ကျောင်းကြိုပို့ စက်လှေကို ငသိုင်းချောင်းမြို့နယ်စည်ပင်ကတရားစ

တို့ချစ်တဲ့ မြန်မာက တို့ချစ်တဲ့ခလေးတွေ...


We can't go on pretending day by day.
We are the ones to make a brighter day, so let's start giving.We make better days, just you and me.
They need our helping hands.

ကျောင်းကြိုပို့ စက်လှေကို ငသိုင်းချောင်းမြို့နယ်စည်ပင်ကတရားစ

Postby acmv » Wed Aug 20, 2014 6:29 pm

Khin Nyein Chan added 4 new photos.
https://www.facebook.com/seamastern?fref=photo
Image
Image
Image
Image
ငါးသိုင်းချောင်း စည်ပင် က ဘာအမှုနဲ့ တရားစွဲဆိုပါသလဲ ၊ ကလေးတွေ ကျောင်းတက်ဖို့ အဆင်ပြေအောင် စည်ပင်ကများ ဘာတွေ လုပ်ပေးခဲ့ပါလဲရှင် ။ သက်ဆိုင်ရာ ၀န်ကြီးဌာနများအနေဖြင့် တလွဲ ဆံပင်ကောင်းနေတယ်လို့ ထင်မြင်မိပါတယ်။ တကယ်လိုအပ်တဲ့ နေရာတွေမှာ လိုအပ်တဲ့ အရာတွေ ရှိပါစေတော့လား ။ မဟုတ်တဲ့ နေရာတွေမှာ ပါဝါတွေ အာဏာတွေ ပြနေကြတာ ပြည်သူတွေ အတွက်လား ?
***************************************************************************************
ကျမတို့ ငယ်ငယ်တုန်းက ၅ တန်းကနေ ဆယ်တန်းအထိ ငါးသိုင်းချောင်း

အထက်တန်းကျောင်းကို ခုလိုမိုးရာသီမှာ လှိုင်းတွေ လေတွေနဲ့

အသက်လုပြီး ကျောင်းတက်ခဲ့ကြတာပါ ။

နောက် မြစ်ကူးတံတား ဆောက်ပြီးတော့မှ သွားရေးလာရေး အဆင်ပြေကြတာ ။ ဒါပေမယ့်

တံတားနဲ့ ဝေးတဲ့လူတွေကြတော့ လှေကိုပဲ သုံးကြပါတယ် ။ အခု ကလေးငယ်တွေ

အဆင်ပြေအောင် စက်တပ်လှေကို အသုံးပြုပြီး ကျောင်းကြို ၊ ကျောင်းပို့လုပ်နေတဲ့ သူတွေကို

စည်ပင်က တရားစွဲထားပါတယ်တဲ့ ။ ဥပဒေအရ စည်ပင်ကခွင့်မပြုခဲ့ရင်တောင် အားလုံးအတွက်

အကျိုးရှိတာမို့ အဆင်ပြေစေချင်ပါတယ် ။ ဒါမျိုးကျတော့ ဥပဒေကို လိုက်နာနေပါလား


-------------------------------------------------------------------------------------
ကျောင်းကြိုပို့ စက်လှေကို ငသိုင်းချောင်းမြို့နယ်စည်ပင်ကတရားစွဲ.
********************************************************
ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့နယ်ခွဲသောင်ကြီးကျေရွာ၊ ဇီးတောကျေးရွာအုပ်စု မှာနေထိုင်တဲ့ ကျောင်းသားကျောင်းသူတွေဟာ ငသိုင်းချောင်းမြို့နယ်ခွဲ အထက အမကကျောင်းတွေကို ကျေးရွာက စက်လှေနဲ့ ကျောင်းသွားကျောင်းပြန်လုပ်နေရတာပါ။ ငသိုင်းချောင်းမြို့နယ်ခွဲစည်ပင်ဦးစီးမှုး ဦးနေမျိုးအောင်က အမှုဖွင့်တိုင်ကြားတာကြောင့် တရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။
သောင်ကြီးကျေးရွာအုပ်ချုပ်ရေးမှုးကတော့ စည်ပင်က ပုဒ်မ ၈၀ နဲ့တရားစွဲတာ ဥပဒေနဲ့မညီဘူးလို့ ဆိုပါတယ်။
ဇီးတောကျေးရွာမှာ အိမ်ခြေပေါင်း ၆၅ အိမ်ရှီပီး သွားရေးလာရေးဟာ ကုတိုစက်လှေမရှိဘူးဆိုရင် ကျန်းမာရေးအတွက်အခက်အခဲးရှိသလို ကျောင်းသားတွေအတွက် ငသိုင်းချောင်းမြို့မှာသွားရောက်စာသင်ကြားရာမှာလည်းအခက်အခဲတွေရှိနေတယ်လို့ ရပ်မိရပ်ဖတွေကပြေားပါတယ်။ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးသိန်းအောင်က ကုတိုစက်လှေကိုလေလံမပေးဘဲပြေးဆွဲခွင့်ပြုထားတယ်လို့လည်းကျေးရွာအုပ်ချုပ်ရေးမှုးက ရှင်းပြပါတယ်။လက်ရှိမှာတော့ ငသိုင်းချောင်းမြို့နယ်ခွဲစည်ပင်ဦးစီးမှုး ဦးနေမျိုးအောင်ကို ဇီးတောကျေးရွာသူကျေးရွာသားတွေကလက်မှတ်ထိုးပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ်ကိုတိုင်ကြားထားပါတယ်။ ( credit to Aung Gyi DVB)
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to တို့ချစ်တဲ့ မြန်မာက တို့ချစ်တဲ့ခလေးတွေ...

Who is online

Users browsing this forum: No registered users and 1 guest

cron