ကြိုတင်စီမံပြင်ဆင်ထားတာ မရှိတော့

တို့ချစ်တဲ့ မြန်မာက တို့ချစ်တဲ့ခလေးတွေ...


We can't go on pretending day by day.
We are the ones to make a brighter day, so let's start giving.We make better days, just you and me.
They need our helping hands.

ကြိုတင်စီမံပြင်ဆင်ထားတာ မရှိတော့

Postby acmv » Sun Aug 17, 2014 10:56 am

Image
Image

မြန်မာပြည်မှာ မူလတန်းကျောင်းပေါင်း ၃၅၅၀၀
ရှိပြီး မူလတန်းကျောင်းသား၅.၂သန်းရှိပါတယ်။

အလယ်တန်းက ကျောင်း၃၀၀၀ရှိပြီး ကျောင်းသား
၂.၃သန်း။အထက်တန်းကျောင်း၂၃၀၀,ကျောင်းသားဝ.၇သန်းရှိပါတယ်။
အခြေခံပညာအဆင့်မှာ
စုစုပေါင်းကျောင်းသားပေါင်း၈.၂သန်းရှိတာပေါ့။

နယ်တွေ တောရွာတွေမှာတော့ ပုံထဲကလို
အစစအရာရာမပြည့်စုံတာများပါတယ်။ကျောင်း
ဆောင်တင်မကပဲ ဆရာအင်အားရော သင်ထောက်ကူပစ္စည်းရော သင်နည်းစနစ် သုတေသနလုပ်စရာတွေ စသဖြင့်ပေါ့လေ အများကြီးပါပဲ။တလောက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းထိန်နဲ့တွေ့တော့ အခုပညာရေးအသုံးစရိတ်ဘတ်ဂျက် အများကြီးပိုရတဲ့အပြင် ကမ္ဘာ့ဘဏ်နဲ့ သြစတြေးလျက $သန်း၁၀၀ကူညီထားတော့
တော်တော်ကောင်းသွားမှာပေါ့လို့ ပြောမိတယ်။

မထင်နဲ့မောင်ရင်တဲ့။ပညာရေးဋ္ဌာနက ဘာမှ
ကြိုတင်စီမံပြင်ဆင်ထားတာ မရှိတော့ ဒီငွေတွေရ
လာတော့ ဘယ်လိုအသုံးပြုရမှန်းမသိဖြစ်ပြီး
အခုကျောင်းသားတစ်ယောက် တစ်ထောင်ကျပ်
ထောက်ပံ့မယ်ဆိုလုပ်ပစ်နေလို့စိတ်ပျက်နေတာတဲ့။

ကျောင်းသားက၈သန်းကျော်ဆိုတော့ သန်းရှစ်ထောင်ကျော်ကိုမထိရောက်ပဲသုံးပစ်မယ့် သဘောပေါ့။ကျွန်တော်တို့နိုင်ငံအဖြစ်က ဒါပဲဗျ။

ဆိုင်ရာ professioalပညာရှင်တွေမသုံးပဲ တတ်ယောင်ကားတွေခန့်ထားတော့ mismanagementsပေါ့။တလွှဲချည်းပဲ။
Stupid is as stupid does.(တုံးတဲ့အလုပ်တွေလုပ်နေရင် ငတုံးပဲ)ဆိုတာ ဒါမျိုးတွေပြောတာနေမှာ။
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to တို့ချစ်တဲ့ မြန်မာက တို့ချစ်တဲ့ခလေးတွေ...

Who is online

Users browsing this forum: No registered users and 1 guest

cron