နည်းပညာတက္ကသိုလ်/ အချိန်/ ကျူရှင်/ ငွေနဲ့ ဆရာ-ကျောင်းသား

ကျောင်းထပ်တက်မယ် ဆိုရင် သိသင့်သိထိုက်တာတွေကို လေ့လာဘို့လိုပါတယ်။ လုပ်စားဘို့အတွက်တက်တာလား။ အောင်လက်မှတ်အတွက်တက်တာလား။ လုပ်စားဘို့ဆိုရင်တက်မဲ့ကျောင်းကကော လုပ်စားလို့ရလောက်အောင်သင်ပေးနိုင်လားရဲ့လား? လူ့ သက်တမ်းရဲ့ သုံးပုံနှစ်ပုံကျော်မှ မသုံးမဲ့ပညာတွေကို ခက်ခက်ခဲခဲသင်နေလို့ ဘာအကျိုးရှိမှာလဲ။ လက်ရှိအလုပ် သို့ လုပ်ကိုင်စားသောက်ရမဲ့ အသက်မွေးဝမ်းကြောင်းပညာ ထပ်သင်ဘို့အတွက်သိထားရမှာတွေကို စုဆောင်းထားပါတယ်။ စင်ကာပူ က ပိုလီတက်(Polytech), အိုင်တီအီး (ITE), BCA, NUS, NTU တွေ အကြောင်း အင်္ဂလန်နိုင်ငံ၊ ထိုင်း က AIT နှင့် တခြားသော နိုင်ငံကကျောင်းတွေ သင်တန်းတွေအကြောင်း

နည်းပညာတက္ကသိုလ်/ အချိန်/ ကျူရှင်/ ငွေနဲ့ ဆရာ-ကျောင်းသား

Postby acmv » Wed Jun 11, 2014 6:19 pm

***နည်းပညာတက္ကသိုလ်/ အချိန်/ ကျူရှင်/ ငွေနဲ့ ဆရာ-ကျောင်းသား***
Image
Image

ဆရာမတွေနေတဲ့အဆောင်ကို ပျင်းလို့ တနေကုန် တနေခမ်း လာနေကြပါသတဲ့။ ကြည့်ပါဦး မခန့်လေးစားနဲ့. လက်ခံတဲ့
ဆရာမတွေက ဖျော်ဖြေပေးနေပုံရတယ်။ လူပေါင်းစုံနေတဲ့ ဝန်ထမ်းဆရာမတွေ နေတဲ့အဆောင်မှာ ဟီးလားတိုက် ချက်ပြုတ်စားသောက်နေကြတယ်။ တနေကုန်နေကြတယ်။ အဓိကကတော့ ကျောင်းမှာ မေဂျာတွေက တရားမဝင် ပွဲလမ်းသဘင် အပျော်အပါးတွေလုပ်ဖို့ ကျောင်း နေ့တပိုင်းပိတ်တယ်။ ၂ ပတ်တောင်ပိတ်တာမို့ အဓိကကတော့ စာသင်ချိန်ပျက်ရတယ်။ နောက် ပွဲထဲမှာ မပါတဲ့ကလေးတွေက လမ်းပေါ်ရောက်ရတယ်။ ဆရာမတွေ အဆောင်မှာနေ့လယ်ကျူရှင်သင်ကြတာ ပွဲတော်ကြီးအလားပါပဲ။
တကယ့်တကယ်တော့ စာသင်ချိန်တွေဖျက်ပြီး ပွဲလမ်းသဘင်တွေလုပ်ဖို့ ခွင့်မပြုသင့်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် စာသင်ချိန်ကို မဖျက်သင့်ပါဘူး။ အဆင့်အတန်းမမီပါဘူးလို့ အပြောခံနေရချိန်မှာ အချိန်တွေကို အလဟဿဖြုန်းတီးပစ်နေကြတာ နောင်တချိန်မှာ သမိုင်းတရားခံတွေဖြစ်ကြရတော့မယ်။
ဘယ်လိုပွဲမျိုးကိုပဲလုပ်လုပ် စာသင်ချိန်ကိုတော့ ဘယ်လိုအကြောင်းနဲ့မှ မဖျက်သင့်ပါဘူး။
နိုင်ငံတကာအဆင့်ထိ တက်လှမ်းဖို့နေပါဦး LOCAL မှာ အဆင့်မီဖို့တောင် ကြိုးစားတာ မတွေ့ဘူးသေးပါဘူး။ စာသင်ချိန်ကိုသာဖျက်ချင်ဖျက်မယ်။ စေတနာနဲ့ ဆက်သင်ချင်သေးလို့ စာတွေတိုးချင်သေးလို့ စာသင်ချိန်တွေ တိုးပေးပါလို့ တောင်းဆိုသံတွေတော့ မကြားမိပါသေးဘူး။ ဘာမဟုတ်တဲ့ ဖြတ်ညှပ်ကပ်ပညာရေးကို စီးပွားရေးလုပ်စားနေသည်မှာ ရှက်စရာကောင်းပြီး ရယ်စရာလည်းကောင်းပါသည်။

တကယ်တော့ လူကိုဖျက်တာ လူ ..
မူကိုဖျက်တာ လူ...
ဒီလိုေ-ာက်သုံးမကျတဲ့လူတွေရှိနေသ၍ နိုင်ငံ ဘယ်တော့မှတိုးတက်မှာ မဟုတ်ပါဘူး။

စေတနာမပါသ၍ ကျောင်းချိန်အတွင်းမှာ ဆရာမတွေကိုယ်တိုင်က ငမ်းငမ်းတက် ကျူရှင် သင်နေသ၍ ကျောင်းနဲ့ ကျောင်းသားများ မတိုးတက်နိုင်ပါ။
ဘာသာရပ်ဆရာများ ကျူရှင်ဖြင့်စီးပွားရေးလုပ်မည်ဆိုပါက အလုပ်ထွက်သင့်ပါသည်။ လှေကြီးပေါ် လှေငယ်မတင်သင့်ပါ။ ဆရာများ ကျောင်းသားအားအမြဲအောက်ကျ နောက်ကျ -ာ သယ်မအဆင့်သည်သာဖြစ်နေပါမည်။
နိုင်ငံတော်က သင့်တင့်သောရာထူးအတွက် သင့်တင့်သောလစာများ ချီးမြှင့်ထားပြီးဖြစ်ပါသည်။ စေတနာမပါသော အသပြာဆရာများအားထိထိရောက်ရောက်အရေးယူသင့်ပါသည်။

တာဝန်ရှိသူများက အရည်အချင်းမီကျောင်းသားများ မွေးထုတ်နိုင်ရေး
စနစ်တကျ ဖိဖိစီးစီးစီမံခန့်ခွဲပေးပါရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းပါတယ်။
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to ကျောင်းထပ်တက်မယ် ဆိုရင် ပိုလီတက်(Polytech), အိုင်တီအီး (ITE), BCA, NUS, NTU တက်မယ်ဆိုရင်

Who is online

Users browsing this forum: No registered users and 1 guest

cron