သူတို့က မြန်မာပရိဘောဂ နေ၀င်ချိန်တဲ့.......

မည်သူမဆို မိမိပြောဆိုသည် စကားလုံးများသည် ထိုသူ၏ ယုံကြည်ယူဆချက်များ၊ လုပ်ဆောင်မှုများ ၊ လုပ်ငန်ကျွမ်းကျင်မှု။ ခေါင်းဆောင်နိုင်မှု၊ အသိဥာဏ်ကြွယ်ဝမှုနှင့် အမြော်အမြင်ရှိမှုတို့ကိုဖော်ပြသည်။

သူတို့က မြန်မာပရိဘောဂ နေ၀င်ချိန်တဲ့.......

Postby acmv » Sat Nov 01, 2014 9:00 am

သူတို့က နေ၀င်ချိန်တဲ့.......

မြန်မာပရိဘောဂအဖွဲ့ ထိုင်းလေ့လာရေးခရီးထွက်ခဲ့ကြပါတယ်..
Image
Image

ရာဘာသစ်.. ပေါ့ပလာ.. Oak wood, Beach wood တို့နဲ့ ပရိဘောဂလုပ်ငန်းကို ကျွန်းသစ်မပါပဲ ထိုင်းတွေဘယ်လို လုပ်နေတယ်.. မြန်မာတွေ ဘယ်လောက်နောက်ကျန်ခဲ့တယ် ဆိုတာ ... သွားကြည့်တော့ ရှင်းရှင်းကြီးပေါ်ပါတယ်..

အမေရိကန်ကပညာသင်လာတဲ့ ထိုင်း ညီအကို ၂ယောက်
ဧက ၄၀၀ ကကျော် ကျယ်တဲ့ ခြံကြီါ်ထဲက လုပ်သား ၄၀၀ ကျော် ရှိတဲ့ပရိဘောဂစက်ရုံ
ကို ဘယ်လို စနစ်တကျ လည်ပါတ်နေတယ်ဆိုတာ
မြန်မာ တစု သွားရေကျခဲ့ အားတွေကျခဲ့ကြပါတယ် သူတို့ညီကို၂ယောက်လည်ပါတ်နေတာ
မြန်မာအစိုးရသစ်လုပ်ငန်း စက်ရုံကြီးမကဘူး..
မြန့်မာ့သစ်လုပ်ငန်းထက်သာတာက
အလေအလွင့်တစက်မှမရှိ...

စက်ရုံထဲ အမှိုက် တစ မတွေ့ရသလို
အသလွတ် မိုးတိုးမတ်တတ် ရပ်နေတဲ့ အလုပ်သမားလဲ မတွေ့ခဲ့ရပါ
လုပ်သား၄၀၀ ကျော် ဆိုတော့
မြန်မာ ဘယ်နှစ်ယောက်ပါသလဲလို့ မေးကြည့်မိတယ်
တယောက်မှမပါဘူးတဲ့
လိုက်ကြည့်တော့သူအမှန်ပြောတာပါ
ဘာလို့လဲဆိုတော့
တရားဝင်မြန်မာလုပ်သားခန့်မယ်ဆိုရင်
အဆင့်ဆင့် ဘောင်ဝင်အောင် လုပ်ရ ကိုင်ရတာကုန်တာနဲ့
မထူးလို့တဲ့
ထိုင်းလုပ်သားချည်းပဲ ၇၅%က မိန်းကလေးတွေ
မိန်းကလေးဆိုတာ အသေးစိတ် ဂရုစိုက်တတ်လို့တဲ့
စက်ကိုင်တဲ့နေရာတွေ အလေးအပင်ကိစ္စတွေလောက်ပဲ ယောင်္ကျားလေးသုံးတယ်

ကျနော်တို့ထဲမှာ
ဝယ်ရောင်းသမားတချို့
အင်ပို့သမားတချို့ ပါပေမယ့်
ကိုယ်ပိုင်ထုတ်လုပ်ခြင်းကို
စိတ်ပါကြလို့ အတူလာခဲ့ကြသူတွေပါ
မုံရွာ ပျဉ်းမနား လယ်ဝေးက
လာခိုးပို့တဲ့ တောလက်ရာကြမ်းတွေကို
ပေါချောင်ဝယ်ပြီး ကော်ပတ်စား ပေါလစ်တိုက်
ဆိုင်ပေါ်တင်ပြန်ရောင်း အလုပ်မျိုးကို
စိတ်ကုန်လို့ wood industry တကယ်လုပ်ချင်လို့
လာကြည့်ကြတာဆိုပါတော့

ထိုင်းစက်ရုံကပြောတာ
အရင်က အလုပ်သမား ၁၄၀၀-၁၅၀၀ တဲ့
ခု ၄၀၀ ပဲကျန်တော့တယ်
နေ၀င်ချိန် ရောက်နေပြီ sunset တဲ့
မင်းတို့ အလုပ် ဘာ challenge တွေရှိလို့လဲမေးတော့
အစိုးရက support သိပ်မလုပ်ဘူးတဲ့

ကျနော်တို့မြန်မာတသိုက် မျက်ရေကိုထွက်ရော ရီလိုက်ရတာ
ကျနော်တို့ နိုင်ငံမှာ SME တဲ့
အသေးစားအလတ်စား တွေ ပံ့ပိုးရေးတဲ့
ဆင်းရဲမှုတိုက်ဖျက်ရေးတဲ့
ပြည်သူဗဟိုပြု တဲ့ Private public partnership တဲ့
ပြောနေတာ ပြောနေတာ
လုပ်သား၄၀၀ ရှိတဲ့ ပရိဘောဂစက်ရုံ ၁ရုံမရှိတာ
ကျနော်တို့အသိဆုံး

စိတ်ဓါတ်မကျပါနဲ့ ကွာ
မင်းတို့ ထိုင်းတွေနေ၀င်ချိန်က
တို့မြန်မာတွေ နေထွက်ချိန်ထက်
အပုံကြီးသာပါသေးတယ်
လို့ပြောခဲ့မိကြောင်းပါ
ဗျာ တို့ရေ...............

(နိဝါတဖြင့်)
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to သူတို့ဘာတွေပြောခဲ့ကြသလဲ။

Who is online

Users browsing this forum: No registered users and 2 guests

cron