အတာ သင်္ကြန်ရဲ့ ကောင်းမှု

တို့ချစ်တဲ့ မြန်မာက တို့ချစ်တဲ့ခလေးတွေ...


We can't go on pretending day by day.
We are the ones to make a brighter day, so let's start giving.We make better days, just you and me.
They need our helping hands.

အတာ သင်္ကြန်ရဲ့ ကောင်းမှု

Postby acmv » Mon Apr 14, 2014 10:08 pm

Image
Image
Image
Image

အတာ သင်္ကြန်ရဲ့ ကောင်းမှု
_____________________

အတာလမ်းမှ ဘဝပန်းများ#

အမေ…
မိသားစုလေးလျှောက်လည်ချင်တယ်
အလှူအတန်းလေးလည်းလုပ်ချင်တယ်
ရေပြွတ်လေးတွေနဲ့သားတို့သမီးတို့ကစားချင်တယ်

အမေ…
ရေတွေစိုခဲ့ပါတယ်
ဒါပေမယ့် သမီးတို့ကို ပက်တာမဟုတ်ဘူး
မဏ္ဍပ်ပေါ်မှာ ကနေကြတယ်
ဒါပေမယ့် သားတို့အတွက်ဖျော်ဖြေတာမဟုတ်ဘူး

အမေ…
သူတို့တွေပျော်နေကြတယ် သင်္ကြန်ပွဲတော်မှာသီဆိုကပြကြလို့
သမီးတို့လည်းပျော်ခဲ့ကြတယ် ဗူးခွံလေးတွေရလို့ပေါ့
သင်္ကြန်ကိုကျေးဇူးတင်ပါတယ်

အမေ…
သင်္ကြန်မိုးက ကွက်ကျားရွာခဲ့တာလား
ပိတောက်တွေထက် ဗူးခွံတွေမက်ရတဲ့ ဘဝပါ
ခေတ်ကိုလည်း အပြစ်မတင်ပါဘူး
စနစ်ကိုလည်း အပြစ်မမြင်ပါဘူး
ရှေးဘဝကုသိုလ်အားနည်းလို့ သမီးတို့ ချို့တဲ့ခဲ့တယ်

အမေ…
မဏ္ဍပ်တွေက လူတန်းစားခွဲခြားပေမယ့်
ဗူးခွံလေးတွေက လူတန်းစားမခွဲခြားခဲ့ဘူး
ထို့ကြောင့် သားတို့ သမီးတို့
ပျော်ခဲ့ပါတယ် အမေ……

_____ ဝေယံကဗျာစစ်သည်တော်
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to တို့ချစ်တဲ့ မြန်မာက တို့ချစ်တဲ့ခလေးတွေ...

Who is online

Users browsing this forum: No registered users and 1 guest

cron