စမှာ တစ်ဦးနဲ့တစ်ဦးမတူနိုင်ပါဘူး။ အားလုံးအတွက် ဘုံ သဘောတူ ဆုံးဖြတ်ချက်တစ်ခုကို ချနိုင်ဖို့ မလွယ်ပါဘူး မြန်မာပြည်မှာ ဆွေမျိုးအသိုင်းအဝိုင်း၊ ခင်မင်ရာ မိတ်ဆွေ ဘယ်လောက်ကျန်ခဲ့သလည်း။ တချို့ Generation တွေဆို အပေါင်းအသင်း အားလုံးလောက်က ပြည်ပမှာပါ။ မြန်မာပြည်မှာ ကျန်ခဲ့ရင်လည်း အတော်နည်းနေပါတယ်။ ညီအစ်ကို မောင်နှစ်မ အားလုံးက ပြည်ပမှာ ဆိုရင် အတော်များများ မိဘတွေက လိုက်နေဖြစ်ကြတာများပါတယ်။

တစ်ချို့သူတွေအတွက် မြန်မာပြည်က ဘီယာဆိုင်မှာ လက်ဖက်ရည်ဆိုင်မှာ တစ်ယောက်တည်း ထိုင်ရမယ့် အနေအထားပါ။ ကလေးများအတွက်တော့ အတော်ရှင်းပါတယ်။ Cultural ကိစ္စက တွေ့ရမှာပဲ။ မိဘက လက်ခံပေးနိုင်ဖို့ပဲ လိုပါတယ်။ ကိုယ့်ကလေးကို မြန်မာနိုင်ငံမှာပဲ ရှင်သန်စေမယ်ဆိုရင်တော့ ဒီကို ခေါ်မလာတာ အကောင်းဆုံးပါ။ မြန်မာပြည်မှာထားပြီး အသက်ကြီးမှ ဒီရောက်လာရင် ကိုယ်ခံစားခဲ့ရတဲ့ ဒုက္ခဆိုတာတွေကို ကိုယ့်သားသမီး နောက်တစ်ကြိမ်ခံစားရမှာ မေ့ထားလို့မရပါ။ ဘာသာရေးနဲ့ ပတ်သက်ရင်တော့ Singapore ဟာ အနောက်နိုင်ငံတွေထက် သာပါတယ်။

အနောက်နိုင်ငံမှာ Christian ဖြစ်ဖို့၊ ဘာသာမဲ့ဖြစ်ဖို့ ပိုများပါတယ်။ Singapore မှာ ဗုဒ္ဓဘာသာ ရှိပါတယ်။ ကျွန်တော်တို့ မြန်မာတွေ အတော်များများထက် ဘာသာရေးကိုင်းရှိုင်းတဲ့ တရုတ်လူမျိုး ဗုဒ္ဓဘာသာဝင်တွေကို တွေ့ဖူးပါတယ်။ ကိုးကွယ်တာကလည်း ထေရဝါဒပါ။ အပတ်တိုင်းတရားထိုင်တဲ့သူတွေပါ။ ခြုံကြည့်လိုက်ရင် စင်္ကာပူမှာ မြန်မာအသိုင်းအဝိုင်း တောင့်တောင့်တင်းတင်းနဲ့ ဘာသာရေးအဝန်းအဝိုင်းနဲ့ ရှိပါတယ်။ တစ်ခြားနိုင်ငံတွေမှာလို သင်္ကန်းမြင်ရဖို့ မိုင်ပေါင်းရာချီကားမောင်းစရာလည်းမလိုပါဘူး။ ယဉ်ကျေးမှု ကလည်း အရှေ့တိုင်းသားချင်း နီးစပ်တယ်။ လူမျိုးခွဲခြားမှုကလည်း အခြားနိုင်ငံထက်စာရင် သိပ်မသိသာလှပါဘူး။ သားသမီးအားကိုးရမလား

First World နိုင်ငံများ နှင့် ယင်းတို့ကို အတုယူနေကြသော နိုင်ငံများတွင် ဒီကိစ္စက အတော်လေး ခေါင်းစားပါတယ်။ ဒါပေမယ့် ဘဝကိုရုန်းကန်နေရဆဲ သက်ကြီးရွယ်အိုတွေတွေ့ရသလို ဘီယာဆိုင်ထိုင်ပြီး ကောင်မလေးတွေနဲ့ကြည်နူးနေတဲ့ အဘိုးကြီးတွေလည်းအများကြီးပါ။ Singapore ကိုကြည့်ရင် CPF ကိုက Social Bonding ကို အခြေပြုထားပါတယ်။ အနောက်ဆန်တဲ့ နိုင်ငံတွေမှာလို ၁၈ နှစ်ပြည့်ရင် လက်လွတ်ပြီဆိုတာမျိုး မဟုတ်ဘူး။ သားသမီးတွေကို မိဘက ပိုကြည့်ပေးကြသလို မိဘတွေကိုလည်း သားသမီးတွေက ပြန်ကြည့်ပေးကြပါတယ်။ အတိုင်းအတာကတော့ တစ်ဦးနဲ့တစ်ဦး မတူနိုင်ပါဘူး။

ဒါပေမယ့် သားသမီးအတွက် ငွေသုံးတဲ့အခါ သေချာ စီမံကိန်းချပြီးတော့ သုံးသင့်ပါတယ်။ အသုံးလွန်သွားရင် အသက်ကြီးချိန်မှာ ဒုက္ခတွေ့နိုင်တာ အတိအကျပါ။ သားသမီးတွေကလည်း သူတို့လိုအပ်ချက်တွေ ဘဝ ရည်မှန်းချက်တွေ အတွက် သုံးရဦးမှာပါ။ အောက်က စင်္ကာပူ သက်ကြီးရွယ်အိုတွေ အကြောင်းဖတ်ကြည့်ရင် သူတို့ရဲ့ နေဝင်ချိန်ယဉ်ကျေးမှုကို တွေ့နိုင်ပါတယ်။ ၂၀၀၅ ခုနှစ်က လေ့လာထားတာဖြစ်တော့ နည်းနည်းတော့ လိုတိုးပိုလျှော့လုပ်ရမယ်ထင်ပါတယ်။ အသေးစိတ်နဲ့ ကောက်နှုတ်ချက်များကို နောက်ဆက်တွဲမှာ လေ့လာနိုင်ပါတယ်။

ပညာရေးမရှိသူ သက်ကြီးရွယ်အို ၅၆.၉% အိမ်ပိုင်နှင့် နေထိုင်သူ ၇၃.၇% မိမိဝင်ငွေကို ကျေနပ်သူ ၇၉.၂% အလုပ်လုပ်ရန်မလိုသူ ၆၅.၉% Working Sales and service workers (36.3%) Working Cleaners and labourers (23.4%) Working Professional/managerial role (16.4%). ဒီလေ့လာချက်ကို
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to ကျောင်းထပ်တက်မယ် ဆိုရင် ပိုလီတက်(Polytech), အိုင်တီအီး (ITE), BCA, NUS, NTU တက်မယ်ဆိုရင်

Who is online

Users browsing this forum: No registered users and 1 guest

cron