ဓါတ်အားပေးဝေရေး လုပ်ငန်းက အရှုံးပြနေတဲ့အတွက်

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အားထုတ်ယူနိုင်သည့် potential resource မည်မျှရှိသနည်း။ ရေအားလျှပ်စစ် (Hydro Power) တစ်ခုတည်းမှ Megawatt မည်မျှထုတ်ယူနိုင်သနည်း။ သဘာဝဓါတ်ငွေ့ (Natural Gas) တစ်ခုတည်း မှ Megawatt မည်မျှထုတ်ယူနိုင်သနည်း။ လေအားလျှပ်စစ် (wind power) တစ်ခုတည်း မှ Megawatt မည်မျှထုတ်ယူနိုင်သနည်း။ လျှပ်စစ်ဓါတ်အား ဖြန့်ဝေသုံးစွဲပုံတို့ကိုသိလိုလျှင်...

ဓါတ်အားပေးဝေရေး လုပ်ငန်းက အရှုံးပြနေတဲ့အတွက်

Postby acmv » Wed Oct 30, 2013 8:01 pm

ဓါတ်အားပေးဝေရေး လုပ်ငန်းက အရှုံးပြနေတဲ့အတွက် မီတာခတွေကို နှစ်ဆတက်မယ်လို့ ဒီနေ့ကြေညာသွားတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ လျပ်စစ်မီးရတဲ့ပမာဏက လူဦးရေစုစုပေါင်းရဲ့ ၃၀ရာခိုင်နှုန်းပဲရှိတယ်။ ကျန်တဲ့ ၇၀ရာခိုင်နှုန်းက မှောင်အတိဖြစ်ရင်ဖြစ် မဟုတ်ရင် ကိုယ်ထူကိုယ်ထ မီးစက်တွေနဲ့ နေကြရတာ။

အခုအစိုးရက မီးပေးရတာ ရှုံးလို့ တိုးမြှင့်ကောက်မယ်ဆိုတာကတော့ အတော်လူမဆန်တဲ့အပြုအမူပဲ။
ကိုယ့်နိုင်ငံက အလျံအပယ်ထွက်တဲ့သဘာဝဓါတ်ငွေ့ကို သူများတိုင်းပြည်တွေမီးလင်းအောင် ပိုက်လိုင်းတွေသွယ်ပြီး ပေးလိုက်ရတယ်။ မြန်မာကထွက်တဲ့ဓါတ်ငွေ့နဲ့ ထိုင်း၊ တရုတ်၊ အိန္ဒိယက မီးလင်းတယ်။ သူတို့ဆီမှာ ၅မိနစ် ၁၀မိနစ်မီးပြတ်ရင် လူတွေဖျတ်ဖျတ်လူး။ ဒီဘက်က ပိုက်လိုင်းတွေဖြတ်သွားတဲ့ မြန်မာနိုင်ငံဘက်တစ်ကြောကတော့ မည်းမည်းမှောင်လို့။ မီးမရတဲ့နေရာတွေတင်လားဆိုတော့ မီးရတယ်ဆိုတဲ့နေရာတွေမှာလည်း နေ့ရော ညရော မီးပျက်နေတာပဲ။

နည်းပညာမရှိလို့ ထွက်တဲ့သဘာဝဓါတ်ငွေ့တွေကို ကောင်းကောင်းမသုံးချနိုင်လို့ ရောင်းရတယ်ပဲထားပါတော့။ အခုအစိုးရက အရှုံးကြီးရှုံးနေတယ်ဆိုတော့ ကျွန်တော်တစ်ခုလောက်မေးချင်တာက မြန်မာနိုင်ငံက အဲဒီသဘာဝဓါတ်ငွေ့ရောင်းထားတဲ့ ပိုက်ဆံတွေဘယ်ရောက်ကုန်လဲဗျာ။ ဒီလိုအခြေခံအကျဆုံးစွမ်းအင်တောင် မပေးနိုင်တဲ့အချိန်မှာ ဒီပိုက်ဆံတွေဘယ်အတွက်သုံးနေသလဲဗျာ။ ဒီလောက်စားဝတ်နေရေးကျပ်တည်းနေချိန်မှာ မီတာခအဲလောက်တက်တော့ ကျန်တဲ့ကုန်ဈေးနှုန်းကို ဘယ့်နှယ်လုပ်မလဲ။ လူတွေပိုပိုပြီး ငတ်သေကုန်အောင် လည်ပင်းညှစ်နေတာလားဗျာ။

ကျွန်တော်တို့ကို ခင်ဗျားတို့ ဖုန်းကိစ္စမှာလည်း လုပ်ပေးလို့ရရဲ့သားနဲ့ ၁၅သိန်း၊ ၅သိန်း၊ ၂သိန်းနဲ့ ရသလောက် တစ်ထစ်ခြင်း လည်ပင်းညှစ်တယ်။ အဲလိုပဲ ကားကိစ္စမှာလည်း ဒီလိုပဲ။ တစ်ခါတည်းအပြီးလုပ်လို့ရနိုင်ရက်နဲ့ အခုစာကလေးကြော်၊ အခုဆီထမင်း အမျိုးမျိုးလုပ်တယ်။ အခုလည်းထပ်လုပ်တယ်။ မီတာခကို နှစ်ဆတက်တယ်။ ပြီးတော့ လူမိုက်စကားပြောတာက မီတာခတက်ပေမယ့်လည်း ၂၄နာရီမီးလာဖို့ အာမမခံနိုင်ဘူးတဲ့။ အလျံအပယ်ထွက်တဲ့ သဘာဝဓါတ်ငွေ့တွေရောင်းစားတယ်၊ ပြီးတော့ ရောင်းစားတဲ့ပိုက်ဆံတွေကလည်း ဘယ်ရောက်မှန်းမသိ၊ ပြည်တွင်းက မဖြစ်စလောက်ဖြုန်းအားလေးကို မီးပေးရတာ အရှုံးကြီးရှုံးနေတယ်ဆိုတော့ ခင်ဗျားတို့ ထမင်းစားပြီးကြီးတာမှ ဟုတ်ကြရဲ့လားဗျာ။
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to မြန်မာနိုင်ငံနှင့်လျှပ်စစ်ဓါတ်အား

Who is online

Users browsing this forum: No registered users and 1 guest

cron