တာဝန်ရှိသူများ သိစေချင်ပါသည်။

တို့ချစ်တဲ့ မြန်မာက တို့ချစ်တဲ့ခလေးတွေ...


We can't go on pretending day by day.
We are the ones to make a brighter day, so let's start giving.We make better days, just you and me.
They need our helping hands.

တာဝန်ရှိသူများ သိစေချင်ပါသည်။

Postby acmv » Wed Sep 24, 2014 8:16 pm

တာဝန်ရှိသူများ သိစေချင်ပါသည်။
Image

ဝါးသီး သီးလျှင် ဝါးပင်သေ၏။
ငှက်ပျောသီး သီလျှင် ငှက်ပျောပင်သေ၏။
ပေသီး သီးလျှင် ပေပင် သေ၏။
လူတို့တွင်လည်း အတ္တသီးများ သီးလျှင် ကား......
.
တပ်ပိုင်မြေတံတိုင်း စဉ်းစားပေးစေချင်။
ပဲခူးမြို့နယ် သာယာကုန်းကျေရွာနဲ့
စာသင်ကျောင်းအကြား မြေနေရာတွေကို တပ်ပိုင်မြေအဖြစ် ဝန်းတံတိုင်းခတ်လိုက်ပါတယ်။ ဒီအတွက် ကျောင်းသွား ကျောင်းပြန် အခက်အခဲ ဖြစ်နေကြရတဲ့ ခလေးတို့ရဲ့ ဘဝကို မြင်ကြည့်ရင်း
မိမိတို့ အကျိုးအတွက်ပဲ ကြည့်တတ်တာလား။
ပြည်သူတွေမှာ ဖြစ်ပေါ်လာမယ့် အခက်အခဲကိုရော ထဲ့ပြီး မစဉ်းစားပေးတော့ဘူးလားလို့ မေးချင်မိပါတယ်။

မတော်တဆ ကျောင်းသွားရင်းနဲ့ ပြုတ်ကျခဲ့ရင် ဆိုတဲ့ အတွေးမျိုးလေးနဲ့
ငါ့သား၊ ငါ့သမီး ၊ငါ့ဆွေမျိုးဆိုတဲ့ စိတ်မျိုးလေးကိုလည်း မွေးကြည့်စေချင်ပါတယ်။
စာတတ်စေချင်လို့သာ ကျောင်းကိုလွှတ်လိုက်ရပေမယ့် စားဝတ်နေရေး မပြေလည်လို့ အလုပ်တဖက်နဲ့ ရုန်းကန်ရင်း စိုးရိမ်ပူပန်နေရမယ့် မိဘတွေရဲ့ နေရာကိုလည်း ဝင်ပြီး ခံစားကြည့်စေချင်ပါတယ်။
တကယ်တော့ ပြည်သူတွေရဲ့ ချစ်ခင်မှု့ ခံရအောင် နေရင် ပြည်သူတွေက ချစ်ပါတယ်။
အမြင်ကတ်ခံ၇အောင် လုပ်ရင်တော့ အမြင်ကတ်ကြမှာပါ
တာဝန်ရှိ လူကြီးမင်းများ အားလုံးလည်း ကိုယ်ချင်းစာစိတ် ကလေးများနှင့် အတူ မြင်နိုင်ကြပါစေလို့. ဆုတောင်းရင်း
တူလေးတွေ တူမလေးတွေ အားလုံး အေးအန္တရာယ် ကင်းရှင်းကြပါစေ။ ဘဝဆက်တိုင်း ဆက်တိုင်း မင်းဆိုး မင်းညစ်များရဲ့ ဒုက္ခဘေးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Re: တာဝန်ရှိသူများ သိစေချင်ပါသည်။

Postby acmv » Sat Sep 27, 2014 6:01 am

Image
Image
ပဲခူးတိုင်း အင်းတကော် ရွှေလေးကျေးရွာမှာ ကျောင်းသားငယ်လေးတွေ အုတ်တံတိုင်းကို ကျော်တက်ပြီး ကျောင်းသွားကြရတဲ့ဓာတ်ပုံလေးက ဖေ့စ်ဘုတ်နဲ့ သတင်းဂျာနယ်တချို့မှာ ဖော်ပြပြီးတဲ့နောက် အတော်လေး လူသိများခဲ့ပါတယ်။
၂၅ရက်နေ့ မနက်မှာတော့ ကျေးရွာလယ်မြေတွေကို သိမ်းခဲ့တဲ့ အမှတ်(၁)ခဲယမ်းမီးကျောက်တပ်မှ အရာရှိတချို့ ရွှေလေးရွာကိုရောက်ရှိလာပြီး
ဒီရွာထဲမှာ ကျောင်းတက်နေတဲ့ ကလေးတွေ ရှိမရှိ မေးမြန်းပြီး စာရင်းကောက်ယူပါတဟ်။ စာရင်းအရ အုတ်ရိုးတွင်မှာ ၁၅ယောက်နဲ့ အုတ်ရိုးအပြင်ဘက်မှာ ၁၆ယောက် ရှိပါတယ်။
ပြီးတော့ ကျောင်းသားလေးတွေကို အုတ်ရိုးကျော်တက်တဲ့ ဝါးလှေကားလေးနားမှာ ဓာတ်ပုံ စုရိုက်ပါတယ်။ ကျမတို့ ရိုက်ခဲ့သလိုပဲ အုတ်ရိုးကို ကျော်တက်ကြပုံတွေကိုလည်း
ရိုက်သွားပါတယ်။
တာဝန်ရှိသူတွေ လာရောက်စစ်ဆေးတာ မေးမြန်းတာဆိုတော့ တစ်စုံတစ်ခုတော့ ဖြေရှင်းပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
အုတ်ရိုးကိုပဲ တံခါးပေါက်ဖောက်ပေးမလား
ကျောင်းသစ်ပဲ လာဆောက်ပေးမှာလား
ကျောင်းသားလေးတွေကိုပဲ ကျောင်းထုတ်ပစ်မှာလား .... ဆိုတာကတော့ ....
============
Su Su Nway
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am


Return to တို့ချစ်တဲ့ မြန်မာက တို့ချစ်တဲ့ခလေးတွေ...

Who is online

Users browsing this forum: No registered users and 1 guest

cron