မြစ်ဆုံရဲ့ စစ်ရေး နဲ့စီးပွားရေး နှစ်ချက်ပြောမယ်။

မြစ်ဆုံရေကာတာစီမံကိန်း နှင့်ပတ်သက်သမျှ အကြောင်းအရာများ၊ မြန်မာနိုင်ငံအလံတည်ရှိနေသမျှကာလပတ်လုံး မဆောက်တော့မည့်စီမံကိန်း။ ထာဝရဖျက်သိမ်းထားသည့်စီမံကိန်းဖြစ်အောင်ကြိုးစားကြပါစို့ ။



"ဧရာမ ရေကာတာကြီးတစ်ခုကို သူတို့တွေ မီးထိန်ထိန်လင်းဖို့အလို့ငှာ ကျွန်တော်တို့က အနာခံပြီး ကိုယ့်ပြည်ထဲမှာ ဘယ်သောအခါမှ မတည်ဆောက်သင့်" (မောင်ဝံသ)

မြစ်ဆုံရဲ့ စစ်ရေး နဲ့စီးပွားရေး နှစ်ချက်ပြောမယ်။

Postby acmv » Sat Dec 28, 2013 7:31 pm

Myo Set

Image
မြစ်ဆုံဆိုလဲ မြစ်ဆုံပေါ့ဗျာ။ တွေးကြည့်တာလေးတွေပြောရအောင်။ စစ်ရေး နဲ့စီးပွားရေး နှစ်ချက်ပြောမယ်။

(၁) တရုတ်နဲ့ မြန်မာ နယ်စပ်မျဉ်း (ကုန်းမြေ) က မိုင်ပေါင်း 1370 မိုင်ရှိတယ်။
(၂) မြန်မာရဲ့ ပင်လယ်ကမ်းရိုးတန်း 1930 ကီလို မီတာရှိတယ်။
(၃) ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးပါဝါ တရုတ်နဲ့ သူ့ဒေသတွင်းပြိုင်ဘက် အိန္ဒိယကို ချိတ်ဆက်ထားတယ်။
(၄) ဒီဒေသဟာ အိန္ဒိယ၊ တရုတ် နဲ့အရှေ့တောင်အာရှနိုင်ငံတွေကို ချိတ်ဆက်ထားတယ်။

-ဧရာဝတီမြစ်ဟာ ဒီလို ပထဝီပိုင်းရှိသော ဒေသကို ဖြောင့်တန်းတဲ့လမ်းမကြီးလိုမျိုး တောင်ကနေ မြောက်ကို သိမ်မွေ့သော ရေစီးနဲ့ ချိတ်ဆက်ပေးထားတယ်။

-မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးအင်အားမြို့တွေဟာ ဒီမြစ်ကမ်းနဖူးမှာတည်ရှိနေကြတယ်။

-မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေး အင်အား စိုက်ပျိုးရေးဒေသအများစုဟာ ဒီမြစ်ရဲ့ ရေပေးဝေမှုအောက်မှာ ရှိနေတယ်။

မြစ်ဆုံကို ထိန်းချုပ်လိုက်ရင်

-တောင်မြောက်ချိတ်ထားတဲ့ လမ်းမကြီးကိုထိန်းချုပ်ပြီးသား
-စီးပွားရေးအသက်သွေးကြောကို ထိန်းချုပ်ပြီးသား နဲ့ မြန်မာ့ စီးပွားရေးကို ချုပ်ကိုင်ပြီးသား
-လမ်းမကြီးကို ထိန်းချုပ်ရင် လမ်းမကြီးရဲ့ ဘေးတစ်ဖက် တစ်ချက် ကုန်းမြေနဲ့ဒေသတွေကို ထိန်းချုပ်ပြီးသား
-ကမ်းရိုးတန်း အရှည်ကြီးရှိတဲ့ တိုင်းပြည်ဖြစ်လို့ ပြိုင်ဘက် အမေရိကန်ရဲ့ ရေကြောင်းရန်ကို ထိန်းချုပ်ပြီးသား

တရုတ်ဟာ မြန်မာကို ပထဝီအရ မရှိမဖြစ်လိုအပ်တယ်။ ဒီလိုအပ်ချက်ကို အမှီပြုပြီး အသုံးချတတ်ရင် မြန်မာလို သန်းခြောက်ဆယ်ပဲရှိပြီး စိုက်ပျိုးရေးကုန်းမြေလုံလောက်သော တိုင်းပြည် ဟာ ခဏလေးနဲ့ စက်မှုနိုင်ငံ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီလိုတန်ဘိုးဟာ အားနည်းသော ဒစ်ပလိုမေစီပိုင်းတွေကြောင့် အခု လို ဖြစ်နေရတယ်။

ဒါ ကျန် ယဉ်ကျေးမှု ပိုင်း ဘာညာ ဘာမှ ထည့်မပြောသေးဘူး။ မြစ်ဆုံကိုဒီလို စစ်ရေးနဲ့ စီးပွားရေးအမြင်အရ ဒီလို မြင်မိတယ်။

တစ်လက်မထုတက်ဖို့ နှစ်သန်းနဲ့ချီကြာတတ်တဲ့ မြေဆီတန်ဘိုး
နောက် ရေချိုရင်းမြစ် ဆိုတဲ့ အရာတွေတန်ဘိုးကို နားလည်ဖို့ လိုအပ်လှတယ်။ ဧရာဝတီ နဲ့ ကျန် မြစ်သုံးစင်း။

မျိုးစေ့မပါဘဲ GM မျိုးတွေ တရုတ်က ရောင်း၊ ပြီးတော့ အဲ့ဒါတွေကို ကိုယ့်ပြည်ထဲမှာစိုက်။ အဲ့ဒါတွေက်ု တရုတ်က ဈေးပေါပေါနဲ့ ပြန်ဝယ်။
ချုပ်လိုက်ရင် ကိုယ်က မြေဆီရှုံးသွားကော။ သန်းခြောက်ဆယ်ကို ကောင်းကောင်း တင်ကျွေးထားနိုင်တဲ့ စိုက်ပျိုး မြေအများစု စိုက်ပျိုးသူ တွေလက်ထဲ မရှိသရွေ့ စီးပွားတက်ဖို့ မမျှော်သင့်။

သယံဇာတထဲမှာ ရေနဲ့ မြေဟာ သိပ်တန်ဖိုးရှိကြောင်း သိစေချင်ပါဘိ။
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to မြစ်ဆုံရေကာတာစီမံကိန်း

Who is online

Users browsing this forum: No registered users and 1 guest

cron