မြစ်ဆုံအပါအ၀င် မေခ၊မလိခရေလှောင်တမံများမှာ ပြတ်ရွေ့ကြောပေါ်၌ တ

မြစ်ဆုံရေကာတာစီမံကိန်း နှင့်ပတ်သက်သမျှ အကြောင်းအရာများ၊ မြန်မာနိုင်ငံအလံတည်ရှိနေသမျှကာလပတ်လုံး မဆောက်တော့မည့်စီမံကိန်း။ ထာဝရဖျက်သိမ်းထားသည့်စီမံကိန်းဖြစ်အောင်ကြိုးစားကြပါစို့ ။



"ဧရာမ ရေကာတာကြီးတစ်ခုကို သူတို့တွေ မီးထိန်ထိန်လင်းဖို့အလို့ငှာ ကျွန်တော်တို့က အနာခံပြီး ကိုယ့်ပြည်ထဲမှာ ဘယ်သောအခါမှ မတည်ဆောက်သင့်" (မောင်ဝံသ)

မြစ်ဆုံအပါအ၀င် မေခ၊မလိခရေလှောင်တမံများမှာ ပြတ်ရွေ့ကြောပေါ်၌ တ

Postby acmv » Sat Feb 15, 2014 9:31 pm

မြစ်ဆုံအပါအ၀င် မေခ၊မလိခရေလှောင်တမံများမှာ ပြတ်ရွေ့ကြောပေါ်၌ တည်ရှိနေဟုဆို
Image

ဧရာဝတီမြစ်စတင်ဖြစ်ပေါ်လာသည့်နေရာ၌ ဆောက်ထားသည့် မြစ်ဆုံရေလှောင်တမံ စီမံကိန်းနှင့် မလိခ၊ မေခမြစ်ပေါ်ရှိ စီမံကိန်းများ(၆)ခုမှာ စစ်ကိုင်းပြတ်ရွှေ့ကြောပေါ်မှ ခွဲထွက်သည့် ပြတ်ရွေ့ကြောပေါ်တွင် တည်ရှိနေသည့်အတွက် ပြိုလွယ် မည်ဖြစ်ကြောင်း ဧရာဝတီမြစ် စောင်ကြည့်လေ့လာသည့်ပညာရှင်များက ဆိုသည်။

မြစ်စုံစီမံကိန်းအပါအ၀င် မေခမြစ်ပေါ်ရှိ မြစ်ရေလှာင်တမံစီမံကိန်း(၅)ခုသည် ယင်းပြတ်ရွေ့ကြောပေါ်တွင် ရှိနေကြောင်း၊ မလိခပေါ်ရှိ ရေလှောင်ကန် စီမံကိန်းတစ်ခုသာ ပြတ်ရွှေ့ကြောနှင့် လွတ်ကင်းကြောင်း၊ ဆောက်လုပ်ထားသည့် စီမံကိန်းများအား ပြန်လည်သုံးသပ်သင့်ကြောင်း ဇန်န၀ါရီလ ၂၈ရက် YMCAတွင် ကျင်းပခဲ့သည့် ဆည်မြောင်းတာတမံများနှင့် မြစ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ ဆွေးနွေးခဲ့ကြသည်။

“ရပ်ဆိုင်းတာ မြစ်ဆုံတစ်ခုတည်း ဖြစ်နေတယ်။ ကျန်စီမံကိန်းတွေက ဘယ်လိုလဲ ဆိုတာမေးလို့မရဘူး။ လုပ်မယ့်ရက်ကို မေးလို့ မရဘူး။ မြန်မာပြည်သားတွေရဲ့အသက်က ဧရာဝတီဖြစ်လို့ မိခင်မြစ်ကြီးအတွက် အစိုးရကော ၊ပြည်သူတွေပါ ပူးပေါင်းတားဆီး သွားရမယ်”ဟု ဆည်မြောင်းဝန်ကြီးဌာန ရေအရင်းအမြစ် အင်ဂျင်နီယာ၊ ညွန်ကြားရေးမှူး(ငြိမ်း) ဦးအုန်းမြင့်က ဆိုသည်။

ဧရာဝတီမြစ်၏ မြစ်လက်တက်များတွင် ရေလှောင်တမံများနှင့် မြစ်ရေတင်စီမံကိန်းများကြောင့် ရေစီးဆင်းမှု လျော့နည်း လာကြောင်း၊ မြစ်ဝှမ်းနှင့်ရေဝေ၊ ရေလဲဧရိယာ(မြစ်လက်တက်များအပါအ၀င်)၏ ဂေဟစနစ်သည် ယိုယွင်းပျက်စီးလာကြောင်း မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန၏ တွက်ချက်မှုအရ သိရသည်။

“မြန်မာပြည်သူတွေရဲ့ ၀မ်းရေးနဲ့ဘဏ္ဍာရေးကို နေ့စဉ်ဖြည့်ဆည်းပေးနေတဲ့ ကျေးဇူးရှင်မြစ်ကြီးနဲ့ မြစ်ဝကျွန်း ပေါ်ဒေသကြီး ရှင်သန်ဖို့ နှစ်(၅၀) အလကားနီးပါး ရေအားလျှပ်စစ်ကို ဆက်လက် အားပေးမလား ကိုယ့်တိုင်း ပြည်ရဲ့ စားဝတ်နေရေးကို ပေးနေတဲ့ မြစ်ဝကျွန်ပေါ်ကို အဆုံးရှူံးခံမလား မေးချင်တယ်” ဟု စိုက်ပျိုးရေး ပညာ ရှင်ဒေါက်တာထွန်းဝင်းက ပြောသည်။

ဧရာဝတီမြစ်ကြီးပေါ်တွင် မြစ်ဆုံစီမံကိန်းနှင့် အခြားရေလှောင်ကန်စီမံကိန်းများ ပြုလုပ်ပါက သုတေသန ပြုလုပ်ချက်များအရ လွန်ခဲ့သည့် နှစ်ပေါင်း(၁၀၀)အတွင်း သိသာထင်ရှားစွာ ရေစီးဆင်းမှု လျော့နည်းလာ ကြောင်း ပတ်ဝန်းကျင်ထိခိုက်မှုများစေသည့် ယင်းစီမံကိန်းကို လွှတ်တော်ကိုယ်စားလှယ်များ နားလည်စေရန် ဆောင်ရွက်သင့်ကြောင်း ဘူမိဗေဒရုပ်သွင်ပညာရှင် ဦးမောင်မောင်အေးက အကြံပြုဆွေးနွေးထားသည်။

“ကြံခင်းမြစ်ဆိုရင် အရင်ကဈေးသဘောင်္ကြီးတွေ စိုက်နိင်တယ်။ အခုနောက်ပိုင်း မြန်အောင် ဆိပ်ကမ်းဘက်သွားပြီး ကုန်ပို့ နေရတယ်။ ဧရာဝတီမြစ်ကြီးရဲ့ မြစ်ရေက တစ်နှစ်တခြားလျော့လာတယ်။ သွားလာရေးက သောင်တွေထွန်းတော့ ဧရာဝတီ သဘောင်္ကြီးတွေ ကပ်လို့ မရတော့ဘူး။ မြစ်ဆုံစီမံကိန်းသာလုပ်ရင် အထက်က ပိတ်သလိုဖြစ်ပြီး မြန်အောင်တောင်ကပ်နိင်မှာ မဟုတ်တော့ဘူး”ဟု ဧရာဝတီမြစ်စီးဆင်းရာ လက်တက်ခွဲဖြစ် သည့် ကြံခင်းမြစ်ဘေး၌ နေထိုင်သူ ကံဇယ်ကျေးရွာမှ ဦးအောင်က ပြောသည်။

ဧရာဝတီမြစ်၏ ရေစီးဆင်းမှုသည် တစ်နိင်ငံလုံး၏ နှစ်စဉ်ရေစီးရေလာပမာဏ၏ ၄၂ရာခိုင်နှုန်းရှိကြောင်း၊ မြစ် ဆုံ တမံအမြင့်မှာ ၁၃၉ဒဿမ၅မီတာ၊ ရေအားကို အသုံးပြုကာ ၄၁၀၀ မဂ္ဂါဝပ်မှ ၆၀၀၀ထိ လျှပ်စစ်ထုတ်လုပ် မည်ဖြစ်ကြောင်း၊ မြန်မာနိင်ငံသည် ၁၅ရာခိုင်နှုန်းသာ အကျိုးရမည်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်သည် ကချင်ပြည် နယ်မြစ်ကြီးနား၏ အရှေ့မြောက်ဘက် ၂၅ မိုင်အကွာ မေခနှင့် မလိခ မြစ် ဆုံရာမှစတင်ကာ ဧရာဝတီတိုင်းရှိ မြစ်ဝကျွန်းပေါ်မြစ်ခွဲများထိ မိုင်(၁၀၀၀)ရှည်လျားကြောင်း၊ ဧရာဝတီမြစ် ၀ှမ်းတွင် အရွယ်အစား အမျိုးမျိုးရှိသည့် ရေလှောင်တမံပေါင်း (၁၃၀)ကျော် တည်ဆောက်ထားကြောင်း သိရသည်။
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to မြစ်ဆုံရေကာတာစီမံကိန်း

Who is online

Users browsing this forum: No registered users and 2 guests

cron