မြစ်ဆုံကိစ္စက လက်ပံတောင်းကိစ္စလိုမဟုတ်ဖူး ညှိနိုင်းစရာမလိုတဲ့

မြစ်ဆုံရေကာတာစီမံကိန်း နှင့်ပတ်သက်သမျှ အကြောင်းအရာများ၊ မြန်မာနိုင်ငံအလံတည်ရှိနေသမျှကာလပတ်လုံး မဆောက်တော့မည့်စီမံကိန်း။ ထာဝရဖျက်သိမ်းထားသည့်စီမံကိန်းဖြစ်အောင်ကြိုးစားကြပါစို့ ။



"ဧရာမ ရေကာတာကြီးတစ်ခုကို သူတို့တွေ မီးထိန်ထိန်လင်းဖို့အလို့ငှာ ကျွန်တော်တို့က အနာခံပြီး ကိုယ့်ပြည်ထဲမှာ ဘယ်သောအခါမှ မတည်ဆောက်သင့်" (မောင်ဝံသ)

မြစ်ဆုံကိစ္စက လက်ပံတောင်းကိစ္စလိုမဟုတ်ဖူး ညှိနိုင်းစရာမလိုတဲ့

Postby acmv » Sat Jan 04, 2014 7:36 am

"မြစ်ဆုံဆည် စီမံကိန်း ဆက်လုပ်သင့်မသင့်နှင့် ပါတ်သက်ပြီး သဘောထားပြတ်သားမူ့ မရှိ" ခေါင်းစဉ်နဲ့ Daily Eleven သတင်းစာရဲ့ သတင်းဝေဖန်မူ့မှာ Eleven Media Group စီအီးအိုက ဟောသလို ဝေဖန်ထားတာ ဖတ်ရရဲ့ (အရှည်ဖတ်ချင်ရင် ၃.၁.၂၀၁၄ထုတ် သတင်းစာကို www.daily-eleven.comမှာ ရှာဖတ်ကြည့်ပါ)

ဒေါက်တာ သန်းထွဠ်အောင်က ...... မြစ်ဆုံကိစ္စက လက်ပံတောင်းကိစ္စလိုမဟုတ်ဖူး ညှိနိုင်းစရာမလိုတဲ့ ကိစ္စဖြစ်ပြီး ယတိပြတ်ပြောရမှာပါ။မြစ်ဆုံဆည်ဆက်လုပ်မဲ့ကိစ္စကို ဆက်လက်ဆောင်ရွက်မယ်ဆိုရင် ဦးသိန်းစိန်ဘဲ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစု့ကြည်ဘဲ ဖြစ်ဖြစ် ဦးရွှေမန်းဘဲဖြစ်ဖြစ် နောက်ဆုံး ကာချုပ်ကြီးဘဲ ဖြစ်ဖြစ် တိုင်းရင်းသားပြည်သူလူထုနဲ့ တိုးကိုတိုးရနိင်တယ်။ဒီကိစ္စကို ရွေးကောက်ပွဲးမတိုင်ခင် လူထု့ကို ရှင်းရှင်းလင်းလင်း ပြောဆိုဘို့လိုတယ်။ကျွန်တော်တို့ကတော့ လုပ်မလား မလုပ်ဖူးလား နှစ်ခု့ကိုဘဲပြောစေချင်တယ်။အရင်အစိုးရဟာ မြစ်ဆုံတည်ဆောက်ဖို့ လုပ်ခဲ့လို့ သမိုင်းတရာခံဖြစ်ခဲ့တယ်။အခု့အစိုးရက မြစ်ဆုံတည်ဆောက်ရေးကို ရပ်ခဲ့လို့သမိုင်းတရာခံအဖြစ်က လွတ်ခဲ့တယ်။နောင်လာမဲ့အစိုးရက ဒါကိုဆက်လုပ်ရင် သမိုင်းတရာခံ ဖြစ်သွားမှာဘဲဟု့ သူကဆိုထားတယ် သုံးသပ်တယ်လို့ ပြောရမှာပေါ့ကွယ်။ ကျန်တာတွေ ဝက်ဘ်ဆိုက်မှာသာ ဖတ်ကြည့်လိုက်ပါ အပေါ်မှာ လိပ်စာနဲ့ ထုတ်တဲ့ရက်စွဲပေးထာလေရဲ့။
အရင်စပြောချင်တာက သြဇာကြီးတဲ့ မီဒီယာ စီအီအိုကြီးကို ၂၀၁၅ အလွန်မှာ ဖြစ်တည်မဲ့ နိင်ငံတကာနဲ့ ထိတွေဆက်ဆံရမဲ့ မြန်မာနိင်ငံရဲ့ သမ္မတကြီးရာထူးကို ဝင်ကြည့်ပြီး အရင်စဉ်းစားကြည့်စေချင်ပါတယ်။ လက်ရှိအစိုးရက တာဝန်ကို ရှောင်ပြေးယုံနဲ့ သမိုင်းတရာခံအဖြစ်က လွတ်မတဲ့လား သူဘာလဲ သင်ဘာလဲ အရင်တိုင်းတာရမယ်။ဆိုပါတော့ ကုလရဲ့ အပြည်ပြည်ဆိုင်ရာ နှစ်နိင်ငံချုပ်ဆိုတဲ့ စာချုပ်စာတန်းဥပဒေရယ် ပါလီမန်ဒီမိုကရေစီ ကျင့်စဉ်ထဲက ကိုယ့်ရှေ့က သမ္မတ(သို့) သက်ဆိုင်ရာ ဝန်ကြီးချင်း တာဝန်ခံမူ့ဆိုတာ အခိုင်အမာရှိရမယ်။ ဒါပြင်ဋ္ဌာနဆိုင်ရာတွေမှာ အမြဲတန်းတာဝန်ခံအဖြစ် ထားရှိရမဲ့ အမြဲတန်းအတွင်းဝန်(ညွှန်ချုပ်၊ဦးဆောင် ညွန်ကြားရေးမူး)ရှိရမယ်။ဒါဘယ်မလဲ တဦးပြုတ် ဖြုတ်ထုတ်သတ်လေ။နောက်တစ်ခု့က တရုတ်အစိုးရနဲ့ ဟိုယခင်ထဲက ရှိပြီးသား အိမ်နီးချင်းကောင်းဖြစ်ရန်ဆိုတဲ့ အချက်ကိုလည်း ထည့်စဉ်းစားရမယ်။သမိုင်းတရာခံ မဖြစ်အောင်yes or no ဆိုတာ ပညာတတ်သမ္မတ ဒီနေ့ခေတ် နိင်ငံတကာနဲ့ ဆက်ဆံရမဲ့ သမ္မတက ယတိပြတ်မဆုံးပြတ်သင့်တဲ့ အနေအထားပါ။
အန်တီစု့ ပြန်ဖြေထားတာ အချိန်ကာလပေါ် မူတည်ပြီး ဖြေထားတာ သင့်တင့်တဲ့ ဖြေကြားမူ့ပါ။ ဒါဆိုရင် သမ္မတဖြစ်ခွင့် ပြင်ဆင်ချက်က သေချာပြီလား ပြန်မေးရမယ် အဲ့လိုပေးရင် အန်တီစု့ကိုယ်စား ဖြေချင်ပါရဲ့ အန်အယ်ဒီပါတီ အစိုးရဖွဲ့ရမယ်ဆိုရင် ပြည်သူက လက်ခံမဲ့ တိကျတဲ့ အလုပ်ကို လုပ်ပြနိင်ပါတယ်။အန်တီစု့ဟာ အတိုက်ခံခေါင်းဆောင် ဖြစ်ပေမဲ့ မခိုင်လုံသေးတဲ့ ၂၀၀၈ဖွဲ့စည်းပုံ မပြင်သေဘဲ တိကျတဲ့ အဖြေသိချင်ရင် စော်သေးတယ် သိချင်ရင် စောင့်ပါဦး ပြောယုံဘဲရှိရဲ့။အဲ့ဒီ သတင်းထဲမှာ အန်တီစု့ အာအက်ဖေက ဦးခင်မောင်စိုးနဲ့ ဗြူးတာမှာလည်း အချိန်ခါကို ကြည့်ပြီး သုံးသပ်ပြောဆိုထားတာပါ။အဲ့တော့ အန်တီစု့ရဲ့ သဘောထားဟာ အပြည်ပြည်ဆိုင်ရာ သမ္မတလုပ်မဲ့သူတွေရဲ့ သုံးသပ်ပြောဆိုမူ့အတိုင်း အချိန်အခါပေါ် မူတည်ပြောရတာပါ။သင့်မြတ်လှပါတယ်။yes or no ဆိုတဲ့ မေးခွန်းဟာ နှစ်နိင်ငံဆက်ဆံရေးကို အခြေတည်တာမို့ ထိလွယ် ရှလွယ် ဖွဲ့စည်းပုံ ပြင်ဆင်ရေး မတိကျသေဘဲ မီဒီယာဆန္ဒအတိုင်း နှပ်ကြောင်းပေး အမေးကို မဖြေသင့်ပါဘူး။ဒီပြင် စီအီအို ဒေါက်တာသန်းထွဠ်အမေးနဲ့ ယင်းရဲ့ဆန္ဒကို ပြန်စမ်းစစ်ရပါမယ်။မြစ်ဆုံသည် တနိင်ငံလုံးရဲ့ တိုင်းရင်းသားပြည်သူတွေနဲ့ သက်ဆိုင်တာ မှန်ပါ၏ အဲလိုဆိုတဲ့အခါကျတော့ မြစ်ဆုံဒေသ တည်ဆောက်ရေးက ဖြစ်တည်နေတဲ့ လက်နက်ကိုင် အဖွဲတွေရဲ့ ပြသနာ တိုင်းရင်းသား စစ်စစ်အရေး တိုင်းရင်းသား မစစ်တစစ်အရေး ဖက်ဒရယ်ပြည်တောင်စု့ တည်ဆောက်ရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲး ရက်သတ်မှတ်မူ့ တရုတ်အစိုးရ ခြေရူတ်ထားသမျှ ဒါတွေကို ခြုံငုံပြီး ဘယ်လိုဖြေရှင်းမလဲ နိင်ငံရေးလမ်းကြောင်းက ဖြေကြားရမှာပါ။အဲ့တော့ ဒီကိစ္စက ယတိပြတ်ဖြေကြားဘို့က ဦးသိန်းစိန်လဲ မဖြေရဲလို့ နောက်ဆုတ်ပြေးတယ် ဦးရွှေမန်းရော် ဘယ်လိုလုပ်မလဲဆိုတာ ၂၀၁၅ရွေးကောက်ပွဲးကျင်းပဘို့ ဖွဲ့စည်းပုံပြင်ဆင်ရေး ခိုင်မာဘို့က အရေးကြီးဆုံးပါ။မိမိတို့ အန်အယ်ဒီရဲ့ တောင်းဆိုနေတဲ့ ဖွဲစည်းပုံပြင်ဆင်ရေးက အရေးကြီးအချက်တွေ တကယ်ခိုင်မာရင် yes or no မဟုတ်ဖူး ၂၀၁၄ လက်ရှိသမ္မတလက်ထက်တွင်း ဦသိန်းစိန်အစိုးရအဖွဲ့ မြစ်ဆုံစီမံကိန်း ဆုံးဖြတ်ချက်ချနိင်အောင် လိုအပ်သလို နှစ်ဖက်ကို အကြံပြုပြီး မြစ်ဆုံဒေသက တိုင်းရင်းသားပြသနာနဲ့ တရုတ်အစိုးရကို အပေးအယူလုပ်ပြီး ငြိမ်းချမ်းရေးရအောင်လုပ်ဘို့ တိုက်တွန်းမယ် ဒီပေါ်မှာ တရုတ်အစိုးရနဲ့ ပူးပေါင်းပြီး ဆည်တည်ဆောက်ရေးအတွက် စစ်အရာရှိအချို့ကို မသမာမူ့နဲ့ ဖော်ထုတ်ရပါမယ်။ပြီးမှ အရေးယူသင့် မသင့် သမ္မတအစိုးရက စဉ်းစားပြီး ဖြေလျှောမူ့လုပ်ရပါမယ်။ဒါဆို ဥိးသိန်းစိန် အစိုးရလုပ်နိင်သလား၊ ဦးရွှေမန်းအစိုးရလား ဗိုလ်ချုပ်မူးကြီး မင်းအောင်လိုင် အစိုးရလား ဒါမှမဟုတ်ရင် အန်တီစု့ရဲ့ အစိုးရအဖွဲ့လား ဒါဆို ဖွဲ့စည်းပုံကို အရင်ပြင်ပါလို့ မေးချင်ပါတယ်။ဒါမှသာ ၂၀၁၅အလွန်ဖြစ်လာမဲ့ မည်သည့်အစိုးရမဆို တိုင်းပြည်ပြုပြင်ပြောင်လဲရေးကို တည်ငြိမ်စွာ ဆောင်ရွက်နိင်မယ် ဒါကြောင့် မြစ်ဆုံဆည် ပြန်တည်ဆောက်ရေးဟာ ၂၀၁၅ အလွန်ဖြစ်တည်မဲံ အစိုးရအတွက် အကျပ်တည်းဆိုရင် မှားပါလိမ့်မယ်။မြစ်ဆုံဆည်ကနေ စီမံကိန်းကို ချုံနိင်ဘို့ကြိုးစားရမယ် တိုင်းရင်းသားပြသနာ ဒါနဲ့ဦးတည်ပြီး ပြီးပြတ်အောင် ရှင်းရမယ်။ဒါမှ ဖက်ဒရယ်ပြည်တောင်စု့ ဦးတည်နိင်မယ်။ ဒီနည်းလမ်းတွေနဲ့ ပြီးပြတ်စေဘို့ အန်အယ်ဒီမှာ နည်းရှိတယ် အစိုးရဖြစ်ဘို့သာ ဖွဲစည်းပုံတားမြစ်ချက်တွေ အရင်ပြင်ရမယ်။ မြစ်ဆုံနဲ့ ပါတ်သက်ပြီး တင်းမာမူကို အန်တီစု့ တကယ်ဖြေရှင်းနိင်မှာပါ နည်းလမ်းလည်း ရှာဖွေထားပြီးဖြစ်ပါတယ်ဆိုတာ ပြောပါရစေ။ (မာမီထား)
http://www.daily-eleven.com/
www.daily-eleven.com
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to မြစ်ဆုံရေကာတာစီမံကိန်း

Who is online

Users browsing this forum: No registered users and 2 guests

cron