စီးပွားရေး လုပ်ငန်းရှင်များ သစ်မွှေး စိုက်ပျိုးရန် ပိုမို စိတ

သစ်မွေးစိုက်ပျိုးခြင်း ဆိုင်ရာနည်းပညာများ၊ဈေးနှုန်းများ၊အလာအလာနှင့် တွက်ခြေကိုက်မှု

စီးပွားရေး လုပ်ငန်းရှင်များ သစ်မွှေး စိုက်ပျိုးရန် ပိုမို စိတ

Postby acmv » Mon Jan 02, 2012 1:10 pm

စီးပွားရေး လုပ်ငန်းရှင်များ သစ်မွှေး စိုက်ပျိုးရန် ပိုမို စိတ်ဝင်စားလာ
ရန်ကုန်၊ဇူလိုင်၃၁၊၂ဝ၁ဝ

မြန်မာနိုင်ငံတွင် သစ် မွှေးစိုက်ပျိုးမှုကို ပြည်သူ များပြု လုပ်ခွင့်ပြု လိုက်သည် မှာ မကြာလှ သေးသော် လည်း၊ ယခုလပိုင်းမှစတင် ၍ စီးပွားရေးလုပ်ငန်းရှင် အချို့ သစ်မွှေးပင်စိုက်ပျိုး ရန် စိတ်ဝင်စားမှုများလာ ကြောင်း သိရသည်။အခု စီးပွားရေးလုပ် ငန်းရှင်တွေက သစ်မွှေးဈေး ကွက်ကို
သိသူနည်းနေသေး တယ်။ သစ်မွှေးက သိန်း ၄ဝရင်းရင် တစ်နှစ်၊ နှစ်နှစ် ကြာရင် သိန်း ၄ဝဝ မြတ် နေတော့ စိတ်ဝင်စားလာ ကြတာပါ။ တကယ် လည်း အကျိုးးရှိပါတယ်။ အခု ဦးဆီမှာ သစ်မွှေး ကိုစိတ်ဝင် စားတဲ့ လုပ်ငန်းရှင်တွေလာ ပြီး သစ်မွှေး ပျိုးပင်လာ ဝယ်နေ ကြတယ်။ ဦးက သစ်မွှေး ပျိုးပင်ဝယ်ရင် စိုက်ပျိုး နည်းပါ အခမဲ့လမ်းညွှန် ပေးပါတယ် ဟု ဇောတိက သစ်မွှေး ပင်ရောင်း ဝယ်ရေးမှ ဦးခင်မောင်ထွန်းက ပြော ကြားခဲ့သည်။

သစ်မွှေးပင် စိုက်ပျိုးရေးသည် အမြတ်များစွာ ကျန်သော သမာအာဇီဝ လုပ်ငန်းတစ်ခုဖြစ်ပြီး၊မြန်မာနိုင်ငံတွင် စိုက်ပျိုးသူများ လာပါက နိုင်ငံခြားဝင်ငွေ မြောက်မြားစွာ ရရှိနိုင်ကြောင်းသိရသည်။သစ်မွှေးပင် စိုက်ပျိုး ရာတွင် တစ်ဧကလျှင် အပင် ၅ဝဝမှ၁ဝဝဝခန့် စိုက် ပျိုးနိုင်ကြောင်း သိရသည်။ အပင်ရှင်သန်ကြီးထွားစေရန် အတွက် ရေလောင်းပေါင်း သင်ပေးရပြီး၊ ဓာတ်မြေသြ ဇာ၊ သဘာဝမြေသြဇာ၊ မြေချက်တို့ကို ထည့်ပေးရ ကြောင်း သိရသည်။ အပင် ၏ သက်တမ်းသုံးနှစ် ပြည့် သည့်အခါတွင် သစ်မွှေးဆီ ရရှိရန် ဆေးထိုးရပြီး၊ အပင် ဆေးထိုးပြီး ငါးနှစ်အရွယ် တွင် သစ်မွှေးအဆီခဲများ ပိုမိုစုလာသည်ဟု သိရသည်။ သစ်မွှေး ရှစ်နှစ်သားတစ် ပင်လျှင် ကာလပေါက်ဈေး ငါးသိန်း မှ ၁ဝ သိန်းအထိ ဈေးရှိကြောင်း သိရသည်။

သစ်မွှေးက သက် တမ်းကြာလေ၊ တန်ဖိုးရှိလေ ပါပဲ။ ဦးကတော့ သစ်မွှေး ကို စိုက်ပျိုးစေချင်တယ်။ ဘာလို့လဲဆိုတော့ မြန်မာ တစ်ပြည်လုံး ချမ်းသာသွား စေချင်လို့ပါပဲ။ သစ်မွှေးမျိုး စေ့ကို နိုင်ငံခြားကမှာ ယူ တယ်။ မျိုးစေ့တစ်သိန်းမှာ တစ်သောင်းကျော်လောက် ပဲ မျိုးအောင်တယ်။ သုံးလ သား အပင်ဝယ်စိုက်ရင် စိတ်ချရပါပြီ။ ဒီထက် အ သက် ကြီးတာဝယ်စိုက်ရင် တော့ အကောင်းဆုံးပေါ့ ဟု ၄င်းကထပ်မံပြောပြ ခဲ့သည်။ယခင်က လူနှစ်ဖက် စာ သစ်မွှေးပင်တစ်ပင်ကို သစ်မွှေးဆီထုတ်ပါက ၁၅ ကျပ်သားမှ ၅ဝ ကျပ်သား အထိသာရရှိကြောင်း သိရ သည်။ ယခုအခါ ဆေးထိုး သွင်း နည်းပညာနှင့် အပင် ကို ဆေးထိုးလိုက်သည့် အ တွက် အပင်၏ထုထည် အ နည်းဆုံး ၂ဝ ရာခိုင်နှုန်းခန့်သစ်မွှေးဆီ ထုတ်နိုင်ပြီဖြစ် ကြောင်း သိရသည်။

နိုင်ငံတကာ ဈေးကွက် အနေဖြင့် အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားနှင့် အာရပ်နိုင်ငံ များကို သစ်မွှေးဆီ (Oil) နှင့် သစ်မွှေးသား (Agar Wood)တို့ကိုတင်ပို့ရောင်း ချကြကြောင်း သိရသည်။ ထိုနိုင်ငံများတွင် အစွမ်း ထက်သော တိုင်းရင်းဆေး ဝါးများတွင် သစ်မွှေးဆီကို ကုန်ကြမ်းအဖြစ် အသုံးပြု ကြကြောင်း သိရသည်။သစ်မွှေးဆီကို ရေမွှေး အနှံ့ချုပ်ခြင်း၊ အမွှေးနံ့သာ တိုင်များပြုလုပ်ခြင်းနှင့် အလှ ကုန်ပစ္စည်းများ ထုတ် လုပ်သည့်နေရာများတွင် အ သုံးပြုကြကြောင်းသိရသည်။ သစ်မွှေးသားကိုမူ အာရပ် နိုင်ငံနှင့် အိန္ဒိယနိုင်ငံများ က အများဆုံးဝယ်ယူကြ ပြီး၊ မင်္ဂလာဆောင်၊ အလှူ အတန်းများတွင် သစ်မွှေး သားကိုမီးရှို့ကာ မွှေးရနံ့ ကြိုင်အောင် အသုံးပြုကြ သည်။ ထိုအမွှေးနံ့သာများ ကြောင့် နတ်ကောင်းနတ် မြတ်များကြွလာ၍ မိစ္ဆာ များထွက်ပြေးကြကြောင်း၊ မွှေးရနံ့ကြိုင်နေခြင်းကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ လာဘ်လာဘကောင်းမွန် သည်ဟုယုံကြည်ကြကြောင်း သိရသည်။

သစ်မွှေးပင်များ စီး ပွားဖြစ် စိုက်ပျိုးလိုပါက ဇောတိက (မိုး) သစ်မွှေး ပျိုးပင် ရောင်းဝယ်ရေး၊ ဖုန်း ဝ၁ ၅၄ဝ၆၆၃ သို့ ဆက်သွယ်ပြီး အပင်ပေါက် များ ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

ငုဝါမိုး
acmv
Site Admin
 
Posts: 3825
Joined: Thu Dec 16, 2010 8:23 am

Return to သစ်မွေးစိုက်ပျိုးခြင်း

Who is online

Users browsing this forum: No registered users and 1 guest

cron